အရမ်းချစ်တယ်
ငါမသိခဲ့ဘူး–
လူတွေ ဘာလို ့ရူးကြလဲဆိုတာလေ——–
ငါဆုံးဖြတ်မထားဘူး
တစ်နေ ့ ဒီလို အဆုံးသတ်မယ်လို ့—-
ဘယ်သူ ့ဆီကမှ မရခဲ့ဖူးဘူး——–
အဲ့ဒီလောက် အရင်းအနှီးကြီးကြီးပေးရတဲ ့အရာ–
အတု ဖြစ်နေလည်း တန်တယ်————-
မင်း ဘယ်ကောင်နဲ ့ပျော်နေနေ—
အရေးမကြီးဘူး —
ဘာလို ့လဲဆိုတော့ —-
မင်း စိတ်ချမ်းသာနေတယ်လေ————–
အဲ့ဒါလေးကိုကြည့်ပြီး
ငါပါလိုက်ပျော်ပေးမယ်နော်–
သဲပေါ်ဆောက်ထားတဲ ့ ယုံကြည်ချက်တွေ
ပြို ပြို ကျတိုင်း —
ငါ ပြန်ဆောက်နေရတာ
ပင်ပန်းတယ်လို ့ မတွေးဘူးနော်—–
ဂရိ ရာဇဝင်မှာ ဆစ်ဆိုဖီတောင်မှ
တောင်အောက် ကျသွားတဲ ့ ကျောက်တုံးကို
ခဏခဏ ပြန်ပြန် တင်နေတာ အခုထိ တဲ ့———–
ငါလည်း ဆစ်ဆိုဖီ ဖြစ်ချင်တယ်——-
ုယောက်ျားတစ်ယောက်ဆီက ပေးနိုင်သမျှ
ပုံအောပြီး တစ်စ မကျန် လောင်းကြေးထပ်ခဲ့တာ – မင်းသိတယ်နော်–
ငါ့ဘဝရဲ ့မိုက်မဲမှုတွေထဲမှာ
မင်းကိုချစ်ခဲ့တာကို ငါ အရမ်း အကျေနပ်ဆုံးပဲ—
ချစ်တယ်—
နင့်နေအောင် ——-
ချစ်တတ်အောင် သင်ပေးခဲ့တဲ့ မင်းကို—
လူတစ်ယောက်ကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာ ပြပေးခဲ့တဲ ့မင်းကို—-
အခုထိ—-
သံသရာ အဆုံးထိ— အဲ– မဟုတ်သေးဘူး—-
သံသရာ မဆုံးချင်ဘူး——
ဘုရားဟောထားတဲ ့ဒုက္ခတွေ ခံရမှာထက်
မင်းနဲ ့ထပ်တွေ ့ခွင့်မရတော့မှာ စိုးတယ်—-
မင်းကို ငါ ကျေကျေနပ်နပ် အနိုင်ပေးထားတာမို ့
မင်းရှေ ့မှာ ငါအလဲထိုးခံရတိုင်း
သိက္ခာတို ့မာနတို ့ ဘာတို ့ညာတို ့
ကျရှုံးပါပြီရဲ ့ဆိုပြီး ငါ စာမဖွဲ ့ဘူးနော် —
ဘာလို ့လဲဆိုတော့
မင်းပေးခဲ ့တဲ ့
အဲ့ဒီ အတု ဆိုတာကိုက
ငါ့ တစ်ဘဝ မက တန်နေတယ်—–
မင်းဘာတွေ လုပ်ခဲ့လုပ်ခဲ့-
မင်းဘယ်လို လုပ်သွား လုပ်သွား———
—
–ငါ့ကို မလိုချင်တော့ဘူးဆိုရင်တောင်
ငါမင်းနားမှာ မင်းမသိအောင် ရှိနေပေးမယ်
မင်းလဲကျရင် ကူပေးလို့ ရအောင်–
အဲ့ဒီတော့
ဆက်လျှောက်—-
ရဲရဲ သာ လျှှောက်
မင်းမှန်မယ် ထင်တာ အကုန်လုပ်
မင်းဘက်က ရှိပေးမယ်—————-
—-
မင်းစိတ်မဆင်းရဲ စေရအောင်
ငါ စောင့်ရှောက်ပေးမယ်———-
အခုတော့ မင်း သွားလိုက်ဦး—-
ပျော်အောင် နေနော်—————
ဘာလို ့လဲဆိုတော့
မင်းပျော်မှ ငါ အသက်ဆက်ရှင်နိုင်မှာလေ— း-)
4 comments
KZ
March 21, 2013 at 9:17 am
ဟယ်။
ဒီ ပို့(စ) ကို တကယ် သဘောကျတယ်။
အဟုတ်ပြောတာ။
:528:
တစ်စုံတစ်ယောက် လာဖတ်နိုင်ရင် ကောင်းမှာပဲ။
ကူးထားလိုက်တယ်နော်။
amatmin
March 21, 2013 at 10:44 am
အပေါ်က ဒေါ်ခိုင်ဇာရေ..
soemoe တော့ ဝင်ဖတ်သွားတယ်ဗျ… 😀
ပို့စ်စာသားထဲက..
သင်ပေးတယ်တို့..မိုက်မဲတယ်တို့..
ပျော်စေချင်တို့ ..အဲ့ အသုံးတွေ သဘောကျသဗျာ..
အကြောင်းရင်းခံကတော့ ချစ်လို့ ..ချစ်လို့ ကိုးးး
:kwi:
MaMa
March 22, 2013 at 5:45 am
သဘာဝလွန်ဖြစ်ရပ်ဆန်းလို့ အမည်တပ်ပေးချင်သွားတယ်။
တကယ့် တကယ် တကယ် ဘဝထဲမှာ အဆင်မပြေလောက်ဘူး ထင်တယ်နော်….. :byae:
မဟာရာဇာ အံစာတုံး
March 22, 2013 at 9:01 am
ဟုတ်ဒယ် …
အန်တီမမ ပေါဒလိုဘဲ …
တကယ့် လက်တွေ့မှာတော့ ဆင်ပြေလောက်ဘူးရယ် ..
ဘာရို့လဲဆိုတော့ ..
ခညား ပုထုဇဉ် မပီသလို့ပဲ …..
ဆိုင်လားတော့ သိဝူးးး