Satanကိုငရဲတွင်း၌ထည့်၍ဒဏ်ခတ်လိုက်ခြင်း။
အား လုံး မင်္ဂလာ ပါ ~~~
ခု တ လော အခြေနေ တွေ တင်းမာ နေ ပါ တယ် ။
လူကြီးမင်းများ Relaxed ဖြစ် အောင် ၊ လူကြီးမင်းများ အတွက် သီးသန့် လူကြီးဟာသ တစ်ပုဒ် တင်ပြ ပါရစေ။
မ ပြေပြစ် သော ကျနော် ၏ အရေး အသား ကို စိတ်ရှည် စွာ သည်းညည်းခံ ပြီး ဖတ် ရှု ပေး ကြ ပါ ရန် တောင်း ပန် အပ် ပါ သည် ။
သီးသန့် လူကြီးဟာသ ဖြစ်သည့် အ တွက် ၊ အသက် ၁၈ နှစ် မပြည့် သေး သော လူငယ် များ ၊ အမျိုးသမီးများ နှင့် အထူး သဖြင့် မိမိကိုယ် ကို မိမိ သူတော်စင်၊သူတော်ကောင်း ဟု ယူဆ နေ သူ များ သည် ၊ ဤ ပို့စ် ကို လုံးဝ မ ဖတ်ရှု ပါ ရန် သတိ ပေး အပ် ပါ သည် ။ I am serious.
မှတ်ချက် ။ ။ လူကြီးများ ဟု ဆိုရာ၌ အများ ပြည်သူ များ အား အတင်း အဓ္ဓမ အုပ်ချုပ် ပြီး ၊ အနိုင်ကျင့် နေ သော မိမိ ကိုယ် ကို မိမိ လူကြီးများ ဟုယူဆ နေ သော ပုဂ္ဂိုလ်ကြီး များ ကို ဆို လို ခြင်း မဟုတ် ဘဲ Adult များ ကို သာ ဆို လို ပါ သည် ။
ထိုင်ဝမ်နိုင်ငံ ရဲ ့TV သတင်း မှာ မကြာ ခဏ ဆိုသလို ၊ ဘာသာရေး ဆရာ သမား များ သည် ၊ ဘာသာရေး ကို ခုတုံး လုပ်ပြီး ၊ လိမ်လည် နေ တာ ကို တွေ့ ရ ပါ တယ် ၊ အထူး သဖြင့် နှာခေါင်း မပါ သော အမျိုးအမီးများ ထံ မှ ၊ ကာမ လိမ်လည်မှု နဲ့ ဓန လိမ်လည်မှု အများဆုံး ပါဝင် နေ သည် ၊ တချို ့ သော အလိမ်ခံ ရ တဲ့ အကြောင်းရင်း ကို ကြည့် ပြီး ၊ မ ယုံကြည် နိုင် လောက် အောင် အံ့ဩောမိ ပါ သည် ၊ ဤ မျှ တောင် အ ရ တဲ့ မိန်းမ များ လည်း ရှိ သေး သာ ကိုး !? ၊ ဗမာ ဆိုရိုး တစ်ခု ဖြစ်တဲ့ “ တချို ့သော မိန်းမ များ သည် နှာခေါင်း မပါ ရင် အိအီး ( ရှိထ် ) တောင် စား တယ် ” ဆို ပါ လား ? ဒီ စကား ဟာ အရမ်း ကို မှန် နေ ပါ ကလား ။
ကျနော်မျိုး ကျောင်းသားဘဝ ၊ ရတန်း တုံး က ဖတ် ဖူး သော အီတလီ ဝတ္ထု Decameron မှ ပုံပြင် တစ်ပုဒ် ဟာဖြင့် ၊ အထက် ပါ အကြောင်း နဲ့ ဆင်တူရိုးမှား ဖြစ် နေပါ သည် ၊ ၎င်းပုံပြင်လေး ကို မှီငြမ်း ပြီး တရုတ် ဟန် ကို ကိုးကား ၍ ဗမာ ဆန်ဆန် ဖြင့် လူကြီးများအတွက်သီးသန့်ဟာသ တစ်ပုဒ် တင်ဆက် သွား ပါ မည် ။
လွန်လေပြီးသော အခါ ၊ မယုယု ဆို သော ချောမော လှပ ၊ ရိုးသား ဖြူစင် တဲ့ မိန်းကလေး တစ် ယောက် ရှိ သည် ၊ ဘုရားတရား အလွန် ကြည်ညို ကိုင်းရှိုင်း သော အဒေါ် ဖြစ် သူ ဒေါ် နွဲ့ ထံ တွင် မှီခီု ပြီး နေထိုင် လျှက် ရှိ ပါ သည် ၊ ထို့ ကြောင့် အဒေါ့် နည်း တူ သူမ မှာ လည်း ဘုရားတရား မှာ အလွန် ကိုင်းရှိုင်း ပြီး ၊ နေ့စဉ် ဒေါ်နွဲ့ ၏ အိမ်ရာ ဝိစ များ အားလုံး ကို ဆောင်ရွက် ပေး ပြီး နောက် ၊ အားလပ် ချိန် တွင် တရားထိုင် တရားကျင့် ပြုလုပ် လေ့ ရှိ ပါ သည် ။
ဒေါ်နွဲ့ နှင့် ဒီလို အဆင်ပြေ စွာ နေ ထိုင် ခဲ့ သည် မှာ ၊ မယုယု အသက် ၁၈ နှစ် ပြည့် ပြီး တဲ့ နောက် ၊ တရက်တ၌ မယုယု သည် တောထွက် ၍ တရား ကျင့် ရန် နှင့် ဝါရင့် ဆရာ ကြီး ထံ ပညာ ဆည်းပူး ရန် ဆုံးဖြတ် လိုက် ပါသည် ။
မယုယု သည် ဒေါ်နွဲ့ ထံ ခွင့် တောင်း ပြီး ၊ လိုအပ် သော အသုံးအဆောင် ပစ္စည်း များ ကို သိမ်းစည်း ကာ ၊ ဒေါ်နွဲ့ ကို နုတ်ဆက် ၍ တောဘက် သို့ ထွက်ခွာ သွား ပါ လေ တော့ သည် ၊
