ဆွေ ့ဆွေ ့ခုန်ခြင်း ….နှင့်… အနုပညာ… အပိုင်း ( ၂ )
ပြန်လည် စုစည်း တည်ဆောက်ခြင်း…ဆိုရာတွင်….
ပျက်စီးသွားသော…. အပဲ့အရွဲ ့များ. … / သီအိုင်္ရီ အစုတ်အပျက်များ…/ စံနှုန်း အကျိုးအပဲ ့ များ…ကို.. တစ်စ စီ…
လိုက်……ကောက်ပြီး…. ပြန်လည်… တည်ဆောက်ခြင်း..မဟုတ်ပါ ။
လုံးဝ မဟုတ်ပါ ။
ချုပ်ရိုးကြောင်းတွေ… သပ်သပ်ရပ်ရပ် ဖြစ်သွားရုံနဲ ့….. ဝတ်ရုံက သစ်မသွား မှန်း..သိကြ့ပါသည် ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆွေ့ဆွေ့ခုန်ခြင်းနှင့် အနုပညာ အပိုင် း( ၁ )
မော်ဒန်အနပညာ ( ခေတ်သစ် အနုပညာ ) ဆိုင်ရာ အချက်အလက်များကို …..ရ / တတ်သလောက်..လေ့လာနေမိပါသည် ။
လေ့လာရင်း…စာအုပ်စာတမ်းများကို..ဖတ်မှတ် နေရင်းဖြင့်….
ပြောချင် ရေးချင်လာသော..အတွေး.များကို..ချရေးမိပါသည် ။
ဤ စာတမ်းသည်…. ယခု တွေးမိသော အတွေးကို..ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည် ။ ယခု တွေးမိသော..အတွေး.ဆိုသည့်စကားလုံးကို.အသေအချာ ပြောခဲ့ပါသည် ။
———————————————————————–လူ ့ယဉ်ကျေးမှုဆိုင်ရာ..စံနှုုန်းများ / အတွေးအမြင်များဖြစ်စေ…
ခေတ်နှင့်ဆိုင်သော..စံနှုုန်းများ/ အတွေးအမြင်များဖြစ်စေ…
အနုပညာဆိုင်ရာ အတွေးအခေါ်နှင့် တန်ဖိုး..နှုန်းစံများဖြစ်စေ…
တစ်ချိန်ချိန်တွင်.. ဖြစ်ပေါ်တိုးတက် သွားသော..အလှည့်အပြောင်းများနှင့်
ကြုံရမြဲ..သာ..ဖြစ်ပါသည် ။
ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။
ရှိနှင့်ပြီးသား..တန်ဖိုးများ ဆိုင်ရာ.အချင်းအရာများထက်… ပို၍ ကျစ်လျစ်သော /
ပို၍ လခှပ သစ်လွင်သော..တန်ဖိုးသစ်များ ( စံ နှုန်းအသစ်များ ) ဆီသို ့… ဖြစ်ပေါ် တိုးတက်သွားခြင်းဖြစ်ပါသည် ။
ယုတ်လျော့ ပျက်စီးသွားခြင်း မဟုတ်ပါ ။
ထပ်ပြောပါမည် ။
ထို အပြောင်းအလဲများ.ဖြစ်ပေါ်လာခြင်းသည်… ရှိနှင့်ပြီးသား..တန်ဖိုးများ / စံ..နှုန်းများ..ယုတ်လျော့ပျက်စီးသွားခြင်း မဟုတ်ပါ ။
————————————————————————
အဟောင်းသည်..အဟောင်းဆိုင်ရာ ဂ န္ထဝင်တန်ဖိုးများနှင့်.. သူ ့ဟန်နှင့်သူ..ကျန်ရစ်ခဲ့ပါလိမ့်မည် ။
အသစ်သည်..ခေတ်မီတောက်ပသော.. သစ်လွင်မှု နှင့် ( တန်ဖိုး နှုန်းစံအသစ်များနှင့် ) ဆက်လက် ချီတက်နေပါလိမ့်မည် ။
နောင်တစ်ချိန်တွင်…. ထို အသစ်များသည်.လည်း.. အဟောင်းဖြစ်သွား၍ နောက်ထပ် အသစ်အသစ်သော..အရာတွေက….ဆက်လက် ဖြစ်ပေါ် တိုးတက် လာဦးမည် .။
အဲဒါ..သဘာဝတစ်ခုသာဖြစ်၍…. မကျေနပ်စရာ မရှိပါ ။
ဆွေ့ ့ဆွေ ့ခုန် နေ…စရာ…. မလိုပါ ။
———————————————————————–အသစ် ၏ ဝင်ရောက် နေရာယူမှု ကို လက်မခံနိုင်လောက်အောင်…. ဖြစ်နေသူများ.. ရှိပါသည် ။
( ထိုသူများ ရှိ်နေ၍လည်း..ဤ စာမျိုးတွေ.ရေးနေရခြင်း ဟု.ဆိုနိုင်ပါသေးသည် ။)
အဟောင်း ၏ တန်ဖိုး မှ တကယ့် တန်ဖိုးအစစ် ဟု ထင်နေကြသူများ….ဖြစ်သည် ။
ကာရန်ပါတဲ ့ကဗျာမှ..ကဗျာ.စာရင်းသွင်းကြသူများ…
ကာရန် မပါရင်..ကဗျာ မဟုတ်သယောင်ယောင် …ဆိုကြသူများ…။
ဇာတ်လမ်း မပါရင်..ဝတ္ထု မဟုတ်ဘူး..ဆိုသူများ…(ဇာတ်လမ်းမပါတဲ ့စာကို..စာပေအနုပညာစာရင်း မသွင်းချင်သူများ)
နတ်သျှင်နောင် ၏ ရတုတစ်ပုဒ်နှင့် … မော်ဒန် ကဗျာတစ်ပုဒ်ကို… ယှဉ်..နှိုင်းပြီး.. နတ်သျှင်နောင် ၏ ရတုကိုသာ..အနုပညာ တန်ဖိုး ပိုကြီးသည်…ဟု..ထင်နေကြသူများ..
ထိုသူများသည်…. ဂန္ထဝင် အနုပညာ ၏ လှပ မှုကို… စွဲလမ်း မက်မောရင်း….ပျောက်ကွယ်သွားမှာကို.. စိုးကြောက်သူများ..ဖြစ်သည် ။
အပြစ် မဆိုသာ..သော်လည်း..ပြောစရာတော့..ရှိနေပါသည် ။
နေဝင်သွားတာကို..မျက်တောင်မခတ်.. လိုက်ကြည့်နေပြီး… နှမြောတသ…လွမ်းမောနေရင်… လ ..ထွက်လာတာကို…မမြင်လိုက်ရပဲ…
နေရော..လရော…လွတ်သွားပါလိမ့်မည် ။
=====================================
တကယ်တော့…. ဂန္ထဝင် အနုပညာ သည်လည်း… သူ ့အနုပညာတန်ဖိုး နှင့်သူ….
မော်ဒန် အနုပညာ သည်လည်း..သူ ့အနုပညာတန်ဖိုးနှင့်သူ. …တည်ကြည်စွာ..ရှိနေပါသည် ။
—————————————————————————-
အဟောင်းကိုမှ…မက်မောစွာ..ဖက်တွယ်ထားသော..လက်များ…ကို.. အသစ်ကြိုသော လက်များ အဖြစ် အသင့် ..ဖြစ်စေချင်ပါပြီ ။
အနုပညာသစ် လာချေပြီ…။
နေရာထို်ုင်ခင်း ရှင်းလင်းပေး၍ ကြိုဆိ်ုပါ ။
နွေးထွေးစွာ… ကမ်းလင့် ခရီးဦး..ကြိုပြု ပါ ။
အနုပညာသစ်သည်…. အနုပညာ ၏ သည်းနင့် ရင်ခွင် ဆီ… ရဲရဲဝံ့ဝံ့ လှမ်း..လာနေပြီ ။
ကြည့်သော..သူ..မြင်ပါလိမ့်မည် ။
အမြင်ကြည်လင်သူသည်..အကြည်အလင်ကို..မြင်ရပါလိမ့်မည် ။
ဆွေ ့ဆွေ ့ခုန်နေစရာ..မလိုပါ ။
————————————————————————–အနုပညာသစ် ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်သည်… ဆွေ ့ဆွေ ့ခုန်နေစရာ…ကိစ္စ မဟုတ်ပါ ။
ဝက်ဝက်ကွဲ ငြင်းဆန်… နေစရာလည်း.မလိုပါ ။
အနုပညာသစ်ကို..ချစ်သော အနုပညာသမားများသည်…. ဘာ့ကြောင့်… ချစ်ရသလဲ..ဆိုသော..မေးခွန်းကို.. ဘယ်သူမှ မမေးခင်..ကိုယ့်ဘာသာ ဖြေပြီးမှ…ချစ်ခဲ့ခြင်းဖြစ်ပါသည် ။
————————————————————————
ထုံတမ်းအစဉ်အလာ စည်းမျဉ်း / နယ်နိမိတ် / ကန့်သတ်ချက် များ… ရုန်းမထွက်နိုင်လောက်အောင်…ချုပ် ထားသော.. တင်းကျပ် ပိတ်ဆို ့မှုု များကို..ရိုး..အီ..ငြီးငွေ့ လာသော…
အလွန့် ( အလွန် ) စိတ်ပျက် လာသော..
