ဆရာမ ဝင့်ပြုံးမြင့်ဆီသို ့… မန်းဂဇက်ချစ်သူ စာပေဆု သွားပေးစဉ် / ခရီးတစ်လျှောက် ကြုံခဲ့ရသမျှ….
လွန်ခဲ့သော တပေါင်းလပြည့်နေ ့( 26 .3 .2013 ) နေ ့သည် သာမန် သမားရိုးကျ မဟုတ်သော ခရီးတိုတစ်ခုနှင့်အတူ.. အတိတ်မှာ ကျန်ရစ်ခဲ့ပါသည် ။
ခရီးစဉ်တစ်လျှောက်မှာ..မြင် / တွေ ့ / ခံစားခဲ့ ရသမျှ အတွေးစဉ်တွေကတော့… ကျွန်တော့် အာရုံထဲဝယ်…ယခုအချိန်ထိ… မရပ်မနား…ဆက်သွားနေဆဲ….။
ထိုနေ့က တပေါင်းလပြည့်နေ ့ ပီပီသသ ၊ ခြောက်သွေ ့လျက်….။ သာယာသည် ဟု… ခပ်လွယ်လွယ် ဆိုနိုင်သော နေ့တစ်နေ့ဖြစ်သည် ။
ကျွန်တော့်အတွက်တော့…. ကိုယ်စားတက် ယူပေးရသော… စာပေဆုတစ်ခုကိ်ု ကာယကံရှင် စာရေးဆရာမ ထံ သွားရောက် ပို့ဆောင်ပေးခြင်းသည်…. ပုံမှန် ဖြစ်စဉ်တစ်ခု မဟုတ်ပါ ။
လူရှေ ့သူရှေ ့ဆို..မထွက်ရဲ လှသော်လည်း…. ဂေဇက် စာပေ ချစ်သူ ဆုပေးပွဲကြီးကို…စွန့်စွန့်စားစား (ကြောက်ကြောက်လန် ့လန် ့ ဖြင့် ) တက်ရောက်ပြီး… ဆရာမ ဝင့်ပြုံးမြင့် ၏
ကိုယ်စား..ဆုတစ်ခု ယူပေးခဲ့ပြီးနောက်……. နှစ်လကျော်လောက် ကြာမှ ဆုပို့ဆောင်ရေးခရီးစဉ်ကို စတင်နိုင်ပါသည် ။
ဂဇက် စာပေဆုအဖြစ်… လှည်းဘီးတမျှ ကြီးမားလှသော….တိုင်ကပ် နာရီကြီးတစ်လုံးနှင့် အန်တီပဒုမ္မာ ၏ အပိုဆု စာအုပ် ( ခြေရာပျောက်မြစ် ) ကြီးတို ့ကို..ပိုက်ပြီး… မအူပင်မြို ့သို ့ ခရီးဆန် ့ခဲ့ပါသည်။
မရောက်ဖြစ်တာကြာပြီ ဖြစ်သော (ကျွန်တော့်မေမေ ၏ ဇာတိမြိ်ု ့ကလေးဖြစ်သော )
မအူပင်မြို ့သို့ အသွားသည် ဟိုစဉ်က လမ်းရိုးလမ်းစဉ် အတိုင်းသာ သွားမိခြင်းဖြစ်ပါသည် ။
ထို လမ်းဟောင်းသည်..ကျွန်တော့်ကို အတော်လေးကိ်ု စိတ်ပျက်စေပါသည် ။
ရန်ကုန်မှ အထွက် တိုးဂိတ်မှာပင်…ဘာကြောင့်မှန်းမသိ ကားတန်းရှည်ကြီး ဖြစ်ပြီး.အချိန်တော်တော်ကြာကြာ ပိတ်မိနေသည် ။
ညောင်တုန်း လမ်းဆုံကျော်ပြီး..ဟိုဘက်မှာတော့ ပို၍ပင် စိတ်ပျက်စရာများဖြစ်လာသည် ။
ကားကြီးက အိုမင်း စုတ်ပြတ်လှသည့်ကြားထဲ..
လမ်းကြီးကလည်း..အိုမင်း စုတ်ပြတ်လွန်းနေသည် ။
ခေတ်အဆက်ဆက် စုတ်ပြတ်မှု ကွင်းဆက် မပြတ်ခဲ့သော အစဉ်အလာ အတိုင်းပင်…. လမ်းကို ပြင်ဆင်နေကြဆဲ… ။
လမ်းပြင်နေသော… အဖွဲ့သည်…အားလုံးသိကြသော…နာမည်ကြီးကုမ္ပဏီးကြီးတစ်ခုဖြစ်ပြီး.
.နေရာတိုင်မှာ..တွေ့နေရသော လမ်းပြင်ခြင်းသည် အတော်လေး… စိတ်ကုန်ခန်းစရာကောင်းနေသည် ။
လမ်းကြိတ်စက်ကြီးနှင့်မြေသယ် ယာဉ်ကြိီးများ လမ်းပေါ် ခေါက်တုံ့ ခေါက်ပြန်… သွားနေချိန်တိုင်းမှာ… ကျွန်တော်တို ့… စီးလာသော ခရီးသည်တင် ကားများက ရပ်ထားရသည် ။
ကားကြီးရပ်ထားသော အချိန်မှာ… မြင်လိုက်ရသော..လမ်းခင်းမှုမြင်ကွင်းက… ထူးလည်းထူးဆန်း စိတ်လည်းပျက်စရာ…။
လမ်းပြင်နေသော အဖွဲ ့ထဲမှ တချို ့ဝန်ထမ်းတွေ က….. ကားလမ်းကြီး ၏ ဘေး…ရွံ ့ ခြောက်မြေသားများကို..တူးဆွသူက တူး..၊ သယ်ယူသူက သယ်…၊
ကတ္တရာလမ်းပေါ် လောင်းချသူက ချ…၊ ဖိကြိတ်သူက ကြိတ် …။
ကတ္တရာလမ်းခင်းခြင်း ကိစ္စမှာ…. ဒီ ရွံ ု့မြေသားတွေက ကြားဝင် ပါစရာလိုသလား..။
စဉ်းစားနေမိပါသည် ။
ကတ္တရာလမ်း..ခင်းသည့်အထဲ..ဖုန်တထောင်းထောင်းထစေသော မြေသားများ ၊ မိုးရေဖြင့် ပျော်ဝင်စီးကျသွားပြီး.လမ်းပျက်စေသော မြေသားများ…. ပါဝင်သင့်သလား ။
ကျွန်တော်ကတော့…ဒါဟာ..စိတ်ပျက်စရာ ကိစ္စတစ်ခုပဲ…လို ့..တွေးပါသည် ။
ဖုန့်မှုန့်တွေ တလူလူဖြင့် ကတ္တရာလမ်းဆိုတာကြီး……။
ဖုန်တထောင်းထောင်း ထနေသော ကတ္တရာလမ်းပေါ်မှာတွေးခဲ့သော အတွေးမို ့ ဖုန်တက်နေသော အတွေးဖြစ်ပါလိမ့်မည် ။
ဒါတွေတွေးနေရတာ စိတ် ဖုန်တက် သည် ။
————————————————————
လမ်းတစ်လျှောက်မှာ…. သစ်ပင်တွေ ထက် ချိတ်ဆွဲထားလျက်သား အတွေ ့ရ များလှတာကတော့ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာ နှင် ့ ပိုးသတ်ဆေးအမျိူးမျိူး ကြော်ငြာတွေ..။
နေပါဦး ….။
ပိုးသတ်ဆေးတွေကို စနစ်တကျ မသုံးစွဲ ရင်
( လိုတာထက် ပို သုံးစွဲမ်ိရင်.. ) ဘယ်လောက် သုံးရမယ်..ဘယ်လို စနစ်တကျ သုံးရမယ်ဆိုတာတွေ မသိရင်..
စိုက်ပျိုးသူရော စားသုံးသူတွေပါ… ဘယ်လောက် အန္တရယ် များသလဲ..ဆိုူတာ သိဖို ့….. ကြော်ငြာ….ရှိသလား ။
ဟင့်အင်း ။
လမ်းညွှန်ချက် တစ်ခုခု … ။
ဟင့်အင်း ။
အဲ..စာကြည့်တို်ကတို ့ဘာတို့မှာတော့…. စာအုပ်တွေ ကနေ သိနိုင်မယ်..။
ဒါပေမယ့်….. ဒါလည်း..သေချာတွေးကြည့်တော့ ဟင့်အင်းပါပဲ ။
(ရန်ကုန်လို မြို ့ကြီးမှာတောင်. စာကြည့်တိုင် ဆိုင်းဘုတ်ပဲရှိပြီး..စာအုပ် မရှိတဲ ့ စာကြည့်တိုက်တွေ တပုံကြီး )
လမ်းဘေး ဝဲယာကို လျှောက်ကြည့်နေရတာ…. စိတ်မသက်သာတော့ပါ ။
အန်တီပဒုမ္မာ ၏ အပိုဆု ကိုသာ.. ထုတ် ဖတ်နေလိုက်ပါတော့သည် ။
( ခြေရာပျောက်မြစ်ကို ဆရာမ ဝင့်ပြုံးမြင့်ဆီ မသွားနိုင်သေးသော နေ့ရက်များမှာ..ပြီးစီးအောင် ဖတ်လိုက်မိပါသည် ။)
ခြေရာပျောက်မြစ် စာအုပ်ထဲမှာလည်း….. အပြင်ဘက်မြင်ကွင်းတွေလို.. စိတ်မသက်သာစရာအဖြစ်တွေ ပါနေပါသည် ။
အေးလေ….။
ဒီခြေရာပျောက်မြစ်ဆိုတာကလည်း… ကိုယ်တိုင်ရေး မြန်မ့ာသမိုင်းတစ်စိတ်တပိုင်းပဲလေ ။
မြန်မာ့မြေရဲ ့အတိတ်ကရော…. ဘယ်လောက်များ.နေပျော်စရာ သာယာချိန် ရှိခဲ့လို့လဲ ။
အာဏာလုပွဲတွေသာ ချိမ့်ချိမ့်သဲ ခဲ့တာပဲ ။
သွေးတွေ သာ စွန်းခဲ့လွန်းတဲ ့မြေပဲ ။
————————————————————-
ရန်ကုန်မှ မနက် ကိုးနာရီ ထွက်လာသော ကားကြီးသည်… မအူပင်မြိ်ု ့သို ့…. နေ့လည် 12 း00 ထိုးလုလုမှ ရောက်ပါတော့သည် ။
ကားပေါ်မှာ…ကျဉ်းကျပ်လွန်းစွာထိ်ုင်လိုက်ခဲ့ရ၍ ညောင်းချိနေသော အကြောများကို ဆန့်ရင်း….. ၊
မျက်နှာကနေ ခြေထောက်အထိ…ထုထည်နှင့် တက်နေသော ဖုန်မှုန့်များကို… ခါချရင်း…မအူပင်မြိ်ု့ကို အကဲခတ်လိုက်တော့………….
