Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေါက်တယ်လို့ မှတ်မှာလား-၁ ( တစ်ခါသုံး/ Disposible)

padonmarMarch 18, 20131min127538

ကျမနေ့စဉ် အလုပ်သွားလုပ်နေရတဲ့ လူအများစုဝေးရာ နေရာလေးတစ်ခုမှာ အလှူရှင်တစ်ဦးက Water Cooler လှူထားတာရှိပါတယ်။

ရေသန့်အေးအေးလေးလှူသူက လှူထားပေမယ့် ဘုံရေခွက်နဲ့ သောက်ရမယ်ဆိုတော့ မှန်တာပြောရရင် ရွံကြပါတယ်။

ဟုတ်တယ်လေ။ ရောဂါပိုးတွေ ခွက် နှုတ်ခမ်းတွေကတစ်ဆင့်

တစ်ယောက်ကို တစ်ယောက် ကူးနိုင်တာ ဆိုတော့ ဘုံရေခွက်နဲ့တော့ မသောက်သင့်တာအမှန်ပါပဲ။

အဲတော့ တော်ရုံရေဆာရုံနဲ့တော့ မသောက်ဖြစ်တော့ပြန်ဘူး။

ရေငတ်ခံနေရတာပေါ့။

ဒါမှမဟုတ် ကိုယ့်ကိုယ်ပိုင် ရေခွက်၊ရေဘူးလေးတွေ ယူလာဖို့ ကရိကထကျတော့လည်း မခံချင်ကြပြန်ဘူး။

ဒါနဲ့ တစ်ခါသုံးရေခွက်ကလေးတွေ ဝယ်လှူကြရအောင်လို့ သူငယ်ချင်းတွေ တိုင်ပင်ကြပါတယ်။

ဒီအကြံကို မိုးနတ်မင်းကြီး ကြားသွားသလားမသိဘူး။

လူကြီးတွေက အဲဒီ ရေအေးစက်ကလေးက ရေကို အများ သောက်ကြဖို့ တစ်ခါသုံး ပလပ်စတစ်ခွက်ကလေးတွေကို

အများပိုင်ငွေထဲက ဝယ်ပြီး ပိုပိုလျှံလျှံကို ထားပေးလိုက်ကြပါတယ်။

အဲဒီတော့မှ ရေဆာတိုင်း ရေကို ဝဝသောက်ကြရပါတယ်။သာဓုပါ။

ဒီလို ရေခွက်တွေ အများကြီးထားပေးတော့ လူတွေက တစ်ခါရေဆာရင် တစ်ခွက် ယူသောက်ပြီး ဘေးက ပုံးထဲ ပစ်ထည့်လိုက်ပါတယ်။

ကျမက ရေ ခဏခဏ သောက်တတ်ပါတယ်။

စကားကလည်းပြော၊ကျမတို့က လူစုံရင် မုန့်ကလည်း စားကြဆိုတော့ စားလိုက်၊ပြောလိုက်၊သောက်လိုက်၊လွှင့်ပစ်လိုက်ပါပဲ။

ကျမကတော့ ကပ်စေးနည်းတဲ့ အဖွားကြီးပီပီ ရေတစ်ခါသောက်ပြီးရင် လွှင့်မပစ်ပဲ လက်ထဲကိုင်ထားဒါမှမဟုတ် အိတ်ထဲထည့်ထားပါတယ်။

နောက်တစ်ခါ သောက်ချင် ဒီခွက်နဲ့ပဲ ပြန်ထည့်သောက်ပါတယ်။ကိုယ့် ပါးစပ်နဲ့ထိထားတာ ကိုယ်ပဲပြန်သောက်တာဆိုတော့ ရွံစရာလို့မထင်ပါဘူး။

အိမ်က သောက်ရေခွက်တွေဆို တစ်ခါသောက်ပြီး လွှင့်ပစ်တာမှမဟုတ်တာ။

အဲဒီနေရာက ပြန်ရင် ကျမသောက်ပြီးသား ရေခွက်လေးကို လွှင့်မပစ်ပဲ ပြန်သယ်လာပါတယ်။

ကျမ ကိုယ်ပိုင်အလုပ်ဌာနရှေ့မှာ သောက်ရေအိုး တည်ထားတာရှိတော့ အဲဒီမှာ ရိုးရိုး ပလပ်စတစ်ခွက်ပဲ သုံးထားနိုင်ပါတယ်။

ရေခွက်ကို နေ့စဉ်တော့ ရေဆေး ပေးတာပေါ့။

ကျမသယ်လာတဲ့ ကျမ သောက်ပြီးသား တစ်ခါသုံး ပလပ်စတစ်ခွက်လေးတွေကို သေချာ ရေ ဆေးပြီး အဲဒီ သောက်ရေချမ်းစင်မှာ ထားပေးမယ်လို့ စိတ်ကူးပါတယ်။

(ခုထိတော့ ကျမမှာ အေအိုင်ဒီအက်စ်၊ဘီပိုး၊စီပိုး၊တီဘီပိုးတွေ မရှိသေးဘူးလို့ စစ်ထားပါတယ်။)

အဲဒီက လမ်းသွားလမ်းလာတွေ သောက်ပြီး ပစ်ရင်တော့ အဲဒီခွက်ကလေးတွေကို အပေါက်ဖောက် မြေကြီးထည့်ပြီး သစ်စေ့ ပန်းစေ့လေးတွေ ပျိုးဖို့ လုပ်မယ်လို့ စိတ်ကူးပါတယ်။

သို့သော်

အကြီးကြီး သို့သော်ပါ။

ကျမရဲ့ ချစ်လှစွာသော သူငယ်ချင်း တစ်ယောက်က ကျမနေ့စဉ် ရေသောက်လိုက်

ရေခွက်လေးတွေ သိမ်းလိုက် လုပ်နေတာကို တော်တော် ကြည့်မရဖြစ်လာတယ်နဲ့တူပါတယ်။

“အဲဒီခွက်ကို သောက်ပြီးရင် တစ်ခါတည်း ပစ်လိုက်ပါလား၊ဘာဖြစ်လို့ သိမ်းနေသေးလဲ “တဲ့။

ဒီလို ဒီလို ပြန်သုံးပါတယ် ဆိုတော့

အများတကာ တစ်ခါသောက်ပြီး လွှင့်ပစ်နေကြတဲ့ နေရာမှာ ဒီလို ပြန်သုံးမယ်လို့ သိမ်းနေရင် သူများကို ကန့်လန့်တိုက်သလို ဖြစ်နေမှာပေါ့။

အများနဲ့ နေတာ အများလိုပဲ လုပ်ရတယ်။

နို့မို့ရင် ဂေါက်နေပြီလို့ ထင်လိမ့်မယ် ” လို့ ဆုံးမလာပါတယ်။

သူက ကျမကို ချစ်လို့ ပွင့်ပွင့်လင်းလင်း သူ့အမြင်ကို ပြောတာပါ။

ဒီတော့ ကျမလည်း စဉ်းစားရပါပြီ။

ပစ္စည်းရဲ့ အမည်ကိုက တစ်ခါသုံး၊ Disposible ဆိုတော့ တစ်ခါပဲ သုံးတဲ့သူတွေ ဖက်မှာတော့ အလွန်မရှိနိုင်ပါဘူး။

အခါခါ သုံးချင်မိတဲ့ ကျမ မှာသာ အပြစ်ရှိနိုင်တာပါ။

(ကျမရဲ့ ဆင်ခြေက အရှင်အာနန္ဒာနဲ့ သင်္ကန်း ငါးရာ ပါ။)

သူပြောပြီးတာ တစ်ပတ်လောက်ရှိပြီ၊

သူငယ်ချင်းရဲ့ စေတနာကိုလည်း နားလည်ပါတယ်။

ကျမကတော့ ခေါင်းမာမာနဲ့ ရေခွက်လေးတွေ သိမ်းဆဲပါပဲ။

ကျမ တကယ်ပဲ ဂေါက်နေပြီလား၊

ချစ်လှစွာသော ရွာသူားများ အားမနာတမ်း ဝေဖန် အကြံပေးကြပါအုံး။

အစွန်းရောက် ခေါင်းမာနေတဲ့ ကျမကို တည့်မတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

တစ်နံနက်တာ စွန့်ပစ်တဲ့ ရေသောက်ခွက်များ
တစ်နံနက်တာ စွန့်ပစ်တဲ့
ရေသောက်ခွက်များ
ဒီနေ့တော့ အဝါရောင်ခွက် တစ်ပုံး
ဒီနေ့တော့ အဝါရောင်ခွက် တစ်ပုံး

38 comments

  • ဦးဦးပါလေရာ

    March 18, 2013 at 12:32 am

    ဆရာဝန်အသင်းတိုက်ထင်ရဲ့…

    တကယ်တော့ အဲဒီခွက်မျိုး ဝယ်မသုံးနိုင်တဲ့သူတွေကို အများကြီးပဲ…။

    သုံးလို့ရသလောက်ကို နောက်ဆုံးအချိန်အထိသုံးတာကို ဂေါက်တယ် လို့ မဆိုနိုင်ပါဘူး..။

    ကမ္ဘာမြေကြီးဆီက ထုတ်သုံးတာတွေ နဲနိုင်သမျှနည်းလေ ကမ္ဘာမြေကြီးအသက်ရှည်လေမို့ပါပဲ။

    ဘယ်သူကဝယ်တယ် ဘယ်သူကပိုက်ဆံပေးတယ် ဆိုတာကတစ်ပိုင်း…

    ကိုယ့်ဟာကိုယ် ချွေတာတာက တစ်ပိုင်း ပါပဲဗျာ..။

  • kai

    March 18, 2013 at 2:00 am

    မဂေါက်ပါဘူး.. :kwi:
    ယူအက်စ်မှာလည်း အဲလိုစဉ်းစားကြတဲ့သူတွေရှိဖူးပါတယ်..
    ပလပ်စတစ်မို့.. ကမ္ဘာမြေကြီးအတွက် ဝန်လေးတာ.. သိကြတာကိုး..

    ဒါကို.. ပစ္စည်းထုတ်လုပ်သူ အင်ဂျင်နီယာတွေက.. ဒီလိုပြင်ပေးပါတယ်..
    တခါသုံးခွက်ကို..တခါပဲသုံးလို့ရတဲ့.. အရွယ် သေးသေးလေး.. စက္ကူနဲ့လုပ်လိုက်တာပါ..
    ဒီတော့..
    အားလုံးအိုကေ..စိုပြေ…။

    • weiwei

      March 18, 2013 at 12:59 pm

      ခွက်ကလေးတွေကြည့်ရတာ စားချင်စရာ … ရေသောက်ပြီး ခွက်ပါ ဝါးစားလို့ရရင် အဆင်ပြေမယ်နော် …

  • အရီးခင်လတ်

    March 18, 2013 at 4:09 am

    ဂေါက်ပါဘူး။
    ကျွန်မဆိုလဲ အဲလို ပြန်သုံးမှာ အသေအချာဘဲ။
    Disposible ဆိုရင် Recycle ပြန်လုပ်နိုင်ရင် အကောင်းဆုံးပါဘဲ။
    သူကြီးမင်း အပေါ်မှာ မိန့်ထားသလို ပေါ့။ 😆

    ဒီမှာလဲ ပါတီတွေမှာ သောက်စရာခွက်တွေ မှာ ကိုယ့်နာမယ် ရေးပြီး ဆက်သုံးနိုင်ဖို့ Permanent Marker တွေတောင် ချပေးထားတာ။

  • Grace

    March 18, 2013 at 4:12 am

    တနံက်အတွက်လွှင့်ပစ်ရတဲ့ ရေခွက်တွေ နည်းတာမဟုတ်ဘူးနော်..
    နောက်ပြီးရေခွက်တွေက တခါတည်းသုံးယုံနဲ့ ဘယ်လိုမှထူးပြီး မညစ်ပတ်မပျက်စီးမယ့်ပုံဆိုတော့
    ညီမဆိုလည်း တခါသောက်ပြီးပြန်သိမ်းထားမိဦးမှာပါ။
    နောက်နေ့ အိမ်ကနေ ကိုယ့်ကိုယ်ပိုင် ရေဘူးလေး (သို့) အဖုံးပါတဲ့ရေခွက်ကလေးယူပြီး သောက်တာပိုကောင်းမယ်ထင်မိပါတယ်။ အိမ်ကမထွက်ခင် သတိလေးထားပြီးယူသွားလိုက်ရင်အဆင်ပြေမှာပါ….မမရေ
    ကိုယ့်ရေခွက်ကလေးနဲ့ကိုယ်ဆိုတော့ သီးသန့်လည်းဖြစ်
    သူများအမြင်လည်းရှင်းတာပေါ့…

  • koaung

    March 18, 2013 at 5:06 am

    ကျနော် ဘယ်သွားသွားကျနော့အိတ်ထဲမှာသူများထက်နဲနဲပိုလေးသလိုရှိနေတတ်တယ် စတီးဇွန်းတချောင်းနဲ့ ရေသန့်ဘူးအခွန်တခုက တခြားနေ့စဉ်သုံးပစည်းတွေနဲ့ အမြဲပါနေတတ်တယ် သောက်ရေသုံးတဲအခါ ဒီရေဘူးကိုဘဲနေ့စဉ်သန့်စဉ်ပြီးမှသုံးလေ့ရှိပါတယ် မလိုအပ်ဘဲအမှိုက်တိုးပွါးမှူတွေမဖြစ်သင့်ပါဘူး တကိုယ်ရေအသုံးပြုတဲ့ မလိုအပ်တဲ့အမှိုက်များ တတ်နိုင်သမျှလျော့နဲတာဟာ ချွေတာစုစောင်းမှူတခုပါဘဲ

  • KZ

    March 18, 2013 at 8:13 am

    ဂေါက်ပါဘူး အာတီဒုံရယ်။
    အနော်ဖြင့် အဲလို လွှတ်ပစ်ထားတဲ့ တခါသုံး ပလတ်စတစ်ခွက်တွေမြင်ရတိုင်း နှမြောတာရယ်။။ :mrgreen:
    ပိုဆိုးတာက ဒီ မှာက မြန်မာချင်းချင်း အလှူတို့ ပွဲတို့လုပ်ရင် ပန်းကန်မဆေးချင်တာလား ဘာလားမသိ။ အဲလို တစ်ခါသုံးတွေ သုံးကြတယ်။
    ပွဲမှာလဲ တစ်ယောက်တည်း ကို ရေတစ်ခါသောက် တစ်ခါ လွှတ်ပစ် လုပ်တာတွေလဲ မြင်ဘူးတယ်။
    ကိုယ်တစ်ယောက်တည်းသောက်တာ စားတာကို ဘာလို့ အများကြီး ဖြုန်းမှန်းမသိ။
    အမုန်းမခံနိုင်တော့လည်း မမြင်ချောင်ဆောင်ရတာပေါ့။ :mrgreen:
    အဲ။
    ဆေးရုံ၊ ဆေးခန်းမှာ ထားတဲ့ စက္ကူ ခွက်လေးတွေတော့ သဘောကျတယ်။
    အောက်မှ လင့်(ခ) ပေးထားတယ်ဗျ။ ကန်တော့ပုံ သေးသေးလေးတွေ။

    http://www.123rf.com/photo_11385229_cone-shape-disposable-paper-cups-on-green-background.html

    :hee:

  • ဦးဖွတ်ကျား

    March 18, 2013 at 8:29 am

    တခါသုံးတူတွေအကြောင်းလည်း ဒီဆိုက်မှာပဲ ဖတ်ခဲ့ဖူးသေးရဲ့ …။
    ပေါ့တေးဘဲလ် ဖြစ်အောင် လုပ်ရတာ သိပ်တော့ ဂရင်းမဖြစ်တာတော့အမှန်…။
    ဂရင်းဖြစ်ဖို့က ရီဆိုက်ကလင်း နဲ့ နွယ်လေတော့ …

    တော်သေးဘီ သများ လိုင်းမဟုတ်ဘု …။
    မပြောလိုဘု။

    အားပေးသွားပါကြောင်း အန်ကယ်ဒုံ…။

    :kwi:

  • kyeemite

    March 18, 2013 at 9:07 am

    လေးစားပါတယ်ဒေါ်ပဒုမ္မာ…ကောင်းတဲ့အတွေးနဲ့ လုပ်ဆောင်ချက်ကလေးပါ…
    ကျနော် နောက်တစ်ခု နှမြောနေတာရှိသေးတယ်….
    အဲဒါကတော့ တစ်ခါသုံး “ဝါးတူ”တွေပဲ..
    တစ်နေ့တစ်နေ့ စားသောက်ဆိုင်တွေက လွှင့်ပစ်နေတဲ့ ဝါးတူတွေကို
    ပေါင်းကြည့်ရင် ဝါးပင်တွေ ဖြုန်းတီးနေတာ မနဲလောက်ဘူး….
    စားသုံးသူတွေမှာ ကိုယ်ပိုင်တူလေးတစ်စုံ ဆောင်ထား(သွားလေရာယူခဲ့ဖို့တော့လိုတာပေါ့)
    စားသောက်ဆိုင်ထိုင်ဖြစ်ရင် ကိုယ့်တူနဲ့ကိုယ်စားပေါ့….
    စိတ်ကူးယဉ်ကြည့်တာပါဗျာ.. :kwi:

  • ရွှေတိုက်စိုး

    March 18, 2013 at 9:28 am

    ကျွန်တော်ကတော့ ဂေါက်တယ်လို.မှတ်ပါတယ်.. (မရိုသေ.စကား ပို.စ်ခေါင်းစဉ်နဲ.ညီအောင်ပြောရတာပါ ခွင့်လွှတ်ပါ အန်တီ)
    ဘာလို.လဲဆိုတော့… တစ်ခါသုံးခွက် တစ်ခါသုံးတဲ့နေရာမှာပဲသုံးသင့်ပါတယ်.. သုံးပီးရင် လွှင့်ပစ် အဲဒါကို ပြန်သုံးဖို. တစ်ခါသုံးခွက် လုပ်တဲ့ဆီက ပြန်သုံး.. ပလပ်စတစ်ကောက်တဲ့သူတွေ ရောင်းရင် ဝင်ငွေရ …
    အပင်စိုက်ဖို. ပန်းအိုးသုံး တဲ့နေရာမှာ အဲဒီပလပ်စတစ်ခွက် မသုံးသင့်ပါဘူး.. အဲဒီတော့..
    တစ်ခါသုံးခွက်ကို တစ်ခါသုံးသင့်တဲ့နေရာမှာသုံး… စွန်.ပစ်ရင် စနစ်တကျစွန်.ပစ် …
    ပန်းအိုးကို ပန်းစိုက်တဲ့နေရာမှာသုံး……

    အဲလိုသာသူ.နေရာနဲ.သူ သုံးသင့်တာ စနစ်တကျသုံးရင် ကျွန်တော်ပြောသလို ပလပ်စတစ်တစ်ခါသုံးခွက် ရောင်းတဲ့သူ ပလပ်စတစ်ကောက် ရောင်းတဲ့သူ ပန်းအိုးရောင်းတဲ့သူ သူနေရာ သူစီးပွားရေးနဲ. FLOW လေး မှန်မှန်စီးနေ မှာပါ….

    ကျွန်တော်ပြောချင်တာ ပလပ်စတစ်တစ်ခါသုံးခွက်တင်မဟုတ်ပါဘူး အခြားအခြားသော အရာတိုင်းပါပဲ..
    သူ.နေရာသူ သုံးသင့်ကြောင်းပါ………..

  • etone

    March 18, 2013 at 10:59 am

    လမ်းသွားရင်းလည်း ရေငတ်လျှင်တောင် ရေသန့်ဗူးမရနိုင်တဲ့ အခြေနေမျိုးဆို … ပြင်းပြင်းပျပျ ရေဆာတတ်တဲ့ အကျင့်ကို မြိုသိပ်နိုင်ပါတယ် ။ ရေသန့်ဗူးတွေကိုတော့ … သောက်ပြီးတိုင်းလွင့်ပစ်သလို ၊ အိမ်နား နီးလျှင်တော့ လက်က ကိုင်သွားတယ် … ။ အိမ်မှာ ရေခဲရေဗူးပြန်လုပ်လို့ ရတာကြောင့်ပါ ။ ရေခဲရေဗူးတွေကိုလည်း တပတ် ဆယ်ရက်လောက်ပဲ သုံး ပြီး ပိုကြာသွားတာနဲ့ ဗူးသစ်လဲသုံးပါတယ် ။

    Disposible ပစ္စည်းတွေကို Disposible အနေနဲ ့ပဲ သုံးသင့်တယ်လို့ မြင်မိပါတယ် အန်တီရေ ။
    ဆိုင်တွေမှာ ရေသန့်ဗူးမှာလျှင် တခါသုံးခွက်လေးတွေနဲ့ တွဲပြီး လာချပေးလေ့ရှိတယ် … အဲ့အခါမျိုးမှာ သာမန် ဖန်ခွက်ကိုပဲ တောင်းသုံးခဲ့ပါတယ် တခါသုံး ခွက်လေးတွေကို မသုံးခဲ့ပါဘူး ။
    သမီးလည်း စိတ်တ္တဇဖြစ်နေတာက …. တခါသုံး ခွက်တွေကို သီးသန့် သုံးကြတာ … ကောင်းတယ်လို့ထင်ရပေမယ့် အဲ့ဒီ တခါသုံး ခွက်တွေ ၊ တခါမှ မသုံးခင်က သန် ့ရှင်းရေး လုပ်ပြီး သုံးသူ ဘယ်နှစ်ယောက်များ ရှိပါ့မလဲ ဆိုတဲ့ အတွေးပါ ။ ဆိုင်က ဒီတိုင်း အထပ်လိုက်ဝယ်လာတယ် သုံးခါနီး ခွာပြီး တလုံး စီ ထုတ်သုံးတယ် … ။ ဆိုင်အတော်များများပါ အဲ့လို သုံးပါတယ် ။ ရေနဲ့ တလုံး ချင်းစီ ပြန်ဆေးပြီး ပြန်စီထပ်ထားတာ … အတော်ရှားပါတယ် ။
    ဒီလိုပါပဲ ဖော့ဘူးတွေလည်း … ထိုနည်းလည်းကောင်းပါ ။

    တခါသုံးတွေကို အခါခါသုံးစွဲချင်လျှင်တော့ … အသုံးမပြုခင်နဲ့ သိမ်းဆည်းထားချိန်တွေမှာ သန့် ရှင်းဖို့တော့ အရေးကြီးမယ်ထင်ပါတယ် ။ သူ့နေရာနဲ့ သူပေါ့ အန်တီရယ် …. လက်သုတ်ပုဝါတွေအစား ၊ တစ်ရှူးလေးတွေ အစား ထိုး လာသလိုပဲ မြင်ကြည့်ပေးပါ ။ ကိုယ်တွင်းမှာလည်း ရှေးလူကြီးတွေ ရမ်း ပြောတဲ့ ပိုမျိုး ရှစ်ဆယ် ဆိုလား ဘာလား … နဂိုကတည်းက ရှိနေတာတဲ့ :mrgreen: ဒီတော့လည်း မထူးပါဘူး … မျက်စိထဲ ရွံစရာလို့ ထင်လျှင် မသောက်ဘူး ၊ မသုံးဘူး ၊ မျက်စိက သန့်တယ် ထင်လျှင် သောက်တယ်ဖြစ် သုံးဖြစ်ပါတယ် … ။

  • MAUNG

    March 18, 2013 at 11:21 am

    တတ်နိုင်သမျှ Recycling လုပ်တာကောင်းတာပေါ့ ။ ဂေါက် တယ်လို့မထင်ပေါင် …

  • Shwe Ei

    March 18, 2013 at 12:28 pm

    ရီဆို်က်ကယ် ဆားဗစ် ကျယ်ပြန့်လာပါစေဘဲ ဆုတောင်းတယ်။
    ဒစ်စပိုဇေဘယ်လို့ပြောတဲ့ ပစ္စည်းတေအားလုံးကို(မဖြစ်မနေလွှင့်ပစ်ရမဲ့ပစ္စည်းများမှအပ) ပြန်သုံးတဲ့အခါ စိတ်သန့်သန့်နဲ့
    သုံးနိုင်အောင် ဆားဗစ်ကောင်းကောင်းပေးတဲ့ အလုပ်မျိုး ဘဒူများ
    ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်မလဲမသိ :kwi:

  • weiwei

    March 18, 2013 at 1:30 pm

    တစ်ခါသုံးတွေကို တရုတ်ပြည်ဘက်မှာ အများဆုံးသုံးကြတယ် ..
    အဆင့်မြင့် စားသောက်ဆိုင်ကလွဲလို့ ရိုးရိုးစားသောက်ဆိုင်တွေမှာဆိုရင် ဟင်းပွဲကလွဲပြီး အားလုံး တစ်ခါသုံးချည်းပဲ … စားပွဲခင်းကို တစ်ခါသုံးပလက်စတစ်အကြည်တစ်လွှာခင်းပြီး ထမင်းပန်းကန်၊ ရေခွက်၊ တူ စတာတွေ အားလုံး တစ်ခါသုံးချည်းပဲ … တစ်ဝိုင်းစားပြီးရင် ဟင်းပွဲဖယ်ပြီး ကျန်တာအားလုံးကို စားပွဲခင်းနဲ့စုထုပ်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်တော့တာပဲ …
    ကျွန်မကတော့ မကြိုက်ဘူး … ကြွေပုဂံနဲ့ ဖန်ခွက် ပလပ်စတစ်တူ တွေ တောင်းပြီး စားပါတယ် … အဲဒီလို တစ်စုံတောင်းရင် တစ်ယွမ်ပေးရတယ် …

    အန်တီပဒုမ္မာပြောထားတဲ့ အနေအထားမှာဆိုရင် ခွက်လေးတွေလွှင့်ပစ်ရတာ နှမြောစရာကောင်းတယ် … ကျွန်မသာဆိုရင်လဲ တစ်ခါသောက်ပြီးရုံနဲ့တော့ လွှင့်ပစ်ရက်မှာမဟုတ်ဘူး … (အော်မေ့ဂိုဏ်းဝင်မို့လို့လားမသိဘူးနော် .. :kwi: )

    • etone

      March 18, 2013 at 1:52 pm

      မဝေရေးတဲ့ … ကြွေပုဂံနဲ့ ဖန်ခွက် ပလပ်စတစ်တူ တွေ တောင်းပြီး စားပါတယ် … အဲဒီလို တစ်စုံတောင်းရင် တစ်ယွမ်ပေးရတယ် …
      ဆိုတာလေး ဖတ်မိပြီး ဘာမဆိုင်ညာမဆိုင် မန်းလေး သွားတုန်းက … ပိုးသပ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေသုံးစွဲ ခပေးရတဲ့ အကြောင်းလေး ပြန်သတိရမိပါတယ် ။

      မန်းလေးသား ရွာသားကြီးနှစ်ယောက်က ဒင်နဲ ့ဧည့်ခံတော့ အဲ့ဆိုင်မှာ ခွက်တွေ ပန်းကန်တွေ ကိုယ်သုံးမယ့် တစုံစီကို ပလပ်စတစ်နဲ့ သေချာ ထုပ်ပိုးပြီး ချပေးထားတာ တွေ့ ရပါတယ် ။ ပန်းကန်ခွက်တွေကို ဆေးကြော ပိုးသပ်ပြီး ပြန်လည်ထုတ်ပိုးတာက … အဲ့ဆိုင်က မဟုတ်ပဲ ကမ်ပဏီ တစ်ခုကပါ ။ ထောက်ခံချက် အမှတ် ဘာညာတွေလည်း ရေးထား မြင်ခဲ့ရပါသေးတယ် ။ ဒီသန့်စင်ထားတဲ့ ပန်းကန်နဲ့ စားတဲ့အတွက် ပိုက်ဆံ ကောက်ပါတယ် ။ မစားဘူးဆိုလည်း မရမှ မရတာ … ဒီဆိုင်မှာ ဒီခွက်တွေပဲ သုံးတယ် .. သို့သော်လည်း … ဆို်င်က ချက်တဲ့ ဟင်းလျာတွေ ထည့်တဲ့ ခွက်တွေကို ကျတော့ …. ဆိုင်မှာဆေး ၊ ဆိုင်မှာ သုံးတာပါပဲ … ဟိုကမ်ပဏီက အသား လွတ် .. စီးပွားဖြစ်သွားတာကလွဲလျှင် သိပ်တော့ မထူးခြားဘူးလို့ မြင်မိပါတယ် ။

      • ညည်းပြောမှ အသားလွတ်အပိုကုန်သွားတာကို မြင်မိတယ်။
        200ကျပ်ဆိုတော့လည်းမများပါဘူးအေ၊
        အားလုံးညစ်ပတ်တာထက်စာရင် ကောင်းတာလဲ တစ်ခုပါတော့
        တစ်ခုသန့်တာပေါ့အေ့။
        မန်းလေးကဆိုင်တိုင်းကလဲ အဲလိုဖြစ်သွားပြီ။

        • etone

          March 19, 2013 at 9:27 am

          အော … လေးလေးရေ … အခု ဆိုင်တိုင်း အဲ့လို ချည်း ဖြစ်ကုန်ပြီလား ။
          200လောက်ကုန်တာကို အဓိက ဆိုလိုရင်းမဟုတ်ပါဘူး ။
          ခေတ်စနစ်ရဲ့ တောင်းဆိုမှုအောက်မှာ အလုပ်ကိုင်အခွင့်လမ်းပွင့်လာတဲ့ လုပ်ငန်းတစ်ခုအကြောင်းလေး … သိစေရုံပါ။

  • Foreign Resident

    March 18, 2013 at 3:37 pm

    ကျနော်တို့လည်း မပဒုမ္မာ အတိုင်းပါဘဲ ။
    တရား စခန်း ဘာညာ သွားရင် ၊ အိမ်ကနေ ၊
    0.5 Ltr ရေသန့်ဘူး အလွတ် / အဟောင်း တွေ ယူသွားတာပဲ ။
    အဲဒါနှင့် ရေခံ သောက်တာပဲ ။

    အမှန်က မပဒုမ္မာ ကိုပြောတဲ့ ၊ မပဒုမ္မာ သူငယ်ချင်းကမှ ဂေါက်နေတာ ဖြစ်မယ် ။
    နိုင်ငံတကာမှာ ပါတ်ဝန်းကျင်ကို ဒီလောက် ကာကွယ်နေတာ မသိဘူးလား ။
    ကျနော်တို့ဆို ၊ ဩဇီ အိမ်မှာ တော်ရုံ ပူ ရင်တောင် Air Condition မဖွင့်ဘူး ။

  • Moe Z

    March 18, 2013 at 3:46 pm

    အန်တီပဒုမ္မာရေ
    သမီးလည်း တစ်ခါသုံးခွက်တွေ ပန်းကန်တွေကို ထပ်ထပ်သုံးလေ့မရှိဘူးရှင့်..
    အန်တီ့လို ကိုယ်သုံးပြီးသားပြန်သုံးတာတော့ ကိစ္စမရှိပေမယ့် သူများသုံးပြီးသားကိုတော့ ဆေးထားလည်းစိတ်မှာတစ်မျိုးကြီးပဲ :mrgreen:
    အပေါ်မှာ သဂျီးပြောထားတဲ့စက္ကူခွက်တွေက ဒီမှာလည်းရှိပါတယ်…
    သမီးကတော့ ပလပ်စတစ်ထက် စက္ကူခွက်တွေ ပန်းကန်တွေ ပိုအသုံးများတယ်..
    စက္ကူဆိုတော့လည်း ဝါးပင်တွေဖြုန်းရာရောက်မလား မသိတော့ဘူး :rolleye:
    အုပ်စုလိုက် trip ထွက်တဲ့အခါမျိုးတွေဆိုရင်တော့ လွှင့်ပစ်ခဲ့ပေမယ် .. ပုံမှန်အချိန်တွေဆို အားလုံးပြန်သုံးပါတယ် craft တွေဖန်တီးဖို့ decoration တွေလုပ်ဖို့ပါ .. မဟုတ်ရင်တောင် အသစ်ဝယ်ရတယ်လေ..
    မွေးနေ့ကိတ်တွေထည့်စားတဲ့ ပေပါပလိတ်တွေဆိုရင် တစ်ရှူးနဲ့ပြောင်စင်အောင်သုတ်ပြီး နေပူထဲခနထားပြီးရင် ပြန်သိမ်း.. လိုတဲ့အချိန်မှာ ပြန်သုံးပါတယ်.. ကျောင်းတွေမှာဆိုရင်တော့ ရီဆိုက်ကယ်အနေနဲ့ သင်ထောက်ကူတွေလုပ်ဖို့ ပြန်သုံးသင့်ပါတယ်…

  • nature

    March 18, 2013 at 4:19 pm

    မြင်လည်းမြင်တတ်ပါပေတယ် ဒေါ်ပဒုမ္ပာရယ်။ ဒီနေရာမှာတော့ ယေဘူယအမြင်တူပါတယ်။ တခါသုံးရေခွက်တွေကို နဂိုကသုံးတာတခါမှ မတွေ့ဘူးပါဘူး။ တခါသုံးရေခွက်တွေကို အများပိုင်ငွေနဲ့ ဝယ်သုံးတယ်ဆိုတာလည်း အများပိုင်ငွေကိုဖြုန်းတီးတယ်လို့ထင်မိတယ်။ အများသုံးရေပုံးမှာ အများသုံးသောက်ရေခွက်ပဲထားသင့်တယ်။ တကယ်လို့ ကိုယ်ကသိပ်သန့်ချင်လို့ တခါသုံးခွက်သုံးချင်ရင် တခွက်ကို ၁၀ဝ နဲ့ ရောင်းပေးပေါ့။ ကိုယ့်ငွေထိမှကိုယ်သိတာပါ။ အများသုံးငွေထဲကဝယ်ပေးနေရင် လွယ်လွယ်ပေါပေါသုံးနေလို့ ပိုကုန်ပါတယ်။ ဖြုန်းတီးရာရောက်တယ်လို့ထင်မိတယ်။

  • ကောင်းဘို့လုပ်မယ်ကြံရင် တစ်ခါထဲ အကောင်အထည်ဖော်လိုက်ပါ.
    တစ်ခါတစ်ရံမှာပုံမှန်တွေးသူများက ထူးကဲပိုလွန်တွေးသူကို ဂေါက်တယ်လို့ထင်တတ်ပါတယ်။
    သိမ်းထားရေဆေးပြန်သုံး။
    ကောင်းသောအတွေးပါ။
    မမာရေ အကောင်အထည်ဖော်လိုက်ပါဗျို့။

  • Ma Ei

    March 18, 2013 at 4:43 pm

    အောက်ဆုံးပုံလေးကိုကြည့်ပြီး
    အမှိုက်ပုံး ကြီးကြီး အဖုံးလေးနဲ့ကို
    သောက်ရေပုံးထားရာနဲ့ လှမ်းလှမ်းမှာထားပြီး
    ရေတွေဖိတ်၊ ဖုံတွေနဲ့ ညစ်နေတဲ့ ကြမ်းပြင်လေး
    ပြောင်လက်သန့်စင်နေစေချင်မိတယ်…
    ကျမလဲ ဂေါက်နေပြီလားမသိနော်…

  • စိုင်းထင်ရာ

    March 18, 2013 at 5:04 pm

    About padonmar:
    plastic သောက်ရေခွက်က ဈေးနည်းနည်းကြီးပါတယ်
    တခါသုံး စက္ကူခွက်ဆို တခုကို ၂ကျပ်လောက်ပဲ ကုန်မယ်ထင်ပါတယ်။

  • nature

    March 18, 2013 at 5:32 pm

    တနေ့ကို တခါသုံးရေခွက် ၁၅ဝ – ၂၀ဝ လောက်ကုန်မယ်မှန်းပါတယ်။ တခွက်ကို ၁၀ဝ ကျပ်နှုန်းနဲ့တွက်ကြည့်ရင် တနေ့ကို ၁၅၀၀ဝကျပ် ၂၀၀၀ဝကျပ် ၊ တလကို ၄၅၀,၀၀ဝကျပ် (လေးသိန်းခွဲ) – ၆၀၀,၀၀ဝကျပ်( ခြောက်သိန်းကျပ်) လောက်ကုန်ကျမယ်မှန်းမိတယ်။

    • etone

      April 5, 2013 at 9:57 am

      အန်ကယ် နေချားရေ ..
      အခုမြင်ရတဲ့ တခါသုံး ပလတ်စတစ်ခွက်လေးတွေရဲ့ ဈေးက 850~1200 ဝန်းကျင်ပါ ။ တထုတ်ကို ကီလိုဘယ်လောက်ဆိုပြီး standard ထားထုတ်ပါတယ်တဲ့ ခွက်ရဲ့ အထူပါးနဲ့ ဆိုဒ်ပေါ် မူတည်ပြီး ၊ အထုတ်တစ်ထုတ်ကို ခွက် 50~ 80 အတွင်း ပါပါတယ် ။ တထုတ်ကို ဘယ်လောက် ကီလိုဆိုတာတော့ မမှတ်မိတော့ဘူး .. ဟီး :mrgreen:

      အယက်သမား သက်မဂနှစ်ပတ်လည် ချောင်းသာ မှာ သွားလုပ်တုန်းက …. တခါသုံးခွက်တွေသုံးမှာမို့ သွားဝယ်ရင်း အင်ကွာရီ လုပ်ခဲ့တာပါ ။

  • Mr. MarGa

    March 18, 2013 at 6:18 pm

    တစ်ခါသုံး ပစ္စည်း ဆိုရင်
    ပြန်လည်ပြီးတော့ recycle လုပ်လို့ရတဲ့
    ဒါမှမဟုတ် သူ့အလိုလို ပျက်စီးဆွေးမြည့်သွားမယ့် အရာတွေကို သုံးတာ ကောင်းမယ်ထင့်
    နာမည်ကိုက တစ်ခါသုံး ဖြစ်တာကြောင့်
    အခါခါ သုံးဖို့ စဉ်းစားတာက (တို့ ဒေါ်လေးလို) အနည်းစုပဲ ဖြစ်နေတတ်တာကိုး
    ဒါကြောင့်
    ပတ်ဝန်းကျင်လဲ မပျက်စီးစေတဲ့အရာ၊ ပျက်စီးစေမယ်ဆိုရင်လဲ ပျက်စီးမှု နည်းပါးစေတဲ့ recycle လုပ်နိုင်မယ့် အရာတွေကို တစ်ခါသုံးအဖြစ် လုပ်ကြရင် ပိုကောင်းမပေါ့
    ကျွန်တော်တွေးမိတာလေးပါ ဒေါ်လေးရေ
    ( ဘာပဲဖြစ်နေဖြစ်နေ သူ့အတွက် ကုန်ကျစရိတ်ကတော့ ရှိနေမှာပဲနော်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 18, 2013 at 7:06 pm

    ကျုပ်တို့ရွာမှာတော့ အဲ့သည်လိုမျိုးနေရာတွေမှာ ဆိုရင်
    ကတော့ပုံသဏ္ဍန် စက္ကူခွက်ကလေးတွေသုံးကြသဗျ
    တစ်ခါ ကျုပ်ထောင်ကျတုန်းက အဲ့သည်လိုခွက်တွေကိုလုပ်ဘူးဒယ် :mrgreen:
    ကြုံလို့ နည်းနည်းလေပေါကြည့်မယ်ဗျာ 😆
    ဒီကိစ္စက နည်းနည်းတော့ဂွတိဂွကျရှိလှတယ်ဗျ
    ဘယ်လိုမှတော့ သဘောမထားနဲ့နော ထုံးစံအတိုင်း ကြပ်မပြည့်တဲ့အတွေးဘဲသဘောထားပါ
    လူတစ်ယောက်က စေတနာရှိလို့ စားကြကွာ ကြိုက်သလောက် စားမကုန်ရင်ပြစ်ပလိုက် ဆိုပြီးအလှူပေးနေတာကို
    ဘေးကတစ်ယောက်က စားကြတာတော့ စားကြပေါ့ကွယ် အလေလွင့်မဖြစ်အောင် ကူညီမဟဲ့ဆိုတဲ့သဘောလေးပေါ့
    ( အချို့လည်းရှိကြတယ် စားသောက်ဆိုင်တွေမှာ လာစားတဲ့လူတွေစားမကုန်တဲ့ဟင်းတွေကို
    ကောင်းနေသေးရင် ထုပ်ပိုးပြီးတော့ ယူပြန်လာပြီး ကိုယ့်ဘော်ဘော်တွေကို ဝေပေးရင် အချို့ကလည်း
    ပံ့သကူသား အပြစ်မဲ့တယ်ပြောပြီးဝါးကြ အချို့ကြတော့လည်း သူများစားကြွင်းစားကျန် ဘာညာကွိကွ
    အတင်းတုတ်ဂျ ပြောလို့ပြောတာ ကျုပ်လည်းပံ့သကူသားစားဘူးဒယ် ( ကိန်ကိန် ) ကောင်လေးတစ်ယောက်က
    ဟော်တယ်ကြီးတစ်ခုရဲ့ မီးဖိုချောင်မှာ အလုပ်လုပ်တော့ ဘာတွေခေါ်သလဲတော့သိဘူး တော်ယုံ
    စားသောက်ဆိုင်တွေမှာမရှိဘူး ငါးဆော်လမွန်းတို့ လိုမျိုးတွေပေါ့ အခြားဥရောပဖူ့တွေရောစုံနေတာဘဲ
    သူတို့က အိပ်စပိုင်းယားဖြစ်ရင်လွှင့်ပြစ်တယ် တစ်ခါတစ်လေဆို ဘဲငန်းတွေတောင် အကောင်လိုက်ရတာ
    ကိုယ့်ကောင်က မပြစ်ဘူး ခွင့်တောင်းပြီး ယူပြန်လာတယ်
    ကျုပ်တို့က အမြည်းလုပ်ဒယ် ဟန်ကိုကျနေဒါဘဲ )
    ဘယ်ရောက်သွားပါလိမ့်
    ဆိုခဲ့သလိုပေါ့နော အဲ့သည်နေရာမျိုးမှာ အချို့ကလည်း သူ့ဖါသာစေတနာရှိလို့ လှူတာဘဲ
    ကုန်ရင်သူထပ်ဝယ်မှာပေါ့ ဒါလည်းဟုတ်တာဘဲ
    အချို့ကြတော့လည်း အလကားရတာဘဲကွာဆိုပြီး လွယ်လွယ်လေးဘဲ ပြောရရင် စည်းမဲ့ကမ်းမဲ့လုပ်တတ်ကြတယ်
    ခု
    အစ်မလေးအဖြစ်က အလေလွင့်တွေကို အလဟသမဖြစ်စေခြင်နေတဲ့သဘော ဆိုတော့ကာ
    ( ကြည့်လဲလုပ်ဦး သူ့အလှူကို ဝန်တိုတာမဟုတ်ပေမယ့် သူ့အလှူပစ္စည်းတွေကို အလဟသမဖြစ်စေလိုတဲ့
    ပူပန်ကြောင့်ကြမှု့ အနူ့စားလေးဖြစ်နေတာ သတိချပ်ဘို့ပါ )
    ကိုယ်စေတနာသန့်တယ်ဆိုတော့ကာ
    ကိုယ်လုပ်တဲ့အလုပ်သူများပေးမသိနဲ့ပေါ့ဗျာ
    လူတွေဆိုတာစိတ်ပါဘဲ
    စားသောက်ဆိုင်တွေထဲ အနောက်ကလူတွေ ဘါလုပ်လွှတ်လိုက်တာ ဘယ်သူသိတာမှတ်လို့
    ဆက်ခြင်သေးတယ်
    လေရှည်တယ်ပြောမှာဆိုးလို့

  • မောင် ပေ

    March 18, 2013 at 8:29 pm

    အောင်မငှီးငှီး
    ကျုပ်သိထားတာလေး တစ်ခု ဝင်ငံပြရမယ် ဆိုရင်ဖြင့်
    ဒီလို ရှိပါတယ် ၊ တစ်ကယ်ကို အတည် ရှိတာပါ
    လူတစ်ယောက် ဟာ သူနဲ ့သိသည်ဖြစ်စေ မသိသည်ဖြစ်စေ
    သူ နဲ ့မျက်နှာချင်းဆိုင်တည့်တည့်မှာ ရှိနေတဲ့သူဘက်ကို မျက်နှာချင်းဆိုင်ပြီး
    နှာခေါင်းနဲ ့ပါးစပ်ကို လက်ဝါးနဲ ့မကာပဲနဲ ့သော် လီကောင်း ၊ တစ်ခုခုဖြင့် မကာပဲနဲ ့သော် လီကောင်း
    နှာချေလိုက်မယ်ဆိုရင်
    မျက်နှာချင်းဆိုင် တစ်ဘက်သားသည် ၊ စိတ်ကျေနပ်မှု မရှိပါက ၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါက
    တရားစွဲဆိုနိုင်ပါသည် တဲ့ခင်ဗျ
    အဲဒါ အဲဒါ

  • ရာမည

    March 18, 2013 at 11:03 pm

    တစ်ခါသုံးဝါးတူများလည်း ရေဆေးပြီး
    ပါကင်ပိတ်၍ပြန်ရောင်းပါတယ်ခင်ဗျ
    ယခုခွက်များလည်း ရေဆေးပြီး ပါကင်ထုတ်၍ ပြန်ရောင်းမလားမဆိုနိုင်ပါ
    ရီဆိုင်ကယ် အလွန်ကျွမ်းကျင်ကြပါသည်ခင်ဗျား

  • Fall Guy

    March 19, 2013 at 1:12 am

    ဂေါက်တယ်လို့တော့မထင်မိပါ…။
    ကိုယ်တတ်နိုင်သလောက်အကျိုးရှိအောင်အသုံးပြုတယ်လို့ပဲမြင်ပါတယ်…..။ တခါကမုန့်တီဆိုင်တခုမှာ ဝါး ကိုခြွေတာတဲ့အနေနဲ့တစ်ခါသုံး ဝါးတူ ကို မသုံးဘဲ အိမ်ကနေတကူးတက ဇွန်းခရင်း ဆောင်ထားပြီး စား တဲ့
    အဖွဲ့တစ်ဖွဲ့ကိုတွေ့ဖူးပါတယ်…..။
    ကိုယ်တိုင်မလုပ်နိုင်သေးပေမယ့် လုပ်နိုင်တဲ့သူတွေကိုတော့ လေးစားအားကျမိပါတယ်…..။

  • တညင်သား

    March 19, 2013 at 2:04 am

    တစ်ခါက……. ခရီးသွားတစ်ယောက် ရေချမ်းစဉ်လေးတွေ့တော့ ရေသောက်မယ်ပေါ့ အဲဒီရေချမ်းစဉ်လေးနားမှာ သူတောင်းစား တစ်ယောက် ထိုင်နေတာကို မြင်မိတယ် ..ထိုခရီးသွားက ရေသောက်ဖို့ ရေခွက်ကို ယူလိုက်တဲ့အချိန်မှာပဲ စဉ်းစားမိတာက တကယ်လို့များ ဒီသူတောင်းစား ဒီရေအိုးစဉ်က ရေကို သောက်မှာပဲ သောက်ရင် လဲ ညာလက်နဲ့ကိုင်ပြီး သောက်ပါက သူ့နှုတ်ခမ်း ထိမဲ့နေရာကို မြင်ရောင်ပြီး ဘယ်လက်နဲ့ ပြောင်းကိုင်သတဲ့…. သူတောင်းစားက ဘယ်သန်ဖြစ်ရင်ရောလိုတွေးမိပြီးသူ့နှုတ်ခမ်း ထိမဲ့နေရာကို တဖန်မြင်ရောင်ပြန်တယ် ဒါနဲ့ပဲ ရေကလဲ ဆာနေတော့ ညာလက်နဲ့ကိုင်ပြီး လက်ကိုင် နေရာကို အပေါ်တည့်တည့်မှထားကာ အများသူငှာ နှုတ်ခမ်းမထိမဲ့နေရာ လက်ကိုင်ရဲ့ ဆန့်ကျင်ဖတ် အလယ် နေရာကို ရွေးပြီး ရေသောက်လိုက်ပါသတဲ့…. ထူးခြားတဲ့ ရေသောက်ပုံကို မြင်တော့ အနီးမှာ ရှိနေတဲ့ သူတောင်းစားက မနေနိင်လို့ မေးမိတာပေါ့ ထိုခရီးသွားလဲ သူများနဲ့မတူတဲ့ရေသောက်ပုံကို ရှင်းပြသတဲ့ …. သူတောင်းစားက သူ ဒီအနီးအနားမှာ တောင်းရမ်းစားသောက်နေတာ ကြပြီ ရေဆာရင်လဲ ဒီရေချမ်းစဉ်က ရေကိုပဲ သောက်တယ်ပေါ့ ခရီးသွားအများပြည်သူတွေကို သူ့မှာရှိတဲ့ ရောဂါပိုးတွေ မကူးဆက်နိင်အောင် ခင်ဗျားလိုပဲ စဉ်းစားပြီး အများသူငှာ မသောက်တဲ့ နေရာ ခင်ဗျား ခုဏက ရေသောက်သလို အလယ်က နေပြီး ရေသောက်ပါတယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါသတဲ့ …………
    ဘာရယ်တော့ မဟုတ်ဘူး ဆက်စပ်မိလို့ ကြားဖူးတာလေး ဝင်ပြောကြည့်တာ….
    ရန်ကုန်မှာ တစ်ခါသုံး စက္ကူခွက် မရှိသေးဘူးပေါ့ စက္ကူခွက်က ရီဆိုက်ကယ် လုပ်လို့ ပိုကောင်းပါတယ် ဓါတ်ပုံ ကိုကြည့်ရတာ ခွက်တွေက ရီဆိုက်ကယ် လုပ်လို့ မရတော့မဲ့ ပုံ ဒါတောင် တနိင်ငံ လုံး အတိုင်းအတာနဲ့ တွင်ကျယ်လာရင် အမှိုက် တော်တော်ထွက်လာမယ် …
    တစ်ခါသုံးကို ပြန်အသုံးပြုတာဆိုတော့ ဂေါက်ပါတယ် ကို့နည်းကို့ဟန်နဲ့ ရီဆိုက်ကယ် လုပ်တာ ဆိုတော့ အကောင်းဂေါက် လေးပေါ့ ……. 😀

    • kai

      March 19, 2013 at 3:20 am

      ဒုက္ခပဲ..
      ကျုပ်လည်း.. အဲဒီသူတောင်းစားသောက်သလို.. သောက်ခဲ့တာ.. :buu:

      • ရာမည

        March 19, 2013 at 8:55 am

        အမှားတူတယ်ဆိုတာဒါမျိုးထင်တယ်
        လိုက်မေးကြည် ့
        ၅၀% လောက် အဲ ့သတောင်းစားလိုသောက်တယ်
        ကျွန်တော်လည်း အဲ ့လိုသောက်ခဲ့တာ :kwi:

  • padonmar

    March 19, 2013 at 7:06 am

    ဆွေးနွေးပေးတဲ့ ဂေါက်ကလပ် အသင်းဝင်သူ မဝင်သူအားလုံးကျေးကျေးပါ။အေးဆေးမှ ပြန်ဆွေးနွေးပါရစေ။
    လောလောဆယ် ဆာဗေးဆင်းထားတာက
    ဒီအရွယ် ပလပ်စတစ်ခွက် တစ်ခါသုံးက တစ်ခွက်ကို ၁၀-၁၅ ကျပ် (ပြည်တွင်းဖြစ်)
    စက္ကူခွက် တစ်ခါသုံးက ၃၄ ကျပ် (တရုပ်မှလာသည်)(ကော်ဖီလို အပူထည့်သောက်လို့ရတဲ့အတွက် ဈေးကြီးပါတယ်)
    ဆိုတော့ ပလပ်စတစ်က အီကိုနိုမီ ဖြစ်နေပါသေးတယ်။
    ပြည်တွင်းဖြစ် စက္ကူခွက် မတွေ့မိသေးပါ။
    ကတော့ပုံ စက္ကူခွက် ဆိုရင်တော့ ပိုကောင်းမှာပါ။

  • marga thagyar

    March 19, 2013 at 11:54 am

    I think ,we should imagine that why we use the disposable article.

  • MaMa

    March 19, 2013 at 2:54 pm

    ချွေတာရေးနဲ့ ငွေရှာရေးဆိုပြီး အမြဲတမ်း ကျင့်သုံးချင်တဲ့ အကျင့်လေးထဲကတစ်ခုပေ့ါ။
    အဲ- ဂေါက်တဲ့အထဲ ကိုယ်လည်းပါတယ်လို့ ဝန်ခံမိသွားပြီ။ :kwi:
    Reduce, Reuse, Recycle တတ်နိုင်သလောက် လုပ်တာ ကမာ္ဘမြေကြီးကို အကျိုးပြုခြင်းတစ်မျိုးပဲမို့ ကုသိုလ်စိတ်ပါပဲ။
    ပြစ်ဒါဏ်စာရွက်လေးတစ်ရွက်ဆိုပြီး FB မှာ ပြန့်ခဲ့ဖူးတဲ့ ပိုစ့်လေးကို သွားသတိရမိတယ်။
    တိုးတက်တဲ့ ချမ်းသာတဲ့ နိုင်ငံတစ်ခုမှာ …
    ကိုယ်ပိုင်ငွေနဲ့ ဝယ်သုံးတဲ့ အစားအသောက်ကိုတောင် ကုန်အောင်မစားပဲ လွှင့်ပစ်လို့ သဘာဝရဲ့ သယံဇာတတွေကို ဖြုန်းတီးသူအဖြစ် ဒါဏ်ရိုက်ခံရတဲ့ အဖြစ်လေး။
    အင်မတန်အတုယူစရာ၊ အားကျစရာကောင်းပါတယ်။

  • uncle gyi

    March 19, 2013 at 10:52 pm

    ကိုယ်လုပ်နိုင်ရင်ကောင်းတယ်လို့ထင်ပါကြောင်း

Leave a Reply