Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားစရာလေးများ (၁၂)

Ko out of...May 4, 20131min58516

ခေါင်းဆောင်ကောင်းဆိုတာ?

– လူမျိုးတူ….ဘာသာတူ….ဒေသတူ စသည့် စသည်….တူတဲ့အရာတွေ…တူတဲ့လူတွေ အင်အားများလို့ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နေနိုင်ကြတာကိုကြည့်ပြီး ဒီဆောင်းခေါင်က တကယ်တော်တာဘဲ…ခေါင်းဆောင်ကောင်းပီသတယ်အဲလို ပြောလို့မရဘူး….တကယ်တော်တဲ့ ခေါင်းဆောင်ကောင်းဆိုတာ လူမျိုးမတူ….ဘာသာမတူ…ဒေသမတူတဲ့ လူတွေအချင်းချင်း အတူတကွနေနိုင်အောင် ဦးဆောင်နိုင်မှ ခေါင်းဆောင်ကောင်းပီသတယ်…

တခုခုတော့မှားနေပြီထင်တယ်?..
– လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတခုကို ကာကွယ်နိုင်တဲ့ဆေးဝါးမှန်တယ်ဆိုရင် လူသားလောက ရောဂါဘယကင်းဝေးအောင် အဲဒီဆေးဝါကို ကမ္ဘာလူသားတွေဆီ အရောက်ပို့ရမယ်…ထို့အတူ…..မှန်ကန်တဲ့ သဘောတရားတခုဟာ ဘာဖြစ်လို့ အစွမ်းကုန်ကာကွယ်နေရမှာလဲ?…မှန်ကန်တဲ့ သဘောတရား တခုက လူသားတွေဆီ အသိများများရောက်လေ လူသားလောကတွေ အတွက် အကျိုးရှိလေဖြစ်ရမယ် မဟုတ်လား?..အခုမဟုတ်ဘူးဗျာ…မီးကုန် ယမ်းကုန် အစွမ်းကုန်ကာကွယ်ရပြီဆိုကတည်းကိုက…တခုခုတော့ မှားနေပြီလို့ထင်မိပါတယ်…

16 comments

  • kai

    May 5, 2013 at 3:08 pm

    – ဒေါ်အောင်ဆန်းစုကြည်ကို.. ကမ္ဘာကအသိအမှတ်ပြုတာ.. အပေါ်ကအရည်အချင်းကြောင့်ပါတယ်..
    သူကသမ္မတမဟုတ်တော့.. တကယ့်ခေါင်းဆောင်အရည်အချင်းတော့.. မမြင်နိုင်သေးဖူးပေါ့…

    – သာသနာပြုကြွတဲ့.. မြန်မာထေရဝါဒဗုဒ္ဓဘာသာဆရာတော်ကြီးတွေ.. အဖြူအမေရိကန်တယောက်(၁ယောက်)မှ.. ဗုဒ္ဓဘာသာဝင်ဖြစ်အောင်.. မစွမ်းဆောင်နို်င်.. သာသနာပြုတော်မမူနို်င်ပါဘူး..
    ရှိတဲ့..ဗုဒ္ဓဘာသာဝင်မြန်မာတွေထဲကပဲ.. အလှူငွေတွေလက်ခံပြီး.. ပြန်ကြွတော်မူကြရရှာတာ…
    ကျုပ်ပြောတာမဟုတ်… ယူအက်စ်က.. ဦးဇင်းတပါးပြောတာ.. အဲ..ရေးတာ… :kwi:

    ဟောလိဝုဒ်က.. ဆယ်ရီဘရိတ်တီတွေအပါအဝင်..တက္ကသိုလ်တွေက.. ခရစ်ယန်တွေ ဗုဒ္ဓဘာသာဝင်ဖြစ်ကြတာ.. ဗုဒ္ဓဘာသာအကြောင်းဖတ်ကြလေ့လာကြဖြစ်သွားကြတာ.. မြန်မာဆရာတော်ကြီးတွေသာသနာပြုတာကြောင့်မဟုတ်.. ဒလိုင်လာမားဆရာတော်ကြီးသာသနာပြုတာကြောင့်ပါ…
    အဲဒါလေး… :harr:

