ချရေးမိသောကဗျာတချို့
ခံစားမှုနဲ့အနုပညာ
ခံစားချက်နဲ့ဖန်တီးတဲ့အနုပညာ
တကယ်အသက်ဝင်လာတဲ့အခါ
ပညာရှင်မဟုတ်လည်းပွဲလယ်တင့်မြဲပါ။
ဖန်တီးမှုအနုပညာတခု
နှလုံးသားတခုနဲ့ခံစားတဲ့အခါ
ကျော်ကြားတဲ့အရာမဟုတ်လည်း
အသက်ဝင်နေဆဲပါ။
ခံစားသူဟာပညာရှင်မဟုတ်လည်း
ခံစားတတ်တဲ့နှလုံးသားတခုတည်းနဲ့တင်အရာဝင်ပါတယ်။
တကယ်ပါရင်ထဲကိုထိမှန်လာတဲ့
ဘယ်အနုပညာမဆို
ချိုသည်ခါးသည် မော်ဒန်ကျသည်ကာရံလှသည်
နုသည်ကြမ်းသည်
ခေတ်နောက်ကျသည်ခေတ်ရှေ့ပြေးသည်
ဘာတခုမှခွဲခြားမရတော့ပဲ
ခံစားနေဆဲပဲလေ။
အနုပညာဆိုတာကိုအဓိပ္ပါယ်မဖွင့်တတ်လည်း
ဝေဖန်ဖို့မစွမ်းသာလည်း
ခံစားကြည့်နေမိဆဲပါပဲ။
××××××××××××××××××××××××××××××××××××
အသွားအပြန်
ဟန်ဆောင်မူပိုပလီပလာတွေဆိုလည်း
နင့်မျက်နှာကိုငါဖတ်တတ်နေဆဲ
နင်ရွှေ့လာမယ့်အကွက်တွေအတွက်
ငါတွက်ချက်တတ်မယ်ဆိုတာနင်မသိတာ
ငါဝမ်းသာပါတယ်
လုပ်ရက်တယ်သူငယ်ချင်းရယ်
င့ါစေတနာတွေနဲ့မထိုက်တော့တဲ့အခါ
ငါအတွက်သာငါတွေးတော့မယ်။
နင်မှတ်ထားပါ
အခုကစနောင်အခါမှာ
သူငယ်ချင်းကောင်းဆိုတဲ့စကား
နင်နဲ့ငါကြားမှာမရှိတော့ဘူး။
×××××××××××××××××××××××××××××××××××
သဘာဝ
အတိတ်ကိုသတိရတဲ့အခါ
ပစ္စုပ္ပာန်ဟာဘယ်လိုမှအဓိပ္ပါယ်မရှိတော့သလို
အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေသလိုနဲ့
ဒါဏ်ရာရဲ့အတိမ်အနက်ကိုပဲတွေးနေမိတယ်။
အနာရွတ်ကိုပြန်မြင်မိတဲ့အခါ
ကိုယ့်ကိုယ်ကိုသိပ်သနားစရာကောင်းနေသလို
ကြေကွဲလွမ်းဆွတ်မှုတွေပဲပြည့်နှက်နေသလိုနဲ့
ရင်ထဲမှာတဆစ်ဆစ်နဲ့နာနေတာကိုပဲခံစားနေမိတယ်။
ပစ္စုပ္ပာန်တည့်တည့်ကိုပြန်မြင်လာတဲ့အခါ
ဝေဒနာဆိုတာအသာထား
စားနေဝတ်ကြားဗျာများလို့
အနာဂတ်ဖို့ပြင်ဆင်
ဘဝနေမဝင်ခင်ဆက်လျှောက်
ထွက်ပေါက်တော့မတွေ့သေး။
ကျေးဇူးအထူးတင်ပါတယ်ရှင်။
17 comments
Mobile
November 24, 2012 at 10:47 pm
ထွက်ပေါက် ကဩရသ ရဲ့တစ်ကိုယ်တော်စီးရီးကိုပြောတာလား?
စတာပါ ကဗျာလေးကို ကြိုတ်ပါတယ် အားပေးသွားပါတယ်ဆိုတဲ့ အကြောင်းလေး . . . . . .
