သိစေချင်လိုက်တာ ညီမလေးရယ်
“မိဗုံ နင်အချစ်ဆိုတာကို ဘယ်လိုနားလည်သလဲဟင် “ ထိုမေးခွန်းကို မေးအပြီး သူ့မျက်နှာကို အောက်ငုံ့ထားလိုက်သည်။ မိဗုံကတော့ အချဉ်ပေါင်းထုပ်ကို သဲကြီးမဲကြီး ပါးစပ်ဖြင့်ကိုက်ဖောက်နေရင်းမှ “ဘာ “ ဟု ပြန်ထူးသည်။ သူနည်းနည်းတော့ စိတ်ညစ်သွားသည်။ အချဉ်ပေါင်းလောက် သူ့စကားကို အာရုံစိုက်ပုံမပေါ်။ ဒီအချဉ်ပေါင်းထုပ်တွေက ညကမိဗုံ ပွဲကြည့်ရင်း စားဖို့ဆိုပြီး သူဝယ်ထားသော အချဉ်ပေါင်းထုပ်။ မယ်မင်းကြီးမက ပွဲကြည့်တာ ဝါသနာမပါ ။ ပွဲဈေးတန်း၌ရှိသော မုန့်မှန်သမျှ စားဖို့တော့ ဝါသနာပါရှာလေသည်။ ပွဲကလည်း အရပ်ပြဇတ် ဝေးဝေးသွားစရာမလို ရွာထိပ်တွင်သာ။ တန်ဆောင်မုန်းလတွင် ရွာက အပျိုတွေ လူပျိုတွေ စုပေါင်းပြီး ကထိန်ခင်းသည်။ ပြီးလျှင် ကိုယ်တိုင်မင်းသမီး မင်းသားလုပ်ပြီး ပွဲကကြသည်။ သူကတော့ အလှုူ ငွေထည့်ဝင်ဖို့ရာကလွဲ ၍ ကျန်တာမတတ်နိုင်ပါ။ တစ်ကယ့် ဇာတ်အတိုင်း သူ့အစီစဉ်နဲ့သူ ကကြရသည်။ ဝါသနာပါသူတွေ ကကြ ၊ ဆိုကြနှင့်မို့ ပွဲကလည်းေတော်တော်မြိုင်သည်။ ရွာနီးချုပ်စပ်က ပင် လှည်းတွေ လှေတွေနှင့် လာကြည့်ကြသည်။ သူတို့အိမ်ကပွဲနှင့် အနီးဆုံးမို့ မကြားချင်မှအဆုံးကြားရသည်။ ထို့ကြောင့် အိမ်ကနေနားထောင်လိုက်သည်။ ဒီအသံတွေနားထောင်ရင်း ဘယ်သူတော့ဆိုနေပြီဆိုတာ သိသည်။ မိဗုံလည်း ပွဲမသွားဖြစ်၍ မနေ့ကဝယ်ထားသော အချဉ်ပေါင်းတွေကို ဒီနေ့ကြမှ ဖောက်စားနေခြင်းပင်။
သူနဲ့ မိဗုံနဲ့ က အိမ်ချင်းကပ်လျက်။ ငယ်စဉ်တောင်ကျေး ကလေးဘဝထဲက သူတို့အတူဆော့ခဲ့ကြသည်။ သူ ငယ်စဉ်တည်းကဘဝပေးအခြေနေကြောင့် ကျောင်းမနေခဲ့ရပါ။ သူအရင်းနှီးဆုံး အတွယ်တာဆုံး သူငယ်ချင်းမလေး မိဗုံက ကျောင်းကပြန်လာတိုင်း နောက်ဖေးပေါက်နေသူတို့အိမ်ဘက်ကိုလာသည်။ သူတို့အိမ်ရှေ့ မန်ကျည်း ပင်အောက်မှာ ကျောင်းမှာသင်ခဲ့ရသော စာတွေကို သူ့ကိုတုတ်တစ်ချောင်းဖြင့် ဆရာမကြီးလုပ်ကာ ပြန်သင်ပြသည်။ သူက နောက်ကလိုက်ဆိုသည်။ ထိုကြောင့် ညအခါ လသာသာ ကစားမလား နားမလား စသည့် စာတွေကို ကျောင်းနေရသောကလေးတွေထက် သူကပို၍ အလွတ်ရလေသည်။ သူ့ဘဝထဲတွင် အဖေ အမေနှင့် မိဗုံကလွဲ၍ တွယ်တာစရာသိပ်မရှိပါ။ မိဗုံကလည်း သူ့ကို တော်တော် ခင်ရှာပါသည်။ အကိုတွေ အမတွေမရှိ၍ သူ့ကိုသာ ဗိုလ်ကျ အနိင်ယူသည်။ သူကလည်း မိဗုံဘာလုပ်လုပ် အပြုံးမပျက်ပါ။ သူ့နာမည်အရင်း ကို မိဗုံဘယ်တော့မှမခေါ်။ ငယ်စဉ်က အနာတွေပေါက်၍ ကတုံးဖြင့် နေခဲ့ရသောသူ့ကို မိဗုံက ကတုံးဟုသာ ကင်ပွန်းတပ်ထားသဖြင့် ကတုံးဟုသာတွင်တော့သည်။ တစ်ကယ်တော့ သူက မိဗုံထက်တစ်နှစ်ကျော်ကျော်ကြီးသည်။ သူကသာညီမလေးလို့ တစ်ခါတစ်လေ ခေါ်ပေမယ့် မိဗုံက ဘယ်တော့မှ အကို ဟုမခေါ်ပါ။ “ကတုံး နင်က ဘယ်လို ငါက ဘယ်လို “ စသည်ဖြင့် နင် ငါ ဟုသာပြောသည်။ သူကလည်း မိဗုံကို နာမည်ရင်းမခေါ်ပါ ။ ငယ်စဉ်က ဝဝတုတ်တုတ် လေးမို့ အမေတို့က ဗုံလေး ဗုံလေး ဟုခေါ်ကြတော့ သူကလည်း မိဗုံဟုသာခေါ်သည်။
ငယ်ငယ်တည်းက မိဗုံကျောင်းသွားလျှင် သူ့မှာ ကျောင်းဆင်းချိန်ကိုသာ စောင့်မျှော်နေရသည်။ ကျောင်းဆင်းချိန်တွင် “ ကတုံးရေ ငါပြန်လာပြီ ဟေ့ “ ဆိုသောအသံ စာစာလေးကိုကြားရမှ သူပျော်သည်။ မိဗုံက လူတိုင်းကို စွဲစွဲလမ်းလမ်းမခင်တတ်ပါ။ သူ့စိတ်ထဲ သဘောကျ နှစ်သက်စရာလူမျိုး တွေ့ပြီဆိုလျှင်လည်း တတွတ်တွတ်နှင့် ပြောမဆုံးတော့။ အမေးအမြန်းကလည်းထူသည်။ သိချင်တာသိရမှ။ အခုတော့အရင်းနှီးဆုံး ဆိုတာ သူဘဲရှိ၍ သူကျောင်းမှာ ကြုံခဲ့ ဖြစ်ခဲ့သမျှကို အကုန်ပြန်လည်ဖောက်သည်ချသည်။ သူက ဒိုင်ခံနားထောင်ရသည်။ သူချစ်သော မြန်မာစာသင်သည့် ဆရာမကိုလည်း အားတိုင်းစကားထဲထည့်ပြောသည်။ ဆရာမ ရာထူးတိုး၍ ပြောင်းသွားရတော့ မိဗုံကဝမ်းနည်းပက်လက်။ သူက ချော့ရသည်။
ဒီလိုနဲ့ သူတို့နှစ်ယောက် အေးချမ်းပျော်ရွှင်စွာ ကလေးဘဝတွေကို ဖြတ်သန်းခဲ့ကြသည်။ မိဗုံဆယ်တန်းအောင်၍ တက္ကသိုလ် တက်ရန် မြို့ကို သွားတော့ သူဝမ်းနည်းရသည်။ သူ့ဘဝထဲက အလင်းရောင်တစ်ခု လျှော့သွားသလိုခံစားရသည်။ မိဗုံကတော့ ပျော်သည်လည်းမဟုတ် ပျင်းသည်လည်းမဟုတ်။ ဝတ္တရားအရကျောင်းတက်သွားရန် ပြင်ဆင်သည်။ သွားမည့်နေ့က သူ့ကိုလာနှုတ်ဆက်သည်။ “ ကတုံး ငါသွားတော့မယ် နင်ဘာမှာအုံးမလဲ “ သူအရှေ့ကိုသာ ငေးစိုက်ကြည့်ရင်း လိမ်လိမ်မာမာနေ ရည်းစားတွေ ဘာတွေထားမနေနဲ့အုံး” ဟု မှာဖြစ်သည်။ မိဗုံကျောင်းမှာ ပျော်နေသောအချိန်တွင် သူ့မှာ ငယ်ငယ်မိဗုံစာသင်ခဲ့သော မန်ကျည်းပင်အောက်တွင် တစ်ယောက်ထဲထိုင်ရင်း ပြန်လာမည့်ရက်တွေကို လက်ချိုးမျှော်နေရသည်။မိဗုံ သူ့ကိုလက်ဆောင်ဝယ်ပေးထားသော ရေဒီယိုလေးတစ်လုံးဖြင့် တစ်နေ့တာအချိန်တွေကို ဖြတ်သန်းရသည်။ ဘဝမှာ အတွယ်တာရဆုံး ဆို၍ မိဗုံဘဲရှိတာမို့ သူမျှော်နေတာလား။ မိဗုံအသံစွာစွာလေးကို ကြားနေရလျှင်ပင်သူပျော်သည်။ အမြဲတမ်းသနပ်ခါးလိမ်းလေ့ရှိသော မိဗုံဆီမှသနပ်ခါး နံ့လေးတွေကိုလည်း သူအလွတ်ရသည်။ နောက်ဆုံးခြေသံလေးကအစ မိဗုံခြေသံမှန်းသူသိသည်။ မိဗုံနှင့် အဝေးကြီးမှာ မနေလိုပါ။ ဒါဆို မိဗုံကိုသူချစ်နေတာလား ။ မိဗုံကို ချစ်တာအခုမှမဟုတ်ပါ။ ငယ်စဉ်ကတည်း သူ့ရင်ထဲမှာ မိဗုံကရှိခဲ့တာဘဲလေ။ ဒါပေမယ့် သူတို့အရွယ်တွေ ရပ်တန့်နေမည်မဟုတ်ပါ။ ဒီအသက်အရွယ်မှာ ငယ်ငယ်တုန်းကအချစ်မျိုးနဲ့ ချစ်နေတာပါဆိုလျှင်ညီမလေး ယုံပါ့မလား။ သူ့ကိုယ်သူပြန်မေးကြည့်မိသည်။ အဖြေသည်ရေရေရာရာထွက်မလာပါ။ ဘယ်နည်းနဲ့မှ မောင်နှမထက်ကျော်သည့်အချစ်မျိုးနှင့် မိဗုံကို မချစ်သင့်မှန်း သူနားလည်သည်။ သူ့အခြေနေနှင့် ကိုယ့်ကို ဒီစကားပြောလာလိမ့်မည်ဟူ၍လည်း မိဗုံထင်ထားမည်မဟုတ်ဟုဆိုတာ သူသိသည်။ တစ်ခါတစ်လေ ကို့ဘဝကိုယ် နာကျည်းမိသည်။ ဒါပေမယ့်နေသားကျခဲ့ပြီဘဲလေ။ သူ့ရင်ထဲမှာရှိသော အချစ်နှင့် မိဗုံ နားလည်ထားေသောအချစ်နဲ့ တူရဲ့လားဆိုတာ သိချင်မိသည်။ ဘယ်တော့မှ မမေးဖြစ်ခဲ့ပါ။ မိဗုံချစ်သူရှိနေပြီလားဆိုတာ လည်းသူမမေးခဲ့ပါ။ ရှိခဲ့လျှင်လည်း သူ့ကိုပြောပြမည်မှာမလွဲ။ ဘာဘဲဖြစ်ဖြစ် မိဗုံမှာ ချစ်သူမရှိတာကို သူ ကျေနပ်နေခဲ့ပါသည်။
မနေ့က စာမေးပွဲဖြေပြီးပြီးချင်း ပွဲအမှီ မိဗုံပြန်လာပါသည်။ ရွာက မိချစ် ကမိဗုံ လှလာတယ် ရည်းစားများရနေပြီလားဟု မေးကြသည် ။ မိဗုံဖြေသံကို သူနားစွင့်မိသည်။ ကျောင်းက လူတွေက ကတုံးလောက်မချောဘူးဟု မိဗုံက မဆီမဆိုင်ပြန်ဖြေသည်။ ဘာရယ်မဟုတ် သူကျေနပ်နေမိသည်။ ဒီနေ့ မိဗုံတို့အိမ်မှာ အချဉ်ထုပ်စားရင်း သူသိချင်သည့်အကြောင်းအရာကို မရည်ရွယ်ထားဘဲမေးမိခြင်းပင်။ သူနောက်တစ်ကြိမ်ထပ်ပြောမိသည်။ “ အချစ်ဆိုတာကို နင်ဘယ်လိုနားလည်သလဲလို့ ငါမေးတာ”
“ ဟဲ့ အချစ်ဆိုတာ နင်လည်းကြားလိုက်တာဘဲ မို့လား ဗမာလိုဆိုတာဘဲလေ ပထမတစ်ပုဒ်က ကောင်းသားဘဲ နောက်အပုဒ်က သိပ်အလွတ်မရလို့ထင်တယ် ထစ်နေတယ်”
“ဟာ နင်ကလည်း မိချစ်သီချင်းဆိုတာကို ပြောတာမဟုတ်ဘူး နင်ကလည်းဟာ ဒုံးဝေးပါ့ ရင်ထဲက အချစ်ကိုပြောတာ “
“ ကတုံး နင်က ရင်ထဲက အချစ်တွေ ဘာတွေနဲ့ ရေဒီယိုတွေ နားထောင်ပြီး စိတ်ကူးယဉ်နေတာလား”
မိဗုံစကားက သူ့အရှိုက်ကို ထိသွားသည်။ ဟုတ်တာပေါ့ သူစိတ်ကူးယဉ်ခဲ့တာပါ။ ကိုယ်နဲ့ မတန်တဲ့အချစ်တစ်ခုကို စိတ်ကူးထဲမှာ ရူးကြည့်မိခဲ့တာပါ။ တစ်ကယ်ဆို မိဗုံက တစ်သက်လုံးသူ့ရဲ့ညီမလေး ဖြစ်သင့်တာပေါ့ ။ တစ်နေ့ မိဗုံချစ်တဲ့ သူနှင့်တွေ့၍ အိမ်ထောင်ကျသောအခါ သူကအစ်ကိုကြီးနေရာကနေ ကန်တော့ခံမည်။ သူတို့မွေးလာသော ကလေးတွေကို တယုတယ ထိန်းပေးမည်။ ဒီလိုဘဲဖြစ်သင့်သည်လေ။ ရင်ထဲက မွန်းကျပ်လာသောအတွေးတို့ကြောင့့် လက်ထဲကိုင်ထားသော တုတ်ဖြင့် မြေကြီးပေါ်ကို တဒေါက်ဒေါက်ခေါက်မိသည်။
“နင်ပြန်တော့မလို့လားကတုံး”
“ အေးလေ ငါပြန်တော့မယ် “
“ အေး ငါလိုက်မပို့တော့ဘူးနော် “ မိဗုံလေသံက ဘာမှမဖြစ်သလို ။ ဟုတ်တာပေါ့ ဒီတိုင်းဘဲဖြစ်သင့်သည်လေ။ မိဗုံသာ တစ်ခုခုသူ့အပေါ်အထင်လွဲ ခဲ့ပါက ခံစားရသူမှာသူဘဲဖြစ်လိမ့်မည်။ ဒီနှစ်အိမ်ကြား ကူးသည့်လမ်းလေးကို သူငယ်စဉ်တည်းက အလွတ်ရနေပြီးသားပါ။ အလွတ်ရနေတာတွေများခဲ့ပါပြီ မိဗုံရယ်။ ဒါပေမယ့် သူတစ်ခုတော့ ပြောပြချင်ပါသည်။
“ မွေးဖွားတည်းက စက္ကုနှစ်ကွင်း အလင်းမရခဲ့တဲ့ ဒုက္ခိတ တစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ ချစ်တတ်တဲ့ နှလုံးသားတစ်စုံကတော့ မကျိုးမပဲ့ဘဲ အကောင်းအတိုင်းပါခဲ့ပါတယ် ဆိုတာ သိစေချင်လိုက်တာ ညီမလေးရယ် “ ရင်ထဲမှစကားတို့ဆိုရင်း လက်ထဲမှ တုတ်ကောက်ကိုအားပြု၍ သူ့အိမ်ဘက်သို့ တစ်ရွေ့ရွေ့ ပြန်လာခဲ့မိသည်။ ။
28 comments
ခိုင်ဇာ
February 10, 2013 at 4:19 pm
ဟယ်၊
ဖတ်ရင်း ကျုပ်က မိဗုံ ပုံစံလေးကို ချစ်နေရာက အဆုံးသတ်ကျ ကတုံးလေး ကိုသနားလိုက်တာအေ။
ခုတလော စိတ်တွေမခိုင်ဘူး။ အားရင် ငိုချင်နေတာ။
:byae:
ဗုံဗုံ
February 10, 2013 at 6:35 pm
မမခိုင်ဇာ နိုနဲ့ တိတ်တိတ် ပြန်လာမှ ဝက်သားဒုတ်ထိုးကျွေးမယ်သိလား ပထမဦးဆုံးလာမန့်လို့ ကျေးဇူးတင်စွာဖြင့် ကတုံးနဲ့ မိတ်ဆက်ပေးမယ် နော်
ကိုရင်စည်သူ
February 10, 2013 at 5:09 pm
တကယ်တော့.. အဲ့ဇာတ်လမ်းထဲက ဇာတ်ကောင်ကတုံးဟာ.. 🙂
ဟောဒီက ကိုရင်စည်သူ ကတုံးပါခင်ဗျာ..။ မိဗုံက မြို့တက်ရင်း
လက်ဖက်ရည်ဆိုင်ကော အဖြူဘီအီးဆိုင် နှစ်လုံး မာဆပ်တွဲဖွင့်တဲ့
ဆိုင်ရှင်ရဲ့ သားနဲ့ ဟိုလိုလိုဒီလိုလို ဖြစ်သွားတာလည်း ရွာက မျက်မမြင် ကိုရင်ကတုံးကြားရော… 😥
စိတ်နာနာနဲ့ ရွှေဘိုမှာလူပြောများတဲ့ ဂေဇက်ဆိုတဲ့ အွန်လိုင်းပေါ်မှာ ကီးဘုတ်မမြင်မစမ်းနဲ့ ကိုင်ပီး 👿
စာတွေရေးတာ.. ပေါက်သွားလို့… ဂေဇက်ပိုင်ရှင် ဦးခိုင်ဆိုသူက ထောင်ထားတဲ့
မျက်မမြင်ဖောင်ဒေးရှင်းကနေ စပွန်ဆာနဲ့ ကိုရင်ကတုံးမျက်လုံးနှစ်ခု အလင်းရပြီး
သင်္ဘောတင်လိုက်တာ ခုဆို ဂုတ်လောက်ရှည်နေရာပေါ့.. ((ဆံပင်)) :gee:
ဗုံဗုံ
February 10, 2013 at 6:41 pm
ဟယ်…..ကတုံးရယ် နင်တောင် သဘောင်္သားကြီး ဖစ်သွားပါရောလားကွယ် နာ စာသင်ပေးခဲ့တဲ့ ကျေးဇူးမမေ့နဲ့နော် (နင်ကီးဘုတ်ကြီးကို မမြင်မစမ်းနဲ့ကိုင်ပြီးရေးနေတာ ငါသနားလိုက်တာဟယ် :harr:
Mr. MarGa
February 10, 2013 at 6:09 pm
ညီမလေးရေ
သိစေချင်လို့ ဖွင့်ပြောတာကို အဲလိုတော့ မရှောင်သင့်ပါဘူးကွယ်
ကတုံးမှာ အလင်းမရှိပေမယ့် အချစ်တော့ ရှိပါသေးသကွယ်
:kwi:
ဗုံဗုံ
February 10, 2013 at 6:46 pm
ကတုံးမှာ အလင်းမရှိပေမယ့် အချစ်တော့ ရှိတဲ့အတွက် ဦးမာဃ တူမနဲ့ ပေးစားဖို့ ရွာကနေခေါ်ခဲ့မယ်ကွယ် :kwi:
မောင်ပေ
February 10, 2013 at 7:46 pm
သည်ပို ့စ်လေးအတွက် မိဗုံလေးကို
ကိုကိုပေ အမှတ်၁၅၀ဝ ပေးလိုက်ပါတယ်ကွယ်
ယူနော် ယူပါ
ဗုံဗုံ
February 10, 2013 at 7:59 pm
အဲ့ဒီ 1500နဲ့ မန်ယူဘက်ကနေ လောင်းလိုက်ပါတယ် ကပေရယ်
မောင်ပေ
February 10, 2013 at 8:09 pm
ဗုံဗုံရေ
ဒီညပွဲမှာတော့
မန်ယူကို ဘယ်လောက်ကြိုက်ကြိုက်
လက်ရှောင်ပါကွယ်
အဲဗာတန် သရေကန်နိုင်ပါတယ်
Myo Thant
February 11, 2013 at 9:05 am
မန်ယူကြိုက်တယ်ဆိုရင်တော့ ကောင်းကောင်းနဲ့ တစ်ဂိုဏ်းထဲဖြစ်သွားပါပြီကွယ်
တောတွင်းပျော်
February 10, 2013 at 8:38 pm
သို ့
တူမကြီး မိဗုံဗုံ
တူမကြီးရဲ ့ ပိုစ်ဖတ်ပြီးတော ့ ရွာထဲက အရမ်းခြစ်တတ်တဲ ့ လူပြိ ုကြီးတွေရဲ ့ လက်နက်ကြီးတွေအကြောင်း
တွေးမိပြီး တူမကြီး အတွက် ဘကြီးရင်လေးမိတယ်ကွယ်…..
တကယ်တော ့ အချစ်ဆိုတာ မျက်စိမှာတည်တာမဟုတ်တာပါဘူးကွယ်။
မောင်ကတုံးလေးဆိုတာကလည်း အဘတို ့မျက်စိအောက်က ကြီးလာခဲ ့တဲ ့ကလေးပါ။
သူကြီးရဲ ့ ဖိုးချစ်သီအိုရီ (ခေးအော ့) အရကြောင် ့ မျက်စိနှစ်ကွင်းအလင်းမရရှာခဲ ့ပေမယ် ့ ရိုးသားတဲ ့သူငယ်လေးပါ။ တူမကြီးအပေါ်ထားတဲ ့ သံယောဇဉ် အနွံတာ သူ ့လိုထားနိုင်တဲ ့သူ
မရှိဘူးဆိုတာ တူမကြီး အသိဆုံးပါ…
ဘကြီးအနေနဲ ့တော ့ ဟို.. ဟို…ဟို ကြေးနီတောင်ကြီး မကွယ်ခင်
တူမကြီးနဲ ့ မောင်ကတုံးလေးကို စိတ်ချသွားချင်တာ ဘကြီးရဲ ့ အကြီးမားဆုံး ဆန္ဒပါကွယ်…
တူမလေး မိဗုံဗုံ ရဲ ့
တောက ဘကြီးပျော်
ဗုံဗုံ
February 11, 2013 at 8:37 am
စိတ်ချပါ ဘကြီးရယ် … ဘကြီးသာ ဘဝကူးကောင်းကောင် ဘာမှတွေးမနေပါနဲ့နော် ဘုရားတရားသာအာရုံပြုနေပါ ဘကြီးသွားမှ မိဗုံလုပ်ချင်ရာလုပ်ပါ့မယ်
ခင်ခ
February 10, 2013 at 8:44 pm
ကတုံး နဲ့ မိဗုံ ။
မိဗုံ နဲ့ ကတုံး ။
ဇာတ်လမ်းဆုံးပေါ့ကွယ်။
ဗုံဗုံ
February 11, 2013 at 8:40 am
ဟုတ်တာပေါ့ လေးခရယ် ဇာတ်လမ်းလည်း ဆုံးရော မိဗုံလည်း ကတုံးဖြစ်ပြီး စစ်ကိုင်းချောင်ရောက်သွားရှာလေသတဲ့ ………..
မဟာရာဇာ အံစာတုံး
February 10, 2013 at 11:04 pm
မိဗုံ .. ဘာလို့ တစ်ကွက် ချန်ခဲ့တာတုံးးး
လူဒွေများ အချဉ်မှတ်လို့ …
အဲ့ဒီတုန်းက နင် ကတုံးကို ဖက်နမ်းလိုက်တာ
ငါ တွေ့လိုက်သားဘဲ …
((ဒါ့ပုံ ထုတ်ပြပြီး ဖွပလိုက်ရမလား))
ဗုံဗုံ
February 11, 2013 at 9:05 am
နင့်ဂို နာ အချဉ်ပေါင်းတစ်ထုပ် ကျွေးထားတယ်လေဟယ် ချင်းချင်းဒွေဘဲဟာ ကြောနဲ့တိရား
ဦးကြောင်ကြီး
February 10, 2013 at 11:26 pm
ဗုံဗုံ ပိုက်ထွေးယုယ ကြင်နာနမ်းရှုပ်ခဲ့တဲ့ ကြောင်လေးဟာ အခုဆို ကိုးတောင်ကျား အရွယ်ရှိ သန်မာထွားကြိုင်းတဲ့ ကြောင်ကြီးဖြစ်လို့ နေပါပြီကွယ်။ သနားရင် တရုတ်ပြည်တော့ မပို့လိုက်ပါနဲ့.. အရင်လိုပဲ ဗုံလေးရင်ခွင်ထဲ ခိုနားပါရစေ… 😳
ဗုံဗုံ
February 11, 2013 at 9:09 am
အိုက်ဒါဆို ကြောင်တောင်ကန်း ဆိုတာ ဦးကြောင်ကို ပြောတာပေါ့နော် ဖစ်ရလေ အောင်ကြူးရယ်
surmi
February 11, 2013 at 12:53 am
ဒီတစ်ခါ ဗုံသံက တစ်မျိုးထူးတယ်နော …
လိုရင်းကိုတိုတိုနဲ့ ထိထိမိမိ ဆွဲဆောင်သွားပြီး သရုပ်ဖေါ်သွားတာ လက်ဖျားခါရတယ် ။
မကြာမကြာ ရေးပါဦး ။ နည်းနာလည်းယူပါတယ် ။
ကတုံးမျက်စိမမြင်တာကို နောက်ဆုံးမှ ဆွဲထုတ်လိုက်တာ … ပရို လက်ရာမဖြစ်သေးရင်တောင်မှ
ဆီမီးပရို အဖြစ် မငြင်းနိုင်လောက်ပါဘူး ။။။။။
ဗုံဗုံ
February 11, 2013 at 9:54 am
ခုလိုအားပေးစကားပြောပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ် ဦးဦးဆာမိရယ် ရန်ကုန်ရောက်နေလို့သာပေါ့ မန်းလေးမှာများရှိရင် ချက်ချင်းပြေးလာပြီး မုန့်ကြွေးပစ်လိုက်မှာ
padonmar
February 11, 2013 at 8:11 am
ပညာပါတဲ့ အရေးအသားလေးပါ၊
အဆုံးရောက်တော့မှ တစ်ခေါက်ပြန်ဖတ်မိပါတယ်။
ဗုံဗုံ
February 11, 2013 at 9:57 am
ကျေးဇူးတင်ပါတယ် အန်တီပဒုမ္မာရှင့် 🙂
Myo Thant
February 11, 2013 at 9:08 am
လပ်ဗ် အစ်စ် ဘလိုင်း ဆိုတာများ
ဗုံကလေး မသိလေရော့သလားကွယ်
ဗုံဗုံ
February 11, 2013 at 10:03 am
လပ်ဗ် အစ်စ် ဘလိုင်း တွေဘာတွေ ဘာမှသိဘူး
အိုင် လပ်ဗ် ကောင်းကောင်းဘဲသိတယ် ယောက်ဂမဂျီး ဒါဘဲ
Myo Thant
February 11, 2013 at 11:20 am
ဇွတ်ပါလားကွယ်
ဒီတစ်ခါ မန်ဘာတွေ့ဆုံပွဲကို ဘယ်မှာလုပ်လုပ်
ကောင်းကောင်းလက်ကိုဆွဲ အတင်းပဲကို လာဦးမှာ
🙂
kyeemite
February 11, 2013 at 10:54 am
အချစ်မှာမျက်စိမရှိဘူးဆိုတာ..ဒါကိုပြောတာပေါ့..မိဗုံရယ်…
သတိပေးလိုက်အုံးမယ်..ညည ရွာထဲတစ်ယောက်တည်းလျှောက်မသွားနဲ့နော်
ကြောင်ပါးကြီးတစ်ကောင်သောင်းကျန်းနေလို့… :kwi:
kyeemite
February 11, 2013 at 11:26 am
ဒါနဲ့ ဇကားအတင်းစပ်..
ခုတလော ရွာထဲ ဘလိုင်းဇတ်တွေ ခေတ်စားနေပါလား… :hee:
ဗုံဗုံ
February 11, 2013 at 2:07 pm
ဟုတ်ပါ့ ဦးကြီးမိုက် ပြောမှဘဲ တိုက်တိုက်ဆိုင်ဆိုင် ပါလားကွယ် ကြောင်ပါးကြီးတော့ တွေ့လိုက်ပါတယ် ဒါပေမယ့် အမြီးပြတ်ကြီးနဲ့