ဆရာအောင်သင်း။ဆရာမပဒုမ္မာတို့၏ မန်းကဇတ်စာအုပ်တွင်ပြောသမျှ
ညကစာဖတ်ရင်း မျက်စေ့ကညောင်းလာသည်။
အညောင်းပြေလမ်းထလျောက်သည်။ လမ်းလျောက်
ရင်း မန်းကဇက်စာအုပ်အကြောင်းရေးဖို့သတိရမိသည်။
တခေါက်ပြန်ဖတ်လေအုံးမှ။
စာအုပ်ကို အိတ်ထဲကထုတ်လိုက်သည်။ရှေ့ဖုံးအတည့် မကိုင်မိ
နောက်ကျောဖုံးကို တွေ့လိုက်ရသည်။ခေါင်းစီးတပ်လျက်စာ
တပိုဒ်ကိုတွေ့လိုက်ရသည်။ “ဆရာအောင်သင်းရဲ့မုဒိတာစကား”
ဆိုပါလားးးးး။
ဆရာအောင်သင်းဆိုသည်နှင့်သူအကြောင်းသိရသလောက်ပြန်
စဉ်းစားမိသည်။သူ၏ကလောင်သက်တလျောက် လူငယ်များကို
အစဉ်မပျက်ထိန်းကြောင်းတည့်မတ်ပေခဲ့သည်။လမ်းကြောင်းလွဲမှား
နေသောလူငယ်များကိုပြန်လည်တည့်မတ်ပေးခဲ့သည်။လိုအပ်သော
စိတ်ဓါတ်ခွန်အားများပေးခဲ့သည်။ကျောင်းဆရာလုပ်ခဲ့ဖူးသည့်အလျောက်
လူငယ်များကိုသွန်သင်လမ်းပြမူ့ အားအပြည့်နှင့်ဟောပြောပွဲများ၌ဟောပြော
သင်ကြားပေးခဲ့သော မှန်သည်ဟုယူဆသောအတွေးများကို မည်သည့်
အရာကိုမျှမထောက်ထားတတ်။ဒဲ့ပြောတတ်သောကလောင်ရှင်ကြီးတဦး
ဖြစ်သည်။ဆရာအောင်သင်းအကြောင်းပြောရလျှင်မကုန်နိုင်။
သူ၏မုဒိတာစကားကားအဘယ်သို့နည်း။ သူဂျီးပြောဘူးသည့် မြန်မာတွေ
နွားနို့ သောက်ကြပါ ဆိုသည့်အတိုင်း ဆရာအောင်သင်းက မန်းကဇက်စာမူ
ရှင်များအား စိတ်ဓါတ်ခွန်အားနို့တိုက်ကြွေးပေးခဲ့သည်ဟုဆိုချင်ပါသည်။
တဖန်စာမူရှင်များသာမက ကျနော်တို့အားလုံးကိုပါတိုက်ကြွေးသကဲ့သို့
ဆရာအောင်သင်း၏မုဒိတာစကား ကိုဖတ်မိပြီး စာစိတ်ပေစိတ် သာမက မေတ္တာစိတ်
ဂရုဏာစိတ် မုဒိတာစိတ် များပါ ပိုမိုရှင်သန်လာသည်ဟုခံစားမိပေသည်။
တပိုဒ်လျှင်တပိုဒ်ဆိုသလို ထိမိလှပါပေသည်။
နောက်စာမျက်နှာ ၅ ကို ဆက်ဖတ်ကြည့်သည်။ ဆရာမ ပဒုမ္မာ၏ အလှူ
မှတ်တမ်းလွှာကိုတွေ့ရသည်။ “လေထဲကမိတ်ဆွေများဖြစ်လာကြသည်”
ဆိုသောစကားထက် အလှူမှတ်တမ်းကို ကြည့်ခြင်းအားဖြင့်
“ရင်ထဲကမိတ်ဆွေများဖြစ်ကုန်ကြပြီ”ဟု ကျနော်ဆိုလိုက်ချင်ပါသည်။
မိမိနိုင်သလောက်လက်လှမ်းမီသလောက် စိတ်တူကိုယ်တူတွေစုမိပြီးလှူထားကြသည်
များကိုဖတ်ရသိရတော့အတော်ကိုကြည်းနူးစရာ အားရစရာ ကျေနပ်ပီတိ
ဖြစ်ရပြန်ပါတယ်။ ဒါတွေဖတ်ရင်း ဥပမာပုံပြင်လေးတခုသွားသတိရမိတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီပုံပြင်လေးက ဆရာအောင်သင်းရဲ့ပုံပြင်လေးဖြစ်နေတယ်။
“ကုန်းလား ရုန်းလားပြဿဒါး” တဲ့။ အတော်များများသိပြီးသားဖြစ်နေပေမဲ့
ကျနော်ထပ်ပြောပြချင်ပါတယ်။
ဒီလိုပါ တခါတုန်းက ရွာတရွာမှာ ဘုန်ကြီးတပါးရှိတယ်။ရွာရဲ့ဘုန်းကြီး
ဆိုတော့ရွာသားတွေအားလုံးက ဘုန်ကြီးစကားကိုနာထောင်ကြရတယ်ပေါ့ဗျာ။
ဒါပေမဲ့ဘုန်းကြီး ရက်ရာဇာ တို့ ပြဿဒါးတို့ တအားပြောတယ်။
ရွာသားတယောက်က အဲ့ဒါကြီးခဏခဏပြောလို့ဘုန်းကြီးကိုမကြိုက်ဘူး။
မကြိုက်ကြောင်းဘုန်းကြီးသိအောင် ဆွမ်းမလောင်းဘူး။အဲဒီကျောင်းကိုလဲ
မသွားဘူး။ ဘုန်းကြီးကလဲ သိတော့အဲ့ဒီရွာသားကိုအမြင်ကပ်တယ်။
ဘုန်းကြီးကလည်းသူ့အတိုင်း ရပ်ရေးရွာရေး စီးပွားရေး အစရှိသည်မှာ
ရက်ရာဇာ ပြဿဒါး ရွေးပေးတယ်။
အဲဒီလူက လဲအမြင်ကပ်ကပ်နဲ့ ဘုန်းကြီးကိုရွဲ့တယ်။
ဒါနဲ့ စပါးစိုက်ချိန်ရောက်လာတယ်။လယ်စထွန်တယ် ပြဿဒါးနေ့မှာထွန်တယ်။
ကောက်စိုက်တယ် ပြဿဒါးနေ့မှာစစိုက်တယ်။ ပျိုးကြဲ ကောက်စိုက် ပေါင်းရှင်း
ပြဿနေ့မှာချည်းစလုပ်တယ်။ ဘုန်းကြီးလဲသိနေတယ်။ကြားနေတယ်။
အဲဒီလူကလည်း ပြဿဒါး ပြဿဒါး နဲ့ အော်အော်ပြီးလယ်စိုက်လိုက်တာ
ကောင်းလိုက်တဲ့စပါး အောင်လိုက်တဲ့စပါး သူများလယ်တွေထက်ပိုတောင်
ကောင်းနေတယ်။ ဒီလိုနဲ့စပါးရိတ်ချိန်တန်လာတယ်။ လာစမ်းပြဿဒါဆိုပြီး
ပြဿဒါးနေ့က စရိတ်တယ်။ ကောက်လိူင်းစည်းတွေလှည်းပေါ် အပြည့်တင်။
ဘုန်ကြီးကျောင်းရှေ့ဖြတ်မောင်းတယ်။ ဘုန်ကြီးကျောင်းရှေ့မှာအကြုံ ကုန်းအော်တယ်။
သူ့နွားတွေကိုအော်သလိုလိုနဲ့ဘုန်းကြီးကြားအောင် ခပ်ကြွားကြွားလေး
“ရုန်းလိုက်စမ်းကွ။ ကုန်းလားရုန်းလားပြဿဒါးကွ။ ကုန်းလားရုန်းလားပြဿဒါးကွ”
ဘုန်းကြီးလဲငြိမ်ခံနေရတယ်။မပြောသာဘူး။
ဒီလိုနဲ့ စပါးတွေပြီးလို့ တလင်းထဲကစပါး အကုန် ကျီထဲအကုန်ရောက်
ပြီးတပတ်လောက်နေတော့ မီးလောင်ပါလေရော။
အဲဒီလူရဲ့စပါးကျီလည်းမီးထဲပါသွားရော။
အဲဒီတော့မှ ဘုန်ကြီးကထအော်ပါလေရော။
“လောင်လား ပြောင်လား ပြဿဒါးကွ” ဆိုပြီး။
ပုံပြင်လေးကဒါပါပဲ။
ဒီပုံပြင်လေးကဘာကိုပေးနေသလဲပေါ့ဗျာ။
ပြဿဒါးဆိုတာ မကောင်းမှု့ မတရားမှု့ သဘောဆောင်တယ်။
ရက်ရာဇာဆိုတာ တရားမူ့ ကောင်းမူ့ သဘောဆောင်တယ်။
ကျနော်တို့အသက်ရှင်တုန်း မကောင်းတာ မတရားတာလုပ်နေသမျှက
ပြဿဒါးနေ့ ပြဿဒါးအလုပ်ချည်းပဲ။မကောင်းမူ့ မတရားမူ့တွေရဲ့
အသီးအပွင့်က တောင်လိုပုံနိုင်တယ်။ပေါများအောင်မြင်နိုင်မယ်။
ဒါပေမဲ့ အချိန်တန်ရင် မီးထဲပါမဲ့သဘောတွေဆောင်တယ်။
ကျနော်တို့ ကောင်းမူ့တွေ တရားသဖြင့်လုပ်တဲ့အရာတွေ က နည်းနိုင်တယ်
ချို့တဲ့နိုင်မယ် ဒါပေမဲ့ ရက်ရာဇာဆိုတော့ နောင်အထိ ပါမယ်အရာတွေဖြစ်မယ်။
ဒီလိုပါပဲ ဒီကဇက်ရွာက အလှူတော်မင်္ဂလာမှတ်တမ်းကိုကြည့်ရင်း
အော် ရက်ရာဇာအလုပ်တွေနဲ့ ရိပ်သိမ်းနေကြပါလားလို့ မုဒိတာ စကားထပ်ဆင့်
ဆိုလိုက်ရပါတယ်။
(တဆက်တည်း ဒါဇင်ပလပ်ရဲ့ လူပ်ရှားမူ့ များမှာ တခုခုလွဲနေသလားလို့။
ဒုတိယအကြိမ်မှာပါ။ စာအုပ်ရှိသူများ ပြင်ဆင်နိုင်ရန်အတွက်ပါ။ဆရာပဒုမ္မာကပဲ
ပြင်ပေးမယ်ထင်ပါတယ်။ ပုံနှိပ်အလွဲဖြစ်မည်ထင်ပါသည်။)
12 comments
KZ
August 1, 2013 at 1:58 pm
အဟင့်။
စာအုပ်က လက်ထဲမရောက်သေးတော့လည်း အန်လကယ် မင်းမင်း စာမြည်းလေးတွေ စောင့်မျှော်ရုံ ပေါ့။
😀
မင်းမင်း
August 1, 2013 at 4:47 pm
အပေါ်ကမန့်ထားတာတွေပျောက်ကုန်ပါရောလား။
စာမြည်းပဲရမယ်နော်။ တကယ်စားရင်တော့ စာအုပ်
လက်ထဲရောက်မှစားတော့:mrgreen:
အလင်း ဆက်
August 1, 2013 at 5:57 pm
သားက တော့ စားနေပြီ
အဲ
ဖတ်နေပြီ
🙂
မင်းမင်း
August 2, 2013 at 10:18 am
စားစရာ စုံလင်
အတို့ အမြုပ်များဖြင့်
ဟင်းမျိုးစုံ ပေါင်းစပ်ကာဖြင့်
ဒို့ ကဇက်က ကျွေးသည့်မို့
မြိန်လှတယ်လေး ။
မစပ်တတ်စပ်တတ်နဲ့မို့
အလင်း ဆက်
August 2, 2013 at 9:37 pm
စပ်တတ်…မစပ်တတ်…မသိ ။
ကဗျာ…အငွေ့အသက်ရ ပြီ…
ဆိုတော့….ဂါ…
ပြခန်းအတွက်..ကဗျာ…ပေးပါ..ဗျို ့…
🙂
padonmar
August 1, 2013 at 9:04 pm
ညတ်ချွာဖျား
ဆရာကြီးဦးအောင်သင်း နဲ့ ယှဉ်ပြီး ဆရာမလို့နာမည်တပ် ရေးထားတော့ မိုးကြိုးတွေ ပစ်ကုန်ပါ့မယ် ကိုမင်းမင်းရယ်။
တန်းမတူပါဘူး။
တီချာကြီး တီတီနုက ကျမတို့ကို မန်းဂဇက်လို့ အသံထွက်မှန်ပြင်ပေးထားပါကြောင်း။
အလှူမှတ်တမ်းက မြန်မာစာနဲ့ အင်္ဂလိပ်စာ font အပြောင်းအလဲ အမှားလေးကို proof မှာ မမြင်လိုက်မိလို့ ဖြစ်မယ်ထင်ပါတယ်။
(ဘာလဲဆိုတာသိချင်ရင် ဝယ်ဖတ်ကြည့်ကြပါ)
အချိန်လုပြီး ရိုက်ရလို့ အမှားသေးသေးလေးတွေကိုတော့ ချစ်သောမျက်စိနဲ့ ကြည့်ပြီး ခွင့်လွှတ်ကြမယ်လို့ ထင်ပါတယ်။
နောက်မှာလည်း အမှားလေး တစ်ခုရှိပါသေးတယ်။
ဘယ်နေရာလဲဆိုတာ အဖြေညှိကြသေးတာပေါ့။
မင်းမင်း
August 2, 2013 at 9:59 am
ဆရာမ ရေ
ကျနော် ပြောတာက မှားကိုပြောတာဟုတ်ဘူး
အတိတ်စိမ်းပေးမယ်နော့်
” ယ”
သိချင်ရင် စာအုပ်ထဲ ဝင်နိုင်မှရမည်
Shwe Ei
August 2, 2013 at 10:27 am
ဟုတ်ကဲ့ အလှူငွေပမာဏရေးတဲ့နေရာမှာ ကော်မာ ခံထားတာပါရှင့်။
မြန်မာဖောင့်နဲ့ အင်းဂလိပ်ဖောင့် ၂မျိုးချိန်းပီး ရိုက်ရလို့
အိုက် ကော်မာ နေရာက မြန်မာလိုဆို “ယ” ထွက်ပါတယ်။
ကျနော် အီးမေးပို့တုန်းက သေချာမစစ်မိလို့ ဖြစ်ပါလိ်မ့်မယ်။
စာအုပ် ထွက်လာပြီးမှ အမှားတွေ့တာပြောဖို့ အားနာလို့ မပြောတော့တာဘာ။
ကျေးဇူးတင်ပါတယ်ခညာ
ရွှေအိ
ခင် ခ
August 1, 2013 at 10:17 pm
ကိုမင်းမင်းရဲ့ ပိုမိုရှင်းတော့ စလေပြီ ရောင်းအားတက်ဖို့ဘဲ မျှော်ရတော့မှာ။
ကော်ဖီမစ်ကြော်ငြာတစ်ခုမှာ ချင်းအမျိုးသမီကြီးပြောတဲ့ စကားကိုဘဲ ခရက်တစ်ပေးပြီး
ကျွန်တော်ပြောချင်ပါတယ်။
“ကောင်း တယ်´´
မင်းမင်း
August 2, 2013 at 10:26 am
ဦးခ ကတော့ ကောင်းနေ
ဒီမှာတော့ ဆုံကြိမ်းနေပြီ
မဟာရာဇာ အံစာတုံး
August 2, 2013 at 10:35 am
ကျန်ဒါဒေါ့ သိဒေါ့ဘာဝူးဂျာ ..
ဟိုဒင်း ..
ပြဿဒါး ဆိုဒါလေးဂို မဖတ်ဖူးသေးလို့ ဖတ်သွားဘာဒယ် …
သန်းကျူး .. ရှဲရှဲ …
ကိုပေါက်(မန္တလေး)
August 2, 2013 at 3:30 pm
မန်းလေးမှာဝယ်ချင်ရင်ဖုန်းဆက်ဘို့ မမေ့နဲ့နော်