မင်္ဂလာဆောင်တစ်ခုမှ နောက်ဆက်တွဲအတွေး
သီတင်းကျွတ်ပြီးကထဲက ဆောင်လိုက်ကြတဲ့မင်္ဂလာဆောင်တွေ အများကြီးပါပဲ။ အိမ်မှာဆိုရင် အဖေက မင်္ဂလာဆောင်သွားရတဲ့ တာဝန်ခံတစ်ယောက်ပေါ့။ ယောက်ျားလေးဆိုတော့ တော်ရုံတန်ရုံဝတ်စားပြီး သွားလိုက်လို့ရပေမယ့် မိန်းမတွေအတွက်က ဖီးလိမ်းပြင်ဆင် ဝတ်စားရတာနဲ့ သွားရတာနဲ့ မတန်တဲ့အတွက် အမေနဲ့ ကျွန်မကတော့ သိပ်ပြီးမရင်းနှီးရင် မသွားဖြစ်ဘူး။
လွန်ခဲ့တဲ့ ၂ ပတ်လောက်က အိမ်နီးနားချင်း ကောင်မလေးတစ်ယောက် ရွှေပုဇွန်မှာ မင်္ဂလာဆောင်တယ်။ ဆွေမျိုးသားချင်း အပေါင်းအသင်းနဲရတဲ့အထဲ ကောင်လေးကလဲ နယ်ကနေလာတာမို့လို့ နှစ်ဖက်ဆွေမျိုးပေါင်းရင်တောင် ဖိတ်စာ ၁၅ဝ အနိုင်နိုင်ဝေနေရတဲ့အနေအထားမို့လို့ ခန်းမမပြည့်မှာ စိုးရိမ်တဲ့ ကျွန်မ အဖေက အမေရော ကျွန်မကိုပါ အတူသွားရအောင်လို့ အဖော်စပ်ပါတယ်။
ကျွန်မတို့မိသားစု ၃ ယောက်အတူတူသွားခဲ့ကြတယ်။ အဖေက ကားမောင်းပို့တာမို့လို့ အသွားအပြန် အခက်အခဲမရှိပေါ့။ သာကေတက ရွှေပုဇွန်ကတော့ တနင်္ဂနွေနေ့မို့လို့ ထုံးစံအတိုင်း ကားရပ်စရာမရှိလောက်အောင် စည်ကားလို့နေပါတယ်။ အလကားများ ကျွေးနေသလားလို့တောင် ထင်ရလောက်အောင်ပါပဲ။ ဝင်ဝင်ချင်း ကားရပ်စရာနေရာရှာမတွေ့လို့ တစ်ပါတ်ပြန်ပါတ်ရမှာမို့လို့ ကျွန်မတို့ သားအမိအရင်ဆင်းလိုက်ပြီး တက်သွားတယ်။ အဖေက ကားရပ်စရာရပြီးမှ တက်လာခဲ့မယ်တဲ့။
အပေါ်ထပ်ရောက်တော့ ဧည့်ကြိုတဲ့နေရာ လက်ဖွဲ့သိမ်းတဲ့နားမှာ ခဏလောက်ရပ်ပြီး အဖေ့ကို စောင့်လိုက်မယ်လို့ စိတ်ကူးလိုက်ပါတယ်။ မင်္ဂလာဆောင်ဆိုတော့လဲ ကြည့်စရာတွေများလို့ စပ်စုပြီး ဟိုငေးဒီငေးလုပ်နေမိတာပေါ့။ လက်ဖွဲ့သိမ်းတဲ့စားပွဲဆီ မျက်စိရောက်သွားချိန်မှာတော့ ….
ကျွန်မတို့က နောက်ကျနေလို့ လူတွေတောင်စုံသလောက်ရှိနေပါပြီ။ အပြင်ဘက်မှာလူသိပ်မရှိတော့ပဲ ဝိုင်းတွေမှာ နေရာယူထားပြီးဖြစ်နေပါပြီ။ အသက် ၃ဝ ပတ်ဝန်းကျင်လောက်လို့ ခန့်မှန်းရတဲ့ ကောင်မလေး ၂ ယောက် လက်ဖွဲ့တွေကို ရေးမှတ်နေတယ်။ ကောင်မလေးတစ်ယောက်က စာအိပ်တစ်အိပ်ကို ဖျတ်ကနဲဖိတ်စာကြားထဲ ထိုးထည့်လိုက်တယ်။ အရမ်းမြန်ပေမယ့် သူတို့ကိုကြည့်နေတာနဲ့တိုက်ဆိုင်သွားတော့ ကျွန်မက မြင်လိုက်မိတယ်။ ပြီးတော့မှ သူ့လက်ကိုင်အိပ်ထဲ ထည့်လိုက်တယ်။ ကျွန်မ အမေ့ကို လက်တို့ပြီး ပြောလိုက်တယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။ အဖေတက်လာတော့ ကျွန်မတို့လဲ အထဲဝင်ခဲ့လိုက်တယ်။
ဘာလုပ်ကြမလဲ?? လက်ဖွဲ့နေရာမှာထိုင်နေတာ ဘယ်သူတွေလဲ ကျွန်မတို့မသိဘူး။ မြင်လိုက်တာမှန်ပေမယ့် တကယ်ဟုတ်မဟုတ်လဲ အတတ်မပြောနိုင်ဘူး။ သူများတွေ မင်္ဂလာယူနေတာကို စိတ်အနှောင့်အယှက်ဖြစ်အောင်လဲ မလုပ်ချင်ဘူး။ စိတ်ထဲမှာ ကသိကအောက်ဖြစ်ခဲ့ပေမယ့် ဒီအတိုင်းပဲ ပြန်ခဲ့လိုက်ပါတယ်။ အိမ်ပြန်ရောက်ပြီးတော့လဲ မေ့မေ့ပျောက်ပျောက်ရှိသွားတယ်။ အဲဒီကိစ္စကို မေ့သွားခဲ့ပါတယ်။
နောက်တစ်ပါတ်ကြာတော့ ကောင်မလေးနဲ့အိမ်ရှေ့မှာတွေ့လို့ နှုတ်ဆက်ရင်း မင်္ဂလာဆောင် အဆင်ပြေတယ်မဟုတ်လားလို့ မေးဖြစ်လိုက်တယ်။ ဘာရယ်မဟုတ် အလ္လာပ သလ္လာပ စကားပြောမိတော့ ကောင်မလေးက ပြောပြတယ်။ လက်ဖွဲ့စာအိပ်တွေ ပျောက်တယ်တဲ့။ ဘယ်သူလက်ဖွဲ့တဲ့စာအိပ်တွေထပ်ပျောက်လဲမသိပေမယ့် သေချာတာကတော့ သူ့အဒေါ်တစ်ယောက်က သူ့ကို သေချာပြောပြီး စာအိပ်နဲ့ထည့်ထားတဲ့ ငွေငါးသောင်း ကတော့ စာရင်းပျောက်သွားပါတယ်တဲ့။ အဲဒီတော့မှ ကျွန်မမြင်မိတာကို ပြန်သတိရသွားတယ်။ သူ့ကိုလဲ ပြန်မေးမိတယ်။ လက်ဖွဲ့သိမ်းတဲ့နေရာက ကောင်မလေးတွေက ဘယ်သူတွေလဲလို့ … ကောင်မလေး ဦးလေးရဲ့ သူငယ်ချင်းရုံးကတဲ့ .. ဝန်ထမ်း ကောင်မလေးနှစ်ယောက်ကို အကူအညီတောင်းပြီး ခေါ်လာတာတဲ့ … သတို့သမီးအနေနဲ့က အိမ်ရောက်ပြီးမှ သိတာဆိုတော့ ဘာမှမပြောတော့ဘူးပေါ့။ ပြသနာရှာဖို့ကလဲ အဆင်မပြေတော့ဘူးလေ။
အဖြစ်အပျက်လေးက သာမန်ဖြစ်ရိုုးဖြစ်စဉ်လေးပါပဲ .. ဒါပေမယ့် ကျွန်မစိတ်ထဲမှာ စွဲနေတယ် … စိတ်ထဲက ထုတ်ပစ်ရခက်နေတယ်။ ဝန်ထမ်းကောင်မလေး ၂ ယောက်က အနဲဆုံးတော့ ဘွဲ့ရကြမှာပါ။
အကျင့်စာရိတ္တပိုင်းမှာ ဒီလောက်တောင် အားနဲနေကြပြီလား?
အခြေခံ စာရိတ္တလေးတောင်မှ မထိန်းနိုင်ကြဘူးလား?
ဒီလိုလုပ်တာ မကောင်းမှုလို့ကော သူတို့သိကြရဲ့လား????
30 comments
ခိုင်ဇာ
March 6, 2013 at 11:38 am
မဝေ ရယ်။
ဘာပြောရမှန်းမသိ။ :buu:
လူမမိသ၍ မကောင်းမှုဆိုတာမရှိ လို့ တွေးတဲ့သူတွေ များလာလို့ထင်တယ်။ 🙄
များသောအားဖြင့်တော့ လက်ဖွဲ့လက်ခံကို ဆွေမျိုး/လူရင်း/သေချာတဲ့သူကို ထားကြတာ။
P chogyi
March 6, 2013 at 11:54 am
အူမ မတောင့်လို့ သီလမစောင့်တာလား…………..
ရုံးမှာ အကျင့်ပါနေလို့ လုပ်တာလား………………
မောင် ပေ
March 6, 2013 at 12:41 pm
အဲဒါတွေကြောင့်မို ့
အန်တီဝေ တစ်ယောက် ထုံးမေတစ်ကိုယ်တည်း ဖြစ်ရတာပေါ့ဗျား
ဦး ကျောက်ခဲ
March 6, 2013 at 12:44 pm
အင်း ခက်တယ်…. ခက်တယ်… လူတွေ
မောင်ကျောက် မင်္ဂလာဆောင်ရင်တော့ လက်ဖွဲ့ချင်းသီးခံပါလို့ ဖိတ်စာမှာ တစ်ခါတည်းရိုက်လိုက်မယ်…
:harr:
ဦးဖွတ်ကျား
March 6, 2013 at 12:55 pm
အဲ့လိုမဖြစ်အောင် ကျော် သင်ချာလေးနဲ့ ဆောင်ရင် ဖိတ်စာ မှာကတည်းက ဘဏ်နံပါတ် ထည့်ရိုက်ပေးလိုက်မယ်ဗျာ..အေးရော
:harr:
မဟာရာဇာ အံစာတုံး
March 6, 2013 at 12:59 pm
သိဘာဘူးဂျာ …
မင်ဂါဆောင် တစ်ခုမှ နောက်ဆက်တွဲ အတွေးများ ဆိုလို့ …
ရွာထဲက တီယောက်တော့ စွံတော့လေ မလားရယ်လို့ …
ရင်တွေ တဒုန်းဒုန်းနဲ့ ဝင်ကျိလိုက်ဒါ .. ဟုတ်မှ ဟုတ်ဘဲနဲ့ကိုး …
etone
March 6, 2013 at 1:11 pm
မဝေရေ …မင်္ဂလာဆောင်တွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အခြေနေမျိုးပါ (ခဏခဏဖြစ်တတ်လွန်းလို့ ရွဲ့ ပြောတာပါ ) ။
ဒါကြောင့်လည်း လက်ဖွဲ့ သိမ်းဆည်းမယ့်နေရာမှာ ထားမယ့် လူကို အမျိုးအရင်းချာထဲကတောင် စိတ်ချရတဲ့ လူထားရတာပါ ။
မှတ်မှတ်ရရ ညီမဝမ်းကွဲတစ်ယောက် မင်္ဂလာဆောင်တော့ ၊ ဥစ္စာရူး ဒီအစ်မက လက်ဖွဲ့နေရာမှာ တာဝန်ယူစာရင်းမှတ်ပေးပါတယ် ။ AKKO ပါ အငြိမ် မနေရအောင် ခေါ် တာဝန်ပေးခဲ့ပါသေးတယ် ။
ဆရာဝန်မလေးနဲ့ ကမ်ပဏီပိုင်ရှင်လေးတို့ မင်္ဂလာဆောင်မို့ … ပတ်သတ်ရာ ပတ်သတ်ကြောင်း လူခြောက်ရာ နီးပါး လာခဲ့ကြတယ် … ။ လက်ဖွဲ့ပစ္စည်းတင်မကပဲ ၊ ငွေသားရော ၊ ရွှေပါ ပါခဲ့တာကြောင့် … ဒီအစ်မလုပ်တဲ့ အပိုရီးက ၊ စာရင်းနဲ့ အင်းနဲ့ မပျောက်ပျက်ရအောင် … သေချာလုပ်ကိုင်ပေးခဲ့တယ် … ။ အကျိုးရလဒ်ကတော့ … အဲ့နေ့က …. နေပူ ၊ လေပူက ဟိုတယ်ဘေးက ရွက်ဖျင်တဲထဲ မှာ ၊ မင်္ဂလာဆောင်က ကျွေးတဲ့ မုန့် ဘာတစ်ခုမှ မစားလိုက်ရတဲ့ အပြင် ၊ ဟို လူရီးက သူ့ကို ဒါမျိုး ခေါ်ခိုင်းရမလား ဆိုပြီး စိတ်တွေကောက်လို့ …. :byae:
လူရီးတစ်ယောက်ကတော့ သူ့စောင့်ပေးထားပါမယ် အထဲ ဝင်ခဏနား ပြောပေမယ့် .. ဟိုဘက်အမျိုးလား ဘာလား မသိတော့ မထားခဲ့ရဲဘူး ။
မင်္ဂလာဆောင်တွေမှာ ဆိုးတာက .. လက်ဖွဲ ့လက်ခံတဲ့နေရာကို ၊ ဟိုတယ် အပြင် ထုတ်ပြိးနေပူထဲ ထားတာပါပဲ … ။ အမှတ်တမဲ့ လှမ်းကြည့်လျှင်တောင် မမြင်ရတော့.. စိတ်ချရတဲ့ လူမဟုတ်လျှင် လစ်လျှင် လစ်သလို နှိုက်တတ်ကြပါတယ် … ။ ဒါ့ပြင် ဆိုးလိုက်တဲ့ ဟိုတယ်တွေရဲ့ ဆားဗစ် … လက်ဖွဲ့လက်ခံတဲ့နေရာက … ဟိုတယ် အပြင်မှာ မို့လို့ .. မင်္ဂလာဆောင်မှာ ကျွေးတဲ့ မုန့်တွေ အဲ့ဒီ နေရာအတွက်မပါဘူးဆိုပဲ … ။ ဥစ္စာအခြောက်ကောင်းလို့ … အဲ့နေ့က သုံးနာရီလောက် နေခြောက်လှမ်းခံလိုက်ရတာလေးက အမှတ်တရပဲ ။
Crystalline
March 6, 2013 at 1:27 pm
အော်..ပြောမလို့ရှိသေး အဖြစ်တူနဲ့လာတွေ့နေတယ်.. ကိုယ့်တုန်းကလည်းကလည်း အစ်ကိုဝမ်းကွဲ မင်္ဂလာဆောင်မှာ အမျိုးအစ်မနှစ်ယောက်နဲ့သွားထိုုင်ပေးတယ်.. ဘာမှလည်းမစားလိုက်ရဘူး.. အစ်မနှစ်ယောက်ထဲကတစ်ယောက်ဆို အစာအိမ်ရှိတော့ ဗိုက်တွေဆာပြီး အောင့်လို့ပေါ့.. မမဝေပြောတာမျိုးတော့အခုမှကြားဖူးတာပါ.. တကယ့်ကိုအံ့ဩမိပါတယ်..
Foreign Resident
March 6, 2013 at 3:52 pm
” လက်ဖွဲ့လက်ခံတဲ့နေရာက … ဟိုတယ် အပြင်မှာ မို့လို့ ”
ဘင်လာဒင့် ကျေးဇူးတွေပေါ့ ။
etone
March 6, 2013 at 4:23 pm
အီးးးးးးးးးးး အဲ :eee: အဘဖော ကြောမှ .. တတိရတယ် .. ဝုတ်တားဘဲ …
နောက်ချို အတက်နဲ့ ရင်းဘီး ဘယ်တူ့ ပစ်ရှီးကိုမှ ဗိုလန်တီယာ လုပ်ဘီး အချိန်ပိုင်း ဥစ္စာစောင့် မလုပ်တော့ဝူးးးးးးးးးး
ညလေး
March 6, 2013 at 1:11 pm
အော်လူတွေ လူတွေ ့
အဆင့်လေးတော့ရှိပါရဲ့ စာရေးမတဲ့
စာရိတ္တက သာမှန် သူတောင်းစားထက်တောင် ညံ့ပါလားးး
surmi
March 6, 2013 at 1:15 pm
မဝေရေ
ကြားရပါများတော ့ သိပ်မဆန်းသလိုဖြစ်နေတယ်
ကျနော်ကတော ့ကိုယ်တိုင်မမြင်ခဲ ့ရပေမဲ ့ မိတ်ဆွေတစ်ယောက်ပြောပြလို ့ဒါမျိုးဖြစ်ရပ် ကြားဖူးတယ် ။
အရင် မိန်းကလေးဆိုရင် အနဲဆုံးရှက်စိတ်နဲ ့ သိပ်မဆိုးလှဘူးထင်ခဲ ့ပေမဲ ့
လူ ဟာလူပါဘဲ ။ အင်းးး ရွာထဲကဆောင်မယ် ့သူများ နမူနာပေါ ့ဗျာ ။
ခင်ခ
March 6, 2013 at 1:39 pm
ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့ တွေ့ကြုံတတ်တဲ့ အကြောင်းအရာလေးပါ။
မမဝေက အခုလိုရေးလိုက်တော့ ပိုပြီးသတိထား နမူနာပြုလို့ရတာပေါ့လေ။
မင်္ဂလာဆောင် ကန်ထရိုက်စနစ်တွေခုဆိုပေါ်နေပြီ အဲလိုကန်ထရိုက်ပေးလိုက်ရင်တော့
လက်ဖွဲလက်ခံမယ့်နေရာထားရမယ့်သူ အတွက်တော့ ခေါင်းမခဲတော့ဘူးပေါ့နော်။
နေဝန်းနီ
March 6, 2013 at 8:29 pm
အဲဒိ ကန်ထရိုက်က ပိုမယုံရတာ ကိုခရဲ့ ကန်ထရိုက်တိုက်တွေကြည့်ပါလား
ကိုပေါက်(မန္တလေး)
March 6, 2013 at 2:02 pm
ကိုခရေ
သတို့သားသတို့သမိးရှာပေးတာကနေစပြီး မင်္ဂလာဆောင်ပေးတဲ့အထိ
ကန်ထရိုက်ယူတဲ့အလုပ် လုပ်ရင်ကောင်းမလားလို့။
ဗုံဗုံ
March 6, 2013 at 3:38 pm
ကောင်းတယ် ဖေပေါက် မိဗုံအရင် ဈေးဦးဖောက်မယ်
Foreign Resident
March 6, 2013 at 3:57 pm
” ဒီလိုလုပ်တာ မကောင်းမှုလို့ကော သူတို့သိကြရဲ့လား???? ”
မ သိရှိပါ့မလား ၊ မဝေ ရယ် ။
Mr. MarGa
March 6, 2013 at 5:38 pm
ဦးမာဃ တက်ဖူးသမျှ မင်္ဂလာဆောင်တွေမှာတော့
လက်ဖွဲ့ခုံက တကယ့်ကို လူရင်းတွေပဲ ထားတာ တွေ့မိတယ်
နောက်ပြီး
ခန်းမ မို့လားမသိ (ဟိုတယ်မဟုတ်)
လက်ဖွဲ့ခုံ ထိုင်သူတွေအတွက်လဲ မုန့်ပွဲက အဆင်သင့်ပါ
ကိုယ့်ဇောနဲ့ကိုယ် မစားဖြစ်ကြတာတော့ ချွင်းချက်ပေါ့
အဲလို လက်ဖွဲ့ခုံကို ဂရုစိုက်တာတော့ တွေ့ဖူးပါကြောင်း
တချို့ဆို သတို့သားဘက်နဲ့ သတို့သမီးဘက်က တစ်ယောက်စီကို တွဲတောင်ထားသေး
MaMa
March 6, 2013 at 5:42 pm
တခါက….
မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို သူ့မိတ်ဆွေက ပို့လိုက်တဲ့ စာအိတ်ထဲမှာ ၃၀၀၀ဝ ပါလာတယ်တဲ့။
လက်ဖွဲ့လိုက်တဲ့ မိတ်ဆွေက လက်ဖွဲ့သွားပို့ခိုင်းလိုက်တဲ့ သူ့တပည့်လေးကို စိတ်မချလို့ထင်ပါရဲ့
လက်ဖွဲ့ ၅၀၀၀ဝ ဖွဲ့လိုက်တယ်၊ ရလားလို့
ဖုံးဆက်မေးရှာတယ်။
ကာယကံရှင်မိတ်ဆွေက လက်ဖွဲ့လိုက်တဲ့မိတ်ဆွေ စိတ်စနောင့်စနင်း မဖြစ်ရအောင်ဆိုပြီး
ရပါတယ် လို့ပဲ ပြောလိုက်တယ်တဲ့။
အဲဒီလိုကြားပြီးကတည်းက နောင်ကို လက်ဖွဲ့ရင် စာအိတ်ထဲမှာ လက်ဖွဲ့တဲ့ ငွေတန်ဖိုးကို ထည့်ရေးပေးဖြစ်သွားတယ်။ :buu:
မိုက်ကယ်ဂျော်နီအောင်ပု
March 6, 2013 at 6:07 pm
ဟိုးးးးးးးးးးးးးရှေးရှေ့တုန်းက သတ္တဝါတွေ အဂတိကင်းလို့
မြေဆီကအဟာရဖြစ်သတဲ့
ကိုယ်ကနေအရောင်တွေထွက်သတဲ့
အလိုရှိရာပဒေသာပင်တွေပေါက်သတဲ့
ဒရန်တန်တန်…………………………..
…………………………………………..
ခေါင်းဆောင်တွေလည်းခိုးတယ်
ခေါင်းဆောင်တပည့်တွေလည်းခိုးတယ်
ပတ်သက်ရာပတ်သက်ကြောင်းတွေလည်းခိုးတယ်
ပြည်သူတွေလည်းခိုးတယ်
( အကြမ်းဖျင်းပေါ့ ကိုယ်က ဂွင်မရှိလို့မခိုးရတာကိုတော့ အဟုတ်မှတ်မနေကြနဲ့ )
ဆရာမတွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
ဆရာတွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
တပည့်တွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
ဘုန်းကြီးတွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
ဘုရားဒါယကာတွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
စစ်သားတွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
ရဲတွေလည်းခိုးတယ် ( မကောင်းသူထိတ်ကောင်းသူထိပ် )
ကဲ
တစ်တိုင်းပြည်လုံးမှာ ခိုးနေကြတာဘဲ ( သဘော )
ဘယ်လိုဖြစ်လို့ ဒီမင်္ဂလာဆောင်မှာ ဂွင်တဲ့လို့ခိုးတဲ့သူကိုမှ သူခိုးလို့ထင်ဂျသဒုံး
ဟဲဟဲဟဲ
အရဂါးနောက်ဒါ
kai
March 7, 2013 at 7:11 am
ငါးပါးသီလ..အအော်ဆုံးတိုင်းပြည်က..
အဲလို.. အံ့ဖွယ်သုတတွေအဖြစ်ဆုံးဖြစ်နေတာ… ကိုက…
အောင်မလေးဗျ…
အံ့ဖွယ်ဒုက္ခ.. :buu:
MaMa
March 7, 2013 at 2:27 pm
ဒီတခါပဲ သဂျီးကို အပြည့်အဝထောက်ခံတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘုရားစကားလိုက်နာမှုပေ့ါ။ :buu:
တညင်သား
March 6, 2013 at 8:43 pm
မနှစ်က ဟိုတယ်ကြီး တစ်ခုမှာ လက်ဖွဲ့ငွေတွေ လိမ်သွားတဲ့ ကိစ္စ ဂျာနယ်တစောင်မှာ ဖတ်မိသလားလို့ …ခုဟာက လက်ဖွဲခုံမှာ ထိုင်ပြီး နဲနဲလောက်ပဲယူတာပါ… အဲ့ ဟိုတယ်မှာ ဖြစ်တဲ့ကိစ္စက နှစ်ဖက်ဆွေမျိုး ပုံစံနဲ့ လက်ဖွဲ့ငွေ အကုန်သိမ်းသွားတာတဲ့ …..
မလှတဲ့ မျက်နှာ မိတ်ကပ်ဖို့ …..
ငှားထားတဲ့ ဘယက် အတုကြီးစွဲ ……
မကြီးစန်း ပြင်ပေးတာ…..
စိုင်းဖုန်းထူးကို ခေါ်ရိုက်မှာ ….
ဟိတ်ကြီးဟန်ကြီး တွေကို မရှိတဲ့သွားလေး ဖြဲပြနေရတော့ မင်္ဂလာဆောင်စရိတ်(ကုန်ကျငွေ) ကျေနိင်သော လက်ဖွဲခုံလေးကို ဂရုမစိုက်နိင်ကြဘူး…….
စာရေးမ လဲ ဘာသားနဲ့ထုထားတာမှတ်လို့ …….
