Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူသားများ၏ မျိုးရိုးဗီဇပင်မဆဲလ်များ Stem Cells ကို ပုံတူမျိုးပွား (Clone) ပြုလုပ်နိုင်ပြီ

Mr WorldWideMay 29, 20131min4108

သက်ရှိလူသားဆဲလ်များမှ ပင်မဗီဇဆဲလ်များ ကလုန်းလုပ်ယူခြင်းကို အမေရိကန်နိုင်ငံ၊ Portland ပြည်နယ်ရှိ  Oregon Health&Science University မှ သုတေသနအဖွဲ့ကအောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပါသည်။ ကျန်းမာသောကိုယ်ခန္ဓာဆဲလ်များမှ မူလဗီဇဆဲလ်ကို ဖန်တီးယူခြင်းသည် ကမ္ဘာ့တစ်ဝန်းမှ သုတေသန ပညာရှင်များ နှစ်ပေါင်းများစွာ အပတ်တကုတ်လုပ်ဆောင်နေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ဤသို့ဖန်တီးနိုင် ခြင်းသည် ရောဂါကြောင့်လည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း သေဆုံး၊ သို့မဟုတ် ဒဏ်ရာရနေ သော ဆဲလ်များနေရာတွင် အသစ်တစ်ခုအစားထိုးပေးနိုင်ရေးစသည့် ဆေးဘက်ဆိုင်ရာအစီအစဉ်များအတွက် အဓိကအောင်မြင်မှုတစ်ခုဖြစ်ပါသည်။ ဓာတ်ခွဲခန်းထဲတွင် ကိုယ်အင်္ဂါများအစားထိုးကုသရေးအတွက် အသဲ၊ကျောက်ကပ်၊ နှလုံးတို့ကို အသစ်တစ်ခုအဖြစ်ဖန်တီးခြင်းနှင့် Parkinson ရောဂါကဲ့သို့ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများခံစားနေရသူများအတွက် အစားထိုးကုသပေးနိုင်ခြင်းတို့လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။

clomne

၎င်းသုတေသနလုပ်ငန်းအား Oregon National Primate Research ၏ Reproductive and Development Science ဌာနမှ Mr.Shoukhrat Mitalipov က ဦးဆောင်၍သုတေသနလုပ်ဆောင်နေခြင်း ဖြစ်ပြီး ၎င်းတို့တွေ့ရှိထားသော ဗီဇဆဲလ်ပြောင်းလဲမှုအား somatic cell nuclear transfer ဟုအမည်ပေး ထားကြောင်း သိရှိရပါသည်။
သုတေသနအဖွဲ့သည် နို့တိုက်သတ္တဝါများကို ၎င်းတို့တွေ့ရှိထားသော ဆဲလ်များနှင့်စမ်းသပ်ရာ အောင်မြင်ခဲ့ပြီး လူသားများကိုပါစမ်းသပ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ သုတေသနပြုလုပ်မှု သည် လူသားကလုန်းဖန်တီးနိုင်သည့်ဘက်သို့ ဦးတည်နေပုံရှိသော်လည်း Mr.Mitalipov  က ၎င်းတို့သုတေသန လုပ်ငန်း၏ ရည်ရွယ်ချက်မှာ အနာဂတ်တိုက်ပွဲများ၌ ဒဏ်ရာရလူနာများအတွက် အစားထိုးကုသပေးရေးကိုသာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: http://www.wired.co.uk/news/archive/2013-05/17/cloned-stem-cells

8 comments

  • KZ

    May 29, 2013 at 9:16 am

    နှစ်တိုတိုတွင်း မြန်မြန်တိုးတက်ပါစေ၊.

    ရုံးသွားဖို့က တစ်ယောက်…..
    အိမ်အလုပ်လုပ်ဖို့ကတစ်ယောက်…..
    ၂ ယောက်လောက်ပဲ ပွါးထားပြီး ကိုယ်တိုင် က လုပ်ချင်တဲ့ ကိစ္စလေးတွေ ရှိနေသေးလို့ပါ။

    :kwi:

  • Mr. MarGa

    May 29, 2013 at 10:52 am

    လူသား ကလုန်း ဖန်တီးနိုင်ဖို့ ဦးတည်တယ်။
    တစ်ဆက်တည်း လူသားတွေ သက်တမ်း ရှည်ရှည် နေရဖို့ကော ဦးတည်နေသလားမသိ

  • ကြက်အူလှည့်

    May 29, 2013 at 12:23 pm

    The Island ဆိုတဲ့ ရုပ်ရှင်သွားသတိရမိတယ် ပြောပြန်ရင်လည်း
    လာဗြန်ဘလား ဒီ စကားလက် ဖြစ်အူးမယ်
    :kwi:

    ထားပါလေ

    အားပေးသွားတယ် ဆြာရေ့

    • KZ

      May 29, 2013 at 12:37 pm

      လာဗြန်ဘလား။။
      :kwi:

      ပြောသာပြောရ နာ လည်း အဲ့ရုပ်ရှင်ကြိုက်လယ်။

      Ewan McGregor ကြောင့်။
      :528:

      :harr:

  • kai

    May 29, 2013 at 12:36 pm

    ဘာသာရေးအနေနဲ့.. ဘယ်လိုတွေးမလည်း.. မြင်မလည်း.. ဆွေးနွေးကြည့်ချင်သား…
    ဆိုတော့..
    ကလုန်းတကောင်က.. လူသတ်…. ခိုး..ဝှက်.. အကုသိုလ်လို့နာမယ်ရှိတာအကုန်လုပ်…။
    ကလုန်းတကောင်က… အလှူလုပ်.. တရားထိုင်.. ကုသိုလ်လို့.. နာမယ်ရှိတာအကုန်လုပ်…။

    ငရဲနဲ့..နတ်ပြည်(ရှိခဲ့ရင်)…
    ဘယ်အကောင်ဘယ်ကိုသွားမှာလည်း.. ဗျ…

    ရှေးရှေးဘဝက.. ကံဆိုတာကြီးကရော.. ဘယ်ဂျောင်ကပ်နေရမှာလည်း.. ဗျ..။

    … ကွိ…

  • ---မိုးကျရွှေကိုယ်-----dennis rockstar

    May 29, 2013 at 1:53 pm

    သူဂျီးရယ်———- အဲ့ဒီမျိုုးရိုးဗီဇနဲ ့မွေးမယ့်ဟာတွေက အဖေမရှိ အမေမရှိပဲ လူဖြစ်လာရမယ့်ကံပါလာလို ့ကို အဲ့ဒီလိုမွေးလာတာ—-
    -ကလုန်းတကောင်က.. လူသတ်…. ခိုး..ဝှက်.. အကုသိုလ်လို့နာမယ်ရှိတာအကုန်လုပ်…။အဲ့ဒီကလုန်းကောင် သူ ့အကျိုးပေးနဲ ့သူသွားမှာပေါ့
    ကလုန်းတကောင်က… အလှူလုပ်.. တရားထိုင်.. ကုသိုလ်လို့.. နာမယ်ရှိတာအကုန်လုပ်…။သူလည်း သူ ့အကျိုးပေးနဲ ့ သူသွားမှာပေါ့ဗျာ—————–

    ပြီးတော့ ငရဲနဲ ့နတ်ပြည်ဆိုတာbuddhism တစ်ခုတည်း ရှိတာမဟုတ်——– ဖန်ဆင်းရှင် ဝါဒတွေမှာလည်း( သဘောတရားချင်းမတူပေမယ့်) ကောင်းကင်ဘုံတို ့ ငရဲဘုံတို ့ရှိတာပဲလေ—— ဟုတ်ဘူးလား———- — ကွိကွိကွိ————

  • မင်းမင်း

    May 29, 2013 at 3:08 pm

    သုတများစွာဖတ်သွားပါတယ်ခင်ဗျား။

  • Ma Ma

    May 29, 2013 at 3:52 pm

    အဲဒါဆို မသေဆေးစားသလို

    လူတစ်ယောက်ကို စက်ပစ္စည်းလို မကောင်းတဲ့အပိုင်း ဖြုတ်လဲတပ် သလို ဖြစ်နေမလား။ :O:

Leave a Reply