Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်တို့ ရွာထဲမှာဗျာ

ムラカミJune 5, 20131min104242

ခက်တော့လည်း ခက်သည်။ ထိုသို့ ခက်နေသည်က ဘားမန်းပြည် အင်တာနက် ခရိုင် စီဂျေစီရင်စု ဂဇက် ကျေးရွာတွင်ဖြစ်သည်။
ထိုသို့ ခက်ရသည်မှာလည်း လောကဓါတ်ဆြာကြီး တဖြစ်လဲ မားးးခိုမ် ..အဲ့လေ… သဂျီး ဦးခိုင် ကြောင့်ဖြစ်သည်။
ကျေးရွာလူကြီးများ ကို ရွာအရေးဆွေးနွေးပွဲများတွင် ရွာစည်ပင်သာယာရေးအတွက် ..ဘယ်လိုလုပ်ကြမလဲ သွား ကြပ်ပေးမိလိုက်သည်။
သို့နှင့် ရပ်မိရပ်ဖ ဘုရားဒကာ ဦးဦးပါ ဆိုသူမှ ရပ်ရွာစည်ပင်ရေး ဆိုတာ စိုက်ပျိုးရေး အခြေပြုသည့် ကျေးရွာလေးမို့
စံပြလယ်ယာ ရွေးချယ် ဆုပေးခြင်းဖြင့် ဖော်ဆောင်အံ့ ဟု ဦးစီးဦးရွက် ပြုလာလေသည်။

ဘင်ဆင်န် ဖက်ကြမ်း ကလေး လက်ကြားညှပ်ရင်း ဒီလိုရှိတယ် အစ်မ မာရေ ဆိုပြီး ကျောင်းဒါယိကာမကြီး ဒေါ်ဒေါ်မာ ကိုတိုင်တယ်ပြီး
ဆွေးနွေး၏။ ရပ်ရွာလူကြီးအပေါင်းကလည်း ခေါင်းတငြိမ့်ငြိမ့် ပေါ့ … ဂလိုနှင့် စံပြလယ်ယာ ဆုပေးဖို့ ဖြစ်လာတော့သတည်း…။

ပိတ်သတ်ကြီး သိတော်မူသည့်အတိုင်း ဒီမိုရွာ ဖြစ်သည့်အားလျှော်စွာ ငြိမ်းချမ်းစွာ ကွဲလွဲရင်း အတူ ယှဉ်တွဲနေထိုင်ကြလေတော့သတည်း။
ဥပမာ ထုတ်ပြရလျင် ရွာမြောက်ပိုင်းက ကိုရင်ညောင်ဝတုတ် ပင်ဖြစ်သည်။

လုပ်ပေါက်ကိုလည်းကြည့်ဦး … သူ့လယ်သည် ပေါ်ဆန်းထွက်သောကြောင့် မီးဒုံး သာစိုက်သော အီးဒုံးထက်စာလျင် သူသာ
စံပြလယ်ယာ ဆုရသင့်သည် ဆိုလာသည်။ တကယ်က ပရဟိတ ဝါသနာထုံသော ကိုရင်ဝတုတ်မှာ အလှူတကာ ပါတ်စား
အဲ့လေ.. အလှူအတန်း လှည့်ပတ်လုပ်နေ သဖြင့် မိန်းမလုပ်သူမှ “ရှင် ကိုယ့်လယ်လည်း ကိုယ်ထွန်ဦး ရှင်မထွန်ရင် ကျမ
အငှားချလိုက်မယ်” ပြောထားလို့ တနိုင် စားနိုင်ရုံစိုက်ခြင်းသာဖြစ်သည်။ မီးဒုံး စိုက်သူ ရွာသူအီးဒုံးမှလည်း အားကျမခံ
သူ့လယ်ကသာ ပိုကျယ်သည့်အတွက် သူသာ စံပြလယ်ယာ ဆု ရသင့်သည် ပြောနေပြန်သည်။ ဒါမျိုးကျတော့ ရွာလယ်ပိုင်းက
(ရွာလည်နေသူ) ကိုရင်မတ်က မခံပြန်။ သူ့ လယ်သည်သာ စံပြလယ်ယာ ဆု ရသင့်သည် တဲ့ … သူ့လယ်က အထွက်အကောင်းဆုံး
မဟုတ်တုန်လော..။
ဒီနေရာမှာ တစခန်းထတာကို ကိုရင်သွ ဖြစ်သည်…။ သူဆိုလာသည်က သူ့လယ်ကသာ သီးထပ်သီးညှပ်အပြင်
ငါးပါထည့်မွေးထားသောကြောင့် စီးပွားရေးအရ အဖြစ်ထွန်းဆုံးမို့ စံပြလယ်ယာဆု သူသာရသင့်သည် ဟု ဆိုလာပြန်သည်။
ရွာလူကြီးများ အကြပ်ရိုက်ပြီတည်း။ အကောင်းဆုံးလား အများဆုံးလား အကျယ်ဆုံးလား အကျိုးအဖြစ်ဆုံးလား ..စသည်ဖြင့်
လားလားလားလား သီချင်းဆိုကြရကိန်းတည်း။

သည်တော့ နောက်ဆုံးတွင် ဒမိုခွေစီ စနစ်၏ ထုံးစံအတိုင်းမဲပေးစနစ်ဖြင့် သွားမည် ဟုအများသဘောနှင့်
ဆုံးဖြတ်လိုက်လေသည်။ (ထိုစနစ်၏နောက်တွင် အရူးလက်မှတ်ရ စိတ္တဗေဒ ကျောင်းသားမောင်ဂီ့ ရှိလေ၏။)

တကယ်က သည်စနစ်လည်း အောင်မြင်မည်ဟု မုချမဆိုနိုင်ပြန်ပေ…။
အဘယ်ကြောင့်ဆိုသော် ..ကိုရင် ညောင်ဝတုတ်က မဲလိပ်တွေ ဖယောင်းသုတ်ဖို့ ကြံနေသည်ဟု သတင်းသဲ့သဲ့ထွက်သည်။
ဒါမိုးတော့ လာကျောလို့ ဘယ်ရမတုန်းဆိုပြီး အီးဒုံးက ကြိုတင်မဲ လိုက်ကောက်သည်။ ကြိုတင်မဲ ဆိုတာကြီးလန့်လွန်းသဖြင့်
အဘဆွေတို့လို သက်ကြီးရွယ်အိုများ နှာစေးချောင်းဆိုးပင် မဖြစ်ဝံ့ဟူသတတ်။
ကိုရင်သွက သူသာစံပြလယ်ယာဆုရလျင် ထမင်းရေချောင်းစီး အလှူကြီးပေးမည် ဟု မစားရဝခမန်း မဲဆွယ်ပြီး
အိမ်ခေါင်မိုးပေါ် လော်တင်ကာ ဒေါ်မျင့်မျင့်ခင်၏ နားပန်းဆန် သီချင်း ကို တောက်လျောက်ဖွင့်သည်။
ကြွယ်ပိုးကြွယ်ဝ ရှိသူ ကိုရင်မတ်ကလည်း အားကျမခံ ဂလောက်ရှိထှာ ဆိုပြီး စပီကာငှားက ဘဘရွှေမန်းတင်မှောင်၏
အောင်ပါစေ ပြန်ဖွင့်သည်။ စီးပွားရေးလည်း ကြီးပွားရေးလည်း သမီးရဲဇားရေးလည်း အောင်ပါဇီ …ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ ..။
သိပ်မကြာလိုက် ထို၂အိမ်ကြားမှာနေသော တောင်လှေကားဦးကြီးမိုက် ထွက်ရိုက်မည် လုပ်တော့မှသာ တရွာလုံး နားချမ်းသာရာရ၏။

သည်ကြားထဲ အခြားပြဿနာ တခု တက်သေးသည် ။ ယောက်ျားတန်မဲ့ အင်မတန်စပ်စုသည့် ဆံသဆြာ ဒါးအာဂ တည်း။
ဆယ်အိမ်ခေါင်း ဗိုလ်တိုက်စိုး ကိုဆံသရင်း အင်တာဗျူးပါသတဲ့..။
ဂ။ အစ်ကိုနဲ့ အစ်ကို့အမျိုးသမီးကပေါ့နော်… ရွာထိပ်မှာ ပေါ့နော်.. ရခိုင်မုန့်တီဆိုင် ဖွင့်တယ်ဆိုတော့ပေါ့နော်…အဲ့ဒါလေး ပေါ့နော်။
တိုက်။ ဟုတ်ပါတယ်ညီလေးရယ်..အစ်ကိုတို့ကပေါ့လေ ရခိုင်မုန့်တီကို ပေါ့လေ မုန့်ဖတ်က အစ ပေါ့လေ ကိုယ်တိုင် ပေါ့လေ..။
ဂ။ အစ်ကိုတို့ကပေါ့နော် အကြော်တွေ ဘာတွေကို ပေါ့နော်.. ဘယ်လိုများပေါ့နော်။
တိုက်။ အကြော်တွေ ဆိုရင် ပေါ့လေ စားသုံးသူကျန်းမာရေး ဆိုတော့ ပေါ့လေဆီကိုသေချာ ပေါ့လေ ..ဘယ်လိုပြောရမလဲပေါ့လေ..။အင်းအိုက်ဒလို
ဂ။ ကျနော့်ဆိုင်ကိုပေါ့နော် လာတဲ့ ဖောက်သည်တွေကိုပေါ့နော် ..ကျနော် ပေါ့နော် သတင်းစကားပါးပေးပါ့မယ်ပေါ့နော် ..အစ်ကို သူတို့ကို ဘာများ
ပြောချင်ပါသေးသလဲ ပေါ့နော်
တိုက်။ အစ်ကိုတို့က ကွယ်။ စီးပွားရေးလုပ်တယ် ဆိုပေမယ့် ကွယ်။ စားသုံးသူကိုပေါ့ကွယ်။ အလေးထားပြီးတော့ပေါ့ကွယ်။ တနပ်စားပေါ့ကွယ်။
မကြံဘူးပေါ့ကွယ်။ အနပ်နပ်စားရအောင်သာ ပေါ့ကွယ် အဲ့လေ… ဟိုစကားလိုပေါ့ကွယ် ..တခါဆက်ဆံ ရာသက်ပန်ပေါ့ကွယ်။အဲ့ဒါလေးပေါ့ကွယ်။

ဟိုက်ခ်..

ဒီနေရာမှာ ဟိုက်ရသူက ကိုရင်တိုက် ညှပ်ရင်းသား စကားကောင်းနေလိုက်တာ ဆံပင်က တိုလွန်းမကတိုလာ..ယုံမက
ရှေ့၁လက်မ နောက်ပြောင် မက တော့ ..ကုန်ဘီ ကုန်ဘီ..။

ဂလိုနဲ့ ဇာတ်ပေါင်းတော့ ဆံပင်လည်းဆုံး ပီမို့ အရှက်လည်းပြေကုသိုလ်လည်းရ သင်္ကြန်တွင်း၁ဝရက် ရွာဦး ဦူးသုမင်္ဂကျောက်၏ ကျောင်းတွင် ကိုရင်တိုက်
ဘုန်းကြီးဝတ်ဖြစ် လေတော့သည်။ ချစ်စ ခင်စ ကြင်နာစ ဇနီးကလေးစိမ်းနှင့် ခွဲရသည်မို့ ကိန္ဒရာချောင်းခြား ဒါးအာဂ ကိုကား မကျေနပ်လှ။

ကိုရင်ဂကလည်း ရိပ်စားမိသည်။ ဆယ်အိမ်ခေါင်းမျက်စောင်း အကြောင်း၃ပါးမရွေးတာကို .. သည်တော့ မြို့က သူ့ဦးလေး
လက်ဖက်ရည်အဖျော်ဆြာ ကို လှမ်းခေါ်ရတော့သည်။ သဂျီးကို ကြိုတင် လာဘ်ထိုးဖို့ ဖြစ်သည်။ သိတယ်မလား မတော်သွားတိုင်နေမှဖြင့်။
သည်တော့ ဦးလေး အမဲဆီလည်း မနေသာတော့ သူ့တူမောင် အတွက် အပြေးကလေး ရွာကို ဝင်လာရတော့သည်။ လက်ဖက်ရည်
ဖျော်တိုက်ဖို့ကား ..မဟုတ်ချေ။ ဟုတ်ပါသည် ဦးအမဲဆီသည် တချိန်က တိုင်းရင်းဆေးလည်း လိုက်စားဖူးသဖြင့် အနင်းအနှိပ်လည်း
ကျွမ်းကျင်လေသည်။ တချိန်က နာမည်ကြီး အနှိပ်ဆြာ တစ်ဦးဖြစ်ခဲ့ဖူးသည် အဆိုရှိ၏။ သိမှီလိုက်သူများက အနှိပ်နှင့်ပတ်သတ်ရင်
တောင်ကျွန်း ဝိဇ္ဇာ ဦးဖော၏ ပညာစုံ အမွေဆက်ခံသည်ဟု ဆိုကြသည်။ ကိုရင်ဂ တို့ အကွက်မြင်ပုံတည်း။
သိတယ်မဟုတ်လား အဂ္ဂိယက်သမား သဂျီးခိုင်က အညောင်းအညာ သမား ပေကိုး။

မျက်စိမှုန် ပြီး မှုန်တယ်ပြောရင် မကြိုက်သော သဂျီးနှင့် နားလေးသော်လည်း နားစွန်နားဖျားနှင့် လုပ်တတ်သည့် အနှိပ်သည် တို့၏
အကြောင်းများကိုကား နောက်တပိုင်းတွင် ရှု။

အာဟိ။

တော်သေးဘီ
ခင်တဲ့
ဂီ

42 comments

  • black chaw

    June 5, 2013 at 1:37 pm

    ဇာတ်လေးတော်တော် ကောင်းတယ်ဗျာ…။
    ရုပ်ရှင်ရိုက်ဖို့ ဝယ်ချင်တယ်…ရောင်းမလား…။
    :harr:

    • ကြက်အူလှည့်

      June 5, 2013 at 1:46 pm

      ပန်းဖလက်ရေးရင်း ပျင်းပျင်းရှိတာနဲ့ ချရေးလိုက်တာပါဗျာ..
      နောက်အပိုင်းတွေမှာ ပါလတ္တံ့မို့ ကြိုမေးပယဇီ
      ရုပ်ရှင်ရိုက်ရင် နမ်းတဲ့အခန်းထည့်မာလား ငှင်င်င်င်င်

      အခု ကာဖီသောက်ရင်း အမျိုးသမီးရေးရာ က ယောက်ျားတွေမကောင်းကြောင်း
      တရားဟောတတ်တဲ့ ဒေါ်မကြီးမငယ် ဆိုတဲ့ ဇာတ်ရုပ်ကို ထိုင်စဉ်းစားနေပါဒယ်.. ကွိကွိ..

      :harr:

      • အရီးခင်လတ်

        June 5, 2013 at 3:47 pm

        တကယ် ပုံမဖော် နိုင် ဘဲ ရမ်းတီး လို့ ကတော့ ….. 👿

  • kai

    June 5, 2013 at 1:46 pm

    အင်း..
    မျက်ကပ်မှန်လေးများ.. ပြောင်းတတ်မှ… :kwi:

  • Shwe Ei

    June 5, 2013 at 2:19 pm

    (ထိုစနစ်၏နောက်တွင် အရူးလက်မှတ်ရ စိတ္တဗေဒ ကျောင်းသားမောင်ဂီ့ ရှိလေ၏။)

    တထုလောက်မေးပရဇီ…အယူးလက်မှတ်က ဒဂယ်ရထားတာလားဟင်င်င် :kwi:

    • ကြက်အူလှည့်

      June 5, 2013 at 2:22 pm

      စကားမစပ် လီဗြောင်ဟွန်း မိန်းမယူတော့မဒဲ့ ….

      :harr:

      • ခင် ခ

        June 5, 2013 at 2:52 pm

        မရွှေအိရေ မေးတာနဲ့ စကားမစပ်ဖြေပုံ သာကြည့်ပေတော့ဗျို့။

        • Shwe Ei

          June 5, 2013 at 3:06 pm

          ဟုတ်ကဲ့ လေးခ……မိန်းမယူခါနီး သတို့သားလောင်းတွေ အိုက်ဂလိုဘဲ ဂယောင်ခြောက်ခြား ဖြစ်တတ်တယ် ထင်ပါရဲ့ 😉

        • ကြက်အူလှည့်

          June 6, 2013 at 2:22 pm

          အောင်မယ့်လေးလေးလေ့လေ …
          ခုမှတွေ့ဒယ် … ရွာသူသစ်ဂလေးဒွေ အထင်အမြင်တော့ လွဲကုန်ဒေါ့မှာဗျဲ..
          အန်ကယ်ကျောက်ဆီ လည်လည်သွားမယ် ပြင်တုန်းက
          (မဇာယိ ထင်ပါတယ်..) ဟားနီးမူးလား မေးလို့ ..ဟုတ်ဒယ် ဟားနီးမူးလို့
          အာချောင်မိဒါဘာ …

          အရူးလက်မှတ်လည်း မရှိပါဘု။
          မိန်းမယူဖို့လည်း မရှိပါဘု။

          @ကိုခ ရေ..။
          ဒင်းက ကျုပ်ကို ခြစ်စနိုးနဲ့ အရူးဂီမဲ လို့ ခေါ်နေဂျ..
          ခုတောင် မမဝေါင်း မ-စ လို့ မိဂီ ဖြစ်နေတာ ….သူခေါ်တာကြီး တွင်မစိုးကြောင့်
          အဲ့နာမည်နဲ့ မရေးဖြစ်တာပါ။ ဒင်းနဲ့ ကျုပ် ကြား အရူးကိစ္စ ရှင်းစာမလိုဘု။
          ဟိုမင်းသား ကိစ္စက ဖြတ်ပြောလိုက်တာက အကြောင်းလေးဒေချိလို့ဘာာာာာ.

          :harr:

          :kwi:

  • kyeemite

    June 5, 2013 at 2:34 pm

    နားလေးသော်လည်း နားစွန်နားဖျားနှင့် လုပ်တတ်သည့် အနှိပ်သည် လက်ဖက်ရည်အဖျော်ဆြာ ဦးလေး အမဲဆီ..ရေ…..အောင်မငီး..မောထှာ
    ရဲဘော်ဘလက်တစ်ယောက် စကူဒလိုင်ဘာ လုပ်တာနဲ့ဘွဲ့တွေတော်တော်ရှည်သွားဘီ :harr:
    ကိုရင်သွ နဲ့ ကိုရင်မတ်တို့နှစ်ယောက် လည်း ကျုပ်ဒုတ်ကို ကြောက်သွားကြမှတ်တယ်.. 😛

    • ကြက်အူလှည့်

      June 6, 2013 at 2:24 pm

      နက်ဖျင်သဘက် ဆက်ရေးမယ် အူးလေးရေ..
      ဇာတ်ကောင်စရိုက်တခု အုံးစားနေလို့ဘာာာ

  • Yin Nyine Nway

    June 5, 2013 at 3:18 pm

    ပေါ့နော် … ပေါ့လေ …နဲ့ ဖြေနေပုံမြင်ယောင်မိဘီး..
    ကိုရွှေထိုက် ဆံပင် ရှေ့၁လက်မ နောက်ပြောင် မက ဖစ်တွားတာ မြင်ယောင်မိတယ် … ဟိဟိ 😛

    • ဟင် ညည်းနော်… နေ.လည် ထမင်းလာစားလို.ပြောမလို.ဟာ………သွား အထုတော့ ပြောတော့ဘူး……ဟွန်.

    • TNA

      June 5, 2013 at 5:03 pm

      အရပ်နဲ့လိုက်တွားဒါပေါ့အေ။ လှမှာ ခွိခွိ။

  • marblecommet

    June 5, 2013 at 3:19 pm

    ဒါမှ အနော်တို့ရဲ့ တောင်လှေကားကြီးကွ…..
    ……..

  • အရိပ်စစ်

    June 5, 2013 at 3:34 pm

    မျှော်နေပါတေးတီ…

  • အလင်း ဆက်

    June 5, 2013 at 3:43 pm

    ဂီ ရေ
    ဒီ ဇာတ်လမ်းကို ပြဇာတ် အဖြစ်ဖန်တီးချင်ပါတယ်။
    ဟိဟိ

    ဒါနဲ ့ ဟို ကွန်မန် ့ထဲ မှာ ဂီ ပြောသွားတာ မှားပါတယ် လို ့။
    တကယ်တော့ ကျွန်တော် မိန်းမ ယူဖို ့အစီအစဉ် မရှိသေးပါဘူး လို ့

    ပုံ
    လီဗြောင် ဟွန်းးးး

    • ကြက်အူလှည့်

      June 6, 2013 at 2:26 pm

      စိတ်ကြိုက် ပြဇာတ်ယူကနိုင်ပါတီ
      ကို
      လီပြောင်ဒညင်းဝက် ရေ…

      :harr:

  • အော် ငါ့နှယ့် ဇာတ်ကောင်နေရာတောင် ဒါးအာဂကြောင့်ပဲ ဘုန်းကြီးဝတ်ရတော့ဒါပါလား……
    သများ ချစ်သုအုပ်ကလေး လဲ ဗိုက်ကလေး ကားတားကားတားနဲ. ပါလာသေးပါလားအေ……..

    အဲဒီဒါးအာဂကို မကျေနပ်လို. ချိန်းပြီး နှစ်ယောက်ထဲ စိန်ခေါ်သောက်ပစ်အုံးမယ်…… ဒင်းတော့ တွေ.မယ်.. ဟွင်းဟွင်း…
    တောင်လှေကားကြီးမိုက် ရမ်းချက်ကတော့ (တုတ်ပြောဒါနော် အဟီး) ကင်သပိတ်ရောင်နဲ. လဗျိုဂျီး အဲဗားမတ်တောင် မခံနိုင်တော့ဘူး……ဟေးဟေးဟေး
    အနှိပ်ဆရာ အက်ဘလူး ကလဲ သိပ်လက်ပေါက်တာ……နှိပ်လိုက်တစ်ချက်ပဲ…….ကွိ

    • အာဂ

      June 19, 2013 at 5:27 pm

      ဆြာတော် တိုက်တိုက်ဖရား…သေးခံတော်မူပါခင်ဂျာ..။ သားသားလက်ချက်မဟုတ်ပဲ… ဇာနည်ဝမ်းမောင်မောင်ရဲ့ လက်ချက်ဖြစ်ကြောင်းပါခင်ဂျာ။

    • Thuyazaw

      June 20, 2013 at 10:31 am

      နင့်ချစ်သူအုပ်အုပ် တောင်လှေကားကြီးမိုက်ရဲ့ ရမ်းချက်နဲ့လွဲသွားဒယ်….. စိမ်းအုပ် စိမ်းအုပ် စိမ်းအုပ် အုပ်စိမ်း အုပ်စိမ်း 😀

  • ဦး ကျောက်ခဲ

    June 5, 2013 at 3:55 pm

    တိန်… ကျုပ်က အိမ်ထောင်ပြုဦးမှာဗျ…
    နမိတ်မရှိ နမာမရှိ ဦူးသုမင်္ဂကျောက် တော့ မလုပ်ပါနဲ့ဗျာ…
    :harr:

    • kyeemite

      June 5, 2013 at 4:27 pm

      ဆြာကျောက်က ဒါတော့အလွန်ကြောက်သမို့ မနောက်ပါနဲ့ စကူဒလိုင်ဘာရယ်
      :harr:

  • Foreign Resident

    June 5, 2013 at 4:09 pm

    ” အနှိပ်နှင့် ပတ်သတ်ရင် တောင်ကျွန်း ဝိဇ္ဇာ ဦးဖော၏ ၊
    ပညာစုံ အမွေ ဆက်ခံသည်ဟု ဆိုကြသည် ”

    တောင်ကျွန်း ဝိဇ္ဇာ ဦးဖော က “အနှိပ်ခံ” တဲ့ ပညာပဲ ကျွမ်းတာပါ ။
    သူများကို နှိပ်တဲ့ ပညာမှာတော့ ၊ လေ့လာသူ အဆင့်ပဲ ရှိသေးတယ် ၊

    တောင်ကျွန်း ဝိဇ္ဇာ ဦးဖော ရဲ့ အနှိပ်ကို ခံမယ့် ၊
    ကုန်ကြမ်း သာမီး ငယ်ချောလေးတွေ သိပ်ရှာရမလွယ်တာနှင့် ၊
    တောင်ကျွန်း ဝိဇ္ဇာ ဦးဖော လဲ အနှိပ်ပညာ သိပ် မတက်လာဘူး ဖြစ်နေတယ် ။

    ရွာထဲမှာ ကူညီနိုင်မယ့် သာမီး ငယ်ချောလေးတွေများရှိရင် ၊
    တောင်ကျွန်း ဝိဇ္ဇာ ဦးဖော ရဲ့ အနှိပ်ပညာ အဆင့်တက်လာအောင် ၊
    ဦးဖော ကို ပညာပါရမီ ဖြည့်ကြပါဦးကွယ် ။

    ဦးဖော အခု လေ့ကျင့်ချင်နေတာကတော့ Oil Massage ပါပဲ ။
    ဟီ ဟိ ။ 😛

    • TNA

      June 5, 2013 at 5:07 pm

      အုအုကျောက်ကိုခေါ်ပီးလာခဲ့။ တူစားနေကျ မုန့်ဟင်းခါးဆိုင်နားမယ်ရှိတယ်။ ငွိငွိငွိ။ ခက်တာက အုအုကျောက်က ဦူးသုမင်္ဂကျောက် ရှိုဒဲ့ ကျောင်းထိုင်ဖစ်တွားဘီရှိုဒေ့ါဂါ သိပ်တော့မလွယ်လောက်တော့ ဘူး တောင်ကျွန်း ဝိဇ္ဇာ ဦးဖော ရေ။

    • Foreign Resident

      June 5, 2013 at 5:17 pm

      အမယ် ၊ အမယ် ၊ TNA က အနှိပ် အကြောင်းတွေ သိလို့ပါလား ။

      ဟဲ ဟဲ ၊ အဘဖေါ က အခု “အနှိပ်ခံ” ရတာ ရိုးသွားလို့ ၊
      အခု သာမီး ငယ်ချောလေးတွေကို ” နှိပ်ပေး ” တဲ့ လိုင်းဘက်ကို ပြောင်းမလားလို့ ။
      TNA ပြောတဲ့နေရာက အဘ က အနှိပ်ခံ ရမယ့် နေရာလား ၊
      အဘ က သာမီး ငယ်ချောလေးတွေ ကို ” နှိပ်ပေး ” ရမယ့် နေရာလား ။
      ဟီ ဟိ ၊ နှစ်ခုစလုံး တစ်မျိုးစီ ကောင်းမယ့်ပုံပဲ ။ ဘာဖြစ်ဖြစ်ဟယ် ။

      • TNA

        June 5, 2013 at 8:28 pm

        ကြိုက်တာလုပ်အဘရေ။ သူနှိပ်ကိုယ်နှိပ်ပဲ။ ရဲတွေဆို ကင်းလှည့်ပီးပြန်လာရင်ညောင်းလို့ ဝင်ဝင် အနှိပ်ခံတာ။ သူတို့ဆိုင်ကယ်ကြီးမသွားခံရပါရောလား။ အဲဒီမှာ ရှက်ရှက်နဲ့လိုက်ဖမ်းတာ မိတယ်။ အစီး ၄ဝ တောင်ရှိပီဆိုပဲ။ သူများဟာတွေတုန်းကလိုက်မဖမ်းပဲ သူတို့ဟာပါမှ လိုက်ဖမ်းတာ ရှက်ရှက်ကိုကွဲကရော။ ဟီဟိ။ အိမ်နားမှာစုံလို့ ညောင်းလား ရတယ်။ မိုက်ခဲလား ရတယ်။ ပလောင်ထင်းမလား ရတယ်။ ********* ရတယ်။ အားလုံးရပါတီ။ မိုက်တယ်နော်။

        • ကိုရင်စည်သူ

          June 5, 2013 at 9:55 pm

          တောင်ကျွန်းဝိဇ္ဇာ.. အဘဖောခင်ည… အဲ့ ဆီမာဆပ်လေးကိုတော့
          သံသရာအထိ အပါမယူတွားပဲ.. အမိုက်အမဲလေး ကိုရင်တို့ကိုလဲ
          ဆရာစားမချန်သင်ပေးခဲ့ မိုးနတ်မင်းကြီးကို တိုင်တည် တောင်းဆိုပါတယ်။
          ကိုရင်က ခုထိ သမီးလေးတွေ နှိပ်တဲ့ ၁၂၂ ကွက်မှာပဲ တစ်နေလို့.. 😥
          ဆီနဲ့ဆို ပိုထိတယ်ကြားတယ်… အကြော.. အကြော… 😳 😳

  • ကို ငြိမ်းမောင်

    June 5, 2013 at 4:14 pm

    ရွာထဲလည်ကာ စီကာရီကာရေးတတ်လိုက်တာဘဲလေ။

  • ဦးဦးပါလေရာ

    June 5, 2013 at 6:12 pm

    နောက်တစ်ပိုင်းက တော်တော်ကောင်းမှာသေချာတယ်
    မြန်မြန်လုပ် မိဂီရဲ့…

    :harr:

  • lele kyi

    June 5, 2013 at 6:51 pm

    ကျမတို့ ရွာထဲမှာပေါ့ရှင်။ ဂိုဏ်းချုပ်တစ်ယောက်ရှိတယ်ပေါ့နော်။ ဂိုဏ်းနာမည်တော့သူ့ကိုမေးပေါ့နော်။ ဂုဏ်ယူစွာနဲ့ပြန်ဖြေလိမ့်မယ်လို့ထင်ပါတယ်ပေါ့နော်။ ဟီးဟီး။ း)

    • ကြက်အူလှည့်

      June 5, 2013 at 8:52 pm

      အပေါ်က အင်တာဗျူးခန်းကိုပေါ့နော် မြန်မာစာအဖွဲ့ာသဒ္ဒါဌာန က.ပေါ့နော် မြန်မသာသဒ္ဒါ စကားဆက် အခန်း (ကွယ်-နော်-ပေါ့-လေ-ပေါ့လေ)
      သင်ခန်းစာ အထောက်ကူပြု အဖြစ်ပေါ့နော်. သုံးချင်လို့ ဆိုပြီးတော့ပေါ့နော်. လာဝယ်မယ်ဆိုတဲ့ အစီအစဉ်ပေါ့နော်. ရှိတယ်တဲ့ တော့.
      ခွိခွိ.

      :harr:

  • ဂန္ဓာရီ ဆြာအုပ်

    June 5, 2013 at 7:30 pm

    ကိုရင်ဝတုတ်မိန်းမ သူ့လယ်ကို အငှားချ လိုက်ပီ ထင်တယ်ဗျ.. သူ့အိမ်မှာ သူမရှိရင် လူအရမ်းစည်တာပဲ.. ဟီဟီ
    (လေလံတင်နေပုံရတယ်)

  • padonmar

    June 5, 2013 at 9:11 pm

    လူစွမ်းကောင်း ၁၁ ယောက်တောင် လွမ်းမိသေး။

  • kyaw hteik

    June 5, 2013 at 10:40 pm

    ဘဝအ​မော ​ပြေ​စေ​သောပို့မို့ ဖတ်​ရှု
    ရယ်​​မော သွားပါတယ်​။
    အစဉ်​အား​ပေးလျက်​

  • ဦးကြောင်ကြီး

    June 6, 2013 at 9:25 am

    ရွာထဲမှာဗျာ
    ဖာစွဲတာငါ
    လာရဲလာဗျာ
    ဒါပဲနွှာမှာ..

  • may july

    June 6, 2013 at 1:05 pm

    နောက်တစ်ပိုင်းကို စောင့်မျျှော်လျှက် .. :kiw:

  • Wow

    June 6, 2013 at 2:02 pm

    နူးဘာဂိုဏ်းချုပ်ရဲ့ပို့စ်မှာ ကြောင်ရီးက သူဘာစွဲသလဲ ကြော်ငြာလာဝင်နေတယ်… :kwi:

  • e tone

    June 19, 2013 at 2:52 pm

    အောင်မငှီး … တူညား လက်တို့မှာ ညက်လုံးယေး ပြူးတူးပြူးတူးနဲ့ ဝင်လာကျိဒါ .. ။
    တကွယ်တည်းသော လယ်တောင် ပေါ်ဆန်းမစိုက်နိုင်တဲ့ အဖြစ်ကွီ … ။
    ဒါနဲ့.. ဘူ့လယ်ဂွက် ဆံပြားဆု ရသွားသတုန်းစ်စ်စ်စ် … 😆

  • အာဂ

    June 19, 2013 at 5:35 pm

    ငါ့မလဲ .ဇာနည်ဝမ်းမောင်မောင်နဲ့ တွေ့မှ.. ဆွေမျိုးတွေတွေ့နေရတယ်။ ဦးမဲက အနော့် ဦးလေးဆိုတော့ အနော့် အဒေါ်ကိုယူထားတာလား..။ နောက် ပြီး ဆံသဆရာ အင်တာဗျူးဝါ လည်းဖြစ်လို့….။ တိုက်တိုက်ကိုလည်း မရှိတဲ့ ကတုံး ပြောင်အောင်တုံးမိလို့ပါလား ကွယ်…ဂယ်ပဲ ခက်တယ် ခက်တယ်..

  • Shee

    October 8, 2013 at 3:01 pm

    အရူးလက်မှတ်လည်း မရှိပါဘု။
    .”””….မိန်းမယူဖို့လည်း မရှိပါဘု။……..”””

    ဒဂယ်နော်…….တင်းသွားဘီးးးး………………မွန်ဇုတ်

Leave a Reply