Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိလေသာတစ်ဦး၏ ခန်းခြောက်မျက်ရည်များ

Mon LayJuly 15, 20131min56820

ဤဩကာသ လောက၌လူသားတစ်ဦးရှင်သန်ကြီးပြင်းရာတွင်

ဖခင်၏မေတ္တာတရားများကိန်းဝပ်နေသည်မှာ မထူးဆန်းလှပါ။ ထို့ပြင်လူသားတို့၏ ဘဝသည်လည်း မချမ်းသာလျှင်နေဦးတော့ တင့်တောင်းတင့်တယ်နေနိုင်သည်။ ဘဝကို သတိ္တ၊ တွန်းအားနှင့်လိုအပ်ချက်များကို ဖြည့်စွမ်းပေးနိုင်သည့် ဖခင်ရှိသော သားသမီးများသည် လောကဓံကို ကြံ့ကြံ့ခံနိုင်ကြ်သည်။ ကျွန်မသည်လည်း လူသားတစ်ဦးပင်ဖြစ်သည်။ လူသားတစ်ဦးဖြစ်သည့် ကျွန်မ၌လည်းဖခင်ရှိပါသည်။ သို့သော် ကျွန်မဘဝကအဖေကြောင့်မစိုပြည်နိုင်ခဲ့ပါ။

၁။

ကျွန်မကို လွယ်ထားရသည့်အမေကဆေးရုံမွေးခန်းထဲ၌ရှိနေသည့်အချိန်တွင် အဖေက ဖဲဝိုင်းထဲ၌ရှိနေခဲ့သည်။ ကျွန်မကို မွေးနေသည့်အချိန်နှင့် အဖေ၏ ဖဲရှုံးသည့် အချိန်ကအချိန်ကိုက်ပဲမို့ အဖေကကျွန်မကို တစ်နှစ် ကျော်တဲ့အထိ

မချီခဲ့ပါ။ ပွေ့ပိုက်နမ်းမြူ ုဖို့ဆိုတာ ကမ္ဘာအဝေးပင်။ ထို့ပြင် ကျွန်မကို ဗိုင်းတာမလေး ဟုပင် အမည်မှည့်ခဲ့သေးသည်။ သည်အကြောင်းများကို ကျွန်မအရွယ်ရောက်မှပြန်သိရတော့ ဝမ်းနည်းလိုက်တာအဖေရယ်။“ ယောက်ျားဖောင်စီး၊မိန်းမမီးနေ” ဆိုသည့်အချိန်သည် အခန့်မသင့်လျှင် ဆိုးဝါးသည့် အခြေအနေကိုတောင် ရောက်သွားနိုင်သည်မဟုတ်ပေလား။ အခုတော့ အဖေက ဘုရားစာရွတ်ပြီုးဆုတောင်းပေးနေရမည့်အစား ဖဲဝိုင်းထဲမှာတဲ့။ ထို့ပြင်ကံအကျိုး ပေးနည်းလို့ ရှုံးရသည်ကိုလည်း အခုမှလူ့လောကထဲကို

ဝင်ရောက်လာခါစ ဘာမှမသိတတ်သေးသည့်နီတာရဲလေးကျွန်မကို အဖေက ဗိုင်းတာမ လို့ခေါ်ရက်သေးတယ်နော်။

၂။

အမေတစ်ယောက်တည်း ရှာဖွေနေရသည့် အစိုးရအမှုထမ်းလစာလေးနှင့် ကျွန်မတို့မိသားစုလောက်ငသော်လည်း ခေတ်ကာလအချိန်အခါ ပြောင်းလဲလာသည်နှင့်အမျှ အဖေ၏ သုံးဖြုန်းမှုဒဏ်ကိုကြာရှည်စွာ ခံနိုင်ခြင်းမရှိသောကြောင့် တဖြည်းဖြည်းအနေအထိုင်ကျပ်တည်းလာခဲ့ရသည်။ အဖေသည်ထိုအကြောင်းခြင်းရာများကို

သိသော်လည်း အလုပ်လုပ်ရန် ဝေလာဝေးစွ။ အရက်မသောက်သည့် နေ့ခင်းဘက်တွင် ဆိုလျှင်အိမ်မှာတမေ့တမောကြီးအိပ်တတ်သည်။ အမေကလည်း အလုပ်တစ်ဖက်နှင့်ကျွန်မကို မထိန်းနိုင်။ အဖေကလည်းသူဖဲရှုံးခဲ့ရခြင်းသည် ကျွန်မကြောင့်ဟု အငြိုးအတေးထားကာ သူစိမ်းတရံဆံတို့၏ အရိပ်အောက်၌ထမင်းဘူးလေး

ကြွပ်ကြွပ်အိတ်စွပ်ပြီး ခြောက်လသားအရွယ်ကပင် ကျွန်မမူကြိုတက်ခဲ့ရသည်။

အဖေ့အတွက် ဖဲမရိုက်ရလျှင်အလုပ်ဟူသည် အရက်ဆိုင်မှာ

တစ်နေကုန်တစ်နေခန်းမမောပန်းဘဲ အရက်ထိုင်သောက် ခြင်းပငြ်ဖစ်သည်။ မည့်သည့်အလုပ်ကိုမျှလက်ကြောတင်းအောင် မလုပ်ချင်သည့်အဖေ့ကို

မည်သူကရောအလုပ်ခန့်မည်နည်း။အရက်သောက်ရန် အသပြာဆိုလည်း အမေကပေးရသည်။ မပေးလျှင် ဆူ၊ဆဲ၊ ရိုက်နှက်ပြီး အမေ့ခမျာ မရှိမဲ့ရှိမဲ့ရှာဖွေခြစ်ခြုတ်ထားသည့် ငွေအသပြာကို အတင်းရှာဖွေလုယူသွားသည်။ ပေးစရာမရှိလျှင် အမေအလုပ်သွားနေစဉ် အမေအမြတ်တနိုးသိမ်း

ထားတတ်သည့် စာအုပ်များကို ငွေအသပြာနှင့် လဲလှယ်ရောင်းစားတတ်သည်။ ဤသို့အဖေ၏ ဆိုးသွမ်းမှုများကြောင့်အမေ………….ကျွန်မကွယ်ရာ၌တိတ်တိတ်ကလေးငိုခဲ့ရကြောင်းကိုသိမြင်ခဲ့ရသည့်အချိန်မှာ ကျွန်မအသက်သုံး၊လေးနှစ်ပင် ရှိနေပေပြီ။

၃။

        ကျွန်မအရွယ်ရောက်လာသည့်အချိန်အထိ အဖေ့အချိုးတွေက ပြောင်းလဲမသွားခဲ့ပါ။ သူများသားသမီးများလက်ဝါးဖြန့်ကာ မိဘဆီကမုန့်ဖိုးတောင်းကောင်းပြီးလျှောက်လည်နေသည့် အချိန်တွင် ကျွန်မကကိုယ့်ပညာလေးနှင့် အားသည့်အချိန်၌စာပြရင်း အချိန်ကုန်ဆုံးခဲ့ရသည်။ ကျွန်မငွေလိုသည့်အချိန် အဖေ့ဆီမှာတောင်းရန်နေနေသာသာ ကျွန်မဆီကပင် ပြန်တောင်းနေသေးသည်။ မပေးလျှင်ထုံးစံအတိုင်း ဆူဆဲပြီး

`ငါနင့်ကိုမွေးထားတာပဲ၊ ငါ့မွေးကျေးဇူးတွေ…နင့်မှာအများကြီးရှိတယ်။ နင်ကမပေးရအောင်…..၊နင်ကဘာကောင်မမို့လို့လဲ´တဲ့။

ထိုနေ့ကအဖေလာတောင်းသည့်အချိန်သည် ကျွန်မကျောင်းခန်းထဲ၌စာသင်နေချိန်ဖြစ်သည်။ ကျွန်မကသိနားလည်နေသည့်အရွယ်ရောက်နေပြီဖြစ်သောကြောင့်၊သူငယ်ချင်းတွေ၏မေးငေါ့ကြည့်နေသည့်အကြည့်ရဲရဲတို့ကြောင့် ရှက်စိတ်ဖြင့်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။ သူငယ်ချင်းတွေက `နင့်အဖေဘာလုပ်လဲ´လို့ မေးလာခဲ့လျှင် ကျွန်မမည်သို့ဖြေရမည်နည်း။ ကျွန်မရှစ်ပါးသီလမလုံနိုင်လျှင်တောင်မှ ငါးပါးသီလတော့လုံချင်ပါသည်အဖေ။

၄။

       `လင်ဆိုးမယားတဖားဖား´တဲ့။ အဖေ့အပြုအမူတွေကြောင့် အမေပါအရှက်ရသည်ဆိုတာကိုရော အဖေတစ်ခါတစ်ရံမျှပင်မစဉ်းစားခဲ့မိပေဘူးလား။ ကျွန်မကိုမချစ်လျှင်နေဦးတော့ အမေ့ကိုအဖေချစ်၍သာ လက်ထပ်ခဲ့ဖြစ်သည် မဟုတ်ပေလား။

စင်စစ်ချစ်ရိုးအမှန်ဆိုလျှင် အိမ်ထောင်တစ်ခုပြည့်စုံအောင် ထူထောင်နိုင်ရန်

အဖေ့တွင်လည်းတာဝန်ရှိသည် မဟုတ်ပေလား။

အဓိကအချက်ကတင့်တောင်းတင့်တယ်နေနိုင်အောင် အဖေကြိုးစားရမည်ဖြစ်သည်။ အဖေအလုပ်မလုပ်ဘဲနှင့် အမေ့ဝန်ထမ်းလစာလေးနှင့် ကျွန်မတို့မည်သို့ ရေရှည်စားသောက်နိုင်မည်နည်း။ အသက်ငါးဆယ်ကျော်အရွယ်ချင်းတူသော် အမေ့သူငယ်ချင်းများကနုဖတ်ကြွရွလို့။ အမေ့ခမျာသာ ဟိုနားဆံပင်ဖြူကျိုးတိုးကျဲတဲ၊ သည်နားဆံပင်ဖြူကျိုးတိုးကျဲတဲနှင့် အလှမ ဆင်နိုင်ဘဲ အဖွားအိုပင်ဖြစ်နေပေပြီ။ မနက်အိပ်ယာထကတည်းက

`ငါငွေရှာမှဖြစ်မယ်။ ငွေရှိမှ ဝမ်းဝမယ် ´ လို့ သံမှိုရိုက်သွင်းထားသကဲ့သို့ စွဲနေသည့်ဦးနှောက်ထဲမှာငွေကလွဲပြီး ဘာဆိုဘာမှမသိတော့သည့် ဘဝကိုရောက်ရတော့သည်။

အမေ့ကို ကျွန်မကမိုက်မဲစွာဖြင့်

`ဘာဖြစ်လို့များ……..ဒီလောက်သည်းခံနေရတာလဲ။ အပြတ်လုပ်လိုက်ပါလား။ ပြတ်ချင်ရင်…..ခုခေတ်မှာနည်းပေါင်းစုံရှိတာပဲ´

ဟုပြောတော့ အမေကခပ်အေးအေး။ ပြီးတော့မှ စကားတစ်ခွန်းထွက်လာသည်။

` ဝဍ်ရှိလို့ခံရတာပေါ့….သမီးရယ်´တဲ့။

ကျွန်မသည် အမေ့ကိုသနားလည်းသနား။ အားမလိုအားမရဖြစ်မိရသည်မှာလည်း အမှန်ပင်။ အမေ…..အဖေ့ကိုမည်သည့်အကြောင်းကြောင့်မခွဲမခွာနိုင်ဖြစ်နေရပါသနည်း။ အဖေက တောသား။ အဖေ့မိဘများက ရွာ၌ လယ်စိုက်ရင်းအသက်မွေးဝမ်းကျောင်းနေရသည့် သူတွေဖြစ်သည်။ (အခုတော့ ဆုံးသွားပါပြီ။) အဖေကဘုန်းကြီးကျောင်းသားဖြစ်သော်လည်း ဘွဲ့ရ

