လှည့်မကြည့်ရဲသောခြေလှမ်းများ(၁)

ဦး ၾကိမ္July 19, 20131min27511

ပဲ့ထောင်ပေါ်တွင်လိုက်ပါလာသောကျွန်တော့၏ စိတ်ကအိမ်ကိုရောက်နေတယ်….ဒီနေ့ နွေးနွေးမီးထွက်မဲ့နေ့ …..ကျွန်တော့သားလေးလူလောကထဲသို့ ရောက်ရှိတာ ရရက်ပြည် ့မည် ့နေ့ဖြစ်သည်…။

အဖေါ်အဖြစ်လိုက်လာသောသူငယ်ချင်းကျော်အောင်က ချဲ နောက်တစ်ပါတ်အတွက်အသုံးပြုမည့် လယ်ဂျာစာအုပ်…ဘောက်ချာစာအုပ်နှင့် မှင်ခံပါသောလွယ်အိတ်ကိုလွယ်ရင်း……ငိုက်မြည်းနေသောမျက်လုံး

များနှင့်ကျွန်တော့ဘေးမှာ…….ဒီနေ့ကချဲဖွင့်မှာမို့ မနေ့ကထဲကချဲဒိုင်ရှိရာ ရွာကို ချဲလယ်ဂျာနဲ့ ငွေကိုသွားရောက်အပ်ရသည်……ကျော်အောင်ကမိုးချုပ်ကာနီးမှ ဘောက်ချာတချို ့လိုက်ပို့ရင်းရွာပြန်ရန်အချိန်မရှိတော့၍

မနက်မှကျွန်တော်နဲ့အတူပြန်တော့မည်တဲ့……….ယ္ခုလိုဆက်သွယ်ရေးစနစ်ကမကောင်းသောကြောင့်ချဲ ဒိုင်အိမ်မှာတညလုံးစာရင်းတွေလုပ်  ကြ…ပိုလျံတဲ့အကွက်တွေကို ရန်ကုန်ကိုပို့ ဖို့ မနက်စောစောပဲ့ထောင်ဖြင့်

ဆားမလောက်ရွာကိုသွားရသည်…ဒါမှညောင်တုန်းကထွက်တဲ့ဂေါင် ကားကိုမှီ မှာ….ကားလမ်းတွေကခုလိုမကောင်း .. ၃ နာရီခွဲ ၄နာရီလောက်ကားစီးမှရန်ကုန်ကိုရောက်တာ….

ကျွန်တော်တို့လည်းဆားမလောက်မှ တဆင့်ရန်ကုန်ကညောင်တုန်းကိုထွက် လာတဲ့ကားကိုစောင့်စီး ရင်းညောင်တုန်းမှာဈေးဝယ်ပြီးမော်တော်ဖြင့် ရွာပြန်ရန်ဖြစ်သည်….။ဆားမလောက်နဲ့ ညောင်တုန်းက

ဘာမှသိပ်မဝေး ပေမဲ့..၁နာရီနီးပါး ကားစီးရတယ်…ဒိုင်နာအမိုး ကသံတန်းကိုလက်ဖြင့်ကျစ် ကျစ်ဆုပ်ရင်း  ယိမ်းထိုးနေသောကားထဲမှာ တညလုံးမှေးစက်ခွင့်မရသောမျက်လုံးအစုံအားခေတ္တ အနားပေးရင်း

ကျွန်တော်နဲ့ ကျော်အောင်ညောင်တုန်းကိုလာခဲ့ ကြတယ်…ကဲညီလေး….မင်းတို့အိတ်တွေ ရှာချင်လို့ကွာ….တဲ့  …..ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ညောင်တုန်းမြို ့ဝင်ဂိ်တ်မှာ…ရဲ က ၃ ယောက်

ကျွန်တော်တို့ ရှေ ့ကားပေါ်ကလူတယောက်ကိုချဲစာရွက်တွေနဲ့ မိထားလို့ ရဲတယောက်ကစခန်းကိုပိုဖို့ စာ ရွက်စာတန်းတွေဖြည့်နေတယ်………..ကျွန်တော့မှာဘာမှမရှိ…..ကျော်အောင်ဆီမှာ…ဟုတ်တယ်

ကျော်အောင်ဆီမှာ လယ်ဂျာတွေ ဘောက်ချာတွေ….ကျော်အောင်ကခပ်နုံနုံ…….ကျွန်တော်စိတ်ပူသွားသည်….ကျော်အောင်ကို ရဲတယောက်ကရှာနေပြီ….ကျွန်တော်ထင်ထားသည် ့အတိုင်းကျော်အောင်ကို

ဂုတ်ဆွဲခေါ်သွားတယ်..ကျော်အောင်ကဘာပြောလိုက်လည်းမသိ…နားရင်းကို ရဲတယောက်ကတချက်ရိုက်လိုက်သည်…..နောက်တော့