ခရီး နှစ်ရက် ခန့် အ ကြာ မှာ ၊ တော စပ် ကို ရောက် လာ ပါ သည် ။
သဲအိမ် လေး ထဲ၌ ဥပဓိရုပ် ကောင်း ကောင်း နဲ့ အိန္ဒြေ ရှိရှိ ဆရာ တပါး ၊ တရား ကျင့် နေ သည် ကို တွေ့ ရှိ ၍ ဝင်ခွင့် တောင်း လိုက် ပါ သည် ၊ ဆရာ ထံ လာ ရ ခြင်း အကြောင်းရင်း ကို တင်ပြ လျှောက်ထား ပါ သည် ၊ ဆရာ သည် လှပ ဖြူဖွေး သော မယုယု ကို ဦးခေါင်း မှ ခြေရင်း ထိ ကြည့်ရှု လေ့လာ ပြီးနောက် ၊ မိမိ ၏ သမာဓိ ကို ယုံကြည်မှု အားနည်း နေ သည့် အတွက် ၊
“ ဆရာ ဟာ ဝါ သိပ် မ ရင့် သေး ဘူး ၊ ပညာ လည်း သိပ် မ စုံ သေးဘူး ၊ ဆရာ နဲ့ အတူ တရား ကျင့် ရင် ၊ တိုးတက် မှု ရှိ လာ မှာ မဟုတ် ဘူး ”
ဆက်လက် ပြီး ဆရာ က “ ဒီ နေရာ က နေ ရှေ့ဆက် ပြီး သွား ရင် ၊ တောနက် ထဲ မှာ ဝါရင့် ပြီး ပညာ ပို စုံ တဲ့ ဆရာကြီး တပါး ရှိ တယ် ၊ သူ့ ဆီ မှာ ပညာ သင် ရင် ပို သင့်တော် မယ် ”
မယုယု အား စားနပ် ရိက္ခာ အချို ့ကို ဖြည့်စွက် ပေး ပြီးနောက် တောနက် ထဲ ကို လမ်းညွှန် ပေး ပြီး ဆက် လွတ် လိုက် ပါ ရော ။
တနင်္ဂနွေ နေ့ ည နေ ပိုင်း မှာ ၊ အ ဆို ပါ အင်မတန် ကြည်ညို ဖို့ ကောင်း သော ဝါရင့် ဆရာကြီး ထံ သို့ ရောက် ရှိ လာ ပါ သည် ၊ လာ ရင်း အ ကြောင်း ကို တင်လျှောက် ထား လိုက် သော အခါ ၊ ဆရာ ကြီး သည် အားရဝမ်းသာ စွာ နဲ့ လက် ခံ လိုက် ပြီး ၊ နေ ဖို့ ထိုင် ဖို့ ကို လည်း ကောင်းမွန် စွာ စီစဉ် ပေး လိုက် ပါ သည် ။
ဆရာကြီး ၏ စိတ် ထဲ ၌ “ ဤ မျှ လှပ သော ကလေး မ ကို ၊ ကိုယ့် ဆီ ရောက် လာ တာ ဟာ ၊ ဘုရား သခင် က ကျုပ် ရဲ ့ သမာဓိ ကို စမ်းစစ် ဖို့ လွှှတ် လိုက် တာ ဘဲဖြစ် ရ မယ် ၊ ကျုပ် က ဘုရားတရား နဲ့ နေ ခဲ့ တာ အချိန်ကာလ အတော် ကြာ ခဲ့ ပါ ပြီ ၊ ဝါ လည်း အ ရမ်း ရင့် နေ ပါ ပြီ ၊ ကျုပ် ရဲ ့သမာဓိ ခိုင်မြဲ မှု ကို တခါ မျှ စိန် ခေါ် မှု မ ရှိ ခဲ့ ဘူး သေး ပါ ၊ ဒီ တခါ တော့ ကျုပ် လက် စွမ်း ပြ ဖို့ အခွင့် အ ချိန် ရောက် လာ ပြီ ”
တနင်္လာ နေ့ ။ ဆရာ ကြီး သည် မ ယုယု အား စိတ်ရင်း ကောင်းကောင်း သမာဓိ ရှိရှိ နဲ့ ပညာ သင် ပေး ပြီး ၊ အ တူတူ တရားထိုင် တရား ကျင့် ကြ ပါ သည် ။
အင်္ဂါနေ့ ။ ဆရာ ကြီး သည် မ ယုယု အား စိတ်ရင်း ကောင်းကောင်း သမာဓိ ရှိရှိ နဲ့ ပညာ သင် ပေး ပြီး ၊ အ တူတူ တရားထိုင် တရား ကျင့် ကြ ပါ သည် ။
ဗုဒ္ဓဟူးနေ့ ။ ဆရာ ကြီး သည် မ ယုယု အား စိတ်ရင်း ကောင်းကောင်း စေတနာ ရှိရှိ နဲ့ ပညာ သင် ပေး ပြီး ၊ အ တူတူ တရားထိုင် တရား ကျင့် ကြ ပါ သည် ၊ သို့သော် သမာဓိ အ နည်း ငယ် ယိုင် ပြီး လှုပ် လာ ပါ သည် ။
ကြသာပတေးနေ့ ။ သဘာဝ တရား တစ် ခု ဖြစ် တဲ့ ၊ ယောက်ျား အများ စု သည် ကိုယ် ခန္ဓာ အောက် ပိုင် ဖြင့် သာ စဉ်းစား ဆုံးဖြတ် တတ် သည့် အကျင့် ကို ဆရာ ကြီး လည်း ဒီ သဘာဝ တရား ကို မ လွန်ဆန် နိုင် တော့ ပါ ၊ မယုယု ကို စကား နဲ့ မသိမသာ ၊ စူးစမ်း ၊ တီးခေါက် ကြည့် လိုက် တဲ့ အ ခါ မှာ ၊ ကလေး မ ဟာ ယေကျ်ားများ ၏ အကြောင်း နှင့် ပါတ်သက် ၍ ဘာမျှ မ သိ ဘဲ ၊ ဗဟုတုသ လည်း လုံးဝ မရှိ သည် ကို တွေ့ရှိ သွား ပါ သည် ။
သောကြာနေ့ ။ ဒီနေ့ ရက်ထူးရက်မြတ် ၊ ဆရာ ကြီး သည် မယုယု နဲ့ အ တူ ဘုရား ဝတ်ပြု တရား ကျင့် ခါ နီး ၊
ဆရာကြီး က “ ခဏနေ ဦး ~ ဆရာ တခု ပြောပြ မယ် ၊ ကျနော် တို့ ၏ ကျေးဇူးရှင် ဘုရား သခင် ဟာ လူသား တွေ ကို စတင် ဖန်ဆင်း ခဲ့ စဉ် နှင့် လူ သား များ သည် ၊ မိခင် ၏ ဝမ်း ပိုက် မှ မွေးဖွား လာ ချိန် မှာ အဝတ်အစား လုံးဝ မ ပါ ခဲ့ ကြ ပါ ၊ ဒါ ကြောင့် ဆရာ တို့ ဒီနေ့ ၊ လူ စ ဖြစ် လာ စဉ် Original သဘာဝ အ တိုင်း Naturalism တွေ လို အဝတ်အစား မ ပါ ဘဲ ဘုရား ဝတ်ပြု တရား ကျင့် ကြ ရ အောင် နော် ~ ”
ဆရာ ၊ တပည့် နှစ် ယောက် သား အဝတ်အစား မ ပါ ဘဲ နှင့် နဖူး တွေ့ ဒူး တွေ့ ထိုင် ပြီး တရား ကျင့် မည့် အပြု တွင် ၊
“ အားမလေး !!! ဆရာ !!! အဲဒီ မြွေ လိုလို ၊ ဘာ လိုလို နဲ့ ဟာကြီး က ဘာ ကြီး ပါ လိမ့် ??? ” လန့်ဖြတ် ပြီး ကလေးမ သည် အံ့ဩော စွာ အော် လိုက် သည် ။
ဆရာကြီး သည် မျက်နှာ ရှုံ ့မှဲ့ စွာ နဲ့ သနား စရာ ဖြစ် အောင် ဟန်ဆောင် ပြီး “ အဲ ဒါ ပဲ ပေါ့ ကွယ် ~ ၊ ဆရာ မကြာ ခဏပြော နေ တဲ့ Satan ဆို တဲ့ မကောင်းဆိုးဝါး ကြီး ပေါ့ ၊ ဘုရားသခင် ကို အမြဲ ရန် မူ ပြီး ဒုက္ခ လိုက် ပေး နေ တဲ့ သရဲ (devil ) ကြီး ဘဲ လေ ~ ”
ဆရာကြီး က ဆက်လက် ပြီး ပြောသည် “ ကျေးဇူးရှင် ဘုရား သခင် ဟာ ဆရာ တို့ လို လူသား ယောက်ျား တွေ ကို ဖန်ဆင်း တဲ့ အခါ မှာ ၊ ဒီ Satan ကြီး ဟာ တိတ်တိတ်ခိုး လေး နဲ့ ဆရာ တို့ ရဲ ့ ကိုယ် ပေါ် မှာ ကပ် ပါ လာ တယ် လေ ၊ ကြည့် စမ်း~ ကြည့် စမ်း~ အခု ဆရာ ကို သူ အရမ်း ဒုက္ခ ပေး နေ ပြီ ၊ ဆရာ အ ရမ်း ခံ ရ ခက် နေ ပြီ ”
“ ကျမ ဆီ မှာ အဲဒါကြီး ပါ မ လာ တာ အရမ်း ကံ ကောင်း လိုက် တာ နော်~ ” မယုယု က ရယ်ရယ် မောမော ဖြင့် ပြော လိုက် သည် ။
“ ဒါပေမဲ့ ၊ ကျေးဇူးရှင် ဘုရား သခင် ဟာ သူငယ်မ တို့ လို လူသား မိန်းခလေး တွေ ကို ထပ်မံ ဖန်ဆင်း တဲ့ အခါ မှာ ၊ ဒီ Satan ကြီး ကို နိုင်နင်း ပြီး ဒဏ်ခတ် အပြစ် ပေး နိုင် အောင် ၊ ထိန်းချုပ် နိုင် ဖို့ အတွက် သူငယ်မ တို့ ရဲ ့ ကိုယ် ထဲ မှာ ငရဲတွင်း တစ်ခု ဖန်ဆင်း တည်ဆောက် ပေး ထား ခဲ့ တယ် လေ ”
“ ဘုရားသခင် ၏ ဆန္ဒ အ ရ Satan ကိုအပြစ် ပေး ဖြစ် အောင် ၊ ဆရာ ရဲ ့ဒုက္ခ ကို လည်း ဖြေရှင်း သွား နိုင် အောင် ၊ ဒီ နေ့ သူငယ်မ နှင့် ဆရာ တို့ နှစ် ယောက် ဒီ Satan ကြီး ကို ငရဲတွင်း ထဲ ထည့် ပြီး အပြစ် ပေး ဒဏ် ခတ် ကာ တရား ကျင့် ကြ ရ အောင် ” ဟု ဆရာကြီး ကပြော လိုက် ပါ သည် ။
。。。。。。。。。。。。。。。。 ။
。。。。。 ။
“ အ လားလား လား !!! ဆရာကြီး !!! ဘာ ဖြစ် လို့ ဒီ လောက် တောင် နာ ရ တာ လဲ !!! ” မယုယု သည် မျက်နှာ ရှုံ ့မှဲ့ စွာ နဲ့ အော် လိုက် သည် ။
ဆရာ ကြီး သည် ခပ်တည်တည် နဲ့ “ Satan ကြီး က ရှောရှောရှူရှူ ငရဲ တွင်း ထဲ ဘယ် ဝင် ချင် မှာ လည်း ၊ ရုန်းကန် နေ မှာ ပေါ့ ၊ Don’t worry ! ခဏ ကြာ ရင် သူ လက် ပမ်း ကျ သွား သွား မှာ ပါ ၊ အဲ ဒီ အ ချိန် ကျ လျှင် ငြိမ် သွား မှာ ပါ ”
。。。。。。。。。。。。。。。。 ။
。。。。。 ။
ကုသိုလ် လည်း ရ ၊ ဝမ်း လည်း ဝ သည့် တ ရား ကျင့် စဉ် မျိုး ကို မယုယု က အ ရမ်း နှစ်သက် သွား ပါ သည် ။
အချိန် ကြာ လာ သော အ ခါ ဆရာကြီး နှင့် မယုယု တို့ နှစ် ယောက် သား သဘော ထား ကွဲလွှဲ မှု ရှိ လာ ကြ သည် ၊
ဆရာကြီး ၏ သဘော ကတော့ ၊ Satan ကြီး သောင်းကျန်း တဲ့ အချိန် မှ သာ ငရဲ တွင်း ၌ ဒဏ်ခတ် စေ ပြီး ၊
မယုယု ၏ သဘော မှာ ၊ ငရဲတွင်း သည် Satan ကို ဒဏ် ခတ် ဖို့ သီးသန့် တည်ဆောက် ထား တဲ့ အတွက် ၊ ငရဲတွင်း ၌ Satan အမြဲ ရှိ နေ ရ မည် ။
တန် ရင် ဆေး ၊ လွန် ရင် ဘေး ဆို သ လို ပေါ့ ဗျာ ။
ဆရာကြီး ခင်ဗျာ ၊ စမ်းချောင်း ရေ ကို သာ သောက် ပြီး ၊ သစ်သီး ၊ သစ်ရွက် ၊ သစ်မြစ် နှင့် သစ်ဥ များ ကိုသာ စား နေ သည့် အ တွက် ၊ input နှင့် out put မမျှတ တော့ ပါ ၊ ခန္ဒာကိုယ် သည် တနေ့တခြား လုံးပါး ပါး လာ ပါ သည် ၊ ကိုယ့် ကျော့ကွင်း တွင် ကိုယ် မိ နေ ပြီး ၊ ရုန်း မ ထွက် နိုင် တော့ ပါ ။
“ Satan ကို ဒဏ် မ ခတ် မိ ဘဲ ၊ ငါ့ ကို ငါ ဒဏ်ခတ် နေ ပါ က လား ” ဆရာ ကြီး သည် မျက်ရည် တွေ စီး ကျ ပြီး ၊
“ Satan ထက် စော ပြီး ငါ ငရဲ တွင်း အစစ် ထဲ အရင် ရောက် ဖို့ သေ ချာ နေ ပါ ပြီ ” ဟု ငိုသံပါပါ နှင့် ကိုယ့် ဟာ ကို တီးတိုး ညည်းညူ နေ ပါ သည် ။
သေရေးရှင်ရေး ဖြစ် နေ ချိန် တွင် ဆရာကြီး ၏ အသက်သခင် ကျေးဇူးရှင် ဖြစ် တဲ့ ကယ်တင်ရှင်ကြီး မောင်သာဌေး ဆို သော ကောင်ကလေး ရောက် လာ ပါ သည် ၊ သူငယ် လေး ဟာ မယုယု ရဲ့ ရွာ မှ ဖြစ် ပြီး ၊ သူ့ မှာ သတင်းဆိုး နှင့် သတင်းကောင်း တစ် ခု စီ ပါ လာ ပါ သည် ။
သတင်းဆိုး မှာ မယုယု ၏ အဒေါ် ၊ ဒေါ်နွဲ့သည် နှလုံး သွေးကြောပိတ် ရောဂါ နှင့် ရုတ်တရက် ကွယ် လွန် သွား ပြီ ဖြစ် ကြောင်း ။
သတင်းကောင်း မှာ မယုယု ကို မောင်သာဌေး က လက်ထပ် ယူ ပြီး တသက်လုံး စောင့်ရှောက် သွာမည် ဖြစ် ကြောင်း ( တကယ် ဆို ရင် ဒေါ်နွဲ့၏ အမွေ ကို မျက်စိ ကြ နေ ခြင်း သာ ဖြစ် သည် ) ။
ဆရာ ကြီး သည် မယုယု ၏ အသုံးအဆောင် ပစ္စည်း များ ကို ကမန်းကတန်း သိမ်းစည်း ပေး လိုက် ပြီး ၊ လမ်းခရီး တွင် စား ဖို့ ရိက္ခာ တွေ စီစဉ် ပေး ကာ ၊ မောင်သာဌေး နှင့် အတူ ရွာ သို့ ချက်ချင်း ပြန် ခိုင်း လိုက် ပါ သည် ။
ရွာ ပြန် ရောက် ၍ အဒေါ် ၏ ကိစ္စ အားလုံး ဆောင် ရွက် လို့ အ ပြီး ၊ မောင်သာဌေး နှင့် မင်္ဂလာ မ ဆောင် ခင် ည ၊ ရွာ မှ အမျိုးသမီး တွေ မယုယု ၏ အိမ် ၌ စုဝေး ပြီး စကားဝိုင်း ဖွဲ့ကြ ပါ သည်
အမျိုးသမီး တွေ က မယုယု ၏ တော တွင်း အတွေ့အကြုံ များ နှင့် ဗဟုတုသ များ ကို share ခိုင်း ကြ ပါ သည် ။
မယုယု လည်း Satan ဆို တဲ့ ငရဲ ကို ဘယ်လို ဒဏ် ခတ် ခဲ့ တဲ့အ ကြောင်း ကို ခြေဟန် လက်ဟန် နှင့် ပြောပြ လိုက် ချိန် မှာ ၊ တဝိုင်း လုံး ဝါး ကနဲ ရယ် ကာ ၊ အား လုံး ပက်လက် လှန် သွား လေ ပါ တော့ သတည်း ။
အတန် ကြာ တော့ မှ ၊ အိမ်ထောင်သည် အမျိုးသမီး တ ဦးက ၊ မျက်ရည် တွေ ကို သုတ် ပြီး မ နည်း အား ယူ ကာ “ ညည်းနှယ် ~ ဒါ လေး များ ၊ ဒဏ်ခတ် တဲ့ အ လုပ် ကို တောနက်ကြီး ထဲ သွား လုပ် ရ သေး တယ် ၊ ငါ တို့ များ ည တိုင်း အိမ် မှာ ဒဏ် ခတ် နေ ကျ တဲ့ ဥစ္စာ ၊ မနက်ဖန် ည ကြ ရင် သာဌေး နဲ့ နင် လည်း အဲ လို ဒဏ်ခတ် တော့ မှာ ပါ ”
ထို နေ့ မှ စ ၍ ၊ လူသား တွေ မျိုးဆက် ပြန့် ပွါး ရန် လုပ်ဆောင် ရ သော မြင့်မြတ် တဲ့ လုပ်ရိုး လုပ်စဉ် ကို ဗိုလ် လို “ Put the Devil in the Hell ”
ဗမာ လို “ သရဲ ကို ငရဲ ထဲ ထည့် လိုက် ခြင်း ” ဆိုရိုး အ ဖြစ် ကျယ်ကျယ် ပြန့်ပြန့် သုံး ဆွဲ လာ ကြ လေ သတည်း ။
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏♥ ♥ ♥ ♥ ♥ ♥﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
စကား မ စပ် ၊ ကမာ္ဘကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား မိုယ်ကယ်ချမ်း သည် ၁၉၉၉ ခုနှစ် မှာ ၊ တရား ဝင် ဇနီး ၏ နောက် ကွယ် တွင် ဟောင်ကောင် မင်းသမီး တ ဦး နှင့် တရား မ ဝင် သမီး ရတနာ တဦး မွေးဖွား ခဲ့ ပါ သည် ။ ၎င်း ကိစ္စ နှင့် ပါတ်သက် ၍ သူ ၏ မိသားစု နှင့် အ များ ပြည်သူ များ အား ဝန်ချတောင်းပန် သည့် သတင်းစာ ရှင်းလင်း ပွဲ တွင် ၊ ကိုချမ်း ပြော ခဲ့ သော စကား များ ထဲ မှာ ၊ အောက် ပါ စကား တခွင်း သည် အလွန် ကျော်ကျား ခဲ့ ပါ သည် ၊ တရုတ် လို တော့ “ 我犯了全天下男人都會犯的錯 ”
ဗမာလို တော့ “ ကျနော် ဟာ ကမာ္ဘ ပေါ် ရှိ ယောက်ျား အများစု တွေ မှား တတ် သော အမှား တခု ကို လုပ် မှား မိ သည့် အတွက် ၊ ကျနော် အားလုံး ကို တောင်းပန် ပါ တယ် ”
ဤ “ ကမာ္ဘ ပေါ် ရှိ ယောက်ျား အများစု တွေ မှား တတ် သော အမှား ” ဝါကျ မှာ ထို နှစ်၏ အများ ဆုံး လက်ဆွဲ သုံး စကား တစ် ခွန်း ဖြစ် သွား ပါ သည် ။
“ ကမာ္ဘ ပေါ် ရှိ ယောက်ျား အများစု” ထဲ တွင် ဘယ် ပုဂိ္ဂုလ် တွေ များ ရှိ ပါ သေး သလဲ လို့ ၊ ကိုမိုက်ကယ် အား Phone နဲ့ လှမ်း မေး လိုက် ရာ ၊ သူ့စာရေးမ လေး က “ လူကြီးမင်း ခေါ်ဆို သော တယ်လီဖုန်း မှာ ဆက်သွယ် နိုင် သော ဧရိယာ အပြင် ဖက် တွင် ရောက် နေ ပါ သည် ” ဟူ သော အဖြေ ကို သာ ပေး လိုက် ပါ သည် ။
တကယ် တော့ ကိုချမ်း ပြော တဲ့ “ ကမာ္ဘ ပေါ် ရှိ ယောက်ျား အများစု” ထဲ တွင် ကုလားဖြူ အမေရိကန် သမ္မတ ဟောင်း ဘီးဟ် ကယ်လင်တန် လည်း ပါ ဝင် ခဲ့ ပါ သည် ၊ ၎င်း ကိုတန် သည် သမ္မတ ရာ ထူး ထမ်းဆောင် နေ စဉ် ကာလ ၌ ၊ အိမ်ဖြူတော် တွင် မိုက်ကယ်ချမ်း ထက် ၂ နှစ် စော ပြီး ယောက်ျား အများစု တွေ မှား တတ် သော အမှား ကို အကြိမ်ကြိမ် လုပ် မှား မိ ခဲ့ ပါ ပြီ ၊
မှတ် မ မှား ဘူး ဆို ရင် အိမ်ဖြူတော် ၏ စားပွဲဝိုင်း ဘေး မှာ ကိုတန် ၏ Satan ဟာ ငရဲတွင်း တွင် ဒဏ် ခတ် ခြင်း မ ခံ ရ ဘဲ ၊ အာခံတွင်း ၌ သာ ဒဏ် ခတ် ခြင်း ခံ ခဲ့ ရ ပါ သည် ၊ Satan ၏ အန်ဖတ် များ သည် ၊ ဘာ နာမည် တဲ့ လဲ ? လုဝင် ဆို လား ? စကီး ဆိုလား ? ကလေးမ ရဲ့ အပြာရောင် ဘလေါက်စ် အကျႌ ပေါ် မှာ ပေ ကျန် ခဲ့ သေး သည် ဟူ သော အဆို များ ကို ၊ အ များ ပြည် သူ တွေ က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ခဲ့ ဘူး သည် ။
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏♥ ♥ ♥ ♥ ♥ ♥﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
လူကြီးမင်း များ အနေ နဲ့ကျနော့ ကို “ ခင်ဗျား ကြီး အသက် ငယ်ငယ်ရွယ်ရွယ် တုံး က ဘယ့် နဲ့ ဒါ မျိုး ပုံပြင် ဖတ် ဘူး ခဲ့ ပါ သလဲ ? ” ဟု မေး စ ရာ ဖြစ် လာ မည် မှာ သေချာ သည် ။
ပြော ရ ရင် တော့ စကား ရှည် ဦး မည် ၊ ခရစ် သက္ကရာဇ် ၁၉၆၅ ခုနှစ် ကျနော် တရုတ်ကျောင်း ၈ တန်း တက် နေ ချိန် ၊ ကျောင်း Library မှာ ဆရာ/ဆရာမ များ အတွက် သာ ဟု သတ်မှတ် ထား သော စာအုပ် စင် ပေါ် မှာ 十日談 ( Decameron ) ဆို သော စာအုပ် ထူ ကြီး တွေ့ခဲ့ ဘူး သည် ။
ကျနော် တရုတ်ကျောင်း ၉ တန်း တက် ရ မည့် နှစ် မှာ ၊ ဗိုလ်ရှုမောင် ( ဗိုလ်ချုပ်နေဝင်း ) စစ်အစိုးရ သည် ၊ ကျနော် တို့ ကျောင်းတွေ ကို အတင်း အဓ္ဓမ လုယူ သိမ်ပိုက် လိုက် သည့် အ တွက် ၊ တရုတ် စာ သင် ကျောင်း တွေ ဟာ ဗမာ စာ သင် ကျောင်း တွေ အ တင်း ဖြစ် လာ ပြီး ၊ ကျနော် တို့ လည်း တရုတ်စာ ၉တန်း ကနေ ဗမာ စာ ရ တန်း ကျောင်း သား အဖြစ် သို့ အချောင် နဲ့ ရောက် ရှိ လာ သ ပေါ့ ။
ကနော် တို့ ကျောင်း ကို ပြောင်း လာ သော ဗမာ ဆရာ/ဆရာမ များ သည် ၊ တုတ် ချောင်း များ တွေ နဲ့ စီ ထား သော တရုတ် စာ တွေ ကို လုံး ဝ နားမလည် ကြ ပါ ၊ ဒီ တော့ ကျောင်း Library စာ အုပ် စင် ပေါ် မှာတရုတ် လို ရေး ထား သော ဆရာ/ဆရာမ များ အတွက် သာ ဆို သော သတ်မှတ်ချက် ဟာ ဘာမျှ Power မရှိ တော့ ပါ ၊ အဲ ဒီ စာအုပ် တွေ ကို ကျနော် တို့ မ ဖတ် ရင် ၊ ဗမာ ဆရာ တွေ က ဖတ် မှာ တဲ့ လား ?
十日談 ( Decameron ) ဆို သော စာအုပ် သည် အီတလီ ဝတ္ထု ဟု အ ရင် ကတည်း က သိ ခဲ့ သော် ငြား လည်း ဗိုလ်လို နာမည် Decameron ကို တော့ ယခု internet ပေါ် ရှာ ကြည့် သည့် အ ချိန် မှ သာ သိ ရှိ ခဲ့ ခြင်း ဖြစ် ပါ သည် ။
Decameron ကို ဗမာ လို “ ရက်ပေါင်းတစ်ဆယ်ပုံပြင်များ ” လို့ ဘာသာ ပြန် ရ ရင် ကောင်း မလား ? Decameron သည် တစ်ထောင့်တစ်ည ပုံပြင် လို ဘဲ နာမည် ရှိ သည် ဟု ကြား ဘူး သည် ။
ဝတ္ထု အ ကျဉ်း ချုပ် နည်းနည်း တင်ပြ ပါ ရ စေ ၊ ခရစ် သက္ကရာဇ် ၁၃၄၈ ခုနှစ် အီတလီ ပြည် မြို့တမြို့ ၌ ၊ ပလိပ် (ပုလိပ် ၊ မဟုတ် ) ရောဂါ ကို တိမ်းရှောင် ရန် ၊ လူငယ် ၁ဝ ဦး ( ကျား ၃ဦး+မ ရ ဦး ) သည် ၊ လူသူများ ကင်း ဝေး ရာ ရဲတိုက် တခု ၌ ရက်တစ်ဆယ် ကြာ အောင် သွား ရောက် ခိုလုံ ခဲ့ ပါ သည် ။
ဤ လူငယ် ၁ဝဦး သည် အပြင်းပြေ ၊ တရက် လျှင် လူ တဦးလျှင် ပုံပြင် တပုဒ် စီ ပြောပြ ရ ပါ သည် ၊ တရက် လျှင် ပုံပြင် ၁ဝ ပုဒ် ၊ ဆယ် ရက် ဆို ပုံပြင် ၁၀ဝ တိတိ ပြော ခဲ့ ကြ သာ ပေါ့ ။
ပုံပြင် ၁၀ဝ အား လုံး ကို ကျနော် မျိုး က မ ဖတ် ခဲ့ ဖြစ် ပါ ၊ စိတ် ဝင်စား သာ ဘဲ ရွေး ပြီး ဖတ် ခဲ့ သည် ၊ နံပါတ် ၃ ရက် ၏ ပုံပြင် အ ပုဒ် ၁ဝ ဖြစ် တဲ့
“ သရဲ ကို ငရဲ ထဲ ထည့် လိုက် ခြင်း ” ကို အ မှတ်မိ ဆုံး ဖြစ် ခဲ့ ပါ သည် ။
ပုံပြင် ၁၀၀ လုံး ဟာ အဲ ဒီ အကြောင်း ချည်း ဘဲ ရေး တာ မ ဟုတ် ပါ ဘူး ၊ တခြား ပညာ ဗဟုတုသ ရှိ သာ တွေ လည်း အ များ ကြီး ပါ ရှိ ပါ သေး သည် ။
ကျနော် လည်း သိပ် လျှာရှည် သွား ပြီး ။
လူကြီး မင်း တို့ ကိုယ် တိုင် Link ပြီး ကြည့် လိုက် ပါ တော့ လား ခင်ဗျာ ~~~
တရုတ် လို ဖတ် ချင် ရင်
http://big5.dushu.com/showbook/101362/
ဗိုလ် ( ကုလားဖြူ ) လို ဖတ် ချင် ရင်
http://www.brown.edu/Departments/Italian_Studies/dweb/texts/florio/day03.php
သည်းညည်းခံ ပြီး ဖတ် ပေး သည် ကို အ ထူး ကျေးဇူး တင် တဲ့ အနေ နဲ့ Flying Kiss 3 ခု တိတိ လက်ဆေင် ပေး ပါ ရ စေ ။
အား လုံး ရွှင် လန်း ချမ်း မြေ့ကြ ပါ စေ ~~~~~~~~~
ကျေး ဇူး တင် ပါ သည် ။
16 comments
မဟာရာဇာ အံစာတုံး
April 6, 2013 at 2:07 pm
Adult တွေအတွက် ဆိုဒေါ့ …
တားဂ ခလေး ဆိုဒေါ့ ..
အင်းး အဲ .. အင်းး အဲ ..
ဖတ်တွားဒေါ့ဘူးနော် …
စကားမစပ် ..
ဆေတန် ကလည်း ငရဲတွင်းထဲ
ခဏခဏ ဆင်းရဒါဒေါင် တေဝူးးနော့ …
Don Juan Ronald
April 7, 2013 at 7:31 pm
နောက် ဆုံး ရ သတင်း အ ရ ၊
Satan ကို ဗြဟ္မဒတ်မင်း က boycott လုပ် ထား လိုက် ပြီး ဗီဇာ လုံးဝ ထုတ် မ ပေး တော့ ဘူး လို့ ၊
ခိုင် လုံ သော သတင်း ရပ်ကွက် မှ သတင်း ထွက် ပေါ် လာ ပါ သည် ။
ထို့ ကြောင့် Satan ၏ အ သက် စိုးရိမ် ရန် မ လို တော့ ပါ ။
Don Juan Ronald
April 6, 2013 at 2:55 pm
Very Sorry ဘဲ မဟာ့ မဟာ အမှာတခု ဖြစ် သွား ပါ တယ် ။
Jackie Chan မင်း သား အ စား Tennis သမား Michael Chang နဲ့ မှား သွား ပါ သည် ။
အမှန် ရုပ် ရှင် မင်း သား ဂျက်ကီ ချမ်း ဖြစ် ရ ပါ မည် ။
မှား တာ လည်း ဒီ လောက် ကွာ အောင် မှား တတ် တာ ရှက် စရာ ကြီး ။
Foreign Resident
April 6, 2013 at 3:00 pm
အင်း ၊ စေတန် ကလည်း စေတန် ၊
ငရဲတွင်း ကလည်း ငရဲတွင်း ပါပဲ ။
ဦးဦးပါလေရာ
April 7, 2013 at 1:36 am
အဲ့ဒီဆရာကြီးရေ
ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို သူတော်စင်သူတော်ကောင်းလို့မထင်တာနဲ့ ဆရာကြီးစာတွေ ဖတ်လိုက်မိပါတယ်…။
:harr:
အရင်တစ်ခါကလဲ ပြောဖူးတယ်။
ဆရာကြီးစာတွေထဲထည့်သုံးတဲ့ အကောင်လေးတွေကို လိုချင်တယ်…လို့…။
အဲဒါယူလို့ရတဲ့လင့်လေးရယ် ယူသုံးနည်းလေးရယ်ပေးပါလား…။
:kwi:
Don Juan Ronald
April 7, 2013 at 9:49 pm
ဆရာကြီး ဦးဦးပါလေရာ ရေ ~~~
ဘယ့်နယ်ဗျာ ~ ကျနော့ ကို “ အဲ့ဒီ ဆရာကြီး ရေ ” တဲ့ ၊
ကျ နော့ ကို အဲ့လို မျိုုး လူ လို့ ၊ ပျော့ပျော့ လေး နဲ့ ဆိုလို ချင် တာပေါ့ ဟုတ်လား ?
ကဲ~ ကဲ~ ကဲ~
အတည် ပြော ရ အောင် ၊
ဟို အရင် ပို့စ် မှာ ကတည်း က အကောင်ကလေး တွေ အကြောင်း ကို ၊
ဆရာကြီး ဦးဦးပါလေရာ ကို ဖြေ ပေး ပြီးပြီ လေ ၊ ဆရာ ကြီး က ပြန် လည်း မ ဖတ် ဘဲ နဲ့ ။
တ ကယ် တန်း ဆို ရင် ကျနော် လဲ သိပ် တတ် တဲ့ ကောင် မ ဟုတ် ပါ ဘူး ၊
အ သက် ကြီး မှ computer သင် တယ် ဆို တော့ ၊ လက် နှေး ၊ ဦးနှောက် နှေး နဲ့ ဆို တော့ ၊
အိမ် က ခလေး တွေ လဲ စိတ် ရှည်ရှည် နဲ့ မ သင် ပေး ချင် ဘူး ၊
အား တဲ့ အ ခါ ကိုယ့် ဟာ နဲ့ ကိုယ် လျှောက် လုပ် ကြည့် ရ တာ ၊
Link တ ခု တော့ ပေး လိုက် မယ်
http://weibo.com/kennyhokarking
ဆရာ ကြီး ခင်ဗျား လုပ် ကြည့် လိုက် ၊ တ ကယ် စိတ် ဝင် စား မယ် ဆို ရင် email နဲ့ ဖြစ် စေ ၊
skype ရှိ ရင် skype နဲ့ ဖြစ် စေ line ပေါ် မှာ ဆွေး နွေး လို့ ရ ပါ တယ် ။
နောက်ဆုံး ဆရာကြီး ကို သတိ ပေး လိုက် ဦး မယ် ၊
နောက် ဆို ကျနော့ ကို “ အဲ့ဒီ ဆရာကြီး ရေ ” လို့ မခေါ် ပါ နဲ့ ၊
မကြိူက် ဘူး ၊ ရှက် လို့ ပါ ။
ဦးဦးပါလေရာ
April 7, 2013 at 11:52 pm
ဒီလိုမှပေါ့ တွာကိုးရယ်..
စမ်းကြည့်လိုက်ဦးမယ်..
နောက်တစ်ခါ ကိုပေါ်ဦးလို့ပြောင်းခေါ်မယ်…
:hee:
kai
April 7, 2013 at 4:30 am
ရှေးမြန်မာဆိုရိုး.. ပုံပြင်တွေများ.. ဒီထက်ကြမ်းတာတွေ.. အများကြီးပေါ့..
မဆလခေတ်ရောက်မှ.. ဦးနေဝင်းတို့က.. ပုံပြင်ဆိုရိုးတွေ.. တဖွဲ့တည်းမူပိုင်အာဏာသိမ်းလိုက်တာနဲ့.. ဒီခေတ်လူငယ်လူရွယ်တွေ.. အဲဒါတွေကို..”ရှက်စရာ”လို့.. ထင်ကုန်ကြတာ..
ဘယ်ကလာလည်းမသိပဲသုံးနေကြတဲ့စကားလုံးတွေဖြစ်တဲ့.. “တိုတိုတုတ်တုတ်”..” လှေကြီးထိုးရိုးရိုး”.. “မုန်လာဥလာမလုပ်နဲ့” “စလောင်းဖုံးနှစ်ချပ်တီးရင်ကျားလာတယ်” တွေက.. အဲဒီလူကြီးရိုးရာတွေကလာတာတွေလည်း.. သိသူသိပ်မရှိကြတော့..။
အဲ..
လမ်းဘေးအမှိုက်ပစ်တာ.. ကွမ်းထွေးတာ.. လူကြားထဲဆေးလိပ်ဖွာတာတွေကိုတော့.. “ရှက်စရာ”ရယ်လို့..တယ်မမြင်..
ဆိုတော့..
ဆေတန်ဒဏ်ခတ်ခံရမှ.. လူသားတွေမျိုးဆက်ပြန့်.. လူကလူ့တာဝန်ကျေမယ်လို့လည်း.. မထင်ကြတော့…
မြန်မာအမျိုးကောင်းသားတို့၏.. ဆေတန်ငယ်ငယ်ရွယ်ရွယ်နှင့်.. ပြင်းပြင်းထန်ထန်. ငရဲတွင်းသက်ဆင်းခံရပါစေသတည်း.. :kwi:
Moe Z
April 8, 2013 at 10:52 am
ဟမ် … “စလောင်းဖုံးနှစ်ချပ်တီးရင်ကျားလာတယ်”
သဂျီး အဲဒါကလေ လူကြီးတွေပြောတာက အရင်တုန်းက မြေအိုးတွေနဲ့ချက်စားကြရလို့
ကလေးတွေက မြေအိုးအဖုံး ၂ခုကိုယူပြီး တီးကြဆော့ကြတော့ ကွဲမှာစိုးလို့
အဲလိုမဆော့အောင် ခြောက်ထားတာဆို..
ခုသဂျီးပြောတော့ တစ်ခြားအဓိပ္ပါယ်ကြီး 🙄
kai
April 8, 2013 at 1:57 pm
လက်စ်ဘီယန်တွေတူတူအိပ်ရင်.. ကြားကကျားဝင်လာမယ်ပြောတာလို့.. အမျိုးသားစာကြည့်တိုက်ကစာအုပ်တအုပ်မှာဖတ်ဖူးမိပါကြောင်း.. ရယ်..။ :kwi:
ဦးကြောင်ကြီး
April 9, 2013 at 7:08 am
လက်စ်ဘီယံတွေက အိပ်ရင်ဘယ်လို အိပ်လို့လဲဗျ… လုပ်ပါအုံး အထောက်အထား ဓာ့ပုံလေးရှိရင်… :kwi:
Mr. MarGa
April 7, 2013 at 9:19 am
ကောင်းတယ်
စေတန်ကို အဲဒီလိုနည်းနဲ့ ပို့မှ ရမှာ
စကားမစပ်
ဦးမာဃ အသက်မပြည့်သေးလို့
ဘာမှ ဖတ်မသွားဘူးနော်
မောင် ပေ
April 7, 2013 at 1:24 pm
ဟိုက်
အမေရိကန်ကိုတန် က ပိုဆိုးတယ်နော်
သူ ့စေတန် ကို တွင်းစေ့ ထည့်တာကလား
ဟီဟိ
ဦးဦးရေ
အရမ်းရယ်ရပါတယ်ခင်ဗျ
နောက်ထပ်လဲ
အဆက်မပြတ် ရေးတင်ပေးပါလို ့တောင်းဆိုလိုက်ပါရစေခင်ဗျ
ဦးကြောင်ကြီး
April 8, 2013 at 8:05 am
ဦးဒွန်ပျောက်နေတာကြာလို့ ဤဒွန္နယာဂျီးမှာ ရှိမှရှိသေးရဲ့လား ဆိတ်ပူလို့ရတာ…. ဝမ်းသာပါအိ အခုပျံလည်ဆုံတွေ့ရဒါ..
ဦးဒွန်
မူးလွန်
ထူးစွံ
ဗူးခွံ
ဒူးချွန်
ဗျူးဖွန်
ခြူးတွန်
ပူးသွန်..။
မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ
April 8, 2013 at 2:03 pm
အိုဘယ့် ..
ငမိုက်သားနဲ့ ငရဲတွင်း…
:harr:
yanaung
April 8, 2013 at 4:01 pm
ကုူးသွားပါတယ် ရှယ်ပြီနော် အစ်ကိုရေ