အနုပညာသမားသည် အနုပညာ ၏ သဘောသဘာဝ ကို… စူးစူးရဲရဲ… ရှာဖွေ ဖော်ထုတ်ခဲ့ပြီ ။
အနုပညာ ၏ သစ္စာ တရား…ကို မမှိတ်မသုန်…တူးဖော်….ခဲ ့ပြီ ။
အနုပညာ ၏ လွတ်လပ်ခွင့်ကို…လည်း..မြတ်နိုူး..ခုံမင်စွာ..တမ်းတ တတ်ခဲ့ပြီ ။
အနုပညာသည်… ဖန်တီးခြင်း ၏ အမြုတေ ဖြစ်သည် ။
အနုပညာ ဖန်တီးမှု…၏ အထက်မှာ..ဖြစ်စေ…/ ဘေး ပတ်လည်မှာ.. ဖြစ်စေ….မည်သည့် စည်း မျဉ်း ကန့်သတ်ချက်များမှ..
မရှိစေရ ။
အနုပညာ ၏ နယ်ပယ်သည်… ကျယ်ပြန့်သော..ကောင်းကင်ကြီးသာ..ဖြစ်ရမည် ။
အနုပညာနှင့်.. အနုပညာသမား ၏ လွတ်လပ် လိုမှု / လွတ်လပ်စွာ..ဖန်တီး ရေးသား..လိုမှု ကို..
အစဉ်အလာ…ဆိုသော..စည်းမျဉ်း…နယ် နိမိတ်များ က… လာ…လာ…မချုပ်စေလို …………………..။
———————————————————
ထိုသို ့ဖြင့်…. ……………………. လွတ်လပ်မှု ကို မြတ်နိုးသော…. အနုပညာသမားသည်…
အနုပညာဖန်တီးမှု လမ်းစဉ် တလျှောက်…. လိုက်လံ တားဆီး..ချုပ်နှောင်နေသာ..
တံတိုင်း စည်း / မျဉ်းများကို…စ တင် ဖောက်ထွက်ပါတော့သည် ။
———————————————————–
တား..ထားသော..အဆီးအတားများ…ကို..ကျော်ရာတွင်…
လက်ညှိုးထိုး…ကဲ့ ရဲ ့မှုများ../ လှောင်ပြောင်သရော် မှုများ../ စွပ်စွဲ ပုတ်ခတ်မှုများ…ကို..
မလွဲမသွေ..ရင်ဆိုင်ရပါသည် ။
အများနှင့် မတူုသာ.. လုပ်ရပ် ../ အစဉ်အလာ ၏ တင်းကျပ် ပိတ်ဆို ့မှု ကို…ဖောက် ဖျက်သော… အနုပညာ ဖန်တီးမှု.များသည်….
အရှိန် အဟုန်လည်း ရှိ ../ သတ္တိ နှင့် ခံနိုင်ရည်..လည်း… တော်တော်လေး..ရှိခဲ့ပါသည် ။
————————————————————
အခုတော့..အနုပညာသစ်သည်…. အနုပညာကောင်းကင်ပေါ်မှာ.. ပျံသန်း လာနေပြီ…။
အဟောင်းကို…. ဖက်တွယ်ထားကာ..အစဉ်အလာ ၏ စည်း / မျဉ်း / ဘောင်ခတ်မှု အကျပ်အတည်း ထဲမှာ… ဆွေ ့ဆွေ ့ခုန်……နေသူများကို…..အံတု ကာ….
လေ အဟုန်မှာ.. ပျံသန်း ပြနေလေပြီ ။
————————————————————–
အနုပညာသစ် ၏ ထိုးဖောက်မှု / ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ် တလျှောက်တွင်… အဆင့် ( ၃ ) ဆင့်ကို… ဖြတ်ကျော် ရပါမည် ။
( ကျွန်တော်.. လက်ခံသော..အဆင့် ( ၃ )ဆင့် ဖြစ်ပါသည် ။ အမြင်မတူ သူများလည်း.ရှိနိုင်ပါသည်.ဟု ကြို ပြောချင်ပါသည် ။ )
ထို…. အဆင့် ( ၃ ) ဆင့်မှာ.. အောက်ပါ အတိုင်း..ဖြစ် ပါသည် ။
………………………………………………………
( ဆက်လက် ရေးသားတင်ပြ ပါဦးမည် ။ )
++++++++++++++++++++++++++++++++++++++++++++++++
လေးစားစွာဖြင့် ….
အလင်းဆက်
3 . 12 .2012 . PM
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆွေ ့ဆွေ့ ့ခုန်ခြင်းနှင့်အနုပညာ အပိုင် း( ၂ )
အနုပညာ တန်ဖိုးများ / နှုန်း စံ များ../ အချင်းအရာများ ကို
လူသားတို ့ တဆင့်ပြီးတဆင့် ဖန်တီး တည်ဆောက် ခဲ့ကြရပါသည် ။
ထိုအရာများသည်… ဖြစ်ပေါ်တိုးတက်မှု ( သို ့မဟုတ် ) အပြောင်းအလဲများကို
တကွေ့ ့ကွ့ ့မှာ..ကြုံကို ကြုံကြရပါသည်။
ဖြစ်ပေါ်တိုးတက် မှုများကိုကြုံတိုင်း…အဆင့် ( ၃ ) ဆင့်ကို ဖြတ်ကျော် ရပါသည် ။
ထိုအဆင့် ( ၃ ) ဆင့်မှာ……
( ၁ ) ပိုင်းစ စိတ်မွှာ ပြိုကွဲ သွားခြင်း
( ၂ ) ပြန်လည် စုစည်းတည်ဆောက်ခြင်း
( ၃ ) အသစ်များ ဖန်တီး ဖော်ထုတ်ပြ ခြင်း…….. တို ့ ဖြစ်ပါသည် ။
————————————————
( ၁ ) ပိုင်းစ စိတ်မွှာပြိုကွဲသွားခြင်း
ပထမဆုံး အဆင့် သည်…အသံကျယ်ကျယ်လောင်လောင်ဖြင့်…ဆူညံ ရှုပ်ထွေးတတ်ပါသည် ။
ပြဿနာ အဖြစ်ဆုံး…. အဆင့်လည်းဖြစ်ပါသည် ။ ရှိနှင့်ပြီးသား…. စံနှုန်းများ../
စည်း / ဘောင် / ခွင် / နယ် နိမိတ် များကို….. ကျော်ဖြတ် ထိုးဖောက်၍ အသစ် အသစ်သော….ချင်းအရာတို ့ နေရာ ဝင်ယူ ချိန်မို ့….
သည်းသည်းလှုပ်သူများ…များလျှင် များသလောက်…. ပြင်းထန်စွာ..တုန်ခါ..တတ်ပါသည်။
အပေါ်ယံလေးတွေးသူများ နှင့်…. အမြင် ..မကြည်လင်သူများ ကတော့…
ရှိနှင့်ပြီးသား…. စည်း / မျဉ်း / စံနှုန်း / ဘောင် / ခွင်….နယ်နိမိတ်များ ကို ဖောက်…. ဖြတ် ၍
အသစ်အသစ်သော… စံနှုန်းများ..တန်ဖိုးများ…ဖြင့် ဖြစ်တည်လာသော….
ထိုအနုပညာ ဖန်တီးမှု ( အသစ် ) ကို… စည်းမဲ ့ / ကမ်းမဲ ့ သရုပ်ပျက်ယွင်းမှု /
ထင်တိုင်းကြဲ..ဖော်ထုတ်ပြသ မှု များ… ဟု..သတ်မှတ်ချင်ပါလိမ့်မည် ။
အဟောင်းကို…. တပ်မက် စွဲလမ်းမှု..အား..ကြီးလေလေ…အသစ်ကို…. အထင်သေးမှု / မလိုလားမှု များ..ပြင်းထန်လေလေ….။
အနုပညာ ၏ လွတ်လပ်ခွင့်နှင့်…ဖန်တီး မှု နယ်ပယ် ကျယ်ကျယ်ပြန့်ပြန့် ကိုမှ လိုချင်သော../
ရှိနှင့်ပြီးသား…နှုန်း စံ အဟောင်းများ / စည်းမျဉ်း..ဘောင် / ခွင်…အဟောင်းများ ၏ တင်းကျပ်စွာ.. ပိတ်ဆိုးမှု ကို မကျေမနပ် ဖောက်ထွက်ချင်သော….
အနုပညာ နှင့် အနုပညာ ဖန်တီးသူ…တို့ကို..