ရွှေ ကြည်
November 24, 2012 at 10:54 pm
ဩရသ ကိုကြိုက်ဘူးနော် လုံးဝပဲ..။
စောသက်ရဲ့ အိမ်ကွင်းအဝေးကွင်းကိုနားထောင်ပြီးကတည်းကအမြင်ကတ်နေတာ အဲဒီအဆိုတော်ရော ရေးသူရော..။
ပထမဆုံးအားပေးသွားတဲ့ ကိုမိုင်းဘို ကျေးဇူးပါရှင့်.. 😆
မောင်ပေ
November 25, 2012 at 2:57 pm
ဒါဆိုရင် ကောင်းလားအကို ကို မကြိုက်ဖူးပေါ့လေ
ကောင်းလားကြည်…ကောင်းလားကြည်
ကောင်းတယ် ကောင်းတယ်
ကဗျာတွေ ကို ပြောပါတယ်
ကြိုက်တယ် မရွှေကြည်ရေ
ရွှေ ကြည်
November 25, 2012 at 3:26 pm
အူးပေရေ လုံးဝမကြိုက်ပါ
ရေးတဲ့သူကရေးပေးပြီးဆိုတဲ့သူကလည်းအရှက်မရှိဆိုရဲတာကိုအံ့ဩနေမိတုန်းပါပဲ။
ကဗျာတွေကိုကောင်းတယ်ပြောတဲ့အတွက် ရှဲ့ ရှဲ့ နီ..။ (တို့ဝံကြီးတွေကတရုတ်ကျေးဇူးကြီးတယ်ပြောလို့တရုတ်စကားပဲပြောကြရင်ကောင်းမလားပဲသင်ဦးမှပါ)
padauk moe
November 24, 2012 at 11:10 pm
မိုက်တယ်ဟေ့ မရွှေကြည်ရေ ရသစုံပါဘဲနော်
ဘာတဲ့ အနာဂတ် အခြေမလှပေမယ့်လဲ
လာမယ့် အနေအထားမှာ မင်းရွှေ့လျှားတက်မယ်ဆိုရင်
သေချာပါတယ် ရေရာလှတဲ့ ဘဝလေးထဲမှာ
မင်းနဲ့ကိုယ် နှစ်ယောက်ထဲပေါ့…………….. ဟီး စတာနော်မမ နှစ်သက်မိပါတယ်
surmi
November 24, 2012 at 11:18 pm
ရေမြေပြောင်းမှ ခံစားချက်တွေ ပိုတောက်ပြောင်လာပုံပဲ
အထိုင်ကျသွားတဲ ့အခါ ရေခြားမြေခြား ယဉ်ကျေးမှုခြားတာလေးတွေ
ရေးတင်ပါဦး ။ ဒီလိုကဗျာတွေမရေးတတ်ပေမဲ ့ ရေးတဲ ့သူတွေကို
လေးစားအားကျပါတယ် ………..
မဟာရာဇာ အံစာတုံး
November 25, 2012 at 1:05 am
မမဂျီး မရွှေကြည် …
“သဘာဝ” ဆိုတဲ့ ကဗျာလေးကို အနော် အရမ်းခိုက်သွားဒယ်ဂျာ ..
အနော့် ခံစားချက်နဲ့ တစ်ထပ်တည်း နီးပါးပါပဲ …
ဘာဂျောင့်လဲဆိုဒေါ့ ..
အနော့်မှာ အတိတ်က အနာရွက် ရှိခဲ့သကိုးဂျ …
ကဗျာလေးတွေ အတွက် ရှဲရှဲပါ မမဂျီး ခညာ …
တိမ်မည်း
November 25, 2012 at 8:20 am
မရွေကြည်ရေ………
ခံစားချက်အတိုင် စီးမျောသွားမယ်ဆိုရင်တော့………..
အမ ကဗျာက ရင်ထဲ တဆစ်ဆစ်နာသွားစေပါတယ်…………
ပတ်ဝန်းကျင်မှာ ဟန်ဆောင်တက်တဲ့ သူငယ်ချင်းများရှိနေပါသလား………..
ရှိမယ်လို ့လဲ မျှော်လင့်ပါတယ်…………
ကဗျာလေးထဲမှာ အတိုင်းသားပေါ်လွင်နေလို ့ပါ………….
ဆက်စပ်မှူကင်းမဲ့နေပုံရပေမယ့်……….
ခံစားချက်က ဒုတိယနဲ ့ တတိယ ကဗျာကို ရေးပုံရပါတယ်………..
အတိက်အကြောင်းကို သိပ်မစဉ်းစားပါနဲ ့……..
ဖြစ်နေတဲ့ ဟန်ဆောင် မျက်နှာဖုံးလေး များကိုလည်း မျက်ကွယ်ပြုနိုင်ပါစေ…………
မနက်ဖြန်တွက် တွေးမပူပဲ ဖြစ်သမျှအကြောင်း အကောင်းဟုမှတ်သည်ထက် ခံစားခြင်းကင်းမဲ့သော နှလုံးသား ပိုင်ဆိုင်စေလိုကြောင်း ဆုမွန်ကောင်းတောင်းလျက်……….
