Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Green is Green

Green RoseMarch 12, 20132min81617

 

 

 

Gree Family

in Bang Pa-in palace

SAM_0114

SAM_0115

SAM_0123

SAM_0125

SAM_0126

ရာသီဥတုက ပူလွန်းလို့ ဒီလိုဒီလိုလေးတွေကို မြင်ရရင် နည်းနည်း အပူလျော့သလိုခံစားရတယ်။

ဒီဓါတ်ပုံတွေက Green Rose အိမ်နီးချင်း ထိုင်းနိုင်ငံဆီသွားတုန်း လည်ရင်းပတ်ရင်း ရိုက်ခဲ့တာလေးတွေပါ။ အဆူလည်း ခံရပါရဲ့ လူမပါပဲ တွေ့ရာတွေ မြင်ရာတွေ လျှောက်ရိုက်နေလို့လေ။ သူတို့ဆီမှာ ထိုက်သင့်တဲ့အခကြေးငွေယူပြီး ထိုက်သင့်တဲ့ ဝန်ဆောင်မှုရှိတာကိုလည်း အားကျမိတယ်။ ဒီမှာလည်း ဒီလိုပြင်ဆင်ပြီး ဒီလိုဝင်ငွေရှာနိုင်မယ်ဆိုရင်……။ လူူတော်တော်များများကိုလည်း အလုပ်ပေးနိုင်မယ်။ ဝင်ငွေလည်း တိုးမယ်။

အဲဒီ့ပုံလေးတွေ ရိုက်ယူခဲ့တဲ့နေရာက Bang Pa-In Palace လို့ခေါ်တဲ့ Summer Palace ထဲမှာပါ။ 17 ရာစုအတွင်း King Prasart Thong လက်ထက်က Chao Phraya မြစ်အတွင်း Bang Pa-In island ပေါ်မှာ တည်ဆောက်ခဲ့တာပါ။ စတင်တည်ဆောက်ခဲ့တာက King Prasart Thong ရဲ့ သားတော် King Narai (1656-1688) မွေးဖွားတဲ့ 1632 ခုနှစ် မှာဖြစ်ပြီး The Aisawan-dhipaya-assana Yoyal residence လို့ခေါ်တဲ့ အဆောက်အဦး တစ်ခုတည်းသာဖြစ်ပါတယ်။  အခုလက်ရှိ အဆောက်အဦးအများစုဟာ King Chulalongkorn (1868-1910) လက်ထက်မှာ 1872 မှ 1889 အတွင်း ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ King Rama IX နဲ့ Queen Sirikit တို့ရဲ့ စံနန်းတော်အဖြစ်နဲ့ ဧည့်ခံပွဲများ စားသောက်ပွဲများ စတဲ့ ပွဲများကျင်းပရာနေရာအဖြစ် အသုံးပြုပါတယ်။ ဧည့်သည်များ ဝင်ရောက်ကြည့်ရှု လည်ပတ်ခွင့်ရှိပြီး ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ဘတ် 100 သတ်မှတ်ထားပါတယ်။ (ခလေးတွေအတွက် ဘယ်လောက်ယူသလဲ မသိပါ) အထဲဝင်တဲ့အခါ အမျိုးသမီးများ ဒူးအောက်အထိရှည်တဲ့ အဝတ်အစားဖြင့်သာ ဝင်ခွင့်ရှိပြီး မလုံမခြုံဝတ်လာသူ အမျိုးသမီးများအတွက် ဂိတ်ဝမှာ အဝတ်အစားငှားရမ်းပေးရာ ဌာနတစ်ခု ဖွင့်ထားပါတယ်။

 

အစိမ်းရောင်ကပေးတဲ့ အေးချမ်းမှုကို ခံစားပျော်ရွှင်ကြမယ်လို့ထင်ပါတယ်။

 

(ဒါနဲ့ ရွာထဲမှာ ဓါတ်ပုံပြိုင်ပွဲ အစီအစဉ်လေး ရပ်တန့်နေသလားလို့)

 

 

လေးစားလျှက်

 

(Green Rose)

17 comments

  • etone

    March 12, 2013 at 2:26 pm

    အစ်မ Green rose ရေ မင်္ဂလာပါ ။

    ဓါတ်ပုံထဲမှာ တစ်ရှုးတွေ ၊ ကြွတ်ကြွတ်အိတ်ခွံတွေ ၊ ကွမ်းတံတွေးတွေ မတွေ့ ရဘူးတော့ … ။ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်တည်နေတဲ့ နေရာတစ်ခုမှာ လက်လွယ်စပယ် ချပစ်မယ့် စိတ်ဓါတ်ပိုင်ရှင်တွေ ရှိနေလျှင်တောင် ပစ်ချဖို့ တွန့်နေကြမယ်ထင်တယ် ။ ဒီနိုင်ငံမှာလည်း ကမာ္ဘလှည့်ခရီးသည်တွေ စိတ်ဝင်စားအောင် စွဲဆောင်နိုင်တဲ့ နေရာမျိုးတွေ အများကြီးရှိပါတယ်… သေချာ မထိန်းသိမ်းကြလို့ လုပ်ကွက်ရှိလျှက်နဲ့ အများကြီး နစ်နာတယ် ။

    ကာလာတွေထဲမှာ အစိမ်းရောင်ကို အကြိုက်ဆုံးပဲ ။ အစိမ်းရောင်ဆိုလျှင် ဘယ်အမျိုးနွယ်စိမ်းပဲ ဖြစ်ဖြစ် ကြိုက်ပါတယ် ။ ဖက်ဖူးစိမ်း ၊ ဘဲခေါင်းစိမ်း၊ အစိမ်းရင့် ၊ ရေညှိစိမ်း ၊စိမ်းပြာ အများကြီးပဲ ဟီး :mrgreen: သစ်ပင်စိမ်းစိမ်းတွေ မြင်ရရုံနဲ့ တကယ့်ကို အေးချမ်းပါအိ ။

    • ရွှေတိုက်စိုး

      March 13, 2013 at 8:52 am

      အမလေး တော် ဒေါ်တုံက ကာလာထဲမှာ အစိမ် ခရေစီဆိုပါလား… နာချစ်သုအုပ် မမစိမ်းလေး လုံလုံခြုံခြုံ သိမ်းထားအုံးမှ……..တော်ကြာ……… ဟိဟိ

    • Green Rose

      April 6, 2013 at 3:49 pm

      ဟုတ်တယ် etone ရေ

      Green Rose တို့ဆီမှာ တကယ်လုပ်ရင် လုပ်သလိုရနိုင်တဲ့ လုပ်ကွက်တွေ အများကြီးရှိပါတယ်။
      Green Rose အဲဒီ့မှာ သတိထားမိတာလေးတစ်ခုက သူတို့က အပန်းဖြေစရာ နေရာတွေကို အမှတ်တရ သမိုင်းဝင်နေရာတွေနဲ့ တွဲပြီးဖွင့်ထားတာပါပဲ။ အရမ်းကောင်းတဲ့ idea လို့ မြင်မိတယ်။ အဲဒီ့ နန်းတော်ဆိုရင် နန်းတော်ပတ်ဝန်းကျင်ကို အပန်းဖြေချင့်စဖွယ် ပြင်ဆင်ထားတာပါ။ လူတစ်ယောက် ဝင်ကြေး ဘတ် 100 ဆိုတာ မြန်မာငွေ 3000 နီးပါးမို့ ပန်းခြံ သပ်သပ်ဆိုရင် ဝင်ကြည့်ကြမယ်မထင်ပါဘူး။ အခုတော့ နန်းတော်ဟောင်း၊ လက်ရှိလည်းအသုံးပြုနေဆဲ ဆိုတော့ ဗဟုသုတလည်းရ အပန်းလည်းပြေပေါ့လေ။ ပေးရတာ တန်တယ်လို့ပဲ …………..။
      Green Rose တို့အတုယူသင့်တာပါပဲ။ လုံခြုံရေးကိုလည်း စံနစ်တကျထားထားပြီးတော့ သန့်ရှင်းရေး သာယာလှပရေးကိုလည်း သေချာလုပ်နိုင်ရတာက အဲဒီ့ ကဝင်ငွေက စရိတ်ကိုသေချာ ကာမိနေတာကြောင့်ပါပဲ။

      လေးစားလျှက်

      (Green Rose)

