မျှော်လင့်ရင်း ဝေး
ဖော်မဲ့လမ်းမှာ
အထီးကျန်စွာလျှောက်လှမ်း
နောက်မဆုတ်တမ်းဆိုပေမယ့်
လိုနေတဲ့ တစ်နေရာ
ရင်ထဲမှာ ဟာတာတာနဲ့
လာပါကွဲ့လို့ ဖိတ်ခေါ်သော်လည်း
နားလေးတဲ့မြားနတ်မောင်
ဟိုယောင်ဒီယောင်နဲ့မို့
မျက်ရည်မစို့ပေမယ့်
ချို့တဲ့ခဲ့ ချစ်ကြမ္မာ
ဆန်းသစ်တာ မရှိသောလမ်း
မေ့မောတမ်းတ
မှန်းဆ လွမ်းရ နွမ်းလျခဲ့သူကို
ဘယ်သူကြိုလို့ ဆီးမည်နည်း ၊
5 comments
ဗုံဗုံ
March 5, 2013 at 11:51 am
ခေါင်းပေါ်က ဆံပင် ဆုံးရှုံးခံနိုင်ရင် ကြိုနေမယ့် နေရာတွေ အများကြီးရှိပါတယ် ယောက်ခမဂျီးရယ်
ခိုင်ဇာ
March 5, 2013 at 1:27 pm
တောက်။
ဒီ မြှားနတ်မောင် နားလေးနေတာဟုတ်မှာပဲ။
အရေးဆို ခေါ်မကြား၊ အော်မကြား။
မဟုတ်တဲ့ အချိန်ဆို
“မြှားလေးထုတ်ခါကွယ်,၊ တကဲကဲ ပစ်မယ်ရွယ်၊ ချစ်မြှားရှင်ရဲ့၊ မကျီစားပါနဲ့ကွယ်။”
:harr:
မောင် ပေ
March 5, 2013 at 8:48 pm
ငှက်ဆိုတာ ပျံရင်းသေ
လူဆိုတာ ကြံရင်းကေ (အိုကေတဲ့)
အဲဒါ အဲဒါ
ကြံသာကြံ ပါ ကိုမျိုးသန် ့
ဆင်ကြံ ကြံ တယ်ဆိုတဲ့ စကားလဲ ရှိတာပဲနော
garuda
March 6, 2013 at 5:55 pm
♪ရင်မှာဟာတာတာနဲ့… တစ်ခုလိုအပ်နေလို့
♪မင်းကိုဝေးရင်…စိတ်ဓါတ်ကျလာတယ်
♪တကယ်ကို… အထီးကျန်တဲ့နေ့တွေ
♪ကိုယ်သိပ်လွမ်းနေတဲ့…. ညတွေ
♪ဒီလို ဆက်တိုက်ကြီးဆို…. ရူးတော့မှာဘဲ…။
(ကြေကွဲနေ့ညတွေ-၁၉း၁၈)
မဟာရာဇာ အံစာတုံး
April 2, 2013 at 10:21 pm
ကတောက်စ် …
ရှေ့က အသည်းပုံတွေက တော်တော်ကို ရှုပ်တယ်
နောက်ကဟာ ကြည့်ချင်ပါတယ်ဆိုနေမှ …
အအေးပုလင်းကတော့ သေချာတယ် ..
ခရက်ရှာပဲ ဖြစ်ရမယ် ..