Kyaw Nyo ThwayJuly 25, 20131min2296
ကျွန်တော် တစ်ယောက်တည်း အက်ဆေးလုံးချင်း အဖြစ် ချောကလက်အက်ဆေး လို့ အမည်ရတဲ့ စာအုပ်တစ်အုပ်ကို စီစဉ်ထားပါတယ်။ August လကုန်ပိုင်းလောက်မှာ ထွက်မယ်လို့ မျှော်လင့်ရပါတယ်။စာအုပ် ရဲ့ မျက်နှာဖုံး နဲ့ အတွင်း ဒီဇိုင်း အပြင်အဆင်တွေ ကို ကျွန်တော် ကိုယ်တိုင် ရေးဆွဲထားပြီးအက်ဆေး ၂၃ ပုဒ် ပါဝင်ပါတယ်။ဒီစာအုပ်မှာ ကဗျာဆရာ မိုဃ်းဇော် နဲ့ ကဗျာဆရာမ ပန်ဒိုရာ တို့ က မေတ္တာနဲ့ အမှာ စာများ ကို ရေးသားပေးထားပါတယ်။စာအုပ် တန်ဖိုး အနေနဲ့ ကတော့ ၂၀၀ဝ ကျပ် ဖြစ်မှာပါ။


Kyaw Nyo ThwayMarch 18, 20131min30510
 ကူးချ တဲ့ အိုင်ဒီယာများ     မြန်မာ တွေ အနေနဲ့ သူများ နိုင်ငံက အနုပညာ ပစ္စည်းတွေကို ကော်ပီ ကူးလာခဲ့ကြတာ နှစ်ပေါင်း ရာနဲ့ ချီနေပါပြီ။ အခုဆိုရင်ကမ္ဘာတစ်ဘက်ခြမ်းမှာ ဘာဖြစ်နေတယ်ဆိုတာ သိနိုင်တဲ့ ခေတ်မှာ ကော်ပီ ဆိုတာတွေက လုပ်ဖို့တောင် မကောင်းတော့ပါဘူး။ နှစ်ပေါင်း များစွာကြာမြင့်အောင်ပဲ သူများနိုင်ငံတွေက အနုပညာ ပစ္စည်းတွေ ဖြစ်တဲ့ သီချင်း ၊ ရုပ်ရှင် စတာတွေကို စု ၊ တု ၊ ပြုခဲ့ပြီး ပါပြီ။ အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ စု ၊ တု ၊ တွေ လုပ်တာ တော်လောက်ပြီလို့ ထင်ပါတယ်။ အခုအချိန်မှာ ပြုရမယ့် ၊ […]


Kyaw Nyo ThwayFebruary 11, 20131min1624
၂၀၀၂-၂၀၀၃   ကြည်နူးရိပ် ကဖေး ဆိုတာ ရှိတယ်။ ဒီကစောင့်နေသူ ရှိတယ်။ နေပူပူ ဖယ်ရီကွင်းကြီး ရှိတယ်။ မလေးရှား ပိတောက်တွေ ရှိတယ်။ အဝေးရောက် ဘွဲ့ လျှောက်လွှာရှိတယ်။ မေဂျာပြောင်း ဖောင်တွေ ရှိတယ်။ ဆယ်တန်းဂိုက်ပြန်လုပ်နေတဲ့ ရင်ဖုံးအင်္ကျ ီလေး ရှိတယ်။ ငေးကြည့်ရတဲ့ ပတ်သက်မှု ရှိတယ်။ စိုးမြင့်ကြော်ရှိတယ်။ ဘားမားဦးထုပ်ဆောင်းရှိတယ်။ ရော့ခ်သီချင်း ဆိုတဲ့ ကင်န်တင်းရှိတယ်။ လမ်းမပေါ် ကျကျန်ခဲ့တဲ့ ပေတံလေးတစ်ချောင်းရှိတယ်။ ရောင်စုံဓါတ်ပုံဆိုင်ရှိတယ်။ ဂျိုကာဖြစ်ရင်နိုင်ပြီ ဆိုတဲ့ ကားသမားတွေ ရှိတယ်။ ကဗျာတူ မေဂျာကွဲ တွေ ရှိတယ်။ သီချင်းတူ ပုလင်းတူ တွေရှိတယ်။ ဝိုင်အရက်ပြင်းပြင်း လို ရက်ပ် သီချင်းတွေ ဆိုတဲ့အခါ ထထ ပွင့်တတ်တဲ့ ပေါက်ပန်းဖြူဖြူတွေရှိတယ်။ […]


Kyaw Nyo ThwayFebruary 8, 20131min1769
အလုပ်ထွက်သွားပြီ။ ဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်မှ နှုတ်ထွက်သွားကြခြင်း။ လက်ရှိ လည်ပတ်နေသော လုပ်ငန်းတစ်ခုကနေ ဝန်ထမ်းတွေ အုပ်စုလိုက် အလုပ်ထွက်သွားတာမျိုး ကြုံတွေ့ခဲ့ဖူး/မြင်တွေ့ ကြားဖူးနေကျပါ။ အလုပ်ကနေ အုပ်စုလိုက်ထွက်သွားကြတဲ့  ဝန်ထမ်းတွေ အနေနဲ့ကတော့ “ငါတို့က ဒီနေရာမှာ ကျွမ်းကျင်နေပြီ ။ ငါတို့မှမရှိရင် အလုပ်ဆက်ပြီး လည်ပတ်ဖို့ ခက်နေမှာပဲ” ဆိုတဲ့ အတွေးနဲ့ အလုပ်ရှင်အပေါ်မှာ မကျေနပ်တဲ့ အချက်တွေ စုပုံထားရာကနေ ပေါက်ကွဲထွက်ပြီး ဒီလိုမျိုး လုပ်ကြတယ်လို့ ယူဆမိတယ်။ တစ်ကယ်တမ်းတော့ အလုပ်ရှင်ဘက်က ဒီလိုတွေးတာမဟုတ် “ထွက်သွားလေ.. လစာကောင်းကောင်းပေးထားရတဲ့ ဝန်ထမ်း ထွက်သွားရင် အခြေခံလစာ ကစပြီး ရတဲ့ ဝန်ထမ်း အသစ်တွေ ရောက်လာမှာပဲ” ဆိုတဲ့ အတွေးလေးက ရှိနေတတ်ကြတာကလား။ အမှန်တော့ ဝန်ထမ်းတွေ အလုပ်ကနေ […]


Kyaw Nyo ThwayFebruary 8, 20131min36921
ဂျာနယ်တစ်စောင် ထုတ်ဝေခြင်း   စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကြည့်မယ် လို့ စပြီး စိတ်ကူးမိတော့ ၊ ကိုယ်ဘာလုပ်ရမလဲ အရင်တွေးကြည့်တယ်။ လုပ်စရာတွေကတော့ တပုံတပင်ပါပဲ။ လုပ်ချင်စရာလုပ်ငန်းတွေက အများကြီးရယ်။ ဒါပေမယ့်လည်း ကိုယ်ဝါသနာပါတဲ့ ဟာတွေနဲ့လည်း မကိုက်ညီလေတော့ အချိန်ကြာကြာလုပ်လေ စိတ်ညစ်လေဖြစ်မှာလည်းစိုးရသေးတယ်လေ။ ဒါကြောင့် ကိုယ်ကိုယ်တိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်တဲ့ အချိန်မှာသေချာစဉ်းစားရတာပေါ့။ ကိုယ်ကိုယ်တိုင် ဝါသနာဘာလဲ လို့ စဉ်းစားမိတော့။ အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့ မီဒီယာလုပ်ငန်းတွေကို သိပ်စိတ်ဝင်စားတာကလား။ ဒီခေတ်ကလည်း မီဒီယာတွေ အလွန်ကို ခေတ်စားပြီး၊ အတော်လေး အလုပ်ဖြစ်ကြတာက မျက်မြင်ကိုယ်တွေ့ပဲမဟုတ်လား။ အွန်လိုင်းမီဒီယာဖြစ်ဖြစ် ၊ တယ်လီဗေးရှင်းန်ပဲ ဖြစ်ဖြစ် ၊ Printed Media ပဲဖြစ်ဖြစ် လူတွေက စိတ်ဝင်တစားရှိကြတာ လေ။ ဒါကြောင့် မီဒီယာ […]