ပညာတတ်တစ်ယောက်။ မည်သည့်ကိစ္စမျိုးက ကံကြမ္မာတစ်ပတ်လည်ပြီး အဖေ့ကိုပျက်စီးအောင် လုပ်လိုက်လေသနည်းဟုကျွန်မနားမလည်နိုင်။ အပေါင်းအသင်းများကြောင့်လား။ အဖေက အပေါင်းအသင်းခုံမင်တတ်သူမဟုတ်။ မည်သည့်အကြောင်းကိစ္စမျိုးနှင့်ပင်ဖြစ်ပါစေ။ အဖေ့ကို အရက်သမားကြီးတစ်ယောက်မဖြစ်စေချင်တာ ကျွန်မဘဝရဲ့ဆန္ဒတစ်ခုပါ။ အဖေ…..အမေ့

ကိုလက်မထပ်ခင်ကစာပြသည်ဟု ပြောကြပါသည်။ အဖေ့ကို

မာစီဒီးကားပေါ်ကအနောက်တိုင်းဝတ်စုံလေးဝတ်ပြီးဟိတ်ကြီးဟန်ကြီးနှင့် လက်ကိုင်အိတ်လေးဆွဲပြီး ဆင်းလာသည်ကိုမမြင်ရသည်ု့တိုင် အမေမီးပူတိုက်ပေးသောပြန့်ပြူးသည့်တိုက်ပုံအကျႌလေးကို သေသပ်ကျနစွာ ဝတ်ဆင်ပြီးသပ်သပ်ရပ်ရပ်ရှိလှသည့်ပုဆိုးလေးနှင့်စာသွားသင်တာကိုမြင်ခွင့်ရချင်လိုက်တာအဖေရယ်။

၅။

         ကျွန်မသည် အဖေ့အပေါ်ကျွန်မဖြစ်စေချင်သောမျှော်မှန်းချက်များ

(မဖြစ်နိုင်မှန်းသိသော်လည်း) ထားရှိခဲ့ခြင်းကြောင့်ကျွန်မဘဝ၏ညရက်တိုင်း၌ မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့ရသည်။ ကျွန်မသူငယ်ချင်းများတက္ကသိုလ်တက်တော့ဒေါက်မြင့်

ဖိနပ်လေးအခန့်သားစီးပြီး ကားအကောင်းစားပေါ်ကရေမွှေးနံ့သင်းသင်းလေးနှင့် ဆင်းလာပုံများ ရှုမငြီးစရာပင်။ ကျွန်မခမျာပြည်သူပိုင်ကျပ်ညှပ်နေသော ဘတ်စ်ကားကို အသက်ထွက်မတတ်တိုးစီးပြီး ဆံပင်ဖွာလန်ကျဲနှင့် မနွမ်းရုံတမယ်အကျႌလေး

ဝတ်ကာဘတ်စ်ကားပေါ်ကဆင်းလာပုံများနှင့်မနှိုင်းသာမဝံ့သာ။ နိုင်ငံခြားစံချိန်မီအကျႌတစ်ထည်သိန်းဂဏန်းထိပေးရသည့်

အဝတ်များနှင့် လှပနေကြသည့် သူငယ်ချင်းမိန်းကလေးတွေကြားမှာ

ကျွန်မရဲ့ဒီဇိုင်းကဘယ်လောက်အောက်လိုက်သလဲ။သူများတွေကကဲန်တင်းမှာထောင်ချီပေးပြီးမုန့်စားနေကြတော့သူတို့အတွက်ကျွန်မရဲ့ထမင်းချိုင့်ကဟာသတစ်ခုဖြစ်နေပြန်

သည်။

သားသမီးတစ်ယောက်မွေးဖွားလာလျှင်တာဝန်အရှိဆုံးက မိဘပင်မဟုတ်ပါလား။

ကျွန်မအကျႌအသစ်ကလေးတစ်ထည်လောက်အဖေ့ဆီမှာ ပူဆာကြည့်သည်။ အဖေ ဝယ်မပေးခဲ့ပါ။ အသက်ဆုံးသွားသည့်တိုင် အဖေကျွန်မကိုမည်သည့်လွမ်းရစ်

ပစ္စည်းတစ်ခုတစ်လေမျှဝယ်မပေးခဲ့ဖူးပါ။

တိရစ္ဆာန်ဖြစ်သည့်ငှက်မိဘများပင်ငှက်ကလေးများ အတောင်အလက်စုံလာလျှင်အပျံသင်ပေးကြသည်မဟုတ်ပေလား။လူသားမိဘဖြစ်သည့်အဖေက ကျွန်မကိုအဘယ့်ကြောင့်များ လူလားမြောက်အောင်မကျွေးနိုင်ခဲ့ရပါသနည်း။

တစ်ခါတစ်လေကျတော့လည်း ကျွန်မအဖေ့ကိုမေးချင်စရာအကြောင်းများရှိနေခဲ့သည်။ ဘာကြောင့်များကျွန်မအပေါ်ရက်ရက်စက်စက်ဥက္ခောပြုခဲ့ရပါသနည်း။အဖေကိုယ်တိုင်နှစ်သက်လို့ မွေးထားတဲ့ငါးကန်ထဲက

ငါးမလေးကိုဘယ်သောအခါမှအဖေကိုယ်တိုင်အစာကျွေးဖို့စိတ်ကူးမရှိခဲ့လျှင်ဘာကြောင့်များသမုဒ္ဒရာထဲကိုမလွှတ်ပစ်လိုက်

သနည်း။

၆။

              အဖေ့အလောင်းမြေချသည့်နေ့တွင်ကျွန်မမျက်ရည်တစ်စက်ကလေးမှမထွက်ခဲ့ပါ။ကျွန်မမျက်ရည်များအဖေ့အတွက်

ကုန်ခန်းသွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ သို့သော်အမေ့မှာတော့

မျက်ရည်တွေဝိုင်း၊နှာရည်တရှုံ့ရှုံ့။ ဆွေမျိုးများက `မငိုဘူးလား၊ကိုယ့်အဖေ့သေတာလေ´ ဟု ဝိုင်းပြောကြသော်လည်းစိတ်အပြင်အသည်းထဲကပါနာလွန်း၍ မျက်ရည်မကျခဲ့ပါ။ မိသားစု

ကောင်းရာကောင်းကျိုး၊ချမ်းသာဖို့အရေးအတွက်မည်သည့်အလုပ်မှမယ်မယ်ရရမလုပ်ခဲ့သည့်အဖေ၊အမေဘယ်လောက်ပဲ

ရန်လုပ်ရန်လုပ်၊ဘယ်လောက်ပဲတားတားသူလုပ်ချင်တာကိုပြန်မပြောနားမထောင်လုပ်တတ်တဲ့အဖေ……..ကျွန်မတွေးကြည့်

ရသလောက်ကျွန်မအတွေးပ ုံရိပ်ထဲမှာပေါ်လာတဲ့အဖေသည်ကျွန်မအတွက်သိပ်ချစ်စရာမကောင်းသကဲ့သို့သေသွားသည့်

အတွက်လွမ်းစရာလည်းကောင်းမည်မထင်ပါ။

အလောင်းမြေချခါနီးနောက်ဆုံးအနေဖြင့် အဖေ့ကိုသွားကြည့်လိုက်သည်။

တစ်ခါမှအဖေ့မျက်နှာကိုစေ့စေ့မကြည့်ဖူးခဲ့ သည့်ကျွန်မ

သည်တစ်ခါအဖေ့မျက်နှာကိုငေးပြီးကြည့်နေလိုက်သည်။ထိုအချိန်မှာပင် လေပြည်တစ်ပွေ့ကြောင့်ကျွန်မသည် မျက်နှာပေါ်တွင်လာရောက်နေရာယူနေသောဆံပင်များကိုဖယ်ရှားလိုက်စဉ်မှာပင်ပါးပြင်ပေါ်၌မည်သည့်အချိန်ကတည်းက

စိုစွတ်နေခဲ့ပြီးသောမျက်ရည်တို့ကခန်းခြောက်နေမှန်းမသိခန်းခြောက်နေခဲ့ကြသည်။

(၁.၁၁.၁၁)

 

20 comments

  • surmi

    July 15, 2013 at 11:14 am

    ဒီလိုအဖြစ်​​တွေ တကယ်​ရှိတယ်​
    မြင်​ဘူးတယ်​
    ကြားဘူးတယ်​
    ခက်​တာက မိဘဆိုတာ ​ရွေးြပြီး​တော်​ချင်​လို့မှမရတာ​လေ ဆို​တော့…
    ပြုသူအသစ်​ ဖြစ်​သူအ​ဟောင်​း မဖြစ်​​စေဖို့သာ ……

  • လူကလေး

    July 15, 2013 at 11:16 am

    ပုံပြောကောင်းတဲ့ သူငယ်ချင်းလဲ ..

    ခုလဲ ယုံချင်စရာ ပုံတစ်ခု ပြောပြန်ပြီ .. ဝမ်းနည်းထှာ..

    (ကျောင်းတုန်းကတည်းက ငါ့ကို ဖောပြီး ရွှီးခဲ့တာတွေကို လွမ်းထှာ)

  • Myo Thant

    July 15, 2013 at 11:30 am

    အင်း ကျနော့် အဖေလည်း သောက်ခဲ့တယ် ၊ မသေခင် အမေနဲ့ ကွဲတယ် ၊

    ကျနော့် ကိုတော့ မိုင် ၄ဝ ခရီးကနေ လာလာစောင့်ကြည့်တတ်သတဲ့ ၊

    ဘယ်အမေ ဘယ်အဖေကမှ ကိုယ့်သားသမီးကို မချစ်ဘူး ဆိုတာ မဖြစ်နိူင်ဘူးထင်တယ် ၊

    တစ်ခုရှိတာက တစ်ချို့ဟာ ကိုယ့်မေတ္တာကို သူမြင်အောင် မပြတတ်ဘူး ၊

    ဒီလိုများ ဖြစ်လေမလား ၊

    တစ်ခုတော့ ပြောချင်ပါတယ် ၊ စိတ်ထဲ တစ်မျိုး မထင်ပါနဲ့နော် ၊

    ဒီကနေ့ ကိုယ်လူဖြစ်နေတာဟာ သူတို့မွေးပေးခဲ့လို့ပဲ မဟုတ်လား ၊

    အဲဒီလိုလေး တွေးကြည့်ရင်ကော ?

    ( ကျွန်တော် ကလေး ၃ ယောက်အဖေပါ ၊ )

  • သျှားသက်မာန်

    July 15, 2013 at 1:20 pm

    ကျေးဇူးပြုပြီးကျွန်မရဲ့အဖေလို့မထင်လိုက်ပါနဲ့နော်……….အဌားခံစားချက်သက်သက်သာဖြစ်ပါကြောင်း။

  • သျှားသက်မာန်

    July 15, 2013 at 1:21 pm

    ဦးဆာမိပြောတာမှန်ပါတယ်…ကိုယ့်ဘဝရဲ့ကံလို့ပဲပြောရမှာပေါ့

  • သျှားသက်မာန်

    July 15, 2013 at 1:22 pm

    လူကလေးရဲ့ငါကနင့်ဆိုသိပ်စချင်ခဲ့တာ…..ပြီးတော့နင်ကသိပ်ယုံတာကိုး

  • သျှားသက်မာန်

    July 15, 2013 at 1:24 pm

    ဦးမျိုးသန့်ရေးခဲ့တဲ့စာကိုလည်းဖတ်ခဲ့ဖူးပါတယ်……….. သိပ်ကောင်းတဲ့စာသားတွေပါပဲ….. ဒါပေမဲ့ကျွန်မကတော့. အဌားခံစားချက်သာဖြစ်ပါတယ်… .ရင်ထဲကိုလာထိတော့လည်း စာတစ်ပုဒ်ဖြစ်လာတယ်ထင်ပါတယ်.

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 15, 2013 at 2:22 pm

    ဖတ်လို့တော့အစဉ်ပြေသား
    စာယေးစယာတွေများ တယ်လည်းဖွဲ့နွဲ့တတ်ဒယ်
    ကျုပ်အဘနဲ့ သူ့မိန်းမကျုပ်အမေ တစ်ခါတစ်လေပွစိလန်တတ်ကြတယ်
    သူတို့အချစ်တုံးလေးကျုပ်ကို
    အကြောင်းတစ်ခုခုရှိလို့ ကျုပ်အမေကကျုပ်ကိုစိတ်ပူတဲ့အခါကြရင်
    ကျုပ်အဘက ဒီလောက်ထိစိတ်မပူဘို့နဲ့ ဘာမှအသုံးမကျတဲ့ကောင်
    ပြန်မလာလဲအေးတာဘဲလို့ပြောရင်
    သူကဗိုက်နဲ့လွယ်ပြီးမွေးထားရတဲ့အကြောင်းဖေါခြင်းသောခြင်းငိုကြီးချက်မနဲ့
    လွမ်းခန်းဖွင့်ရင်
    ကျုပ်အဘကလည်းအားကျမခံ
    ဟ ငါ့လည်းငါ့သား ငါ့ဗိုက်နဲ့မွေးခြင်တာပေါ့ဟ ငါ့မှလုပ်လို့မရတာ
    ငါ့လုပ်လို့ရတာငါလုပ်တာဘဲ ( ဘာလုပ်လည်းကျုပ်လည်းမေးမရဲဘူး )
    အဲ့သည်ချိန်ကျုပ်ကအိမ်အောက်ကထင်းပုံဘေးမှာ ကွေးနေတာ
    မူးမူးနဲ့ပြန်လာတာ ကျုပ်အဘရှိလို့ အိမ်ပေါ်တက်မရဲတော့ ထင်းပုံဘေးမှာ
    ဂုံနီအိပ်လေးခင်းပြီးမှိန်းနေတာ

  • kai

    July 15, 2013 at 3:03 pm

    သားသမီးမှာက.. အဖေ-အမေရဲ့ဒီအန်င်အေပါတယ်..
    တခြားဘယ်လူသား.. ဘယ်သူနဲ့မှမတူပါ..။ ကလေးကိုဒီအန်အေသာကောက်ဆွဲစစ် တိုက်စစ်လိုက်.. ကလေးမိဘဘယ်သူတန်းသိနိုင်တဲ့ခေတ်..အခြေအနေပါ..

    တိတိကျကျပြောရရင်.. သားသမီးဟာ.. မိဘရဲ့နောင်ဘဝပါပဲ…
    ကလေးနုစဉ်မှာ.. ကိုယ့်ခြေကိုယ့်လက်နဲ့.. ကိုယ်ကိုယ်တိုင်ပြုပြင်ဖန်တီးခွင့်လည်းရှိသပေါ့…။
    သေချာတဲ့…နောင်ဘဝပေါ့…။

    ဆိုတော့…
    ကိုယ့်ကိုယ်တိုင်ဘဝကိုတောင်..ရှေ့နောက်မကြည့် ဖြစ်သလိုနေထိုင်သူတွေရှိသေးတာ…
    ကိုယ့်နောင်ဘဝကိုလည်း.. ပုံသွင်းအာရုံစိုက်ဖို့.. မသိသားဆိုးဝါးသူတွေရှိမှာသေချာပါတယ်…
    အဲဒါဆို.. မိဘဟာ…. မိဘမမည်ပါခင်ဗျား…။
    ဒါမျိုးဆို..
    အသိဉာဏ်ရင့်ကျက်လာတဲ့..သားသမီးဟာ..
    မိဘကို.. ပြုပြင်သွန်သင်ပေးဖို့တာဝန်ရှိပါကြောင်း… :mrgreen:
    (ကျုပ်ကိုယ်တိုင်လည်း.. မိဘတဦးပါ..)

  • Ko chogyi

    July 15, 2013 at 4:58 pm

    ဒါဆိုရင်
    ယောက်ကျား ဖဲစီး၊ မိန်းမ မီးနေပေါ့

  • အရီးခင်လတ်

    July 16, 2013 at 3:01 pm

    အဖေတော့ အဖေဘဲ။
    အဖေ မလုပ်သင့်တဲ့ အဖေ မို့ သူကွယ်လွန်ချိန် သမီး ဝမ်းမနည်းတာ မျှပါတယ်။
    အမေ ကတော့ ဝဋ်ကျွတ်သွားပြီ လို့ ဆိုရမှာဘဲ။
    ဒါပေမဲ့ ဒီအဖေ ဒီဘဝ မကောင်းခဲ့ပေမဲ့ နောင်ဘဝ ဆိုတာရှိခဲ့ရင် ကောင်းပါစေလို့ ဆုတောင်းအမျှဝေပေးပေါ့။

  • Ma Ma

    July 16, 2013 at 3:37 pm

    မိသားစု စည်းလုံးပျော်ရွှင်ဖို့ဆိုတာ မိဘတွေဘက်က ဝတ္တရားကျေဖို့လိုသလို သားသမီးတွေ လိမ္မာယဉ်ကျေးဖို့လည်းလိုတယ်။
    နှစ်ဘက်စလုံး ကောင်းပါမှ သာယာပျော်ရွှင်ဖွယ် မိသားစုဘဝကို ရနိုင်တယ်။

    အကောင်းဘက်က တွေးရင်တော့…..
    ချစ်ခင်နှစ်သက်သူနှင့် ကွေကွင်းရခြင်းသည် ဒုက္ခ လို့ ဆိုထားတော့…..
    အဖေနဲ့ မချစ်မနှစ်သက်ခဲ့ရတာလည်း ဒုက္ခတစ်မျိုးငြိမ်းတာပဲပေ့ါ။ 🙁

  • ko win

    July 16, 2013 at 8:41 pm

    ရှိနိုင်ပါတယ်။ ရှိလည်း ရှိပါတယ်။ ပုဂ္ဂိုလ်နဲ့ပဲ ဆိုင်ပါတယ်။
    ပုဂ္ဂိုလ်နဲ့ခေါင်းစဉ် ခွဲမြင်တတ်ဖို့တော့ လိုပါလိမ့်မယ်။

  • padonmar

    July 16, 2013 at 10:25 pm

    ဦးသုခစကားလေးငှားပြောမယ်။
    အဖေနဲ့သား
    နှစ်ဦးကြားဝယ်
    ဝတ္တရားကိုယ်စီ
    ရှိကြသည်။ တဲ့။

  • uncle gyi

    July 16, 2013 at 10:59 pm

    မြန်မာမှာအဲဒါတွေခက်နေတာ
    ဝဍ် တဲ့ဘာ ဝဍ် လဲ
    ကိုယ့်ဒုက္ခကိုယ်ဘာသာယူထားတာ
    သူများသားသမီးယူထာပြီး
    တာဝန်မသိတတ်တာတယောက်တလက်မလုပ်ပဲ
    မိန်းမလုပ်စာထို်င်စားပြီး
    အရက်သောက်ဖဲရိုက်နေတာ
    ဖခင်တာဝန်မသိတတ်တာ
    သူ့ဘက်ကဝတ်တရားတွေပျက်နေမှ
    ကို်ယ့်ဘက်က ဝဍ် လို့ပြောပြီး ခံနေတာ ခံပေါ့
    သူကြီးစကားငှါးမပြောတော့ပါဖူး

  • Mr. MarGa

    July 17, 2013 at 8:37 pm

    တွေးမိတာက
    ဘာကြောင့် အဲဒီလောက် ပြောင်းလဲသွားသလဲ ဆိုတာ စုံစမ်းသင့်တယ်နော့
    ဒီလိုလူ ဒီလိုဖြစ်သွားတာ
    နောက်ကွယ်က အကြောင်းတစ်ခုခု ရှိရမယ်
    နားလည် ခွင့်လွှတ် ပေးဖို့ပါ

  • သျှားသက်မာန်

    August 15, 2013 at 11:54 am

    ဟုတ်တယ်အရီးခင်လတ်ရေ…အမျှဝေပေးပြီးကောင်းရာသုဂတိလားဖို့ပဲဆုတောင်းပေးရမှာပေါ့

  • သျှားသက်မာန်

    August 15, 2013 at 11:58 am

    မမပြောတာမှန်ပါတယ်….ဒါပေမဲ့အခုခေတ်ကအဲလိုတော်တော်လေးရှားသွားပြီထင်အံ့

  • သျှားသက်မာန်

    August 15, 2013 at 12:11 pm

    လောကမှာအမေဆိုးတာတွေလည်းရှိသလိုအဖေဆိုးတာတွေလည်းရှိပါတယ်……..ကိုယ့်ရဲ့ကံပဲပေါ့နော်…..

Leave a Reply