ချစ်သူသို့ တမ်းတမိသောကဗျာ (၆)
ချစ်သူသို့ တမ်းတမိသောကဗျာ (၆)
ချစ်သူရေ. . .
အခြေအနေအရ
(နင်နဲ့ငါ)
တစ်မြေစီ ဝေးနေရတာပါ. . .
အနားမှာ ငါမရှိပေမယ့်
နင်အိပ်စက်တဲ့ အချိန်တွေတိုင်း
နင့်အိပ်မက်ထဲကို ငါ
မရောက်ရောက်အောင် လာခဲ့ပါ့မယ်. . .
အနားမှာ နင်မရှိပေမယ့်
ငါ့အိပ်မက်တွေတိုင်း
အမြဲပြုံးနေတတ်တဲ့နင့်ကို မြင်ယောင်နေမြဲလေ. . .
သန်းခေါင်ယံ တရေးနိုး
နင့်အတွက် အနမ်းမိုးတွေ စွေနေမြဲ
ငါ့ရင်ခွင်ထဲ နင်မှေးစက်
နင့်အရုဏ်တွေတိုင်း လင်းလက်နေမှာပါ.. .
တစ်ယောက်တစ်နေရာ
ခန္ဓာကိုယ်တွေ ဝေးကွာနေခဲ့လည်း
စိတ်တွေထဲမယ် အမြဲနီးလို့
နှလုံးသားချင်း ရင်းနှီးပြီးသား. . .
မြစ်ချောင်းပင်လယ် ဘယ်လိုခြားပေမယ့်
တောမြိုင်တောင်တန်း ဘယ်လိုတားပေမယ့်
ငါ့ခြေလှမ်းတွေ ဘယ်ကိုသွားပေမယ့်
နင့်အကြည့်တွေ ဘယ်လိုဝါးပေမယ့်. . .
ချစ်သူရေ. . .
ငါ့ဝိဉာဉ် နင့်ဘေးမှာရှိ
နင့်အသိ နင့်အမြင်မှာ
ငါ့ကိုအစဉ်သတိရေနတယ်ဆိုတာ
နင်မပြောလည်း ငါသိကြား
ငါ့ရင်ထဲမှာလည်းနင့်ကို နားလည်ပြီးသားလေ. . .
တစ်နေ့နေ့ တစ်ချိန်ချိန်
တို့နှစ်ယောက်ဆံုဆည်းမယ့်အချိန်က
သိပ်မဝေးကွာတော့ပါဘူး
နင်လည်းအချိန်မှန် ဆုတွေပန်
ငါလည်းအချိန်တန်အိမ်ပြန်ရန်ခရီး
နင့်အချစ်တွေနဲ့ဆီးကြိုဖို့. . .
ချစ်သူရေ. . .
တဒင်္ဂ တခဏ
ဝေးနေရတဲ့ အခုချိန်လေး
သည်းခံနေပေးလိုက်ကြပါစို့ကွယ်. . .။ ။
တောက ကိုရင်
13.01.2013
3 comments
မောင်ထက်ကြီး(မုံရွာ)
January 13, 2013 at 4:07 pm
ကျွန်တော် အတွက်များရေးပေးလိုက်တာလားဗျာ….
mamanoyar
January 14, 2013 at 10:14 am
လာဖတ်သွားတယ်နော်
မင်းနန္ဓာ
January 14, 2013 at 11:00 am
ချစ်သူရေ. . .
အခြေအနေအရ
(နင်နဲ့ငါ)
တစ်မြေစီ ဝေးနေရတာပါ. . .
…
သန်းခေါင်ယံ တရေးနိုး
နင့်အတွက် အနမ်းမိုးတွေ စွေနေမြဲ..
…ဆိုတော့
တရေးနိုးမှာ ခေါင်းအုံးကြီး ဖက်နမ်းတာပေါ့ နော်..
:hee: စတာ.. အားပေးသွားပါ၏