Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းလဲသိပြီးသားပါ ပေါက်ဖော်

မောင် ပေMarch 25, 20131min55814

ဟုတ်တယ်
ပေါက်ဖော်ရဲ ့
မင်းနဲ ့ငါ နဲ ့ဟာ စာဖတ်တာ ဝါသနာပါတဲ့ ကောင်တွေ
ဘီယာသောက်တဲ့ နေရာ ၊ အဝေရာ ဟောတု တဲ့ နေရာ မှာ အကြိုက်ချင်းတူ ၊ နဲနဲလေးသောက်ပြီးရင် ရင်ထဲခံစားရသမျှတွေ ကို ကေတီဗွီမှာ မိုက်ခဲရင်း ဖွင့်ချနေကြ ကောင်တွေဆိုတော့ ၊ ငါ့ရဲ ့ ရင်တွင်းဖြစ်တွေကို မင်းကိုပဲ ပြောရတော့မှာပေါ့ကွာ ။
ဒီလိုကွ ပေါက်ကြီးရ
ပေါက်ကြီး ဆိုလို ့.. ပြောရဦးမယ် ငါ့ရောင်ရေ..
တို ့မန်းလေးသားတွေက တစ်ယောက်နဲ ့တစ်ယောက် ခင်ကြပြီဟေ့ ဆိုရင် ၊ နာမည်တစ်လုံးကိုယူပြီး ကြီးထဲ့ ခေါ်လေ့ရှိကြသကွ ။ ဥမပါ မင်းနာမည် “ပေါက်ဖော်” ဆိုတာကို ငါ က ပေါက်ကြီးလို ့ခေါ်တာမျိုးပေါ့ကွာ ။
မင်းတို ့မြို ့ဆီမှာတော့ ဘယ်လိုနေလဲ ငါအတိအကျ မသိဘူးပေါ့ကွာ
ငတို ့ဆီမှာတော့ကွာ ၊ ငတို ့မြို ့မှာပေါ့ကွာ… လူတွေ တစ်နေ ့တခြား စည်းကမ်းမဲ့လူကြတယ်ဟေ့ ။
ခေတ်ကြီးက ဒီမိုကရေစီသို ့ လို ့၊ ခေါင်းစဉ်တပ်နေကြပေမယ့် ၊ ဒီမိုကရေစီ ဆိုတာဘာလဲ မသိပဲ အော်နေကြတဲ့သူတွေချည်းပဲ ။ အဲ..ငါကိုယ်တိုင်လဲ မသိပါဘူးကွာ ။ ငါ့မှာလဲ ငါ့ရဲ ့ သမုဒ်ဒရာ ဝမ်းတစ်ထွာလေးအတွက် တစ်နေ ့ပြီးတစ်နေ ့လှုပ်ရှားရုန်းကန်နေရတာကလား ။
အဲတစ်ခုတော့ ရှိတယ် ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကတော့ ၊ ငါနေတဲ့ မြို ့နယ် က မဲပေးဖို ့ ပါတော့ ၊ NLD ကို ငါပေးခဲ့ပါတယ်ကွာ ။ အဲ့တုန်းက အကြောင်းတွေ ကို နောက်မှ အေးဆေးပြောပြပါဦးမယ်ကွာ ။
အခုဟာက ဒီလိုကွ…….
တို ့စကားမှာ “ ဖင်မနိုင်ပဲ ပဲကြီးဟင်း မစားနဲ ့ ” ဆိုတာ ရှိတယ်ကွ ၊ မင်းသိပြီးသားပါကွာ ။
စကားရဲ ့ဆိုလိုရင်းကတော့ ၊ မဖြစ်နိုင်တာကို ဇွတ်မလုပ် ဖို ့ပေါ့ကွာ ၊ ဥပမာ ဆိုရရင်ကွာ လူတစ်ယောက် က ပုံမှန်အတိုင်း ထမင်းစားရင် နှစ်ပန်းကန် ကောင်းကောင်းစားနိုင်တယ် ဆိုပါစို ့ကွာ ၊ တစ်ရက်ကြတော့ ၊ အလှူတစ်ခုမှာ အဝကျွေးတာမြင်တော့ ၊ လေးပန်းကန် စားရင်တော့ တစ်နေ ့စာ လွတ်မှာပဲ ဆိုပြီး ၊ ပုံမှန်စားနေကြထက် ပိုစားတော့ ၊ တန်ဆေးလွန်ဘေး ဖြစ်ပြီး ဒုက္ခများရသလို ပေါ့ ။
အဲဒီလို ဖြစ်မှာပေါ့ကွာ
ဒါနဲ ့.. ကြားဖြတ်ပြောရဦးမယ်ကွ ။
ငါက မန်းတလေးမှာနေတာ မင်းသိပါတယ် ။
တို ့မန်းတလေးမြို ့မှာ ဆိုင်ကယ်တွေ အရမ်းများသလို ၊ လမ်းတွေ အရမ်းကြပ်သလို ၊ တစ်ရက်တစ်ရက် ဆေးရုံမှာ ဆိုင်ကယ် အက်စီးဒန် ့ကြောင့် ကုပေးနေရတဲ့ လူနာတွေလဲ မနည်းဘူး ငါ့ရောင်ရေ ။
မနည်းဆို… ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ဘာမှ နားမလည်ပဲ ဆိုင်ကယ်တတ်မောင်းနေတဲ့ကောင်တွေများတာကိုးကွ ။ ဆိုင်ကယ်တစ်စီးရဲ ့ဈေးကလဲ ၂သိန်းလောက် သုံးနိုင်တယ်ဆိုရင်ကို ၊ မောင်းရတဲ့ ဆိုင်ကယ်တစ်စီးလောက် ဝယ်ရနေပြီဆိုတော့ကွာ ၊ ဆိုက်ကားသမားကလဲ ယာဉ်မောင်းလိုင်စင် မရှိပဲ ဆိုင်ကယ်တက္ကစီမောင်းလို ့မောင်းနဲ ့ကွာ ။
နောက်ပြီး တို ့မြို ့မှာက ယာဉ်ကြီးနဲ ့ယာဉ်ငယ် ၊ ဖြစ်လိုက်ရင် ယာဉ်ကြီးအမှား လို ့ပဲ သတ်မှတ်ကြတော့ ၊ အဲဒါကို သိထားတဲ့ ဆိုင်ကယ်သမားဆိုရင် ပိုလူပါးဝတယ် ငါ့ရောင်ရဲ ့။
မိုက်ရင်တိုက်သွား ဆိုသလိုမျိုး အပေါက်ချိုးနေကြတာကလား ။
ပြီးရင်တော့ လျှော်ကြေးတောင်းဖို ့၊ သူရို ့တွေ အော်လာမှာ သေချာတယ်ကွ ။
ဈေးပေါပေါနဲ ့သွားရေးလာရေး အဆင်ပြေလာတာကို ဝမ်းသာမိပေမယ့် ၊ ခပ်လွယ်လွယ်နဲ ့မသာပေါ်ဖို ့အကြောင်းတွေ မြန်လွန်းနေတာကိုလဲ သတိထားနေရတယ်မောင် ။
အခုတော့ တို ့ဆီမှာ ၊ ယာဉ်မောင်းတွေကို အယ်လ်ကိုဟော တက်စ်တာ နဲ ့စစ်တော့မယ်လို ့သိရတယ် ။ ကောင်းပါတယ်ကွာ ။ ဒါပေသည့် ၊ ငါ့လို တစ်ပတ် ၄ရက်လောက် ဘီယာသောက်တဲ့ ကောင်တွေတော့ မချောင်ဘူးကွ ။ ညသောက်ပြီး ပြန်ရင် ၊ အယ်လ်ကိုဟော တက်စ်တာတွေကို ရှောင်နေရပြီ မောင် ။
မင်းကလဲ မင်းတို ့ဆီမှာ လိုင်းကားတွေ ၊ တက်ဆီတွေ ၊ ကိုယ်ပိုင်ကားတွေ အပြိုင်ကြဲကြပုံကို ပြောတော့ ၊ တို ့ဆီက ဆိုင်ကယ်သမားတွေ နဲ ့ မင်းတို ့ဆီက ကားသမားတွေ ကို တစ်လမ်းထဲ ပေးမောင်းချင်စိတ်ဖြစ်မိသေးသား ။
အခုလောလောဆယ်တော့ ဆိုင်ကယ်မောင်း ကားမောင်းတဲ့နေရာမှာ ခဏရပ်ပြီး ၊ နောက်နေ ့မှ ဆက်ပြောကြသေးတာပေါ့ကွာ ။
ဟိုတလောက မင်းအက်ဆီးဒန် ့ဖြစ်ခဲ့တဲ့ဟာလဲ တော်တော်သက်သာလာလောက်ပြီလို ့ငါမျှော်လင့်မိပါတယ် ။
နောက်မှ ဆက်ပြောတော့မယ်….. ငါ့ရောင်ရေ
တော်ကြီးပြီကွာ ။ (ခရက်ဒစ်တူ ရေငံပိုင်ဦးဖော)

