ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၃)
ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၁)
ကျွန်တော် ပြန်လည် တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း ( ၂ )
နွား
လယ်သမားထဲ မှာပင် ထို သူသည်အတော် ထူ းခြား၏။
သူ့နွားနှင့်အတူအိပ်၊ အတူ စားလေသည်။
သတင်း ဆရာများက မေးမြန်းကြ၏။
သူ က အေးအေးဆေးဆေးပင်ပြန်ဖြေသည်။
“ဒီကောင် ကြီးက ကျွန်တော့် နွားလေ…
ကျွန်တော် ကတော့လယ် ယာမြေရဲ့ နွားပေ့ါ့ ၊ ကျွန်တော် တို ့အတူအိပ်၊ အတူ စားကြတယ်”
လယ်စောင့် တဲ ကလေးထဲမှာ…. မွှေးရနံ့တို ့ ဆွ တ် ပျံ့လာလေသည်။
တာရာမင်းဝေ
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ညီမျှခြင်း ( = ) တစ်ခုကို ကြည်ကြည်လင်လင် မြင်တွေ ့လိ်ုက်ရသလိုပါပဲ..။
လယ်သမားကြီးရဲ ့…. မာန်မာန ကင်းစင်မှု နဲ ့ နှိမ့်ချ ရိုးသားမှုကို မြင်လိုက်ရတဲ ့အခါ….
ကျွန်တော်…တွေး မိတာတွေက…..
…………………………………………..
သဘာဝတရားအောက်မှာ…
လူသားရယ်… အခြားသတ္တဝါတွေရယ်…..
မျဉ်းဖြေင်းတစ်ကြောင်းတည်း ရှိနေပါတယ်..လို ့….
သူ..ရိုးရိုးရှင်းရှင်းမြင်ပြလိုက်တာကိုက……..
လူသားရဲ ့..တွေးခေါ်မှု….စွမ်းရည် မြင့်မားထည်ဝါကြောင်း… ပြလိုက်သလိုပါပဲ ။
လောကမှာ….
ရုပ်ပိုင်းဆိ်ုင်ရာဖြစ်စေ../ စိတ်ပိုင်းဆိုင်ရာဖြစ်စေ…. လေးစားအားကျလောက်စရာ… ပိုင်ဆိုင်ထားတဲ ့
လူတွေ ရှိပါတယ် ။
အဲဒီလောက်… လေးစားအားကျလောက်စရာ တွေ ပိုင်ဆိုင်ထားရုံမက…..
နှိမ့်ချ ရိုးသားတတ်ပြီး.မာန်မာန ကင်းစင်တဲ ့ စိတ်နှလုံးဖြူဖြူတွေကိုပါ… ပိုင်ထားသူတွေကိုမြင်ရတာ….
အတော်လေး..စိတ်ချမ်းသာမိပါတယ် ။
တချို ့လူတွေကတော့…. မာန်မာနတွေ…အငွေ့ ့တလုူလူ အူ..ထွက်နေတယ်နော် ။
ဘာများ.မာန်တက်လောက်စရာ ရှိသလဲ….ဆိုတော့လည်း….
ဟုတ်တိပတ်တိ အကြောင်းရင်း..ဘာမှ မရှိပါဘူး ။
တချို ့က ဘာမှ မရှိပဲ.လည်း..မာန ကြီးနေတတ်တယ် ။
မာန်မာနတွေနဲ ့ တအုံးအုံး… ပူလောင်နေတဲ ့… ပုဂိ္ဂုလ်တွေကိ်ု မြင်ရတာ…… စိတ် မသက်သာ စရာပါ ။
မျက်စိရှေ ့မှာ ..ကြက်ခြေခတ် ( x ) ကြိီးမြင်နေရသလို…..ပဲ ။
ထော်လော်ကန့်လန် ့နဲ ့..ထောင် ့မကျိုးလှပါဘူး ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ကျွန်တော့်မှာလည်း……..
မာန်မာန တချို ့ ရှိခဲ့ဖူးပါတယ် ။
ဒါပေမယ့်……
အချိန်တစ်ချိန်မှာ….. မာန တက်လောက်စရာ ဖြစ်ခဲ့တဲ ့ အရာဟာ….
နောင်အချိန်တစ်ချိန်မှာတော့…..
ဘာမှ မဟုတ်တဲ ့အမှုန်အမွှားလေးတွေ..
ဖြစ် ဖြစ်သွားတတ်ပါတယ် ။
အဲဒါမျိုး…… ကိုယ့်မာန်တက်လောက်စရာ တွေ……မကြာခဏ ( ဆပ်ပြာ ပူဖောင်းလို..) ပါးလျား..ပျောက်ကွယ်သွားတာ
ကြုံရတာ များလာတော့…….
ဘာအကြောင်းနဲ ့မှ… မာန်မတက်ချင်တော့ပါဘူး ။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ဘာပဲဖြစ်ဖြစ်………..
ကျွန်တော်တို့ဟာ…. အတူတူပါပဲ ။
အားလုံးက… စကြဝဠာထဲက….အမှုန်ကလေးတွေပါပဲ ။
အားလုံးက… စကြဝဠာထဲက….အမှုန်ကလေးတွေပါပဲ ။
ဖြစ်မှု…. ရှိမယ် ။
ပျက်မှု… ရှိမယ် ။
အဲဒီ ဖြစ်မှုနဲ ့ ပျက်မှု ကြားမှာ….. ဘာမှ မကြာလိုက်တဲ ့ တည်ရှိမှု အခိုက်အတန့်ကလေး ရှိမယ် ။
( အဲဒီ တည်ရှိမှု အခိုက်အတန့် ကာလငယ်ကလေး ထဲမှာ…… ဘာအတွက်နဲ ့များ… မာန်မာန တွေ အလံတလူလူလွှင့်ပြနေဦးမလဲ… )
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ဒီ ကမ္ဘာမြေ ……
မွှေးရနံ ့တွေ…..
ဆွတ်ပျံ ့လာပါစေ……။
🙂
🙂
🙂
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
တာရာမင်းဝေ
ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
၁၉၉ရ / နိုဝင်ဘာလထုတ်
######################################################################
မော်ဒန်ပန်းချီမှာ …..
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။
အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။
အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။
အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။
အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။
ဒါကြောင့်…..
ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။
ခင်မင်လေးစားစွာဖြင့်….
အလင်းဆက်
2 comments
မဟာရာဇာ အံစာတုံး
March 10, 2013 at 8:21 pm
ကျုပ်ဂဒေါ့ ဘာမှ ကြောဒတ်ဘူး …
ဒီတော့ ဖတ်သွားဘာဒယ်လို့ …
အိုက်ဒါ .. အိုက်ဒါ … (ခွက်ဒစ်တူ ပေဂျီး)
အသိပေးတွားဒါ ….
အလင်းဆက်
March 11, 2013 at 8:25 pm
ဘာမှ ကြောတတ်လည်း…ကြောနဲ ့အေ…
နင် ဖတ်တွားတာ နာ တိတားဘဲ.. ။
🙂
ကျေးဇူးတင်ဒယ်နော် ။