“ချမ်းမြေ့ရိပ်ငြိမ် သင်တန်းများ”
ဒီပို့(စ) ကတော့ ဆားချက်တဲ့ ပို့(စ) လို့ပဲပြောရမလား။ ဖေ့ဘုတ်က “ချမ်းမြေ့ရိပ်ငြိမ်” အဖွဲ့လေး အတွက်ရေးခဲ့တာကို တင်ပေးပါတယ်။ တီချယ်နဲ့ ကိုယ့်ရဲ့ ဘဝ တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရမလားတော့ မသိပါ။ တွေ့ဖူးသမျှ ဆရာ/မ တွေထဲ စေတနာအရ၊ ပညာအရ၊ စိတ်ဓာတ်အရပါ အလေးစားဆုံး ဆရာမဖြစ်ပါ၏။ နောက်ပိုင်းကိုယ်ကို ဘာသာရေးအရပါ လမ်းညွှန်နိုင်သူ အနေနဲ့ပါ ရိုသေရပါတယ်။ တီချယ်ကို လွမ်းလို့ရော တင်လိုက်ပါတယ်။
ချမ်းမြေ့ရိပ်ငြိမ် သင်တန်းများ
တီချယ်ရဲ့ အားပေးမှုတွေနဲ့ စာတွေရေးတင်ဖို့ စိတ်အားတွေထက်သန်လာပေမဲ့ ရေးစရာ အကြောင်းအရာကလည်း စဉ်းစားရပြီလေ။ အစားအသောက်ပို့(စ) တွေချည်းပဲလည်း ရေးလို့မဖြစ်သေးဘူး။ ( :hee: ဝါသနာ ခဏ နားထားမှ)။ ခံစားချက်လေးတွေ ရှယ်လို့ရအောင် ဒီ ချမ်းမြေ့ရိပ်ငြိမ် က သင်တန်းလေးတွေကို အဓိက ထားရေးမလားလို့။ ဒါပေမဲ့ သုံးရတဲ့ အချိန်မတူတာတို့၊ လူချင်းမရင်းနှီးတာတို့ကြောင့်တော့ ဆွေးနွေးခန်းတော့ မရောက်နိုင်ဘူးပေါ့လေ။ (ကိုယ့်အချင်းချင်းထဲတော့ တစ်ခုပြောလိုက်တာနဲ့သဘောတူချက်၊ ငြင်းချက်တွေ အများကြီးလာတော့တာ။)
ကဲပါ … အချီတွေ နိဒါန်းတွေကြာနေပြီ။ ရေးပါတော့မယ်။ ကိုယ့် တီချယ်ကို စတွေ့ဘူးတော့ အသက်က ၁၆ နှစ် စွန်းစွန်းပဲရှိသေးတယ်။
အဲဒီမတိုင်ခင်က ကိုယ့် အဖေပြောင်းတဲ့ နယ်တွေကို လိုက်နေရတာ။ အင်္ဂလိပ်စာ ဆိုတာ မိခင်ဘာသာမဟုတ်ဘူးဆိုပြီး နည်းနည်းအားစိုက်လေ့လာတာလောက်ရှိတာ။ အဒေါ်တွေက အကုန် ဆရာမတွေ …ကိုယ်က တူမ အဦး၊ ကိုယ့်မြင်ရင် စာပဲ မေးချင်၊ သင်ချင်တာ။ မြင်လိုက်တာနဲ့ Verb to be နောက်က ဘာလိုက်တုန်းဆိုတာလောက်အနည်းဆုံးမေးလိုက်ရမှ။ အဲဒီလိုနဲ့ သီဝရီမှန်သမျှတော့ ဘိုင်ဟာတ် ပဲ။
အဲ! အင်္ဂလိပ်လို ပြောဖို့ကတော့ အိမ်မက်မမက် မစဉ်းစားတာ။ ဒီ သမီးလေးကို လဲ နိုင်ငံခြားဆိုတဲ့ဟာကြီးကို လွှတ်ဖို့စိတ်ကူးမရှိ၊ ကိုယ်တိုင်ကလည်း သက်သာရာသက်သာကြောင်းပေါ့။ ဒါပေမဲ့ ၁ဝ တန်းအောင်ပြီး နယ်မှာလိုက်နေနေတုန်း အဖိုးက သူနဲ့လာနေစေချင်တာရော၊ တိုးတက်ရာတိုးတက်ကြောင်းလုပ်စေချင်တာရောနဲ့ မန္တလေးခေါ်ပြီး ဘာသင်တန်းတက်မတုန်းပေါ့။ အဲဒီအချိန်က ဖေ့ဘွတ်လည်းဝေး၊ ဂျီမေးလည်းမမြင်ဘူး၊ ချတ်တင်ဆိုတာ မကြားဘူး ဆိုတော့ ကိုယ့်အတွက် ကွန်ပြူတာဆိုတာ ချို နဲ့လားပဲ။ (ခါးခါးသီးသီးကို ငြင်းတာဗျ)။
ကိုယ်ကလည်း ကိုယ့်အကြံနဲ့ ကိုယ်ပေါ့။ ကိုယ်က ဆရာဝန်ဖြစ်မဲ့သူပေါ့လေ။ အင်္ဂလိပ်လို မွှတ်မွှတ်ပြောတတ်မှ မန်း ဆေးကျောင်းက သူတွေကို အထင်မသေးနိုင်မှာပေါ့။ အဟင်း!!။ နောက်တော့လည်း ဆရာဝန်ဖြစ်ဖို့မဆိုထားနဲ့၊ ဆရာဝန်ကတော်ကို မဖြစ်လိုက်ဘူး။ :byae: (ဟယ်!!! ကိုယ်ရေးကိုယ်တာတွေပေါ်ကုန်ပြီ၊ ရပ်မှ)။
ဒီလိုနဲ့ တီချယ်နုဆီ ရောက်လာပါလေရော။ (ရေးချင်တာက ခုမှလာတာ။ မွေးရာပါ လေကြောရှည်သူမို့ သည်းခံကြပါ။)
၁) ပထမဆုံး တက်ရတာက Survival တန်း တကယ်ကို အသုံးဝင်တဲ့ ထမင်းစားရေသောက် ပြောစကားများဆိုပါတော့။ အဲဒီမှာ အသံထွက်အမှားတွေစတွေ့တော့တာပါပဲ။ :harr:
တသက်လုံး အရိုးစွဲလာတဲ့ အသံထွက်တွေ ကွဲတာပဲ။ အဲဒီ အတန်းရဲ့ အကျိုးကတော့ ခုဆို သူများပြောရင်ကြောင်မနေပဲ တုံ့ပြန်စကားထောက်နိုင်တာမျိုးပေါ့လေ။ (Yes/No/Ok) က မတက်တဲ့ သူတွေထက်ပို ဖောနိုင်ပါတယ်။ :hee:
၂) နောက်တော့ ပရိုဂရမ် တစ် လို့ပေးထားတဲ့ အပြန်အလှန်စကားပြောခန်းတွေပါတဲ့ သင်ခန်းစာတွေ စတယ်ခင်ဗျ။ အဲဒီ သင်ခန်းစာကတော့ယူတတ်ရင် အင်္ဂလိပ်စကားပြောသာမက ရုပ်ရှင်မင်းသမီးပါဖြစ်နိုင်ပါတယ်။ ဇာတ်ကွက်လေးတွေကို ဇာတ်ကောင်လေးတွေခွဲပြီး တစ်စုချင်း သရုပ်ဆောင်ရတာပါ။ ဟမ်မလေး! စာလည်းမမေ့ရ၊ အမူ အယာလည်းမကြောင်ရ
ဂရုုစိုက်ရတဲ့အပြင် လူကြားထဲသရုပ်ဆောင်ရတာ အတော်ရင်ခုန်ပါတယ်။ :eee:
၃) မရှေးမနှောင်းမှာ ပရိုဂရမ် နှစ်ကြီး ကို ကိုယ်တို့ တီချယ်က ဆက်တက်ခိုင်းပါတယ်ဗျာ။ ပြောရတဲ့ ဒိုင် တွေက ကြီး/မြင့်/ရှည် တွေပါ။ စကားလုံး တွေ ကြီးမြင့်ရတဲ့ အထဲ စာကြောင်းတွေက အရှည်ကြီးပါ။ တီချယ်က လေသံတစ်ဆက်တည်း ပြောတာလည်းမကြိုက်တော့၊ လေယူလေသိမ်းက အစ အတော်ဂရုစိုက်ရပါတယ်။ တက်ရတဲ့ အထဲမှာ အရီရဆုံး၊ ပျော်စရာ အကောင်းဆုံးပါ။ (ခုလို ဗီဒီယို ရိုက်လို့ရတဲ့ ဖုန်းတွေ မဖောသီတဲ့ခေတ်မို့ပေါ့။ အိမ်ရောက်ရင်ပြန်ပြန်ပြောပြပြီး ရီရတယ်)။ ဒီ နှစ်ခုရဲ့ ကောင်းမှုကတော့ ဒိုင်ယာလော့ တွေရဲ့ လေယူလေသိမ်း ကို အကျင့်ရခြင်း၊ စကားပြော ဝါကျ တည်ဆောက်မှုကို လေ့လာနိုင်ခြင်း၊ ရဲရင့် သွက်လက်လာခြင်း၊ အမူအယာပိုကောင်းလာခြင်းတို့ပါပဲ။ တို့ဆို အဲဒီတုန်းက အင်္ဂလိပ်စကားပြော ရုပ်ရှင်တို့ ဆာတိုရီတို့ ရဲတိုက်တို့မရှိလို့မင်းသမီးမဖြစ်တာ။ (ဟမ်!!! ပေါရဲလိုက်တာနော်)။ :kwi:
၄) နောက်တစ်ခုက Phonetics ပေါ့။ စတက်ခါစက ဘာပါလိမ့်ပေါ့။ ကိုယ်တွေ ဝေးချက်ကလည်း အသံထွက်ဆိုတာ ဆရာ/မ ပါးစပ်ထဲပဲ ရှိတယ်မှတ်တာ။
Dictionary ကြည့်နည်းတွေပါသင်တော့မှ ဪ ဂလိုကိုးပေါ့။
(ဟင် ပေါ့။ ကိုယ့်အဒေါ်တွေ အပါအဝင်ပေါ့ အင်္ဂလိပ်စာ ဆရာ/မ တွေ Dictionary ကိုင်တာ မမြင်ဘူးဘူးပေါ့ စသည်ဖြင့် တိုးတိုးတိတ်တိတ် တွေးရသေး။) :bar:
တီချယ်သင်တန်းက ပြန်လာပြီး အဘိဓာန်လို့လည်း ပြောရော ကိုယ့်ကို ဝမ်းသာအားရ စာအုပ်စင်က ယူပေးကြတာဗျား။ (ဪ တော်ပါသေးရဲ့။ စာအုပ်စင်မှာ ရှိပါသေးပေါ့)။ အကျိုးကတော့ အသံထွက်ကို ပြီးပြီးရောမထွက်ရဲတော့ခြင်း၊ မစစ်နိုင်ရင်တောင် စာလုံးပေါင်းတွေကို ကြည့်ပြီး အနီးစပ်ဆုံး အသံထွက်ခန့်မှန်းနိုင်ခြင်း၊ အသံထွက်တွေ ကို ဗမာလို ရေးစရာ မလိုတော့ခြင်း၊ (အိမ်တွင် လူကြီးများ၏အသံထွက်အမှားများကို လိုက်ပြင်မိ၍ အခေါက်ခံရခြင်း) စသည်ဖြင့်ပေါ့လေ။ :saut:
၅) အီဒီယမ် အဘိဓာန် – ကိုယ့်အတွက် အတော်အားစိုက်ရတဲ့ အတန်းပါ။ ပေးထားတဲ့ စကားစုရဲ့ တိုက်ရိုက်အဓိပ္ပယ်ကို မဟုတ်ပဲ သူသက်ရောက်တဲ့ သွယ်ဝိုက်အဓိပ္ပယ်ကို မှတ်ရတာပါ။ ဝတ္ထုဖတ်တဲ့သူတွေ အတွက် အလွန်အသုံးဝင်ပါတယ်။ (အဲ့ဒီ စကားလုံးတွေ သုံးပြီး ရေးထားတဲ့ ရည်းစားစာ ခုထက်ထိရှိသေးဗျ။) 😳
၆) Discussion တန်းပါ။ အပြောဦးစားပေးတန်းပေါ့လေ။ တီချယ်မြှောက်စားလို့ မမှီတဲ့ပန်းကို တုံးခုပြီးလှမ်းပါတယ်။ ဆရာ့ ဆရာကြီးများထဲ ကိုယ် အသက်အငယ်ဆုံးပါ။ စိတ် အလှုပ်ရှားရဆုံး အတန်းပေါ့။ လူရှေ့ ဗမာ လိုပြောဖို့မဖြစ်မြောက်သောသူအတွက် ရှေ့ထွက် အင်္ဂလိပ်လိုပြောရမယ်ဆိုတော့ စဉ်းစားကြည့်ပါ။ ကိုယ် Presentation အတွက် လာမဲ့မေးခွန်းတွေလည်း ကိုယ်ပဲတာဝန်ယူဖြေရပါတယ်။ တော်တော် ချောင်ပိတ်ရင် တီချယ်ကူဖြေပါတယ်။ အချိန်နည်းနည်းကြာလာတော့ ကြောက် ကျောပြတ်သွားပါတယ်။ ကိုယ်ပြောမဲ့စကားတွေ အထားအသိုမှန်၊ အသံထွက်မှန်အောင်၊ လာမဲ့ မေးခွန်းတွေကို ဘယ်လိုဖြေမယ်ပဲ ဂရုစိုက်ရပါတော့တယ်။ Presentation ပြီး လို့ ရလာမဲ့ တီချယ်စာရွက်ထဲက မှတ်ချက်လေးတွေကို တော့ အတော်မက်မောတယ်။ အမျိုးမျိုးပါပဲ။ တီချယ် မှတ်ချက်တွေကမထပ်ဘူး။ အဲဒီ စာရွက်လေးတွေ ခုထိရှိသေးပါရဲ့။ အဲဒီရလာဒ်တွေက အခု လုပ်ငန်းခွင်က Presentation တွေမှာ သူတို့မေးနိုင်မဲ့မေးခွန်းတွေပါ ကြိုစဉ်းစားပြင်ဆင်နိုင်သွားပါတယ်။ ကြောက်လည်းမကြောက်တတ်တော့ပါဘူး။
၇) Reading တန်း – အကြိုက်ဆုံး၊ မပျက်ကွက်ချင်ဆုံးအတန်းပါ။ တီချယ် ရွေးပေးတဲ့ အကြောင်းအရာ၊ စာပိုဒ်၊ သီတင်း စတာတွေကို ဖတ်ပြီးဘာသာပြန်ရပါတယ်။ စစချင်းတော့ ရှာလိုက်ရတဲ့ စကားလုံးတွေ၊ အဘိဓာန် လက်ကမချရပါဘူး။ တော်တော်ကြိုးစားပြီးနောက်မှာ ကျင့်သားရသွားတာက သုံးခေါက်လောက် ကြည့်ပြီးသား စာလုံးကို အလွတ်ရသွားပြီး၊ စာတစ်ကြောင်းကို အကြမ်းဖျင်း ဘာသာပြန်နိုင်သွားပါတယ်။ လူရှေ့မှာ ပြန်ရမဲ့ မြန်မာဘာသာအတွက် ဗမာလို အဆင်ချောအောင်လည်း စိတ်ထဲက စဉ် ရပါသေးတယ်။ :hee:
၈) Business English – ခုထိ အဲဒီ စာအုပ်လေးကို ယူလာပြီး ပြန်ပြန်ကြည့်ရပါတယ်။ အင်တာဗျူး က အစ၊ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး အဆုံး မှတ်သားစရာတွေချည်းပါပဲ။ အဲဒီ အတန်းမရှိတော့ရင်တော့ တီချယ်ကို ပဲ မေးကြည့်ကြပါ။
ခု ကလေးတွေတော့ အရင်က သင်တန်းတွေနဲ့ တူ မတူမသိတော့ပါဘူး။ ဉာဏ်တွေကတော့ ကိုယ့်ထက်ကောင်းကြမှာပါ။ ကိုယ်တွေ တက္ကသိုလ်ရောက်တဲ့ အချိန်ကနေ ခုထိ အင်္ဂလိပ်စာကို ဟုတ်တိပတ်တိ မကိုင်ဖြစ်တော့ပါ။ တီချယ်နားမှာနေခဲ့တဲ့ ၂ နှစ်ကာလက သိမှတ်ခဲ့တာလေးနဲ့ ဒီ အချိန်ထိ အသက်ဆက်နေခဲ့ရတာပါ။ ကျေးဇူးအများကြီး တင်ပါတယ်တီချယ်။ ဒီတစ်ခုတော့ ဒီမှာပဲ အဆုံးသတ်ပါရစေ။ တီချယ်ကို လည်း အပြီးသတ် ချောက်ချ အဲလေ အကြံပေးချင်တာက Listening အတွက် ရုပ်ရှင်ပြတဲ့ အတန်းတို့၊ အင်္ဂလိပ်သီချင်း အဆိုပြိုင်ပွဲတို့ လုပ်ပေးပါလို့။ :kwi: :harr:
နောက်များမှ စလုံးက စကားပြောနဲ့ မိဆွိတို့ ဘယ်လောက် ချောက်ကျတယ်ဆိုတာ ရေးပါဦးမယ်။
43 comments
blackchaw
November 15, 2012 at 5:12 pm
လေးလေးစားစား ဖတ်သွားပါတယ် မခိုင်ဇာရေ…။
အင်္ဂလိပ်စာတော်တဲ့လူတွေကို ကျွန်တော်က အထင်ကြီးတတ်ပါတယ်…။
အဲဒါက ကျွန်တော့်ရဲ့ အားနည်းချက်ကြီးကိုးဗျ…။
ဆိုတော့…
လူတွေကို အင်္ဂလိပ်စာတတ်ဖို့ သင်ပေးနေတဲ့… တီချယ်ကြီးကိုလည်း အထင်ကြီးလေးစားပါတယ်…။
အင်္ဂလိပ်စာတော်တဲ့…တီချယ်ကြီးရဲ့ တပည့်တွေကိုလည်း အထင်ကြီးပါတယ်ခင်ဗျာ…။
ခင်ဗျား ဘယ်လောက် ချောက်ကျခဲ့တယ်ဆိုတဲ့အကြောင်းတွေလည်း စောင့်ဖတ်ပါမယ်ဆိုတဲ့အကြောင်း…။
လေးစားခင်မင်တဲ့..
ဘလက်ချော…။
ခိုင်ဇာ
November 15, 2012 at 5:16 pm
အဲ ကျနော်က ကိုဘလက်အိမ်လည်တဲ့အချိန် ကိုဘလက်က ဒီဘက်လာလည်နေတာကိုးဗျ။
ကျနော်က အမှတ်တရဖြစ်အောင်ရေးတာပါဗျာ။ လေးလေးစားစားဖတ်သွားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ 🙂
ကိုပေါက်(မန္တလေး)
November 15, 2012 at 6:12 pm
မခိုင်ဇာရေ
ကျနော်နဲ့ မာမီက တော့ နီးနီးလေးနဲ့ ဝေးဝေးပြီး ကပ်လွဲလေးဖြစ်သွားတာ။
ဒီတစ်သက်တော့ မာမီ့တပည့်ဖြစ်ခွင့်မကြုံတော့ဘူးထင်ပါရဲ့နော်။
ခိုင်ဇာ
November 15, 2012 at 6:20 pm
ဖြစ်ပါတယ် ကိုကြီးပေါက်ရ။ တီချယ် ကိုမေးပြီး ကိုယ့်အချိန်အားနဲ့ကိုက်ပြီး သွားလို့ရပါသေးတယ်။ 🙂
ကိုပေါက်(မန္တလေး)
November 16, 2012 at 10:18 am
တီချယ်ကြီးက အသက်ကြီးကြီး ရုပ်ဆိုးဆိုး ပေစုတ်စုတ် ကို တပည့်အဖြစ်လက်မခံလောက်တော့ဘူးထင်တာဘဲ မယ်ခိုင်ဇာရေ
ခိုင်ဇာ
November 16, 2012 at 10:21 am
ကိုကြီးပေါက်ကတော့ လျှောက်ပြောပြီ။
သင်ယူချင်စိတ်ရှိနေသ၍ ဘယ်ဆရာကမဆို လက်ခံနိုင်ပါတယ်လေ။ :hee:
Inz@ghi
November 15, 2012 at 6:34 pm
ဇကားမစပ် မဇာရီးက ဆြာဝန်လားဗျ
ခိုင်ဇာ
November 15, 2012 at 6:36 pm
ဟင် မဖြစ်လိုက်ပါဘူးလို့ ပြောထားတယ်ကွယ်။ အဟင့်။ ဝေဒနာဟောင်းကို လာဆွနေသလိုပဲနော် 🙁
Inz@ghi
November 15, 2012 at 6:46 pm
ဆောတီး. မဆိုထားနဲ့ကို မတွေ့ဘဲ ဆြာဝန်ကတော် ကိုပဲဖတ်လိုက်မိတာ.
ဟိ
ဆြာဝန်များ ဖြစ်ချင်တာများဗျာ.
အနောက်တိုင်းဆေးဆြာ မဖြစ်ရလည်း တိုင်းရင်းဆေးဆြာ. ဖြစ်အောင်လုပ်ပေါ့
ခိုင်ဇာ
November 15, 2012 at 6:53 pm
အင်း။ ဆရာဝန်က ဖြစ်ချင်လွန်းလို့တော့ဟုတ်ပါဘူးအေ။
ထားပါ။ အဲဒါ နောက်ပို့(စ) ရေးဖို့ ချန်ထားတာပါဆို။
ဆရာဝန်ဖြစ်ရင် ကျုပ် ခြင်္သေကျွန်းမရောက်ဘူးရယ်။
၂၀၀၄ မှာ B.E (Civil) ပြီးပြီး ၂၀၀၆မှာ M.E (Civil) နဲ့ ကျောင်းပြီးထားပါ၏။
အူးဗိုက် ဘီအီး ဟုတ်ဘူးနော် … :kwi:
Inz@ghi
November 15, 2012 at 6:57 pm
ကျုပ်နဲ့ပြောင်းပြန်ပဲ. ဆြာဝန်မဖြစ်ချင်လို့ ထွက်လာတာ.
ထွက်ပီး ရေးလို့ရတာ အကုန်ရေး.
ရောင်းစားတဲ့အလုပ်လုပ်နေတယ်
ဟိ
စကားမစပ် f.b မှာ မလတ် ကို အတ်ထားပါလား
အပြင်မှာရော သိတာလားအေ့
(စပ်စုတာ)
ခိုင်ဇာ
November 15, 2012 at 6:59 pm
ဟင်။ ကျုပ် FB ကမြင်ရလို့လား။ မလတ်ဆိုတာ နာမည်အပြည့်အစုံက ဘယ်သူလဲ။
Inz@ghi
November 15, 2012 at 7:06 pm
တချိန်က နာမည်ကြီးမင်းသမီး အခုဝတုတ်
ခစ်ခစ်
ခိုင်ဇာ
November 15, 2012 at 7:09 pm
သိဘူးထင်တယ်။ ကျုပ် FB ထဲ ဂေဇက်ကဆိုလို့ မောင်အံစာတို့ စီတုန်းလေးတို့ပဲရှိတယ်။
Inz@ghi
November 15, 2012 at 7:14 pm
တီချယ်ကြီးရယ် ကိုဆန်နီရယ် အဲ့အကယ်ဒမီများရှင် မွန်မင်းသမီးကြီးရယ် ရှိပါသေးသကွယ့်
အင်း
အကောင့် ၃ခုပိုင်ရှင်ဆိုတော့ မေ့မပေါ့လေ
ရှိဇီတော့ ရှိဇီတော့
ခိုင်ဇာ
November 15, 2012 at 7:25 pm
အပြင်မှာသိတာဆိုလို့ ဂေဇက်မှာ တီချယ်တစ်ယောက်ရှိတာပဲ။ ကျန်တာ ဓာက်ပုံမြင်ဘူးတာလောက်ပဲရှိတာ။
pooch
November 16, 2012 at 1:07 am
မဆွိအထွက် အနော်အဝင်ထင်တာပဲ ။ ဒီခေါက်အလည်လာရင် ပြောလေ မုန့်သွားစားရအောင် 😆
uncle gyi
November 15, 2012 at 10:06 pm
အခုခေတ်ကလေးတွေအဓိကအားနည်းချက်များကိုပြောသွားသလိုပါပဲလားမခု်ိင်ရယ်
ခိုင်ဇာ
November 16, 2012 at 10:04 am
ဟုတ်ရပါဘူး အန်ကယ်ကြီးရယ်။ ဒီခေတ်ကလေးတွေမှာလည်း သူ့အားသာမှုနဲ့သူရှိကြမှာပါ။
ကျနော်တို့တုန်းက အင်္ဂလိပ်စာကို လေ့လာရင် 4 skills အပြင်ဘာတွေပါ လေ့လာရတယ်ဆိုတာ အတွေ့အကြုံနဲ့ ယှဉ်ရေးလိုက်တာဖြစ်ပါတယ်။ :hee:
Ko Khin Kha ( သရီးကေ )
November 16, 2012 at 12:10 am
ချမ်းမြေ့ရိပ်ငြိမ်သို့ တစ်ခေါက် ဆိုရလောက်အောင် တစ်ခေါက်ဘဲရောက်ဖူးပါတယ်။
အခုဒီပိုစ့်ဖတ်ရင်းနောက်တစ်ခေါက် ရောက်ပြန်ပြီပေါ့။
ဒါနဲ့တီချယ်ကြီးရွာလည်မထွက်တာကြာသမို့ ကျန်းမာပါစ မခိုင်ဇာရေ။
ခိုင်ဇာ
November 16, 2012 at 10:07 am
အလည်လာလို့ ကြိုဆိုပါတယ် ကိုခ။
တီချယ်ကြီးလည်း ခရီးက ပြန်လာပြီး ရွာကို မလည်နိုင်သေးဘူးထင်ပါတယ်။
အခြား Activities တွေကို တွေ့ရလို့ နေကောင်းတယ်လို့ဆိုနိုင်ပါတယ်ဗျာ။
မိုချို
November 16, 2012 at 9:35 am
ခိုင် ဇာရေ
တကယ့် ကို ဆရာကောင်းနဲ့ တွေ့ ခဲ့ ရတာ ပါ ပဲ လား။ အစ်မ လည်း အပေါ် မှာ ဦး ဘလက် မန့် ခဲ့ သလို အင်္ဂလိပ် စာ ညံ့ တဲ့ သူ ဆိုတော့ အင်္ဂ လိပ်စာ တော်တဲ့ သူတွေ၊ အင်္ဂလိပ်စာ သင်တဲ့ ဆရာ၊ ဆရာ မတွေ ဆို ရင် အရမ်း ကို လေးစား အထင်ကြီးမိတယ်။ တီချယ် ကြီး နဲ့ ဂေဇတ် ထဲ ရောက်မှ တွေ့ ခွင့် တာ နာ တာပဲ။
မန်းတလေး မှာ တူတွေ၊ တူ မတွေ ရှိ တဲ့ သူငယ်ချင်း ကို လှမ်း ပြီး လက်တို့ လိုက် ဦး မယ်။
ခိုင်ဇာ
November 16, 2012 at 10:11 am
ဟုတ်။ မမိုချို။
ကျနော် ဒီနေ့ဒီလိုရပ်တည်နိုင်တာ တီချယ် ကျေးဇူးအများကြီးပါ။
ကျနော်တို့ တုန်းက ဆို အပြောအဆို၊ အနေအထိုင်၊ အဝတ်အစားက စ အမြင်မတော်ရင် အမုန်းခံပြောခဲ့တာ။
ခုကလေးတွေတော့ အဲလောက် ပြောလို့ရတော့ဘူးတဲ့။
ကိုပေါက်(မန္တလေး)
November 16, 2012 at 11:59 am
မာမီကျနော်ကိုပြောလေ့ရှိတဲ့ ကြိမ်မီးစင်္ကြာနဲ့ရော မယ်ခိုင် တွေ့ခဲ့သေးသလားဗျ
ခိုင်ဇာ
November 16, 2012 at 12:02 pm
အဲဒါ ဘာတုန်း ကိုကြီးပေါက်ရ။ ရိုက်ခံရတာကို ပြောသလား။
ကျနော် တစ်ခါမှတော့ အရိုက်မခံဘူးပါ။ တီချယ် ရိုက်မှာထက် ဆူမှာ၊ ပြောမှာ ကို ပိုကြောက်ရပါတယ်။ 🙂
ခိုင်ဇာ
November 16, 2012 at 10:01 am
ပုပြောတဲ့ အဝင်/အထွက်က သင်တန်းကို ပြောတာ ဆိုရင် တီချယ်နု နားမှာ အပုလေး ကြာပြီပေါ့နော့။ ပညာကုန်ရအောင်သာ ယူလိုက်ပါ
ညီမလေးရေ။ အစ်မ ဒီလထဲလောက်လာဖြစ်မလားတော့ မသိ၊ တီချယ်ဆီကို ဖုန်းဆက်မယ်ပြောထားတယ်။ .. 🙂
ဦးကြောင်ကြီး
November 16, 2012 at 11:28 am
အဲဒီဒုံးဂ မပြောဖြစ်တဲ့ဇဂါး အခုပြောမယ်…။ ဇာဂျီးကို ခြစ်တယ်။ ဇာဂျီးဇောနဲ့ ဇိမ်ကျကျ ဇိုးဇိုးဇပ်ဇပ် ဇွိကနဲ ဈန်ပါပါ ဈေးဝယ်နိုင်ဖို့ ဇုံမှူးကတော်ကို ဇင်သားဇစ်အိတ် ဇယ်ပါတယ်။
ခိုင်ဇာ
November 16, 2012 at 11:33 am
အောင်ကြူးကတော့လေ။
ကိုပေါက်(မန္တလေး)
November 16, 2012 at 12:01 pm
ကြောင်ကြီး
ပြောင်ဖြီးဖြီး
ယောင်ကြူးကြူးတော့ မလုပ်နဲ့
မင်းတောင်းထားတဲ့ငါ့တူမ
သူများကိုပေးလိုက်ရတော့မလားဗျာ
Shwe Ei
November 16, 2012 at 12:21 pm
အခုခေတ်ကလေးတွေလို့ ပျောလို့ရတဲ့ ဆယ်တန်းအောင်ပီးစ ခလေးများနဲ့ လွန်ခဲ့သော ၄နှစ်ခန့်က ဒေါ်လှပေးပီးတက်ရတဲ့ အင်းဂလိပ်စာ သင်တန်းတခုမှာ အတူတက်ဖူးပါတယ်။
နေးတစ်စပီကာတွေ သင်တာပေါ့လေ။ ငါဟဲ့ အီးမေဂျာဆိုပီး မာန်တွေတက်ပီး သွားလိုက်တာ
သူရို့နဲ့ ယှဉ်တော့ လေ့လာမှုပိုင်းရော နားလည်နို်င်စွမ်းရော အတော်နိမ့်နေသေးတာ သိလိုက်ပီး
အမြီးကုပ်သွားပါကြောင်း။ လူ၁၆ယောက်မှာ (၁ဝတန်းခလေးထက်ဝက်ခန့်နှင့် ကုန်မနီဝန်ထမ်းထက်ဝက်ခန့်) ကျနော်က အဆင့်၁ဝဖစ်ကြောင်း
ရှက်ရှက်နဲ့ ဝန်ခံသွားပါသည်။
ခိုင်ဇာ
November 16, 2012 at 12:27 pm
ပြောပါတယ် ရွှေအိရယ်။ ဒီခေတ်ကလေးတွေ တော်ရင် လိုက်မမှီတော့ပါဘူးလို့။ :kwi:
မောင်ပေ
November 16, 2012 at 12:24 pm
ဇာကြီးရေ
ဆရာဝန်ကတော်မဖြစ်ခဲ့ရတာ
ပွဲကတော်ဖြစ်ဖို ့အကြောင်းဆိုင်လို ့များလားလို ့
မဆီမဆိုင်ပေမယ့် တွေးမိသွားတယ်ကွဲ ့
ပုံ
ပွဲစားလေး မောင်ပေ
ဟီဟိ
ခိုင်ဇာ
November 16, 2012 at 12:26 pm
ဟင်။ ပွဲကတော်လည်း ဒီဘဝ ဖြစ်နိုင်တော့ပါဘူးကွယ်။
nozomi
November 16, 2012 at 2:10 pm
အင်္ဂလိပ်စာကို စနစ်တကျ ပြောတတ် ရေးတတ်ချင်လိုက်တာ
ဒီ အရွယ်ရောက်နေပြီဆိုတော့ အပြင်မှာတက်ဘို့ အချိန် သွားလာရေး အခြားတာဝန်များနဲ့ မလွယ်တော့ဘူး
ကိုယ်တိုင်အားထည့်လေ့လာ တတ်ကျွမ်းတဲ့ သူနဲ့ ပြန်တည့်မတ်မှ ရတော့မယ်
( မဇာကြီး တို့က တီချယ်ကြီးနဲ့ တွေ့ခဲ့ရတော့ ကံကောင်းတယ် လို့ ပြောချင်တာ ၊ ကံ ဆို တာ ဘာဖြစ်တယ် ညာဖြစ်တယ် တွေ ဝိုင်း ပြောနေမှာစိုးလို့ စိတ်ထဲကပဲ ပြောသွားပါကြောင်း ဟီး ဟီး )
မဇာကြီး မြန်မာပြည် ပြန်လာတုံးလေး အသားဖြူဖြူ လူကြီး တစ်ယောက်နဲ့ ကျွန်တော့်ကို အချိန်ပိုင်း သင်ပေးသွားပါလား ဗျာ
ခိုင်ဇာ
November 16, 2012 at 2:18 pm
ဆရာဖြစ်တတ်နိုင်ပါဘူး ကိုနိုရာ။ ကိုယ့်အသက်ကို ကယ်နိုင်ရုံလေးတတ်တာပါ။
စာတော့မသင်ခိုင်းပါနဲ့ဗျ။ လာတုန်း မိတ်ဖြစ်ဆွေဖြစ် တွေ့ဆိုရင်တော့ ဖြစ်ပါတယ်။
အသားဖြူဖြူလူကြီးက ဘယ်သူတုန်းဟင်။ 🙂
Inz@ghi
November 16, 2012 at 2:22 pm
ရွှေပေါက်တူး တံခါးမှူး အဖျော်ဆြာ ဂျာနယ်ရောင်းသူ ဆေးရုံစောင့် ဂီတဝါသနာရှင် အနမ်းဂုဏ်မြောက်သူကြီးလေ….
:harr:
ခိုင်ဇာ
November 16, 2012 at 2:24 pm
ဂီဂီ။ တည့်တည့်ပြောပါကွယ်။ ကျုပ်က ဝေးသကွဲ့။
စိန်ဗိုက်ဗိုက်
November 16, 2012 at 2:39 pm
ကဲကဲ….လိုက်ဆို..
အူးဗိုက်သင်ပေးမယ် ဆိတ်မပူနဲ ့
မျှီဝိုင်အိုင်တီ – မျှစ်
ပီဝိုင်အိုင်တီ – ပုရစ်
ရှီအိုင်တီ – ရှစ်
ညှီအိုင်တီ – ညှစ်
အီဝိုင်အိုင်တီ – အရစ်
ဤတွင်ပြီး၏။
ကျန်တဲ့ သင်ခန်းစာ အမူးပြေရမှ ဆက်ပို ့ချမယ်..
ခိုင်ဇာ
November 16, 2012 at 3:29 pm
ဟုတ်ကဲ့။ မှတ်သားလောက်ပါတယ် ဗိုက်ဗိုက်။
ကျနော်စာသင်တန်းဖွင့်ရင် ဗိုက်ဗိုက်ကို ကျောင်းအုပ်ခန့်ရမလားလို့ စဉ်းစားမိပါတယ်။ :kwi:
blackchaw
November 16, 2012 at 2:35 pm
အေးပေါ့ အေးပေါ့ အေးပေါ့…။
အဲဒီ ကိုနိုကြီးက အသားအရောင်သိတ်ခွဲခြားလွန်းတယ်ဗျာ..။
ဒီအသားမည်းတာလေးကိုပဲ ကြုံတိုင်းတိုက်ခိုက်နေတော့တာပဲ..။
ကံမကောင်းလို့ အသားမည်းတာပါလို့လည်း ပေါ်ပေါ်ထင်ထင် မပြောရဲဘူးရယ်..။
တော်ကြာ ကြိုးမှ မကြိုးစားတာ မည်းတာတောင်နည်းသေး လို့ ထပြောနေရင် မခက်ပေဘူးလားကွယ်..။
အဲဒါ ကျွန်ုပ်ဘလက် ကိုပြောတာပါ ဒေါ်ခိုင်ဇာရေ…။
ဂီဂီက ကျွန်ုပ် ရဲ့ ဂုဏ်ပုဒ်တွေကို ထုတ်ဖေါ်ချီးမြှောက်သွားခြင်းရယ်ပါ…။
အော် နောင်ဘဝများ လူဖြစ်ခဲ့ရင် အသားဖြူတဲ့ လူဖြစ်…ရ…ပါ…လို…၏ လို့လည်း
ဆုမတောင်းရဲဘူးဗျာ…။
အဲဒါကျတော့လည်း သူကြီး မျက်နှာကြည့်ရသေး ဟေးဟေး…။
အော် ဒီနေ့ ကံမကောင်းပါလား ကွယ်..။
ခိုင်ဇာ
November 16, 2012 at 3:32 pm
ဪ။ ကိုဘလက်ကို ပြောကြတာကိုး။ :hee:
ဒီလူတွေမသိလို့ပြောကြတာပါ ကိုဘလက်ရယ်။
Dark, Tall and Handsome တို့၊ အသားမည်း ပတ္တမြားခဲတို့၊ အသားညို ကွမ်းတစ်ထွေးတို့ ဆိုတာတွေဘယ်နားသွားထားမလဲဗျာ။
ခေတ်အဆက်ဆက် စွဲဆောင်မှုရှိတယ်ဆိုတဲ့ မင်းသားတွေ အသားဖြူဆွတ်နေတာဘယ်နှစ်ယောက်ပါသတုန်း။
Hnin Hnin
November 16, 2012 at 4:51 pm
တီချယ်ကြီးကို ညွှန်းဆိုသွားတဲ့ စာစုလို့များ ပြောရတော့မလား..ဆွိရေ..
အင်္ဂလိပ်စာအတွက် အလေ့အကျင့်ကောင်းတွေကို သေချာလေ့ကျင့်မွေးထုတ်ပေးတဲ့သူ
တစ်ယောက်ပဲနော်…
‘စလုံးက စကားပြောနဲ့ ချောက်ကျတဲ့ မိဆွိ’ ကိုလည်း မျှော်နေပါသည်….
ခိုင်ဇာ
November 17, 2012 at 6:50 am
ဟုတ်ကဲ့ပါ နှင်းနှင်းရေ၊ စလုံး ကို ရောက်ပြီးမှ ကျရတဲ့ ချောက်တွေ များလွန်းလို့ ဘယ်က စရေးရမှန်းမသိကြောင်းပါ။ :harr: