“ကျုရှင်ခ´´
“ကျုရှင်ခ´´
သားလေးအရွယ် ၅ နှစ်ကွယ်
သမီးလေးအရွယ် ၅ နှစ်ကွယ်
ကျောင်းစထားဖို့ ပြင်ကြမယ်
ကျောင်းအပ်နှံကြ မိဘရယ်၊
လာမည့် ဇွန်လ ကျောင်းဖွင့်ကြတော့
ထို ၅ နှစ်ကလေး လွယ်အိတ်လေးနဲ့
ကျောင်းစတက်ပြီး ပျော်ကြမည်
နောက်ကအရိပ် လိုက်ပါခဲ့မှာ ကျုရှင်ပါတဲ့
မထားလည်းမကောင်း ထားလည်းမကောင်းမို့
မဖြစ်မနေ ထားရပေမည်
မထားချင်ကြ ရွှေးချယ်ပြပေါ့
ကိုယ်ပိုင်ကျောင်းသို့ ပို့ကြတော့လည်း
ကျုရှင်ခအပါ ယူကြသည်။
ကျောင်းအပ်နှံခ အခမဲ့မို့
သက်သာမိဘ မထင်ကြနဲ့
ဆင်ဖိုးထက်မက ချွန်းဖိုးကျမည်
ကျုရှင်ခများ ကုန်ကြလေသတည်း။
ဖတ်ရှု့သူများကျေးဇူးပါ။
ခင်ခ။
16 comments
TNA
May 27, 2013 at 3:03 pm
အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး မှန်လွန်းအားကြီးလို့ သွေးထွက်သွားပါဂျောင်း။
သုရှင်
May 27, 2013 at 3:13 pm
ကျူချင်ကျူချင်
ကျူချင်ရှိလို့လဲ
ပညာရေးတိုးတက်လာတယ်မထင်ပါနဲ့။
ကျူချင်ခ အပိုကုန်တယ်။
ဒုံရင်းတဲ့လေး။
Myo Thant
May 27, 2013 at 3:23 pm
သားကတော့ ကျူရှင်မထားရတော့ပါဘူး ၊
သူ့ကျောင်းက လစဉ် စာမေးပွဲစစ်ပြီး အမှတ်နည်းတဲ့ဘာသာကို စနေမှာ အချိန်ပိုခေါ်သင်ပါတယ် ၊
အရင် အစိုးရ အ – မ – က ကျောင်းမှာတုန်းကတော့ သူ့ဆရာမဆီမှာ ကျူရှင်တက်ရပါသဗျာ ၊
KZ
May 27, 2013 at 4:12 pm
ကိုကြီးခ
အနော် ကျူရှင်သွားမို့ ကျူရှင်ခပေးပါ။
ဒီနေ့နောက်ဆုံးပေးရမှာ။
:kwi:
ခင် ခ
May 27, 2013 at 4:49 pm
KZ နော် အရင်ကပြောတော့ ကျောင်းအပ်ခဘဲ ပေးဆို။
အခု ကျောင်းအပ်ခ အခမဲ့ဆိုတော့ ကျုရှင်ခ ဘက်လှည့်တောင်းနေပါရောလား။
ဘယ်လိုလုပ်ရပါ့လိမ့်နော်။
လင်းဇော် ထက်
May 27, 2013 at 5:20 pm
ကျူရှင်ခ ယူချင်ကျ
အပူမမြင်က လူချဉ်ပ
Mr. MarGa
May 27, 2013 at 8:39 pm
ကျောင်းနဲ့ ကျူရှင် လုံးချာလိုက်
ကလေးခမျာ ငိုက်တိုက်တိုက်
လွယ်အိတ်နဲ့လူနဲ့မလိုက်
:kwi: :kwi: kwi:
kyaw hteik
May 28, 2013 at 2:04 pm
အမေရိကနိုင်ငံမှာတောင်် မလိုက်နိုင်သောဘာသာရပ်ကို ကျူရှင်ယူရပါတယ်။ကျူရှင်ပြတာအဓိကပြသာနာမဟုတ်။ဆရာ ဆရာမများကျောင်းမှာ စာကောင်းကောင်းသင်ပြဖို့က
အဓိကပြသာနာပါ။စာမလိုက်နိုင်သော ဘာသာကိုတာ ကျူရှင်ယူရမယ်ဆိုရင်ကောင်းပါတယ်။
ဒါပေမယ့် ဆရာ/ဆရာမတွေရဲ့ ဝင်ငွေနှင့်စိတ်ဓာတ်များကို အရင်ပြုပြင်ရမယ်လို့ထင်ပါတယ်။
အစိုးရမှပြုပြင်ပြောင်းလဲရေးကို အခြေခံမှစ၍အလုံးစုံတပြိုင်နက်ပြုပြင်လုပ်ဆောင်ရပါမယ်။
ဒါမှပညာရေးဘက်စုံဖွံဖြိုးတိုးတက်လာမယ်လို့ အကြံပြုပါရစေ။ကျေးဇူးတင်ပါတယ်။
ကို ငြိမ်းမောင်
May 28, 2013 at 2:21 pm
kyaw hteik ရေ အမှန်ပါဘဲဗျာ။ အခုဟာက ကျောင်းမှာထက် ကျုရှင်ကျမှ ဆရာ ဆရာမ အများစုက သင်ကြတာရယ်၊ သူတို့ဆီကျုရှင်မယူတဲ့ကလေးဆို ပညာပြမဲတာရယ်တွေကြောင့် ဘာသာစုံကို ကျုရှင်ယူနေရတယ်လေ။ ကိုယ်ပိုင်ကျောင်းတွေက ကျုရှင်ယူစရာမလိုအောင် တကယ် သင်ကြလို့ ကောင်းတယ်ဆိုပေမယ့် တစ်နှစ်စာပေးရတဲ့ကြေးကလည်း မနည်းပါဘဲမို့ မိဘတိုင်း မတက်နိုင်ဘူးလေ။ တကယ်စေတနာ ဆရာ ဆရာမ တွေ ပြန်လည်ပေါ်ထွန်းပါစေလို့ဘဲ ကိုယ့်ကလေးကျောင်းပို့ရင်း ဆုတောင်းနေမိပါတယ်လေ။
may july
May 28, 2013 at 4:04 pm
ကျူရှင် ကျူရှင် ဆိုတော့ ဘယ်ကျူရှင်လဲ အေ့..
ကျောင်းက ဆရာမသင်တဲ့ ကျူရှင်လား … အပြင်ကျူရှင်လား …
ဈေးတော့ကွာတယ်နော် … အဆင့်လဲ ကွာလိမ့်မယ် …
ကဲကဲ ကျောင်းအပ်ရင် တစ်ခါတည်း စာရင်းပေးထားမယ်နော် … ကျူရှင်ကိစ္စ :kwi:
ခင် ခ
May 28, 2013 at 4:16 pm
မေဇူလိုင်ရေ ဘယ်ကျုရှင်ဘဲ ဖြစ်ဖြစ် အခုခေတ်က ကျောင်းသာဆို ကျုရှင်က မလွတ်ဘူးလေ။
သူငယ်တန်းကစပြီးကို ကျုရှင်ယူနေရတာလေ။
အခု မိဘတွေကျောင်းအပ်တာနဲ့ ကလေးကကျောင်းမတက်ရသေးဘူး အတန်းပိုင်က ကျုရှင်ပြသလား ဘယ်မှာလဲ ဘာသာစုံလား အဲဒါတွေပါ မေးမြန်းစုံစမ်းနေရပြီလေ။
မောင် ပေ
May 28, 2013 at 7:26 pm
ဒီလိုပါပဲ
ကျူရှင်တွေကြားထဲ
ယောင်ချာချာ
ငေးမောတွေးရင်းနဲ ့…
ဝင်ငွေကနဲ
ဘယ်လိုလုပ်မလဲ
အဖေအမေတွေထိုင်ကာ ဆွေးနေရဲ ့…
( ဘစ်ဘက် ၏ သီချင်း ကို စာသားပြောင်းလိုက်၏ )
လုံမလေးမွန်မွန်
May 28, 2013 at 10:22 pm
သာမီးခေးကျရင် ကိုယ့်ဘာသာကိုယ် သင်ပေးမယ်.. အဟီး..
ခင် ခ
May 29, 2013 at 9:11 am
တယ်ဟုတ်ပါလား လုံမလေးရေ။
သမီးခေးရရင် လာလည်ကာ ကြည့်အုံးမယ်နော်။
ko pauk mandalay
May 29, 2013 at 9:47 am
ကျနော်တို့ငယ်ငယ်က ကျုရှင်ဆိုတာ မလိုက်နိုင်မှယူကြတာ.။
အခုက ကျူရှင်မယူတဲ့သူက စာမလိုက်နိုင်တော့ဘူးလေ။
ခင် ခ
May 29, 2013 at 11:28 am
အခုက အများအားဖြင့် ကျောင်းမှာထက် ကျုရှင်မှ ဆရာ ဆရာမတွေက ပိုကောင်းအောင် သင်ကြသကိုး ကိုပေါက်ရေ။