အပူအပင် ကင်း တဲ့ ကလေး လေး ဘဝ ကို……
အပူအပင် ကင်းတဲ့ ငယ် ဘဝတဲ့လား။
ဟုတ်မယ်။
ကိုယ်တို့ ငယ်တုန်းကများဆို ကစားဖို့နဲ့ စားဖို့လောက်ပဲ သိခဲ့ရတာ၊
ကျူရှင်ဆိုတာ ခုလိုတွေ အချိန်ပြည့်တက်ရတာမဟုတ်သေး။
အဲဒီတုန်းက ကျူရှင်ယူမှ စာတော်တယ်ဆိုရင်လည်း အချင်းချင်းက ကပ်နှိမ်ချင်ကြတာကလား။
အဲတော့ ကျောင်းဆင်းပြီဆိုတာနဲ့ ကစားကြတာပဲ။ ကျောင်းမှာလည်း အင်မတန် ဆော့ရတာကို အားမရ။
~~~
ကိုယ် က ငယ်တုန်းကတည်းက ရပ်ကွက် ကလေး လို့ ပြောရမယ်။
မွေးပြီးခါစနေ ၁ တန်းထိက စစ်ကိုင်းမှာ….
၂ တန်းနဲ့ အရေးအခင်းဖြစ်တဲ့ နှစ်မှာ ထီးချိုင်မြို့…
၃ တန်း စတက်တော့ ပျော်ဘွယ် ကို ရောက်ပြီ။
၈ တန်းမှာ ရွှေညောင်…..
၉/၁ဝ တန်းမှာ မန်းလေးမှာ ကျောင်းနေတယ်။
ဒါမဲ့ ဖေဖေရှိတဲ့ ကန့်ဘလူမြို့ကို သွားလိုက်ပြန်လိုက်။
တက္ကသိုလ်တက်တော့ ဘီအီးတန်းမှာ ပုလဲ၊ ….
ပြီးတော့ ပေါင်းတည်၊ ….
ပြီးတော့ နမ္မတူ ကို သွားလိုက်ပြန်လိုက်…..
အမ်အီးတန်းမှာ မိုးကုတ် ကို သွားလိုက်ပြန်လိုက်…..
ကိုယ်မရောက်လိုက်တာဆိုလို့ ထားဝယ်ပဲ ရှိလိုက်တယ်။
~~~
ရောက်ရာ အရပ် တစ်ရွာတစ်ကျီဆောက်တာပဲ (အဲလေ) ပျော်အောင်နေတာပဲ။
:harr:
ငယ်တုန်းကများဆို ထမင်းမစားလို့ ရိုက်ကျွေးရသတဲ့။ ပုံပြင်တွေ။
ခုများတော့ ရိုက်ပြီးမစားခိုင်းမှပဲ။ ဟိ။
အဲဒါနဲ့ အိမ်က ထမင်းဟင်းကို ဘေးအိမ်က ယူပြီး သူတို့အိမ်မှာကျွေးသလိုပုံစံနဲ့ ကျွေးမှ စားသတဲ့။
ဗီဇ က အဲ့ဒီလို။
ကျောင်းသွားရင်လည်း အိမ်က လိုက်ပို့တာမကြိုက်၊ ရပ်ကွက်ထဲက ရွယ်တူသူငယ်ချင်းတွေနဲ့သွားရမှ၊
လမ်းတစ်လျှောက် ရှိသမျှအပင်မနေရအောင် ဆော့ခဲ့တာ၊ အပင်တက်ခဲ့တာ။
~~~
အကောင်ပလောင်တွေဆိုပြောမနေနဲ့တော့။
ပုစဉ်း ကိုဖမ်း ပြီး အပ်ချည်ကြိုးချည်တာက အစ …
လိပ်ပြာကို ပုလင်းထဲ ထည့်တာ အလယ် …
ပက်ကျိကို ဆားပုံတာ အဆုံး … ရှိသမျှ သတ္တဝါ ညှင်းပန်းခဲ့တာပေါ့။
:gee:
မိုးတွင်းဆို ရှိသမျှ ဖားတွေ မနေရအောင် လိုက်ရှာပြီး အမျိုးအစားခွဲတတ်သေး။
ဖားပြုတ်က ရိုက်လေဖောင်းလေဆိုလို့ တွေ့သမျှဖားကို လိုက်ရိုက်ကြည့်တာ တစ်မျိုး။
ဖားပျံကိုဘယ်လောက်ခုန်နိုင်တုန်းသိချင်လို့ ဖမ်းပြီး ပုလင်းနက်နက်ထဲ ထည့်ပြီး ခုန်ခိုင်းတာက တစ်သွယ်။
ဖားဥတွေ ယူပြီး အကောင်ပေါက်တာကို စောင့်ကြည့်ရတာ တစ်နည်း မလွတ်တမ်း နှိပ်စက်ခဲ့တာကလား။
:gee:
~~~
အပင်တွေနဲ့ကျတော့ တစ်မျိုး။
ပတ်ဝန်းကျင်မှာ ရှိသမျှ အပင် ဘာမှမလွတ်အောင် ဆော့တတ်တာမှ အမျိုးစုံ။
သီးသီးပင် – သီးသီးထုတမ်းကစားဘူးလား။ ကိုယ့်ရွေးထားတဲ့ သီးသီးက ကွဲရင် အရှုံးပဲ။ အဲဒါကို ပြီးမှ သကြားနဲ့ ခေါက်စားတာ။ သူငယ်ချင်းအိမ်မှာ။ ဝမ်းလျှောမှ အိမ်က သိတယ်။
တရုတ်မန်ကျည်းသီးပင် – တက်လို့ အင်မတန်ကောင်းသလို စားလို့ အင်မတန်ကောင်း၏။ နီလေ ချိုလေ အမျိုးအစားပါ။ အစားလွန်ရင် ဝမ်းကိုက်တတ်၏။ အဲတော့မှ အိမ်ကသိတယ်။
မန်ကျည်းသီးပင် – အမှည့်ရော၊ အစိမ်းရောမလွတ်အောင် စားတာ။ ရွက်နုဝါးရတာလည်း အရသာပဲ။ အိမ်ကတော့ ရင်ထုမနာ၊ သူတို့ အငတ်ထားလို့ လျှောက်စားနေသလိုပဲတဲ့။
သကြားသီးပင် – အဲ အပင်မြင်ရင်ကို မခွါတော့တာ၊ အသီးနီနီလေးတွေ ရှာခူးပြီး တဝ စားလို့ ချောင်းဆိုးကာမှ သာ သိ။ ဟီးဟီး။
ဇီးသီးပင် – ခူးရတာရော၊ ကောက်ရတာရော၊ စားရတာရော ရင်ခုန်စရာ။ ခူးမယ်ဆို စူးကို ရှောင်တတ်ရတယ်။ ကောက်မယ်ဆို အကောင်းပကတိကို ရှာတတ်ရတယ်။ စားမယ်ဆို ပိုးပါတာကို မြင်တတ်ရတယ်။
သရက်ပင် – သရက်ကင်းပြီဆို အိမ်ကနေ ဆားကို ခိုးထည့်သွားတာ။ သရက်ကင်းနဲ့ တို့စားဖို့။ မပေါ်မပေါ်နဲ့ တစ်ရက် အိမ်က ရေခဲမုန့် လိုက်အကျွေးမှာ ညဘက်ကျ အန် ရောလေ။ ပါးမှာ လည်း သရက် စေးတွေ လောင်ထားသေး။ ဆူခံရတဲ့ အပြင် အမျိုးတွေ ကိုယ့်ကို တွေ့တိုင်း “သရက်ကင်းလေး ဆားနဲ့ တို့ စားပါဦးလား” အလှောင်ခံရသေး။
မာလကာပင် – အူနီပင်ကို ပိုကြိုက်။ ခူးရ စားရလွယ်ပြီး ပိုချိုလွန်းလို့။ အိမ်က အူအတက်ယောင်တတ်လို့ အစေ့ပါမှာစိုးလို့ ခွါပေးတဲ့ ဟာကို မစားချင်ဘူး။ ခူးစားရမှ ပိုကောင်းတယ်ထင်တာ။
စောင်းလျားသီး – စတားဖရုလို့လည်းခေါ်တယ်လေ။ ကိုင်းက တွဲခိုလိုက်ရင် နည်းနည်း ညွတ်ကျလာတာ။ မှည့်တာလေး ခူးပြီး ငရုတ်သီးမှုန့်နဲ့ သုပ်စားတာ။ (ရေးရင် သားရည်ကျချင်လာပြီ။)
နောက်ပြီး …..
နှင်းသီး – စစ်ကိုင်းမှာ အဲ့အသီးတွေ မှည့်ပြီဆို စက္ကူအိတ်လေးတွေနဲ့ စွတ်ပြီး ချိတ်ထားတာ။ မမှီနိုင်တော့ အပင်ရှင်ကိုပဲ ခင်အောင်လုပ်ပြီး အဝ စားရတာ။
လိုက်ချီးသီး – ထီးချိုင်မှာ ခြံတိုင်း အဲ့ အပင်ရှိပါ၏။ ကျောင်းသွားရာ လမ်းတစ်လျှောက် တစ်အိမ်မဟုတ် တစ်အိမ်က ကိုယ့်အိမ်အတွက် ပေးလိုက်မြဲပဲ။ ဘယ်တုန်းကမှ အိမ်က မစားရဘူး။ ဟီးဟီး။ လမ်းမှာတင် ကုန်။
ဩဇာပင် – အသီးထက် ဩဇာပွင့်ရှာစားရတာပိုကြိုက်တယ်။ အပင်ရှင်ကတော့မကြိုက်ဘူး။ သီးမဲ့ အသီးလျော့တာကိုး။ ဒါမဲ့ ဩဇာပင်မြင်ရင် ဩဇာပွင့်ရှာတတ်တဲ့ အကျင့်လေးက ပျောက်။ နောက်ပြီး သူများနိုင်ငံမှာ ဩဇာသီးကို ဈေးကြီးပေးစားရမှပဲ ပိုပိုလွမ်းတယ်။
ကင်းပုံ – ခြုံပင်မျိုးပဲ၊ အညာမှာ အိမ်တိုင်းနီးပါးရှိတယ်။ စားချင်တဲ့ အချိန် အမှည့်လေးခူးပြီး ပုဇွန်ခြောက်လေးနဲ့နှပ်စားရုံ။
ခူးချင် ဆိတ်ချင် ဖြစ်ပြီး မသွားရဲတာက………
ဘူးစင် တို့ ဂေါ်ရခါးစင် တို့ အောက်။ ကိုယ်က ဟို အစိမ်းတွန့်တွန့်ကောင်ကို (ဘောက်ဖတ်ခေါ်သလား၊ ခူစိမ်းခေါ်သလား၊ တူလားမတူလားတော့မသိ) အင်မတန်ကြောက်တာ။ အသည်းယားလို့။ ကိုယ့် ဆော့တဲ့ အထဲ သူတို့က လွတ်ငြိမ်းချမ်းသာခွင့်ရတယ်ရယ်။
~~~
အဲလောက် သောင်းကျန်းရုံနဲ့ မပြီးဘူးဗျ။
ကိုယ် ကိုးတန်းအထိ အိမ်က မုန့်ဖိုးမပေးဘူး။ မတဲ့တာ ဝယ်စားမဆိုးလို့။
ကိုယ်တိုင်ကလည်း အိမ်က ပေးလိုက်တဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ထောပတ် တို့ နွားနို့တို့ အလွန်မုန်း။
နယ်က ကျောင်းက သူငယ်ချင်းတွေကကျ ကြိုက်သတဲ့။
ခွင် ပဲ။
ပါလာတဲ့ မုန့်ကို သူငယ်ချင်းတွေဝယ်လာတဲ့ ရေခဲချောင်းနဲ့ လဲစားတယ်။
ချဉ်ပေါင်းဖူးယိုနဲ့ လဲ စားတယ်။ ကပ်စေးနဲ နဲ့ လဲ စားတယ်။
အတန်း နည်းနည်းကြီးတော့ ကိုယ့်ပါလာတဲ့ မုန့်ကို ပြန်ရောင်းတယ်။ စားချင်တဲ့မုန့်ကို ဝယ်စားတယ်။
ဗာဒံရွက်နဲ့ ထည့်ထားတဲ့ သင်္ဘောသီးသုပ်ဆို ကိုယ့် ဖေးဖရိတ်ဆိုတာ မှတ်မိနေသေးတယ်။ ပဲမှုန့်နဲ့ သင်္ဘောသီးလေး ကို ဆီပါလေကာနဲ့ နယ်ထားတာကို ခိုးစားရလို့လားမသိ၊ အတော်ကောင်းတယ်။
အဲဒီ စည်းစိမ်လဲ ကြာကြာမခံပါဘူး။ ဆရာမတွေ အိမ်ပြန်တိုင်လို့ မုန့်စားဆင်းချိန် အိမ်က လာပို့တဲ့ မုန့်ကို သူတို့ရှေ့မှာ စားရတော့တာပဲ။
~~~
ကိုယ် ၃ နှစ်မှာ မောင်လေးမွေးတာဗျ။ ချူချာတာရော၊ ကိုယ့်လောက် “ပါ” မကောင်းတာရောနဲ့ (အဟွတ်) အိမ်က သနားချစ်ပိုချစ်ပြီး အင်မတန်မှုတာ ကလား။
ရှင်းရှင်းပြောရရင် ခေတ်ကုန်တယ် ခေါ်မပေါ့။ အပြင်လူနဲ့ တည့်အောင်ပေါင်းပြီး ကိုယ့်လုပ်ချင်တာ လုပ်တတ်တာ အဲဒီ အရွယ်ကတည်းကပဲ။
ကျောင်းက ပြဿနာ ဘယ်တော့မှ အိမ်ပါမလာဘူး။ ရအောင် ရှင်းတယ်။
ကိုယ့်ဘက်ကတော့ အိမ်ကိုမသယ်။
ပြီးမှ သိချင်သိပဲ။
ရုံးခန်း ၂ ခါရောက်ဖူးတယ်။ တစ်သက်နဲ့တစ်ကိုယ်။
:saut:
လိုက် စ တဲ့ ကျောင်းသားကို ထောက်ချွန်နဲ့ ပေါက်လို့ရယ်၊
နောက်တစ်ခေါက်က စက်ဘီး သော့ခတ်တဲ့ ချိန်းနဲ့ လွှဲရိုက်မိလို့ရယ်။
(ဟီး၊ ခုတော့ အဲလောက်မဆိုးတော့ပါဘူး။ သူ့ ဝန်ထမ်းဘဝ မှာ အစွယ်လည်းမရှိတော့ပါဘူးရယ်။)
:kwi:
~~~
ဆရာတွေကလည်း ကိုယ့်ကို ဆိုးသာဆိုးတာ စာတော်တော့ ချစ်တယ်။ အလိုလိုက်တယ်။ စာတော်ရခြင်းရဲ့ ကောင်းကျိုးလေးတစ်ခုပေါ့လေ။
အဲဒါကြောင့် ဘယ်လောက် သောင်းကျန်းချင်ချင် စာကိုတော့ ကြိုးစားရတယ်။
မောင်လေးကို တပည့်ဆက်တော်ရတဲ့ ဆရာမတွေကကျ ကိုယ်တို့ မောင်နှမက ို ယောင်္ကျားလေးနဲ့ မိန်းကလေး မှားမွေးသတဲ့။အဲလိုပြောကြတာ။ မိန်းကလေး မဆိုးရဘူးလို့ ဘယ်သူက သတ်မှတ်ခဲ့တုန်းတော့မသိ။
မောင်လေးက စာပိုတော်ပြီး အတော်အနေအေးတာကိုး၊ သွေးအေးပြီး ကျောင်းမှာ ဘာပြဿနာမှ မရှိလို့တဲ့။
စိတ်ကျ ကိုယ့်ထက် မာသေး။ ဉာဏ်ရော ဇွဲရော ကောင်းတယ်။ ကိုယ့်လို ကောက်ရိုးမီး ဟုတ်ဘူး။
~~~
ကျောင်းမှာ ကိုယ့်ပျော်တာက ဖွံဖြိုးချိန်တွေပဲ။ ခုတော့ အဲလို အချိန်မျိုးရှိသေးလားမသိ။
စာပဲ သင်နေကြသလားပဲ။
ကိုယ်တို့တုန်းက ………..
သစ်ပင်စိုက်တယ်။
အချုပ်အလုပ်သင်တယ်။
အားကစား တစ်ခုပုံမှန်လုပ်ရတယ်။
(၈ တန်းထိ ကြက်တောင်က ခရိုင်လက်ရွေးစင်ပါ၊ ဟိ၊ ကြွားတာ။ ခုတော့ အားရင် ကစားတာ ပိုကာဒေါင်းတာပဲ ရှိတော့တယ်)
ကာယချိန်ရှိတယ်။
စာကြည့်တိုက်မှာ စာဖတ်ပြီး ပြန်ဆွေးနွေးရတာရှိတယ်။
နယ်ကျောင်းပေမဲ့ တစ်ပိုင်တစ်နိုင် အဲ့လိုလေးတွေ လုပ်ပေးခဲ့လို့ ဘာပဲပြောပြော ခုလိုထိအခြေအနေကို ရောက်နိုင်တယ်ထင်တာပဲ။
~~~
ကိုယ်ပိုင် ကစားချိန်များဆို………
– ထုတ်စီးတိုး
– ဖန်ခုန်
– ပြေးတမ်း၊လိုက်တမ်း
– တူတူပုန်းတမ်း
– တိုင်ဦးတမ်း
– ခွေးရူးလိုက်တမ်း
– လေယာဉ်ပျံ ရှပ်ထိုးတမ်း
– သားရေပင်ပစ်တမ်း
– ရုပ်ရှင်ဖွက်တမ်း အမျိုးကို စုံပဲ ကစားရတာ။
ခု ကလေးတွေများတော့ ဒါတွေ ကစားဖူးသလားမသိ။
ကွန်ပြူတာ ဂိမ်းတွေနဲ့ပဲ မြေမနင်းသားဖြစ်နေတယ်ထင်တယ်။
~~~
ကိုယ့်တို့ တုန်းက သဲပုံတွေရင် ဒိုင်ပင်ထိုးကစားတာ။
ရွှံ့ခူးပြီး အရုပ်လုပ်တယ်။။
တီကောင်တွေပါမကျန် နဂါးနန်းတော် လုပ်ဆော့တာပဲ။
အညာမှာတုန်းကတော့ အိမ်နီးချင်း အချင်းချင်းကလည်း ကိုယ့်ကလေး သူကြည့်၊ သူ့ကလေး ကိုယ် စောင့်ရှောက် နေကြတာပဲ။
အမြင်မတော်ရင် ရေမိုးချိုး သနပ်ခါး ဆင်တူလေးတွေပါ လိမ်းပေးလိုက်ကြသေးတာ။
အဲဒီ စိတ်ဓာတ်လေးတွေနဲ့ အညာမှာ ပျော်တာလေ။
ဆရာမ ခင်ခင်ထူးရဲ့ “အညာသူ အညာသား ကျွန်မ ဆွေမျိုးများ” ဖတ်ရတာ သိပ်ကြိုက်။ အညာကို အလွမ်းပြေလွန်းလို့။
ဟီး။ ဂလောက်ဆို အရင်က သောင်းကျန်းတာတွေ စားမြုံ့ပြန်ရတာ တော်ပါပြီ။
:harr:
ခုများတော့ ကိုယ်တိုင်လည်း ကွန်ပြုတာရယ် တီဗီရယ် ဖုန်းရယ်နဲ့ မလှုပ်ရှားဖြစ်တာလည်း ကြာပေါ့။
သည်းခံဖတ်ရှုသွားသူများကို ကျေးဇူးတင်ပါတယ်။
54 comments
ဦးကြောင်ကြီး
May 27, 2013 at 9:04 am
gway သီးစားဒါကြတော့ ဘာလို့ မရေးသဒုံး..
KZ
May 27, 2013 at 12:00 pm
ရေး ဇာ လား။
:harr:
မောင် ပေ
May 28, 2013 at 7:44 pm
ဇာကြီးရေ
လုံးဝ မရေးလိုက်ပါနဲ ့နော်
မောင်ပေ ရှက်သကွဲ ့
ဝှေးသီး စားခဲ့တာကို မှတ်မိနေတယ်
KZ
May 28, 2013 at 8:01 pm
ကွကိုယ် စားတုန်းက စားပြီး ဘာခုမှ ရှက်ပါပြီလဲ။
:kwi:
ကြက်အူလှည့်
May 27, 2013 at 9:13 am
ဖားလေးဒွေ သနားဇယာ ..
ယက်ဆက်ထှာ..
:'(
KZ
May 27, 2013 at 11:54 am
ဖားသက်ပြင်း ကိုတော့ ဘေးမဲ့ ပေးထားပါတယ်ဟဲ့။
:kwi:
ခင် ခ
May 27, 2013 at 10:04 am
ဪ ငယ်ဂုဏ်ပုဒ်တွေ အတော်ကြီးမားခဲ့သူ ပါလားနော်။
အဲလိုသူနဲ့ အခုချိန်မှာ ခင်ခွင့်ရခဲ့တာကို ဝမ်းသာမိပါရဲ့ဗျာ။
Myo Thant
May 27, 2013 at 10:12 am
အမယ်လေး
နာနဲ့သာ ငယ်သူငယ်ချင်းဆို ကမ႓ာပျက်လောက်တယ် ၊
အခုမှ သိရလို့ တော်သေးသပေါ့ ၊
အပြင်မှာတွေ့ဖြစ်ရင်တော့ ခပ်လှမ်းလှမ်းက နေရမယ့် သဘောပါလား ။ 🙂
KZ
May 27, 2013 at 11:52 am
ကိုမျိုးသန့်တို့ ကိုကြီးခ တို့
မလန့်ကြပါနဲ့လေ။
ခု မဆိုးတော့ပါဘူး။
မိုက် သွားပါပြီ။
အဲလေ။
ငြိမ်သွားပါပြီ။
:harr:
Miss Crystalline
May 27, 2013 at 10:16 am
မခိုင်ဇာရေ..တူလိုက်တာ.. ငယ်ငယ်တုန်းကဆိုပေါက်ကျော်မအခေါ်ခံရတယ်.. မွေးချင်းမှ ရွယ်တူမရှိတော့ သူများအိမ်မျက်နှာငယ်နဲ ့လိုက်ဆော့ရတယ်.. သူများနဲ ့ရန်ဖြစ်ပြီးမခေါ်ရင် ကိယ့်ဖာသာမာလကာပင်ပေါ် တက်ဆော့တယ်.. ငယ်ငယ်ကဖုတ်ကောင်ခေါ်တယ်.. ဆံပင်လေးနဲ ့မျှားတယ်.. တစ်ကောင်ဖမ်းပြီးမှ အဲဒီအကောင်ကိုဆံပင်မှာချည် ..နောက်တစ်ကောင်ကိုမျှားရတာလေ… အဲဒီအကောင်ကိုကိုက်ပြီးပါလာတာ.. အဲဒါလေးတွေ ပန်းကန်ထဲတန်းစီထည့်… ဘာအဓိပယ်မှလည်းမရှိဘူး.. ပျော်နေတာ.. 🙂 သူများအိမ်ကဟင်းမှကောင်းတယ်ထင်တာ.. သိပ်မပြေလည်တဲ့သူငယ်ချင်းအိမ်လိုက်လည် .. သူများချက်ထားတဲ့ဟင်းကိုအားမနာပါးမနာစား.. သူတို ့မိဘကလည်းကိုယ့်ကိုချစ်တယ်.. ကိုယ့်အဖေမျက်နှာရောပေါ့.. အခုအချိန်မှပြန်စဉ်းစားမိတယ်.. ကိုယ်အားမနာစားမိတဲ့အတွက် သူတို ့မိသားစု မှာတော့မလောက်မငစားရမှာပေါ့နော်.. အရမ်းညစ်ပတ်တဲ့အဒေါ်ကြီးရဲ ့မုန် ့ကျွဲသည်းကိုစားချင်တာ စားခွင့်မရ.. ကျောင်းတက်တဲ့နေ ့ရောက်တော့ ဟုတ်လှပြီပေါ့.. အဖေပေးတဲ့မုန် ့ဖိုးလေးနဲ ့ဝယ်ပြီးအိတ်ထဲဖွက် ထည့်လာတာ.. မာတာမိခင်ကဘယ်ကခိုးကြည့်နေလဲမသိ..အိမ်ရောက်တော့ အဲဒီမုန် ့ထုတ်လေးအပစ်ခံလိုက်ရတယ်.. စိတ်ထဲတော်တော်ခံစားလိုက်ရတယ်.. နောက်ပိုင်းသူငယ်ချင်းကို ဝယ်ခိုင်းတယ်.. အတန်းထဲတင်အပြတ်ရှင်းတယ်.. 🙂
ဦးကြောင်ကြီး
May 27, 2013 at 10:31 am
ဦးကြောင်နဲ့ အတူနေရင် အဲလို အပြင်စာတွေ ဝယ်စားရဗူးနော် ခရစ်စတယ်လေး.. ဦးကြောင် ကျွေးတာနဲ့ပဲ ကျေနပ်…
KZ
May 27, 2013 at 11:46 am
ခွိခွိ။
ပြန်မရနိုင်တော့ဘူး ဂလို ဘဝမျိုး။
ခရစ်စတယ်လေးလည်း အတော် ဆော့သကိုး။
နောက်တစ်ခု သိလာတာက မညာချင်ရင် ဘယ်သူ့ကိုမှ ဘာမှပေးမသိနဲ့ ဆိုတာပါပဲ။
:harr:
Miss Crystalline
May 28, 2013 at 3:15 pm
အခုတော့အားရင်ကစားတာ ပိုကာဒေါင်းတာပဲဆိုတာလည်းတူပါ့.. ဝါသနာတူတွေဆိုတော့ အဝေးကွင်းတောင်လာကန်ချင်သား :kwi:
KZ
May 28, 2013 at 5:20 pm
အပြန်ခရီး စရိတ်ကျန်ရင် ရတယ် မဟုတ်လား။
:kwi:
ဦးကြောင်ကြီး
May 29, 2013 at 8:56 am
လာဂျလကွယ်.. နှစ်ယောက် တယောက် .. ဒါမျိုးကတော့ သေချင်သေ ပလေ့စေ.. :kwi:
KZ
May 29, 2013 at 9:01 am
ဘာတွေ မှတ်လို့တုန်းရယ်။
ပိုကာဒေါင်းဖို့ ပြောနေတာကို။
:kwi:
ကြက်အူလှည့်
May 30, 2013 at 11:12 am
ကျော် ငယ်ငယ်တုန်းက မွန်ပြည်မှာနေတုန်း အဲ့လို ဆော့ဖူးတယ်…
ဒါပေသိ ယောက်ျားလေးဒွေမို့လား မသိ ..ပို ပွဲကြမ်းဒါရယ်….
အဲ့သည့် ဖုတ်ကောင်ကို ဖမ်းတာ ခါချဉ်ကို ခါးကို ဆံပင်နဲ့ချည်ပြီး မြှားတဲ့နည်းနဲ့ဖမ်းဒါ..
ပီးရင် ဖုတ် Vs ခါချဉ် တိုက်ပွဲ လုပ်ပီ … သေတဲ့အထိ ဆော်ဂျပေရော့ပဲ ..။
အဲ့ဒါ အားမရလို့ ရှိရင် သူငယ်ချင်းအချင်းချင်း သူ့အိမ်နဲ့ ကိုယ့်အိမ် ခါချဉ်ပြိုင်ပွဲကျင်းပလိုက်သေး
ပြိုင်ပုံက ဂလို သရက်ပင် လိုအပင်မျိုးတွေမှာ ခါချဉ်အုံတွေ ရှိသဗျ…။
(တပင် ဘယ်နှအုံရှိသလဲတော့ မသိဘု) သူ့အပင်က အကောင်ချင်းချင်းတော့
တည့်တဲ့ပုံပဲ .. ကျော်တို့က ကိုယ့်ခြံက အုံ ကို သူများခြံက အပင်မှာ သွားချိတ်ပြီး
ခါချဉ်တသောင်းတိုက်ပွဲဆိုပြီး ပြိုင်ဂျတာလေ… ဟိ
ဇာတိပုည ဂုဏ်မာန နဲ့ အိမ်ကွင်းအဝေးကွင်း တလှည့်ဆီပြိုင်တာ …ခါချဉ်တွေ သတ်ကြတာများဗျာ..
(ခုနေ လုပ်ဆို မလုပ်ရဲလော့ဘု)
ငယ်တုန်းမို့ ကြောက်ရကောင်းမှန်းလဲ မသိပါဘုဗျာ။ ပီး သူငယ်ချင်းခြံတွေကြားက (ဟိုးတလောက
နာမည်ကြီးတဲ့ ဘိဇပ်ပင်တွေ အပြည့်လေ) တော်ယုံ အနာတရလောက်တော့ အရွက်ခူးကပ်တာပါပဲ။
အော်.. သဒိရသွားဘီ ..မွန်ပြည်က ဘော်ဘော်ဒွေကို …
ဂါးးးးး
ခုချိန် အိုက် သေဂျင်းဇိမ်းဒွေက မိန်းမကိုယ်ဇီရကုန်ပလေ…
ချဉ်ထှာ…။
:byae:
ဦး ကျောက်ခဲ
May 27, 2013 at 11:36 am
ဟီး ဟီး… ဒါကြောင့်ပြောတာပေါ့…
“ဂျိုကုပ်ရှိရာ ဂျိုကုပ်လာ” သတဲ့… အဲ အဲ ဘွာတေး… ရွာထဲမှာလူကြီးလူကောင်းတွေရှိတယ်…
“အမတေရှိရာ အမတေစု” သတဲ့… အား ဟိ
:harr:
KZ
May 27, 2013 at 11:42 am
ဂလို ဆရာ ၂ ပါးကြား ဗျာများရတဲ့ တပည့်လေးကို သနားပါရဲ့။
:kwi:
ဪ လွမ်းမိပါသေး ဂျိုကုတ်ကြီးရယ်။
အဲလေ….
အမတေကြီးရယ်။
:harr:
ကထူးဆန်း
May 27, 2013 at 12:13 pm
အဲ့ဒီ့ အချိန် အခါတုန်းက လည်း မြန်မြန် လူကြီးဖြစ်ချင်ခဲ့ ကြတာဘဲ နော့် ..
လူကြီးလူကောင်းဆိုတာလည်း
တစ်ချိန်က ကလေးဆိုး ကလေးသိုးတွေပါဘဲ
ဦးကျောက်ရယ် … :hee:
ဒါကြောင့်
kz ဆိုမိန့်ထားတယ်လေ..
မယုံ ငှက်ကထ ကြီးမေးကြည့် … :harr:
KZ
May 27, 2013 at 12:35 pm
အစစ်ပဲ ကထူးဆန်း။
အဲတုန်းက ကိုယ့်ကို လူရာမသွင်းရင် အရမ်းဒေါခီးတယ်။
လူကြီးမြန်မြန်ဖြစ်ချင်တာရယ်။
ခုများတော့ ဘာမှ မသိပဲ ကစားနေရတဲ့ ဘဝ ပြန်လိုချင်နေတယ်။
ခက်တယ်။
:harr:
TNA
May 27, 2013 at 12:26 pm
ကျန်တာသိတယ်။ ဩဇာပွင့်စားရတယ်ဆိုတာတသက်နဲ့တကိုယ်ခုမှသိတော့တယ်။ ထူးဆန်းလိုက်တာ။ ဘယ်လိုအရသာလဲ။ ဘယ်လိုအပွင့်လဲ။ ကိုယ်တွေဆော့တယ်မှတ်တာ။ ကိုယ့်ထက်ပိုစီနီယာကျတဲ့သူ နဲ့တွေ့ နေသကိုး။ ကိုယ်တွေလဲ ကလောမှာနေတုန်းက အိမ်မကပ်ပဲ တောထဲသွားချင်သွား တောင်ပေါ် တက်ချင်တက်။ ( အခုလောက်လူနေမထူသလို မြို့ထဲမှာကိုတောတွေရှိတာ။ ) လမ်းတွေ့တဲ့အသီး ခူးစားတာပဲ။ ရေဆေးရမှန်းလဲမသိ။ ဘာမှမဖြစ်လို့တော်သေး။ တော ထဲကနေပြုတ်ကျ ခြေတွေလက်တွေ ဆူးခြစ်ရာတွေနဲ့။ တော်တော်ကဲခဲ့တာ။ ဒေါ်ခိုင်ဇာကိုတော့မှီဘူးတော့။
KZ
May 27, 2013 at 12:32 pm
ဆိမ့် ခါးခါးလေး မသဲရေ။
စား ပါများရင် မူးတယ်။ တောက်တယ် ခေါ်တာပေါ့။
http://www.quisqualis.com/sgapjoyanno.html
ပုံမှာ ကြည့်ပါဗျ။
:hee:
Ma Ei
May 27, 2013 at 12:46 pm
ခိုင်ဇာလွမ်းတဲ့ အပူအပင်ကင်းတဲ့ ကလေးဘဝကိုဖတ်ပြီး
ငယ်ငယ်က ဘေးချင်းကပ် အိမ်နှစ်အိမ် မိသားစုလေးစုက
မတိမ်းမယိမ်း၊ရွယ်တူ ကလေး( 5+3+4+3 ) =15 ယောက် ရဲ့
ဆော့ကစားခန်းတွေကို ပြန်မြင်ယောင်လာပါတော့တယ်…
:hee:
KZ
May 27, 2013 at 12:57 pm
ဟုတ်ပါ့။
တစ်ရပ်ကွက်ထဲ အသက်တူ ရွယ်တူ ကလေး စုကစားရတာများ ပျော်ဖို့ အလွန်ကောင်း။
:harr:
နွယ်ပင်
May 27, 2013 at 2:13 pm
အပူပင်ကင်းတဲ့ ကလေးဘ0လေးကို တစ်ခါပြန်ပီးရချင်သေးတယ် …. :harr:
ဟီးးးးးးးးးးးးးးးး တီချင်းဆိုကြည့်တာ …
နွယ်ပင်တို့များ ငယ်ငယ်တုန်း ဘာဆေ့ာသလဲ မမေးနဲ့ လမ်းထဲမှာဆို နာမယ်ကြီး
အမေက အိမ်ကနေ တစ်ချိန်လုံး လှမ်းခေါ်နေလို့ … :hee:
လက်တွေ ခြေထောက်တွေမှာဆိုလဲ ကြည့်လိုက် ငယ်က အမှတ်တရတွေအများကြီး
ခြေကွဲ ဒူးပြဲထားတာတွေ … ဟိ … 😛
အခုချိန်မှာ ဒါလေးတွေကို ပြန်တွေးမိရင်တော့ လွမ်းမိတယ် …. မမခိုင်ဇာရယ် ….
KZ
May 27, 2013 at 4:04 pm
ဟီး။ ဟုတ်ပါ့။
အမလည်း ခြေထောက်မှာ မွေးရာပါ အမှတ်ကြီး အတိုင်းပဲ။
အမာရွတ် အကြီးကြီး။
ခတ်ကျွဲမှန်ရင် ဂျိုရာ မကင်း ဘူးကိုး။
:kwi:
အင်း
ဂျိုကုတ် ရှိရာ ဂျိုကုတ်လာ စကားနဲ့တော့ ကိုက်နေပြီ။
:harr:
kyeemite
May 27, 2013 at 3:56 pm
ပြောရရင်တော့ဗျာ…ဟိုးတုန်းက ကလေးတိုင်းနီးပါး မြောက်ရှုံးအောင်ဆော့ကြပါတယ်
ရန်ကုန်တော့မသိ…နယ်တွေမှာတော့နေရာကလည်းကျယ်တာကိုး…
နောက်…ဒီလိုတွေမှမဆော့ရင် ဘာလုပ်နေမလဲ…တီဗွီမပေါ်သေး
ကွန်ပူတာမရှိသေး..ဂိမ်းမရှိသေး..အဲ..အရေးကြီးဆုံးက..ဆယ်တန်းလောက်မရောက်မချင်း
ကျူရှင်မရှိသေး..ပိုလိုက်တဲ့အချိန်တွေ…
ဆော့စရာပစ္စည်းကရိယာကလည်း ရယ်ဒီမိတ်သိပ်မရှိ(ကျုပ်တို့ငယ်ငယ်ကပြောပါတယ်)
သေနပ်ပစ်တမ်းဆော့ဖို့ ပျဉ်ပြားအဟောင်းရှာ..သေနပ်ပုံစံရအောင်ကိုယ်တိုင်ဓါးနဲ့ခုတ် လုပ်ယူရတာ..
အစားသောင်းကျန်းတာလည်း ဆင်းရဲချမ်းသာမဟူပဲ…
ပါတ်ဝန်းကျင်မှာလက်လှမ်းမှီသမျှ…စားလို့ရတာအကုန်စားကြတာပဲ..
အပေါ်က ခိုင်ဇာပြောတဲ့ အစားတွေအပြင်..ကျုပ်တို့ဆို…
စိန်ပန်းသီးတောင့်ရှည်ကြီးတွေ (မနုမရင့်) တုတ်နဲ့လှမ်းပစ်ခူးပီး
အထဲက စေ့ရှည်မြောမြောလေးတွေကိုတောင်ဝါးကြတာ.. :kwi:
ခုခေတ်ခလေးတွေခမျာမတော့….. တော်ပါပြီ..ပြောတော့ဘူး…သနားလို့ :byae:
KZ
May 27, 2013 at 4:08 pm
သူတို့က ကျုပ်တို့ ပြန်သနားနေမလားမသိပါဘူး ကိုကြီးမိုက်ရယ်။
sorrow weaver
May 29, 2013 at 3:24 pm
လေးလေးကြီးမိုက်ပြောတာလေးကြားမှ ..သတိရလို့…စိန်ပန်းသီးစေ့က .ဖြူဖြူအဖတ်လေးနှယ့် …..အင်မတန်အရသာရှိတာကလား…တထုတ်ထုတ်နဲ့ ဆိမ့်ဆိမ့်လေး…တခုပဲ…အသီးခွာရတာ ..တယ်မထောင်းသာဘူး…အဟီး
အရီးခင်လတ်
May 27, 2013 at 4:14 pm
{အတန်း နည်းနည်းကြီးတော့ ကိုယ့်ပါလာတဲ့ မုန့်ကို ပြန်ရောင်းတယ်။ စားချင်တဲ့မုန့်ကို ဝယ်စားတယ်။}
ဘာလို့ စီးပွါးရေး ကို မတက်ခဲ့ သလဲ မိန်းကလေး ရေ့။ 😉
ကြည့်ရတာ ဂျစ်တူးလေးနေမှာ။ ချစ်ဖို့လဲ ကောင်းမှာပါလေ။
😛
KZ
May 27, 2013 at 4:20 pm
ရောင်းတယ် ဆိုတာ စီးပွါးဖြစ် ဟုတ်ဘူး အရီးရဲ့။။
စားချင်တဲ့ မုန့်ကို ဝယ်စားချင်လို့ ရောင်းရတာ။
အရီးမှတ်ချက် အတွက် ကျေးဇူးပါ။
ခွိခွိခွိ။
:kwi:
အရီးခင်လတ်
May 27, 2013 at 4:25 pm
သိပါတယ်လေ။
လဲလှယ်ခြင်း အနုပညာ သဘော ကို နားလည် နေလို့ ဒီလို လုပ်သပေါ့။ 😆
TNA
May 28, 2013 at 12:08 pm
ခိုင်ဇာကမှရောင်းသေးတယ်။ ကျွန်မသားဆို လဲတောင်လဲစားတာ။ သူများတွေဟာကိုမျက်နှာငယ် နဲ့တောင်း တောင်းပန်ပန်ကိုလဲစားတာ။ စိတ်ညစ်ချက်
Shwe Ei
May 27, 2013 at 5:01 pm
သများတော့ အပင်တက် မကျွမ်းလို့ အိမ်က အကိုတေ မောင်တေ အပင်တက်ရင် မျက်နှာချိုသွေးရတာအမော……
ရပ်ကွက်ထဲ လှည့်ဆော့တာတော့ ဆရာဘဲ…..ေိေိ
:harr:
အကြိုက်ဆုံး နောက်တမျိုးက အဖေ့ညီမ အန်တီအပျိုရီးတေ စက်ချုပ်တော့ ပိုတဲ့
အဝတ်စတေနဲ့ အရုပ်မ…လုပ် အိန်းဂျီချုပ်ပေး ပီးတော့ သယ်ရင်းတေနဲ့ အရုပ်မ အလှပြိုင်ကျရော…(ဝါသနာအစစ်က အိုက်ဒါဘာ) :byae:
KZ
May 27, 2013 at 8:54 pm
ထီးချိုင့် မှာ မိုုးတွင်းဆိုု တမြို့ လုုံးရေကြီးတာ။ အဲဒီရေတိမ်မှာ နစ်ဖူးကတည်းက ရေနဲ့ ပတ်သက်ပြီး မဆော့ရဲ။
အရုုပ်မလေးတွေလည်း ကစားဖူးတယ်။
မူလ ရည်မှန်းချက်က ဖက်ရှင် ဒီဇိုုင်းနာပါကွယ်။
:byae:
Mr. MarGa
May 27, 2013 at 8:36 pm
အင်း………..
အတော် တူသကိုး
ကိုယ်တွေမလဲ ခြေထောက်က အမာရွတ်ကို မပြတ်တာ(ဆော့လွန်းလို့)
အဲဒီ ပြောထားတာတွေလဲ အပေါ်ပိုင်း အတော်များများ လုပ်ဖူးတယ်
မှတ်မှတ်ရရလေး တစ်ခု ပြောလိုက်ဦးမယ်
အပွင့် နီနီလေးတွေကို အဆုပ်လိုက် အဆုပ်လိုက် ပွင့်တဲ့ အပင်လေ (ကြက်ရုံးလား မသိ)
အဲ့ အပွင့်က ဝတ်ရည်ကို ပျားနဲ့ အပြိုင် စုပ်ဖူးတယ် ဟီဟိ
အခု ပြန်တွေးမှ
ငယ်ငယ်က အတော် အပူအပင် ကင်းကင်း နေရတာပါလားလို့ တွေးမိတယ်
အခုခေတ်လို ဂိမ်းတွေလဲ ပေါသေးဝူးကိုး
ခုနှစ်တန်းလောက်မှ ဆိုနီ ပလေးစတေရှင်ကလေးတွေ ဆော့ ကောင်းလာတာ
အခုတော့ ကွန်ပြူတာ ဂိမ်းခေတ်တောင် ရောက်နေပေါ့။
:harr: :harr: :harr: :harr:
KZ
May 27, 2013 at 8:47 pm
အဲလာ ပုုဏရိတ်ပန်း၊
ရေးဖိုု့ကျန်ခဲ့တာ။
မလွတ်ဘူး။ အဲဒါလည်းးးးး
:harr:
padonmar
May 27, 2013 at 9:26 pm
မယ်ဆွိ
တော်တော်ဆော့ခဲ့တာပဲ။
မန်ကျည်းစေ့လေးတွေ ခရေစေ့လေးတွေနဲ့ ဇယ်တောက်တမ်းရော ကစားဖူးလား။
ဂုံညင်းဒိုးပစ်တာရော။
ဒို့ငယ်ငယ်ကတော့ ဆွေမျိုးဝမ်းကွဲတွေဆုံရင် ရွေစွန်ညိုတို့၊မစာဥတို့၊လှေဖွက်တမ်းတို့ ကစားဖြစ်တယ်။
စာသင်တမ်း၊စာအုပ်ဆိုင်ဖွင့်တမ်းလည်းဆော့ဖူးတယ်။
တစ်ခါတစ်လေ အငြိမ့်ကတမ်း ကစားတာ၊အမေ့ ထမီဝတ်ပြီးအမေတို့ နှစ်ယောက်အိပ်ကုတင်ကြီးပေါ် အကကောင်းတာ ခြေချော်ကျတော့ ခေါင်းအာလူးသီးထွက်ရော။
လွမ်းတယ်အေ။
KZ
May 28, 2013 at 5:24 pm
အာတီဒုံ
အဲလို ကတာတွေ ဘာတွေကို သိပ်မကစားဖြစ်ဘူးရယ်။.
မောင်နှမ ဝမ်းကွဲ ၈ ယောက်မှာ ၆ ယောက်က ယောက်ကျားလေးမို့ စစ်တိုက်တမ်းကစားတာများတယ်။
အိုးပုပ်တမ်းတော့ ကစားဖြစ်တယ်။
ဇယ်မတောက်တတ်ဘူး။
:harr:
Ko chogyi
May 28, 2013 at 3:48 pm
KZ ရဲ့ပို့စ်ကိုဖတ်ပြီး
ငယ်ဘဝကိုလဲ လွမ်းမိပါတယ်။
ကျောင်း၊ ကျူရှင်၊ ဝိုင်း၊ ဂိုက်၊ ဂိမ်း၊ ကွန်ပြူတာ၊ အင်္ဂလိပ်စာသင်တန်းတွေနဲ့
ခြာခြာလည်နေရတဲ့ အခုခေတ်ခလေးတွေကိုလည်းသနားမိပါတယ်။
ငယ်ငယ်ကအရမ်းသောင်းကျန်းပြီး အခုမဆိုးတော့ပဲ၊ မိုက်တယ်ဆိုတဲ့ KZ ကိုလဲကြောက်မိပါတယ်။
KZ
May 28, 2013 at 5:26 pm
မကြောက်ပါနဲ့ ကိုချိုကြီးရယ်။
အနော် မိုက်တယ် ဆိုတာ အဟွာပါ။
စတိုင်၊ စတိုင် ကို ပြောတာပါ။ အဟွတ်။
:kwi:
nozomi
May 29, 2013 at 3:48 pm
အခု ရက် ကိုထီး ရဲ ့ အဲဒီ သီချင်းလေး အမှတ် မထင် ဆိုမိ သဘောကျမိ နေတာ
ငယ်ဘဝ တင်လွမ်းတာလား ငယ်ရည်းစားရာ မလွမ်းဘူးလား
KZ
May 29, 2013 at 3:52 pm
ဘယ်သူ့ လွမ်းရမှန်းမသိလို့။
ခွိခွိခွိ.။
အစ လာမထုတ်နဲ့ နော်။
နောက် ပို့(စ) တစ်ခုနဲ့ ထပ်လွမ်းလိုက်မှာ။
:kwi:
အဲလာကြောင့် ပစ္စုပ္ပန်တည့်တည့်ပဲ ရှု။
လက်ရှိ ချစ်သူလေးပဲ လွမ်းတော့မယ်။
:harr:
Ma Ma
May 29, 2013 at 4:25 pm
ခုရက်ထဲ ဖွဘုတ်မှာ ကျောင်းသားတွေ ကျောင်းက အပင်ကြီးအောက်မှာ ဆော့ကစားနေတဲ့ပုံတစ်ပုံတွေ့လိုက်တာနဲ့
ခိုင်ဇာရဲ့စာကို ဖတ်ရတာနဲ့ အသက် ၄ဝလောက် ပြန်ငယ်ချင်သွားတယ်။ :harr:
KZ
May 29, 2013 at 4:33 pm
ကျနော် ကိုယ်တိုင်လည်းဒီ ပို့(စ) ရေးနေတုန်းကို
သစ်ပင်တက်ချင်သလိုလို..
ဖားရိုက်ချင်သလိုလို.. ဖြစ်လာတယ် ချစ်မမ။
:harr:
လုံမလေးမွန်မွန်
May 29, 2013 at 5:08 pm
အာ့…ဂယ်ဂျီးလားဟင်င်… မြတ်စွာဘုရား… 🙄
KZ
May 29, 2013 at 8:39 pm
အလင်း ဆက်
May 30, 2013 at 10:15 am
အင်းးး
ကျွန်တော် လည်းး ဒီပို့စ်လေး ဖတ်ပြီးးး ငယ်ဘဝကို သတိရ မိတယ်။
ကျွန်တော် ငယ်ငယ်တုန်းက အခုလို အရွယ် မဟုတ်ဘူးဗျ။
အသက် အရွယ်ပြောပါတယ်။ ငယ်ငယ်တုန်းက ကျွန်တော်က
ခ လေး ဗျ ။
ဟိဟိ
ငယ်ငယ်တုန်းက ကျောင်း လွယ်အိတ် လမ်းဘေး ချပြီး အိုင် ပတ်
ငါးဖမ်း ခဲ့တာ တွေ
ဘေး အိမ်က ခွေးလေး ရဲ့ နားရွက်ကို
ဘက်ထရီအိုး ကို ညှပ်တဲ့ သံကလစ်နဲ့ ့
ညှပ်လိုက် မိ လို ့
အဲဒီ ခွေးလေး တကိန်ကိန် အော်ပြေး နေတာ
အ မေ က ကဲလွန်းတယ် ဆိုပြီး
အိမ် ရှေ ့ က ပိတောက်ပင် ပင်ကြီး မှာ ကြိုး တုတ်ထားလို ့ကိုယ် ငိုခဲ့ရတာ တွေ
ပြန် မြင်ယောင် မိတယ်
:kwi:
KZ
May 30, 2013 at 11:00 am
ဟုတ်မယ်။
နာ ငယ်ဒုန်းကလည်း တေးတေးလေး။
ခန္ဒာကိုယ်လေးကိုပြောတာ။
:kwi:
ခွေးတွေတော့မနှိတ်စက်ရဲဘူး။
ဘာလို့တုန်းဆို အဖေ့ ပုဆိုးကို မျက်နှာ မှာ စည်းပြီး နင်ဂျာ တမ်း ကစားကြတာ အိမ်မှာ မွေးထားတဲ့ ခွေးအုပ်လိုက်က မမှတ်မိပဲ ဝိုင်းလိုက်လို့ မောင်နှမ ၂ ယောက် ပြေးလိုက်ရတာ တန်းလို့။
:harr:
ဟောဟဲ။
အဲဂဒည်းက ခွေးကို ကြောက်တာ။
မြင်လိုက်ရင် လက်မလေး ဖွက်ပြီးသား။
pooch
October 4, 2014 at 1:55 pm
အော် ဒေါ်ဆွိ သိပ်မဆော့တတ်ရှာဘူး
ငယ်ငယ်က ဖားပြုပ်တွေနား သိပ်မကပ်ရဲဘူး အမေတို့က ဖားသေးပန်းရင် မျက်စိကန်းတယ်ဆိုပြီး ခြောက်ထားတော့ ကြောက်တာ ။ အမှန်က အဆိပ်ထုတ်တာ ထင်ပါရဲ့
ကန်ကြီးတွေနား ပုစဉ်းတွေတော့ လိုက်ဖမ်းတတ်တယ်။
ကေဇီ
October 4, 2014 at 2:24 pm
@pooch
ဂုဒေါ့
စားးသောက် စရာ လောက်ပဲ တက်ကြွတော့တယ်
:k:
kyeemite
October 4, 2014 at 2:58 pm
.ကေဇီရေးထားတာပိုစုံတယ်…ကျုပ်ကစိတ်မရှည်လို့သိပ်အသေးမစိတ်တော့တာ…
.ခေါင်းစဉ်ကထူးဆန်းစွာတိုက်ဆိုင်သွားတယ်နော
.ကျုပ်လည်း နောင်စိတ်ပါမှရေးပါအုံးမယ်..
.အဖေသတ်ချင်လောက်အောင် ကျုပ်ရှုပ်ခဲ့သမျှပေါ့ :k:
ကေဇီ
October 4, 2014 at 3:24 pm
ဆက်ရေးဦး မိုက်မိုက်။
ဟိ။
သီချင်းကလည်း ငယ်ဘွကို လွမ်းတာ ဒီတစ်ပုဒ်ရှိတာ။
ယူတဲ့ စာသား မတူ ပြီးတာပဲ။
ဟေးဟေးဟေး
:k: