ရထား ထွက်တော ့မယ်
ရထားတစ်စင်း
ဖြေးဖြေးတက် ဖြေးဖြေးဆင်း
မပြည် ့မခြင်းမထွက်ဘူး
ဘယ် ဘူတာမှကြာကြာမရပ်ဘူး
လက်မှတ်ဝယ်စရာမလိုဘူး
လက်မှတ်စစ် လာမစစ်ဘူး
ပြီးတော့…. ဆင်းမယ်ဆိုလည်း ခွင့်မပြုဘူး …..။
ရထားတစ်စင်း
မင်းတို ့ ငါတို ့ စီးနင်းခဲ့
အပျင်းလည်းပြေ ခရီးလည်းတွင်ခဲ့
တောတောင်တွေ ညအမှောင်တွေ
မြို ့ပြရဲ ့ အလင်္ကာတွေ
လောကရ ဲ့နိဗ္ဗာန်တွေ
ရယ်(ရီ)သံ ငိုသံ ပူဆွေးဟန်တွေ
ပလူပျံနေတဲ့ မာယာဥဏ်တွေ
အပူရုပ်ဟန်လုပ်မရတဲ့
အဇ္ဈတ္တ သရုပ်မှန်တွေ
အကြံအဖန်တွေကြားက
အမှန်အကန်သမားတွေ
အားလုံးမွေ ့လျော်နေတာ
အဲ့ဒါ …….ဘဝရထား …………..။
ဟော …….. ကြားရပြီ
ရထားကြီးကခရီးဆက်တော ့မယ်
ဘယ်ကိုသွားမှာလဲ …မသိ
ဘယ်ကလာတာလဲ…..မသိ
သံသရာ မဆုံးခင်အထိတော ့
ရထားစီးရဦးမှာပေါ့
ဘယ်တော ့ပြန်လာမလဲ
မမြဲတဲ့သင်္ခါရ
ဘာတစ်ခုမှကြိုမသိ
တစ်ခုတော ့ရှိတယ်
ရထားမထွက်ခင်အထိ
လက်ပြပြီးနှုတ်ဆက်နေမယ်
ခင်ဗျား တို ့ရဲ ့ခင်မင်မှုတွေ
လက်ဆောင်တွေအဖြစ်သယ်သွားမယ်
တကယ်တော ့……….
ကျုပ်လည်း လွမ်းနေမှာပေါ့
အခုတော ့ ……..
နှုတ်ဆက်ခဲ့ပါတယ် ရထားထွက်တော့မယ် ……။
ခဏတာ ခရီးတစ်ထောက်မှာ နားခွင့်ရတုန်း ခင်မင်ခွင့်ရသူများကို ဝမ်းမြောက်စွာကျေးဇူးတင်လျှက်
မဆုံးသေးတဲ့ခရီးကို ဆက်သွားရပါဦးမယ် ……….။
ခရီးသည်ကြီး
19 comments
ခရီးသည်ကြီး
May 20, 2013 at 1:42 pm
တကယ်ပဲ နှုတ်ဆက်ပါရစေ
တစ်နေ ့ပြန်ရောက်လာဦးမှာပါ
ခဏတာခိုလှုံခွင့်ရတုန်း နွေးထွေးစွာကြိုဆိုခဲ့တဲ့ ရွာသူ ရွာသားအားလုံးကိုကျေးဇူးတင်ပါတယ်
အပြောအဆိုမှားယွင်းခဲ့ရင်လည်း ခွင့်လွှတ်နိုင်ပါစေ
ခရီးသည်ကြီး
အရီးခင်လတ်
May 20, 2013 at 2:33 pm
သွားပေါ့ရှင်။
ရှင်က ခရီးသည်ကြီး နာမယ် ယူထားမှကိုး။
ဒါထက် ရထားဆိုတာ ဒီဘူတာ ကို ပြန်ပြန်ဆိုက်ရတာနော်။
မားစ် ကိုသွားရမဲ့ ခရီးလို တစ်လမ်းသွားမဟုတ်ဘူး။
ကြောင်ဝတုတ်
May 20, 2013 at 2:56 pm
တို့နှစ်ယောက်စီးနင်းလာတဲ့… ဘဝရထားပေါ်ဝယ်…
အခုတော့လဲ… အလွမ်းများနဲ့.. အဲ့လိုလေးလား…
ခင်မင်လျက်-
ဖက်ဖက်ကက်
kyeemite
May 20, 2013 at 3:13 pm
ဘဝသံသရာသီချင်းလေးလိုပေါ့နော…
ကြည်ဆောင်း
May 20, 2013 at 3:19 pm
ှုှုနှုတ်ဆက်ကဗျာလေးက တော်တော်ကောင်းရဲ့ …
ကံကြမ္မာဆိုတာ လှည်းဘီးနဲ့တင်စားကြသမို့ တွေ့ကြဆုံကြ ခွဲခွာကြနဲ့..
နောင်သံသရာ တပါတ်ပြန်လည်မှဘဲ ပြန်ဆုံကြအုန်းမှာပေါ့….
ခင် ခ
May 20, 2013 at 3:23 pm
ဘယ်အချိန်ပြန်လာအုံးမယ်၊
မသိပါသော်လည်း
ခဏတာဆုံလို့ ပြောကြဆိုကြ ခင်ခဲ့ကြလည်း
အမှတ်တရတွေတော့ ကျန်လိမ့်မှာပင်
ပြန်လည်ဆုံတွေခွင့်က အကြောင်းညီညွတ်ရင်ဖြင့်
ဆုံရအုံးမယ်ထင့်။
Lay Pai
May 20, 2013 at 3:43 pm
Have and nice trip!!!
Ma Ei
May 20, 2013 at 4:23 pm
ခုတော့လဲ..တစ်နေ ့ပြန်ရောက်လာဦးမှာပါ …
ကျေးဇူးတင်ပါတယ်…ခွင့်လွှတ်နိုင်ပါစေ…
လို့ဆိုလာပြန်ပါပြီလား ခရီးသည်ကြီးရေ…
နောက်တစ်ခေါက်များ ပြန်ရောက်လာခဲ့ရင်ဖြင့်
အသစ်တွေကို မကြိုဆိုလို့ရယ်လို့ ရန်စွယ်ငေါငေါနဲ့
အဆိုပြောတွေတော့မကြားရလောက် တော့ပါဘူးနော်…
မောင် ပေ
May 20, 2013 at 6:27 pm
အချိန်မှန် ရထားတစ်စင်း ပြေးထွက်ခဲ့
ဘဝရဲ ့ခရီးရှည်ထဲ…
Traditional Medicine
May 20, 2013 at 7:14 pm
ဘဝ ..ရထား..သွားနေလဲ..သူငယ်ချင်းတွေက အစဉ်အမြဲ…ဒီဘဝတစ်ခုမှာ.ဆုံတွေကြတာ..သူငယ်ချင်း.. များစွာ..ထာသရမခွဲခွာ..နောက်ဆုံးသော အချိန် အကြေကွဲ.ဆုံးပါ..သူငယ်ချင်းများစွာထာဝရဝေးကွာ.. (စိုင်းစိုင်း)
အလင်း ဆက်
May 20, 2013 at 8:09 pm
နှုတ်ဆက်တော့မှာလား…
သံသရာ..ဒီ ရထားနဲ ့….အဲ ့..အဲ ့…..
ဂယ်ကြီးလား..တွားတော့မှာ ။
ရထားကြီးတွေ မြင်တိုင်းး
ခရီးသည်ကြီး..ကို လွမ်းနေမယ်…။
ခရီးတစ်ပတ်လည်ရင်တော့…
ဒီရွာလေးကို.. ပြန်လာရမှာပါ…ခရီးသည်ကြီးရေ….
မျှော်လင့်ခြင်း..များစွာဖြင့်….
အလက်ဆင်းးး
🙂
Mr. MarGa
May 20, 2013 at 9:26 pm
ဆက် ထွက်ခွာ သွားတော့မှာပေါ့
ခရီးသည်ကြီးရေ
ဘဝတစ်ကွေ့မှာ ကံမကုန်ရင် ပြန်ဆုံကြသေးတာပေါ့ဗျာ
TNA
May 20, 2013 at 9:48 pm
ဘယ်ဘူတာပဲဆိုက်ဆိုက် ဘော်ဘူဘော်တော့ အသံလေးပေးအုံးနော် ခရီးသည်ကြီး။ ခရီးဆုံးပြီးရင် ခရီးပြန်စ ရစမြဲမို့ မူရင်းဘူတာရောက်ရင်တော့ဖြင့် ကျယ်ကျယ်လေးအော်ပေးပါနော့
padonmar
May 21, 2013 at 5:19 am
ဒီရွာက ဆွဲဆောင်အားကောင်းတယ်နော်
ခရီးသည်ကြီး မကြာခင်ပြန်ရောက်လာမှာပါ။
ရွာကလည်း ခရီးသည်ကြီးကို မျှော်နေကြမှာပါ။
Moe Z
May 21, 2013 at 8:55 am
တာ့တာ အူးလေး .. အူးရင်ဂိုရဲ့ ဘဝရထားသီချင်းလေးညည်းပြီးသွား
ကြားဘူးတာမှာတက်လာသမျှအသည်တွေ နှိုက်မမြည်း အဲ ဝယ်မစားနဲ့လို့ပြောတာ
မသန့်ရင်ရောဂါရမှာစိုးလို့ 😆
Miss Crystalline
May 21, 2013 at 1:23 pm
ထွက်ခွာတာချင်းတူတာတောင် ရထားစီးပြီးထွက်ခွာသွားတာ ပိုပြီးခံစားရသလိုပဲ.. :kwi:
ဖိုးကာရေးပြီး မီးမီးခဲဆိုတဲ့ အလွမ်းရထား… ဝိုင်ဝိုင်းဆိုတဲ့ အိမ်လွမ်းသူ သီချင်းတွေကိုအသေကြိုက်တာ..
မဟာရာဇာ အံစာတုံး
May 21, 2013 at 1:58 pm
ဒီရထားနဲ့ …
ကျုပ်ရော လိုက်လို့ ရမလား …
ရထားစီးခတော့ မပေးနိုင်ဘူး …
အိပ်ကပ်ထဲ ခြူတစ်ပြားမှ မရှိ …
တွဲစောင့်လေး ဘာလေး လုပ်ကိုင်ပေးရင်းနဲ့ လိုက်
ဆိုရင်တော့ဖြင့် လိုက်ချင်မိပါကြောင်း ….
အလကား နောက်တာ …. ဘယ်လိုခေါ်ခေါ် မလိုက်ဘူး …
စိတ်ချဉ်လာတဲ့ အချိန်မှ ကိုယ့်ဟာကိုယ် ထွက်သွားမယ် … ဒါဘာဗျဲ …
ရဲစည်(ခ)စောဖွပြေး
May 21, 2013 at 6:14 pm
နှုတ်ဆက်တယ်ဆိုတော့ … ပြန်နှုတ်ပါတယ် ဦးလေး …
စိတ်တော့ မကောင်းဘူးဗျာ …
ဦးလေး ရေရေရာရာ သိချင်တာလေးတွေ မသိလိုက်ရလို့ ဝမ်းနည်းပါတယ် ….
ပြန်လာရင်လဲ လာပါ
ပြန်မလာရင်လဲ နေပါ
အရာရာ လူ့သဘောအတိုင်း ဆိုပေမဲ့
မိုးကုတ်စက်ဝိုင်းအောက်မှာရှိနေသရွေ့
ကိုယ့်စိတ်တိုင်းကျတော့ ဘယ်တော့မှ
ဖြစ်လာမှာ မဟုတ်ဘူး 。。。。。
(ရှယ်လီ)
:kwi:
Mobile13
May 22, 2013 at 5:46 am
ဪ ဩ ဩးးးး လက်စသက်တော့ ခရီးသည်ကြီးဆိုတာ
သံသရာ ခရီးသည်ကြီးလို့ ဆိုလိုပေးသကိုးးးးးးးးး
ကျနော်က ရိုးရိုးတန်းတန်း နယ်လှည့်နေတဲ့ အရောင်းအဝယ်သမား
ခရီးသည်ကြီးများလားးးးးးးးးးးးးးးးး
မြေလျှောက်ဝိဇ္ဇာ ခရီးသည်ကြီးပေလားလို့ တွေးနေတာ………………..
ကျွန်ုပ်တို့သည်လည်းပဲ ခရီးသည်များပင် မုချဖြစ်လေတော့ပေ၏…………….