မိဘရှာပေးတဲ့ အိမ်ထောင်ဖက်
ဒီခေတ်ကြီးမှာ မိဘစပ်ပေးလိုု့ယူရတာ အတော်နည်းနေပါပြီ။ မိဘတွေကလည်း ကိုုယ်ရှာပေးလိုုက်တဲ့ အိမ်ထောင်ဖက်က မကောင်းရင် ကိုုယ့်ဘာသာကိုုယ် ယူကြုံးမရဖြစ်မှာ စိုုးလိုု့ မရှာပေးချင်ကြတော့ပါဘူး။ အချိန်တန်အရွယ်ရောက်တဲ့ လူငယ်တွေကြိုက်တာရွေးထားတာ သင့်တော်တယ်ဆိုုရင် ရုုပ်ရှင်ထဲကလိုု အတင်းဆွဲမခွဲတော့ဘူး။ အလုုပ်ထွက်လုုပ်တဲ့ မိန်းကလေးတွေ များလာတဲ့ ဒီခေတ်မှာ လူငယ်တွေကိုုယ်တိုုင်ကလည်း အိမ်မှာထိုုင်ပြီးမိဘရှာပေးမှာစောင့်မနေစရာမလိုုဘဲ သူ့ဘာသာ အလုုပ်မှာကျောင်းမှာ ချိတ်မိစပ်မိနဲ့ ရှာတွေ့သွားကြပါတယ်။ ဒီလိုုနဲ့ မိဘပေးစားလိုု့ယူရတယ်ဆိုုတာ ကျမအဖေအမေတိုု့ခေတ်ကနဲ့စာရင် အတော်နည်းလာပါပြီ။ ခက်တာက ကိုုယ်တိုုင်မရှာ ချင်တဲ့ လူငယ်တွေကျမှပဲ မိဘက မီးထိုုးရတော့တယ်။ ကျောင်းမှာတုုန်းကလည်းမရှာ၊ အလုုပ်မှာလည်းမရှာ၊ မတွေ့ရင်လည်းမယူ၊ မိဘရှာပေးရင်တော့ ယူမယ်ဆိုုတာမျိုးပေါ့။ ကိုုယ်တိုုင်ရှာရတဲ့ risk ကလည်းနည်းတာမှမဟုုတ်တာ။ ကိုုယ်တိုုင်စိတ်ကြိုက် ကောင်းတယ်ထင်လိုု့ရွေးလိုုက်ပြီးမှ မကောင်းရင် မိဘကိုု အပြစ်တင်လိုု့လည်းမရ၊ ကိုုယ့်အပြစ်နဲ့ကိုုယ်မိုု့ ကြိတ်ခံရမှာ။ ဒီလိုုနဲ့ မိဘတွေခေါင်းပေါ် တာဝန်ပြန်ရောက်လာရော။
“လဲ့လဲ့ကိုု ခဏခဏလာစပ်နေကြတယ်တဲ့”
ကျမညီမဝမ်းကွဲက ရန်ကုုန်ကအောင်တဲ့ ဆရာဝန်ပေါက်စ။ မြန်မာပြည်မှာ ဆရာဝန်တွေ အရင်ကရော အခုုရော ဈေးအရမ်းကောင်းပါတယ်။ မိသားစုုထဲမှာ ဆရာဝန်မရှိသူတွေက ဆရာဝန် ချွေးမဆိုု လိုုချင်ကြတယ်။ တကယ် ဆေးကုုကုု မကုုကုု၊ အသက်ကြီးလာတဲ့ မိဘတွေကိုု တချိန်လုုံး မနီးကပ် ကြည့်ရှုတိုုင်ပင်နိုုင်မယ်ပေါ့။ ရာသက်ပန် တကယ်ဂရုုစိုုက်မဲ့ မိသားစုုဆရာဝန် ဖြစ်သွားရော ၊ ဘယ်လောက်ကောင်းလိုုက်သလဲ။ ဆရာဝန်သာဖြစ်လာပြီး ဘာမှမတတ်ရင်တောင် နာမည်ရှေ့ ဒေါက်တာ တပ်ရတာ နဲသလား။ နိုုင်ငံခြားက လူတွေကလည်း မြန်မာပြည်က ဆရာဝန်မဆိုုရင် ပညာတတ်၊ ဂုုဏ်သရေရှိ၊ ဆရာဝန်ဖြစ်ပြီးသားမိုု့ ကျောင်းအစကတက်ဖိုု့မလိုု၊ မြန်မာမိန်းကလေးလဲဖြစ် မိုု့ instant noodle ခေါက်ဆွဲပြုတ်လေး အဆင်သင့်ရလိုုက်သလိုု လိုုချင်ကြတယ်။ မိတ်ဆွေပေါတဲ့ ကျမအဒေါ်က သူ့သမီးကိုု လောလောဆော်ဆော် မပေးစားချင်သော်ငြား နီးစပ်ရာအသိတွေကတဆင့် လာစပ်တဲ့ သူတွေက အများသား။ အခုုတလော ကြားတာများလာတာက “ကောင်လေးက အမေရိကားမှာ အင်ဂျင်နီယာတဲ့” ။ ရန်ကုုန်က စပ်တဲ့လူတွေကိုု ကိုုယ်တိုုင်အကဲခတ် နိုုင်ပေမဲ့ အမေရိကားက ကောင်လေးဆိုုတော့ အဒေါ်က အမေရိကားမှာနေတဲ့ ကျမတိုု့ ညီအမတွေကိုု တီးခေါက်လာတာပေါ့။ ဒီနာမည်ကိုု သိလားပေ့ါ။ မိဘဆိုုတော့ ကိုုယ့်သမီးဆရာဝန်အတွက် ခပ်မြင့်မြင့်လေးရစေချင်မှာပေ့ါ။ ရန်ကုုန်က ဆရာဝန်ဒီဂရီစာရွက်ကိုုင်ထက် အမေရိကားက အင်ဂျင်နီယာဆိုု ပိုုတော်မလား။
စင်္ကာပူမှာရော ၊အမေရိကားမှာရော၊အင်္ဂလန်မှာရော အင်ဂျင်နီယာတွေပေါမှပေါ။ နိုုင်ငံခြားမှာ စာသွားဖတ်တဲ့ လူတိုုင်းလိုုလိုုက အချိန်အကြာကြီးဖတ်ရတဲ့ ဆရာဝန်ထက် အချိန်တိုုတိုုဖတ်၊ မြန်မြန်ဒီဂရီရ၊ ကျောင်းပြီးပြီးချင်း ဘက်ချလာဒီဂရီလေးနဲ့တင် ပိုုက်ပိုုက်များများရတဲ့ အင်ဂျင်နီယာတိုု့ ကွန်ပြူတာမေဂျာတိုု့ကိုု ရွေးကြတာချည်းပဲ။ ယောက်ျာလေးတွေဆိုု အင်ဂျင်နီယာနဲ့ ကွက်တိပဲဆိုုတော့ ပိုုတောင် အဆင်ပြေသေး။ ပြောတော့လွယ်တယ်၊ တကယ်လွယ်လားဆိုုတော့ ကျောင်းမပြီးပဲ အလုုပ်လည်းအတည်တကျမလုုပ်နိုုင်၊ ကျောင်းလည်းဆက်မတက်နိုုင်ဖြစ်နေတဲ့ လူတွေ အမေရိကားမှာ အများကြီး။ ကျောင်းလခဈေးကြီးလိုု့ အလုုပ်ခဏထွက်လုုပ်ပြီး ကျောင်းလခစုုတာက စပြီး ကျောင်းတက်လိုုက် ထွက်လိုုက်နဲ့ နှစ်ပေါင်းများစွာ ကျောင်းမပြီးနိုုင်တဲ့သူတွေအများကြီး။ ကံမကောင်းအကြောင်းမလှလိုု့ ကိုုယ်တိုုင်ကျောင်းလခရှာရတဲ့ ဘဝတွေကိုုလေးစားပါတယ်။ တချို့ကျတော့ မိဘကကျောင်းထားပေးပါလျက် စာမဖတ်ချင်လိုု့ ၊ မဖတ်နိုုင်လိုု့ ကျောင်းတဝက်တပျက်နဲ့ ဓာတ်ဆီဆိုုင်မှာ ၊ စူရှီဆိုုင်မှာ၊ ကားပြင်ဆိုုင်မှာတိုု့၊တက်စီမောင်းတာတိုု့ နှစ်နဲ့ချီလုုပ်နေတာတွေ အများကြီး။ အလုုပ်ဟူသမျှဂုုဏ်ရှိစွမိုု့ ဒီအလုုပ်တွေကိုု ကဲ့ရဲ့တာမဟုုတ်ပါ။ ဒီထက်ပိုုကြီးတဲ့ ခြေလှမ်းလှမ်းနိုုင်ပါလျက်နဲ့ အကြောင်းအမျိုးမျိူးကြောင့် တဝက်တပျက် မှာရပ်နေရတာကိုု နှမြောမိတာ။ ဆိုတော့ “အမေရိကားက အင်ဂျင်နီယာ” ဆိုုရင် ဘယ်လိုု အင်ဂျင်နီယာလဲ။ တက်စီနေ့တိုုင်းမောင်းနေရတဲ့ အင်ဂျင်နီယာလား၊ ဓာတ်ဆီဆိုုင်မှာ Cashier လုုပ်နေတဲ့ အင်ဂျင်နီယာလား၊ Facebook မှာလုုပ်နေတဲ့ အင်ဂျင်နီယာလား၊ Facebook မှာ ပီပီပြင်ပြင်မလုုပ်နိုုင်လိုု့ အလုုပ်ဖြုတ်ခံထားရတဲ့ အင်ဂျင်နီယာလား၊ အင်ဂျင်နီယာနဲ့အောင်ပြီးမှ လက်ကြောမတင်းလိုု့ ဟိုုပြောင်းချင်သလိုုလိုု၊ ဒီပြောင်းချင်သလိုုလိုု၊ မြန်မာပြည်ပြန်ချင်သလိုုလိုု အင်ဂျင်နီယာလား၊ student visa နဲ့လာပြီးမှ ကျောင်းဆက်မတက်တော့လိုု့ immigration status ဟိုုမရောက် ဒီမရောက် အင်ဂျင်နီယာလား။ ဘယ်သူက မကောင်းဘူး၊ ဘယ်သူက ကောင်းတယ် မပြောပါ။ မှန်းချက်နဲ့ နှမ်းထွက်ကိုုက်ရင်ပြီးတာပါဘဲ။ ကိုယ်ရှာပေးလိုုက်တဲ့လူက ကိုုယ်ထင်တဲ့ အရည်အချင်းနဲ့ ဟုုတ်ရဲ့လားဆိုုတာ သေချာ စီစစ်ကြစေချင်တာပါ။ အမေရိကားမှာ ဓာတ်ဆီတွေဆိုုင်ပိုုင်တဲ့ မြန်မာသဌေးတွေ အများကြီးရှိသလိုု ကောင်တာမှာပိုုက်ဆံရှင်းတဲ့ မြန်မာတွေလည်း အများကြီးပါ။
အင်္ဂလန်မှာ လူဝင်မှုကြီးကြပ်ရေးရဲ့ တရားမဖောက်ဖျက်ရုုံလေး ကျောင်းအပြတက်ပြီး ၁ဝနှစ်လောက် အလုုပ်လုုပ်နေကြတဲ့ မြန်မာတွေအများကြီးရှိပါတယ်။ ဒီလိုုအပြတက်ဖိုု့ ကျောင်းလခနည်းနည်းလေးနဲ့ကျောင်းတွေလည်းအများကြီး ရှိပါတယ်။ အဲဒီလိုုတက်နေတဲ့လူတွေက အလုုပ်လာလုုပ်တာကနေ တရားဝင်နေလိုု့ရအောင် ကျောင်းသားဗီဇာ အပြယူထားတာပါ။ ၁ဝနှစ်ပြည့်ရင် PR လိုုနေခွင့်ရမယ်ဆိုုလား၊ ဒါကြောင့် ရသမျှအလုုပ်လုုပ်၊ တရားဘောင်အတွင်းမှာကျောင်းအပြစာရင်းသွင်းထား၊ ကျောင်းဆက်တက်လိုု့ရအောင် စာမေးပွဲ မကျကျအောင် ဖြေပြီး၊ ၁ဝနှစ်ပြည့်အောင် စောင့်နေကြတာအများကြီး။ “ကျမ အသိရဲ့ သားက လန်ဒန်မှာကျောင်းတက်နေတာ” ဆိုုပြီးလာစပ်လိုု့ကတော့ အချက်ပြမီးနီတွေ မီးဝါတွေ တောက်နေသင့်ပြီ။ Ph.D တက်နေသလိုုလိုု ၊ post-doc research လုုပ်နေသလိုုလိုု။ မြန်မာပြည်ကလူတွေကတော့ ပြည်ပမှာ ကျောင်းတက် အလုုပ်လုုပ်နေတယ်ဆိုုရင် အထင်တကြီး အတွေးတွေကိုု အရင်စတွေးလေ့ရှိကြတယ်။
ဒါဖြင့် ပြည်ပမှာ ကောင်းကောင်းကန်းကန်း ယောက်ျားလေးတွေမရှိဘူးလား လိုု့မေးစရာ…။ ရှိတာပေါ့၊ အများကြီး။ ဒါပေမဲ့ ကောင်းတဲ့သူတွေက သူများတွေယူလိုု့ကုုန်လောက်ပြီ။ မြန်မာပြည်မှာပြန်စပ်ရတဲ့ အထိမရောက်တော့ဘူး။ နိုုင်ငံခြားမှာ မြန်မာမိန်းကလေးတွေလည်းရှိတာမမေ့နဲ့လေ။ ပိုုတော်ပိုုကောင်းတဲ့ ကောင်းလေးတွေကလည်း ပိုုတော်ပိုုထက်တဲ့ ကောင်းမလေးတွေနဲ့ ပါသွားပြီးသား။ နိုုင်ငံခြားက မြန်မာမိန်းကလေးတွေထဲမှာ မတွေ့သူတွေကလည်း နိုုင်ငံခြားသားထဲမှာ ရှာယူပြီးသွားပြီ။ ဆိုုတော့ မြန်မာနိုုင်ငံမှာပြန်စပ်ရတဲ့ သူဆိုုတာ ဒီမှာ ရွေးကျန်ဖြစ်သွားလိုု့ပဲ။ ဈေးသည်တွေလိုုပဲ ဒီဈေးမှာရောင်းမကုုန်ရင် ဈေးကွက်အသစ်ရှာပြီး နောက်ဈေးပြောင်းရောင်းရတယ်။ မြန်မာပြည်မှာပြန်စပ်တဲ့ လူတော်လူကောင်းတွေလည်းရှိတာပေါ့။ အလုုပ်မကောင်း အခြေအနေမကောင်းပေမဲ့ စိတ်ကောင်းလူကောင်းတွေလည်း အများကြီး။ မှန်းချက်နဲ့ နှမ်းထွက်ကိုုက်ဖိုု့ပဲ အရေးကြီးတာပါ။
ပြည်တွင်းကလူအချင်းချင်း လူကဲခတ်ရတာ ခက်မှတော့ ပြည်ပကလူတွေကိုု အကဲဖြတ်ရတာ ပိုုခက်မှာပါ။ ချိတ်စပ်ပေးတဲ့ လူတွေကိုု ညာနေတယ်လိုု့ မဆိုုလိုုပါ။ မြန်မာပြည်တွင်းနဲ့ ပြည်ပက ဓလေ့ထုုံးစံတွေ မတူတော့ ဘယ်လိုု လွတ်ကွက်တွေရှိသလဲဆိုုတာ သိဖိုု့ခက်ပါတယ်။ စပ်ပေးတဲ့ လူတွေကြားထဲမှာကိုုပဲ စကားကျန်တာတွေ၊ စကားဖောင်းပွတာတွေနဲ့ အမှန်ပျောက်သွားတတ်တယ်။ သားကိုု နိုုင်ငံခြားပိုု့ထားပြီး ဟိုုမှာ တကယ်ဘာလုုပ်နေလဲ သေသေချာချာ မသိ နားမလည်တဲ့ မိဘတွေလည်း အများကြီးဆိုုတော့ သူတိုု့အပြစ်လည်း မဟုုတ်ပါ။ နိုုင်ငံခြားမှာ အသိရှိတဲ့ သူတွေကတော့ စုုံစမ်းပေးနိုုင်ပေမဲ့ အဆက်အသွယ်မရှိသူတွေကျတော့ နိုုင်ငံခြားနေ ဆိုုတာလေးနဲ့တင် ကောင်းတယ်ထင်ပြီး သူတိုု့သမီးလေးကိုု ပေးစားလိုုက်ပြီးမှ ကိုုယ်ထင်သလိုုမဟုုတ်မှာ စိုုးရိမ်မိတယ်။
ဒီတော့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာပြည်က တော်တော်ထက်ထက် အလားအလာရှိတဲ့ ယောက်ျားလေးတွေထဲကရွေးမလား (ဒီရွာထဲမှာတင်အများကြီး) ၊ နိုုင်ငံခြားက ရွေးကျန်ထဲက ရွေးမလား။ နိုုင်ငံခြားကဆိုုလိုု့ အထင်မကြီးပါနဲ့။ ပြည်တွင်းကလူတွေထက် သာတယ်လိုု့ မယူဆပါနဲ့။ အရည်အသွေးကောင်းကျောက်တွေက ပြည်တွင်းမှာနေနေ ပြည်ပမှာနေနေ တောက်ပြောင်မှာပါ။
p.s: ကျမအဒေါ်လိုုပဲ သားသမီးတွေအတွက် အိမ်ထောင်ဖက်ရှာပေးနေရတဲ့ ရွာသူရွာသားတွေရဲ့ မိဘဆွေမျိုးတွေ သတိချပ်မိအောင် ရေးလိုုက်တာပါ။ ဘယ်သူ့ကိုုမှ ရည်ရွယ်တိုုက်ခိုုက်ခြင်းမဟုုတ်ပါ။
45 comments
မောင်ပေ
January 4, 2013 at 1:31 pm
ကျုပ်တို ့မြန်မာနိုင်ငံမှာတော့ မိဘတွေ ဆွေမျိုးတွေ ရှာပေးစားကြတယ်ဆိုတာ ၊ အရမ်းချမ်းသာတဲ့ လူနည်းစု အသိုင်းအဝိုင်းကြားမှာနဲ ့ စစ်ဗိုလ်တွေကြားမှာပဲ ရှိပါတော့တယ်ဗျား
ဦး ကျောက်ခဲ
January 4, 2013 at 2:01 pm
တူမရေ
အမေဂျီးကားက အင်ဂျင်နီယာယောက်ျားလေးဆိုရင် ဦးကျောက်တို့ခေတ်ထဲက ရန်ကုန်တရုတ်တန်းမှာ ဈေးကွက်တောင်ရှိသကွယ့်။ အဆင်ပြေသွားကြသူများလဲရှိသလို၊ ပေါင်းကြည့်မှ သုံးစားမရလို့ ကွဲကြ ကွာကြတာတွေလဲ တစ်ပုံတပင်ပါ။
ဘယ်အရပ်မှာနေနေ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ ကိုယ်ချင်းလဲချစ်၊ မိဘကလဲ သဘောတူဆိုရင်ဖြင့် အကောင်းဆုံးပေါ့ကွယ်။
ရွေးကျန်ကြီး ဦးကျောက်
သကြားလုုံးကြော်
January 5, 2013 at 8:59 am
ဦးကျောက်က ရွေးကျန်ကြီးဆိုုတော့ ဈေးကွက်မပြောင်းလိုုက်ဘူးလား။ ယူအေအီးကလူတွေဆိုု supply သိပ်မရှိသေးတော့ ဈေးကောင်းလောက်တယ်။
ရွာသား အသစ်စက်စက်လေး
January 6, 2013 at 7:26 am
သကြားလုံးကြော်လို့ခေါ်မလား၊ မချိုမချဉ်ကြော်လို့ခေါ်မလား ကြေးမလောင် ညလေးရေ
ယူအေအီးက လူတွေဈေးကောင်းတယ်ဆိုလို့ ရင်ခုန်သွားတာပဲ… ဒို့ကတော့ ဈေးပေါပါတယ်ကွယ်… ကြိုက်သလောက်ယူ၊ ကျသလောက်ရှင်းပါ..
ညလေးတို့အတွက်ဆို အလကားးးးးးးး
:kwi:
လုံမလေးမွန်မွန်
January 4, 2013 at 2:25 pm
အနော့်ကျတော့ စပ်ဖို့နေနေသာသာ ဖြစ်နိုင်ရင် မယူပါနဲ့လား သမီးရယ်တဲ့…
ခုချိန်အထိတော့ ဟုတ်ကဲ့ လို့ပဲ… ဟဲ..နောက်ကျရင်တော့ မသိဝူးနော်… 🙂
မဟာရာဇာ အံစာတုံး
January 4, 2013 at 5:55 pm
နောက်ခါ အဲ့လိုပေါရင်လေ …
သာမီးမှာ ဂျစ်တူ ချိဒယ်လို့ ပေါလိုက် ..
ယူမှာဘဲလို့ ပေါလိုက် …
ဟောဒီက .. ဘုန်း .. ဘုန်း .. (ရင်ဘတ် ရိုက်ပြသံ)
ကျုပ် တီယောက်လုံး ချိဘာဒယ် ….
++++++++++++++++
မသကြားလုံးကြော်ရေ …….
အကယ်၍များ ကျုပ် မိန်းမ ယူလို့ ……
သမီးလေး မွေးလို့ ……
ဆရာဝန်လေး ဖြစ်လို့ …….
လာစပ်တဲ့လူက ပြည်ပ က ဖြစ်ခဲ့ရင်ဖြင့် ………..
ဂလိုမျိုး ဆင်ခြင်နိုင်ဒါပေါ့လို့ ……… နော့ …. အဟီးးးး
သကြားလုုံးကြော်
January 5, 2013 at 9:07 am
နောင်လာမယ့်သမီးထက် အခုုလောလောဆယ် ….
အံစာတုံးက နိုုင်ငံခြားသွားနေဖြစ်လိုု့ ….
မိန်းမလိုုချင်လိုု့ …..
ဆရာဝန်ချွေးမလေးရှာပေးဖိုု့ မြန်မာပြည်က အမေကိုုပူဆာလိုု့ ….
လာစပ်ခံရတဲ့ ကောင်မလေး က ဂလိူမျိုးတွေ သိထားခဲ့ရင် ဖြင့်….
အံစာတုုံးကိုု ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် နိုုင်ဒါပေါ့လိုု့ … နော့ … အဟီးးး
kai
January 4, 2013 at 3:13 pm
ဟင်း…
စိတ်ရှိလက်ရှိ..ဖေါ်ကောင်လုပ်… ရေးထည့်လိုက်လို့ကတော့.. ယူအက်စ်က.. မြန်မာတွေေ-ာက်ရှက်တွေကွဲကုန်ဦးမယ်..
ငါနော်.. :kwi:
မဟာရာဇာ အံစာတုံး
January 4, 2013 at 5:51 pm
ဘဂျီးးး
ချကားဂို ချင်ချင်ဂျင်ဂျင် ပေါဘာ …
ဟိုမှာ အထက်မှာ ရေးထားတာ မဖတ်ဘူးလား ….
ဘာတဲ့ …..
“အဒေါ်က အမေရိကားမှာနေတဲ့ ကျမတိုု့ ညီအမတွေကိုု”
:kwi:
သကြားလုုံးကြော်
January 5, 2013 at 12:50 pm
တဂျီးလည်းအပါအဝင်နော်။ ဖော်ကောင်လုုပ်ပြီးပြေးလိုု့မရဘူး။
မိုက်ကယ်ဂျော်နီအောင်ပု
January 4, 2013 at 6:44 pm
မိုက်ကယ်ဂျော်နီအောင်ပု
ရှိ
………………………………
ကျုပ်သဘောပြောရရင်တော့ ကိုယ်ယူမယ့်လင်ယောက်ျား
ကိုယ်နဲ့အကြောင်းသိ ပဏာရလို့ယူတာပိုကောင်းမယ်ထင်ပါတယ် ခေတ်တွေလည်းပြောင်းခဲ့ပါဘီ
နိုင်ဂျံဂါးကကောင်တိုင်းတော့အထင်ကြီးလို့မရပါဘူး အားလုံးတော့ဘယ်ဟုတ်မလည်းဗျာ
ကျုပ်လို ရိုသားကြိုးစားစုစောင်းတတ်တဲ့ သူလည်းရှိခြင်ရှိပေမပေါ့
တစ်ခုတော့ရှိတာပေါ့ သူဖါသာနေခြင်တဲ့နေရာနေ လုပ်ခြင်တာလုပ်ပေါ့
ပြည်ပမှာမိဖတွေနဲ့ခွဲပြီးနေတဲ့သူတွေ အထူးသဖြင့်ကျားတွေဆိုရင်တော့
တော်တော်ရိုးတယ်လို့ပြောရင် ယူကိုမနေနဲ့တော့
အဲ့သည်ကောင် ဘယ်လိုမှအသုံးမကျတဲ့ကောင်ဘဲ
တစ်ချို့ကြတော့ရှိပြန်ရော
ပြည်ပမှနေလိုက်တာ ဂျဘိုးနဲ့ကြွက်ခြင်ယင် က အဘခေါ်ရတဲ့ကောင်တွေ
မြန်မာပြည်ပြန်ပြီး ကောင်မလေးတွေနဲ့အိမ်ထောင်ကျ သူ့အိုးသူ့အိမ်သူ့မိသားစုနဲ့ ဟုတ်နေတာဘဲ
ကိုယ့်ကိုတောင်လှန်းခြောက်လိုက်သေးတယ်
ဟရောင် အခန်းထဲမှာတစ်ယောက်ထဲလျှောနေတာဘယ်သူမှမသိဘဲနေလိမ့်မယ်ဒဲ့
ဒါပေမယ့် အမေရိကမှာ စိတ်ကြိုက်မိန်းမရဘို့ခက်တယ်လို့ပြောကြတာဘဲ
ဆယာကြောင်ဂျီး ဆိုအသိဆုံးပေါ့
( ဘာဘဲဖြစ်ဖြစ် ဆိုခြင်တာကတော့ ကျုပ်နှမလေးသာဖြစ်မယ်ဆိုရင် မသိမတွေ့ဘူးတဲ့
ပြည်ပနေသူတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဘို့ရာမှာ
တစ်ဖက်မိသားစုတွေရဲ့ အခြေနေတွေကို သေခြာလေ့လာဘို့ လိုမယ်ထင်ပါတယ် ( ထင်တာ )
သိပ်လည်းမရွေးနဲ့ပေါ့ဟယ် တော်ကြာ ငှက်ပျောပင်ကြီးဖက်နေရဦးမယ်
•*¨နန်းတော်ရာသူ •*¨
January 4, 2013 at 7:00 pm
ညီမသကြားလုံးကြော်ရေ
အစ်မသမီးအရွယ်ရောက်ရင်တော့…သူတကယ်သဘောကျတဲ့လူထဲကပဲ အကျင့်စာရိတ္တ၊ဥစ္စာ၊ပညာ အတန်အသင့်ရှိတဲ့လူမျိုးကိုပဲ ရွေးချယ်မယ်လို့စိတ်ကူးတယ်။
အခုလို လာစပ်တဲ့လူတွေများနေတဲ့ ညီမအဒေါ်အနေနဲ့ဆိုရင်တော့
၃၊၄ယောက်လောက်ကို သမီးနဲ့အရင်ပေးတွေ့ကြည့်တာအကောင်းဆုံးဖြစ်မယ်ထင်တယ်။
မတင်မကျလည်းပြောထားသင့်တာပေါ့ ကျွန်မသမီးသဘောကျမကျကြည့်ပြီးမှ ကျန်တာကျွန်မတို့ဆက်စဉ်းစားမယ်ပေါ့။
ကောင်းလိုက်တာနော် ချွိုက်စ်လုပ်စရာတွေအများကြီးပဲ။
အလင်းဆက်
January 4, 2013 at 8:13 pm
ဒီရွာထဲမှာ အများကြီး..ရှိုတာက..
သားသား..တို့ကိုပါ..ပြောတာပေါ့နော် ။
အဟိ ။
သကြားလုုံးကြော်
January 5, 2013 at 10:05 am
ဟုုတ်ပ့ါ။ မြင်လိုုရာမြင်စေ၊ ကောက်လိုုရာကောက်စေ။
အရီးခင်လတ်
January 4, 2013 at 9:10 pm
အရီး ရဲ့ ဆရာ ပြောဖူးတာလေး။
မိဘ ကတော့ ရှာမပေးဘူး။
မိဘ နဲ့ ပေါင်းရမှာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ပေါင်းရမှာတဲ့။
သူ့ သမီး (ဆရာဝန်) က ကြိုက်ရင် ဆိုက်ကားသမားဘဲ ယူယူ။ သဘောတူမတဲ့။
ဘာလို့လဲ ဆိုတော့။
သူ့သမီးရဲ့ ဘယ်လို သူဟာ သူနဲ့ သင့်တော်တယ်၊ အသိုင်းအဝိုင်း နဲ့ သင့်တော်တယ် ဆိုတဲ့ စဉ်းစားဆင်ခြင် နိုင်စွမ်း ကို ယုံလို့ပါတဲ့။
တကယ်လို့ သူ့သမီးက ဆိုက်ကားသမားကို ယူရင် အဲဒီ ဆိုက်ကားသမားလေး က အနည်းနည်းတော့ တော်ချက် ရှိမှာ အသေအချာဘဲတဲ့။
အခုအထိတော့ ….
အဲဒီ ညီမချောချောလေး က …
အပျိုကြီးဘဲ။
😆
padonmar
January 4, 2013 at 9:23 pm
ဘုရားဘုရား………..ဦးကြောင်ကြီးကိုများရည်ရွယ်လေရော့သလားကွယ်……….
…………….
လဲ့လဲ့နေရာမှာ ကိုယ်ရှိခဲ့တုံးကတော့ အဲဒီလိုစပ်ကြဟပ်ကြတဲ့ လူပွဲစားတွေကိုအင်မတန်မုန်းခဲ့တာ။
ငါ့ကိုရောင်းကုန်များမှတ်နေသလားလို့ ရန်တွေ့ခဲ့တာပေါ့။
ကျမတို့ဆရာဝန်ဖြစ်စခေတ်က အမေရိကားခေတ်မစားသေးဘူး။
ထိုင်ဝမ်သားတို့ ဟောင်ကောင်သားတို့ လူတောင်မမြင်ဖူးပဲနဲ့ လက်ခံတဲ့သူတွေလည်းရှိပါ့။
နောက် ဆယ်နှစ်လောက်မှာ အမေရိကားခေတ်စားလာတယ်။
သူငယ်ချင်းတွေကပြောတယ်။အမေရိကားမှာလာနေပါကွာတဲ့။ Combo ရအောင်လုပ်ပေးကြမယ်တဲ့။
Combo ဆိုတာ USMLE ခေါ်တဲ့ အမေရိကားက ဆရာဝန်စာမေးပွဲလည်းအောင်၊DV ခေါ်တဲ့ US ဝင်ခွင့်ထီလည်းပေါက်၊ US ကလူနဲ့ အိမ်ထောင်လည်းကျ ပါတဲ့။
စာမေးပွဲ ခက်ခက်ခဲခဲလည်းဖြေပြီး၊DV လည်းရမှတော့ ကိုယ့် အစွမ်းနဲ့ကိုယ်ပဲနေမှာပေါ့။
ကိုယ့်အစွမ်းအစနဲ့ ကိုယ်ကျတော့လည်း ဘေးနားကလူတွေ ကိုယ့်လောက် တစ်ယောက်မှတော်တယ်မထင်ဘူး။
အဲသလိုနဲ့ အပျိုကြီး အဖွား၊အပျိုကြီးအဒေါ်၊အပျိုကြီးအမ၊အပျိုကြီးညီမ၊အပျိုကြီးတူမ (အကိုဝမ်းကွဲကမွေးတဲ့ တူမတွေဆို ၃ဝကျော်ပြီ)တွေနဲ့ မျိုးရိုးစဉ်လာထိန်သိမ်းပြီး သူ့ကျွန်မခံပြီပဲ။
ဟုတ်တယ်လေ။
ခုထိလည်း အပျိုကြီးဖြစ်တာကို ဂုဏ်ယူလျက်ပဲ။
အဲတော့ လဲ့လဲ့ကို နှလုံးသားမပါပဲတော့ ခေါင်းမငြိမ့်ပါနဲ့လို။(သဂျီး မဖတ်မိပါစေနဲ့)
့
ဦးဦးပါလေရာ
January 5, 2013 at 7:06 am
အဲသလို ပွဲစားနဲ့ အလဲအထပ်အလုပ်ကောင်းလို့ ကျုပ်ဆွေမျိုးတွေထဲမှာရော ကျုပ်မိတ်ဆွေတွေထဲမှာရော အဆင်မပြေ အစပ်မတည့် ကွဲပြဲကုန်တာ- မကွဲနိုင်လို့ ဒုက္ခခါးစည်းခံနေတာတွေ အများကြီး….
တကယ်တော့ လင်မယားမဖြစ်ခင် သူငယ်ချင်းအရင်ဖြစ်နှင့်သင့်တယ်…
ဆိုလိုတာက တယောက်အကြောင်းတယောက် ထဲထဲဝင်ဝင် သိထားကြသင့်တယ်….
အဲသလို သိထားပြီးပြီထင်လို့ ယူကြရင်တောင် အိမ်ထောင်ကျပြီးမှ အင်ထုထားတာတွေတဖြေးဖြေးပေါ်လာလို့ ညှိယူကြရတာ နားလည်မှု့ပေးကြရတာတွေ အများကြီးကျန်သေးတယ်…….
အဲဒါ ငွေရှိတာမက်ပြီးလိုက်စပ်လို့တော့ ကိုယ့်သမီး ငွေဝယ်ကျွန်ဖြစ်မယ်….
ဂုဏ်ရှိတာမက်ပြီးလိုက်စပ်လို့တော့ ကိုယ့်သမီး ဂုဏ်ဝယ်ကျွန်ဖြစ်မယ်….
အိမ်ထောင်ရဲ့ ဘဝရဲ့ အရှင်သခင်တော့ဖြစ်လိမ့်မယ်မဟုတ် ဆိုတာကို
မှတ်ချက်ပြုလိုကြောင်း……….
သကြားလုုံးကြော်
January 5, 2013 at 1:13 pm
ဦးဦးပါ၊ “အိမ်ထောင်ရဲ့ ဘဝရဲ့ အရှင်သခင်” ဖြစ်မှာ သေချာလိုု့လား။ အချစ်ရှိတာမက်ရင် အချစ်ဝယ်ကျွန်ဖြစ်နေဦးမယ်။ အန်တီပဒုုံမာပြောသလိုု “သူ့ကျွန်မခံပြီပဲ” ဖြစ်ဖိုု့ဆိုု အပျိုကြီးလုုပ်ကြပါ။
ခင်ခ
January 5, 2013 at 10:31 am
မိဘကရှာပြီးပေးစားတာတော့ အခုအတော်နည်းနေပြီထင်တာဘဲ။
အခုခေတာ် အတော်များများတော့ ကိုယ့်ဖာသာရှာဖို့ တိုက်တောင် မတွန်းရလောက်အောင်ဘဲ သွက်လက်နေကြပြီထင့်ပ။
ဦးကြောင်ကြီး
January 5, 2013 at 10:41 am
မိဘပေးစားလို့ယူတာ တရုတ်ထဲမှာ ပိုများတယ်ထင်တယ်၊ သူတို့ ငယ်စဉ်မှာသာ အခြားတဦးဦးနဲ့ ရည်းစားဖြစ်ချင်ဖြစ်မယ် အိမ်ထောင်ပြုရင်တော့ လူဂျီးပေးစားတာ ယူတာပဲ။ အိမ်ထောင်ရေး ခိုင်မြဲတာလည်း များတယ်။ အခြားမကြည့်နဲ့ ကြေးမုံဂျီးဆိုရင် ဦးကြောင်ကို တချိန်က ခြစ်လှပါချည်ရဲ့နဲ့ ယောက်ျားလည်းယူရော တရုတ်ပြည်က ကြောင်သားကင် စားသောက်ပိုင်ရှင်နောက် ပါသွားတယ်။ ေဩာ် ကြေးမုံဂျီး ကြေးမုံဂျီး ခြစ်သူဘဝတုံးကလည်း ဦးကြောင် အသွေးအသားကိုယူတယ်၊ အခုကြတော့လည်း အသက်ပါ လိုချင်နေပြန်ပြီရော..
မိန်းမဆိုဒါ ဆောင်းလေပမာညီ တောင်းလေစွာပလီ ဗောင်းရွှေခွာသည်….. 😥
သကြားလုုံးကြော်
January 5, 2013 at 1:03 pm
ဒါတော့ ဟုုတ်သလိုုပဲ။ မိဘရှာပေးစားတာနည်းလာပြီ ဆိုုတာတောင် ဟိုုတလောကတင် သူငယ်ချင်းတရုုတ်မလေးကိုု အိမ်ကခွဲပြီး သူတိုု့သဘောတူတဲ့တခြားတစ်ယောက်နဲ့ ပေးစားလိုုက်တယ်တဲ့။ ဒါတောင်သူ့ရည်းစားက ဆေးကျောင်းအတူတူတက်လာကြတဲ့ ဆရာဝန်တွေ။ နှစ်ယောက်သား ငိုုချင်းချရတာ သူငယ်ချင်းတွေထဲမှာပြောမဆုုံးဘူး။ တရုုတ်မဟုုတ်လိုု့ဆိုုလား၊ လုုပ်ငန်းပိုုင်ရှင်မဟုုတ်လိုု့ဆိုုလားပဲ။ ခေတ်ဘယ်လောက်ပြောင်းလာလာ သဘောမတူတဲ့သူတွေက မတူဘူးပဲ။
နွေဦး
January 5, 2013 at 11:56 am
အိမ်ထောင်သားမွေးကိစ္စက အတော်ခက်ပါတယ် ။ရှေးစကားလဲဒီလိုပြောထားလေရဲ့…
ဃရာဝါသ၊သမ္ဗဓဟု
ကိစ္စများမြောင်၊လူတို့ဘောင်၌
အိမ်ထောင်သက်မွေး ၊ခြနှယ်မြှေးသား
လူရေးကျယ်စွာ၊အဖြာဖြာကို
လိမ္မာအတတ်၊ချားရဟတ်သို့
လည်ပတ်ပြီးမှ၊ကြံတွက်ဆ၍
လုံ့လပင်စည်၊ အရင်းတည်က
ခက်ရှည်ပညာ၊ ချမ်းသာအသီး
ကြီးစရွေ့ရွေ့၊ အ ဓလေ့ဖြင့်
မမေ့မကျန်၊ လူမှုပွန်လျှက်
စောင်မန်မဲ့ဆုံး၊ တော်ဖြောင့်သုံး၍
နှလုံးသန့်စင် ၊ကြည်စေမင်း။
ခင်မင်လျှက်
နွေဦး ။
မောင့်ကျက်သရေ ဂီ့
January 5, 2013 at 2:58 pm
သင်ချာကြီးကို တော်ပါပီဗျာ. ဝါဆိုမျှစ်စို့ ကလေးကိုပဲ ယူပါတော့မယ်. ကွီ
:harr:
ဒက်ဂလောက်. ဒက်ဂလောက်
ကိုရင်စည်သူ
January 5, 2013 at 6:44 pm
ဝုတ်ဒယ်.. နိုင်ငံဂျားဆိုတိုင်း အထင်မကြီးဂျာဘာနဲ့.. သင်္ဘောသားတိုင်းလည်း..
ငွေပေါတဲ့ လူပွေဒွေမမှတ်ဂျပါနဲ့..။ အူးစည်လို.. ယူနီဖောင်းဂျီးဝတ်ပြီး ရေဒီယို
တစ်လုံးနဲ့ ဘိုလိုအော်ပြီး ထမင်းငတ်၊အကြွေးတက်နေတဲ့ ပွတ်လေ ပွတ် အရောင်တက်တဲ့
ကျောက်ကောင်းသင်္ဘောသားလေးမျိုးရှိကြောင်း..
ရှေ့ အလားအလာမှာ.. အတူတကွ.. တောထွက်ပြီး ပါလမီဖြည့်ချင်ရင်တော့…
သင်္ဘောသီးကတော်ဘွဲ့ယူချင်ရင်တော့… တန်းစီဂျာစေလိုပါဒယ်ဂျာ.. 😳
ဒတ်ဂလောက်.. ဒတ်ဂလောက်..
uncle gyi
January 5, 2013 at 10:10 pm
လုံးလုံးရေ
အိမ်ထောင်ရေးဆိုရင်လူကြီးတွေကပြောကြတယ်အိမ်ထောင်ကံတဲ့
လုံးလုံးတို့လူငယ်တွေလက်ခံမခံတော့မသိ
အန်ကယ့်အတွေ့အကြုံအရလက်ခံရမယ်
လူကြီးတွေကကိုယ့်သမီးကောင်းစားပါစေတော့ဆိုပြီးနိုင်ငံခြားကဘာဘွဲ့ညာဘွဲ့ရဆိုပြီး
အထင်ကြီးပေးစားနောက်တော့မှမဟန်တာတွေလည်းတွေ့ဖူူးပြီ
ကိုယ့်သမီးကိုယ်ပေးစားရမယ့်လူမို့ပေးစားလိုက်တယ်ကောင်လေးကဖိုးသမား
ဟောမိန်းမလည်းရသွားရောဖိုးပြတ်ပြီးကောင်းကောင်းမွန်မွန်နဲ့မိန်းမလုပ်ကျွေးနေတာလည်းကိုယ်တွေ့
လူကြီးတွေပေးစားတဲ့သူဌေးသားမယူပဲကိုယ်ချစ်ရှာဒုက္ခတွေ့သူလည်းတွေ့ဖူးရဲ့
ကိုယ်ချစ်ရှာပြီးတူနှစ်ကိုယ်ကြိုးစားလိုက်ကြတာအခြေနဲ့အနေနဲ့ဖြစ်သွားသူလည်းတွေ့ဖူးရဲ့
အဲတော့ကံယုံပြီးဆူးပုံမနင်းဖို့တော့လိုတယ်နော်
ရသမျှတော့လေ့လာစစ်တမ်းထုတ်ဖ်ို့တော့လိုတယ်နော်
သကြားလုုံးကြော်
January 6, 2013 at 12:55 pm
လုုံးလုုံးဆိုုလိုု့ ဘယ်သူ့ ကွန်မန့်ကိုုများ ရီပလိုုင်းလုုပ်သလဲလိုု့၊ ကိုုယ့်နာမည်ဖြစ်နေတာကိုုး။ ဟီဟီ…
အိမ်ထောင်ရေးကံဆိုုတာကိုု ယုုံတယ် အန်ကယ်ကြီးရေ။ ဘယ်လောက်စီစဉ် စဉ်းစားပါစေ အခြေအနေကောင်းတဲ့ မိသားစုုကောင်းကောင်းလက်ထဲရောက်သွားပြီး လင်ကောင်းသားကောင်းတွေရတာလျက်၊ ကိုုယ်ကလည်းချစ်ပါလျက် အကြောင်းအမျိုးမျိုးကြောင့် မပျော်နိုုင်လောက်အောင်ဆိုုးတဲ့ အိမ်ထောင်တွေကတော့ ကံကိုုပဲပုုံချရမှာပဲ။ လူအကြောင်းပေါင်းကြည့်မှ သိတာ မှလား။ ပြီးတော့ အိမ်ထောင်ပြုတာ နှစ်ယောက်သားပေါင်းရုုံမက မိသားစုုလိုုက်ပေါင်းရတယ်ဆိုုတော့ လူကုုန်လူခန်း ကြိုကြည့်လိုု့က အကုုန်မှမမြင်နိုုင်ပဲ။
မောင်ထက်ကြီး(မုံရွာ)
January 6, 2013 at 4:00 pm
မှန်ချက်နဲ.နှမ်းထွက်ကိုက်ပါ စေဗျာ…
Foreign Resident
January 6, 2013 at 5:16 pm
သကြားလုုံးကြော် တို့ US ဘက်တော့ မသိဘူး ၊
အဘတို့ ဩဇီက ဗမာ အဖိုးကြီး အဖွားကြီးတွေ ၊
မြန်မာပြည် ပြန်ပြီး ယောက်ျား မိန်းမ ငယ်ငယ်တွေ ရှာယူကြတာ ခေတ်စားနေတယ် ။
သိပ်မကြာခင် တစ်လ နှစ်လ လောက်ကပဲ အဘတို့ ဆစ်ဒနီက ၊
အသက် ၅ဝ ကျော် ဗမာ အဖွားကြီးတစ်ယောက် ၊
မြန်မာပြည် ပြန်ပြီး စတုထ္ထမြောက် ယောက်ျား ငယ်ငယ်လေး နှင့် လက်ထပ်ခဲ့ ပြန်ပြီ ။
အဲဒီ အဖွားကြီးမှာ ပိုက်ဆံလဲ သိပ်ရှိလှတာ မဟုတ် ၊
အဲဒီ ယောက်ျား ငယ်က ၂ နှစ်လောက်ပေါင်းပြီး ၊
PR ရရင် ခြေစုံကန်ထွက်သွားရင် အဖွားကြီး ရင်ကွဲကျန်ခဲ့အုံးမယ် ။
သကြားလုုံးကြော် တို့ဖက်မှာကော ဘယ်လိုနေလဲ ။
သကြားလုုံးကြော်
January 7, 2013 at 1:56 pm
ဗမာတွေထဲမှာ ကျမတော့ ဒါမျိုးမတွေ့မိသေးဘူး။ တရုုတ်တွေထဲမှာတော့ ခဏခဏတွေ့တယ်။ ငယ်တုုန်း အလုုပ်ကုုန်းရုုန်းလုုပ်ပြီး အသက် ၄၀-၄၅ ကျော်မှ လူပျိုကြီးဘဝ မနေချင်တော့လိုု့ တရုုတ်ပြည်က မိန်းမငယ်ငယ် ၂ဝကျော်လေးတွေ သွားယူတာလေ။ ယောင်္ကျားလေး အချိုးနဲ့ယှဉ်ရင် မိန်းကလေးဦးရေ မမျှတအောင် နည်းလွန်းတဲ့ တရုုတ်ပြည်မှာဆိုု ပြည်တွင်းမှာတင် ရွေးစရာကောင်းကောင်းတွေ အများကြီးရှိလောက်ပါရဲ့နဲ့ ပြည်ပက အသက်ကြီးကြီးကိုု ယူတယ်ဆိုုတော့ ပြည်ပကလူတွေ မမက်ပါနဲ့လိုု့ ပြောရမှာ ခပ်ခက်ခက်ပဲ …..
မောင့်ကျက်သရေ ဂီ့
January 7, 2013 at 2:00 pm
တိန်….
သများတို့ မားကတ်ကို ဒုတ်နဲ့ မထိုးပါနဲ့ ကွယ်…
ပြည်တွင်းက ညီမလေးဒို့ရေ …
ဟောသည့် က မချိုမချဉ်ကြော်ကြီး ရေးတဲ့ စကားတွေမှာ
နားယောင်ကုန်မှာ စိုးတယ်.. စိုးမိတယ် ..စိုးရိမ်မိတော့တယ်…
:byae:
Foreign Resident
January 7, 2013 at 3:02 pm
တစ်ခါမှ မယူဘူးတဲ့သူတွေ ငွေကြေးပြည့်စုံအောင် ၊
အရင် စုဆောင်းပြီးမှ ယူတာကို အပြစ် မပြောပါဘူးကွယ် ။
အဘ က အားတောင်ပေးသေးတယ် ၊ ဒါ တရုတ် ထုံးစံပဲလေ ။
အဘ လည်း ၊ နဲနဲ စုဆောင်းမိမှ ၊ ကပ္ပတိန် ဖြစ်ပြီးမှ ၊ ၃၈ လောက်မှ ယူတာပါပဲ ။
အခုဟာက အိမ်ထောင် ခဏ ခဏ ပြု ၊
ကိုယ့်ရဲ့ ဩဇီ နိုင်ငံသား ဖြစ်မှုကို အားသာမှု အနေနှင့် ဆွဲဆောင်ပြီး ၊
မြန်မာနိုင်ငံက အငယ်လေးတွေ ပြန်ယူကြတာ ထုံးစံလို ဖြစ်နေတာကို ပြောတာပါ ။
အငယ်လေးတွေ ပြန်ယူကြတဲ့သူတွေကို အပြစ် မပြောပါဘူး ။
သူ့ စိတ်ချမ်းသာမှု နှင့် သူ ။ သူ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ပါပဲ ။
ဒါပေမယ့် ၊ ဒီဖက်မှာတော့ အဖိုးကြီး / အဖွားကြီး တွေ ခုနှစ်ပိုင်း ၊
တော်တော် လုပ်လာကြတာကို တွေ့ရလို့ ၊ Popular Culture လို ဖြစ်နေလို့ ၊
ဟိုဖက်မှာကော ဘယ်လိုလဲလို့ လှမ်းမေးတာပါ ။
ဟဲ ဟဲ ၊ အဘ လည်း အဖိုးကြီး ဖြစ်လာပြီလေ ။
Foreign Resident
January 6, 2013 at 5:20 pm
သူကြီးတို့ US မှာနေတဲ့သူတွေ ကံကောင်းချက်ကတော့ ။
US မှာ Chivas Regal 750 ml ကိုမှ US$ 23 = A$ 22 ပဲကျတယ် ။
ဩဇီမှာ Chivas Regal 700 ml ကို A$ 44 ကျတယ် ။
ကုန်ဈေးနှုန်းက နှစ်ဆ တိတိ ကွာနေတယ် ။
သကြားလုုံးကြော်
January 7, 2013 at 1:44 pm
အဘဖောအတွက် ကံမဆိုုးပါဘူး။ အရက်မသောက်တဲ့ အဘဖော က စကော့ရှ် ဈေးကိုုယှဉ်ရတယ်လိုု့။ သံလွင်ဆီဈေးလေး ယှဉ်ကြည့်တာမဟုုတ်ဘူး။ ဩဇီမှာများပိုုပေါသလားမသိဘူး။
Foreign Resident
January 7, 2013 at 2:48 pm
ဩဇီက စာရေးဆရာ တစ်ယောက် ပြီးခဲ့တဲ့လက ၊
US သွားလည်တယ်လေ ။ သူ ပြောပြတာ ။
သူဆို US က မပြန်မချင်း တန်တယ် ၊ တန်တယ် ဆိုပြီး အမုန်းဆွဲခဲ့တာလေ ။
ခပ်မိုက်မိုက် ကောင်မလေး
January 6, 2013 at 7:47 pm
ဟယ်……..ဒါလေးတော့သေချာမှတ်ထားလိုက်ပြီးနော်..။
နိုင်ငံခြာမှာနေတိုင်အထင်မကြီးရဘူးဆိုတာအဓိပ္ပါယ်ရှိပါတယ်….။
ရွေးကျန်ဖြစ်ဖို့က 99% လောက်သေချာတယ်လေ…..။
မိုက်လေး ကတော့ပြည်တွင်းဖြစ်ပဲအားပေးမှာ……..ေိေိ
မင်းနန္ဓာ
January 6, 2013 at 7:56 pm
Made in D-tin..
တားတားက ညမာပြည်ဖြစ် အစစ်.. ခစ် ခစ်
MaMa
January 8, 2013 at 10:44 am
နောက်မှာ နောက်မှာ …
ရှင်မွေးလွန်း လိုက်တာတယ်။ :kwi:
P chogyi
January 7, 2013 at 8:37 am
မိဘကစပ်ပြီးပေးစားတာ
ကုလားလူမျိုးတွေမှာ တွင်ကျယ်နေတုန်းပါ။
mamanoyar
January 7, 2013 at 10:38 am
မြန်မာပြည်က တော်တော်ထက်ထက် အလားအလာရှိတဲ့ ယောက်ျားလေးတွေထဲကရွေးမလား (ဒီရွာထဲမှာတင်အများကြီး) ၊ နိုုင်ငံခြားက ရွေးကျန်ထဲက ရွေးမလား။ဆိုရင်တော့
အို …………….. နိုင်ငံခြားက ရွှေးကျန်ထဲက ဘာလို့ရွှေးရမှာလား
ရွှေးပါဘူးတော်……………….
ဒီရွာထဲမှာ တော်တော်ထက်ထက်တွေရှိဒယ်ဆိုတော့
လှည့်ရှာဦးမှပဲ 😛
သကြားလုုံးကြော်
January 7, 2013 at 1:40 pm
ဒီလောက်ဆိုု ရွာထဲက ကိုုလူပျိုတွေဆီက ကြေငြာဝင်ပေးခ ကောက်သင့်ပြီထင်တယ်။
Mr. MarGa
January 7, 2013 at 1:52 pm
အင်း
ဦးမာဃလဲ မြန်မာပြည်သားပါ လို့
အဲဒါလေး
အဟဲ
kai
January 7, 2013 at 3:27 pm
မြန်မာတွေမှာ. အိမ်ထောင်ဖက်ကို.. ရှာစပ်ပေးတဲ့ …ပွဲစားရှိပါတယ်..
ဓါတ်ပုံအယ်လ်ဘမ်နဲ့ကို.. ရှိတယ်…ကြားဖူးတယ်..။
မိဘတွေက. လိုချင်တဲ့.. အချက်အလက်ကို.. .ပွဲစားမှာထားလိုက်ယုံပါပဲ…
ဆိုတော့…
ယူအက်စ်က.. တချို့စစ်ဒဇင်တွေ.. မြန်မာပြည်ကိုယ်တိုင်ဆင်းရှာတာလည်း..ရှိပါတယ်..
နောက်ပိုင်း.. မြန်မာပြည်သွားရဖို့..ဗီဇာလွယ်လာတော့.. ကိုယ်တိုင်ဆင်းနေသူတွေများလာတယ်.. ထင်မိတယ်..
အပြန်မှာ.. ဖိယောင်းဆေးဗီဇာနဲ့.ခေါ်လာတယ်ရယ်… လက်ထပ်ပြီးမှသံရုံးဝင်..ဗီဇာယူလာတာမျိုး.. ၂မျိုးတွေ့ရတယ်..
ကောင်းတာက..ဖိယောင်းဆေးဗီဇာနဲ့သံရုံးလက်ဆွဲဝင်.. အတူလေယဉ်တက်စီးလာ.. ယူအက်စ်ရောက်မှ.. လက်ထပ်တာပါ..
ယူအက်စ်မှာ.. အင်တာဗျူးဝင်ရင်..အစိမ်းကဒ်ပိုမြန်မြန်ရလွယ်ပါတယ်..။
လက်ထပ်ပြီးမှ.. မြန်မာပြည်မှာအင်တာဗျူးဝင်..ပြီးမှဗီဇာလျှောက်ဝင်လာရင်..တခါတလေ..ဘာမှန်းမသိ… ကြန့်ကြာနေတာရှိတတ်သလို.. သံရုံးဝင်တာမှာလည်း.. စာရွက်စာတမ်း…အခွန်..စတာတွေတော်တော်တင်ယူရပြီး…အချိန်ပိုကြာပါကြောင်း… :kwi:
PEACEMAKER
January 7, 2013 at 8:03 pm
ဟုတ်တယ် သူကြီး။ ကျမအသိတစ်ယောက် ယူအက်စ်ကတစ်ယောက်နဲ့လက်ထပ်ပြီးတာ တစ်နှစ်ခွဲလောက်တောင်ရှိပြီ ခုထိသူ့အိမ်ထောင်ဖက်နောက် မလိုက်နိုင်သေးဘူး။ အရင်အိမ်ထောင်နဲ့ပါလာတဲ့ကလေးကိုပါ ခေါ်ဖို့ဆိုရင် ပိုခက်မယ်ထင်တယ်နော်။
kai
January 8, 2013 at 6:42 am
အရင်အိမ်ထောင်နဲ့ကလေးရှိရင်.. ဖိယောင်းဆေးဗီဇာနဲ့..ကလေးနဲ့..ဘာမှမဆိုင်ဘူးပေါ့..
အဲဒါဆိုမြန်မာပြည်ထဲမှာလက်ထပ်ပြီး.. သံရုံးမှာတွဲတင်ရမယ်ထင်တယ်..
ကလေးအသက်၂ဝအောက်ဆို..ရမှာပါ..
၂ဝအထက်ဆိုရင်တော့.. မိဘရင်း..စစ်ဒဇင်ဖြစ်ပြီးမှပဲ..လှမ်းချိပ်လျှောက်ရလိမ့်မယ်ထင်တယ်..။
တန်းစီပေတော့..ပါပေါ့..။
တကယ်တော့..
နိုင်ဂျံဂါးက.. အိမ်ထောင်ဖက်လှမ်းရှာကြ..ယူကြတာက..ဗီဇာကိစ္စတခုထဲတင်မဟုတ်..
လူမှုရေး.. ဘာညာတွေနဲ့. မို့.. .တော်တော့ကို..ရုံးကန်ရလိမ့်မယ်..။ :harr:
ဦးကြောင်ကြီး
January 8, 2013 at 10:07 am
တားတားဂဒေါ့ ချားခြင်ရင် ဝယ်ခြားပစ်ရိုက်တာဗဲ…..ရှလွတ် :kwi: