ကူးချ တဲ့ အိုင်ဒီယာများ
ကူးချ တဲ့ အိုင်ဒီယာများ
မြန်မာ တွေ အနေနဲ့ သူများ နိုင်ငံက အနုပညာ ပစ္စည်းတွေကို ကော်ပီ ကူးလာခဲ့ကြတာ နှစ်ပေါင်း ရာနဲ့ ချီနေပါပြီ။ အခုဆိုရင်ကမ္ဘာတစ်ဘက်ခြမ်းမှာ ဘာဖြစ်နေတယ်ဆိုတာ သိနိုင်တဲ့ ခေတ်မှာ ကော်ပီ ဆိုတာတွေက လုပ်ဖို့တောင် မကောင်းတော့ပါဘူး။ နှစ်ပေါင်း များစွာကြာမြင့်အောင်ပဲ သူများနိုင်ငံတွေက အနုပညာ ပစ္စည်းတွေ ဖြစ်တဲ့ သီချင်း ၊ ရုပ်ရှင် စတာတွေကို စု ၊ တု ၊ ပြုခဲ့ပြီး ပါပြီ။ အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ စု ၊ တု ၊ တွေ လုပ်တာ တော်လောက်ပြီလို့ ထင်ပါတယ်။ အခုအချိန်မှာ ပြုရမယ့် ၊ တီထွင်ဖန်တီး ကြရမယ့် ခေတ်အခါကို ရောက်နေပါပြီ။
ရှေးတုန်းက သီချင်းကြီးတွေ တင်မက အခု ခေတ်ပေါ် သီချင်းတွေမှာလည်း သူများ နိုင်ငံက တိုင်းတပါးသားတွေ ရှာဖွေထားတဲ့ သံစဉ် ဂီတတွေကို အသင့်ယူပြီး စာသားသွတ်သွင်းတာတွေ အခုထိရှိနေတာ ရှက်သင့်နေပြီလို့ ထင်ပါတယ်။ ဘယ်လောက်ထိ သူများနိုင်ငံက သီချင်းတွေကို ကြိုက်နှစ်သက်သည်ဖြစ်စေဦးတော့ ကိုယ့် အသက်အရွယ်တွေ ကို ကိုယ့်ဘာသာ ကိုယ် သတိထားပြီး ကော်ပီ မလုပ်သင့်တော့ ပါဘူး ။ ဘာကြောင့် ဒီလို ပြောနေရသလဲ ဆို ရင် ၊ နိုင်ငံခြား တေးသီချင်းတွေ ကို ကော်ပီ လုပ်ရာမှာ နိုင်ငံခြားက ဂီတသမားတွေ မှာ ကလေးတွေ ဆိုတဲ့ သီချင်း ၊ သိပ်ကို လွယ်ကူလွန်းတဲ့ သီချင်းအမျိုးအစားတွေ ကို ပါ ကော်ပီ လုပ်နေကြတာကို တွေ့ တွေ့ နေရလွန်းလို့ပါပဲ။
ကလေးသာသာ အရွယ်ရှိနေတဲ့ ဂျက်စတင်ဘီဘာရဲ့ နာမည်ကြီး သီချင်းကို ဒီနိုင်ငံက ဂီတသမားက ကော်ပီလုပ်ပြီး ဆိုတာဟာ ကျွန်တော့် အမြင်အရတော့ ရှက်ဖွယ်လိလိ ဖြစ်ရပ်ပါပဲ။ နိုင်ငံခြားက ဘယ်လောက်နာမည်ကြီးတဲ့ သီချင်းဖြစ်ဖြစ် ကိုယ်က ကြိုက်လို့ ကော်ပီ ဆိုတာ ဆိုပါ။ ဒါပေမယ့် စီးပွားရေးအရ အယ်လ်ဘမ်ထုတ်တဲ့ အခါမှာတော့ ဒီလိုမျိုး လုပ်တာ သင့်တော်တယ် မထင်ပါဘူး။ ကလေး သီဆိုတဲ့ သီချင်းကို ဒီက လူကြီးတွေ ကော်ပီလုပ်တာ ကြားကောင်းကြရဲ့လား။ Bon Jovi တို့ ၊ Michel Learn တို့ လို လူကြီးတွေ သီချင်းကို ကော်ပီလုပ်တာက နည်းနည်း ကြားကောင်းပါသေးတယ်။ အခုက ဂျက်စတင်ဘီဘာလေ။ နို့နံ့တောင် စင်သေးရဲ့လား မသိ။
နောက်တစ်ခုက ဂီတ သမားတော်တော်များများ က ကိုယ်ပိုင်သံစဉ် ဆိုရင် Round Cords ဆိုပြီးတော့အထင်သေးချင်ကြပါတယ်။ ဒါပေမယ့် ဂီတ ရပ်ဝန်းထဲက လူတစ်ချို့ ကပဲ နိုင်ငံခြားက Round Cords သီချင်းတွေကို ကော်ပီ ကူးပြီး ၊ မြန်မာစာသား သွင်းလို့ High Pitch နဲ့ အော်ကြပါတယ်။ ကောင်း မှ ကောင်းပါပဲ။ မြန်မာ Round Cords နဲ့ နိုင်ငံခြား Round Cords အဲဒီလောက်ထိ ခွဲခြား ဆက်ဆံတာ သူတို့ တော်တော် လိပ်ပြာလုံပုံ ရပါတယ်။ ကျွန်တော် ကတော့ ယိုသူ မရှက် မြင်သူ ရှက်ပါပဲ။ ဥပမာ ပြရရင် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ နာမည်ကြီးခဲ့တဲ့ ရှကီရာ ရဲ့ Wa Ka Wa Ka ပါပဲ။ အဲဒီ သီချင်း Cords တွေကို ရရင် ၊ သီချင်းကို အလွတ်ရရင် လမ်းဘေးက ဂစ်တာတီးတတ်ခါစ ကလေးတွေတောင် တီးပြီး ဆိုလို့ ရလောက်အောင် လွယ်ပါတယ်။ ဒါမျိုးကို ကော်ပီ လုပ်တယ် ဆိုတော့ တော်တော့်ကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်မယ့် ပါရမီတွေပါပဲလို့ ဆိုချင်ပါတယ်။
ဂီတ မှာပဲ လားဆိုတော့ မဟုတ်ပါဘူး။ ရုပ်ရှင်ဘက်မှာလည်း ဒီအတိုင်းပါပဲ။ အရင်တုန်းက စစ်အစိုးရခေတ်မှာ ပွင့်လင်းမြင်သာမှုမရှိလို့ ၊ ပိတ်ပင် တားဆီတွေ ရှိနေလို့ ဆိုပြီး ပြောနေကြတာပဲ။ အခုရော… ဘယ်လိုအခြေအနေရှိနေပါသလဲ။ နည်းပညာ မပြည့်စုံလို့ ဆိုပြီး အော်နေကြတုန်းပဲလား။ နည်းပညာဆိုတာ အနုပညာ ကို အထောက်အပံ့ ပေးတဲ့ အရာပါ။ နည်းပညာ တွေ အတုံးလိုက်အတစ်လိုက် သုံးပြီး ၊ Effect တွေ အများကြီး သုံးနေလည်း အနုပညာ ပြောင်မြောက်မလာပါဘူး။ Own Creative ရှိမှ အနုပညာဆိုတာ ပြောင်မြောက်လာနိုင်တာပါ။
