ဒုတိယမြောက်နှောင်ကြိုး
မှတ်မှတ်ရရနေ့တနေ့ပေါ့ တနင်္သာရီကမ်းရိုးတန်း၊ ဘုတ်ပြင်းမြို့နယ်က ပုလဲကျွန်းမှာ တာဝန်ထမ်းဆောင် နေတုန်းအချိန် ၂.၂.၂၀၀ဝ ရက်နေ့ ညနေပိုင်းမှာ မကွေးမြို့မှာရှိတဲ့ မိသားစုဆီဖုန်းဆက်တော့ ခယ်မဖြစ်သူက
“ ကိုနောင်ရေ မမိုးကလေးမွေးပြီ ယောက်ကျားလေး၊ ရ ပေါင်နဲ့ ၁၁ အောင်စရှိတယ်၊ ကလေးရော မိခင်ပါ ကျန်းမာကြပါတယ်” တဲ့။(ကလေးက အဖေတူလို့ ချောတယ်လို့ ပြောတာကိုတော့ ချန်ထားလိုက်ပါမယ်)
ကျွန်တော်အတွက်တော့ ဒုတိယမြောက်ချည်နှောင်လာတဲ့ နှောင်ကြိုးလေးတစ်မျှင်ပေါ့။
မနေ့ကရုံးအပြန် အိမ်ရောက်တော့ သားတော်မောင်က “ ဖေဖေ မနက်ဖြန်သားမွေးနေ့ ဘာလုပ်ပေးမှာလဲ”တဲ့။ “ အေးကွာဖေဖေမေ့သွားတယ်၊ သားမွေးနေ့ပွဲလုပ်ပေးမှာပေါ့” ဒါနဲ့သားဖြစ်သူကို သားကဘာကျွေးချင်လဲမေးတော့ ဖေဖေတို့ကြိုက်တာကျွေး၊ သားကတော့ ကျောင်းမှာ သူငယ်ချင်းတွေကို မနက်ဖြန် မနက် ၁၀၃ဝ လာခဲ့ဖို့ဖိတ်ခဲ့ပြီတဲ့ဗျာ။
အဲဒါနဲ့ မဒမ်ချိုကြီးနဲ့တိုင်ပင်ပြီး ကြက်သားပလာတာကျွေးဖို့ အမြန်စီစဉ်ရပါတော့တယ်။ ( အမြန်စီစဉ်လိုက်ရ တာမို့ ရွာထဲကမိတ်ဆွေတွေ ဘယ်သူ့ကိုမှ မဖိတ်ဖြစ်တာခွင့်လွှတ်ပါ။)
ဒီနေ့မနက် ၁၀၃ဝ ချိန်မှာတော့ သားနဲ့ သူ့သူငယ်ချင်းတွေ မွေးနေ့ပွဲလေး လုပ်ဖြစ်ပါတယ်။ အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ရင်း ရွာထဲက ယောက်ခမတော်ချင်သူ ရွာသူအပျိုတွေအတွက် ကြော်ငြာတင်ရင်ကောင်း မယ်ထင်လို့ ဒီပို့စ်လေးရေးလိုက်တာပါ။ *ချွေးမလောင်းများအမြန်ဆက်သွယ်နိုင်ပါပြီ*
16 comments
မောင်ပေ
February 2, 2013 at 7:38 pm
ဟက်ပီဘက်ဒေး ဟူရွေ ့သာ ပြောနိုင်ပါမည်
surmi
February 2, 2013 at 8:13 pm
ချွေးမလောင်းအတွက် ထပ်မွေးမှရမှာဗျို ့
မင်္ဂလာရှိသောသတင်းလေးပါပဲ …
Mobile
February 2, 2013 at 10:48 pm
သမတ်လောင်း ရွေးမယ့်အခါကျရင် အထွေအထူးလုပ်နေစရာမလိုဖို့
ကျုပ် မောင်မိုဘိုင်း အခုကတည်းက ကြိုပြီး စာရင်းပေးထားလိုက်ပါတယ်။
သမတ်တော်ဖို့ စိတ်ဝင်စားပါက ကျုပ်မောင်မိုဘိုင်း ဇနီးလောင်းလေးကို
စောင့်မျှော်နေမည်ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မွေးနေ့မှာပျော်ရွင်ပါစေ ယောက်ဖလောင်းလေးရေ……………………….
လုံမလေးမွန်မွန်
February 3, 2013 at 10:26 am
အဟမ်း..အဟမ်း.. ဦး P Chogyi.. နေကောင်းလား…
မတွေ့တာကြာလို့ ဝင်နှုတ်ဆက်တာဘာ…
ဒီနေ့မှ ပို့စ်ကိုတွေ့လို့.. Happy Birthday ပါလို့…
လုံမလေး
ဗုံဗုံ
February 3, 2013 at 3:51 pm
ဦးလေး အဟမ်း အဟမ်း ကျောက်ပျဉ်ကြီးရွက်ထားရတာ လေးလှပြီလို့ ပြောပေးပါနော
မဟာရာဇာ အံစာတုံး
February 3, 2013 at 5:15 pm
ဦးချိုကြီးရေ …
ကျနော်ကလည်း …
ဟက်ပီဘက်ဒေးပါလို့ … နော့ ….
ဒါနဲ့ စကားမစပ် …
ဒီရွာထဲမှာ မကွေးသူ ရှိသဗျ … ဟဲ .. ဟဲ ….
ကြုံတုန်း ထပ်ပြောရရင် …
ကျုပ်လည်း မကွေးဘက်ကပဲ ခင်ဗျ …
ဒါပေမယ့် မြို့ပေါ်ကတော့ မဟုတ်ပါဘူး …
တောကြိုအုံကြားက ကောင်ပေါ့ဗျာ ….
Shwe Ei
February 4, 2013 at 3:58 pm
တောကြိုအုံကြားထိအိမ်တိုင်ရာရာက်လာလည်ပရဇီ။
Mr. MarGa
February 3, 2013 at 5:19 pm
အင်
ချွေးမလောင်း ဆိုတော့ကာ
နတ်ပြည်က နတ်သမီးတွေ လွှတ်လိုက်ရင်ကောင်းမလား
သမက်လောင်း ဆိုရင်တော့ ဦးမာဃ ကိုယ်တိုင် အင်တိုက်အားတိုက်ဝင်အရွေးခံမလို့
အခုတော ့ချွေးမလောင်း ဆိုတော့
ကို်ယ့်ဟာကိုယ် ရွေးတော့ဗျာ
padonmar
February 3, 2013 at 10:18 pm
အိုကေပါလေ။
၂၀၁၄ ဖေဖော်ဝါရီ ၂ရက် ကြက်သားပလာတာသွားစားရန်လို့ Planner မှာ မှတ်လိုက်ပါပြီ။
ကိုပေါက်(မန္တလေး)
February 3, 2013 at 10:52 pm
အပိုမဆို
ကိုချို
ကျနော်ကိုပြောတုံးကတော့ သူ လူပျိုတဲ့
ကဲ အခုဘယ်လိုလုပ်မလဲဗျို
အရီးခင်လတ်
February 4, 2013 at 3:49 am
ခေါင်းစဉ်ကြည့်ပြီး နဲနဲတော့ တွန့် သွားတယ်။ 😆
သို့ပေမဲ့
Happy Belated Birthday Wish ပါသားလေးရေ။
အသက်ရှည်ရှည် အနာကင်းကင်း စိတ်အေးချမ်းစွာ နဲ့ မြင့်မြတ်သော လိုရာဆန္ဒ အားလုံးပြည့်ဝပြီး ကိုယ့်အကျိုး၊ မိသားစုအကျိုး၊ အများအကျိုး၊ တိုင်းပြည်အကျိုး သယ်ပိုးရွက်ဆောင်နိုင်တဲ့ သားကောင်း ရတနာလေး ဖြစ်ပါစေ။
ဥပဓိရုပ်ကလေးကတော့ လိမ္မာမဲ့ ပုံစံလေးဘဲ ကိုချိုကြီးရေ။
:hee:
P chogyi
February 4, 2013 at 8:37 am
Happy Birthday လုပ်ပေးသော
ဦးပေ၊ ဦးဆာမိ၊ မွန်မွန်၊ ဗုံဗုံ၊ မောင်အံ၊ အစ်မပဒုံမာ၊ အရီးခင်လတ်တို့အားလုံးကျေးဇူးပါ။
ဦးပေါက် ကလေးရှိတဲ့လူပြိုလေဗျာ၊
Mobile ရေ စိတ်မကောင်းပါဘူး နောက်တစ်ယောက်လည်း ယောကျင်္ားလေးပဲဗျ။
ဗုံဗုံရေ ကျောက်ပျဉ်ရွက်ပြီးမစောင့်ပါနဲ့ အရပ်ပုသွားမှာစိုးလို့။
ရွာသူားအပေါင်း ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရှိကြပါစေလို့ ဆုတောင်းလျှက်။
kyeemite
February 4, 2013 at 11:07 am
ကိုချိုကြီးရေ …
ကျနော်ကလည်း …သားလေးမောင်မင်းခန့်နောင်အတွက်
ဟက်ပီးဘတ်ဒေးပါလို့ပြောရင်း…ထူးချွန်ထက်မျက်တဲ့သားကောင်းလေးဖြစ်စေကြောင်း
ဆုမွန်တောင်းပေးပါဂျောင်းးးးး :hee:
P chogyi
February 4, 2013 at 12:03 pm
ကျေးဇူးပါ ကိုမိုက်ရေ
Wow
February 4, 2013 at 3:41 pm
အဟမ်း.. မတွေ့တာလဲကြာဘီ… မခင်လို့တော့ ဟုတ်ဝူးရယ်… ဘာပဲဖြစ်ဖြစ် မေ့မထားရဝူးနော် .. နှစ်ယောက်တောင်ဆိုတော့
Happy birthday boy!
ဦးကြောင်ကြီး
February 6, 2013 at 10:26 am
မင်းခန့်နောင်
ရှင်းသန့်ပြောင်
သင်းရနံဆောင်
ခွင်းအံ့ဂေါင်..။