Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

‘ ကွေးကောက်နေသော မျဉ်းဖြောင့်များ ‘

ဓမၼ သုေတသီDecember 11, 20121min78013

မျဉ်းကြောင်းတစ်ချို့သည် ဖြောင့်သလိုလိုဖြင့် ကွေးကောက်၏၊

ကွေးကောက်သလိုလိုဖြင့် ဖြောင့်တန်း၏။

ထိုအတူ – ဘဝသည် ရိုးရှင်းဖြောင့်တန်းသလိုလိုဖြင့် ကွေးကောက်

ရှုပ်ထွေး၏၊ ကွေးကောက်ရှုပ်ထွေးသလိုလိုဖြင့် ရိုးရှင်းဖြောင့်တန်း၏။

ထိုအတူ – လောကသည် ရှင်းလင်းဖြောင့်မတ်သလိုလိုဖြင့် ရှုပ်ထွေးကွေ့ ကောက်၏၊

ရှုပ်ထွေးကွေ့ ကောက်သလိုလိုဖြင့် ရှင်းလင်းဖြောင့်တန်း၏။

ထို့အတူ – လူသည် ရိုးသားဖြောင့်မတ်သလိုလိုဖြင့် လှည့်စားကောက်ကျစ်၏၊

လှည့်စားကောက်ကျစ်သလိုလိုဖြင့် ရိုးသားဖြောင့်မတ်၏။

ထို့အတူ – အယူဝါဒအမြင်ဓမ္မသည် မှန်ကန်ဖြောင့်မတ်သလိုလိုဖြင့်

မှားယွင်းကွေ့ ကောက်၏၊

မှားယွင်းကွေ့ ကောက်သလိုလိုဖြင့် မှန်ကန်ဖြောင့်မတ်၏။

အကြောင်းမှာ…….

ကမ္ဘာသည် လုံးဝန်း၍ ကွေးကောက်နေသော မျဉ်းဖြောင့်များဖြင့်

ရိုးရှင်းရှုပ်ထွေးစွာ ယှက်နွယ်ရစ်ပတ်

ပေါင်းစပ်တည်ဆောက်ထားသောကြောင့် ဖြစ်၏။

ဓမ္မသုတေသီ အရှင်ပညိန္ဒ (15-8-2011)

အတွေးနက်နက် အဖြေခက်တဲ့အမေးများ..စာအုပ်မှ

 

13 comments

  • ဓမ္မ သုတေသီ

    December 11, 2012 at 10:50 am

    မင်္ဂလာပါ မိတ်ဆွေတို့။
    ခုလို ဂေဇက်ရွာသူရွာသားများကို ကိုယ်တိုင်ရေးစာအုပ်မှ စာမူဖြင့်
    ဝင်ရောက်ရေးသားခွင့်ရခြင်းအပေါ် အထူးတလည် ကျေးဇူးတင်ရှိပါကြောင်းနှင့်
    ဖတ်ရှုနိုင်ပြီးသကာလ ဝေဖန်အကြြံ့ပုနိုင်ဖို့ကိုလည်း ဖိတ်ခေါ်မျှော်လင့်ပါကြောင်း….
    (ဓမ္မသုတေသီ အရှင်ပညိန္ဒ)

  • surmi

    December 11, 2012 at 11:14 am

    အရှင်ပညိန္ဒဘုရား……
    ဒီဂဇက်ရွာထဲမှာ ပစ္စုပ္ပန်ကမ္မဝါဒီ ဂိုဏ်းမှ ကိုယ်တော်ကြီးများလည်းရှိပါတယ်
    ထို ့အတူ ထေရဝါဒ သံဃာတော်များလည်း ရှိပါတယ်ဘုရား
    ဒါကြောင် ့ အရှင်ဘုရားဟာ ဘာဝါဒဆိုတာလေး သိခွင် ့ပြုပါဘုရား
    ဒါမှရှေ ့လျှောက် ဆွေးနွေးလု ့ိ အဆင်ပြေနိုင်ပါမယ် ဘုရား …..

    ဦးခိုင်ခင်ဗျာ
    ကျနော် ့ကော့မန် ့ဟာ တစ်စုံတစ်ရာ အကြောင်းမညီညွတ်ပါက
    စိစစ်၍ ဖျက်နိုင်ပါတယ်ခင်ဗျာ
    အက်ဒမင်ရဲ ့ စိစစ်မှုအပေါ်မှာ အထူးပြောဖွယ်မရှိပါခင်ဗျာ

    • kai

      December 11, 2012 at 11:35 am

      မည်သူမဆို.. (စည်းကမ်းဘောင်ထဲမှာ.. ) လွတ်လပ်စွာမေးနိုင်..မေးခွန်းထုတ်နိုင်ပါတယ်ခင်ဗျား..
      ဆိုတော့..
      စာရေးသူဟာ.. ရဟန်းတော်တပါးပါလို့ကြေညာရင်.. ထင်ရှားအမှုပြပါရင်.. (ဘယ်ဘာသာ..ဘယ်ဝါဒဖြစ်ပါစေ) .. ရဟန်းတော်.. ဘုန်းတော်ကြီးတပါးကိုပေးအပ်ရမယ့်.. ထိုက်သင့်တဲ့အပြန်အလှန်လေးစားမှု Respect ထားကြစေလိုပါကြောင်း.. :harr:

  • ဦးကြောင်ကြီး

    December 11, 2012 at 11:43 am

    မှန်ရာ သံတော်ဦး တင်ပါရစေ။ ရွာဦးကျောင်းတွင် ကျောင်းထိုင်မရှိသဖြင့် တပည့်တော် စီမံအုပ်ချုပ်နေရပါသည်။ အရှင်ဘုရား သံဃာအစစ်အမှန်ဖြစ်က ကျောင်းအပ်ရန် ဆန္ဒရှိပါ၏။
    ခေတ္တဆြာတော်ဦးကြောင်ကြီး

  • kyeemite

    December 11, 2012 at 4:02 pm

    အဓိကချပြချင်တာက…ဒီအချက်လို့ထင်ပါတယ်ဘုရား…

    အယူဝါဒအမြင်ဓမ္မသည် မှန်ကန်ဖြောင့်မတ်သလိုလိုဖြင့်
    မှားယွင်းကွေ့ ကောက်၏၊
    မှားယွင်းကွေ့ ကောက်သလိုလိုဖြင့် မှန်ကန်ဖြောင့်မတ်၏။

    ဒီနေရာမှာ တပည့်တော်မေးချင်သည်က..“အယူဝါဒအမြင်ဓမ္မ”ဆိုသည့်
    စကားစု မှာ ယေဘုယျ ကျလွန်းနေပါသည်…
    အယူဝါဒ အမြင်ဓမ္မ အားလုံးကိုဆိုလိုပါသလားဘုရား…
    သို့မဟုတ် မည်သည့် အယူဝါဒအမြင်ဓမ္မ ကိုဆိုလိုရင်းပါလဲ..?????

  • ဓမ္မ သုတေသီ

    December 11, 2012 at 4:39 pm

    ပထမဝန်ခံချင်တာက ပထမအသုံးပြုတဲ့ အကောင့်ဝင်လို့မရတာပါပဲ။
    ဒါကြောင့် ကွန်မင့်ဝင်လို့မရဖြစ်နေလို့ စာပြန်နောက်ကျတာကို တောင်းပန်ရမှာပါ။
    အခုဝင်တဲ့ကွန်မင့်ဟာ အခြေအနေအရ အသစ်ထပ်လုပ်ပြီးဝင်လိုက်ရတဲ့အကောင့်ပါ။
    ပထမပို့သူကလည်း ဦးဇင်းပါပဲ။ ခုဝင်မယ့် ကွန်မင့်ကလည်း ဦးဇင်းပါပဲဆိုတာ
    ကြိုပြီးအသိပေးပါရစေ။

    ပထမဆုံးပြောချင်တာကတော့ ခုလို မေးမြန်းဆွေးနွေးမှုတွေနဲ့ အဟောင်းက အသစ်ကို
    နွေးထွေးစွာ လက်ကမ်းကြိုဆိုတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

    surmi အတွက်—-
    ဘယ်နေရာမှာနေတယ်ဆိုတာထက် ဘယ်လိုနေတယ်ဆိုတာက ပိုအရေးကြီးမယ် ထင်ပါတယ်။
    ဘယ်ဝါဒ (ဘယ်နေရာ) မှာ နေတယ်ဆိုတာထက် ဘာတွေလုပ်နေတယ်ဆိုတာက ပိုအရေးကြီး
    မယ် ထင်ပါတယ်။ အမှန်လို့ထင်တဲ့ အရာအောက်မှာ နေပြီး အမှားတွေလုပ်နေရင်……..
    အမှားလို့ထင်တဲ့ အရာအောက်မှာနေပြီး အမှန်တွေလုပ်နေရင် ဘယ်ဟာက ပိုတန်ဖိုးရှိမလဲ။
    ဦးဇင်းက (buddha)ဘုရားရဲ့ တပည့်ဆိုတော့ ဘုရားရဲ့ တပည့်တွေရဲ့ လုပ်ငန်းစဉ်အတိုင်း
    အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ နေထိုင်နေပါတယ်။

    kai အတွက်…….
    ရဟန်းတစ်ပါး၊ ဘုန်းတော်ကြီးတစ်ပါးလို respect ပြုတဲ့အတွက်
    အထူးဝမ်းမြောက်ပါတယ်။

    ဦးကြောင်ကြီး…အတွက်…….
    အဖေစစ်တယ်၊ မစစ်ဘူးဆိုတာ အမေ၊ ဒါမှမဟုတ် သွေးစစ်ချက်က ပိုသိမှာပါ။
    ရဟန်းသံဃာ စစ်၊ မစစ် ဆိုတာ သိမ်ဝင်ရဟန်းခံပေးတဲ့ သံဃာတွေက ပိုသိပါလိမ့်မယ်။
    ကျောင်းအပ်မယ်ဆိုရင်လည်း လက်ရှိမှာက အင်တာနက်ကို ကောင်းကောင်းမသုံးတတ်ဘူးဆိုတော့
    လက်ခံမယ့်ဆရာတော်သာ ရှာပါလို့ ပြောလိုပါတယ်။

    kyeemite..အတွက်……
    ဒကာကြီး ကိုယ်တိုင်ရဲ့ အမြင်လေးကို သိပါရစေလား။
    ဒကာကြီးရဲ့ အမေးအတွက်တော့ ဦးဇင်းနောက်ထပ်တင်မယ့် စာတွေထဲမှာ ဖတ်မှတ်
    လေ့လာ၊ ရှာတွေ့နိုင်မှာပါ။

    • Mobile

      December 12, 2012 at 1:49 am

      ဦးဉ္ဇင်း ဘုရား အကောင့်အသစ် နှင့်ဝင်သည်ဆိုပါက
      ယခု အရှင်ဘုရား ကွန်မန်းပေးထာရာ၌ ကွန်မန်း အရေအတွက် ပြသမှုမှာ
      2 ဟုပြသထားပါသည်ဘုရား နံပါတ် 1 ကွန်မန်းမှာ မည်သည့်ပို့စ် အတွင်း၌
      ပေးထာခဲ့သည်ကို သိချင်ကြောင်းပါဘုရား . . . . . . . .
      +++++++++++++++++
      ဒါမှမဟုတ်
      အကောင့် အသစ်တစ်ခုဖွင့် ပြီးသုံးလျှင် အရင်အကောင့် အဟောင်းမှ
      အမှတ်များ ကွန်မန်း အရေအတွက် ဖော်ပြချက်များဟာ အရင်အကောင့်
      ဟောင်းမှ ရောက်နေသော အရေအတွက်အတိုင်း ဆက်လက်ဖော်ပြတာလား
      အသစ်မှ ပြန်စတာလားဆိုတာလေး
      သူကြီးက ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ . . . .

  • Mr. MarGa

    December 11, 2012 at 4:56 pm

    မှတ်သားသွားပါတယ်ဘုရား

    • ဓမ္မ သုတေသီ

      December 11, 2012 at 5:03 pm

      အေးချမ်းပါစေ မစ္စတာမာဃ..ရေ……

  • မောင်ပေ

    December 11, 2012 at 6:40 pm

    ဦးဇင်းရေ ဖတ်ရှုမှတ်သားသွားကြောင်းပါ ဘုရား

    • ဓမ္မ သုတေသီ

      December 12, 2012 at 8:35 am

      ဝမ်းမြောက်လှပါတယ် မောင်ပေ…ရေ။

  • မိုး မင်းသား

    December 11, 2012 at 7:22 pm

    လူသည် ရိုးသားဖြောင့်မတ်သလိုလိုဖြင့် လှည့်စားကောက်ကျစ်၏၊

    လှည့်စားကောက်ကျစ်သလိုလိုဖြင့် ရိုးသားဖြောင့်မတ်၏။

    မှန်လိုက်တာ…..ဓမ္မသုတေသီရယ်

  • Mobile

    December 12, 2012 at 1:35 am

    အယူဝါဒအမြင်ဓမ္မသည် မှန်ကန်ဖြောင့်မတ်သလိုလိုဖြင့်
    မှားယွင်းကွေ့ ကောက်၏၊
    မှားယွင်းကွေ့ ကောက်သလိုလိုဖြင့် မှန်ကန်ဖြောင့်မတ်၏။
    အကြောင်းမှာ…….
    ကမ္ဘာသည် လုံးဝန်း၍ ကွေးကောက်နေသော မျဉ်းဖြောင့်များဖြင့်
    ရိုးရှင်းရှုပ်ထွေးစွာ ယှက်နွယ်ရစ်ပတ်
    ပေါင်းစပ်တည်ဆောက်ထားသောကြောင့် ဖြစ်၏။
    လူပိန်းတို့ နားလည်စေရန်
    ရှင်းပြစေလို ကြောင်းပါအရှင်ဘုရား . . . . . . .

Leave a Reply