ခြင်္သေ့တစ်ကောင် ရေးတဲ့ကဗျာ
ညစ်နွမ်းနွမ်း အရောင်တွေနဲ ့တော့
အရောင်ကို အရောင် မဆိုးချင်ပါနဲ ့ ။
တစ်ခါတစ်ရံ ရဲ ့ တစ်ခါတစ်ရံ ကို စောင့်ဆိုင်းရင်း
ရာသီ အလီလီ ခွဲစိတ် ခံ ရ တဲ့ နေ ့မှာ . . . မှ
ငါ. . . . . ပြာလဲ့ အက်ကွဲ
ဟောဒီ လောက ဆီ
ထစ်ချူန်းသံ တစ်ချက် ဟိန်း လိုက်ချင်တယ် ။
ကမ႓႓႓႓႓႓႓္ဘာဦး လူသားတွေ မမြင်အောင်
ပုန်းနေရတဲ့ ခြင်္သေ့. . . .
မကြောက်တတ်ပေမယ့် ကြောက်နေတယ် ။
ထိုးနှက်တတ်တဲ့ လက်တွေနဲ ့
အသည်းခွဲမယ့် ဓါးသွား လက်တွေ
မိုးမချုပ်ခင် အိမ် ပြန်ပြီး
ဓါးသွေး ကြပါ။
ရင်ဘတ်ရဲ ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ
ပုန်းခိုနေတဲ့ ငါ့ရဲ့ ကြယ်စင်ကလေး
မင်း . . . . . ခွဲ ပစ်ဖို ့ ရှာနေလည်း
မတွေ ့မှာက သေချာတယ်။
ငါ့ ရင်ထဲမှာက
အက်ဆစ်ရည် အထပ်ထပ် အစိမ်ခံထားပြီးသား
အနုပညာ လမင်း
မင်း . . . ဓါးကိုတော့ သနားတယ်
မင်း. .ဓါးကိုတော့
သ နား တယ် ။
******************
အလင်းဆက်
20/12/2012
င်း
႓
4 comments
ဦးကြောင်ကြီး
December 20, 2012 at 11:11 am
ခြသေ့င်္
ဆင်တွေ့
မြင်ပေ့
ဝင်ဟ့
ကြင်စွေ့
နင်ထေ့
လင်ခွေ့
ရင်ပြည့်..။
ခိုင်ဇာ
December 20, 2012 at 11:23 am
ကဗျာနဲ့ ကျုပ် နဲ့ က ဝေးသော်လည်း ခြင်္သေ့တစ်ကောင်ရေးတယ်ဆိုလို့ စိတ်ဝင်စားလို့ ဝင် ဖတ်လိုက်တယ်ရယ်။
ဗုံဗုံ
December 20, 2012 at 11:44 am
ဟယ် ခြသေ့င်္ ကြီးက ကဗျာရေးတတ်တယ်တော့
အေးလေ ခြင်္သေ့ကြီးဆိုမှ တော့ ဓါးလောက်တော့ ဘယ်ကြောက်မလဲ ဦးလေးလင်းဆက်ရယ် နော
ဓါးမကြောက်ရင် လေးခွနဲ့ ပစ်မယ် ခြင်္သေ့ကြီးကို ကြောက်လား:harr:
အလင်းဆက်
December 20, 2012 at 12:40 pm
အူးကြောင်ရဲ့
ကဗျာကလည်း ရှယ်ပဲ
ခြင်္သေ့ တင် မက
ဆင် ပါ ပါတယ်
:kwi:
=========
မမခိုင်ဇာ
ဖတ်ရှုခံစားပေးလို့
ကျေးဇူးပါနော်
ခြသေ့င်္ ရေးတဲ့ကဗျာကို
ဖတ်ရှုခံစားသွားတာကိုက
ကဗျာနဲ ့ မဝေးလို့ပေါ့ဂျာ
🙂
===========
မဗုံရေ
လေးခွတော့ အကြောက်သား
ဒါပေမယ့်
မိဗုံ
ညည်း လေးခွ နဲ့ ပစ်ရင်
ကျုပ် မရှောင်ပါဘူး
မရှောင် ရင်
လွတ်မှာလေ
:kwi: