ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၇)
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း ( ၆ )
မီးးပြတိုက်
“သိပ္ပံ သတင်းထဲမှာ ပါတယ်၊
ပင်လယ်တွေမြင့် တက် လာနေပြီ တဲ ့။”
“ဘာဖြစ်လဲ ၊ ငါတို ့လည်း မီးပြတိုက်တွေ ကိုမြှင့် တင် လိုက် ကြတာပေါ့”
တာရာမင်းဝေ
————————–
မီးပြတိုက် ဝတ္ထုတိုလေး ( တကယ့် ဝတ္ထုတိုလေး က..) ဒဿန ဆန်လှပါတယ် ။
သေချာ တွေးလေလေ… ပိုပြီး..သဘောကျလာလေလေ..ဖြစ်ရပါတယ် ။
ကျွန်တော့် အသည်းကို… ကိုင် လှုပ်လိုက်နိုင်တဲ ့အချက်ကတော့…..
ကျစ်လစ်တဲ ့စကားလုံးလေးတွေနဲ ့ တိုတို ထိထိမိမိ…. ရေးသားထားခြင်းပါ ။
———————–
ကျွန်တော် စာတွေပေတွေ ရေးချင်လာတဲ ့ အချိန်က စပြီး… ဆန္ဒ တစ်ခု ဖြစ်ခဲ့ဖူးပါတယ် ။
အဲဒီဆန္ဒဟာ..အခုချိန်ထိလည်း.ပြင်းပြင်းပြပြ ဖြစ်နေဆဲပါပဲ ။
အဲဒါကတော့……. စကားလုံး အနည်းဆုံးနဲ ့ ဝတ္ထုတွေ ရေးနိုင်ဖို့ပါ ။
စကားလုံးအနည်းဆုံးဆိုမှ…. တကယ့်ကို အနည်းဆုံးနဲ ့ပါ ။
ကုန်ကုန်ပြောရရင်….. စကားလုံး တစ်လုံးမှ မသုံးပဲနဲ ့တောင်.. ဝတ္ထု တစ်ပုဒ် ရေးပစ်လိုက်ချင်ပါတယ် ။
( စာပေ အနုပညာ ဖော်ဆောင်ပြသ ဖို ့ မရှိမဖြစ်. လိုအပ် တယ်.လို ့ ဆိုရမယ့်.. ဘာသာစကား က်ို ကျွန်တော်တို ့.သိပ်အယုံအကြည်မရှိတော့ပါဘူး ။
ဘာလို့လဲ…ဆိုတော့….. ဘာသာစကား / တွန့်တွန့်ကောက်ကောက် အက္ခရာတွေဟာ… ကျွန်တော်တို ့ရင်ထဲက တကယ်ဖြစ်ပေါ်နေတဲ ့ခံစားချက်တွေကို….
အနုပညာ အဖြစ်..ဖော်ဆောင်ပြသ ဖို ့ရာ…. ပီပြင်အောင်…/ တိတိကျကျ မဖော်ပြနိုင်ဘူး.လို ့… ယူဆပါတယ် ။ )
ပိုစ့်မော်ဒန်သမားတချို့လည်း..အဲဒီလိုပဲ..ယူဆပြီး..ဘာသာစကားမပါပဲ..ဝတ္ထုအနုပညာ ဖန်တီးဖို ့ …ကြိုးစားနေကြပါပြီ ။
(ဥပမာ..ဆရာဇော်ဇော်အောင် ရဲ ့ ငယ်ချစ်နာမည် မနှင်းဆီ ဝတ္ထု ၊ အဲဒီ ဝတ္ထုဟာ.. ဝတ္ထဲနာမည် ငယ်ချစ်နာမည် မနှင်းဆီ ဆိုတာရယ်…၊
ဝတ္ထုစာသားတွေနေရာမှာ..ဘာစာသားတစ်ခုတလေမှ မပါပဲ.. ဖဲကြိုးဝါတစ်စ စာရွက်မှာ.ပူးကပ်ထားတာရယ်…၊
အဲဒီအောက်မှာမှ… စာရေးသူ နာမည် ဇောာ်ဇော်အောင်…ဆိုတာရယ်… ။ ဒါပဲ..ပါတယ် ။
အဲဒါကို ဝတ္ထုတို ဆိုပြီး..ဖန်တီးပြ သွားဖူးတာလေး.တွေ့ခဲ့ရပါတယ် )
ကျွန်တော်တို ့ပြသချင်တဲ ့ ခံစားချက် / အနုပညာပြချက် ကို ကျွန်တော်တိ်ု ့ ပြသချင်တဲ ့အတိုင်းအတာထိ ရောက်အောင် တိတိကျကျ မပြသနိုင်တဲ့အတွက်.
