ကမောက်ကမ ဟာသ မှတ်စု
ကျမ လည်း ဒရမ်မာ ရေးလိုက်၊ ကြောက်စရာတွေ ရေးလိုက် နဲ့ ရီစရာလေးတွေ မရေး ဖြစ်တာ ကြာ ပီ မို့ လို့ ဒီတခါတော့ ဟာသ ဖြစ်ခဲ့ ရ တဲ့ အမှတ် တရ တွေ ရေး လိုက် ပါတယ်။
ဟာသ (၁)
ကျမ မောင် လေး ငယ်ငယ်တုန်း က လူကြီးတွေ စကား ပြောရင် အရမ်း ဝင်ပါချင် ပါတယ်။ လူကြီးတွေ ပြော သလို အင်္ဂလိပ် စကား တွေ လည်း ညှပ်ပြောချင်တဲ့ သူပါ။ သူ ၂ တန်း လောက် အရွယ် မှာ ကျောင်း က ပြန်လာတော့ လမ်း မှာကြား လာတဲ့ သတင်း တစ်ခု ဖောက်သည် ပြန်ချ ပါတယ်။
ဟိုဘက် လမ်း မှာ ကောင်မလေး တစ်ယောက် အိတ်စဆိုက် လုပ်ပြီး သေသွား တယ်တဲ့
အိမ်က လူတွေ လည်း အိတ်စဆိုက် (exercise) လုပ်ပြီး သေတယ် ဆိုတော့ နှလုံး ရော ဂါ ရှိလို့ လား ၊ အမော များဆို့ သွား တာ လား တယောက်တပေါက ်ပြော လို့ ပေါ့ ။ နောက် ပိုင်း သတင်း မှန် သိရ တော့ မှ ကောင်မလေး က အိပ် ဆေး အလွန် အကျွံ သောက်ပြီး စူ ဆိုက် (suicide) လုပ်သွား တာ ကို အိမ်က ကောင်က နားစွန် နား ဖျားနဲ့ အိတ်စဆိုက် ဆိုပြီး လုပ်ပစ်တာ ၊ တမျိုးလုံး ပြောစမှတ် ကို ပြု လို့ ။
ဟာသ (၂)
ဒီ တခါတော့ ညီမ ဝမ်း ကွဲ လေး ပါ။ သူ ( ၂တန်းလား ၃ တန်းလား မသေချာ) မြန်မာ စာတွေ အော် ကျက် နေပါတယ်။
ခေါင်း တရာသား ကို စား ပါ
အိမ်နောက်ဖေး ဈေးဆိုင် တည်ပါ
တနေ့ ပုဆိုး ၃ ခါ လဲ ပါ
ခေါင်း ၃ လုံး ရှိသူ ထံ မှာ သင် ယူ ပါ ။ ဆိုတဲ့ သင်ခန်း စာ ကို သူ ဖတ် နေတာပါ။
သူအော် ကျက် လို က်တာ က
အဖိုးအို သည် နို့ ၂ လုံး ကြား တွင် ခေါင်း ထည့် ၍ ထိုင် နေသည် ။
ဟဲ့ ….ပလုတ်တုတ်…..ဒါ ကတော့ မြေးတွေ စာကျက်တာ ထိုင်နားထောင်နေ တဲ့ ကျမ တို့ အဖိုး ထ အော် လိုက်တာပါ။
ဟဲ့ ငါ့ မြေး ရဲ့….. အဖိုး အို က ဘယ် နို့ ၂ လုံး ကြား ထဲ ခေါင်းထည့် ထား တာ တုန်း ၊ မြေး ကြီး ရယ် နင့် ညီ မ စာ ကို ကြည့် ပေး လိုက် စမ်း ပါအုံး
ကျမလည်း မနေ သာတော့ ပဲ ကိုယ့် စာအုပ် ဘေး ချ ပြီး သူ့ စာ သွား ပြင် ပေး လိုက် ရပါတယ်။
ပုံ နှိပ် စာအုပ် ထဲ ပါတာ က အဖိုးအို သည် ဒူး ၂ လုံး ကြား တွင် ခေါင်း ထည့် ၍ ထိုင် နေသည် ပါ။
အဲဒါကို ကျောက်သင်ပုန်း ပေါ်မှာ ဆရာမ ရေးပေး တာ ကို အကူး မှားတယ် ထင်ပါရဲ့။ ( ဆရာမ ကတော့ မှား မရေး လောက် ပါဘူး)
သူ့ ကိုလည်း ခုထိ စလို့ မဆုံး ပါဘူး။
ဟာသ (၃)
တခါက ကျမ တို့ အိမ်ရှိ လူ ကုန် သန် ချ ဆေး သောက် ရ ပါတယ်။ ကျမ က (၄တန်း ) စာမေး ပွဲ မပြီးသေးလို့ နောက် မှ သောက် ရတယ်။ အဲတုန်း က သန်ချ ဆေးတွေ က အခန့် မသင့် ရင် အပေါ် တွေ ၊အောက်တွေ က အကောင် လိုက် ထွက် တတ် တယ်။ ( စား ရင်းသောက်ရင်း ဖတ်မိရင် ဆောဒီး)။ ကျမ လည်း ရှေ့ က လူတွေ ကို အတွေ့ အကြုံ မေး ရတာပေါ့။
