ခွင့်လွှတ်ပါတယ်ဗျာ……
ဘုန်းကြီးအမှု ရွာပတ်တယ် ဆိုတဲ့စကားလိုပါပဲ။
မနေ့က ကိုယ်နဲ့တိုက်ရိုက် မဆိုင်တဲ့ ဖြစ်ရပ်တစ်ခုကို အကြောင်းပြုပြီး မတရားတဲ့ စွပ်စွဲချက်တွေနဲ့ ထိပါးစော်ကားခံလိုက်ရပါတယ် ။
အဖွဲ ့အစည်းနဲ့ လုပ်တဲ့ လုပ်ဆောင်မှုတွေမှာ တစ်ယောက်မကောင်းတာနဲ့ အဖွဲ့အစည်းတစ်ခုလုံး နာမည်ပျက်သွားလေ့ရှိတာ ထုံးစံပါပဲ။
ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တယ် ပဲ..ထားပါတော့။
ဒါပေမယ့်… တစ်ယောက်မကောင်းတာနဲ့ အကုန်လုံးက်ို သိမ်းကြုံးပြီး နာမည်ပျက်စေတဲ့အခါ… ကျန်တဲ့ ကောင်းနေသူတွေ ဘက်က ခံစားချက်ဟာ..အရေးမပါတော့ဘူးလား။
ခြေမမကောင်း ခြေမ /
လက်မ မကောင်း လက်မ ဖြတ်ပစ်မှ သဘာဝကျမယ်ထင်ပါတယ် ။
လက်မတစ်ချောင်း မကောင်းတာနဲ ့လက်တစ်ဖက်လုံး ( လက်ငါးချောင်းလုံး) ဖြတ်ပစ်မယ်..ဆိုတာကတော့ သိပ် သဘာဝ မကျပါဘူး ။
အဖွဲ့ထဲက တစ်ယောက်က ဂုဏ်သိက္ခာ ထိခိုက် ပျက်စီးမယ့် အပြုအမှု တစ်ခုကို လုပ်လိုက်တယ် ။
သူ ့လုပ်ရပ်တစ်ခုကိုပဲကြည့်ပြီး.. ဒီ အဖွဲ ့အစည်းဟာ… ဂုဏ်သိက္ခာ မရှိတဲ့ အဖွဲ ့အစည်းပဲ..လို ့သတ်မှတ်လိုက်တယ်…။
အဲဒီ အခါ…. ကျန်တဲ့ ကောင်းမှု မြတ်နို်း ကောင်းအောင် ကြိုးစာေးနသူတွေဟာ… ကိုယ်တိုင်က ကောင်းမွန်အောင် / ဂုဏ်သိက္ခာ မမဲ့အောင် လုပ်ဆောင်နေပါလျက်နဲ့
ဒီလို
အယုံအကြည်မ ရှိဘူး… / ဂုဏ်သိက္ခာ မရှိဘူးလို ့.. သတ်မှတ်ခံရတဲ့အခါ…ဘယ်လောက်များ..ခံရ ခက်လိုက်မလဲ..။
ဝါးလုံးရှည်နဲ ့ရမ်းင်္ပြီး ရိုက်တာ ခံလိုက်ရသလိုပါပဲ ။ မခံချိမခံသာ ဖြစ်တယ် ။
သူ ့အမှားကြောင့်… ငါက အသားလွတ်..ထိခိုက်ရတယ်..လို ့..ဒေါသတွေ ဖြစ်ပါတယ် ။
စွပ်စွဲ ရက်သူကို လည်း.. စွပ်စွဲရက်လေခြင်းဆိုပြီး ခွင့်မလွှတ်နိုင်ဘူး ။
အမှား.လုပ်သူကိုလည်း.. လုပ်ရက်လေခြင်း.ဆိုပြီး..ခွင့်မလွှတ်နိုင်.. ။
အဲဒီ ခွင့်မလွှတ်နိုင်တဲ ့ စိတ်ကြောင့်ပဲ..ကျွန်တော်..ဆောက်တည်ရာ မရ ဖြစ်ခဲ့ပါတယ် ။
သွေးအေးသွားလို ့..ပြန်တွေးကြည့်တော့လည်း. ကျွန်တော်..ဘယ်လို.. ရပ်တည် ရမလဲ..ဆိုတဲ့မေးခွန်းကို ဖြေနိုင်သွားပါတော့တယ် ။
=============================================
တကယ်တော့ အဖွဲ ့ထဲမှာ ဒီလို သစ္စာမဲ့တဲ့သူတစ်ယောက် ပါနေတာကို မစိစစ်နိုင်ခဲ့တာ / အကဲမခတ်နိုင်ခဲ့တာ /ကြိုတင်ပြငဆင်မှုတွေ မလုပ်ထားခဲ့တာကိုက ကျွန်တော့် အပြစ်ပါ။
ဒါက ကျွန်တော့်အပိုင်း ။
ကျွန်တော် ဆက်လုပ်ရမှာက သစ္စာမဲ့သူက သူပါပဲ သူ ့ရဲ့ ဒီလုပ်ရပ်ကြောင့် ဒီလို ဖြစ်ပြီး အဖွဲ ့ရဲ နာမည် နဲ့ ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရတာပါ လို့ အဖြစ်မှန်ကို ရှင်းပြရုံပါပဲ ။
ပြီးရင် ….နောက်ထပ် ဒီလို မှားယွင်းမှုမျိုး ဖြစ်မလာဖို့ ဒီအဖြစ်ကို သင်ခန်းစာယူပြီး ပြင်ဆင်ထား ရှေ့ဆက် ကောင်းအောင်ကြိုးစားဖို့ . . . ။
===================================
စွပ်စွဲသူဘက်က ကြည့်တော့လည်း သူက ကျွန်တော်တို့ အဖွဲ့ကို လုပ်မစားလောက်ပါ ဘူးလို့ ယုံကြည်ထားပြီးမှ အခုလို သစ္စာမဲ့မှုကို ကြုံလိုက်ရတာ။
သူ စွပ်စွဲခွင့်ရှိတယ်။
မင်းတို့အဖွဲ ့က မယုံကြည်ရတဲ့ အဖွဲ ့ပဲ… လို့ သူ ့ဘက်က ပြောခွင့်ရှိပါတယ်။
သူ ့ယုံကြည်မှုက ပြိုလဲသွားတာကိုးး ။
ကျွန်တော်တို့ကို သူ လူလိမ်တွေ လို့ပြောလည်း ပြောကောင်းတဲ့ အရာဖြစ်သွားပြီလေ။
လိမ်သလို အဖြစ်တစ်ခုက သက်သေ ရှိနေပြီပဲ။
သူ ပြောချင်ရာ ပြောခွင့်သူ ့မှာ ရှိပါတယ်။
ကျွန်တော်တို ့တစ်ဖွဲ ့လုံးက သစ္စာမဲ့တာမဟုတ်ပါဘူး. . ။
ဒီတစ်ယောက်ပဲ မထင်မှတ်ပဲ သစ္စာမဲ့တဲ့ အလုပ် လုပ်သွားလို ့ပါ…..ဆိုတဲ့ အမှန်တရားကို သူ သိအောင် ရှင်းပြမယ်။
ရှင်းပြခွင့်တော့ ကျွန်တော့်မှာ ရှိပါရဲ့။
အဲ. . . မယုံကြည်ပဲ နေခွင့်လည်း သူ ့မှာ ရှိတယ်။
ဒါကြောင့် ရှင်းပြခွင့်သာ ပေးပါ။
ယုံတာ မယုံတာက သူ ့သဘောထားပါ။
ယုံလောက်အောင် ပြန်လည် ရိုးသား/ကြိုးစား ပြခွင့်လည်း ကျွန်တော့်မှာ ရှိသေးတယ်။
ဒီလို တွေ တွေးလိုက်တော့ အေးသွားတာပါပဲ။
============================================
ကျွန်တော်တို့ အဖွဲ ့ကို မယုံကြည်တော့ဘူး လို့ ပြောသူက်ိုလည်း စိတ်မဆိုးတော့ဘူး။ ခွင့်လွှတ်လိုက်နိုင်ပြီ ။
သစ္စာ မဲ့ သွားသူကိုလည်း စိတ် ဆိုးမနေတော့ပါဘူး။
သူ ကျွန်တော်တို့ အဖွဲ ့ထိခိုက်အောင် သစ္စာ မဲ့သွားတာ အကြောင်းတော့ရှိမှာပေါ့။
သူ ့ရိုးသားမှုကို စွန့်လွှတ် လိုက်ရလောက်အောင် ဘယ်လို အခက်အခဲတွေ များ သူ ့မှာ ရှိနေမလဲ ။
မသိဘူးလေ။
သူ ့ဘဝ ရဲ့ ပြဿနာတစ်ခုခုဟာ မရိုးသားတဲ့နည်း နဲ့ ဖြေရှင်း မှကို ရတော့မယ့် သူ ့အခြေအနေအရ ဒီလို သစ္စာ မဲ့လိူက်ရတာ နေမှာ။
သူ ့ကိုယ်ကို သူ နာမည်ပျက်အောင် မရိုးမသား လုပ်ခွင့်တောင် သူ ့မှာ ရှိတာပဲ။
ဒီလို လုပ်ရပ်ဟာ မလုပ်သင့်ပါလား လို ့ တောင်မှ သူ မတွေးနိုင်တော့တဲ့ သူ ့ဉာဏ် နဲ ့သူ ့ သစ္စာ မဲ့တဲ့ လုပ်ရပ်က်ိုတော့ သနားမိပါရဲ့။
ဒီတော့ သူ ့ကိုလည်း ခွင့်လွှတ်လိုက်ပါတယ် ။
သူ ့မရိုးသားမှုဟာ ကျွန်တော့်ကို လာ မထိ ခိုက်မိသ၍ သူ မှန်ပါတယ် ။
သူ ့မရိုးသားခွင့်နဲ့သူ ရှိနေပါစေဦး။
သူ ့မရိုးသားမှုတွေ ကျွန်တော့်ကို လာ မထိခိုက်မိအောင် ကာကွယ်နေရမှာ / သတိ ထားနေရမှာကသာ ကျွန်တော့် တာဝန်ပါ ။
သူ ့ကိုလည်း ခွင့်လွှတ် လိုက်ပါတယ်။
တပြိုင်တည်းမှာပဲ……ဒီလို အဖြစ်မျိုးကို ကြိုတင် မကာကွယ်နိုင် ခဲ့တဲ့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ခွင့်လွှတ်လိုက်ပါတယ် ။
အယုံအကြည် မရှိတော့ဘူး လို့ အပြောခံလိုက်ရတုန်းက ဒေါသတွေ တလူလူ /နာကျင်မှုတွေ တပူပူ နဲ ့ ဆတ်ဆတ်ခါ သွားတဲ့ ကိုယ့် တုန်လှုပ်မှု /
ကိုယ့် မရင့်ကျက်မှုကို ကိုယ်တိုင်ပဲ…..ခွင့်လွှတ်လိုက်ပါတယ်။
နောင်အခါတွေမှာ………….
တည်ငြိမ် ရင့်ကျက်မှ ဖြစ်တော့မယ်။
=========================================
အမှား လုပ်သူကိုရော အမှားဒဏ်ကို မဆီ မဆိုင်ခံလိုက်ရတဲ့ ကျွန်တော့်ကိုယ် ကျွန်တော်ရော…..
စွပ်စွဲ သတ်မှတ်ရက်သူကိုရော ကျွန်တော် ခွင့်လွှတ်နိုင်သွားတဲ့အခါ………..
ခွင့်လွှတ်ခြင်း ရဲ့ အရသာကို ကျွန်တော် မြည်းစမ်းခွင့် ရ လိုက်ပါတယ်။
ခွင့်လွှတ်ခြင်း ဟာ အနုပညာတစ်ရပ် ဖန်တီးယူ ရ သလိုပါပဲ ။
ခွင့်လွှတ် န်ိုင်သွားတဲ့အခါ မှာလည်း အနုပညာတစ်ရပ် ခံစားပြီး ကြည်နူး ကျေနပ်လိုက်ရ သလိုပါပဲ။
ခွင့်လွှတ်ခြင်းရဲ့ အရသာ / ခွင့်လွှတ်ခြင်းရဲ့ အနုပညာက်ို…………….
ကျွန်တော် ချစ်သွားပါတော့တယ် ။ ။ ။
=========================
လေးစားစွာဖြင့်
လုလင်ပျို
:kwi: :kwi:
————————-
ဘာရယ် မဟုတ်။ ဟိုတစ်နေ့က အလုပ်ထဲမှာ ကြုံ ရတာလေး
တော်တော် ခံစားလိုက်ရလို ့ချရေးမိတာပါ ။
ဖတ်ရှု ပြီး..ဝေမျှ ခံစာေးပးကြသည့်
ချစ်သော…စာဖတ်သူများအား..
ကျေးဇူး အထူးတင်ပါကြောင်းးးး
19 comments
မိုး မင်းသား
May 12, 2013 at 8:18 pm
အလင်းဆက်ရေ……
အတူတူခံစားခဲ ့ရတာပဲလေ……
မေ ့သင် ့တာကိုမေ ့လိုက်ပါဗျာ…….
လုလင်ပျို
May 12, 2013 at 8:27 pm
တိန်…
မိုးမင်းသား..
ဒီမှာ..နာမည် ပြောင်းထားတယ်လေ။ ဘယ်နှယ်…. လာဖော်နေတာလဲ ဟ။
:kwi:
==========
ခွင့်လွှတ်လိုက်ပါပြီဆို…
နင့်ကိုလည်း.ခွင့်လွတ်ဒယ် ။
🙂
လင်းဇော် ထက်
May 12, 2013 at 9:03 pm
ဖက်ပီးးး ခွင့်လွတ်သွားတယ် :buu:
နေဝန်းနီ
May 12, 2013 at 9:48 pm
ခွင့်လွှတ်ရင်ပြီးတာပါပဲ ဗျာ ….။ ခင်ဗျား ခွင့်မလွှတ်ပဲ ခွေးလွှတ်လိုက်မှာ ကြောက်နေတာ…………။ :buu:
လုလင်ပျို
May 12, 2013 at 10:11 pm
သားကိုလည်း..ခွင့်လွှတ်ကြပါဗျာ..။
ချစ်သုဝေလေးနဲ ့…လူငယ်တွေ ပီပီ…
စိတ်အလိုလိုက်ပြီးးးး
ရှောက်သီးသုတ်တွေ စားခဲ့မိပါတယ် ။
🙂
🙂
အားပေးဖတ်ရှုကြသူများ အားလုံးကို…
ချစ်တယ်။
Ma Ei
May 13, 2013 at 10:13 am
နံမည် ဘယ်လိုပြောင်းပြောင်း
ချစ်သုဝေလေးကို မပြောင်းဘူးဆိုတော့
ခွင့်လွတ်ပါတယ်ဗျာ….
TNA
May 13, 2013 at 12:20 pm
အတွေ့အကြုံရသွာတာပေါ့။ အောင်မြင်မှု့တွေရဲ့ရှေ့မှာအဲလို အတွေ့အကြုံတွေက တန်ဖိုးမဖြတ်နိုင်တဲ့ အရည်အချင်းတွေအဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ ကိုယ်တိုင်လဲ လတ်တလော ခံစားနေရတာမို့ ခံစားချက် ချင်းတူတဲ့သူကို နားလည်နိုင်ပါတယ်။ ကိုယ်ကိုတိုင်လဲ ခွင့်လွှတ်ဖို့ တော်တော်ကြီးခဲယဉ်း ခဲ့ပါတယ်။ ခွင့်လွှတ်နိုင်ကြပါစေ။
kyeemite
May 13, 2013 at 1:40 pm
ခွင့်လွှတ်တယ်ဆိုလည်း ပီးတာပဲကွာ.. :hee:
လုလင်ပျို
May 14, 2013 at 10:47 am
အပြန် အလှန် ခွင့်လွှတ်နိုင် ဖို ့ ကြိုးစား ရင်း
ငြိမ်းချမ်းသော ကဘာတစ်ခု တည်ဆောက်ကြတာပေါ့နော်
အနုပညာတစ်ခု ဖန်တီးခြင်းလည်း ဖြစ်ပါဒယ်
🙂
ဖတ် ရှု ခံစား အားပေးကြကုန်သော
ချစ်သော မိတ်ဆွေ များ အားလုံးကို
ကျေးဇူးတင် ပါတယ်နော်
ဦးကြောင်ကြီး
May 15, 2013 at 10:43 am
လုလင်ပျို
ဥရွှင်စို
တုမြင်ချို
ခုဝင်လို…
အလင်း ဆက်
May 15, 2013 at 10:51 am
အခု လုလင် ပျို ဟုတ်တော့ဘူး
အလင်းဆက်
ဒညင်းဝက် လို ့ မ ခေါ်ရ
🙂
rain pricess
May 16, 2013 at 12:15 pm
ကိုယ်.ကိုလဲ ခွင်.လွှတ်ပါ……
အလင်း ဆက်
May 16, 2013 at 12:56 pm
ခွင့်လွှတ် ခြင်း ဆိုတာ အနုပညာ တစ်ခု လိုပါပဲ ဆိုမှတော့
အနုပညာကို ချစ်တဲ့ ကိုယ်
ခွင့်လွှတ်ခြင်း ကိုလည်း ချစ်ပါတယ်။
ဒါ ကြောင့် ခွင့်လွှတ်ပါတယ် ညီမရယ်
ကိုယ့်မှာ ဒဏ် ရ တွေ ရ အောင်
လုပ်တဲ့ သူကို လည်း ခွင့်လွှတ်တယ်
အ ကြောင်း ရင်း ခံကို က
မည်သူမပြု မိမိမှု ပါပဲလေ
ကိုာ့်ကိုလည်း ခွင့်လွှတ်ပါ
rain pricess
May 16, 2013 at 1:01 pm
ခွင်.မလွှတ်ဘူး….
အလင်း ဆက်
May 16, 2013 at 2:39 pm
ခွင့် မလွှတ်နိုင် တဲ့ ညီမ ကို လည်း ခွင့်လွှတ်ပါတယ် ဗျာ
ခွှင့် မလွတ် နိုင်အောင် လုပ်ခဲ့မိတယ် ဆို ရင်
ကိုယ့် ကို လည်း ကိုယ် ခွှင့်လွှတ်တယ်
:kwi:
ရွှေ ကြည်
May 16, 2013 at 7:01 pm
ကောင်းပါတယ် အလင်းဆက်ရေ အစမှာတော့ လူပဲလေ စိတ်ကတော့ ထိန်းကခက်တာကိုး
နောက်ပိုင်းမှာ ပြန်သုံးသပ်လာနိုင်ပြီး ပြုပြင်နိုင်တယ်ဆိုပဲ အမြတ်ပဲလေ။ စိတ်လည်းအေးချမ်းပါတယ်။
အလင်း ဆက်
May 16, 2013 at 9:29 pm
ဟုတ်…. ။
🙂
မောင် ပေ
May 17, 2013 at 11:23 am
လုလင်ပျို
ဥမြင်တို
ပုရင်ခို
ဆုဂွင်လို
နုကြင်ချို
အလင်း ဆက်
May 17, 2013 at 12:04 pm
အူးမောင်ပေ
အူးကြောင် ကို တောင် ကာရန် နဲ့ ပြန် မ ပြောနိုင်တော့ လို ့ပါ ရှိ
🙂