ရွှေ ကြည်
November 25, 2012 at 9:44 am
ကိုတိမ်မည်းရေ ဟန်ဆောင်တတ်တဲ့သူငယ်ချင်းရှိပါတယ် အခုအနားမှာတော့မဟုတ်ပါဘူး..။
နှစ်ပုဒ် ဆက်စပ်တယ်လို့တော့ပြောလို့ရပါတယ်..။ မဆက်စပ်ဘူးဆိုလည်းပြောလို့ရပါတယ်လေ
ကဗျာလေးအတွက်ကျေးဇူးအထူးတင်ပါတယ်လို့ ကိုတိမ်မည်းလည်းတော်တာပဲနော်..။
တိမ်မည်း
November 25, 2012 at 11:42 am
ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်………..
အမလောက်တော့ မတော်ပါဖူး အမရယ်………
🙂
ရွှေ ကြည်
November 25, 2012 at 9:40 am
ပိတောက်မိုးရေ အားပေးသွားလို့ကျေးဇူးပါနော်..။
ကိုရင်ဆာမိရေ နောက်တော့ရေးနိုင်အောင်ကြိုးစားပါ့မယ် အရေးအသားမကောင်းရင်ဖတ်ရသူငြီးငွေ့စေမှာစိုးလို့..။
ရေးတော့ရေးချင်တယ်။
မောင်ငယ်အံစာသိင်္ခသူရရေ အားပေးသွားလို့ အစ်မကလည်းကျေးဇူးပါလို့..။
အနာရွတ်ဆိုတာမြင်တိုင်း ဒါဏ်ရာဖြစ်ခဲ့ဘူးတာကအမှတ်ရစရာပါပဲလေ..။
အလင်းဆက်
November 25, 2012 at 7:26 pm
တကယ်ပါရင်ထဲကိုထိမှန်လာတဲ့
ဘယ်အနုပညာမဆို
ချိုသည်ခါးသည် မော်ဒန်ကျသည်ကာရံလှသည်
နုသည်ကြမ်းသည်
ခေတ်နောက်ကျသည်ခေတ်ရှေ့ပြေးသည်
ဘာတခုမှခွဲခြားမရတော့ပဲ
ခံစားနေဆဲပဲလေ။
————————-
အနုပညာ….ဆိုတာ..
အနုပညာ…ပဲ.. ။
—————————
တခြားဘာအရောင်တွေ.နဲ ့မှ….
လာ..မရောပါနဲ ့…။
————————–
မမရွှေကြည်ရေ….
တကယ်.့ကို… လွတ်လပ် …သန် ့ရှင်းနေတဲ ့စာသားတွေ ပါနော် ။
မမလည်း..ကဗျာဆရာမ..ဖြစ်နေပြီ။
မကြီးစိုုးလို..ပေါ ့။
ရွှေ ကြည်
November 25, 2012 at 7:41 pm
အလက်ဆင်းရေ ကဗျာဆရာမမဖြစ်ချင်ဘူး စာရေးဆရာမပဲဖြစ်ချင်တယ်
ကျေးကျေးပါနော်..။
အလင်းဆက်
November 25, 2012 at 7:46 pm
ကဂျာ.. လည်းရေး.။
ချာ..လည်းရေး..
စာ…အစုံရေးနိုင်တဲ ့..
ချာရေးချရာမကြီး.ဖစ်ပါစေ..။
——-
တစ်နေ့နေ့
ချာပေဟောပြောပွဲတွေ.မှာ..တားတားတို့ နှစ်ယောက်..
ဆုံကြမယ်.လေ. ။
စင်ပေါ်မှာ….
ချာရေးချရာ ချာရေးချရာမကြီင်္းတွေ..အဖြစ်နဲ ့..
တိုင်းပြည်အတွက်…….ပြောသင့်တာတွေ.ပြောကြမယ် ။
နော ့။
:kwi:
ရွှေ ကြည်
November 25, 2012 at 8:20 pm
အောင်မလေးမောင်ငယ်ရယ် မရွှေကြည်အဲသည်လောက်မမျှော်မှန်းပါဘူးကွယ်..။
ဒီရွာမှာဒီလိုလေးချပြခွင့်ရနေရင်ကိုကျေနပ်ပါတယ်..။
ခင်ခ
November 26, 2012 at 12:00 pm
( နင်မှတ်ထားပါ
အခုကစနောင်အခါမှာ
သူငယ်ချင်းကောင်းဆိုတဲ့စကား
နင်နဲ့ငါကြားမှာမရှိတော့ဘူး။ )
အဲဒီကဗျာလေးရဲ့ အဲဒီနားက စာသားအဓိပ္ပါယ် ကြိုက်တယ်ဗျာ။
တယ်ဟုတ်တဲ့ မိရွှေကြည်ဘဲဗျို့။
ရွှေ ကြည်
November 28, 2012 at 6:24 pm
လေးခင်ခရေ အားပေးတာကျေးဇူးပါရှင့်..။
မိရွှေကြည်ဆက်ကြိုးစားပါ့မယ် စာသားတွေကခံစားချက်ပါတယ်လေ လေးခင်ခရဲ့ :harr: