စင်္ကာပူက ရင်နာသူ
ကွင်းစ်တောင်းက မင်းအကြောင်းကို စဉ်းစားမိတော့… အိစ်ကုတ်မှာ ငပိဖုတ်နဲ့တူတဲ့ မင်းမျက်နှာကို စနမ်းတာကို သတိရမိတယ် ။
မရီနာဘေးမှာ မဒီကညာလေးနဲ့ အထင်လွဲတော့ ဒီတခါဝေးပြီလို့ မင်းပြောခဲ့တာလေ ။
ဂျူယောင်းမှာ မင်း.. ပူဖောင်း လိုချင်တယ်ဆိုလို့ ကို စုဆောင်းထားတဲ့ ငွေလေးနဲ့ ဝယ်ပေးခဲ့တယ်လေ..။ ပြီးတော့ အတန်းသွားမတက်ဘဲ.. စမ်းမားဆက်မှာ မရမ်းပြားအစပ် ဝယ်စားမိလို့ လဗမ်းဒါးမှာ
ဝမ်းသွားတာတွေရော မေ့ပြီလား ။ အောချက်ရောက်တော့ ငါ့ကို အပြောမညက်လို့ဆိုပြီး မင်း ဘောတစ်ချက်ကန်လိုက်တာ အခုထိ အကြောညက်နေတုန်းပဲကွယ် ။
တခါ..ဒိုဗာမှာ ချိန်းထားတုန်းက အကိုမလာလို့ဆိုပြီး ငိုရှာတော့ ဟာသအတိုအထွာနဲု့ ဂျိူကာလို လုပ်ပြီး ချော့ခဲ့တာ မှတ်မိသေးရဲ့လား ။ အဲဒီတုန်းက ငိုလိုက်တာများ..ကလက်ကီးဘက်ကျေ
တချိန်က အတိတ်ပုံတွေကိုသတိရရင်း..လောကကြီးကို စိတ်ကုန်လို့ ဘုန်းကြီးဝတ်ဖို့အကြံအစည်နဲ့ ချန်ဂီကနေ မြန်ပြည်ကို..ပြန်ပြီ အချစ်ရယ်..
(ငါမှတ်မိတဲ့ အမ်အာတီလည်း ဒီလောက်ပဲရှိတယ်)
2 comments
kopauk mandalay
July 30, 2010 at 12:09 pm
သနားစရာလေးနော်
ဘယ်ကျောင်းမှာ ဘုန်းကြီးဝတ်မှာလဲ၊
မြင်ဘူးချင်လို့ပါနော်။
fatty
July 30, 2010 at 2:40 pm
ပိုပြီးအမှတ်တရဖြစ်သွားအောင်….ပုဇွန်တောင်မှာ..စကာင်္ပူ ကျောင်းတိုက် ရှိပါတယ်။