ရှေးရိုး အစဉ်အလာ / သမားရိုးကျ ဘိုးတော်ဘုရား လက်ထပ်က… စံနှုန်းများနှင့်.. နေသားကျနေသော…
( အဟောင်းမှ အဟောင်း ဆွေ ့ဆွေ ့ခုန်နေသော…) ပုဂိ္ဂုလ်များက…. အမြင် ကြည် နိုင်မည် မထင်ပါ ။
နွေးထွေးသော လက်များဖြင့် ကြိုဆိုဖို ့…အသာ ထားလို ့….သူတို့ဖက်တွယ်ထားသော… အရာများကို..လွှတ်ချပြီး.
အသစ် ဝင်ရောက် လာမည့်အရာကို….လက်ယပ်ခေါ်ဖို ့…ပင် မအားနိုင်ပါ ။
အသစ် ဝင်ရောက်လာမည့် အရာကို တန်ဖိုး ရှိသော အရာ များ..ဖြစ်နေမလား..ဟုပင်…. ကြည့်/ မြင်..နိုင် ..အားမည်..မထင်ပါ ။
သူတို ့..ဆွေ ့ဆွေ ့ခုန် ပြီးရင်း..ခုန်နေကြသည် ။
္ကဤ အဆင့်သည်… ထိတ်လန့် တုန်လှုပ် ဖွယ်ရာ အဖြစ်ကြီးအဖြစ်…. သူတို ့..ဆွေ ့ဆွေ ့ခုန်လို့ကို..ပြီးမှာ… မဟုတ်.. ။
အနုပညာသမား နှင့် အနုပညာ ၏ သဘောသဘာဝ ကိုက….တစ်ချိန်ချိန်မှာ…
မလွဲမသွေ… ဖြစ်ပေါ်တိုးတက်မှု…/ ပြောင်းလဲသော..ဖန်တီးမှု ဖြစ်စဉ်များနှင့်.ကြုံကိုကြုံရမည် ။
အနုပညာသည်….ပုံသဏ္ဌာန် ဘယ်လိုပြောင်းပြောင်း ပြောင်း…. /
ဖော်ဆောင် ပုံ..ဟန်များ../ စနစ်များ..ဘယ်လိုပြောင်းပြောင်း…
အနုပညာသည်..အနုပညာ ဖြစ်နေဖို့သာ..လိုပါသည် ။
အနုပညာ ၏ အနုပညာ ဖြစ်နေဆဲ ဖြစ်ပါသည် ။ အနုပညာ ၏ ပကတိ တန်ဖိုးသည်…. အခြေအနေတွေ… ဘာတွေ ဘယ်လိုပြောင်းနေပါစေ…
ယုတ်လျော့မသွား…။
အနုပညာမြောက်နေ လျှင် အနုပညာဖြစ်နေမှာသာ..ဖြစ်သည် ။
————————————
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx-
လောက တွင်… အနုပညာရပ် များ …. များစွာ ရှိနေပါသည် ။
သရုပ်မှန် အနုပညာ / ဂန္ထဝင်အနုပညာ / ခေတ်သစ်အနုပညာ / ခေတ်ဟောင်းအနုပညာ / မော်ဒန် အနုပညာ / ပို ့စ်မော်ဒန် အနုုပညာ …
ဒါမှမဟုတ်…..
ဂီတ အနုပညာ / ရုပ်ရှင်အနုပညာ /
စာပေ အနုပညာ / ပန်းချီ အနုပညာ / ပန်းပု အနုပညာ……
စသည်ဖြင့်…..
အနုပညာရပ်များ…များစွာ..ကွဲပြား… ခြားနားစွာ..ရှိနေပါသည် ။
ဒိလိုပါပဲ………………………………….
လောက မှာ…..
ဓါးများ..လည်း..အမျိုးအစား..များစွာ….
ရှိပါသည် ။
ဓါးရှည် / ဒါးတို / ဓါးမ / ဓါးမြျောင် /
ငှက်ကြီးတောင်ဓါး…/ ခေါက်ဓါး./ ပေါက်ဓါး…. စသည်ဖြင့်…..
ဓါး အမျိုးအစားပေါင်း များစွာ..ကွဲပြား ခြားနားစွာ..ရှိနေပါသည် ။
အနုပညာရပ် များ..များစွာ…. အမျိုးအစား ကွဲပြားခြားနားသလို..ဓါးများလည်း..အမျိုးအစားများစွာ..ကွဲပြား…ခြားနားပါသည် ။
သို ့သော်…………………………………………………………
ဓါး အမျိုးအစား ဘယ်လောက်ပဲ..များများ…………………
ဓါး ၏ ဂုဏ် သတ္တိ နှင့် ဓါး ၏ သဘော…မှာ.. တစ်ခု ထဲသာ..ဖြစ်ပါသည် ။
ဓါး သည်..ဓါး..ဖြစ်နေ ဖို ့ သာ ..လိုပါသည် ။
ထို ့အတူ………………………..
အနုပညာရပ်တွေ… ဘယ်လောက်ပင် များနေပါစေ…………….
အနုပညာရပ်တွေ… တစ်ခုနှင့်တစ်ခု… ဘယ်လောက် ပဲ…မတူ ကွဲပြား ခြားနားနေပါစေ…..
အနုပညာ ၏ ဂုဏ်သတိ္တ နှင့် အနုပညာ ၏ သဘောာ…( ထပ်ပြောပါမည် အနုပညာ ၏ သဘော ) ကတော့….
တစ်ခု တည်းသာ..ဖြစ်သည် ။
အနုပညာ သည်……
အနုပညာ မြောက်နေဖို ့သာ…..
လိုပါသည် ။ ((( ဓ = ဓါးသွားပေါ်မှာ..လမ်းလျှောက်ခြင်း… ( ဓါး…. အက်ဆေး )
https://myanmargazette.net/151141/arts-humanities …………. မှ……………….. ) ))))
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
( ၂) ပြန်လည် စုစည်းတည်ဆောက်ခြင်း
ဤ အဆင့်သည်..စစ်ပြီးစ..မြေပြင်လိုတော့…. အပျက်အစီး အပဲ ့ အရွဲ ့များဖြင့်
ပြည့်နှက်မနေပါ ။
တိတ်ဆိတ် မှုတော့ အနည်းငယ်..ရှ်ိလာပါသည် ။
ဆူဆူညံညံ ဆွေ ့ဆွေ ့ခုန်နေကြသူများကလည်း…. ဘာများ… ဆက်ဖြစ်လာမှာပါလိမ့် ဆိုသော…. အတွေးများဖြင့်….
စောင့်ကြည့်ကြပြီ ။
တချို ့ကတော့…ဒီ အသစ် .ကြားကြာလည်း.ခံမှာမဟုတ်ပါဘူး….. ဟုူသော..ကိုယ် ထင်ရာ…
နိမိတ် ဖတ်ပြီး… သနားကြည့် နှင့်… မိုက်ကြည့်..ကို ရောမွှေပြီး..ကြည့်နေကြပြီ ။
ကောက်ရိုးမီး..အနုပညာ..ဖြစ်မသွားဖို့ကိုတော့…. အနုပညာ သမားတို ့၏ ဖန်တီးမှု..စွမ်းအား..နှင့် အမှန်တရား….က… အဆုံးအဖြတ် ပေးပါလိမ့်မည် ။
ပြန်လည် စုစည်း တည်ဆောက်ခြင်း…ဆိုရာတွင်….
ပျက်စီးသွားသော…. အပဲ့အရွဲ ့များ. … / သီအိုင်္ရီ အစုတ်အပျက်များ…/ စံနှုန်း အကျိုးအပဲ ့ များ…ကို.. တစ်စ စီ…
လိုက်……ကောက်ပြီး…. ပြန်လည်… တည်ဆောက်ခြင်း..မဟုတ်ပါ ။
လုံးဝ မဟုတ်ပါ ။
ချုပ်ရိုးကြောင်းတွေ… သပ်သပ်ရပ်ရပ် ဖြစ်သွားရုံနဲ ့….. ဝတ်ရုံက သစ်မသွား မှန်း..သိကြ့ပါသည် ။
ပြန်လည် စုစည်းတည်ဆောက်ခြင်း….ဆိုသည်မှာ…. စံနှုန် အသစ်များ…
တန်ဖိုး အသစ်များ……နှင့်…. အနုပညာသစ် ၏ သဘောတရားသစ် ဆိုင်ရာ..အချင်းအရာများကို…..
စုစုစည်းစည်း… ဖြစ်အောင်….. တည်ဆောက် ယူလိုက်ကြခြင်း ကို…ဆိုလိုပါသည် ။
အသစ်ဆိုသော်လည်း….
အခြားအခြားသော…. အသစ်များကို… ဆွဲ..ယူ.စုစည်းလိုက်ခြင်းမဟုတ်သေးပါ ။
ဆိုလိုသည်မှာ..အနုပညာနယ်ပယ် ထဲမှ…..ပင်..စုစည်း..တည်ဆောက်ပါသည် ။
ဥပမာ…. ကဗျာ…။ ကဗျာကို… ပုံသဏ္ဌာန် အသစ်များ./ စံ../ နှုန်း / ဟန်… အသစ်များ… ဖြင့်… ပြန် တည်ဆောက်ဖန်တီး ကြသော်လည်း…
ဘာသာစကားကို.တော့…… ပစ်ပယ်လို ့မရပါ ။
ကာရန် စနစ် နှင့်..ခေတ်ဟောင်းက စံနှုန်းများကို..ဘယ်လိုပြောင်းပြောင်း…… ပြောင်းလဲလို ့ရချင်ရမည် ။
ဘာသာစကားကိုတော့..ပြောင်းလို ့..မရပါ ။
ဘာသာစကားအသစ် ကိုအသုံးပြု ၍ မရေး ပ ါ။ ဝတ္ထုများတွင်လည်း…. ဇာတ်လမ်းနှင့် အကြောင်းအရာ… /
အစီအစဉ်ကျန ညီညွတ်မှု..များကို… စွန့်ချင်..စွန့်မည် ။
ဝါကျ အထားအသိုကိုပင်..ဖောက်လွှဲဖောက်ပြန်..ပြုချင်..ပြုမည် ။ သို ့သော်…ဘာသာစကားကိုတော့……
စွန့်ပစ် ၍ မရပါ ။
ပြန်လည် စုစည်းတည်ဆောက်ခြင်း….သည်……
အသစ် ဖြစ်တည် ရှင်သန်လာဖို ့….
ရှေ ့…ရှုပြီး….
အနည်ထိုင် အသားကျဖို ့..ကြိုးစားတည်ဆောက်ကြခြင်းလည်း..ဖြစ်ပါသည် ။
——————————————-
အဆင့် ( ၃ ) ကို..ဆက်လက် တင်ပြ ပါဦးမည် ။
——————————————-
လေးစားစွာဖြင့်….
အလင်းဆက်
5 . 12 . 2012
alinsett.art@gmail.com
15 comments
•*¨နန်းတော်ရာသူ •*¨
December 5, 2012 at 8:40 pm
အလက်ဆင်းကတော်ပါပေတယ် အစ်မတော့ဒါမျိုးတွေမရေးတတ်ပါဘူး
အလင်းဆက်
December 5, 2012 at 8:44 pm
တော်ပါပေတယ်..ရှိုတာ…
ဂယ်ကြော..တာ….ရား…မမကြီး..
အဟိ အဟိ ခွိခွိ
ပျော်လိုက်တာ …:)
==========
မမနန်း…လည်း..ရသဝတ္ထုလေးတွေ.ရေးတာ..ပြောင်မြောက်ပါတယ်ဗျာ ။
ကျွန်တော်..အမြဲ..စောင့်ဖတ်နေမိပါတယ် ။
Mr. MarGa
December 5, 2012 at 8:54 pm
အနုပညာ ဆိုသည်မှာ
အသစ် အသစ် များ အစဉ်အမြဲ ပေါ်ထွက်နေတတ်သည်
သို့သော်
ထိုအထဲတွင် အဆင့် ၁ သမားများမှာ အနည်းစုသာ ရှိတတ်၏
အဆင့် ၁ သမားများ တဖြည်းဖြည်း အသိအမှတ်ပြုခံရပြီးမှ
အဆင့် ၁ သမားများ အဆင့် ၂ သို့ အဆင့်တက်ပါသည်။
ထို့အတူ အဆင့်၂ ကို တိုက်ရိုက် တက်ရောက်သူများကလဲ ထိုအခါမှ ပေါ်ထွက်လာတတ်ကြသည်။
ဤကား မောင် အလက်ဆင်း၏ ပို့စ် တွင် ပွိုင့်ရအောင် မန့်တတ်သလို မန့်ခြင်း ဖြစ်လေ၏
အဆင့် ၃ အား တင်မှ မန့်မည်
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
အလင်းဆက်
December 5, 2012 at 8:56 pm
ဦးဥင်္ီးမာဃ တို့ကတော့…လုပ်ပြီ ။
ဦးဦးလည်း.15 ကျပ်ရ…တားတားလည်း.2 ကျပ်ရ…
ဆိုတော့… ပျော်စရာကြီးပေါ့နော် ။
🙂
Mr. MarGa
December 6, 2012 at 11:05 am
အေးပေါ့ကွယ်
(လာထား နောက်ထပ် ၁၅ ကျပ်)
Mr. MarGa
December 6, 2012 at 11:09 am
အေးပေါ့ကွယ်
(လာထား နောက်ထပ် ၁၅ ကျပ်)
သဂျီးကတော့ အော်တော့မယ် :kwi:
မဟာရာဇာ အံစာတုံး
December 5, 2012 at 11:36 pm
ကိုလင်းဆက်ရေ …
တကယ်တမ်း ပြောရရင်
ကျနော်က အနုပညာနဲ့ ပတ်သက်လို့
အဲ့လောက်ထိ သိဝူးးးးရယ် .. အဟီးးးး
သို့ဂလိုဂျောင့် …
လောလောဆယ် ဖတ်သွားတယ်ဆိုတာလေး
သံချောင်း ခေါက်ခဲ့ပါတယ်ဗျို့ ….