သူ ငယ်ချင်းပေါင်း ပေါင်း နေတဲ့ အဒေါ် ငယ် ကို အန်တီလေး သန်တစ် တာ ဘယ် လိုနေလဲ လို့ မေး လိုက်တော့ သူ ပြန်ပြော တာ က ငါ့ သံတ္တော ကောင်း ပါတယ် တဲ့။
ကျမ လည်း အူ ကြောင်ကြောင် နဲ့ သန်တစ်တာ ကောင်းတယ် ဆို ရင် အဘွား က ဘာလို့ ထုံးမန်း တွေ နဲ့ တား ပေး ရတာ လဲ ဟင် ဆိုတော့ မှ ၂ ယောက်သား အတိုင်အဖောက် လွဲ နေမှန်း သိတော့ တယ်။
ဟာသ (၄)
အိမ်က လူကြီး စင်ကာပူ ထွက် လာ စ ကျမ နေပြည်တော် မှာ ဝန်ထမ်း လုပ် နေ တုန်း ကျမ သား လုပ် လိုက် တဲ့ အဖြစ် ကလည်း အမှတ် တရ။ သားတော် မောင် ၄ နှစ်သား က အဖေ ပျောက်သွားတာ ကို နား မလည် နိုင်ဘဲ စိတ္တဇ စွဲ နေ ခဲ့ တယ်။ သူ့ အဖေ ဝတ် လေ့ ရှိ သလို ရှပ်အဖြူ နဲ့ ပုဆိုး ကွက် စိပ် ဝတ် ထားတဲ့ သူ့ အဖေ အရွယ် ယောက်ျားတွေ မြင်ရင်…. ဖေဖေ…..လိုက် ခေါ် တတ် တာ ကျမ တို့ ရုံး က လူတွေ နဲ့ တိုက် နားနီးချင်း တွေကတော့ သိကြတယ်။
တရက် ပျဉ်း မနား ဘူ တာ နား က ဘုရား ပွဲ ကြီး ( တပေါင်း ပွဲ ) သွား လည် ကြတော့ လူတွေ အများကြီး ကြားထဲ မှာ အဲ လို လူ တစ်ယောက် ကို တွေ့ တာနဲ့… ဖေဖေ….. ဖေဖေ…. နဲ့ အော်လည်း အော် ၊ အတင်း ပြေး ပြီး ပုဆိုး လည်း သွား ဆွဲ တော့ တာပဲ။
လူတွေ ကလည်း ဝိုင်း ကြည့် နေကြတော့ အဲဒီ လူ ဆို တာ ရုတ်တရက် ကြောင် သွား ပြီး
ဟာ ….လုပ်ကြပါအုံး….ကျတော့ ကလေး မဟုတ်ဘူး ခင်ဗျာ့ …ကျတော်နဲ့ မသိဘူး ခင်ဗျ…..ကျတော် တကယ် သူ့ အဖေ မဟုတ် ပါဘူး ခင်ဗျ နဲ့ အော်နေလိုက် တာအူယား ဖား ယားပဲ ။
သား ပုံ စံ ကလည်း အဖေ ကို ပြန်တွေ့ တဲ့ အတိုင်း တကယ် ကို အသည်း အသန် ဆိုတော့ ဟို လူ လည်း ဘယ်သူ မှ မမေး ပဲ နဲ့ ဖြေရှင်း ချက်တွေ အတင်း ထုတ်နေတော့ တာ။ ကျမတို့ မှာ သား ကို ပြန်ဆွဲ ခေါ် ဖို့ အရေး အဲဒီလူ ဖြစ်နေတာ ကြည့် ပြီး ရယ် ချင်လွန်း လို့ မျက် နှာ ပိုး မနည်း သတ် ရတယ်။ ရုံး က အဖွဲ့ တွေ နဲ့ အတူတူ သွား ကြတာ ဆိုတော့ ရုံး မှာ ပြောလို့ ကို မဆုံးဘူး။
ဟာသ (၅)
ဒါ ကတော့ မကြာသေးဘူး။
အိမ် က လူကြီး က သွေးတိုး ရှိတော့ ဆရာဝန် က ဘီယာ၊ ကွမ်း ယာ တွေ ဖြတ်ခိုင်း တယ်။ ကွမ်း ယာလည်း မဖြတ် ၊ ဘီ ယာလည်း လစ် သလို တွယ် နေတော့ ကျမ နဲ့ က တကျတ်ကျတ်။ တရက် တော့ ထုံးစံ အတိုင်း ယာ ၂ ယာ နဲ့ ပတ်သတ်လို့ စကား များ ကြပြီး စကား နိုင် လု ကြတယ်ပေါ့ ။
ရှင် အဲလို ကြပ်ကြပ် လုပ် …အသက် တို လိမ့် မယ် …မွေးထားတာ က အကောင်း မဟုတ်ဘူး….ရှင့် သားနဲ့ ကျုပ် ဘာ မှ လုပ်စားလို့ မရဘူး….
ကျမ အဲလို ပြောလိုက်တော့ သူက …..မင်း သိပ် ပူ မနေ ပါနဲ့ မင်း အတွက် အာမခံ (insurance) တွေ အများကြီး ထား ပေးထား တာပဲ လို့ ဆိုပါ တယ်။
ကျမလည်း အရမ်း စိတ် တိုပြီး အော် ထည့် လိုက်တာက
ငါက ရွှေဥ ပဲ လိုချင်တာ
ဟိုက် ……ပြောပြီး မှ မှား သွား မှန်း ချက်ချင်း သတိရ လိုက်တယ်။
ကျမ ဆိုလို တာ က သူ မရှိတော့မှ ရလာမယ့် အာမခံ လျော်ကြေး တလုံး တခဲ ကို မလိုချင်ပဲ သူ ကိုယ်တိုင် လုပ်ကိုင် ကြွေး မွေး တာ ကို ပဲ လိုချင်ကြောင်း ကို တနေ့ ရွှေ ဥ တလုံး မှန် မှန် ဥ ပေး တဲ့ ငန်း ပုံပြင်နဲ့ ပမာ နှိုင်း ပြီး ပြော လိုက် တာ။
ကျမ က ကိုယ့် အတွေး နဲ့ ကိုယ် ပြော ပေ မယ့် သူ က သူ့ အဓိပ္ပါယ် သူ ကောက် ပြီးတော့ စပ်ဖြီးဖြီး ကြီး ဖြစ်လို့ ။
တော်သေး တာပေါ့ ရွှဥ ကယ် လို့ လက်ပတော့ နောက် တလုံး ကွဲ တဲ့ စခန်း မရောက်တော့ ဘူး။
32 comments
jullies cezer
November 14, 2012 at 1:40 pm
အားပေးသွားတယ်အစ်မ မိုချိုရေ 🙂
ခိုင်ဇာ
November 14, 2012 at 1:45 pm
နံပတ် 4 ကို တော့ မျက်စိထဲမြင်ယောင်ပြီး ရီသွားပါတယ် မမိုချိုရေ။ :harr:
လုံမလေးမွန်မွန်
November 14, 2012 at 1:48 pm
အံမယ်လေး အစ်မရယ်…
ရီရတာ အူတက်ပြီး မျက်ရည်တောင်ထွက်တယ်…
ဘေးက သူငယ်ချင်းနဲ့ နှစ်ယောက်သား အပြိုင်ဖတ်ပြီးတော့ကို အော်ရယ်တာ…
ဒီတစ်ခါထွက်တဲ့မျက်ရည်က ရယ်ရလွန်းလို့ပါ အစ်မရေ…
linnlinnn
November 14, 2012 at 1:51 pm
ရုံးမှာဆိုတော့ အားရပါးရ အသံထွက်မရယ်နိုင်ပေမဲ့..မျက်ရည်ထွက်လောက်အောင် ကျိတ်ရယ်ပြီးအားပေးသွားပါတယ်ရှင်.. အဟီး.. 😀
တစ်ခါတစ်လေ ကိုယ်တိုင်ရဲ့အလွဲတွေက ဟာသစာအုပ်ဖတ်တာထက်တောင် ရယ်ရပါသေးရဲ့..
တိမ်မည်း (ခရီးသွားနေည်)
November 14, 2012 at 2:08 pm
ကို်ယ့်တွေ ့လေးတွေ ဆိုတော့ ဟာသသိပ်မမြောက်ပေမယ့် သဘောကျမိပါတယ်…..
ဟာသ ၄ ထဲကလိုမဖြစ်အောင် အထူးဂရုစိုက်ရအုံးမယ်…….
တော်ကြာ ဘူပိတ်နေအုံးမယ်…..
ဟီး…….
ဟာသရယ်တော့ မဟုတ်ပါဖူး… ကြားဖူးတဲ့အဆီအငေါ်မတည့်သွားတဲ့ အဖြစ်အပျက်လေးတခု ဖြည့်ရေးသွားမယ်နော်…..
————————————————————————————————-
ပုဆိုးပါလား…..
========
နယ်စွန်က ခေါင်ကျတဲ့ ကျေးရွာတရွာမှာ ဆေးကျောင်းဆင်းခါစ ဆရာဝန်လေးတယောက်ရောက်လာပါတယ်…..
ရောက်ခါစဆရာဝန်လေးကို သူနာပြုချောချောလေးတွေက ဝိုင်းဝန်းကူညီပေးတော့….
ဆြာလေးခမျာ ပီတိတွေဝေဖြာပီး သွားအအေးပတ်ခါနီးပါပီ….
ဒီလိုနဲ ့ ညအိပ်ခါနီးမှာ သူနာပြုလေးတယောက်က အခုလို မေးပါတယ်…..
သူနာပြု ။ ။ ဆရာလေး ပုဆိုးပါလားဟင်…….
အမေးခံရသော ဆရာဝန်ပေါက်စခင်ဗျာအတွေးပေါင်း မြောက်မြားစွာနဲ ့ ပါတယ်ဟုဖြေလိုက်ပါတယ်……
ဒီလိုနဲ ့ ညရောက်လာတော့ နယ်ရဲ့ ဆန်းကျယ်လှတဲ့ အအေးဒဏ်ကို လူးလှိမ့်ခံရပါတယ်……
မနက်မိုးလင်းလာတော့ သူနာပြုတွေကို စိတ်ချဉ်ပေါက်ပေါက်နဲ ့ အခုလို ့ပြောပါတယ်…..
ဆရာဝန်။ ။ဆရာမတို ့ဗျာ အကျင့်မကောင်းဖူး ညပိုင်းဒီလောက်အေးတက်မှန်းသိရင် ပြောပေါ့… စာင်လေးဘာလေး တောင်းတာပေါ့ဗျာတဲ့……
ထိုအခါ သူနာပြုလေးတွေက ပြုံးစိစိနဲ ့
သူနာပြု။ ။ဆရာရယ် မေးသားပဲ ညက ပုဆိုးပါလားလို ့…. ဆရာက ပုဆိုးပါတယ်ဆိုလို ့ ကျွန်မတို ့က မပေးမိတာပါလို ့…….
ဆရာဝန်။ ။ဘယ်မှာမေးလို ့တုန်း….. ညက ဆရာမ မေးတာ ပုဆိုးပါလားပါ… ပုဆိုးတော့ ပါတာပေါ့… ဒါပေမယ့် အအေးဘယ်လုံမလဲ…..
သူနာပြု။ ။ပုဆိုးဆိုတာ ကျွန်မတို ့က စောင်ကိုပြောတာ ဆရာရဲ့… ကိုယ်က အကျင့်ပါနေတော့ ရုတ်တရက်သတိမထားမိတာပါ…….
ဆရာဝန်။ ။ မှတ်ပီဟ…… 🙁
——————————————————————————————-
မှတ်ချက်။ ။ ရခိုင်ပြည်နယ်တွင် စောင်ကို ပုဆိုးဟုခေါ်လေ့ရှိသည်…… ပုဆိုးကို ဒရောဟုခေါ်လေ့ရှိသည်…..
ကိုပေါက်(မန္တလေး)
November 14, 2012 at 2:11 pm
ဒါမျိုးလဲဖြစ်သေးတာဘဲနော်
Ko Khin Kha ( သရီးကေ )
November 14, 2012 at 2:39 pm
( အဖိုးအို သည် နို့ ၂ လုံး ကြား တွင် ခေါင်း ထည့် ၍ ထိုင် နေသည် ။ )
တကယ်အမှန်ကို အဖိုးအသိဆုံးပေါ့နော်။
(ဟာ ….လုပ်ကြပါအုံး….ကျတော့ ကလေး မဟုတ်ဘူး ခင်ဗျာ့ …ကျတော်နဲ့ မသိဘူး ခင်ဗျ…..ကျတော် တကယ် သူ့ အဖေ မဟုတ် ပါဘူး ခင်ဗျ )
အတော်ကြောက်သွားပုံဘဲဗျ၊ ဒီလူကြီးမဟုတ်မှ လွဲရောနော်။
( ငါက ရွှေဥ ပဲ လိုချင်တာ )
အမှန်ဘဲ အမှန်ဘဲ အမှန်ဘဲ – မှန်ရတဲ့အကြောင်းလေးကို ပိုစ့်ထဲမှာပြန်ဖတ်လိုက်ပါ ရှင်းထားပြီးပြီလေ။
မိုချိုရေ ခင်ခလည်း အပျင်းပြေးလေးနောက်ရေးမိတာပါနော်၊ စိတ်ဆိုးတော်မူရင်တော့ ဘွာတေးပါဗျ။
Shwe Tike Soe
November 14, 2012 at 2:43 pm
အင်းအဲလို ငိုရခက်ခက်ရယ်ရခက်ခက်တွေ လဲ အများကြီးဗျ
ကျွန်တော်တစ်ခါကြုံဘူးတယ်.. ကျွန်တော်အစ်မတစ်ဝမ်းကွဲပေါ့.. သူက ငထုံရယ်ဗျ..
