Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖြူစင် သန့်ရှင်းသော သံယောဇဉ်များအကြောင်း…..

alinsettFebruary 5, 20132min76022

55

သံယောဇဉ်အကြောင်း..ပြောကြမည် ဆိုလျှင်… ကျွန်တော်ပိုင်ဆိုင်ခဲ့ဖူးသော

အဖြူရောင် သံယောဇဉ်ကလေးများ အကြောင်းက စ ပြောရပါမည် ။

သံယောဇဉ် သန့်သန့်ကလေးများအကြောင်းကိုတွေးမိတိုင်း… သတိရမိသည်မှာ.. သူတို ့…သာ..ဖြစ်ပါသည် ။

သူတို့ကို ကျွန်တော်… လွမ်းဆွတ် တမ်းတ နေကြောင်း… သူတို ့..သိပါ့မလား..။

ဝေးကွာခြင်းသည်…သူတို့နှင့် ကျွန်တော့်ကို…. မဆုံနိုင်အောင် ခြား ထားခဲ့သော… တံတိုုင်း တစ်ခု ဖြစ်ပါသည် ။

အခု အချိန်ဆိုလျှင်… သူတို ့.. လောကကြီး အကြောင်း… လူတွေ အကြောင်း..စသည်ဖြင့်….တော်တော်လေးကို.. သိနေကြတော့မည် ။

တစ်ယောက်က … အနုပညာကို ချစ်တတ်လျှင်…

နောက်တစ်ယောက်က ….. သဘာဝတရားနှင့်.. ပတ်ဝန်းကျင်လောကကို ချစ်မြတ်နိုးပါလိမ့်မည် ။

နောက်တစ်ယောက်ကတော့…… တီထွင် ဖန်တီးခြင်းများကို..ချစ်တတ်ပါလိ်မ့်မည် ။

ဒါမှမဟုတ်….. ကောင်းသောအရာများအားလုံ့းကို… ချစ်မြတ်နိုးတတ်သော…

အကောင်းမြင် လူငယ်ကလေးများ..ဖြစ်နေမလား……

xxxxxxxxxxxxxxxxxxxxxxxxxxx

66

ကျွန်တော်….အဲသည်တုန်းက… သူတိူ့ကို မဝေဖန်တတ်သေးပါ ။

ထိုအချိန်ကတော့..ကျွန်တော်သည် လည်းကောင်း……

သူတို ့သည် လည်းကောင်း…. ကစားခြင်း /ပျော်ပါးခြင်းတို့ကိုသာ သိပြီး…..

စာကျက်ရမှာ ပျင်းတတ်သော…သာမန်ကလေးသူငယ်များသာ ဖြစ်ပါသည် ။

ကလေးငယ်ဘဝ အချိန်ကာလများမှာ…. ဖြစ်တည်ခဲ့သော..သံယောဇဉ်သည်….ယနေ ့ဝေးကွာနေဆဲ…အထိ….

မြဲမြံ ခိုင်မာ ခဲ့သည်….။

အဲဒါ..တော်ရုံ စွမ်းအားမှ မဟုတ်တာကွယ်….။

သံယောဇဉ်သည်..အလွန် ခိုင်ခံ့သော ကြိုးတစ်ချောင်း ဖြစ်ပါလိမ့်မည် ။

ထို ့အပြင်…….

ကျွန်တော်တို့ကိူ…. ရစ်ပတ် တုတ်နှောင်ထားသော… ဤ သံယောဇဉ်ကြိုးကလေးသည်….

ဖြူစင် သန့်ရှင်းသော… အရောင်အသွေး ရှိပါသည် ။

ထိုစဉ်ကတည်းက… ဖြူစင်စွာ..တွယ်တာခဲ့သော… သံယောဇဉ်…

ညစ်နွမ်းသော…. စိတ်ခံစားမှု တစ်ခုတလေပင် မပါသည့်.. သံယောဇဉ်……

ကျွန်တော်တို့ ၏ မြင့်မြတ်သော..သံယောဇဉ်………

xxxxxxxxxxxxxxxxxxxxx

77

စာသင်ခန်းထဲမှာလည်း…အဖြူရောင်..သံယောဇဉ်……

အိမ်ချင်း ကပ်လျက် နေ၍ ဆော့ကစား ကြတုန်းကလည်း…အဖြူရောင် သံယောဇဉ်….