ဗုံဗုံ
December 6, 2012 at 9:43 am
လိုက်ရတာမောတာ ဦးလေးအလက်ဆင်းရယ်
(ပြန်လည် စုစည်းတည်ဆောက်ခြင်း….သည်……
အသစ် ဖြစ်တည် ရှင်သန်လာဖို ့….
ရှေ ့…ရှုပြီး…
အနည်ထိုင် အသားကျဖို ့..ကြိုးစားတည်ဆောက်ကြခြင်းလည်း..ဖြစ်ပါသည် ။) အဲ့ဒီစာသားလေးကိုကြိုက်လွန်းလို့ ကူးသွားတယ်နော် ဦးလေး
အလင်းဆက်
December 6, 2012 at 6:58 pm
ဦးဦးအံစာ…
လောလေဆယ်..ဖတ်သွားတာကိုက..အနုပညာကို စိတ်ဝင်စားလို့ပေါ့နော် ။
ကျေးဇူးပါပဲ..နော် ။
နောက်တစ်ပိုင်း ကျန်တေးလို ့..ဆက်လက် အားပေးဦးနော်..။
🙂
==================
မိဗုံရေ….
ကူးသွား..ကူးသွား… ။ တစ်ပုဒ်လုံးလည်း..ကူးသွားနိုင်ပါဒယ်ကွယ်…။
နောက်လည်း.လာ…လာ ..ကူးနော် ။
အဟိ ။
စတာ..။
အမှီလိုက်လာလို ့ကျေးဇူးတင်တယ်ကွယ်..။
🙂
မိုး မင်းသား
December 6, 2012 at 7:28 pm
ဦးအလင်းဆက်ရေ……..
ဘာမသိညာမသိ
ဝင်ဖတ်သွားပါ၏………
လေးစားခင်မင်…မြတ်နိုးတွယ်တာ…
ချစ်ခြင်းမေတ္တာဖြင် ့
အလင်းဆက်
December 6, 2012 at 7:50 pm
ဝင်ဖတ်သွားဒါကို..ကျေးဇူးတင်ပါ ၏
ဟိဟိ ။
မောင်ပေ
December 6, 2012 at 9:01 pm
ကိုယ်ဖန်တီးတဲ့ ဟာ
ဘာဖြစ်ဖြစ်
ကိုယ့်ဟာကို ကိုယ် ထုတ်ပြခြင်း သည်
အနုပညာ ဖြစ်ပေတော့လေသည်
ပုန်
မောင်ပေ
ဦးကြောင်ကြီး
December 7, 2012 at 11:18 am
အနုပညာ
ယုကြင်နာ
ပြုစဉ်မှာ
လအုဖင်နာ
ငုသဉ္ဇာ
တုယှဉ်မကွာ
ကပုလင်ရှာ
ခုတင်ပါ..
ကိုပေါက်(မန္တလေး)
December 7, 2012 at 6:41 pm
ခုတင်ပေါ်အိပ်ခြင်းလည်း အနုပညာပါရင် ရသမြောက်၏။
ကပုလင်ရှာခြင်းလည်း တဏှာမပါရင် ချစ်ရာရောက်၏။
တုယှဉ်မကွာသွားခြင်းမှာလဲ စိတ်ကောက်တာမပါ်ရင်ပျင်းစရာကောင်း၏။
ငုသဉ္စာကို ချစ်ရာမှာလဲ ပိုက်ပိုက်မပါရင် အငြင်းခံရလောက်၏။
လအုဖင်နာခြင်းသည် လမ်းကြမ်းကြမ်းတွင် အခံမပါဘဲထိုင်ခြင်းကြောင့်ဖြစ်၏
ပြုစဉ်မှာ အကြောင်းတရားမကောင်းလျင် ခေါင်းးစား ရတတ်၏။
ယုကြင်နာခြင်းမှာ ချစ်ခြင်းကြောင့်ဆိုလျင် အနုပညာမြောက်စေချင်ပါ၏။
အလင်းဆက်
December 7, 2012 at 6:21 pm
မှန်ပါပေ့..လေးလေးပေ..ရေ. ။
———————
ဦးကြောင်…ကဂျာက…လည်း..
ဟိုဒင်းလည်းး ပါတယ်နော် .
🙂