ကျွန်တော်တို. အဖွားနေမကောင်းလို.အိပ်ရာထဲလဲနေတာ သူက ကျောင်းအားရက်ဆိုတော့ ပြုစုရတာပေါ့..
အဲဒါ အဖွားက အိပ်ရာထဲမှာ လက် က မထုတ်နိုင်လို. အဖွားက လက်မ လက်မ နဲ.ပြောတာ
အဲဒါကို ဟို အစ်မ က သူလက်မ ထောင်ပြပြီး ရော့အမေကြီး လက်မ ရောလေ လက်မ နဲ. ပြောနေတာ…
ရီလိုက်ရတာကို ပြောမနေပါနဲ.တော့ဗျာာာာာာာာ ဟဟဟဟဟဟဟ
မဟာရာဇာ အံစာတုံး
November 14, 2012 at 2:50 pm
အိမ်း …
ရွှေဥ လိုချင်ရင် မပူပါနဲ့ ..
ကျုပ်ဆီမှာ ရှိပါဒယ် …
နောက်တာပါ….
ဟာသ (၄) ကို သဘောကျမိပါဂျောင်း ….
Mon Kit
November 14, 2012 at 3:33 pm
ွှမမိုချိုရေ….
ဟာသ(၁) ကနေ ဟာသ(၅)အထိ တကယ်ကို ဟာသရသပေးစွမ်းပါတယ်….
ဖတ်ပြီးတော့ ပြုံးပျော်သွားရပါတယ်…… :hee:
မိုချို
November 14, 2012 at 4:21 pm
ဂျူးလိယက် ဆီဆာ၊ ခိုင် ဇာ၊ မွန်မွန် ၊လင်းလင်း
ရီ သွား ကြတယ် ဆိုလို့ သိုင်း ကျူး။ လူတိုင်း တကြိမ် မဟုတ် တကြိမ်တော့ လွဲ ဖူးတတ် ကြတယ်။ တခိ်ျု အလွဲ တွေ က စိတ် အနှောက် အရှက် ဖြစ်ရ ပေမယ့် တချို့ အလွဲ ကျတော့ တွေး မိတိုင်း ရီ ရတယ်။ ဒီတော့ စိတ် အနှောက် အယှက် ဖြစ်စရာတွေ ကိုတော့ မေ့ လိုက်ကြပြီး ရီ စရာ တွေ ကိုတော့ ပြန်တွေး ကြတာပေါ့ နော်။
တိမ်မည်း ရေ
မိုချို တို့ လည်း ရခိုင် မှာ နေဖူ း ပါတယ်။ ရခိုင် စကားနဲ့ ဗမာစကား က အသံ ထွက် မတူ တာ က လွဲ လို့ တော်တော် များများ အတူတူ ဆိုတော့ မတူ တဲ့ တခိ်ျု့ စကား လုံး တွေ ပါလာရင် လွဲ သွားရော။
လေးပေါက်
ဒီ ထက် မက တောင် ဖြစ်သေးတယ်။
ကို ခင်ခ ရေ
စိတ် မဆိုး ပါဘူး နော်။
ဒီ ခေတ် မှာ တော့ အဲဒိ ၂ လုံးကြား ခေါင်းထည့် တဲ့ အဖိုး အို တွေ အများ ကြီး ပဲ ဟာ။
တိုက်တိုက်
အဖွား က အဲဒီ အစ်မ ရဲ့ လက်မ ကို ဘာ လုပ် လိုက် လဲ ဟင်။
မိအံ
ညည်း ရွှေဥ က ရွှေ အစစ် ဆိုရင် ဘယ် က သွားယူ ထား တာလည်း လက်တို့ လိုက် ပါအုံး။ ညည်း က ရတနာ သိုက်တွေ ၊ ဥစ္စာစောင့် တွေ အကြောင်း သိထားတော့ ……။
မွန်းကစ်
ပြုံး ပျော် သွားတော့ အ လှ ပို တာပေါ့ ကွယ်။
uncle gyi
November 14, 2012 at 4:25 pm
ရွှေဥရွှေဥ
ရတနာစုတဲ့ရွှေဥမဟုတ်တယ်
ရွှေဥတော့ရွှေဥပါ
မိုချိုရဲ့ရွှေဥ
nozomi
November 14, 2012 at 4:50 pm
တကယ့် အဖြစ်အပျက် က လာတာတွေမို့ ပို သဘောကျဘို့ ကောင်းတယ်
တစ်ခါ တစ်လေ စိတ်ညစ်နေရင် မင်းလူ တစ်အုပ်လောက်များ ဖတ်လိုက်ရရင် ေ
နေလို့ ကောင်းသွားတယ်
ကလိထိုးတဲ့ ဟာသတွေ မဟုတ်ပဲ တကယ့် လက်တွေ့ဘဝ က အလွဲတွေ ရေးထားတာ ကို
အလွမ်း အဆွေး တင် မက ဟာသ ပါ ဘက်စုံ ရတဲ့ မိုးချိုပါ တကား
မိုးချို(ဘက်စုံ) လို့ အမည်ပေးလို့ ရပြီ
အိမ်က ကလေးမလေး တစ်ယောက် က မြန်မာကားဆို မလွတ်တမ်းကြည့်တယ်
တစ်ခါ တစ်လေ မြန်မာကား လာပေမဲ့ မကြည့်တော့
ဘာဖြစ်လို့ မကြည့်တာလဲ မေးကြည့်တာ
မကြည့်ချင်ပါဘူး ဦးလေးရာ ကော်မတီကားကြီးပါ တဲ့
သူ ပြောတာ နားမလည် လို့ မနဲ စဉ်းစားကြည့်ရတယ်
နောက်မှ policy ကားပြောမှန်းသိရတယ်
နောက်ဆို အဲဒီကားတွေ လာရင် လူတိုင်း က ကော်မတီကားလာပြီ ဟေ့ လို့ ပဲ ပြောကြတယ်
MaMa
November 14, 2012 at 5:37 pm
မန်းဂေဇက်ချစ်သူများ စာပေဆုရ မမိုချို
(ခွက်ဒစ်တူ စီဂျေကထူးဆန်း)
သုတ ရသ ဟာသ စာပေမျိုးစုံ ရေးတတ်လိုက်တာ။
ကိုယ်တိုင်ရေး ကိုယ်တွေ့ဟာသကို ဖတ်ပြီး ဘဝမှာ ကြုံရခဲ့တာတွေဟာ ပြန်တွေးရင် ရီစရာလေးတွေ ဖြစ်တတ်သလို……..
မောစရာလေးတွေ ရှိတတ်သေးတယ်။
ရွာစားကျော်
November 14, 2012 at 6:00 pm
မမိုချိုက
ဟာသလည်း ရတာပဲနော်..
လက်တွေ့ဘဝထဲက အလွဲတွေက ပိုပြီးထိထိမိမိ ရီရတယ်နော်..
အလင်းဆက်
November 14, 2012 at 6:22 pm
ဒီ ဟာသလေးတွေကို…
နေ ့လည် ကတည်းက ဖတ်ပြီးပေမယ့်..
အခုမှ ဝင် မန့် ဖြစ်တာပါ ။ နောက်ကျ တယ်..ဗျို ့ ။
————-
ကိုယ်ပိုင်အတွေး..ကိုယ်ပိုင် ဟာသလေးတွေ..မို ့..
ရိုးရှင်း စွာ..
ပျော်ရွှင်စွာ..
ဖတ်ရှု..လို ့.
ကြည်နူး မိပါကြောင်း….
————–
နောက်တစ်ချက်က…
ကျွန်တော်..ဆိုရင်.. ဒီလို ဟာ သ..စာပေ မျိုးကို..ဖတ်တဲ ့လူ..ရယ်ရအောင် မရေးတတ်တာ အမှန်မို ့..
အခုလို..ဖတ်ပြီး ရယ်ရတဲ ့ ဟာ လေးတွေ ကိုတွေ ့တို်င်း
ရေးသူကို..အားကျ မိပါကြောင်း…
—————————-
တစ်လက်စတည်း..ဗယာကြော် ….ပါ..မမမိုချို..လို ့ပြောချင်ပါကြောင်း…
———————–
ခင်မင်လေးစားစွာ..
အလက်ဆင်း
weiwei
November 14, 2012 at 6:49 pm
လတ်တလော ကိုယ်ပိုင်ဟာသလေးတစ်ခု ပြောပြအုန်းမယ် …
ဒီအပါတ် တနင်္ဂနွေနေ့က အန်တီ ပဒုမ္မာရယ် အန်တီ မမရယ်နဲ့ ဆုံဖြစ်ကြတယ် … ၃ ယောက် အတူရှိနေတုန်း အန်တီ ပဒုမ္မာက အန်တီမမကို လှမ်းပြောလိုက်တယ် ..
””နောက်လလောက်ကျရင် တို့တွေ ဂျပန်စာ သင်တန်း သွားတက်ကြရအောင်တဲ့ ”’
ကျွန်မက ကိုယ့်အတွေးနဲ့ကိုယ် ဝင်ပြောလိုက်တယ် ..
”’ ဂျပန်စာဆိုရင် ငါးအစိမ်း ပုဇွန်အစိမ်းတွေ လုပ်နည်းလဲ သင်ရမှာပေါ့လို့ ””
ကျွန်မပြောလိုက်တာကို အန်တီ ပဒုမ္မာတောင် ကြောင်သွားတယ် … ကြောင်မှာပေါ့လို့ … သူတို့က ဂျပန် ဘာသာစကားသင်မှာကို ပြောတာ .. ကျွန်မက easycook ပဲ စဉ်းစားတဲ့သူဆိုတော့ ဂျပန်အစားအစာလို့ ထင်မိတာ ..