ယခု ..တစ်ယောက်ကို တစ်ယောက်….. မမြင်ရ မတွေ့ရ..ဝေးကွာနေချိန်မှာလည်း..အဖြူရောင်…..သံယောဇဉ်သာ ဖြစ်ပါသည် ။

ဘယ်သောအခါမှ… ညည်းနွမ်း စွန်းထင်းခြင်း..မရှိတော့မည် ့ သံယောဇဉ်လည်း.ဖြစ်ပါသည် ။

တွယ်တာစရာတွေ…များပြားလာသော.. ယခု အချိန်တွင်….

ငယ်စဉ်က…အဖြူရောင်သံယောဇဉ်များဖြင့်… တွယ်တာ ချစ်ခင်ခဲ့ရသော သူတို့ကို..ကျွန်တော်..

အတိုင်းမသိ လွမ်းမိသည် ။

ထပ်ပြောချင်ပါသည် ။

အတိုင်းမသိ……

အတိုင်း…..

အတိုင်း……

မသိ……

လွမ်း……

မိ….

သည်……

+++++++++++++++++++++++++++++++++++++++++++
88

ကွေကွင်းခြင်းသည်……မထင်မှတ်ပဲ..

ဖျက်ခနဲ…ရောက်လာတတ်သော… လျျှို ့ဝှက် တစ္ဆေ ဖြစ်ပါသည် ။

တစ်ယောက်နဲ ့တစ်ယောက်…..

ဘယ်တော့များမှ…. ပြန်ဆုံနိုင်မယ်မှန်း…သေချာမသိသော…..

နေရာများဆီ………

လွင့်မျော…..

အားလုံးနှင့်ဝေးရာ……..

ကျွန်တော် …ထွက်ခွါ ခဲ့ရပါသည် ။

ကျွန်တော်ကတော့…..

စာတွေ ကဗျာတွေကို.ချစ်တတ်နေပြီ ။

သူတို ့ရော………..

ဘယ်အရာတွေကို ချစ်တတ်နေပြီလဲ…

ဘယ်အရာတွေကိ်ု…ချစ်ပြီး..ဘယ်အရာတွေကို.. မုန်းတီး..နာကျည်း နေပြီလဲ……

တစ်ချိန်တုန်းက……… ( ၆၅ / ခ ) ဆိုတဲ့ တိုက်နံပါတ်…. မှာ.နေခဲ့ဖူးတဲ ့…. ကျွန်တော့်ကို….သတိရသေးသလား…

မေ့လျော့သွားပြီလား ….

ဒီလောက်…မခွဲမခွါ ခင်တွယ်ခဲ့ဖူးတာ……

သူတို ့..မေ့နိုင်မှာ မဟုတ်ပါဘူးလေ…..။

ကျွန်တော်..ရန်ကုန်မြို ့ကို ပြန်ရောက်လာသောနေ့က…… ဘဝမြင့် ရပ်ကွက် မှာ…သူတို့ကို….သွား.ရှာဖွေပါသေးသည် ။

သူတို ့မရှိကြတော့ပါ ။

ဟိုစဉ်က ကျွန်တော်တို ့…… နီးကပ်စွာနေခဲ့သော….

၆၅ / ခ နှင့် ၆၅ / ဂ စသော….တိုက်ကလေးများပင်…မရှိတော့ပါ ။

ကျွန်တော်တို ့…ငယ်စဉ်ဘဝ နေထိုင်ခဲ့သော..ထို တိုက်အိ်မ်ကလေးများအစား….