မအူပင်မြို့သည်လည်း….. ဖုန်းနှင့် ဟန်းဆက် ရောဂါ… ကူးစက်ခံနေရပြီ ။
လူတစ်ယောက် ၏ ဘဝတွင်… ဖုန်းနံပါတ်ကလေးတစ်ခုနှင့် ဟန်းဆက်ကောင်းကောင်းလေးတစ်ခု ပိုင်ဆိုင်ခွင့်ရဖို့အရေးသည်.. ဘယ်လောက် အရေးပါနေသလဲ ။
အဲင်္ဒီ နိုင်ငံသားတစ်ယောက် ရဲ ့ဘဝ မှာ..အဲဒါလေးက မျှော်လင့်ချက်ကြီးတစ်ခု…၊
ခပ်ဝေးဝေးက အိပ်မက်ကြီးကြီးတစ်ခုတော့ မဖြစ်သင့်ဘူးထင်ပါသည် ။
တခြားနိုင်ငံတွေမှာ.. ဖုန်းနံပါတ်တစ်ခုကို..ဟန်းဆက် ကလေး အသင့်အတင့်ဖြင့် ပိုင်ဆိုင်နိုင်ရေးသည်…ထည့်တွေးစရာပင် မလိုသော… အမှန်အမွှားကိစ္စကလေးများထဲမှ တစ်ခုသာ။
ဒီမှာတော့… ဖုန်းနံပါတ်ကလေးတစ်ခုနှင့် ဟန်းဆက် အသင့်အတင့်လေးတစ်လုံးပိုင်ဆိုင်ရေးသည်..ခက်ခဲလွန်းစွာ မျှော်လင့်ရသော.မျှော်လင့်ချက်ကြီးတစ်ခု …၊
ထို့အပြင် အခြေခံ ဆင်းရဲသားလူတန်းစားများ ၏ ဘဝ အစိတ်အပ်ိုင်းခပ်ကြီးကြီးတစ်ခု…။
အိပ်မက်ကြီးကြီးနှင့် မျှော်လင့်ချက်ကြီးကြီးတစ်ခု….။
နောက်တစ်နည်း ပြောရလျှင်..အခြေခံလူ ့အခွင့်အရေး ဆုံးရှုံးမှု နှင့် ရပိ်ုင်ခွင့်ကလေးအား..အာသာငမ်းငမ်းလိုချင်တပ်မက်မှု ….။
———————————————————-
ဆရာမ ဝင့်ပြုံးမြင့် ၏ အိမ်သို ့ရောက်သောအခါ…ဟိုအရင်က တစ်ကြိ်မ်တစ်ခါမျှ မတွေ ့ဖူးသော ( ဓါတ်ပုံသာ မြင်ဖူးကြသော )
လူစိမ်းတစ်ယောက်နှင့် နွေးထွေးသော မိသားစုတစ်ခုတို ့…. အထစ်အငေါ့မရှိ တွေ့ ့ဆုံဖြစ်ကြသည် ။
ဆရာမ ဝင့်ပြုံးမြင့်နှင့်..သူ ၏ အမျိုးသား…၊
သူ ၏ သမီးကလေးတစ်ယောက်နှင့်..လေးလသားအရွယ်..သားငယ်လေးတစ်ယောက်တို ့အား….
ချစ်ခင်စည်းလုံးစွာ မြင်တွေ ့ရပါသည် ။
အလင်းဆက် ဆိုသော ချာတိတ်ကလေးတစ်ယောက်ကို..ဆရာမဝင့်ပြုံးမြင့်က နွေးထွေးစွာ ကြိုဆိ်ုသောအခါ..ကျွှန်တော်…
ကြည့်နူးကျေနပ်မိပါသည် ။
ကျွန်တော်..ယူလာပေးသော… ဂဇက် စာပေချစ်သူဆု တိုင်ကပ်နာရီကြီးကို တိုင်မှ ကပ်ချိတ်ဆွဲပြီးသောအခါ…. နာရီကြီးကို မေ့ာကြည့်နေသော
ဆရာမဝင့်ပြုံးမြင့်..ပျော်ရွှ့င်ကျေနပ်နေတာသေချာပါသည် ။
အန်တီပဒုမ္မာ ၏ အပိုဆု ( ခြေရာပျောက်မြစ် ) စာအုပ်ကိုလည်း.. တသသကိုင်ရင်း.ကြည်နူးကျေနပ်နေသော.. ဆရာမ ဝင့်ပြုံးမြင့် ….။
စာပေသမားမို့ ့.စာအုပ်များကို……ချစ်မှာတော့ မသေချာပဲနေမလား.. ။
ဆရာမဝင့်ပြုံးမြင့် တည်ခင်းဧည့်ခံကျွေးမွေးသော.. နေ့လည်စာကို စားအပြီးမှာ…
သူတို့မိသားစုနှင့် စကားစမြည် ပြောအပြီးမှာ….
ကျွန်တော်.. ပြန်ရပါတော့မည် ။
ကျွန်တော့်မေမေ ၏ ရွာကလေးဆီ လူကြုံ ပါးစရာ များ ပါးပြီးသောအခါ…..ရန်ကုန်မြို့ဆီ..ပြန်ရပါတော့မည် ။
——————————————————–
ဆရာမ ဝင့်ပြုံးမြင့်တို ့ အကြံပေးပြောပြချက်အရ ရန်ကုန်ကို နောက်တစ်လမ်းမှ ပြန်လိုက်နိုင်ပါသည် ။
မအူပင်မှ တွံတေးသို ့ဆိုသော လမ်းကြောင်းအတိုင်း… ပြန်ရသဖြင့်… လမ်းဟောင်းထက် အချိန် ထက်ဝက်သက်သာပါသည် ။
ကားင်္ကြီး နှင့်မဟုတ်ပဲ… ကားအသေးကလေးဖြင့် ….ပြန်ရသဖြင့် သက်တောင့်သက်သာလည်း ရှိသည့်အပြင်. အချိန်ကုန်လည်း..သက်သာသောကြောင့်…
လမ်းဟောင်းထက် ခေါက်ချိုးမက များနေသော..ကာားခကိုတော့… နှမြောမနေတော့ပါ ။
လမ်းသစ်တစ်ခု ထွင်ပေးသူတိ်ု့ကိုလည်း.ကျေးဇူးတင်မိဖို ့.. သတိတရ ရှိစေပါသည် ။
သတိမရပဲ..မနေနိုင်လောက်အောင်လည်း…. အကြောင်းက ဖန်နေသည် ။
မအူပင်မှ ရန်ကုန်သို ့ ဆိုေသော လမ်းကြောင်း တလျှောက်မှာ… ကြော်ငြာအားကောင်းကောင်းနှင့် ကြော်ငြာထားသော
( ဤလမ်းကို ဤကုမ္ပဏီကြီးနှင့် ထို ကုမ္ပဏီးကြီးတို့ မှ ပူးပေါင်း ၍ ခင်းပေးထားပါသည်..)
ကြော်ငြာဆိုင်းဘုတ်လို့ ခေါ်မလား… အသိပေးဆိုင်းဘုတ်လို့ခေါ်မလား…..အဲဒီ စာသားများနေရာ တော်တော်များများမှ တွေ ့နေရသည်ပဲ..လေ ။
အဲဒီ လမ်းခင်းသော ကုမ္ပဏီများကို ကြော်ငြာထားသော စာသားများ..မှာ…. လမ်းအသုံးပြုခ / တံတားအသုံးပြုခ…ဘာခ…ညာခ ကောက်ခံရေးစခန်းများလိုပင်…. များပြားလှလေသည် ။
ထို ့ကြောင့်….. ဤလမ်းကြီးအား..ခင်းကျင်းပေးထားသော ထိုကုမ္ပဏီးကြီးနှင့် ထိုအဖွဲ ့ဆို့အား…… အထူးတကာ့အထူးပင်ကျေးဇူးတင်ရှိပါကြောင်း… သတိတရ ရှိရပါတော့သည် ။
မအူပင်မှ တွံတေးသို ့ လမ်းမကြီးမှ ( တွံတေးမရောက်ခင်..) ခွဲထွက်ပြီး….. ရန်ကုန်မြို ့ ၊ လှိုင်သာယာမြို့နယ် ၊ ဘီအိုစီ မှတ်တိုင်မှာ..ကားကလေးက ရပ်ပါသည် ။
အဆင်ပြေသလိုလို မပြေသလိုလို ခရီးစဉ် ၏ အဆုံးသတ်ချိန်… ကားပေါ်မှ အဆင်းမှာပင်….လူတစ်ယောက်က လက်တို ့ပြီး.. လာမေးသည် ။
“ အစ်ကို မအူပင်သွားမလား..။ ကားရှိတယ်…” .
ဆိုပြီး…မအူပင်သို ့..သွားရန် ကားလတ်မှတ်များရောင်နေသော လူတစ်ယောက်က လာပြောနေတော့သည် ။
( ဟိုမှာ ဒီမှာလည်း..ဆူဆူညံညံ..လတ်မှတ်များအပြိုင်အဆိုင်ရောာင်းနေကြတာတွေ ့ရပါသည် ။)
(အော်……ဒီလူတွေ../ တော်တော် တုံးလိုက်တာ..။
အခုပဲ..မအူပင်က လာတဲ ့ကားပေါ်က ဆင်းလာတာ…မတွေ့ဘူးလားမသိဘူး ။
မအူပင် သွားးမလား.လာခေါ်နေသေးတယ် …….။လူကဲခတ်တွေ.. ညံ့လိုက်တာ ။
ဒီလို လူကဲခတ် ညံ့ပုံမျိုးတွေနဲ့ဆို…. လုပ်သမျှ ခံနေရဦးမှာပဲ….. )
——————————-
အတွေးတွေနဲ ့အတူ….. ခေါင်းကို သာ… ခါနေလိုက်ပါတော့သည် ။
——————–
လေးစားစွာဖြင့်
အလင်းဆက်
alinsett.art@gmail.com
(လပြည့်နေ ့အမှတ်တရ ရေးသားခဲ့သောစာ )
31 comments
ကီလိုဇူးလူးဝီစကီ
April 5, 2013 at 7:51 pm
ဆရာမပျော်နေတာလေး ဖတ်ပြီး စိတ်ချမ်းသာတယ်။
but
အလက်ဆင်း ရဲ့ မြင်တာတွေ တွေးမိတာတွေ ဖတ်ပြီးတော့ ခေါင်းကိုပဲ ရမ်းသွားမိပါတယ်။
ဟိုဘက်မှာ အံစာက ခေါင်းညိမ့်ခိုင်းတယ်။ ဒီဘက်မှာ အလက်ဆင်းက ခေါင်းခါစေတယ်။
ဂနေ့ ခေါင်းလေ့ကျင့်ခန်းလုပ်ဖြစ်သွားတယ်။
ဝင့်ပြုံးမြင့်
April 5, 2013 at 11:04 pm
ကြည့်စမ်းပါဦးနော်။ ခရီးတစ်ခုကို သူသိုင်းသိုင်းဝိုင်းဝိုင်း ရေးပြသွားလိုက်တာ။ မတ်လ ၂၆ ရက်နေ့၊ ပြုံးဆီလာတုန်းကတော့ သူ စကား ၃ခွန်းပဲပြောတယ်။ ၁)ကျွန်တော် ထမင်းကုန်အောင် မစားနိုင်ဘူး။ ၂) ပန်းသီးတွေ အများကြီးဝယ်လာတယ်။ ၃) ပြန်တော့မယ်။
——
ဂဇက်ဆု နာရီကြီးက ခန့်လိုက်တာနော်၊ မန်းဂဇက်ရွာကြီး တစ်ရွာလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ပြုံးကတော့ အဲဒီနာရီကြီးကို တစ်သက်လုံးသိမ်းထားမှာ။ အန်တီပဒုမ္မာ ရဲ့ စာအုပ်လက်ဆောင်အတွက်လည်း ကျေးဇူးသိပ်တင်ပါတယ်။ ဖတ်တော့ မဖတ်အားသေးပါဘူး။ ခလေးကိစ္စ နဲ့ မအားရအောင်ဖြစ်နေလို့ပါ။ တစ်ကိုယ်တည်းနေတတ်တဲ့ ပြုံးတော့ အလင်းဆက်ကောင်းမှုနဲ့ မန်းဂဇက်ကို တကယ်အစွဲကြီးစွဲနေမိပြီဆိုတာ ဝန်ခံပါတယ်။ 🙂
ရွှေ ကြည်
April 7, 2013 at 6:44 pm
ဆရာမပြုံးရေ နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားရတယ်ဆိုတာကြားရလို့ ဝမ်းသာကျေနပ်မိပါရဲ့
kai
April 6, 2013 at 3:09 am
ခရီးဝေးကို..ကိုယ်တိုင်ကိုယ်ကျသွား.. တဆင့်လက်ဆောင်ဆု. လက်ကမ်းသွားပေးပေးတဲ့.. ..လူမှုရေးစိတ်ဓါတ်ကို အံ့ဩမိတယ်..
ရွာကိုယ်စား.. ကျေးဇူးတင်ကြောင်းလေး ပြောချင်ပါတယ်….
ဆိုတော့…
ပန်းသီးဝယ်သွားပြီး.. ထမင်းစားပြန်လာတယ်ပေါ့…။
ဘာဟင်းနဲ့စား..အဲ..ကျွေးလဲ..
မုန့်ဟင်းခါးမစားခဲ့ဖူးလား.. :harr:
kyeemite
April 6, 2013 at 9:28 am
အလင်းဆက်ရေ…မအူပင်ထိအောင်
တကူးတကသွားပြီး ဆုတွေကိုဆရာမဝင့်ပြုံးမြင့်လက်ထဲအရောက်
ပို့ဆောင်ပေးခဲ့တဲ့စေတနာကို လေးစားပါတယ်
ကျေးဇူးလည်းအထူးတင်ပါကြောင်း ဖတ်ရွေးအဖွဲ့ကိုယ်စားပြောပါရစေ.. :528:
MaMa
April 6, 2013 at 11:02 am
အလင်းဆက်ရဲ့ ခရီးလမ်းကြောင်း အကြောင်းဖတ်ပြီး စိတ်ဖုန်တက်သွားတယ်။
ဆရာမပြုံးနဲ့တွေ့တဲ့အကြောင်းနဲ့ ဆရာမပြုံးရဲ့ ကွန်မန့်ကိုဖတ်ပြီး စိတ်ဖုန်တွေလွင့်သွားတယ်။
:hee:
ဗုံ ဗုံ
April 6, 2013 at 11:18 am
ထိုသို့ကောင်းမှု အစုစုကြောင့် ဦးလေးဆက်ကြီး အမြန်စွံပါစေသတည်းးးး :harr:
ကိုမိုက်ကယ်ဂျော်နီအောင်ပု
April 6, 2013 at 12:17 pm
သူ့နှယ် ခေတ်မမှီရန်ကော အများတစ်ကာတွေဒီလောက်တောလားနေကြတာ
ကိုယ်လည်းအားကျမခံ
မအူမလည်ဖြစ်ခဲ့ရသော မအူပင်ဆရာမဆီသွားတောလား
ဆိုပြီးနာမည်ပေးလိုက်ပြီးရော
အလင်းဆက်
April 6, 2013 at 12:47 pm
ဝီစကီ
မမပြူံး
သဂျီး
ဦးကြီး မိုက်
အန်တီမမ
ဗုံဗုံ
အူး အုပေါင်
ကွန်မန့်လေးတွေ အတွက် ကျေးဇူးနော်
အလုပ်တွေ ရှူပ် အရှုပ်တွေ လုပ်နေတုန်းမို့
နောက်မှအေးအေးဆေးဆေး ပြန်လာမယ်
Mr. MarGa
April 6, 2013 at 1:10 pm
အဲဒီ နာရီအကြောင်းပြောတော့ သတိရတာလေး ပြန်ပြောပြမယ်။
အဲဒီနေ့ကပေါ့ကွယ်
အလက်ဆင်း ပြောသလို
ကို အခုထိ မျက်လုံးထဲက မထွက်ဘူး သိလား
စာအကြောင်းပြောရရင်
ဆရာမက ပြောတော့လဲ သုံးခွန်းသောစကားသာ ဆိုသွားသတဲ့
အခု ရေးတော့ ချောလို့
အို…………..အသင်ကား
အပြောထက် အလုပ်သမားပါကလား…………………………….
ဦးဦးပါလေရာ
April 7, 2013 at 1:54 am
အလင်းဆက်ဆီမှာတွေ့မိတာ
စာပေစိတ်
အနုပညာစိတ်
အဖွဲ့အစည်းစိတ်ဓါတ် … တွေ။
လေးစားချီးကျူးပါတယ်ကွယ်..။
အလင်းဆက်
April 7, 2013 at 7:38 am
အူးမာဂ
အဲဒါ ဘယ်သူလဲဗျ
:kwi:
Mr. MarGa
April 7, 2013 at 8:54 am
သိချင်တယ်ပေါ့လေ
အခုထိတော့ ဒီပို့စ်ကို မမြင်သေးဘူးထင်တယ် အဟိ
အလင်းဆက်
April 7, 2013 at 7:43 am
ဦး ပါ ချီးကျူးစကားလေးကြောင့် ပီတိဖြစ်မိပတယ်
ကျေးဇူးပါဗျ
ကြိုးစားဆဲ
🙂
Foreign Resident
April 7, 2013 at 10:18 am
” မြန်မာ့မြေရဲ့ အတိတ်ကရော…. ဘယ်လောက်များ နေပျော်စရာ သာယာချိန် ရှိခဲ့လို့လဲ ။
အာဏာလုပွဲတွေသာ ချိမ့်ချိမ့်သဲ ခဲ့တာပဲ ။ သွေးတွေသာ စွန်းခဲ့လွန်းတဲ ့မြေပဲ ”
အဲလိုချည်းပဲတော့ ၊ အမြဲ မဟုတ်ခဲ့ပါဘူး ၊ အလင်းဆက် ရယ် ။
အဘ အမေ ၊ ဆရာဝန် ဘဝ နှင့် မအူပင် မှာ အလုပ်လုပ်ခဲ့ဘူးတယ် ။
( အဲဒီ အချိန်က ) မအူပင်သူားတွေက စေတနာ ကောင်းကြတယ် ၊ သိလား ။
( သူတို့ မြို့မှာ တာဝန်လာထမ်းပေးတဲ့ ဆရာဝန်မ ဆိုတဲ့ စိတ် တစ်ခုတည်း နှင့် )
ဘာမှလဲ မတော်စပ် ၊ ဘာ အခွင့်အရေးမှလည်းမယူပဲ ။
အဘ အမေ ကို ၊ အပျိုကြီး ညီအစ်မ အိမ်တစ်အိမ်က ၊
နှစ်ပေါက်အောင် ၊ သူတို့အိမ်မှာ အတူတကွ နေခွင့်ပေးယုံတင်မကဘူး ၊
အစားအသောက် ပါ တာဝန်ယူခဲ့ကြတယ် ။
( ဒါမျိုးတွေ တစ်ချိန်က အမှန်တကယ်ကို ရှိခဲ့ဘူးပါတယ်ကွယ် )
အဘ အမေ ၊ ရန်ကုန် ကိုပြန်လည်တဲ့ အချိန်တွေမှာလဲ ၊
လက်ဆောင်တွေ ပါထည့်ပေးလိုက်သေးတယ် ။
အဲဒီအချိန်က ၊ အဘ တို့ ရန်ကုန် အိမ်မှာ ၊
ပုဇွန်ထုတ်ကြီးတွေ ၊ ပုဇွန်ဆီတွေ ၊ ငါးသလောက်တွေ ၊
ဆိုတာ အောတိုက် ကို စားခွင့် ရခဲ့ပါတယ် ။
ဒီ ကွန်မန့်လေးနှင့် ၊ စေတနာကောင်းတဲ့ ၊
မအူပင်သူားတွေ ကို ဂုဏ်ပြုလိုက်ပါတယ်ကွယ် ။
ဝင့်ပြုံးမြင့်
April 8, 2013 at 10:57 pm
ပြုံးကတော့ မအူပင်သူ မဟုတ်ပါ။ သဘောကောင်းတဲ့ မအူပင်သားကို အမိဖမ်းထားခြင်းသာ ဖြစ်ပါတယ်။ တန်ရုံယောက်ျား ပြုံးဒဏ်ကို မခံနိုင်ဘူး။ ပြုံးဒဏ်ကို ခံနိုင်တဲ့လူ သူတစ်ယောက်ပဲရှိလို့ပါ၊ အဟီး …
အလင်းဆက်
April 7, 2013 at 12:07 pm
ဟုတ်ကဲ့ အဘ
ကျွန်တော် အခုတလော ဖတ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရေး ဆိုင်ရာ
စာအုပ်တွေ မှာ အဆိုးတွေကိုသာ အတွေ ့ရများသွားတာနဲ့
ကျွန်တော်ကိုယ်တိုင်ကလည်း မြန်မာ့ သမိုင်းနဲ့ ခေတ်အဆက်ဆက် မြန်မာ့ အခြေအနေတွေကို အကောင်း ရှာပြီး သိပ်မတွေးတတ်သေးတော့
စာရေးရာမှာပါ အဆိုးမြင် အတွေးတွေ ပါသွားပါလေရော
တကယ်တော့
အဆိုးနဲ့ အကောင်း ဒွန်တွဲ မှာပါပဲ
အဘ
သားလည်း မအူပင် သူ ရဲ့ သား ဆိုတော့
အဘ ကွန်မန် ့ လေး အတွက်
ကျေးဇူးပါဗျ
လေးစား ခင် မင် စွာ
အလက်ဆင်း
အလင်းဆက်
April 7, 2013 at 12:32 pm
အူးမာဂ
ပ ဟေဠိ လုပ်တာလေး ရပ် ပါ တော့နော့
ပြော အဲဒါ ဘူလဲ
ဘယ်မှာ တွေ ့ခဲ့တာလဲ
🙂
surmi
April 7, 2013 at 2:18 pm
ဟိုနေ ့ကဖတ်ခဲ ့ပြီးပေမဲ့ မမန် ့ဖြစ်ဘူးဟ
အကြောင်းအရာလေးကို အတွေးအမြင်ပေါင်းထည် ့ပြီး မထိတထိရေးသွားတာလေးကိုကြိုက်တယ်
သာမန် ခရီးသွားဆောင်းပါးအနေနဲ ့သာမက ပြုပြင်စိတ်နဲ့ထောက်ပြထားတာလေးတွေတွေ့ရတယ်
အားလုံးခြုံပြောရရင် တော်တော်ကြိုက်မိတဲ ့ပို ့စ်တစ်ပုဒ်ပါ ။
ဖတ်ရွေးအဖွဲ ့မှလူကြီးမင်းများအနေနဲ ့ ရွေးတာမရွေးတာနောက်ထားလို ့
ဆန်ကာတင် ပို ့စ်လေးများအဖြစ် ရွေးခဲ ့မည်ဆိုပါက ……………
အလင်းဆက်
April 7, 2013 at 5:25 pm
လေးလေး ဆာမိက တော့ အစိုတင် သွင်း သွား ပါပြီခညာ
လေးလေး ဆာမိရေ ကျေးဇူးပါဗျ
လေးလေး ဆာမိ ပြောသလို ဘာဘဲ
အဟိ
:kwi:
ကိုရင်စည်သူ
April 7, 2013 at 5:57 pm
စကားနည်းပြီး အလုပ်နဲ့ သက်သေပြတဲ့လူထဲမှာ
အလင်းဆက်ပါသွားပြီပေါ့.. ချီးကျူးပါတယ်..။
ယောက်ျားဆိုတာ ကိုယ်မလုပ်ပေးနိုင်တဲ့
ကိတ်စတွေကို စကားရောဖောရောမပြောရဘူးတဲ့…။ :kwi:
ရွှေ ကြည်
April 7, 2013 at 6:42 pm
အလက်ဆင်းရေ ဖတ်နေရင်းကနေကို လေးစားမိပါရဲ့ငါ့မောင်..။
ခရီးတခုသွားတာ အရာရာအမှုအမှတ်မဲ့မနေပဲ တွေးတော ဆင်ခြင်နိုင်တဲ့အလက်ဆင်းတယောက်တရားထိုင်ရင်တရားမြန်မြန်ပေါက်မှာပဲ :harr:
ငါ့မောင် စိတ်ကိုဖုန်တက်စေတဲ့အတွေးတွေပေးတဲ့မြင်ကွင်းတွေကို
မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာတွေ့နေရဆဲပါပဲကွယ်။
ဦးကြောင်ကြီး
April 8, 2013 at 8:30 am
အလက်ဆင်း
မနက်ခင်း
အရက်ဗျင်း
ဖလက်ဒင်း
ဘယက်ဝင်း
ပါးဟပ်ထွင်း
လဖက်သင်း
ငါးဘတ်ဟင်း..။
အလင်းဆက်
April 8, 2013 at 9:25 am
ကိုရင် စည်သူ
မမ ရွှေ
အူူးကြောင်
ဖတ် ရှု ခံစား အားပေးမှု တွေကို
ကျေးဇူးတင် လျက်
ခင် မင် လေးစားစွာ
nozomi
April 8, 2013 at 10:42 am
မအူပင်မှာ မိဘတွေ တာဝန်ကျလို့
ကာလတိုလေး တစ်ခုနေဘူးတယ်
အပတ်စဉ် သွားလည်ခဲ့ဘူးတယ်
၂၀၀ဝ ပတ်ဝန်းကျင်လောက်က ကတ္တရာလမ်းကောင်းလေးနဲ့ ကြုံခဲ့ဘူးပေမဲ့
အဲဒီနောက်ပိုင်းကတဲ က ပျက်နေတဲ့လမ်း ပြင်လို့ မပီးနိုင်တဲ့ လမ်းက အခုထိပါပဲ
မနှစ်က မအူပင်သွားတဲ့ လမ်းက ရွာလေးတစ်ရွာမှာ စာကြည့်တိုက်အတွက် စာအုပ်တွေ ဝင်လှူ
အဲဒီရွာမှာ မနက်စာ စားပြီး မအူပင်က အသိတွေဆီ ဆက်သွားတော့
တော်တော်ကို ဆိုးတဲ့ လမ်းမှာ တော်တော်လေးကို စိတ်ပျက်စွာနဲ့
စိတ်ကိုအရှည်ဆုံးထား သွားခဲ့ရတယ်
အဲ တံတားလဲ ရောက်ရော ပေါက်ကွဲတော့တာပဲ
စည်ပင်က ဝန်ထမ်းတွေက ၃၀ဝ ကောက်တယ် ဘာကြေးလဲ ဆိုတော့ တံတားကြေးနဲ့ လမ်းကြေးတဲ့
တံတားကထားတော့ ဖြတ်သန်းခက ပေးရမှာပဲ လမ်းကြေးဆိုတာက ဘယ်လမ်းကြေးလဲ
ဒီလောက် မကောင်းတဲ့လမ်း ၊ ပြင်နေတာ နှစ်ပေါင်းများစွာ ကြာလာတာတောင် မကောင်းတဲ့ လမ်းအတွက် ကောက်တော့ ပေါက်ကွဲ မိတော့တာပေါ့
အခုထိလဲ မကောင်းသေးဘူးဆိုတော့ အင်းးးးးးးးးးးးးး
မအူပင် နဲ့ ပတ်သက်လို့ သတိတရ ရှိနေတာက သူကြီးပြောတဲ့ မုန့်ဟင်းခါးရယ်
ကဝက္ကင်းငါးသလောက်ရယ် အရသာကတော့ ကောင်းမှ ကောင်းပဲ
ရေးပြတဲ့ ကိုအလင်းဆက်ကို ကျေးဇူးတင်ပါတယ်
မအူပင်ကို ရောက်ရင်တော့ ဆရာမ နဲ့လဲ တွေ့ခွင့် ရချင်ပါသေးတယ်
အလင်းဆက်
April 8, 2013 at 12:55 pm
nozomi ရေ
ဖတ် ရှု ခံစားပေးလို့ ကျေးဇူးပါနော်
ပြောသလိုပါပဲ
မအူပင်မြို ့ ဟာ ရန်ကုန် နဲ ့ သိပ်အ ဝေးကြီး မဟုတ်ပဲ
သွားလာရတဲ ့ခရီး က စိတ်ကုန်စရာ ကောင်းနေတာက လွဲရင်
နေလို့ကောင်းတဲမြို ့လေးပါ
လမ်းကောင်းကောင်း
ရေသန့်သန့်
လျှပ်စစ်မီး အလုံ အ လောက်သာ ရ နေ ရင်
တော်တော် နေ ပျော်မယ့် မြို ့က လေးပေါ့
ဒီ ပို့စ်ကိုလည်း
ဒေသကို ချစ်ခင် စိတ်တစ်ဝက်
ဖြစ်သင့်တာလေးတွေ ဖြစ်လာ စေချင် စိတ် တစ်ဝက်နဲ့
ရေးဖြစ်သွားပါတယ်
ခင်င်မ လေးစားစွာ
Ma Ei
April 8, 2013 at 3:27 pm
စာဖတ်ရင်း… အေးလေ…ဟုတ်သားနော်…ဆိုမိတဲ့ထိ
Comment တွေဆက်ဖတ်တော့လဲ …ပြောသလိုပါပဲ
မအူပင်မြို ့ ဟာ ရန်ကုန် နဲ ့ သိပ်အ ဝေးကြီး မဟုတ်ပဲ
သွားလာရတဲ ့ခရီး က စိတ်ကုန်စရာ ကောင်းနေတာက လွဲရင်
နေလို့ကောင်းတဲမြို ့လေးပါ
လမ်းကောင်းကောင်း
ရေသန့်သန့်
လျှပ်စစ်မီး အလုံ အ လောက်သာ ရ နေ ရင်
တော်တော် နေ ပျော်မယ့် မြို ့က လေးပေါ့ ဆိုတော့ ပြုံးမိရပြန်ရောလေ…
Ma Ei
April 8, 2013 at 3:50 pm
စာဖတ်ရင်း… အေးလေ…ဟုတ်သားနော်…ဆိုမိတဲ့ထိ
Comment တွေဆက်ဖတ်တော့လဲ ..
ပြောသလိုပါပဲ
မအူပင်မြို ့ ဟာ ရန်ကုန် နဲ ့ သိပ်အ ဝေးကြီး မဟုတ်ပဲ
သွားလာရတဲ ့ခရီး က စိတ်ကုန်စရာ ကောင်းနေတာက လွဲရင်
နေလို့ကောင်းတဲမြို ့လေးပါလမ်းကောင်းကောင်းရေသန့်သန့်
လျှပ်စစ်မီး အလုံ အ လောက်သာ ရ နေ ရင်
တော်တော် နေ ပျော်မယ့် မြို ့က လေးပေါ့ ဆိုတော့ ပြုံးမိရပြန်ရောလေ…
Wow
April 8, 2013 at 4:56 pm
လူကဲခတ်တွေ.. ညံ့လိုက်တာ ။
ဒီလို လူကဲခတ် ညံ့ပုံမျိုးတွေနဲ့ဆို…. လုပ်သမျှ ခံနေရဦးမှာပဲ….. )
——————————-
အတွေးတွေနဲ ့အတူ….. ခေါင်းကို သာ… ခါနေလိုက်ပါတော့သည် ။
:byae:
အလင်းဆက်
April 8, 2013 at 6:09 pm
အန်တီ မအိ ရေ
ဖတ် ရှု ခံစားပေးလို့ ကျေးဇူးပါ
အလင်းဆက်
April 8, 2013 at 6:19 pm
ခေါင်း ခါ လေ့ကျင့်ခန်း လုပ်သွားတဲ့
wow
ကျေးကျေးဗျ
🙂