ရုပ်ရှင် ရဲ့ အသက်ဟာ ဇာတ်လမ်း ဇာတ်ကွက်ပါ။ ဇာတ်လမ်းမရှိပဲ ရုပ်ရှင်ဖြစ်မလာပါဘူး။ ဇာတ်လမ်းဆိုတာဟာလည်း ကိုယ်ပိုင်စိတ်ကူး နဲ့ ဖွဲ့နွဲ့ ထားတဲ့ အရာ ဖြစ်ဖို့ အရေးကြီးပါတယ်။ ရုပ်ရှင်တိုင်း ရုပ်ရှင်တိုင်း ကို နိုင်ငံခြားက ဇာတ်လမ်းကို မှီငြမ်း ၊ မြန်မာမှု ပြုတယ်ဆိုတိုင်း ဘာမှ ပြောင်မြောက်လာမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်တဲ့ ကိုယ်မြေမှာ ကို်ယ့်ရေမြေ သဘာဝ နဲ့ ကိုယ့် ယဉ်ကျေးမှု နဲ့ ထပ်တူညီ တဲ့ ဇာတ်လမ်းတွေ အများကြီး ရေးဖွဲ့ နိုင်ပါတယ်။ ရေးဖွဲ့ လို့လည်း ရပါတယ်။ ဒါပေမယ့် အခုထိ ထပ်တူပြု ကူးချ ၊ မှီငြမ်း ၊ မြန်မာမှု ပြု တယ်ဆို တာ မျိုးတွေ အများအပြားကို တွေ့နေရတုန်းပါပဲ။
တချို့သော အလွယ်ကြိုက် အနုပညာ သမားတွေဟာ ကော်ပီကူးတာ ၊ စုပေါင်း စပ်ပေါင်း ဖြတ်ညှပ်ကပ်တာတွေကို အခုထိ ကြိုက်နှစ်သက်နေတုန်းပါပဲ။ ဟာသ ဇတ်ကား မှာတောင် အင်တာနက်က ၊ Facebook က ခပ်ပေါပေါ စတေးတပ်စ် တွေကို ကော်ပီကူးပြီး ဒိုင်ယာလော့ခ် လုပ်တယ်လို့ အင်တာဗျူးမှာ ပေါ်တင်ဖြေ ရဲ နေခဲ့ပါတယ်။ ရှက်ရကောင်းမှန်း မသိပါဘူး။ အင်တာနက် က Status တွေဆိုတာ ဘလော့ဂါ တွေ ရဲ့ စာတွေ ထဲက တချို့ ကြိုက်တဲ့ နေရာတွေကို ယူပြီး တင်ကြတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒါကို ကိုယ်ကြိုက် တဲ့ ဖြစ်တာ နဲ့ ပြီးပြီးရော ယူသုံးတာဟာလည်း အလွယ်ကြိုက်တာတင် မက ပဲ ၊ တာဝန်မဲ့ ရာလည်း ကျပါတယ်။ မူရင်း ရေးသား သူကိုလည်း စော်ကား ရာ ကျပါတယ်။
မြန်မာဇာတ်လမ်းရေးသူတွေ များ ဟာသ တောင် ကိုယ့် ဘာသာကိုယ် တွေး ၊ ရေး ၊ မလုပ်တတ်ကြတော့ တာ တွေ့ရပါတယ်။ ကိုယ့် မြန်မာဟာသ ကို ကော်ပီ ကူးလို့မရတော့ နိုင်ငံခြားက ဟာသ ကို ကော်ပီ ကူးပြီး တိုက်ရိုက် ပြန်ရိုက်ကြပါတော့တယ်။ နေ့တိုင်းလိုလို အိမ်ပြန်ရောက်ရင် တီဗွီ ကို ဖွင့်ပြီး ရောက်တတ်ရာရာ ကြည့်တတ်တာမို့ ၊ တီဗွီက အစီအစဉ်တော်တော်များများ ကို ကြည့်ဖြစ်ပါတယ်။ တီဗွီချန်နယ် တစ်ခုက ဇာတ်ကား ကြောငြာ တစ်ခု လာလို့ ကြည့်လိုက်မိပါတယ်။ ကိုယ်ကြည့်ဖူးတဲ့ နိုင်ငံခြား က နာမည်ကြီး ဇတ်ကား တစ်ကား က ဟာသ ဇတ်ကွက်ကို ယူသုံးထားတာ ကို တွေ့လိုက်ရပါတယ်။ ဆင်တူရိုးမှားတောင်မဟုတ်ပါဘူး။ တိုက်ရိုက် ပုံစံတူ ကူးချတဲ့ပုံစံနဲ့ ပြန်ရိုက်ထားတာပါ။
အဲဒီ ဇာတ်ကားက ဟာသ ဇာတ်ကွက်တွေကနိုင်ငံခြားဟာသ ကားက ဟာသကွက် ကို ပုံစံတူနီးပါး ပြန်ယူထားတာတွေ့ရတယ်။ နိုင်ငံခြားကားထဲမှာ မင်းသားက တက္ကစီ မောင်းတဲ့သူ ၊ သူမောင်းတဲ့ ကားက နိုင်ငံမှာ အမြန်ဆုံး တက္ကစီပဲ။ တက္ကစီကို ဗိုက်ကြီးသည် တင်ခေါ်လာရာ ကနေ ဆေးရုံရှေ့မှာ ဗိုက်ကြီးသည် အော်ဟစ်ပြီး ကလေးထွက်တဲ့ ဇာတ်လမ်းပါ။ မင်းသားကို မင်းသမီးက ဖုန်းလှမ်းဆက်တော့ ကလေးမွေးလို့အော်ဟစ်နေတဲ့ အသံတွေနဲ့ မို့ မင်းသား ကို မင်းသမီးက အထင်လွဲတဲ့ ဇာတ်ကွက်ပေါ့။ မြန်မာဇာတ်လမ်းမှာလည်း ဆင်တူနီးပါး ကူးချထားတာတွေ့ရပါတယ်။
အခုခေတ်က ဒီလောက် ပွင့်လင်း တဲ့ခေတ်မှာ ဒီလို ကော်ပီ ကူးတာက သိက္ခာကျလွန်းမက ကျလွန်းပါတယ်။ ကိုယ့် အိုင်ဒီယာ နဲ့ မှ သိက္ခာရှိမယ့် ခေတ်ပါ။ ခေတ်ပေါ် ကာလာတွေ ၊ ကင်မရာတွေ ၊ နည်းပညာ အသုံးအဆောင်တွေ သုံးရုံနဲ့ ကမ္ဘာ့အဆင့် မမီပါဘူး။ ကမ္ဘာနဲ့လည်း ရင်ဘောင်မတန်း နိုင်ပါဘူး။ ကိုယ်ပိုင် အိုင်ဒီယာ ၊ ကိုယ်ပိုင် ဖန်တီးမှု နဲ့မှ ကမ္ဘာမှာ လက်မ ထောင်နိုင်မှာ လည်း ဖြစ်ပါတယ်။
ကျော်ညိုသွေး
10 comments
GZ
March 18, 2013 at 12:06 pm
အင်း…. ပညာရေးစနစ်ကို ပြန်ပြီး လက်ညှိုးထိုးရမယ့်ကိစ္စပါပဲ…။
ကျောင်းတွေမှာ သက်ဆိုင်ရာဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပို့ချနိုင်တဲ့
ဆရာ ဆရာမကောင်း မျိုးတောင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံကြည့်ရင်
အတော်လေး ချို့တဲ့နေတာပါ..။
အားကစားနည်းပြဆရာမျိုး။ ဖွံ့ဖြိုးရေး အိမ်တွင်းမှု ဂီတ စတဲ့ ဆရာမျိုးတွေဆို
ပိုမိုချို့တဲ့နေပါသေးတယ်။ ဒီကြားထဲ ပညာရေးအဆင့်မြှင့်တယ် ဆိုပြီး
အပေါ်တန်းက စာ ကို အောက်တန်းကို ချပေးပြီး သင်ခိုင်းတာတွေရှိလေတော့..။
P.T အချိန် ဖွံ့ဖြိုးရေးအချိန်တွေဟာ သင်္ချာ တို့ သိပ္ပံတွဲ ဘာသာတခုခု တို့
က (စာသင်ချိန်နဲ့ စာအုပ်အထူ မမျှတဲ့) စာသင်ချိန်လုံလောက်စွာမရတဲ့
အချိန်တွေ ကို အစားထိုးဖို့..ဖြစ်လို့လာပါတော့တယ်။
ပြောချင်တာက ခရိယာန်ဘာသာတိုင်းပြည်တွေလို အနည်းဆုံး တပါတ်တခါ
ဂီတနဲ့ ထိတွေ့မှုရရှိနေတဲ့ ဆန်းဒေးစကူး တွေမရှိဘူး။ ကိုယ်ပိုင်ဖန်တီးမှု က
အားနည်းတယ်။ ကိုယ်ပိုင်ဖန်တီးရင် အများစု three chord pop metal တို့ Round chords သီချင်းတို့လောက်ပဲ
ထွက်လာတယ်..။ Copyright မသက်ရောက်သေးတော့ ကမာ္ဘတန်း အောင်မြင်တဲ့တန်းမြင့်တဲ့
သီချင်းတွေကို အလွယ်ယူသုံးလုပ်စားကြရဲ့.. ။ သူတို့ကို မလေ့လာရကောင်းလား
မဖန်တီးရကောင်းလား လို့ ပြောရအောင်လည်း .. ငယ်ဘဝ ဖြတ်သန်းမှု အင်ဖရာကလည်း မပြည့်စုံ
ဖန်တီးတဲ့အရွယ်ရောက်တော့လည်း ခိုးကူး ခိုးမျှ နှိပ်စက်လို့ ရသင့်သလောက်မရ ..။ စားဝတ်နေရေးပြေလည်ဖို့
မင်္ဂလာဆောင် ဆို .. နယ်လှည့် ရှိုးဆို ..။ ဘယ်မတုန်း ဝမ်းစာဖြည့်ဖို့ .. ဖန်တီးဖို့ အချိန်တွေ..။
ဂလိုနဲ့ မပြည့်စုံခြင်း နဲ့ အတူ ခိုးယူခြင်းအနုပညာကြီး တပါတ်လည်ပါပေါ့လား…။
ဒီနှစ်လည်း သင်္ကြန်သီချင်း အသစ် (ကောင်းကောင်းကန်းကန်း) မထွက်သေးဘူးထင်ရဲ့..
Good artists copy, Gr8 artists steal
:byae:
မဟာရာဇာ အံစာတုံး
March 18, 2013 at 1:29 pm
ကိုဂီရေ …
ဒီနှစ် သင်္ကြန်ကတော့ဖြင့် အိုပါဂန်းနန်းစတိုင် နဲ့ နှစ်ပါးသွားမယ် ထင်ပါရဲ့ …
Travel တစ်ခုရဲ့ သင်္ကြန် ခရီးစဉ် ကြော်ငြာထဲမှာတောင် ..
ဒီလို ကြော်ငြာထားတာ တွေ့ရသေးတယ် …
တူးပို့ … တူးပို့ …
မြန်မာသင်္ကြန် Gangnam Style နှင့် နိုင်ငံခြားခရီးစဉ်များ
kai
March 18, 2013 at 2:48 pm
ဘယ်အနီဂိုဏ်းဝင်တွေလည်းမသိပြောဖူးတယ်..
ဂီတအနုပညာသမား..သေရင်ငရဲရောက်မတဲ့..
အဲလိုအတွေးအခေါ်တွေ.. ရိုက်သွင်းယုံတင်မဟုတ်.. သံမှိုနဲ့နှက်ပြီး.. သူများကိုပါအတင်းထပ်နှက်ခိုင်းနေတဲ့..
နေတဲ့..
နေတဲ့..
မပြောတော့ပါဘူး..။
သာဓု.. :kwi:
ကြောင်ဝတုတ်
March 18, 2013 at 2:43 pm
ကျွန်တော်တို့ မြန်မာနိုင်ငံသားတော်တော်များများမှာ Own Creation ကိုတန်ဖိုးထားရမှန်း…
မသိတော့ဘူးလို့ပဲပြောရမလား…
ကိုယ်ပိုင်ကြိုးစားအားထုတ်မှုမရှိဘဲ… လွယ်လွယ်နဲ့သုံးတတ်လို့ရမယ့်ဟာကိုပဲ ဖြတ်လမ်းလိုက်ချင်လား… မပြောတတ်…
တု၊ စု၊ ပြု ဆိုတာကို လက်ခံနိုင်ပါတယ်… ကျွန်တော်တို့ ပညာတစ်ခုကိုသင်တဲ့အခါ…
တခြားသူများရဲ့ ဖတ်တီးမှုကို အတုယူရမယ်… ပြီးရင် တခြားသူများရဲ့ဖန်တီးမှုကို စုဆောင်းလေ့လာရမယ်…
ပြီးတဲ့အခါမှာတော့ မိမိကိုယ်ပိုင်ဖန်တီးမှုအဖြစ် ပြုစုဖို့ပါပဲ…
အခုဟာက ကိုယ်ပိုင်ဖန်တီးမှုအဆင့်မရောက်…
တုပတယ်… စုဆောင်းတယ်… ကူးချဖို့… အဲဒီမှာတင် ရပ်သွားတော့တာပဲ…
နောက်တစ်ခုက ပရိတ်သတ်ရဲ့အလိုကျပါ…
ကျွန်တော်တို့ ပရိတ်သတ်က ကိုယ်ပိုင် Creation ထက်… ပေါ်ပင်ကို ပိုကြိုက်နေကြလားမသိ…
ကျွန်တော်တို့လဲ ကော်ပီသီချင်းတွေနဲ့ ကြီးလာကြတဲ့လူတွေပါ…
ကျွန်တော်တို့ အသေအလဲကြိုက်ခဲ့တဲ့ ကန္တာရခရီးသည်တို့… ဂျစ်ပစီမိုးတိမ်တို့…
ဘွန်ဂျိုဗီတို့ ရော့စတီးဝပ်တို့ရဲ့ သီချင်းတွေနဲ့ လူလားမြောက်လာပေမယ့်…
ကိုယ်ပိုင်သံစဉ်သီချင်း ခြောက်ခမ်းသွားသော အိပ်မက်မြစ်တို့လို… ဆေးပေါင်းခတဲ့ည Rock သီချင်းတွေကို ကြိုက်နှစ်သက်ခဲ့ပါတယ်…
ဒါပေမယ့် အခုအချိန်မှာတော့ ကိုယ်ပိုင်သံစဉ်တွေကိုလဲ လောက်လောက်လားလား ပရိတ်သတ်ထဲ
ချမပြနိုင်သလို… ပရိတ်သတ်ကလဲ နိုင်ငံခြားသံစဉ်သီချင်းတွေနဲ့ပဲ နှစ်ပေါင်းများစွာ အသားကျလာတော့…
ဓီရာမိုရ်ရဲ့ ကိုယ်ပိုင်သံစဉ်တွေလဲ… အောင်မြင်တဲ့အနေအထားမရောက်လာပါဘူး…
အပေါ်က ကိုအံဇာကြီးပြောထားသလို… မြန်မာသင်္ကြန် ဂန်းနန်းစတိုင်ဆိုတာထက်…
သင်္ကြန်မိုးရဲ့ သီချင်းတွေကို ရှေးသီချင်းတွေနဲ့ အဲ့အချိန်တုန်းက ခေတ်လူငယ်တွေအပြိုင်ဖန်တီးခဲ့ကြသော သီချင်းများကို အခုအချိန်မှာ အဲဒီလိုမျိုး ပြန်လည်ဖန်တီးနိုင်မှုမရှိတော့ပါဘူး…
စိတ်မကောင်းစရာကြီးပါလား…
ခင်မင်လျက်-
ဖက်ဖက်ကက်
GZ
March 19, 2013 at 8:14 am
http://www.htooeinthin.com/%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/%E1%80%80%E1%80%BC%E1%80%BA%E1%80%94%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%BB%E1%80%96%E1%80%90%E1%80%B9%E1%80%9E%E1%80%94%E1%80%B9%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%96%E1%80%B0/
ရုပ်ရှင်အကြောင်း ကျန်ခဲ့လို့ ..ရုပ်ရှင်နဲ့ ဂီတ ဆက်စပ်တဲ့ အစွန်းအစလေးတခု
ဆွဲထုတ်လာတာ..
ဒီလူကြီးပြောခဲ့တာတွေ မေ့လို့ကို မရဘူးဗျ…
ကနေ့ ဖြစ်နေတာတွေ တွေ့ရင် နောက်တခေါက်
ထပ်သေချင်သွားမလားပဲ ….
တခေတ် က ဇာတ်ဝင်တေး OST ခေတ်ရှိခဲ့ဖူးပါတယ်..
ကျနော်တော့ ၂၀၀ဝပြည့်လွန်နှစ်တွေမှာ ..ရုပ်ရှင်အတွက်
သီးသန့်အပ်တဲ့ သီချင်းဆိုလို့ .. တခါက ဧရာဝတီညများက ကိုလေး သီချင်း
တပုဒ်ပဲ ပြတ်ပြတ်ထင်ထင်ရှိရဲ့…။
မြန်မာဗီဒယိုဒွေ အသုံးများတာက တခါလာ အဆိပ်ခွက်
တခါလာ အသက်မဲ့စိမ်းလမ်းခြင်း…
ဆိုတော့ …
အင်း….
marga thagyar
March 19, 2013 at 11:37 am
Own creation is very,very difficult and long time.copy or stealing is so easy.golden Myanmar are walking on the easy road/ flowery road.they don’t want to create/invent.
padonmar
March 20, 2013 at 12:19 am
အပျင်းထူ အလွယ်လိုက်တာ အရိုးစွဲကုန်ကြပြီထင်ရဲ့။
kai
March 20, 2013 at 2:50 am
(ထိုက်သင့်တဲ့)အလုပ်မလုပ်ပဲ.. ဆွမ်း..
အဲ…အဲ..
ထမင်း..
စားလို့ရတဲ့.. စနစ်ကိုအသက်သွင်းထားတဲ့.. လူတွေရှိနေတာကိုး.. :kwi:
အတွေးအခေါ်တို့ရဲ့ရေသောက်မြစ်မှာကိုက.. အဆိပ်တွေမိနေတာ..။
ဒန်တန်တန်..
သခင်မျိုးဟေ့.. ဒို့ဘားမန်း
ကြောင်ဝတုတ်
March 20, 2013 at 9:18 am
သူကြီးနော်…. သူကြီး… ဟွင်း…ဟွင်း…ဟွင်း…
ခင်မင်လျက်-
ဖက်ဖက်ကက်
manawphyulay
March 23, 2013 at 4:04 pm
အင်း… ရွာထဲမရောက်တာ အတော်ကြာပြီ။ မောင်လေးကျော်ညိုသွေးတောင် ရွာထဲမှာ လည်ပတ်နေပြီပဲ… ဝမ်းသာပါတယ်မောင်လေး… ဆက်ရေးပါ။ အားပေးနေမယ်။