မတူညီသော စည်းချက်များ

Mon LayJanuary 12, 20131min2046

၁။

             နိုင်ငံခြားမှာ အလုပ်လုပ်နေသော ယောက်ျားဆီမှ မနေ့   ကပို်က့်ဆံလက်ခံရရှိခဲ့သည်။ ထို့ကြောင့် သည်ကနေ့   ကျွန်မမြဝတီဘဏ်

မှာပို်က်ဆံထည့်မည်ဆိုပြီး ထွက်လာလိုက်သည။် မြဝတီဘဏ်ကလည်း သည်နေ့  လူအတော်ရှင်းနေသည်မို့   ပိုက်ဆံထည့်ပြီးသည်နှင့် ကျွန်မအပြင်ကို ထွက်လာလိုက်သည်။

ဟား..ပြောင်းဖူးပြုတ်နံ့လေးက မွှေးလိုက်တာ။ အရှေ့ကပြောင်းဖူးသည် ဆီကထင်ပါရဲ့။ ပြောင်းဖူးသည် အဒေါ်ကြီးကမြေကြီးပေါ်

မှာ ဆောင့်ကြောင့်ထိုင်နေပြီး ပြောင်းဖူးနံ့လေးသင်းအောင်၊ ယင်လည်း အနားမကပ်ရအောင် ပုခုံးမှာတင်ထားတဲ့ တဘက်နွမ်းလေးနှင့် ခါ

ယမ်းနေရင်း ဝယ်သူအလာကို စောင့်နေရှာသည်။

ပြောင်းဖူးသည်အဒေါ်ရဲ့ဆံပင်ဖြူအချို့က လေထဲမှာ ဖွာလန်ကျဲနေသည်။ အကျႌနှင့်ထဘီကလည်း အရောင်အဆင်းရယ်လို့   တိတိကျကျအပြောရခက်အောင်ပင် ညစ်ထေးထေးဖြစ်နေပေပြီ။ နေပူစပ်ခါးထွက်ခဲ့ရလွန်းသည့် အသားသည် ဘယ်တော့မှပြန်မစို၊ပြန်မဝင်း

လောက်အောင် ခြောက်သွေ့ခဲ့ပြီထင်ပါရဲ့။

ပြောင်းဖူးနံ့လေးကလည်းမွှေးဆိုတော့…..

`ပြောင်းဖူး..ဘယ်လိုရောင်းလဲ´

`တစ်ဖူး…နှစ်ရာ၊သုံးဖူး..ငါးရာနဲ့ပဲယူသွားပါ´

`သုံးဖူးပေးပါ၊ ကောင်းတာလေးရွေးထည့်ပေးနော်´

`စိတ်ချပါသမီးရယ်´လို့ပြောပြီး ဗန်းပေါ်မှပြောင်းဖူးအပြင် တောင်းထဲမှပူပူနွေးနွေး ပြောင်းဖူးများကိုပါထုတ်ပြီး အသေအချာရွေးနေ

ခိုက်၊ ကျွန်မကလည်း အိတ်ထဲမှပိုက်ဆံထုတ်နေချိန်၊ ကျွန်မတို့ရဲ့ ခပ်လှမ်းလှမ်းမှာတံမြက်စည်းလှဲနေတဲ့ စည်ပင်ကအဒေါ်ကြီးက တံမြက်စည်းလှဲခြင်းကို ခဏရပ်ဆိုင်းပြီး ကျွန်မတို့အနားလာကာ

`ပြောင်းဖူး…ဘယ်လိုရောင်းလဲ´

`တစ်ဖူး…နှစ်ရာ၊သုံးဖူး..ငါးရာနဲ့ပဲယူသွား´

စည်ပင်အဒေါ်ကြီးက ခဏရပ်ကြည့်နေပြီး

`ဒီပြောင်းဖူးပိုးထိုးနေတာလေးကို..တစ်ရာ့ငါးဆယ်နဲ့ပေးပါလား´

`ဒါပိုးထိုးနေတာမဟုတ်ဘူး။ နည်းနည်းလေးမဲနေတာ´

`တစ်ရာ့ငါးဆယ်နဲ့ရမလား´

`မရလို့   ပါ၊ တစ်ဖူးကိုငါးဆယ်ပဲမြတ်လို့  ပါ´

ကျွန်မလည်း စည်ပင်အဒေါ်ကြီးနှင့်ပြောင်းဖူးသည်အဒေါ်ကြီးတို့  ၏ အခြေအနေကိုတစ်ချက်စောင့်ကြည့်လိုက်သည်။ စည်ပင်အဒေါ်

ကြီးသည် တာဝန်အရဝတ်ထားတဲ့လိမ္မော်ရောင်အကျႌအိတ်ကပ်ကိုနှိုက်ပြီး ယူလိုက်ရာ တစ်ရာတန်နှင့် ငါးဆယ်တန်ပဲထွက်လာသည်။အိတ်

ကပ်အတွင်း ပိုက်ဆံကလေးများခိုကပ်နေဦးမလား ဟူသောမျှော်လင့်ချက်ဖြင့် အိတ်ထဲလက်နှိုက်၍ ဟိုစမ်းသည်စမ်းလုပ်ကြည့်နေသေး၏။

ထွက်မလာတော့ပါ။ သူ့   ခမျာ တစ်ရာ့ငါးဆယ်နှင့်မရတော့လည်း ဘယ်တတ်နိုင်မလဲ။ မျက်နှာငယ်လေးနှင့်လှည့်ထွက်သွားရတာပေါ့။

ကျွန်မ….ပြောင်းဖူးကိုတစ်ချက်ကိုက်လိုက်သည်။ထိုအခါမှဗိုက်အတော်ဆာနေမှန်းကို သတိထားမိလိုက်သည်။ ကျွန်မလည်း ပြောင်းဖူးစေ့များကို ခြွေစားနေရင်း စည်ပင်အဒေါ်ကြီးကိုလှမ်းကြည့်လိုက်သည်။ စည်ပင်အဒေါ်ကြီးခမျာ ပြောင်းဖူးကိုသံယောဇဉ်မပြတ်ရှာ

ဘူး။ ဗန်းပေါ်မှာတင်ထားတဲ့ ပြောင်းဖူးကိုငေးရင်းနှင့် အူတကြုတ်ကြုတ်မည်နေသည့် ဗိုက်ကိုအတင်းဖိနှိပ်ရင်း…။ဒါနဲ့ ကျွန်မလည်းစာနာ

စိတဖြင့်။

`အဒေါ်..၊သူ့ကို သုံးဖူးသွားပေးလိုက်ပါ။ ကျွန်မ..ဒီမှာပိုက်ဆံပေးပါ့မယ်´

ပြောင်းဖူးသည်အဒေါ်လည်း ဗန်းပေါ်မှ ပြောင်းဖူးသုံးဖူးကို စည်ပင်အဒေါ်သို့သွားပေးလိုက်သည်။ ထိုစည်ပင်အဒေါ်ကြီးက အံ့ဩ

သလိုကြောင်တောင်တောင်နှင့်ငေးကြည့်နေပြီးမှ အပြေးကလေးရောက်လာပြီး

`ကျေးဇူးတင်လိုက်တာ..သမီးရယ်၊ကျေးဇူးတင်ပါတယ်´ ဟု ကျွန်မကို အပြုံးမျက်နှာလေးနှင့် လက်အုပ်လေးချီပြီး ကျေးဇူးတွေတင်

နေရှာသည်။ ကျေးဇူးတင်ခံချင်ရယ်လို့တော့မဟုတ်ပါ။ ထိုသို့`ကျေးဇူးတင်ပါတယ်´ဟု အလိုအလျောက်အံထွက်ကျလာသော စကားသံ

သည် မည်သည့်တူရိယာမှလိုက်မယှဉ်သာအောင် နားဝင်ချိုလှသည်။

စည်ပင်အဒေါ်ကြီးလည်း လှည့်ထွက်သွားတော့ ပြောင်းဖူးသည်အဒေါ်ကြီးကဆက်ပြီး

`အဒေါ်လည်း..သမီးလိုအလှူအတန်းလုပ်ချင်စိတ်ရှိပါတယ်။ ဒါပေမဲ့ တစ်နေ့အမြတ်ရဖို့နေနေသာသာ..အရင်းတောင်မကျေတဲ့ရက်

တွေတောင်ရှိတယ်။ အဒေါ့်ယောက်ျားကလည်း လေဖြတ်ထားလို့..အိပ်ယာထဲမှာလေ။ သမီးတစ်ယောက်ရှိတယ်။ သူကလည်းသူ့အိမ်

ထောင်နဲ့သူဆိုတော့…အဒေါ်ပဲကိုယ့်ဖာသာရှာစားနေရတာပေါ့။ အဒေါ်တို့က လှိုင်သာယာမှာနေတာလေ။ သမီးအတွက်..အဒေါ်သာဓုခေါ်

ပါတယ်။ သာဓုပါကွယ်..သာဓု..သာဓု´

တောင်းထဲကထွက်လာတဲ့အငွေ့တထောင်းထောင်းတွေကို မျက်စေ့ကလေးမှေးကာ ရှောင်တိမ်းရင်း ကျွန်မအတွက် သာဓုတွေပေး

နေရှာသည်။

၂။

       သို့နှင့် ကျွန်မလည်း ကားများရပ်ထားရာနေရာကို အိမ်ကကားများပြန်ရောက်လာပြီလားလို့လှမ်းမျှော်ကြည့်လိုက်သည်။ ကားကပြန်

မရောက်လာသေးပါ။ ထိုစဉ်အကျႌပွပွ၊ ဘောင်းဘီကမြေကြီးပေါ်ပုံကျမတတ် ဝတ်ထားတဲ့ကောင်လေးက နားမှာနားကျပ်ကြီးကာ သီချင်းနား

ထောင်ရင်း လက်ဟန်၊ခြေဟန်ုအမူအရာတွေနှင့် ကျွန်မတို့ကိုကပြနေသည်။ လက်နှစ်ဖက်ကအပေါ်တက်လိုက်၊ အောက်ဆင်းလိုက်၊ ကွေး

လိုက် ဆန့်လိုက်နှင့် အပေါ်ကနေ တစ်ယောက်ယောက်ကြိုးဆွဲကို်င်ထားသလို။ ခန္ဓာကိုယ် အပေါ်ပို်င်းကလည်း ဂီတသံအတို်င်းလှုပ်ခတ်နေ

သည်ထင်ပါသည်။ လည်ပင်းမှာဆွဲထားတဲ့ ဆွဲပြားအကြီးကြီးနှင့် ဆွဲကြိုးကလည်း ယမ်းလို့။ ဗန်းစကားအရ ဖီလင်လာနေတဲ့အချိန်ဆိုတော့

စိတ်တွေက ဖလန်းဖလန်းထနေတော့တာပေါ့။

ဟော..ကြည့်နေရင်းနဲ့ကားနောက်ဖုံးပေါ်ကို လှစ်ခနဲခုန်တက်သွားပြီ။ လူငယ်တွေများ သန်မာလိုက်တာ။ ထိုကောင်လေးကို ကြည့်နေ

စဉ်မှာပင် ခြေပြတ်နေတဲ့အဘိုးကြီးတစ်ယောက် ကျွန်မတို့နားကို ခွက်ကလေးဆွဲပြီး ဖြည်းဖြည်းချင်း ဒရွတ်တို်က်ရောက်လာသည်။ ကျွန်မ

လည်း ကရုဏာရသကိုခံစားမိတာနဲ့ အိတ်ထဲက ငါးရာတန်ကို ခွက်ထဲပြောင်းပေးလိုက်သည်။

အကျႌပွပွနှင့် နားကျပ်ကြီးတပ်ပြီးသီချင်းနားထောင်နေသောကောင်လေးကလည်း သူ့ဘောင်းဘီအိတ်ထဲက လက်ဝါးသာသာရှိတဲ့

အိတ်ကလေးကိုထုတ်ပြီး အဘိုးကြီး၏ခွက်ထဲကို ပိုက်ဆံလှမ်းထည့်လိုက်သည်။ အော်..ဒီကောင်လေးလည်း သဒ္ဓါတရားရှိသကိုး။

အဘိုးကြီးကလည်း မြေပြင်ကို လက်နှစ်ဖက်ထောက်ပြီး ရှေ့တိုးနောက်ဆုတ် ဒရွတ်တိုက်သွားလိုက်၊ ခဏနားလိုက်နှင့် အလှူတောင်း

ခံနေသည်။

ထိုစဉ် ပါးစပ်ကနေအမြှုပ်ထွက်မတတ် ဟန်းဖုန်းတစ်လုံးနှင့် စကားတွေပြောနေပြီး ဝတ်ကောင်းစားကောင်းဝတ်ထားသည့် အသားဖြူဖြူ

၊မျက်လုံးခပ်မှေးမှေး၊ဗိုက်ရွှဲရွှဲတရုတ်ပေါက်ဖော်ကြီးတစ်ယောက် ရောက်လာကာ သူ့လက်ခလယ်မှာဝတ်ထားတဲ့စိန်လက်စွပ်ကြီးကို အများ

သူငါ မမြင်မြင်အောင် နေရောင်မှာရောင်ခြည်လက်ပြနေသည်။ ဗိုက်ကြီးရွှဲရွှဲနှင့် လက်ကားရား၊ခြေကားရားလျှောက်လာနေပုံက သူ့ကိုယ်သူ

ကမ္ဘာ့သန်းကြွယ်သူဌေးကြီးများ စာရင်းဝင်နေသလိုလို။ လည်ပင်းမှာလည်း ရွှေဆွဲကြီးကြီးကဟီးလို့။

သူ့အနားကိုသူတောင်းစားအဘိုးကြီးရောက်လာပြီး ပိုက်ဆံတောင်းခံတော့ လက်နှင့်အတင်းမောင်းထုတ်သည်။ အနားမှာလာပြီး

တဂျီဂျီတောင်းခံနေတာကို သည်းမခံနိုင်တော့ သူကိုယ်တိုင်ထိုနေရာမှ ထွက်သွားသည်။ အော်…သဒ္ဓ`ါတရားကင်းမဲ့လိုက်တာ။

ထိုသို့ ကျွန်မပတ်ဝန်းကျင်ကိုလေ့လာနေစဉ်မှာပင် အိမ်ကကားကကွေ့ဝင်လာသည်။ ကားပေါ်တက်ပြီး ပတ်ဝန်းကျင်ကိုပြန်လှမ်း

ကြည့်လိုက်တော့ အခုနကအတိုင်း ပြောင်းဖူးရောင်းနေတဲ့သူ၊ တံမြက်စည်းလှဲနေတဲ့သူနှင့် ပိုက်ဆံတောင်းခံနေသောအဘိုးအိုတို့က သူတို့

အလုပ်ကို ကို်ယ်စီလုပ်နေကြသည်။ အလင်းရောင်ရှိနေသမျှ ရုပ်ဝတ္ထုတိုင်းမှာ အရိပ်ရှိနေသလို အသက်ရှိနေသမျှ လူတိုင်းမှာလည်း ဘဝရှိ

နေမည်မှာ ဓမ္မတာပင်။ သို့သော် ဘယ်သောအခါမှ ပြည့်စုံနိုင်မည်မဟုတ်သော လိုအပ်ချက်တောင့်တမှုများနောက်သို့ တကောက်ကောက်

လိုက်ရင်း ဘဝပုံသဏ္ဌာန်အမျိုးမျိုးကို ကျင်လည်နေကြရသောကြောင့်သာ စိတ်ဓါတ်၊ အကျင့်စရိုက်တွေ ခြားနားနေကြခြင်းသာဖြစ်မည်ဟု ကျွန်မကောက်ချက်ချရင်းဖြင့်။

6 comments

  • ခင်ခ

    January 12, 2013 at 6:09 pm

    သျှားသက်မာန် ရေ လူတွေလည်း တစ်ယောက်နဲ့တစ်ယောက်မတူကြသလို စိတ်တွေရဲ့ မူရင်းက ကွဲပြားကြတာပါ။ အဲဒီ ကွဲပြားနေတဲ့စိတ်တွေကို တူအောင်လုပ်ဖြစ်သွားတာလည်း လူစိတ်ပါဘဲ၊ မတူညီအောင် တွေးခေါ်လုပ်ဖြစ်တာလည်း လူစိတ်ဘဲပေါ့။ အဲဒီတော့ ဒီလူလောကကြီးမှာလည်း မတူတာတွေ ဖယ်ထားပြီး တူတာတွေနဲ့ သွားဖြစ်ကြရင်း အစု အဖွဲ့တွေ ဖြစ်လာတာဘဲပေါ့ဗျာ။
    ကျွန်တော်တို့တွေလည်း တူသောစိတ်ရှိတဲ့သူအချင်းရှိတဲ့ တူသောနေရာကို သွားဖြစ်နေအုံးမှာဘဲလို့။

  • အလင်းဆက်

    January 12, 2013 at 8:09 pm

    အင်း…
    အတွေး..နဲ ့ငြိမ်သက် တိတ်ဆိတ်လိုက်ဦးမယ်..။
    ဒီလို… အတွေး ပေး..ဝတ္ထုတိုလေးတွေကို.ဖတ်ပြိီးရင်..
    ငြိမ်ငြိမ်လေးပဲ..ငေးနေလိုက်ချင်တယ် ။

    ရသ ကို အပီအပြင်ခံစား..မလို ့။

  • မောင်ပေ

    January 12, 2013 at 9:25 pm

    မသျှားသက်မာန်ရေ
    ကျုပ်တို ့မြန်မာလူမျိုးဗုဒ္ဓဘာသာတွေဆိုတာ ငွေကြေးအဆင်ပြေတဲ့အခါကြရင် အလွန်အင်မတန်မှ သဒ္ဒါတရားထူးခြားကြတာကို ပို ့စ်ထဲမှာ သတိထားမိသွားပါတယ်

  • ကျနော်ခံစားရတာသာပြောရရင်
    (၊မျက်လုံးခပ်မှေးမှေး၊ဗိုက်ရွှဲရွှဲတရုတ်ပေါက်ဖော်ကြီးတစ်ယောက် ရောက်လာကာ )
    ဒီစာသားလေးသာမပါရင် ဒီပိုစ်က တွေးစရာတွေအများကြီးထွက်လာမယ်ဗျာ

  • အခုတလော ဒီလိုရသလေးတွေ တော်တော်ခံစားနေကြပါတယ်။
    ဒီကိစ္စလေးတွေ တော်တော်ကြုံတွေ့နေကြတယ်။
    ဦးခင်ခပြောသွားသလိုပါပဲ လူတွေရဲ့စိတ်ကို တန်းညှိလို့မရနိုင်ပါဘူး
    ဒီတော့ကာ အစ်မရေ စိတ်ပေါက်သလောက်သာ လှူပြစ်လိုက်ပါ။
    သူများမလှူတာ သူ့ကိစ္စမို့ဥပေက္ခာသာပြုထားလိုက်။မကောင်းဘူးလား။
    နောက်လည်းများများလှူနိုင်ပါစေရှင်။ရုတ်တရတ်လိုအပ်တဲ့နေရာလေးတွေကိုဖြည့်ဆည်းရတာ
    တခမ်းတနားလှူရတာတွေထက် အများကြီးပီတိဖြစ်စရာပါ။

  • MaMa

    January 13, 2013 at 9:05 pm

    မတူညီတဲ့ စည်းချက်ဆိုတဲ့ ခေါင်းစဉ်အတိုင်းပါပဲ။
    လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာမို့ ကိုယ်သဒ္ဒါပေါက်ပေမယ့် သူသဒ္ဒါပေါက်ချင်မှ ပေါက်မယ်။
    တန်းညှိလို့ မရနိုင်လို့ ကိုယ်လုပ်တာ ကိုယ့်စေတနာ ကိုယ့်ကို အကျိုးပေးလိမ့်မယ်။
    ကိုယ်နဲ့မဟုတ်တဲ့ သူတစ်ပါးရဲ့ လုပ်ရပ်ကို အပြစ်ဆိုနေမယ့်အစား လစ်လျူရှု့သင့်တယ်။

Leave a Reply