*********************

14 comments

  • အရီးခင်လတ်

    March 25, 2013 at 10:08 pm

    အားပေးသွားကြောင်းလေး … ပေါက်ဖော်မိတ်ဆွေ ကဗျာဆရာ ရေ။ 🙂

  • padonmar

    March 25, 2013 at 11:42 pm

    ပေါက်ဖော်လည်း ဘယ်ဆီရောက်ပါလိမ့် မောင်ပေရယ်။
    အားပေးထောက်ခံခဲ့ပါတယ်။

    • တီတီရေ …

      ပေါက်ဖော်က ပြန်မကောင်းတတ်သေးလို့
      ရွာထဲ ပြန်ဝင်မလာသေးတာ ဖြစ်ပါလိမ့်မယ်ဗျ …
      သူကောင်းသွားတဲ့အချိန် ပြန်လာမှာပါ …
      ကျုပ်လည်း အဲ့ဒီအချိန်ကို မျှော်လင့်နေတာ …

  • ရာမည

    March 26, 2013 at 12:01 am

    မန်းလေးဆိုင်ကယ်နဲ ့ ရန်ကုန်တက်စီ တွေ့ရင်တော ့ပွဲကြီးပွဲကောင်းပေါ ့ဦးပေရယ်
    ယဉ်ကြီးယဉ်ငယ် ဥပဒေကို ပြန်စီစစ်သင့်တာအမှန်ပါပဲ
    အမြဲတန်းကားသမားအမှားလုပ်နေတာတော ့မတရားဘူထင်ပါတယ်

  • ဦးကြောင်ကြီး

    March 26, 2013 at 9:14 am

    ပေါက်ပေ
    ပေပေါက်
    ရွှေမျောက်
    ရေသောက်
    မြွေဟောက်
    မြေလျောက်
    နွေရောက်
    နေတောက်
    ဖေမှောက်
    ဖွေကောက်..။

  • ကထူးဆန်း

    March 26, 2013 at 10:21 am

    တိုပေ လူဆိုး အယ်လ်ကိုဟောတက်စတာ နဲ့ စစ်ရမယ် .
    အရှိန်လေးရလို့ ဖတ်ကောင်းကာနီးမှ တော်ကြီးပြီကွာတဲံ့ … :hee:

  • နေဝန်းနီ

    March 26, 2013 at 10:59 am

    သိပြီးသားဆိုလည်း ပြောမနေနဲ့ ကပေရာ….။ ဒီမှာလှုပ်စိလှု ပ်စိနဲ့ အချိန်မရဘူး ပြန်တော့မယ် နောက်မှ ကွန်မန့်ရှည်ရှည်လာရေးတော့မယ်

  • KZ

    March 26, 2013 at 11:47 am

    ဒီတစ်ခေါက် မန်းလေးပြန်ပြီး …….
    အရင်က ဘယ်သတ္တိနဲ့ ဆိုင်ကယ်စီးခဲ့ပါလိမ့် တွေးကြောက်မိသေး။
    :eee:
    ၃ ယောက်လည်း စီးနေခဲ့ကြတာ။
    ခုတော့ ………… 🙁

  • ကိုရင်စည်သူ

    March 26, 2013 at 6:43 pm

    ကိုပေရေ.. မငြင်းပါနဲ့ဂျာ.. ငြင်ပါးနဲ့
    တစ်ပတ်မှာ ၄ရက်ဘီဘီကစ်နိုင်တော့..
    ဗမာပြည်ရဲ့ သူဌေးစာရင်းမှာပါနေပါပီ…

  • မောင် ပေ

    March 26, 2013 at 8:44 pm

    ဖတ်ရှုအားပေးသွားသူအပေါင်းနဲ ့ကွန်မင့်များပေးကြသော ဘော်ဘော်များအားလုံး မင်္ဂလာအပေါင်းနဲ ့ခညောင်းကြပါစေဗျား

  • mobile

    March 27, 2013 at 7:19 am

    အားပေးသမှုပြုလိုက်ရပါ၏………………..
    ဆိုင်ကယ်တွေ ကားတွေ ဗရမ်းဗတာ နိုင်တဲ့နေရာကတော့
    ကျုပ်တွေ့ဖူးသမျှ မြဝတီ အဆိုးဆုံးပဲဗျာ….
    လမ်းတွေက ကျဉ်းတယ်….. ကားတွေက လိုင်စင်မဲတွဈေးပေါးပေါးနဲ့ရတော့
    ဘာအလုပ်မှမလုပ်တဲ့လူတွေသာ ကားမဝယ်နိုင်တယ်….
    လူတိုင်းနီးပါ ကားဝယ်စီးလို့ရတော့ ကားတွေပေါးတယ်……….
    ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ ပတ်သတ်လို့ကတော့ အလွန်စိတ်ပျက်မိပါ၏………….

  • Mr. MarGa

    March 27, 2013 at 6:19 pm

    တိန်
    ကောင်းခန်းရောက်မှ ရပ်သွားသကိုး
    မြန်မြန်ဆက်ပြောဖို့ တောင်းဆိုပါသဗျ :hee:

Leave a Reply