ကောင်းရော …. :kwi:
ရွာသူ jujuma .
November 15, 2012 at 1:50 pm
ဖြစ်တတ်တယ် အမဝေ ရေ..အဲလိုမျိုးခဏခဏ ကြုံဘူးတယ်…
ကိုယ့်အတွေးနဲ့ ကိုယ်ပဲလေ … :hee:
မမိုချိုရဲ့ ဟာသပိုစ်လေး ဖတ်ရတာ စိတ်ပျော်ရွင်မှု ရသွားပီဗျာ ..
Mr. MarGa
November 14, 2012 at 8:30 pm
အင်း မမိုချိုကို ဆေးဖိုးပြန်တောင်းရမယ်
ရ့ယ်ရတာ အူတက်သွားလို့လေ
Shwe Ei
November 14, 2012 at 8:49 pm
အမ မှတ်ညံကောင်းတယ်နော်။ ကျနော်ဆို လွဲလိုက်တာမှ ခနခန ။ များလွန်းလို့ မမှတ်မိတော့တာလားမသိ
ချိသေးရင် ထပ်ရေးပ့ါအုံးဗျာ။
Hnin Hnin
November 14, 2012 at 10:31 pm
နံပါတ်တော့ မပြောတော့ဘူး…..မမိုရေ…
ရယ်လိုက်ရတာမှ မျက်ရည်တောင်ထွက်တယ်…
နှင်းနှင်းလည်း အဲ့လို အလွဲဟာသတွေ ရှိတယ်…
မမိုနောက် လိုက်ရေးချင်စိတ်တောင် ပေါက်သွားပါပြီ…. 🙂
pooch
November 14, 2012 at 11:05 pm
စာပေဆုရတဲ့ အတွက်ဝမ်းသာပါတယ် အမ။ ကျမက ဒီရက်ပိုင်း ရွာသိပ်မဝင်ဖြစ်တာနဲ့ နောက်ကျမှ ဂုဏ်ပြုစကားပြောရတယ်။
လက်ရာကောင်းလေးတွေ စောင့်ဖတ်နေပါတယ်။ သူရဲအကြောင်းလေးလည်း မျှော်နေပါတယ်။
myanmar oscar
November 14, 2012 at 11:34 pm
နောက်ဆုံးဥကိုပဲကြိုက်တယ်
မကျေနပ်ရင်တူနဲ့သာထုလိုက်…(ဘဲဥ၊ကြက်ဥ)
မိုချို
November 15, 2012 at 9:05 am
အန်ကယ်ကြီး
ရွှေတောင်ကြီး ပြိုမှာ စိုး ရိမ် ရင် ရွှေဥကို ( ပုံ ပြင် ထဲ ကအတိုင်း ပဲ တွေး ပါရန်) ဂရု စိုက်၊ စုဆောင်း ပေး ရ မှာ က အိမ်ရှင် မတွေ ရဲ့ တာ ဝန် ပါ။
ကို နိုဇိုမိ၊ အန်တီ မမ၊ ကို ရွာစား
လူ့ ဘဝ ဆိုတာ ကို က အလွမ်း ၊ အဆွေး၊ ရီ စရာ၊ ပျော်စရာ၊ မောစရာတွေ ၊ ရုန်း ကန် လှုပ်ရှား မှုတွေ နဲ့ တည်ဆောက် ထား တာ ဆိုတော့ ဘဝ ကပေးတဲ့ လက်ဆောင်တွေ ကို ချရေး ရုံ ပါပဲ။ လူ တိုင်း မှာ အဲဒီ လက်ဆောင်တွေ ရှိ ပါတယ် ။ ချ ရေး ဖြစ်တာ နဲ့ မရေး ဖြစ်တာ ပဲ ကွာ မှာ ပါ။
အလင်း ဆက်
အစ်မ ကတော့ စိတ်ထဲ ရှိ တာတွေ ချ ရေး နေတာပါပဲ။ အနု ပညာ လောက ထဲ ဝင်မယ့် (စာရေး ဆရာလုပ်မယ့် ) သူ ဆိုရင်တော့ ကိုယ့် ပိုင် နိုင် တဲ့ သီးသန့် လိုင်း ကို ရေး တာ ပိုကောင်း ပါတယ်။
မမဝေ
ကိုယ်က ဆူ ရှီ ကြိုက် တဲ့ သူ ဆိုတော့ မဝေ အလွဲ ကို ပို စိတ်ဝင်စား တယ်။
မွှန် ထူနေတဲ့ ဝါဆာဘိ ကို ခံစား လို့ မရ လို့ ဆာရှိမိ တော့ မကြိုက်ဘူး။
ဦး မာ ဃ
ရွှေဥ လျော်ပေးမယ် လေ။ (သားသား စားတဲ့ ရွှေဥချောကလက် တွေ)