မြင့်မားသော..ခေတ်မီ တိုက်ကြိီးများက…နေရာယူထားပြီ ။

ဒါဖြင့်…..

သူတို့….

အခု….

ဘယ်မှာလဲ

ဘယ်မှာပါလိမ့်ကွယ်…….

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

99

ဆယ့်ငါးနှစ် ဆိုသော..အချိန်ကာလသည်…… လူတိုင်းကို..အကြီးအကျယ် ပြောင်းလဲပေးနိုင်ပါသည် ။

ကျွန်တော်တောင်….ဒီလောက်ထိ……

ပြင်းပြင်းထန်ထန် ပြောင်းလဲခဲ့ရသေးတာ ။

သူတို ့၏ ဘဝများလည်း….အချိုးအကွေ ့များစွာနဲ ့…. ပြောင်းလဲကုန်ပြီ ထင်ပါရဲ ့….။

ဒါပေမယ့်……….

သူတို့နှင့်ပက်သက်ပြီး.ကျွန်တော်…..ယုံကြည်ထားတာ…တစ်ခု ရှိပါသည် ။

သေသေချာချာ ယုံကြည်ထားသော….အချက်တစ်ခုဖြစ်ပါသည် ။

xxxxxxxxxxxxxxxxxxxxxxxxxxx

00

ဘာတွေ…ဘယ်လောက်……

ပြောင်းလဲသွားပါစေ…….။

ကျွန်တော်တို ့…. ရဲ ့…..

တစ်ယောက်ကို တစ်ယောက်… ချစ်ခင်တွယ်တာကြတဲ ့သံယောဇဉ်ကတော့…..

ဘယ်တော့မှ………

ဘယ်တော့မှ ရဲ ့ ဘယ်တော့မှ……..

မပြောင်းလဲနိုင်ပါဘူး ……။

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

အဖြူရောင်စစ်စစ် သံယောဇဉ်နဲ ့ တွယ်တာခဲ့တာလေ….

002

လွန်ခဲ့သော…..

15 နှစ်ခန့်ကတည်း…

ကွဲကွာခဲ့သော

ယနေ့တိုင်…ကျွန်တော်..လွမ်းဆွတ်သတိ ရခြင်းများစွာနဲ့..

ပြန်လည် ဆုံတွေ ချင်နေသော…..

ချစ်သူငယ်ချင်းများ…….

(အညာမွန် / ဖိုးခွါး / မေရီ )

အတွက်…….

အမှတ်တရ

သတိရတမ်းတခြင်းသာ.ဖြစ်ပါသည် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အလင်းဆက်

alinsett.art@gmail.com

22 comments

  • အလင်းဆက်

    February 5, 2013 at 9:45 am

    ပုံရိပ်ကလေးတွေက်ို
    ဂူးဂဲထဲကနေ…ဗြူးဗြဲ ပြီး.အလွယ်တကူ..ယူသုံးလိုက်မိတဲ ့အတွက်.
    သက်ဆိုင်ရာ မိတ်ဆွေများ.ခွင့်ခွင့်လွတ်မယ်.ထင်ပါရဲ ့
    🙂

  • Shwe Ei

    February 5, 2013 at 11:05 am

    အလင်းဆက်ရေ ကျမကတော့ သူငယ်ချင်းတွေကို ချစ်လွန်းလို့ အတတ်နိုင်ဆုံး အဆက်သွယ်မပြတ်အောင်ကြိုးစားတယ်။ မူလတန်းကနေ တက္ကသိုလ် ရောက်တဲ့ထိ
    တတွဲတွဲနေဖြစ်တဲ့သယ်ရင်းရှိတယ်။ လုပ်ငန်းခွင်ကသယ်ရင်း ပရဟိတအတူလုပ်တဲ့သယ်ရင်း
    မန်းဂဇက်ကသယ်ရင်း ဘယ်သူဘဲဖြစ်ဖြစ် အချိန်အကြာကြီးအဆက်အသွယ်မလုပ်ဖြစ်ရင်တောင်
    သူ့သတင်းလေးတော့ နားစွင့်မိတာဘဲ။ မိတ်ဆွေသူငယ်ချင်းဆိုတာ တခါတရံ မိသားစုထက်ပိုရင်ဖွင့်လို့ကောင်းတဲ့ မိသားစုထက်ပိုနားလည်ပေးနိုင်တဲ့ ကို့ဘဝထဲက အရေးပါတဲ့ အစိတ်အပိုင်းတခုလဲ ဖြစ်နေတတ်သေးတယ်မို့လား။

  • thaung htutsoe

    February 5, 2013 at 11:13 am

    အလင်းဆက်ရဲ့ သူငယ်ချင်းများနဲ့ အမြန်ဆုံး
    ပြန်လည်ဆုံတွေ့ နိုင်ပါစေလို့ မန်းဂဇက်အဖွဲ့သားများနဲ့အတူ
    ကျွန်တော်ကဆုတောင်းပေးပါတယ်……………
    သူငယ်ချင်းတွေ ပျော်ရွှင်စွာ အမြန်ဆုံး တွေ့ဆုံပါစေ…………….

  • kyeemite

    February 5, 2013 at 1:58 pm

    သူငယ်ချင်းတွေ ကိုချစ်တတ်သော အလင်းဆက် တစ်ယောက်
    သူငယ်ချင်းတွေ ပျော်ရွှင်စွာ အမြန်ဆုံး တွေ့ဆုံပါစေ…………….
    နောက်…ပါရမီဖြည့်ဖက်လေးနဲ့လည်း ပျော်ရွှင်ပါစေဗျား…. :hee:

  • kai

    February 5, 2013 at 2:55 pm

    သူငယ်ချင်းဆိုတဲ့စာသား..စကား..တွေးနေမိတာ..
    ငယ်စဉ်ကသူငယ်ချင်း.. ငယ်သူငယ်ချင်း..
    သူငယ်တော်..
    မွေးချင်း..
    အချင်းမိတ်ဆွေ..
    စသဖြင့်.. စီရီကြည့်မိတယ်..။

    ကြီးလာမှာ..ခင်ကြမင်ကြရင်.. ဘယ်လိုအသုံးအနှုံးဖြစ်သင့်သလည်းလို့.. :kwi:
    ဘရားသား.. ဆိုတဲ့အသုံးအနှုန်းလည်း.. တော်တော်ခေတ်စားနေတာ သတိထားမိတယ်..

    • ဘရားသားဆိုလို့ မန်းလေးတရုပ်တန်းမှာခေါက်ဆွဲဆိုင်တစ်ဆိုင်ရှိခဲ့ဘူးတယ်။
      ဘယ်သူလာလာ ဘရားသားဘဲခေါ်လို့ သူ့ဆိုင်နာမယ်လဲ ဘရားသားလို့တွင်သွားဘူးတယ်။

      တစ်မိထဲပေါက်တွေက မွေးချင်းတဲ့
      ရွယ်တူ အချင်းချင်းက သူငယ်ချင်းတဲ့
      ငယ်ကတဲကသိပြီးကြီးလာတဲ့ထိ တွဲနေတဲ့သူကို ငယ်ပေါင်းကြီးဖော်တဲ့
      ကြီးလာမှ လုပ်ငန်းအရ သိလာသူတွေက မိတ်ဆွေတဲ့
      ကျနော်သိသလောက်လေးပြောပြတာပါ

    • garuda

      February 7, 2013 at 4:33 pm

      အင်း…သွပ်ပြားသိတဲ့ ခေတ်စားနေတဲ့ bro ကတော့ ___ism brothers ပါပဲ။ အီဂျစ်နိုင်ငံသားတစ်ချို့တောင်..သူရို့ကြောင့် စိတ်ညစ်ရတယ်ကြားတာပဲ။ သူကြီးသိတဲ့ bro ကဘာများလည်းဟင်..ဟင်။

  • ဗုံဗုံ

    February 5, 2013 at 4:55 pm

    (သံယောဇဉ်…. သံယောဇဉ် လူကို အရူးတစ်ပိုင်းဖြစ်စေခဲ့ ဒီသံယောဇဉ် ) အေးလေ သူ့ခမျာ လွမ်းစရာကလည်း မရှိလေတော့ ကြံဖန်ပြီး လွမ်းပေအုံးတော့ကွယ် :mrgreen:

  • Mobile

    February 5, 2013 at 7:56 pm

    ကျုပ်ကတော့ဗျာ အဖြူရောင်တွေ့ရင် အမဲးရောင်ဖြစ်အောင် အရောင်ဆိုးချင်တော့
    အဖြူရောင် သံရောဇင်မရှိဘူးဗျ။ ပိုးအိစံဆိုထားတဲ့ သံယောဇဉ်လွန်းတင်တဲ့ကြိုးပဲရှိတယ်။

  • အလင်းဆက်

    February 5, 2013 at 8:09 pm

    မရွှေအိရေ…

    မိတ်ဆွေသူငယ်ချင်းဆိုတာ တခါတရံ မိသားစုထက်ပိုရင်ဖွင့်လို့ကောင်းတဲ့ မိသားစုထက်ပိုနားလည်ပေးနိုင်တဲ့ ကို့ဘဝထဲက အရေးပါတဲ့ အစိတ်အပိုင်းတခုလဲ ဖြစ်နေတတ်သေးတယ်မို့လား။

    သိပ်ဟုတ်တာပေါ့ဗျာ…။
    xxxxxxxxxxxxxxxxx
    လေးလေး thaung htutsoe ရေ..
    အဲဒီ ဆုတောင်းစကားလေး..
    အမှန်တကယ် ပြည့်လာချင်တယ်ဗျာ ။
    ကျွန်တော်… သူတို့ကို လွမ်းနေပြီဗျ ။

  • အလင်းဆက်

    February 5, 2013 at 8:17 pm

    ဦးကြီး..မိုက်…ရေ..
    ပါရမီဖြည့်ဖက်တို ့..
    ချော်တွင်းကုန်းဖြည့်ဖက်တိုတေ့ာ့…တိတိကျကျ မရှိသေးပါဘူးဂျာ ..။

    ရှာပေးကြပါလား.ဟင်
    🙂

  • အလင်းဆက်

    February 5, 2013 at 8:21 pm

    သူကြီးရေ..
    သံယောဇဉ်အကြောင်းလေး.. ဖတ်ရှု ခံစားသွားလို့ကျေးဇူးပါဗျ ။

    ဘရားသားဆိုတဲ ့ အသုံးအနှုန်းလေးကတော့..
    နွေးနွေးထွေးထွေးနဲ ့..ချစ်စရာကောင်းပါတယ် နော် ။
    🙂

  • အလင်းဆက်

    February 5, 2013 at 8:28 pm

    လေးလေးပေါက်

    မိတ်ဆွေဆိုတဲ ့စကားလုံးလေးလည်း..လှတယ် နော် ။
    ဘာပဲပြောပြောပါ…
    သူငယ်ချင်းတွေနဲ ့ သံယောဇဉ်တွေအကြောင်း ပြောရတာ..
    ရင်ကို နွေးထွေးစေတယ်ဗျာ…
    🙂

  • အလင်းဆက်

    February 5, 2013 at 8:32 pm

    ဗုံဗုံရေ..
    သားသားမှာ..
    လွမ်းစရာရှိ ပါတယ် ။

    ရွာက မဖွားမေကြီးကို လွမ်းဒယ်….
    :kwi:

  • အလင်းဆက်

    February 5, 2013 at 8:34 pm

    ကိုမိုဘိုင်း…
    အဖြူရောင် မဟုတ်တဲ ့ သံယောဇဉ်တွေလည်း..
    ချစ်စရာကောင်းလောက်အောင်..စိုပြေတောက်ပတတ်ပါတယ် ။
    နော့
    :kwi:

  • Mr. MarGa

    February 5, 2013 at 9:17 pm

    သူငယ်ချင်း
    ငယ်ပေါင်းကြီးဖော်
    ဆိုးဖော်ဆိုးဖက်
    ဘယ်လိုပဲ ခေါ်ခေါ်
    ရင်းနှီးမှုကို ပြပါတယ်
    သူငယ်ချင်းဆိုတာက
    ငယ်ငယ်တုန်းကလဲ တွေ့ခဲ့ကြသလို
    ကြီးလာပြန်တော့လဲ တွေ့နေကြတာပါပဲ
    သူငယ်ချင်းတွေမှာ
    ငယ်ရာက ပေါင်းလာကြတာတွေရှိတယ်
    ကြီးမှ တွဲမိတာတွေရှိတယ်
    အွမ်
    ပြောရင်းပြောရင်းနဲ့
    အွန်လိုင်းပေါ်မှာ ခင်မိတဲ့ ရွာသူားတွေကို ဘယ်ထဲကို ထည့်ရပါ့
    အလက်ဆင်းရေ
    အဲဒါလေး သတ်မှတ်ပေးပါဦး လို့

  • အလင်းဆက်

    February 6, 2013 at 7:32 pm

    အင်းးးးး
    အနှုတ်လေးတွေရော..
    အပေါင်းလေးတွေရော..
    အရောင်လေးတွေ စုံပြီး..လှနေလို ့..
    ဖန်တီးသူလေးတွေကို ကျေဇူးးတင်တယ်ဗျာ ။
    🙂
    ——————–

    လေးလေး မာဃရေ…
    အွန်လိုင်းပေါ်မှာ ခင်မင်မိရာကနေ…
    အပြင်မှာပါ.. လက်တွေ ့ သိ မြင် ခေါ်ပြော ဆက်ဆံနေကြပြီဖြစ်တဲ ့..
    ချစ်သော.. ရွာသူ ရွာသားတွေ ကို..
    ကျွန်တော်ကတော့…..
    မိတ်ဆွေတို့..
    သူငယ်ချင်းတို ့…
    အဲဒီလိုတွေ မသတ်မှတ်ချင်ပါဘူး ။

    ဒီလို လေး..သတ်မှတ်ထားတယ် ။

    ဂဇက် ရွာသူ ရွာသားတွေနဲ ့…
    ကျွန်တော်..တို ့..
    ဆက်နွယ်ပက်သက်နေမှုလေးက..
    အိမ်လေးတစ်လုံးထဲက..
    မိသားစု…လိုပါပဲ ။

    မိသားစုဝင်တွေပေါ့ ။
    နွေးထွေးတယ် ။
    စည်းလုံးတယ် ။
    အေးတူပူမျှ ရှိတယ် ။

    မိသားစုဝင်တွေအဖြစ်…ရှိနေပါတယ် ။

  • မောင်ပေ

    February 6, 2013 at 8:09 pm

    ဖြူစင်သန် ့ရှင်း
    လူမြင်နန် ့ခြင်း
    မအူပင်ကန် ့သွင်း
    ယူချင်သန် ့ရှင်း
    ကြူဂွင်မန် ့ကမြင်း

  • ခိုင်ဇာ

    February 7, 2013 at 8:17 am

    :byae:

    ဟိုတစ်နေ့ က ဒီ စာဖတ်ပြီး သူငယ်ချင်းတွေကို လွမ်းသွားလို့။
    သူ့တို့နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်ထဲက အကြောင်းလေးတွေ ပြန်ဖော်နေမိတယ်။

  • အလင်းဆက်

    February 7, 2013 at 8:36 pm

    မမခိုင်ဇာ ကြီးရေ….
    တွေ့ရင်ပြောပေးဦးနော် ။ အဲဒါ..တကယ့် အဖြစ်လေးမို့ပါ ။

    🙂

    ==================

    garuda ရေ..

    ကျေးကျေး

Leave a Reply