Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သို့ ချစ်သောဖေဖေ

အဖေ

ရေတွက်လို့ မဆုံးနိူင်တဲ့ နေ့တွေထဲမှာ

အဖေ့ကိုရှာမတွေ့သေးဘူးနော်

ပျော်စရာမနီးလှ သမီးဘဝမှာ

ငြီးရတာက ခပ်များများ

အရပ်တစ်ပါးက အဖေ

ဒါတွေ သိမယ်မထင်

မြင်ချင်လှပေမယ့်

ဘယ်ဆီမှာဟဲ့ လို့မသိတဲ့သမီး

ရှာနည်းတွေလည်းစုံ

တလှပ်လှပ်ခုန်နေတဲ့ ရင်ထဲ

အဖေ့အသံပဲ ကြားနေ

ဘယ်သွားနေသလဲ အဖေရယ်

တကယ်ဆို

အမေ့ကို မေ့ချင်မေ့

သမီးကိုတော့ လာမတွေ့သင့်ဘူးလား

အက်ကြောင်းများလှတဲ့

အဖေတို့ရဲ့ အိမ်ထောင်ရေး

ရှောင်ပြေးရလောက်အောင်များ

နာကျည်းသွားတာလား အဖေ

အဖေရေ

တစ်နေထွက်ပြီး တစ်နေဝင်သွား

ရက်များက တရွေ့ ရွေ့

မေ့မရတဲ့ ဟောဒီသမီး

ရှာပုံတော်ခရီးထဲမှာ

ဇွဲကိုသာ အဖော်ထား

ဘယ်နားမှန်း မသိတဲ့အဖေ

ကြားစေတော့လို့ ဆုမွန်ချွေ ။

8

21 comments

  • ဦးကြောင်ကြီး

    May 20, 2013 at 10:08 am

    တာမီးလေး ဓာ့ပုံများ တွေ့မလားလို့.. လူဇိုးဂျီး.. သွား မုန်းဒယ်… အဲလိုနောက်နဲ့..

    • Myo Thant

      May 20, 2013 at 12:07 pm

      သမီးက ကြောင်ကြောက်သတဲ့ ၊
      ကုပ်တတ်လို့ ဆိုပဲ

      • မောင် ပေ

        May 20, 2013 at 6:30 pm

        ဟုတ်ပ
        ကျုပ် လဲ ကိုကြောင့် အတိုင်းပဲ
        ဦးဦးအန်ကယ်မျိုးသန် ့တို ့သားအဖတစ်တွေ ကျန်းမာပါစလေ

  • ခရီးသည်ကြီး

    May 20, 2013 at 11:00 am

    သို ့/
    အနေမနီး
    ခရီးဝေးမှ
    ချစ်သမီး ….။

    လောကတံထွာ
    ဤကမ္ဘာဝယ်
    မြင်လာသမျှ
    သင်္ခါရဟု
    မှတ်ရှုသတိ
    စွဲငင်ငြိလော့
    ပကတိသဘော
    ဘုရားဟောထား
    ဒုက္ခများမြှောင်
    လူတို ့ဘောင်ဝယ်
    ပြေးရှောင်မရ
    အနိစ္စမို ့
    သောကပယ်ခွင်း
    အသိရှင်းရန်
    ကျင့်ကြံအားထုတ်
    ယခု ပင်လုပ်လော ့
    ဘဝချုပ်ငြိမ်း
    အပူသိမ်းမှ
    အငြိမ်းဓတ်ရမယ်သမီးရေ ……။

    သံသရာဟာ
    အဖန်ဖန်ကွေ ့
    တစ်နေ ့သောခါ
    တွေ ့မှာမလွဲ
    အားခဲထားလေ
    နေသည်နောက်ဆုတ်
    ဆည်းဆာငုတ်လည်း
    တိမ်မည်းကင်းပျောက်
    လရောင်အောက်မှာ
    တစ်ခါပြန်၍ဆုံမယ်လေ ……..။

    ခင်မင်လျှက်
    ခရီးသည်ကြီး

    • Myo Thant

      May 20, 2013 at 12:08 pm

      ကျေးဂျူးကဘာဆိုင်းယော

  • Kaung Kin Pyar

    May 20, 2013 at 11:35 am

    ဦးမျိုးရဲ့ကဗျာတွေရော ခရီးသည်ကြီးရဲ့ ကဗျာတွေရော….ကဗျာပြခန်းထဲမှာ နေရာယူမှာ မြင်ယောင်သေးတယ်…။

    • Myo Thant

      May 20, 2013 at 12:10 pm

      ဂယ်လား
      ပျော်စရာကြီးပေါ့ 🙂

  • ဆူး

    May 20, 2013 at 11:56 am

    ချစ်သော ဖေဖေ ဆိုလို့.. တိုက်တိုက်ဆိုင်ဆိုင် တနေ့က သူငယ်ချင်း မင်္ဂလာဆောင် သွားတော့ မင်္ဂလာဆောင်မှာ သူ့ အဖေ က သူ့သမီး အတွက် ဂုဏ်ပြုချင်လို့ သီချင်းတပုဒ် ဆိုမယ် ဆိုပြီး သီချင်းဆိုသွားတယ်။
    သူ့ အဖေ သီချင်း တက်ဆိုတာ ကြည့်ပြီး ဆုံးသွားတဲ့ အဖေ ကို သတိရမိတယ်။
    ကိုယ်တိုင် ထီးလို မိုးပြီး အရိပ်ပေးတဲ့ ဖေဖေ မရှိတော့တဲ့ အချိန်မှာ မင်္ဂလာပွဲ ကျင်းပခဲ့ ရတယ်။
    သူများ မင်္ဂလာဆောင်မှာ သူ့ အဖေ ရဲ့ လုပ်ဆောင်ချက် ကို မြင်တော့ ငါ့အဖေ သာ ရှိနေခဲ့ရင် ငါ့ကိုလည်း အဲ့ဒီ ထက် မနိမ့် ဒီထက် မလျော့တဲ့ လုပ်ဆောင်ချက်နဲ့ ပျော်မှာပဲ တွေးမိပြီး ဝမ်းနည်းမိပြီး မျက်ရည်ကျမိတယ်။

    • Myo Thant

      May 20, 2013 at 12:14 pm

      ကျနော်က ၈လသားကတည်းက အဖေမဲ့ခဲ့သူ
      အခု အဖေဖြစ်တဲ့ဘဝမှာ သားသမီးတွေကို
      အဖေလိုတစ်သွယ် အမေလိုတစ်မျိုး အုပ်မိုးနေရသူပါ ၊

  • ခင် ခ

    May 20, 2013 at 12:47 pm

    သားတွေ သမီးတွေ နဲ့ မိဘတွေ အကြောင်းတစ်စုံတစ်ခုအရ တကွဲတပြားစီ နေကြတာမျိုးတော့ မဖြစ်စေချင်ပါဘူး၊ အကယ်လို့ မနေမဖြစ်နေကြရမယ်ဆိုရင်တော့ သားဘဲဖြစ်ဖြစ် သမီးဘဲဖြစ်ဖြစ် ရှင်းပြလို့ နားလည်နိုင်တဲ့အရွယ်ဆိုရင် ရှင်းပြကာ အသိပေးတာ ကောင်းမယ်ထင်ပါတယ်။ ဒါမှလည်း ကလေးတွေရဲ့ စိတ်ထဲမှာ ခံစားမှု့ မကျေနပ်နိုင်မှု့တွေ လျော့လိမ့်မယ်လို့ ထင်ပါတယ်။

    • Myo Thant

      May 20, 2013 at 12:54 pm

      ကိုခရေ
      အခုကဗျာလေးက
      အဖေပျောက်ရှာနေသူလေးအကြောင်းပါ
      အပြင်မှာ တကယ်ရှိနေလေရဲ့

  • kyeemite

    May 20, 2013 at 1:43 pm

    ချစ်သောဖေဖေ
    ချစ်သောမေမေတွေနဲ့
    အတူနေနိုင်ကြပါစေကြောင်း

  • Ma Ma

    May 20, 2013 at 4:50 pm

    မနေ့က တီဗွီမှာလာတဲ့ တရုတ်ဇာတ်လမ်းလေးထဲမှာလည်း
    ရပ်ဝေးမှာ အလုပ်သွားလုပ်၊ ငွေသွားရှာတဲ့ အဖေ အမေ တွေကို
    မျှော်နေကြတဲ့ ကလေးလေးတွေ အကြောင်း ကြည့်ရတာ
    ဝမ်းနည်းစရာ။ :eee:

  • Traditional Medicine

    May 20, 2013 at 6:57 pm

    တကယ် လို့လေ ဖေဖေ ရှာချင်တဲ့ သူလေးကိုပြောပေးပါ ရေဒီယို လေးကနေရှာပါလို့..မြန်မာပြည်မှာ..ဆိုရင် ပေါ့လေ…FM ကိုလူတိုင်း နား ထောင်တယ်…နယ်မှာပြောတာပါ..

  • အလင်း ဆက်

    May 20, 2013 at 8:16 pm

    ကဗျာကလေးကလည်း..လှ
    ပုံရိပ်ကလေးကလည်း..လှ….
    ရေးတဲ့လူကလည်း..လှ ( မယ် ထင်တယ် )
    ဖတ်တဲ့လူကလည်း..လှ ….
    ဟုတ်နေတာပဲ ဗျာ..။
    :kwi:

    • Myo Thant

      May 21, 2013 at 8:48 am

      ရေးတဲ့သူက လှစရာလားဗျ
      ခန့်တာ ခန့်တာ 🙂

  • Phoe Thitsar

    May 21, 2013 at 5:00 pm

    ကဗျာလေးဖတ်ရင်း စိတ်မကောင်းဖြစ်ရပါတယ်…
    ကျွန်တော်လည်း အမြဲဆုတောင်းမိတယ် နောက်ဘဝဆိုတာရှိခဲ့ရင် ဖေဖေမေမေတို့နဲ့ တစ်မိုးအောက်မှာ တစ်သက်တာနေခွင့်ရတဲ့သူ ဖြစ်ပါစေလို့…..

  • အရီးခင်လတ်

    May 21, 2013 at 5:45 pm

    သားလေး သမီးလေးတွေမှာ မိဘ တွေကို တွဲပြီး မြင်ချင်နေကြမှာ။
    သမီးပြောသလို “အဖေတို့ရဲ့ အိမ်ထောင်ရေး ရှောင်ပြေးရလောက်အောင်များ နာကျည်းသွား” ရလောက်အောင် အပြစ်မကြီးဘဲတစ်ချို့ဖြစ်လေ့ရှိတဲ့ နယ်လုပွဲမျိုး ဆိုရင်ဖြင့် တစ်ချက်လောက်တော့ ပြန်လှည့်ကြည့်လိုက်ပါဦးလား ကိုမျိုးရေ။
    ကလေးတွေ သနားစရာ။

    • Myo Thant

      May 22, 2013 at 8:59 am

      လွဲကုန်ပြီ အရီးရေ

      အဲဒီ အဖေရှာနေသူက တခြားကပါ ၊

      သူ့အကြောင်းလေးကြားရလို့ ဒီကဗျာကို အငှားခံစားချက်နဲ့ ရေးမိတာပါ ၊

      • အရီးခင်လတ်

        May 22, 2013 at 2:17 pm

        မွှားတဲ့အခါလဲမွှားပေမပေါ့။
        ရမ်းတီး တာ အကျင့်ပါနေသမို့ စောဒီး အကြီးကြီးပါ ကိုမျိုးရေ။ 😛

  • uncle gyi

    May 21, 2013 at 10:36 pm

    အရီးကလုပ်ချလိုက်ပဟ

Leave a Reply