ဘာသာစကားနဲ ့ အနုပညာဖန်တီးမှုကို..ပြန် စဉ်းစား လာရပါပြီ ။
——————–
ဆက် စဉ်းစားရမှာက…
ဘာသာစကား..မပါပဲ.. ဝတ္ထုရေးဖို့ဆိုရင်…..
မရေးပဲ….နေမှ ရမယ့်ပုံစံဖြစ်လာပြီ ။
ကဲ..ဘာလုပ်ကြမလဲ.. ။
ပိုစ့်မော်ဒန်သမားတွေရဲ ့..ခြေလှမ်းတွေဟာ…
အစွန်းရောက်ခြင်းဆီ…သွားနေတဲ ့ခြေလှမ်းတွေလား….
အမှန်တရားဆီ..သွားနေတဲ ့ခြေလှမ်းတွေလား…..
————————–
အခုနောက်ပိုင်း…. Post Modernist တွေ.. တိုက်ပွဲ ဝင်နေကြတဲ ့….
ကြားခံပစ္စည်း..သွေဖည် သုံးစွဲမှု / ဘာသာစကား ဆန် ့ကျင်မှု တွေကို…
ကျွန်တော်.. ( ခေတ် လူငယ်ပီပီ / စပ်စုတတ်တဲ ့ လူငယ်ပီပီ ) အတော်လေးတော့ စိတ်ဝင်စားမိပါတယ် ။
နောက်ဆုံးမှာ……
ဘယ်လို ရလဒ်က အတည် ဖြစ်လာမလဲ…….ဆိုတာလည်း…
သိချင်လှပါရဲ ့ဗျာ…။
—————————–
ထားပါတော့….။
စကားလုံ့း…အနည်းဆုံးနဲ ့..( သို့မဟုတ် ..)
စကားလုံး / စာသား မပါပဲနဲ ့… ဝတ္ထု ရေးနိုင်ဖို့ဆိုတာက…
စကားလုံးမပါပဲ..ဝတ္ထု ရေးဖြစ်ဖို့ဆိုတာက….
မလွယ်ကူတဲ ့ ကိစ္စတစ်ခုပါ ။
သမိုင်း အစဉ်အလာထဲက..စံတွေ…
သတ်မှတ်ချက်တွေ….
စည်း…
မျဉ်း…
ဘောင် ….
ခွင်….
စတာတွေကို… အကုန် ချိန်းဖောာက် ပြီး..ထွက်ရမှာ…
လက်ညှိုးတွေ….
တံတွေးတွေ….
အော်ဟစ် ဆဲဆို ကြိမ်းမောင်းသံတွေ…ကြားမှာ… ဖန်တီးပြရမှာ…။
အဲဒါတွေကို ခံနိုင်ရည် ရှိ်မှ ရမှာပါ ။
———————————-
အတော်လေး..ခက်ပါလိမ့်မယ် ။
ခက်ခဲလှတဲ ့အရာတွေကို ဖြစ်မြောက်အောင် လုပ်ကြည့်တယ် ဆိုတာဟာ… လူသားစွမ်းရည်ကို… စိန်ခေါ်ခြင်း တစ်ခုပါ ။
ကိုယ့်အစွမ်းအစ ကို ကိုယ် မြှင့်တင်ခြင်းတစ်မျိုးပါ ။
(အစွန်းရောက်သွားတဲ ့ကိစ္စတွေကို အားကြိုးမာန်တက် ကြိုးစားနေတာဆိုရင်တော့..
အဲဒါ..မိုက်မဲမှုတစ်ခုပေါ့ ။ )
အခက်အခဲကို မကြောက်ဖို ့……
သတ္တိနဲ ့ အားမာန်တွေကို…..
တာရာမင်းဝေရဲ ့မီးပြတိ်ုက် ဝတ္ထုတိုလေးထဲကနေ…ရလိုက်ပါတယ် ။
သေချာ ဖတ်ကြည့်ရင် အဲဒီ မီးပြတိုက်ထဲက….
ဒဿနဆန်သော… အားအင်တွေ… ရ နိုင်ပါတယ် ။
“သိပ္ပံ သတင်းထဲမှာ ပါတယ်၊
ပင်လယ်တွေမြင့် တက် လာနေပြီ တဲ ့။”
“ဘာဖြစ်လဲ ၊ ငါတို ့လည်း မီးပြတိုက်တွေ ကိုမြှင့် တင် လိုက် ကြတာပေါ့”
မီးပြတိုက်ကို ဖတ်အပြီးမှာ…..
( ကျွန်တော် )
အကျစ်လျစ်ဆုံး ဝတ္ထုတွေ..ရေးဖို ့.. ကြိုးစားကြည့်လိုက်ချင်စိတ်.. ဖြစ်တယ် ။
အဲဒီ ဆန္ဒ ဖြစ်တော့.. ခက်ခဲမယ်..ဆိုတာ သိလိုက်တယ် ။
အဲဒီ အသ်ိနဲ ့ မီးပြတိုက်ကို ပြန်ဖတ်လိုက်တယ် ။
ပြန် ဖတ်လိုက်တော့……….
ဟိုအရင်က ဖတ်ခဲ့ဖူးတဲ ့စာသားလေးတစ်ခုကို..သွား..သတိရတယ် ။
အဲဒီစာသားကတော့……
——————————————
ရပါတယ်။ အခက်အခဲနဲ ့ကြုံတော့လည်း..အရည်အချင်းကို ထုတ်သုံးရုံပေါ့ ။
——————————————-
(အခက်အခဲနဲ ့ကြုံတော့လည်း.အရည်အချင်းကို ထုတ်သုံးရုံပေါ့..ဆိုတဲ ့ စကားကိုလည်း..
တာရာမင်းဝေ ရဲ ့ ဝတ္ထုတစ်ပုဒ်ထဲမှာပဲ..ဖတ်ခဲ့ရတာပါ ။ ဘယ်ဝတ္ထုထဲက စာသားလဲ..ဆိုတာတော့…
တာရာမင်းဝေ ချစ်သူတွေ..သိကြပါလိမ့်မယ် ။ )
လေးးစားစွာဖြင့်…
အလင်းဆက်
alinsett.art@gmail.com
————————————
တာရာမင်းဝေ
ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း
၁၉၉ရ / နိုဝင်ဘာလထုတ်
——————————————-
မော်ဒန်ပန်းချီမှာ …..
Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။
အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။
ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။
ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…
အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။
အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို
အားပြုတာထက်…..
ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။
အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။
အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…
ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။
ဒါကြောင့်…..
ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။
ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..
ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။
8 comments
မဟာရာဇာ အံစာတုံး
April 9, 2013 at 8:37 pm
ဒီစာသားလေး စိတ်ထဲ စွဲထင်သွားတယ် ..
“သိပ္ပံ သတင်းထဲမှာ ပါတယ်၊
ပင်လယ်တွေမြင့် တက် လာနေပြီ တဲ ့။”
“ဘာဖြစ်လဲ ၊ ငါတို ့လည်း မီးပြတိုက်တွေ ကိုမြှင့် တင် လိုက် ကြတာပေါ့”
အခြေအနေ အချိန်အခါ အလိုက် …
ကျုပ်တို့ စရိုက်တွေကို ပြောင်းလဲ ပစ်တတ်ရလိမ့်မယ် …
ဒီလို ဆိုလိုတာ ထင်ပါတယ် …
သိသလို၊ တတ်သလိုနဲ့ ဝင်ဖောတွားဘာဒယ် .. ဟဲဟဲ …
အလင်းဆက်
April 9, 2013 at 8:46 pm
ဟုတ်ပါတယ် ။ ဟုတ်ပါတယ် ။
ချစ်သောအံ
လို ့… ဆိုလိုတယ်.လို့မှတ်လို ့ရပါဒယ် ။
————
ကျွန်တော်ကတော့..
ဝတ္ထုရဲ ့ ဆိုလိုချက် ကို မခံစားပဲ…
ခံစားချင်တဲ ့ ဝတ္ထုရေးသားခြင်းဆိုင်ရာ.အကြောင်းအရာတွေကိ်ု..
ခံစားလိုက်တာပါ ။
ဝတ္ထုကပေးတဲ ့ရသနဲ ့
ရလိုက်တဲ ့ အလင်းတွေ..ကိုတော့….
ကိုယ့်ဘာသာပဲ..ခံစားလိုက်ကြပေတော့ဗျာ
ဟိဟိ
ချစ်သော..
အလင်းဆက်
ကီလိုဇူးလူးဝီစကီ
April 10, 2013 at 9:25 am
မြင်နိုင်ပါတယ် မီးပြတိုက်ပေါ့
ကိုယ့်ရဲ့ ဘဝက
အမှောင်ထု စိုးမိုး လောကကမ်းပါး။
အန္တရယ်လမ်း
ထွန်းညှိ မီးအလင်းတန်း။
{ရပါတယ်။ အခက်အခဲနဲ ့ကြုံတော့လည်း..အရည်အချင်းကို ထုတ်သုံးရုံပေါ့ }
မမှားဘူးဆိုရင် ဂျူနို ပြောခဲ့တဲ့ စကား။
“အရှေ့မြို့ရိုး မှ မိုးရေစက်များ” ထဲက။
:hee:
ရင် နင့် အောင်
April 10, 2013 at 11:09 am
Post Modern ဆိုတဲ့ စကားလုံးကိုက ကျုပ် ငယ်ငယ်ကတည်းက မှော်ဝင်သလို ဝင်ပူးနေခဲ့သလိုပါပဲ။
မီးပြတိုက်လေးကို ခင်ဗျား ပြောမှ ပြန် ခံစားကြည့်မိတယ်။
Minimalism ထဲက တစ်ပုဒ်ပဲလို့ မြင်တယ်။ (ခံစားရတယ်ပေါ့ဗျာ)
Signifies တွေ အရမ်းမများဘဲ … ရှေးရိုးဆန်ဆန် ပြောရရင် လိုရင်း တိုရှင်း ဖြစ်နေတာကို တွေ့ရတယ်။
ပြီး Solid ဘက်ကို သွားသလားဆိုပြန်တော့ မသွားဘူး။ သူက တစ်ခုခုကို ချပြရုံထက်လည်း မပိုဘူး။
ဘာ Message မှ မပေးတဲ့ အခါ မပေးဘူး။ ပြီးတော့ ပုံစံမရှိဘူး။ အဝိုင်းရယ် လေးထောင့်ရယ် ဘာကိုမှ မညွှန်းဘူး။
စာဖတ်သူ ခံစားသူဘက်က လိုသလို ခံစားပိုင်ခွင့် ရှိတယ်။
ဒီဘက်ခေတ်မှာတော့ ဆရာတာရာမင်းဝေလို အရေးအသားတွေနဲ့ ဝတ္ထုတို / ရှည် တွေ သိပ်မတွေ့ရတော့ဘူး။
ရေးတဲ့သူတွေလည်း သူ့ကို လိုက်မမှီကြဘူး(လို့ ကျွန်တော် ထင်တယ်)။ ကျွန်တော်ကိုယ်တိုင်လည်း
တစ်ချို့ ဝတ္ထုတိုတွေမှာ ဆရာရဲ့ ဟန်တွေ ၊ သီအိုရီတွေကို တုပြီး ရေးခဲ့ဖူးတယ်။
ဘာပဲ ဖြစ်ဖြစ် ဒီရွာထဲမှာ ဒါလေး ဆွေးနွေးတင်ပြသူ ရှိပါသေးတယ်လို့ .. တစ်ယောက်တည်း ကြိတ် ပျော်နေမိတော့တာပါပဲ။
လေးစားစွာဖြင့်
ရင်နင့်အောင်
အလင်းဆက်
April 10, 2013 at 12:29 pm
ကိုရင် နင့်အောင်ရေ
ချက်ကျ လက်ကျ ေဆွေးနွေးသွားလို့
လေးးစား ခင် မင် စွာ နဲ့ ကျေးဇူးတင် ပါ တယ်ဗျာ
Minimalism( အနည်းဆုံး ဝါဒ ) အ ငွေ့ အသက် မကင်းတဲ့
စာပေဖန်တီးမှု တစ်ခု လို့ ပြောရင် မမှားနိုင် ပါဘူး။
ပိုစ့်မော်ဒန် သမားတွေအတွက် ကင်းလို ့မရတဲ့
သီဝရီ ပါပဲ ။
တာရာမင်းဝေ ရဲ့ ဖန်တီးမှုမျိုးကို
အခု လက် ရှိ အထိတော့ အားရ လောက်အောင် မတွေ့ ရပါဘူး
နှမြောစရာ ကောင်းပါတယ်
မ နော် ဟ ရီ ကလည်း အစ ပိုင်းမှာ
ဟုတ်တော့ မလိုလို နဲ့ အခုတော့
ဟုတ်မလာပြန်ဘူး
တာရာမင်းဝေရဲ့ စာတွေ ကဗျာ တွေ အ ကြောင်း
ကိုရင် နင့် အောင် နဲ့
အေးအေးလူလူ
ထိုင် ပြောချင် လိုက်တာ ဗျာ
လေးစားစွာ
အလင်းဆက်
အလင်းဆက်
April 10, 2013 at 12:40 pm
မမခိုင် ဇာ
တော်ချက်
🙂
အဲဒီစာအုပ်ထဲမှာ ဂျူနိူပြောသွားတဲ့ နောက်ထပ် စကားတစ်ခွန်း
ကျွန်တော့် ရင် ထဲ စွဲ နေတုန်း
အဲဒါက တော့
ဆောင်းရာသီကိုမှ နှင်းနဲ့ လာပေါက်တာကိုး တဲ့
မ မေ့နိုင် တဲ့ စာအုပ်တစ်အုပ် မဟုတ်ပါလား
မမ ခိုင် ဇာ
ကွန်မန့်လေး ချီးမြှင့်တာ
ဝမ်းသာစွာ ကျေးဇူးတင် လျက်
နောက်ထပ် လာဦးမယ့်
အပိုင်းတွေထဲလည်း လာပါဦး ဗျို့
ခင် မင် လေးစားစွာ
သျှားသက်မာန်
April 11, 2013 at 11:29 am
စာအရေးအသားကမော်ဒန်ဆန်ပေမယ့် ဖတ်လို့ကောင်းပါတယ်…အဲလိုရေးတတ်ချင်အောင်ကြိုးစားရပါဦးမယ်
အလင်းဆက်
April 15, 2013 at 8:07 am
ညီမရေး..သျှားသက်မာန် ရေ..
ကျေးကျေးနော် ။
အဟိ ။