  • ခိုင်ဇာ

    March 12, 2013 at 2:36 pm

    စိမ်းသော သစ်ရိပ်အောက်တွင်။
    စိမ်းသော မြမြက်ခင်းအပေါ်။
    စိမ်းသောသူ ဝတ်စုံအဆင်၊
    စိမ်းကားခြင်း နမိတ်ပုံများ။
    သမိုင်းစိမ်း မင်းရေးဖွဲ့သွား::::::::::::::::::

    ဟီး။
    ဂရင်း စိမ်းလေးရော အစိမ်းရောင်လေးဝတ်ပြီး မြက်ခင်းစိမ်းလေးအပေါ်မှာရိုက်ခဲ့ဘူးလား။
    :kwi:

    • Green Rose

      April 6, 2013 at 3:33 pm

      ခိုင်ဇာပြောမှ အဲဒီ့နေ့က ဝတ်တဲ့ဝတ်စုံကို သတိထားမိသွားတယ် အစိမ်းတော့အစိမ်းပဲ ဒါပေမယ့် စစ်စိမ်း

      :harr:

  • ခင်ခ

    March 12, 2013 at 3:25 pm

    Green Rose ဆိုတဲ့ အမည်နဲ့လိုက်ဖက်စွာ စိမ်းစိမ်းလေးတွေရဲ့ ဓာတ်ပုံတွေကြည့်ြုပီး မျက်စိထဲ စိမ်းသွားတယ် အဲ အေးသွားပါတယ်လို့။

  • ဗုံဗုံ

    March 12, 2013 at 3:42 pm

    မမစိမ်းရဲ့ စိမ်းမြမြအလှကို တစ်စိမ့်စိမ့် ခံစားသွားပါကြောင်း :mrgreen:

  • နေဝန်းနီ

    March 12, 2013 at 7:55 pm

    စိမ်းကားခြင်းရဲ့ နောက်တွင် xxxx စိမ်းကားခြင်းသူ့ဝတ်စုံဆင် xxx စိမ်းကားခြင်းနမိတ် ပုံများ xxx
    အစိမ်းကိုကြိုက်တယ်ဆိုလို့ ကိုညီထွဋ် ရဲ့ ဂန္ဓဝင် စိမ်း ဆိုပြလိုက်တာ ….။ ကျွန်တော်ကတော့ ကျောင်းဝတ်စုံအစိမ်းကို ပိုကြိုက်ပါတယ်…။ အော်……. မနက်ဆိုရင် ညီမလေးတွေ စာမေးပွဲဖြေကြရတော့မှာပါလား (ဘာမှလည်းမဆိုင်ဘူးနော့– ဒါပေမဲ့သူကြီးကတော့ 10 ပေးလိုက်ရတာပဲ )

  • မောင် ပေ

    March 12, 2013 at 8:11 pm

    စိမ်းကား
    ဘိန်းစား
    နိမ်းများ
    ကြိမ်းဝါး
    ထိန်းဖား
    သိမ်းငါး

  • ပုံလေးတွေ မြင်ရတာ အေးချမ်းမိပါရဲ့ …
    ဒါမယ့် .. သေးနေတော့ …
    အေးသင့် ဒလောက်ဒေါ့ အေးဘူးပေါ့ … :mrgreen:

  • padonmar

    March 13, 2013 at 3:53 am

    သန့်နေတာပဲလို့သာ အားကျမိပါတော့တယ်။

  • ရွှေတိုက်စိုး

    March 13, 2013 at 8:55 am

    သူတို.ဆီမှာလဲ ကျွန်တော်တို. ဆီက ဘုရားတွေမှာလို အတိုအပြတ် မဝတ်ရဘူး ဆိုပါလား.. လဲဝတ်ရတယ်ဆိုပါလား…
    ဒါနဲ. အဲလို လဲဝတ်ရတဲ့ အဲဒီ နေရာရှေ.မှာ ရုပ်ပျက်ဆင်းပျက် ဆိုင်းဘုတ်အနီးအကြီးကြီးနဲ. ဟိုဟာမဝတ်ရဘူး၊ ဒီလိုဆို မတက်ရဘူး ဆိုတဲ့ ဆိုင်းဘုတ်များ ထောင်ထားသေးလား ဟင်………

    • Green Rose

      April 6, 2013 at 3:36 pm

      ရွှေတိုက်စိုးရေ

      ဆိုင်းဘုတ်တော့သတိမထားမိဘူး၊ အဲဒီ့အဝတ်အစားလဲဝတ်ဖို့အတွက် တာဝန်ကျဝန်ထမ်းတွေက သတိမထားမိပဲ ဒီအတိုင်းဝင်သွားတဲ့လူတွေကို လှမ်းအော်သတိပေး၊ လက်ဆွဲပြီးလဲခိုင်းတာတွေ ရှိပါတယ်။

      with respect

      (Green Rose)

  • kyeemite

    March 13, 2013 at 1:12 pm

    မျက်လုံးအေးစေတဲ့ အင်မတန်သာယာလှပ စိမ်းစိုတဲ့
    ဓါတ်ပုံလေးတွေ ကြည့်ရှု့ အားပေးသွားပါတယ် Green roseရေ..

  • Green Rose

    April 6, 2013 at 5:24 pm

    ကိုခင်ခ၊ ဗုံဗုံ၊ နေဝန်းနီ၊ ဦးပေ၊ မဟာရာဇာအံဇာတုံး၊ အန်တီ padonmar၊ ဦး Kyeemite တို့ရေ ကြည့်ရှုအားပေးသွား တဲ့အတွက် ကျေးဇူးတင်ပါတယ်။
    မဟာရာဇာအံဇာတုံးရေ ပုံတွေသေးသွားတာ ဆောရီးပါ၊ ဘယ်ဆိုဒ်လောက်တင်ရင် အဆင်ပြေမလဲဆိုတာမသိတာနဲ့လေ….
    ဦးပေရဲ့ ကဗျာကတော့ Green Rose ဉာဏ်မမှီပါဘူးလို့ပဲ……….
    နေဝန်းနီရေ.. Green Rose လည်း ကျောင်းစိမ်းဝတ်ခဲ့ရတဲ့ ဘဝလေးကို အကြိုက်ဆုံးပါပဲ။ တကယ်လို့ ကျောင်းဝတ်စုံက အဖြူ နဲ့ အစိမ်းမဟုတ်ပဲ တခြားအရောင်ဆိုရင်လည်း အဲဒီ့အရောင် ဝတ်ရတဲ့ ကာလကို မက်မောမိမှာပါပဲ။ တူညီဝတ်စုံတွေကြားထဲမှာ ဖြူစင်မှု၊ လွတ်လပ်မှု အပြစ်ကင်းမှုတွေနဲ့ ငြိမ်းချမ်းခဲ့လို့ပါ။

    လေးစားလျှက်

    (Green Rose)

  • ပက်ထရစ်ရွှေဂေါင်း

    April 6, 2013 at 6:01 pm

    မနှင်းစိမ်းရေ.. ဓါတ်ပုံတွေက အေးချမ်းနေဒါဗြဲ..
    ထိုင်းမှာ လူအဆင့်အတန်းမြင့်နေတာက
    စနစ်နဲ့ စည်းကမ်းတကျ နှစ်များစွာ ကြပ်မတ်ခဲ့လို
    အခြေကျနေတဲ့ သဘောပါ။ ကျနော် ကုန်တိုက်တစ်ခုမှ
    ဈေးသွားဝယ်တော့ ပစ္စည်းမနိုင်လို့ ဆိုင်ကယ်ခြင်းထဲ
    ထည့်ထားခဲ့တာတောင် ဘယ်သူမှမယူဘူးဗျာ..
    ကိုယ်တွေရွာမှာဆိုရင်တော့ အပျောက်ပဲ။ ဒါနဲ့
    စကားမစပ်… အပျိုကြီးဖြစ်မယ် မိန်းမတွေက
    အစိမ်းရောင်ကို ပိုပြီး နှစ်သက်စွဲလမ်းတတ်ကြတယ်..
    လေ့လာမိဖူးတယ်.. ဟုတ်..မဟုတ်.. တော့..
    မသိ.. တသိ.. :mrgreen:

  • အရိပ်စစ်

    April 6, 2013 at 6:35 pm

    Green Rose ရဲ့ နာမည်လေးလည်း ကြိုက်တယ်
    အစိမ်းရောင်လေးတွေကိုလည်း ကြိုက်တယ်
    အစိမ်းရောင်က ပေးတဲ့ အေးချမ်းမူ့လေးတွေကိုလည်း ကြိုက်တယ်
    အားပေးနေမယ်နော် မမစိမ်း

Leave a Reply