ရွှေအိ ၊ နှင်းနှင်း
ကိုယ့် ရဲ့ အလွဲ လေးတွေ ချ ရေး ကြည့် လိုက် ပါ ။ ဖတ်မိတဲ့ သူတွေ ပြုံး မိတယ် ဆိုရင် ကို မျက်နှာ က အကြော အခြင် တွေ လျော့ တာပေါ့။
မယ်ပုချ့်
ပြောနေကျ စကား ပဲ ပြော ရရင် ဘယ် အချိန် ဝင်ဖတ်ဖတ် ၊ ဖတ်တယ် ဆို ရင် ကို ကျေး ဇူး။
အော်ဆကာ
ဘဲဥ ကို အစ ဖေါ် မပေး ပါနဲ့၊ ဘဲဥ စားချင်နေတာ( ရွာထဲက ဘဲဥ မဟုတ်)။ ဒီမှာ က ကြက်ဥ ပေါ သလောက် ဘဲဥ မရှိဘူး။
P chogyi
November 15, 2012 at 9:15 am
ရွှေဆိုင်ကြော်ငြာ ရတနာစုလိုက
ရွှေဥကို ကြွခဲ့ပါတော့မဟုတ်ဘူးပေါ့။
Ma Ei
November 15, 2012 at 9:32 am
စိတ်ရှုပ်စရာတွေ ပြောဆိုပြီး ကွန်ပြူတာရှေ့ထိုင်နေရင်း….
တခွိခွိ ကနေ တဟားဟား ဖြစ်သွားရလို့…
ကျေးဇူးပါ…….မိုချိုရေ..
မောင်ပေ
November 15, 2012 at 12:11 pm
နောက်ဆုံးဟာကို ဖတ်မိတော့
ဥပမာပေးခိုင်းနှိုင်းပုံ ကောင်းလှပါပေရဲ ့လို ့
မမိုချိုကို ချီးကျူးပါတယ်ဗျာ
ဟုတ်ပါတယ် ရွှေလို အဖိုးတန်ပါတယ်
မြေကွက် ၊ မြေကြီး လို ထပ်မရဘူး။
ဟီဟိ
မိုချို
November 15, 2012 at 2:32 pm
ကို ချို ကြီး
ငယ် တုန်း က အဲဒီ ကြော် ညာ က ဆယ်ကျော် သက် တွ ကြား နောက်စရာ ဖြစ်ခဲ့ ဖူးသေးတယ်။
မအိ
စိတ် ရှုပ် နေ လား၊ မန်း ဂေဇတ် ကို ဖတ် ပါ။(ကြော် ညာ ထဲက အသံ နဲ့ ဖတ်ပါရန်)
ကိုပေ
ဒီ ဥ ပမာ ပဲ မြင် ကြသကိုး။
ကိုယ်က လည်း ကိုယ် ပဲ ၊ အကြောင်း အရာ နဲ့ လူ နဲ့ ဥ ပမာ နဲ့ ကွက်တိ ဖြစ်သွား တယ်။
Novy
November 15, 2012 at 4:26 pm
မိုချိုရေ.
ရီရလွန်းလို့ မျက်ရည်မကျပဲ နှာရည်တောင်ကျတယ်
ရေးရင်းနဲ့ရီလိုက်အုံးမယ် ဟားးးးးးး
မိတိုက်ရဲ့ လက်မအကြောင်းကိုပါရောပြီးရီသွားတယ်
blackchaw
November 15, 2012 at 4:33 pm
မမိုချိုရေ…
မဒမ်ဘလက်ကတော့ ခင်ဗျားဘာရေးရေးဖတ်လို့ကောင်းလို့တဲ့ဗျာ…။
အိမ်မှာ ကြော်ငြာခဏခဏဝင်နေလေရဲ့…။
အဲဒါ…
စကားအတင်းစပ်လိုက်တာပါဗျာ…။
ခင်မင်တဲ့…
ဘလက်ချော…။
မိုချို
November 16, 2012 at 11:53 am
မနို
ရီသောသူ အသက် ရှည်၏ ပေါ့။
ဦး ဘလက်
မိုချို ကလည်း ဦး ဘလက် အပါ ဝင် ရွာသား တွေ ရဲ့ စာတွေ ကတဆင့် သူတို့တွေ ရဲ့ အိမ်သူ တွေ ကို ပါ ရင်း နှီး ခင်မင် နေ မိ ပါကြောင်း။
ဖိုးထောင်
November 17, 2012 at 5:56 pm
အန်တီမိုချိုက ရတနာစုချင်လို့ ရွှေဥလိုချင်တာထင်တယ် ခစ်ခစ်ခစ် ညွှတ်ညွှတ်ညွှတ်