    • အရီးခင်လတ်

      May 5, 2013 at 8:14 pm

      မြန်မာနိုင်ငံက ဘုန်းကြီးတစ်ပါး UK တက္ကသိုလ် တွေမှာ သက်ဆိုင်ရာဘာသာ နဲ့ စာပြရုံမက သူ့ကျောင်းမှာပါ တရားထိုင်၊ ဘုန်းကြီးဝတ်တဲ့ နိုင်ငံခြား သားတွေ အများကြီးပါ။
      စိတ်ဝင်စားလို့ ငြင်းချင်ရင် သက်သေခိုင်လုံစွာပြပေးနိုင်ပါတယ်။
      ဗုဒ္ဓဘာသာဝင် ဆိုတာ ဗုဒ္ဓဟောကြားသောတရားတော်များကို လိုက်နာကျင့်ကြံသောသူများလို့ အဓိပ္ပါယ်ပေါက်ရပါတယ်။
      ကိုယ့်နေရာလေးထဲက စကား နဲ့ အားလုံးတူတယ်လို့ ပုံသေကားချပ်စွပ်စွဲ လို့မရပါဘူး သူကြီးရေ။
      ဒီတော့
      သူကြီးမင်းဘဲ တစ်ခုခုမှားနေလား။
      ကျုပ်ဘဲ တစ်ခုခုမှားနေလား။
      မသိ။ 🙄
      ဒါထက်
      သူကြီး ရဲ့ ဦးဇင်း က နိုင်ငံရေး ဦးဇင်း မဟုတ်လောက်ပါဘူးနော်။
      😆

  • ရာမည

    May 5, 2013 at 4:00 pm

    မဟာစည် ဆရာတော်ဘုရားကြီးကို မေ့နေသလား ဦးခိုင်ခင်ဗျ
    မဟာစည်ရိပ်သာကြီးမှာ ယခုထိ အနောက်တိုင်းသား ယောဂီများရှိနေပါသည် ။

  • MaMa

    May 5, 2013 at 6:07 pm

    ဒီရွာမှာနေပြီး ဒီသဂျီးကို ဂွတိုက်ရတာလည်း အားနာပါတယ်။ :kwi:

    မြန်မာထေရဝါဒဗုဒ္ဓဘာသာဆရာတော်ကြီးတွေ.. အဖြူအမေရိကန်တယောက်(၁ယောက်)မှ.. ဗုဒ္ဓဘာသာဝင်ဖြစ်အောင်.. မစွမ်းဆောင်နို်င်.. သာသနာပြုတော်မမူနို်င်ပါဘူး.. ဆိုတာကို ယူအက်စ်က.. ဦးဇင်းတပါးရေးတာကို တွေ့ရုံမျှနဲ့ ဘာ့ကြောင့်များ လက်ခံယုံကြည်သွားသလဲ မသိဘူး။

    ရွာသူားတွေကိုကျတော့ ကာလာမသုတ္တန်နဲ့ မကြာခဏ ကိုင်ပေါက်တယ်။

    သိသလောက်ပြောရရင် တထာဂတ ဆရာတော် မြန်မာပြည်ပြန်လာတုန်းက အဖြူတွေ (၃-၄ယောက်လောက် ထင်ပါရဲ့) ပါလာတယ်။
    ပဲခူးဆယ်မိုင်ကုန်းကျောင်းမှာ သင်္ကြန်မှာ ဘုန်းကြီးဝတ်နဲ့ တရားဝင်တာ တွေ့လိုက်တယ်။
    ဘယ်လောက်ကြာအောင် နေသွားသလဲတော့ မသိဘူး။
    အဲဒီအဖြူတွေ မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်နေသလားဆိုတာကိုတော့ မသိဘူး။ :buu:

    • မောင် ပေ

      May 5, 2013 at 8:24 pm

      ဒီတစ်ခါတော့ သဂျီး ရဲ ့အမှန် အရှိ ကို မြင်ရတာပဲ
      ဒီပို ့စ် နဲ ့ကွန်မင့်တွေ ကို ဖတ်ရတာ တန်တယ်

    • ဆူး

      May 7, 2013 at 10:54 am

      ဗောဓိရိပ်ငြိမ်မှာ ကနေဒါ က တပါး အမေရိကန် က တပါး ၂ပါးရှိတယ်။

      ကနေဒါ ဆရာတော် ကတော့ ပူပူအေးအေး အဲ့ဒီ ကျောင်းမှာပဲ သီတင်းသုံးတယ်။
      အမေရိကန် ဆရာတော် က နွေပူဒဏ် မခံနိုင်လို့.. နွေရောက်ရင် တောင်ကြီးမှာ သွားသီတင်းသုံးတယ်။

      ကနေဒါဆရာတော် (ဘွဲ့နာမည် မသိ) ကတော့ ဗုဒ္ဓဘာသာ မိဘ ၂ပါးက မွေးလာတာ မဟုတ်ပါဘူး။
      သူ့ အကြောင်း သိသလောက်ကတော့.. ဗုဒ္ဓဘာသာ အကြောင်း စိတ်ထဲက သိချင်လွန်းလို့ လိုက်ရှာဖွေ လေ့လာပြီး ဘုန်းကြီး အရမ်းဝတ်ချင်ခဲ့တယ်။ သီရိလင်္ကာမှာ ဘုန်းကြီး သွားဝတ်သေးတယ်။ မိဘတွေ ဆီ ကို လူထွက်ပြီး ပြန်သွားတဲ့ အခါ ဘယ်လိုမှ မနေချင်တော့ပဲ ဘုန်းကြီးပဲ အပြီးဝတ်ချင်ပါတယ် ဆိုပြီး မိဘတွေဆီမှာ ခွင့်တောင်းပြီး မြန်မာနိုင်ငံမှာ ဘုန်းကြီး လာဝတ်ခဲ့တယ်။ မြန်မာနိုင်ငံ လာဖို့ မိဘတွေက လေယာဉ်လက်မှတ် ဝယ်ပေးလိုက်ရတယ်လို့ ပြောတယ်။

      ဘယ်သူနဲ့မှ စကားမပြောသလို သူ့ဟာသူ အားထုတ်တယ်။ သင်္ကန်း ကလည်း ဟောင်းနေလို့ အသစ်သွားကပ်ရင်လည်း လက်မခံဘူး။ ဝတ်လို့ ရသေးတဲ့ အတွက် လက်မခံဘူး ဆိုပြီး အပြတ်ငြင်းတယ်။ သပိတ်ဆိုလည်း ခပ်စုပ်စုပ် ဖြစ်နေလို့ အသစ်ကပ်တော့.. သပိတ် ဆိုတာ ၃ခါ ပြင်ပြီး ပြန်သုံးလို့ ရတယ်။ ဒါက အကောင်းပဲ ဆိုပြီး လက်ကို မခံဘူး။

      ညဘက် မီးပျက်ရင် ထွန်းဖို့ ဖယောင်းတိုင် ဆိုလည်း တတိုင်ကုန်မှ တတိုင်ယူတယ်။ ကျောင်းမှာတော့ အလှူရှင်တွေ များတော့ လိုလေသေး မရှိပေမဲ့.. မလိုရင် ဘာမှ ကို မသုံးဘူး။

      သဂျီး ရန်ကုန်ရောက်လို့ ကနေဒါ ဘုန်းကြီး ကို ဘိုလိုအင်ဒါဗျူးပြီး သတင်းထည့်ရေးပါလား။ လိုက်ပို့ပေးမယ်။

  • San Hla Gyi

    May 5, 2013 at 9:01 pm

    ကိုပေကလဲ ပို့စ်က တိုတိုလေးရယ်။ ပို့စ်ထက်စာရင် ကွန်မန့်တွေ ဖတ်ရတာ ပိုတန်ပါတယ်။ ဒါပေမယ့် ပို့စ်ပိုင်ရှင် မိုးပြာဆရာ ကိုအောက်အော့ဖ်ကို “ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ်မှာ အလွန်ဝန်တိုတဲ့ အဝတ်မဝတ်တဲ့ အစေလက တိတ္ထိ တက္ကတွန်းဆရာကြီး အကြောင်း” အများသိအောင် မြင်လာအောင် ရေးပြနိုင်တဲ့အတွက် ချီးကျူးပါတယ်။

  • အလွန်အကျွံဆိုတာအထဲမှာ
    လေကျွံတာက ဘွာတေးလုပ်လို့ရတယ်။
    စာကျွံတာကတော့ တစ်သက်လုံးမှတ်တမ်းကြီးကိုဖြစ်ရော။
    (ကျုပ်ပြောတာမဟုတ်… ယူအက်စ်က.. ဦးဇင်းတပါးပြောတာ.. အဲ..ရေးတာ)
    (သာသနာပြုကြွတဲ့.. မြန်မာထေရဝါဒဗုဒ္ဓဘာသာဆရာတော်ကြီးတွေ.. အဖြူအမေရိကန်တယောက်(၁ယောက်)မှ.. ဗုဒ္ဓဘာသာဝင်ဖြစ်အောင်.. မစွမ်းဆောင်နို်င်.. သာသနာပြုတော်မမူနို်င်ပါဘူး..)
    အဲဒီဦးဇင်းကရော ယူအက်စ်မှာဘာသွားလုပ်နေတာလဲမသိ။.
    ဘုရားသားတော် သံဃာဆိုတာ ဘုရားရဲ့တရားတော်များကို ထိန်းသိမ်းစောင့်ရှောက်ပြန့်ပွားအောင်လုပ်ဘို့
    အဓိက တာဝန်ရှိသူတွေပါဘဲ။

  • ဦးဦးပါလေရာ

    May 6, 2013 at 12:17 am

    ခင်ဗျားတို့က သူကြီးကို မန့်တာဆိုတော့
    ကြည့်ရတာလဲ စစ်ကူမလိုတော့လောက်ဘူးဆိုတော့
    :harr:

    ကျုပ်ကတော့ ပိုစ့်ကို မန့်ပါမယ်..။
    မိတ်ဆွေကြီး ကိုအောက်အော့ဖ်ပြောတဲ့
    မှန်ကန်တဲ့သဘောတရားတစ်ခုဆိုတာ မိုးပြာဝါဒကိုဆိုလိုတာလား
    လောလောဆယ် ပြဿနာဖြစ်နေတဲ့ ဘာသာတစ်ခုကို ဆိုလိုတာလား မကွဲပြားဘူးဗျ..။
    မိုးပြာဝါဒကို ဆိုလိုတာဆိုရင်တော့ အဲဒီဝါဒကို မှန်လို့/မှားလို့ ဆိုပြီးကာကွယ်တာတော့မဟုတ်ပါဘူး…။
    ဗုဒ္ဓဘာသာ အရိပ်အောက်မှာ သူကမှဗုဒ္ဓဘာသာအစ်လိုလို အမည်ခံထားပြီး ပြည်သူတရပ်လုံးအစဉ်အဆက် ကိုးကွယ် လာတဲ့ ထေရဝါဒ ဗုဒ္ဓဘာသာအယူအဆတွေကို ချေဖျက်ဟောပြောကြလို့ ကာကွယ်ကြတာဖြစ်ပုံရပါတယ်…။

  • Foreign Resident

    May 6, 2013 at 8:11 am

    ” ခင်ဗျားတို့က သူကြီးကို မန့်တာ ( ဝိုင်းပြောကြတာ ) ဆိုတော့ ”
    ” ကြည့်ရတာလဲ စစ်ကူမလိုတော့လောက်ဘူးဆိုတော့ ”

    အရင်ဦးဆုံး အားရပါးရ ရီလိုက်ပါတယ် ။
    ဪ ငါတို့ သူကြီးခမျာ သနားစရာ ဘဝ ရောက်နေပါလားပေါ့ ။

    ” မှန်ကန်တဲ့ သဘောတရားတခုဟာ ဘာဖြစ်လို့ အစွမ်းကုန်ကာကွယ်နေရမှာလဲ ”
    ” မီးကုန် ယမ်းကုန် အစွမ်းကုန်ကာကွယ်ရပြီဆိုကတည်းကိုက တခုခုတော့ မှားနေပြီလို့ထင်မိပါတယ် ”

    ဦးပါ ရဲ့ ။
    မိတ်ဆွေကြီး ကိုအောက်အော့ဖ်ပြောနေတဲ့ ဆိုလိုရင်းက ၊
    ထေရဝါဒ ဗုဒ္ဓဘာသာ ( လက်ရှိ ၇၈၆ နှင့်ဖြစ်နေတဲ့ ကိစ္စ ) ကို ၊
    ထောက်ပြနေတာ ဖြစ်နိုင်တယ်နော် ။

    ( ထေရဝါဒ ဗုဒ္ဓဘာသာကို အစွမ်းကုန် ကာကွယ် နေရတယ်လေ )

    • အော် ကျနော်တို့က သူကြီးကိုမန့်တာမဟုတ်ပါဘူး။
      ပိုစ်ကို စိတ်ဝင်စားစွာဖတ်ပြီး လာမန်းတတ်တဲ့ ကိုခိုင်နဲ့ အပြန်အလှန်ဆွေးနွေးကြတာပါ။

  • ရာမည

    May 6, 2013 at 10:03 am

    ကာကွယ်တယ်ဆိုတိုင်း မှားနေတာမဟုတ်ပါ။
    မှန်ပြီဆိုတိုင်းလည်း ထိုင်ကြည် ့နေ၍မဖြစ်ပါ ။
    မိမိယုံကြည်ရာ ဘာသာ သာသနာ၏ အဆုံးအမကို ခံယူဆောက်တည်ခြင်းသည်
    ထိုဘာသာအား စောင့်ရှောက်ခြင်းဖြစ်သည် ။
    ပို ့စ်ပိုင်ရှင်ပြောသလိုသာဆို….
    အမှန်တရားကို လူတိုင်းလက်မည်ဆိုပါက
    တရားရုံးများ ၊ ရဲစခန်းများ စစ်ပွဲများရှိမည်မဟုတ်ပါ ။
    ဤသို ့ဆိုပါလျှင် – – – -မိုးပြာဝါဒအား လူအများလက်မခံသည်မှာလည်း
    တစ်ခုမကမှားနေသည်ဟု ယူဆနိုင်ပါသည်။
    မိုးပြာဝါဒမှလည်း မကြာခဏဆိုသလို ထေရဝါဒအားအပုတ်ချ တိုက်ခိုက်နေသည်မှာလည်း
    မိမိတို ့ဝါဒ၏ အားနည်းချက်များ အပစ်ဆိုဖွယ်များမပေါ်ပေါက်စေရန်
    ရန်စွာရန်လုပ် ခွက်စောင်းခုတ်သည့်နှယ်
    ယူဆနိုင်ပါသည် ။
    အထက်ပါပို ့စ်သည်လည်း ကလေကချေမိန်းမနှစ်ဦး သန်းတုတ်ရင်းအတင်းပြောသလို
    အထေ့အငေါ ့ အစောင်းအချိတ်များဖြင့်ဖတ်ရသူများ ဝေဝါးစေရန်
    ရည်ရွယ်ချက်ရှိရှိဖြင့် ရေးသားထားလေသောကြောင့်လည်းကောင်း
    ဘာသာရေးပြဿနာများမှသည် ဆူပူရန်အလို ့ငှာ တွန်းထိုးဆွဲဆောင်ရေးသားထားသောကြောင့်လည်းကောင်း
    ဗုဒ္ဓဘာသာ အမည်ခံ၍ မိမိတို ့စိတ်ထင်ရာ စိတ်ကူးရာဝါဒအား နာမည်ရလိုဇောဖြင့်
    ဗုဒ္ဓဝါဒအား စောင်းမြောင်း ညူစူတိုက်ခိုက်သဖြင့်
    အထက်ပါပို့စ်အား ရှံ ့ချလိုက်ပါသည် ။

  • kai

    May 6, 2013 at 1:43 pm

    အနည်းဆုံးရလဒ်ကတော့.. ကော်မန့်၁ဝခုလောက်တက်လာတာပဲ..
    ငါကွ… :kwi:
    ဆိုတော့…
    ဦးဂိုအင်ဂါ ဝိပဿနာတရားစခန်းတွေများ.. ယူအက်စ် ထောင်ထဲလုပ်တာတွေပါ.. ပါတော့.. အဲဒီတွေထဲရှိကြတာ.. မြန်မာမပါ.. အမေရိကန်တွေများပါတယ်..
    များဆို.. အားလုံးလိုလို.. အမေရိကန်တွေပါပဲ..

    ကဲ.. :harr:

    • surmi

      May 6, 2013 at 2:28 pm

      ဒါတင်ဘယ်ကမလဲ သဂျီးရယ်
      ရွာထဲမဝင် ပုန်းနေသူများကိုပါ နောက်ဆုံးပေါ်နည်းဗျူဟာနဲ ့ ခေါ်လိုက်တာမဟုတ်လား
      :harr:
      အင်းးးးး ဆေးမီးတို ဆေးမီးတို
      ခဏတော ့ကောင်းသွားမှာပေါ့လေ ။ရေ ရှည်တော ့ ….?
      ရွာအဝင်လမ်းကိုပြင်
      ဆူးညှောင့်ကိုနှုတ်
      လာသမျှဧည့်သည်နှုတ်ဆက်
      ပျော်ပွဲရွှင်ပွဲတွေလုပ်
      ဟုတ်ဟုတ် မဟုတ်ဟုတ်ရီပြ
      ပေးသင့်တာပေး
      ဆန် ့ကျင်ဘက်တွေသိပ်မရေးနဲ ့
      ကလေးတွေကိုချော ့
      အပျိုကြီးတွေကိုလက်သွားမဆော့နဲ ့
      ဟတ် ချိုး းးးး အဟမ်းးးးးး ဘွတ် :kwi:

      • MaMa

        May 7, 2013 at 9:31 am

        kai says:
        (အနည်းဆုံးရလဒ်ကတော့.. ကော်မန့်၁ဝခုလောက်တက်လာတာပဲ..)

        surmi says:
        (ဒါတင်ဘယ်ကမလဲ သဂျီးရယ်
        ရွာထဲမဝင် ပုန်းနေသူများကိုပါ နောက်ဆုံးပေါ်နည်းဗျူဟာနဲ ့ ခေါ်လိုက်တာမဟုတ်လား)

        နောက်ဆုံးတော့ သဂျီးဟာ သဂျီးပါပဲ :kwi:

  • kyeemite

    May 6, 2013 at 4:10 pm

    Foreign Resident says:
    “မိတ်ဆွေကြီး ကိုအောက်အော့ဖ်ပြောနေတဲ့ ဆိုလိုရင်းက ၊
    ထေရဝါဒ ဗုဒ္ဓဘာသာ ( လက်ရှိ ၇၈၆ နှင့်ဖြစ်နေတဲ့ ကိစ္စ ) ကို ၊
    ထောက်ပြနေတာ ဖြစ်နိုင်တယ်နော် ။
    ( ထေရဝါဒ ဗုဒ္ဓဘာသာကို အစွမ်းကုန် ကာကွယ် နေရတယ်လေ )”

    ဖြစ်နိုင်တာမဟုတ်ဘူးဗျ…ဒဲ့ပြောထားတာပါ :kwi:

Leave a Reply