Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၁)

alinsettMarch 5, 20131min50910

444

ခရာ

ပွဲတော် မှာ သူရှူံ းနိမ့်ခဲ ့ပါသည်။

ခရာတစ် လက် ကို သူ မှုတ်ခဲ့၏

အချို့ သူ့ကို နားမလည်ကြချေ။

“ခရာဆို တာ အောင် မြင်သူ က မှုတ်ရတာဗျ။ ခင်ဗျားက ရှုံးတဲ့သူ ပဲ၊ ဘာဖြစ် လို့မှ ုတ်ရတာလဲ”

“ဟုတ်ပါတယ်၊ ကျွန်တော်ရှုုံးခဲ့ ပါတယ်၊ ဒါပေမယ့် ကျွန်တော့် ပြိုင်ဘက်ရဲ့ အောင် မြင် မှု ကို အသိအမှတ် ပြုတဲ့အနေနဲ့ ကျွန်တော်ဒီခရာကို မှုတ်နေတာပါ”

စကားအဆုံး မှာ ခရာကလေးကိုပဲ သူဆက် မှုတ်နေလိုက်သည်။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

555

ပြိုင်ဘက် ရဲ ့အောင်မြင်မှုကို။။။။ ဝမ်းမြောက် ဝမ်းသာ အသိအမှတ်ပြုနိုင်တဲ ့ အဲဒီ ရှုံးသူရဲ ့

စိတ်ဓါတ်ရေးရာ မြင့်မားထည်ဝါမှုကိ်ု…ခံစားလိုက်ရတဲ ့အခါ……

ကျွန်တော်…….

ကိုယ့်အဖြစ်ကို….ကိုယ် ဝမ်းနည်းမိပါတယ် ။

ကျွန်တော့်အဖြစ်က ဒီလိုပါ ။

————————-

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ကျွန်တော်….ပြိုင်ပွဲတစ်ခုမှာ… အောင်မြင်ဖူးပါတယ် ။

ဒါပေမယ့်..ကျွန်တော့်အောင်မြင်မှုကို… အသိအမှတ်ပြုပေးမယ့်… ပြိုင်ဘက်ကောင်းတွေတော့….

မရလိုက်ဘူး ။

အဲဒီ အစား..ကျွန်တော်…ရလိုက်တာတွေက….

ပထမဆု တစ်ခု….

ပြိုင်ဘက်များရဲ ့…နဂို ခင်မင်ရင်းနှီးမှုများ..ပျောက်ပျက်သွားခြင်း

မနာ လိုဝန်တိုစွာ..ပြုမှု ပြောဆိုမှုများ

ကဲ ့ရဲ ့ရှုတ်ချ မှုများ

စောင်းမြောင်းပြောဆိုသော အမုန်းစကားအချို ့နဲ ့…..

အထီးကျန်..ဆန်သွားခြင်းတို့ ပဲ..ကျွန်တော်..ရလိုက်ပါတယ် ။

ကျွန်တော်…

ပြိုင်ပွဲမှာ…

ပထမဆု ရလိုက်တဲ ့ အချိန်မှာပဲ….

ပြိုင်ဘက်တွေက…( သိသိသာသာ ကြိီး.).ကျွန်တော့်ကို ပစ်ပယ်လိုက်ကြတော့တယ် ။

ကျွန်တော့်ကို စောင်းမြောင်းပြောဆိုစကားတွေနဲ ့ မကျေနပ်ကြောင်း..ပြကြတယ် ။

ခင်မင်မှုဆိုတာတွေက… သိသာစွာ..လျော့ကျ သွားတယ် ။

ကုန်ကုန် ပြောရရင်…..

ကျွန်တော်….ပထမဆုုကို ရလိုက်တာဟာ… သူတို့တွေက

“ ငါတို ့ လျှော့ပြီး.ပြိုင်လို ့..ရတာပါ…” တဲ့ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

သူတို့…ကျွန်တော့် ကြိုးစားအားထုတ်မှုနဲ ့ ကျွန်တော့် အရည်အချင်းကို…. အသိအမှတ် မပြုနိုင်ကြဘူး ။

သူတို ့…သနားလို ့… / အလျှော့ပေးလိုက်လို ့…ကျွန်တော်က ပထမဆုရသွားတာ..တဲ ့ ။

ကျွန်တော်…..တော်တော် စိတ်မကောင်းဖြစ်မိပါတယ် ။

ပထမဆုကြီးကိုူ ပိုက်ပြီး….. ကိုယ့်ကို ကိုယ် ကျေနပ်စိတ် တစ်ဖက်…

ပြိုင်ဘက်တွေ ရဲ ့ ( ပြိုင်ဘက်ဆိုပေမယ့် သူငယ်ချင်းမိတ်ဆွေတွေဖြစ်ခဲ့တာပါပဲ ) မုန်းလိုဟန်တွေကို..ရင်နာနာနဲ ့..လက်ခံပြီး.. စိတ်မကောင်းဖြစ်ရတာက တစ်ဖက်နဲ ့

စိ်တ်တွေ…ရှုပ်ထွေးခဲ့ပါတယ် ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ပြိုင်ဘက်တွေရဲ ့ သဘောထားပြောင်းလဲပြီး.ဆက်ဆံတာတွေကို… စိတ်မကောင်းထိုင် ဖြစ်နေရုံနဲ ့တော့

ဘာမှ ထူးလာမှာ မဟုတ်ပါဘူး ။

ကျွန်တော်… ဘာလုပ်ရမလဲ….လို့တွေးပါတယ် ။

ကျွန်တော်ရလိုက်တဲ ့… ပထမဆု ဟာ…. ကျွန်တော့် ကြိုးစားအားထုတ်မှု / ကျွန်တော့်အရည်အချင်း စစ်မှန်လို ့

ရတာပါ ။ ရိုးသားစွာ./ ရိုးရှင်းစွာ… ရတာပါ ။

ဒါကြောင့်… ကျွန်တော့်ကို ကျွန်တော်..ကျေနပ်ပါတယ် ။

ပြိုင်ဘက်တွေ ကိုလည်း..ကျွန်တော်… ဘာမှ တုံ ့ပြန်မနေတော့ပါဘူး ။

ကျွန်တော့်အတွက်…. အဲဒီ ပြိုင်ဘက်တွေရဲ ့ လုပ်ရပ်ဟာ..သင်ခန်းစာ ပါပဲ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

နောက်ထပ်

ပြိုင်ရဦးမယ့်….ပြိုင်ပွဲတွေမှာ……

တကယ်လို့များ..ကျွန်တော်က..ရှုံး သူ ဖြစ်ခဲ့ရင်….

အောင်နိုင်သူကို… ဂုဏ်ပြု / အသိအမှတ်ပြုပေးနိုင်တဲ ့သူ…ဖြစ်ဖို့ ကျွန်တော်.. ကြိုးစားမယ် ။

ကျွန်တော့်ပြိုင်ဘက်တွေလို… မနာလို ဝန်တိုစိတ်တွေနဲ ့… သူတပါးအောင်မြင်မှုကို.. စိတ်တိုဒေါသထွက် ပူလောင်နေတဲ ့အဖြစ်တွေ…

ကျွန်တော့်မှာ.. မရှိဖို ့..ကြိုးစားမယ်လေ ။

ကျွန်တော့် အရည်အချင်းကို..အသိအမှတ်ပြုပေးမယ့်.. သူတွေကို….

ကျွန်တော်ကိုယ်တိုင် ဘယ်လောက် တမ်းတ မက်မောခဲ့သလဲ…..

င်္ဒီလိုပဲပေါ့ …။

ဘယ်သူမဆို….

ပထမဆု ရချိ်န်မှာ….. ကိုယ့် အရည်အချင်းကို….အသိအမှတ်ပြုမယ့်သူတွေနဲ ့ပဲ..တွေ ့ချင်မှာပဲလေ ။

ဒီတော့……

ကျွန်တော်… ကိုယ့် ကို ကိုယ် ပဲ..ပြင်ပါ့မယ် ။

ကျွန်တော်…ရှုံးချိန်မှာ….. ပြိုင်ဘက်ရဲ ့အရည်အချင်းကို….

အသိအမှတ်ပြုဖို အတွက်….

ကျွန်တော်…..

ခရာ.. မှုတ်ဖြစ်အောင် မှုတ်မှာပါ ။ 555

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

ရှုံးသူက….

နိုင်သူရဲ ့ အရည်အချင်းနဲ ့ ကြိုးစား အားထုတ်မှုကို

အသိအမှတ်ပြုပြီး..ဂုဏ်ပြုချိီးကျူးနိုင်တဲ ့ အဖြစ်ကလေးဟာ…..

သိပ် ချစ်စရာကောင်းတဲ ့… ကိစ္စပါ ။

######################################################################

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

######################################################################

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

ခင်မင်လေးစားစွာဖြင့်….

အလင်းဆက်

10 comments

  • ခိုင်ဇာ

    March 5, 2013 at 10:45 am

    အရင် က တွေးဖူးတာလေး။
    ဖြစ်နိုင်ရင် တာရာမင်းဝေ စာရေး စားပွဲ နားမှာ ထိုင်ပြီး သူ အကြမ်းခြစ်တဲ့ စာကြောင်းလေးတွေ…. စာရွက်လေးတွေက အစ ဖတ်ချင်လိုက်တာလို့။
    ခုတော့…………

    :byae:

    ပြန်လည်တူးဖော်လာတဲ့ အတွက် အလက်ဆင်းကို ကျေးဇူးပါ။

  • အလင်းဆက်

    March 5, 2013 at 10:58 am

    မမခိုင်ဇာရေ..
    ဟုတ်တယ်ဗျာ..။
    ဆရာ တာရာ ရဲ ့ စာရေးစားပွဲမှာ.. အတူထိုင်ပြီး.. သူနဲ ့ စာတွေပေတွေအကြောင်း..
    ဆွေးနွေးချင်လိုက်တာ ။
    ဒါပေမယ့်… သူပြောလာမယ့် စကားကိုပဲ..နားထောင်ဖြစ်ဖို့များပါတယ် ။
    ကျွန်တော်..သူ မကွယ်လွန်ခင်က…
    လက်ဖက်ရည်ဆိုင်အိုလေးတစ်ခု မှာ..တစ်နာင်္ရီလောက် အတူထိုင်ခဲ့ဖူးတာလေး..
    ပြန်သတိရနေတယ် ။

    အဲဒီ တုန်းက ကံကြမ္မာကို.. သူ..စိန်ခေါ်ချင်နေတယ်လေ ။

    ————————-
    ကျွန်တော်ပြန်လည် တူးဖော်ချင်သော..မြေစိုင်မြေခဲများဆိုပြီး…
    သူ ့ဖန်တီးမှုကို ကျွန်တော်ပြန် တူးဖော်ပေးတဲ ့အတွက်…
    သူ…….ကျေနပ်မယ် ထင်ပါတယ် ။

    ကျွန်တော်..လည်း…သူ ့ကို လွမ်းတယ် ။
    အလွမ်းပြေအောင်..အပိုင်း 40ကျော်… တင်ပြ မှာပါ ။ ထူးခြားတဲ ့ ဝတ္ထုတိုလေးတွေပါ ။ ။

    လေးစားစွာ….

    :kwi:

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 5, 2013 at 2:03 pm

    ဖတ်ရှု့လေ့လာသွားပါတယ်……….
    တာရာမင်းဝေ ဝတ္ထုလေးတွေကို တစ်အုပ်စ နှစ်အုပ်စ လောက်တော့ဖတ်ဖူးပါတယ်…….
    အခုလိုပြန်လည်ဝေမျှမှုလေးအတွက် ကျေးဇူးပါ…………….