လမ်ဘေးကတဲထဲမှာ….ထိုင်ခိုင်းထားတယ်……ကျွန်တော်လည်းမသိမသာကားပေါ်ကဆင်းလိုက်သွားတယ်…..လမ်းဘေးကကွမ်းရာဆိုင်မှာ မွန်ထရီစီးကရက် ၁ဗူးဝယ်ရင်း

ဆေးလိပ်သောက်ရင်းအကဲခတ်နေမိတယ်……..ဘယ်အစကိုအရင်ဖြည်ရမလည်းလို့……. ကျွန်တော်စဉ်းစားရတာ ခေါင်းကိုမီး မြိုက်ထားလို…တခါမှလည်းမကြုံဘူး…..ကိုယ့်ဇာတိမြို ့လည်းမဟုတ်

အသိအကျွမ်းလည်းမရှိ…..အိမ်ထောင်ကျမှဒီဒေသကို ရောက်ဖူးတာ…..ဖြစ်ချင်တာဖြစ်ကွာ….၃ ယောက်ထဲက နဲနဲအရာရောက်မဲ့တယောက်စီကိုရုပ်တည်နဲ့ ဝင်ပြီး……..သူငယ်ချင်း  စီးကရက်သောက်ကွာ

မွန်ထရီတစ်လိပ် ကမ်းလိုက်ရင်းမီးချစ်နဲ့မီးညှိပေးလိုက်တယ်…အဲဒါ တို့လူကွ…..သူငယ်ချင်းရာ…ထိုရဲကကျွန်တော့ကို အကဲခတ်ရင်း မင်းကစောစောကမှမပြောတာတဲ့…….

ကျွန်တော်ဆင်ထားတဲ့ဂွင်ထဲ ကိုတန်း တန်းမတ်မတ်ဝင်လာလို့ ကျွန်တော်အရမ်းဝမ်းသာသွားသည်…..လာကွာတဲ့….သူက..လူရှင်းတဲ့ ဖက်ကိုခေါ်သွားတယ်…….သူကပဲစပြီးတော့..သူငယ်ချင်း

ကောင်လေးတွေစားဖို့ သောက်ဖို့လုပ်ပေးကွာတဲ့….အားလုံးအဆင်ပြေသွားပြီဟုကျွန်တော် တထစ်ချယုံကြည်မိလိုက်သည်…….ဘယ်လောက်ပေးရမယ်ဆိုတာသူနဲ့ညှိဖို့ပဲ ရှိတော့တယ်……ရဲတယေက်က

ကျော်အောင်လွယ်လာသောလွယ်အိတ်ထဲကလယ်ဂျာစာအုပ်..ဘောက်ချာစာအုပ်တွေကိုပြန်ထည့်နေသည်…..။တယောက်ကပထမကားမှာမိထားသူကိုဆိုက်က္ကားနဲ့ စခန်းကိုသွားပို့နေတုန်း………ကျွန်တော်

ကပိုက်ဆံ၅ဝကို သူ့လက်ထဲထည့်ဖို့ ကြိုးစားလိုက်သည်……..သူကတချက်ငုံ့ကြည့် လိုက်ပြီး….ဒါနဲ့ဘယ်ရမလဲတဲ့……ဘယ်လောက်ပေးရမလည်းလို့အရဲစွန့်မေးလိုက်တယ်…၂၀ဝပေးပါ

ဒါမှဒို့ ခွဲယူဖို့ အဆင်ပြေမှာ ပေါ့…….ကျွန်တော့မှာပါတာမှ ၁၀ဝ ကျော်ကျော်ထဲ…..မီးထွက်မဲ့နွေးနွေး အတွက် အားဆေးနဲ့  စားစရာလေးတွေဝယ်ရမယ်…မီးနေစောင့်တဲ့ ဘိုးခလေးကြီးနဲ့ ကိုလှကြည်တို့ကိုလည်း

ကန်တော့ရအုံးမယ်………မီးထွန်းဖို့ရေနံဆီ  မီးဖိုချောင်သုံးပစ္စည်း ဆီ ဆား ငရုပ်သီး ကြက်သွန်…….အို …ဝယ်ချင်တာအများကြီး…..ရှိတဲ့ပိုက်ဆံ နဲ့တောင်မလောက်ချင်……..ကျွန်တော့မှာ အဲဒီလောက်မပါဘူး

ဒါပဲယူပါလို့တောင်းတောင်းပန်ပန်ပြောပေမဲ့……ဆရာသမားကလက်မခံတော့ပါဘူး…..စားပွဲခုံရှေ ့က ခွေးချေ နှစ်လုံးပေါ်မှာထိုင်ခိုင်းပြီး ကျော်အောင်နာမည်ကိုစမေးပါတော့တယ်..ကျွန်တာ်ကကြားကဝင်ပြီး

အမည် နေရပ်လိပ်စာတို့ကိုလွှဲပြီး ပြောပေးနေတယ်….မှတ်ပုံတင်နံပါတ်မမှတ်မိလို့ ပြောလိုက်တယ်……တဆက်တည်းကျွန်တော့ကိုမေးပြန်တယ်…အမည်….မှတ်ပုံတင်..နေရပ်.စိတ်ထဲရှိရာတွေကိုသဘာဝကျကျ

ပြောပစ်လိုက်တယ်……..စိတ်ထဲမှာတော့ကျွန်တော်ပြန်လာမှာကိုမျှော်နေမဲ့ နွေးနွေးမျက်နှာ..သားလေးမျက်နှာ…နဲ့….အချုပ်ခန်းနံရံတွေ ကို တခုစီ ပြေးမြင်နေမိတယ်…….

သွေးနုနုသားနုနု နဲ့ …ကျွန်တော်အဖမ်းခံရတာကိုသိပြီး…..နွေးနွေးများတစုံတခုများဖြစ်သွားရင်ဆိုပြီး တွေးပူရတာလည်း ရင်ထဲမှာနေဆယ်စင်းမကတော့……….

 

 

 

 

 

 

 

 

 

 

 

11 comments

  • Ma Ma

    July 19, 2013 at 12:58 pm

    ဆက်ရန်ရှိအုံးမယ် ထင်ပါရဲ့။ 🙁

  • အရီးခင်လတ်

    July 19, 2013 at 1:09 pm

    မြေနိမ့်ရာ လှံစိုက်ခံရတဲ့ ဘဝ တွေ ဟာ ပုံပြင်တွေ မဟုတ်မှန်း သိပါတယ်။
    တစ်ချို့လဲ ဘယ်လိုမှ ထွက်ပေါက်မရတဲ့ အခြေအနေ တွေမှာ ဇာတ်ဆရာ အလိုကျ ဇက်ဆင်းပေးရတယ် ပြောရင် ….
    အရင်းရှင် ဝါဒီ တွေ အမြင်မှာ သူတို့ မကြိုးစားလို့ ဒီလို ဖြစ်နေကြရတာ ပြောမှာပါဘဲ။

  • မောင် ပေ

    July 19, 2013 at 6:32 pm

    မွန်ထရီ စီးကရက်ဆိုတော့က ၉ရ ပတ်ချာလည်ခေတ်က ဖြစ်မယ် မှတ်တယ်ဗျို ့

  • ဦး ကြိမ်

    July 19, 2013 at 8:47 pm

    ကျွန်တော့သားလေးမွေးတာ…၁၀-၇-၁၉၉ဝခုနှစ်ကပါ။

    • အယ်.. သမီးထက် (၂) လ နဲ့ (၆) ရက် ကြီးတယ်… အာပုကျိ… နောက်တစ်ပိုင်း ဆက်ဖတ်လိုက်ဦးမယ်နော်… 🙂

  • uncle gyi

    July 19, 2013 at 11:26 pm

    ပြီးနေတာကိုမပြီးနိုင်ဖြစ်ရတယ်လို့
    ကိုရီးယားကားကျနေတာပဲကိုကြီမ်ရယ်

  • ဦး ကြိမ်

    July 20, 2013 at 8:08 am

    အန်ကယ်ကြီးရေ…..ဖတ်ရတာစိတ်မရှည်ရင်တောင်းပန်ပါတယ်
    သက်သက်ပေရှည်အောင်ရေးနေတာမဟုတ်ပါခင်ဗျား
    ကွန်ပျုတာရှေ ့မှာ…ကိုယ့်အကြောင်းကိုယ်….စဉ်းစားပြီးရေး နေတာရယ်
    စာရိုက်မကျွမ်းကျင်တာရယ်ကြောင့် ခုလို ခွဲရေးရ ခြင်းဖြစ်ပါတယ်…..မညက်ညောတဲ့စာတွေကို
    အချိန်လေးပေးပြီးဖတ်တဲ့အတွက်…….ကျေးဇူးအထူးတင်ပါတယ်

  • kai

    July 22, 2013 at 4:03 am

    မြန်မာပြည်ထဲ.. မြန်မာလိုပြောဆိုဆွေးနွေးလို့ရတာမို့.. တော်ပါသေးတယ်..
    ကိုယ့်စကားလည်ပါတ်မှုအပေါ်အများကြီးတည်တာကိုး…

    ကျုပ်သိတာတွေထဲ… ဒီလိုဇတ်လမ်းဆင်တွေ.. မြန်မာပြည်အပြင်မှာဖြစ်နေတာ.. အများးးးးးကြီး…။
    ဖြစ်နေတုံး.. ဖြစ်နေဆဲ……

  • kyeemite

    July 23, 2013 at 2:16 pm

    ဆက်ဖတ်အုံးမယ်..ပြီးမှမန့်မယ်ဗျာ

Leave a Reply