ကိုပေါက်(မန္တလေး)
March 6, 2013 at 11:14 pm
(စာရေးမ လဲ ဘာသားနဲ့ထုထားတာမှတ်လို့ ……. )
သူများပစ္စည်းခိုးချင်တဲ့စိတ်ရှိသူဆိုတာ ပညာတတ်ခြင်း မတတ်ခြင်း
ဆင်းရဲခြင်းချမ်းသာခြင်း
နောက်ပြီး သူတို့လုပ်ကိုင်စားသောက်တဲ့အလုပ်နဲ့လဲ မဆိုင်။
လူ့အတန်းအစားနဲ့လဲ မဆိုင်ဘူးဗျ။
လူတစ်ယောက်ခြင်းရဲ့စိတ်နေစိတ်ထား၊ခံယူချက်။
မိဘရဲ့သွန်သင်ဆုံးမမူ့နဲ့ဘဲဆိုင်တယ်။
အခုကိစ္စမှာ
မင်္ဂလာဆောင်လက်ဖွဲ့ခုံထိုင်ခိုင်းတယ်။
ထိုင်ဘို့တာဝန်ပေးသူက ခိုးတယ်။
ဇာတ်လမ်းက ဒါဘဲ။
အခုပြောနေတဲ့ပုံစံကမှားနေတယ် ။
စာရေးမ ထိုင်ခိုင်လို့ ဘဲခိုးသလိုဖြစ်နေတယ်။
မင်္ဂလာဆောင်တိုင်းမှာ စာရေးမတွေချည်းဘဲထိုင်ခိုင်းတာမဟုတ်ဘူးလေ။
လူပေါင်းစုံထိုင်မယ်။
ခိုးချင်တဲ့လူက ခိုးမယ်
မခိုးချင်တဲ့လူက မခိုးဘူး။
ဒါဘဲ။
အခုတော့ ပြောနေတာက စာရေးမဆိုတဲ့လူတန်းစားကိုဘဲ ပုတ်ခတ်တဲ့ပုံစံပေါက်နေပါတယ်။
များနေတာတွေ တော်တော်များနေပြီ။
weiwei
March 7, 2013 at 8:21 am
တကယ့်အဖြစ်အပျက်မို့လို့ တကယ့်အခြေအနေအတိုင်းပဲ ရေးလိုက်တဲ့အခါမှာ သူတို့ရဲ့ အလုပ်အကိုင် ပါသွားပါတယ် … ဒီ့ထက်အတိအကျ နေရာ ဌာနကအစ သိပေမယ့် အဲဒီလောက်အထိ မဖော်ပြခဲ့ပါဘူး … နှိမ့်ချလိုစိတ်နဲ့မဟုတ်ပဲနဲ့ ပညာတတ်တဲ့လူတန်းစားလဲ မယုံရပါလားဆိုတဲ့ အံ့ဩစိတ်တစ်ခုနဲ့ပါ …
ကိုပေါက်ပြောသလိုပါပဲ အဲဒီနေရာမှာ တခြားသူတွေလဲ အလားတူအခြေအနေတွေ ဖြစ်နိုင်ပါတယ် … ဆင်ခြင်စေလိုတဲ့စိတ်နဲ့ ဝေဖန်ထောက်ပြခြင်းသာ ဖြစ်ပါကြောင်း …..
ဦးဦးပါလေရာ
March 7, 2013 at 1:13 am
အလှူဖြစ်ဖြစ် မင်္ဂလာဆောင်ဖြစ်ဖြစ် နောက်ကြောင်းမလုံရင် ဒီလိုပဲ အခိုးခံရတတ်ပါတယ်…
ဟိုး … အရင်ခေတ်ကတည်းကပါ..။
ဒါကြောင့် ငွေနဲ့ ပစ္စည်းနဲ့ အကျွေးအမွေးနဲ့ဆိုင်တဲ့နေရာတွေမှာ
စိတ်ချရတဲ့လူရင်းတွေကိုပဲ ကြိုးစားရှာဖွေပြီးထားတတ်ကြပါတယ်။
ခက်တာက ဒီခေတ်မှာ စိတ်ချရတဲ့လူရင်းတွေက မအားကြဘူး မလုပ်နိုင်ကြဘူး
ဒါကြောင့် လွယ်တဲ့လူပဲ ရတဲ့လူပဲ အကူအညီတောင်းရတော့တယ်။
ပြီးတော့ သတို့သမီး / သတို့သား တဖက်ဖက်က စိတ်ဓါတ်မကောင်းလို့
တမင်ရည်ရွယ်ပြီး ဖျောင်တာမျိုးလဲ ကြုံဖူးပါတယ်။
ဦးကြောင်ကြီး
March 7, 2013 at 8:37 am
နိုဗွီဂလေး မင်္ဂလာဆောင်ကနေ ကျနော် ဘတ်လာတဲ့ လက်ဖွဲ့ထုပ်ဖွင့်ပြီး ဘာရှိမလဲလို့ လက်စမ်းနှိုက်လိုက်တာ…. အီး….. ကြွက်ထောင်ချောက်ကြီးဗျ…. :eee:
အသဲခွဲသွားလို့ အားမရ လက်မှာပါ ဒဏ်ရာရအောင်လုပ်တဲ့ ဒင်းကို မုန်း……….ဒယ်………..
kyeemite
March 7, 2013 at 1:05 pm
ဦးကျောက်တစ်ယောက်လဲ တက်ကြွနေပါလား..ဗျ
မင်္ဂလာဆောင်မယ်..ဆိုတာချည့်ပဲ..ဟဲဟဲ :kwi:
လုံမလေးမွန်မွန်
March 11, 2013 at 2:20 pm
မနေ့ကတင် သူငယ်ချင်း မင်္ဂလာဆောင်ကို သွားဖြစ်တယ်.. ဒီနေ့မှ ဒီစာကို ဖတ်မိတယ်… ပြောချင်တာ အတော်ဖြစ်သွားတာပဲ…
သူငယ်ချင်းမင်္ဂလာဆောင်ဆိုတော့ ပွဲပြီးကာနီး အထိ နေပေးခဲ့ပါတယ်… ပွဲအလယ်လောက်ရောက်ကတည်းက သတို့သမီးက မျက်နှာသိပ်မကောင်းဘူး.. မျက်ရည်တောင် ကျလုဆဲဆဲပဲ… နောက်မှ တိုးတိုးပြောပြတယ်… ပွဲမစခင်မှာ သတို့သမီးဘက်က သူငယ်ချင်းမောင်နှမတွေက အစောကြီး လာကြတယ်.. (မွန်မွန်တို့နဲ့ အတူတူပဲ).. သူတို့က လက်ဖွဲ့ခုံထိုင်တော့ သိပ်မကြာဘူး..သတို့သားဘက်က လူတွေရောက်လာပြီးတော့ ဖယ်ခိုင်းတယ်… သတို့သားဘက်က ထိုင်တယ်တဲ့… နောက်တစ်ခုကကျတော့ သတို့သမီးဘက်က လူကြီးတွေအတွက် ဧည့်ခံထားတဲ့ VIP ဝိုင်းကို သတို့သားဘက်က “မပြီးကြသေးဘူးလား.. နောက်ဧည့်သည်တွေ လာဦးမှာ” လို့ ပြောလို့ သတို့သမီးဘက်က စိတ်မကောင်းဖြစ်ပြီး မိဘတွေရော အကုန်လုံးက ထပြန်သွားကြတယ်တဲ့..အဘွားဆို ငိုတောင်သွားတယ်တဲ့….
တွေးမိလိုက်ပါတယ်.. အိမ်ထောင်ပြုရတာလည်း နှစ်ဘက်မိဘတွေနဲ့ မလွယ်ဘူးပဲလို့..
uncle gyi
March 11, 2013 at 11:22 pm
ဟိုးတုန်းကတနည်းအန်ကယ်တို့ငယ်စဉ်က
ကလေးဘဝငယ်စဉ်ကတည်းကရိုးသားကြိုးစားဖို့
ဆရာသမားမိဘများဆုံးမကြရင်အမြဲပါတယ်
လူတိုင်းလောက်နီးနီးရိုးသားမှုကိုမြတ်နိုးပြီးကျင့်ကြံနေထိုင်ကြတယ်
မရိုးသားတဲ့သူကလူထူးလူဆန်း
လူတောလည်းမတိုးဖူး
အခုခေတ်ကရိုးသားကြိုးစားဖို့ကလေးတွေကိုဆုံးမမဲ့သူလည်းမရှိတော့ဖူး
သူထက်သူလူလည်းကျတာကိုပဲကလေးတော်တယ်ဆိုပြီးချီးကျူးနေကြတာ
ရိုးသားတဲ့သူကလူတောမတိုးပဲ
မရိုးသားတဲ့သူမှလူလည်ကျနိုင်တဲ့သူမှလူတောတိုးတဲ့အခြေအနေရောက်နေတော့
ခက်တယ်သက်လှယ်မြက်ချယ်လို့ပဲသီချင်းဆိုလိုက်ချင်တော့တယ်မဝေရေ