  • amatmin

    March 5, 2013 at 3:02 pm

    ယဉ်ကျေးမှုအားကောင်းလှပါတယ်..ဆိုပီး
    ဇဂါးလုံးကြီးတွေ ပစ်သုံးထားတဲ့ ကျနော်တို့ဆီမှာတော့..
    အဲ့လို ပြိုင်ဘက်ကိုလက်ခုပ်တီင်္းပေးတဲ့
    လူယဉ်ကျေး လုပ်ရပ်မျိုးမြင်ရဖို့.. မထင်င်င် 🙂
    ဒါနဲ့ ကိုရွှေဘုန်း စာသားလေး အလွတ်ရမိနေတာတခု ရှိသဗျ..
    လိုရင်သုံးဖို့ ဆိုပီး မှတ်ထားတာပဲ ရယ်.. ဘာဒဲ့

    အားလုံးကို စွန့်လွှတ်ရရင်တောင် သတိရခြင်းကို ငါပိုင်တယ်

    • ခိုင်ဇာ

      March 5, 2013 at 3:04 pm

      တောက်!
      အလွတ်ရတဲ့ စာသားက အစ လိုက်တူနေပြန်ပြီ။
      ခက်ပေါ့။

      :kwi:

      • amatmin

        March 5, 2013 at 3:17 pm

        ကျန်းးးးး..
        ဂလောက်တူနေလို့လည်း ..
        တပည့်ကောင်းဖြစ်နေတာပေါ့ နော့..
        (တစုံတယောက်မဟုတ်ပါ..) 😛

        • ခိုင်ဇာ

          March 5, 2013 at 3:26 pm

          အဟမ်း:::။
          အဟွတ်!!!!
          အဟု!!!၊ အဟု!!!!
          ဟိုတလောက ပျောက်ပြီးသား ချောင်း ဘယ်နဲ့ ပြန်ဆိုး လာပါလိမ့်ကွယ်။ :mrgreen:

          ဒီ ကိစ္စ တိတ်တိတ်နေပါနော့။
          မှာထားတဲ့ ဟာ ဝယ်မလာပဲနေလိုက်မယ်ရယ်။
          :harr:

        • amatmin

          March 5, 2013 at 3:37 pm

          ဂလိုဆိုပြောတော့ဖူး ရယ်..
          ဒါနဲ့ ..ရန်ကုန်မှာ ကားကြပ်လို့မလာချင်ရင်..
          မန်းလေးထိ မှာမိတဲ့ပစ္စည်းလိုက်ယူမယ်ဆိုတာ..
          ဆက်မပြောတော့ဘူး နော်. :harr:

        • ခိုင်ဇာ

          March 5, 2013 at 3:49 pm

          အန်။
          ဩ။ ဂလို အကြံကြီးကိုး။
          တော်ပြီ။
          ဆက်ငြင်းရင် ရွာ့ အမတ်မင်းကို ပြောလို့ ကျုပ် ရွာ့ပြင်ထွက်နေရမယ်။
          အမတ်မင်းကိုလည်း အပြောခံနေရမယ်။ :mrgreen:
          ဒီ…. (အဲ) တွေ့မှ ပြောတာပေါ့နော့။ :mrgreen:

          ဂနေ့ ဂလောက် ညှီရ မျက်စိနောက်ရော့မယ်။

          :harr:

  • အလင်းဆက်

    March 5, 2013 at 9:03 pm

    ကိုအမတ်ရေ...

    အားလုံးကို
    စွန့်လွှတ်ရရင်တောင်
    သတိရခြင်းကို ငါပိုင်တယ်

    ..ဆိုတဲ ့စာသားလေးက
    တာရာမင်းဝေရဲ ့
    သိုးဆောင်းဂစ်တာတစ်လက်ရဲ ့ မှတ်တမ်းဆိုတဲ ့ စာအုပ်ထဲက..ထင်တယ် ။
    ကျွန်တော်လည်း.. အဲဒီ စာသားလေးကြိုက်လို ့..မကြာခဏ သတိရတတ်တယ် ။

    နောက်ထပ်ကြိုက်တဲ ့/ မကြာခဏ သတိရဖြစ်တဲ ့စာသားက….

    လူဆိုတာ…
    လင်းဝေစိမ်းမြတဲ ့ပန်းညများစွာထက်..
    သရဲခြောက်ရာ ညတစ်ညကို ပိုသတ်ိရတတ်တယ်…..

    🙂

Leave a Reply