Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတင်းသမားကျင့်ဝတ် Ethic နဲ့ညီရဲ့လား(၂)

padonmarAugust 8, 20131min92123

ဒီနေ့ ဖွဘုတ်ကို ဖွင့်ပြီး မန်းဂဇက်ရွာသားများမှာ ဝင်ကြည့်လိုက်တော့

ရွာသားတစ်ယောက်တင်ပေးထားတဲ့
မုံရွာမြို့ ဇောတိကကျောင်းတိုက်အတွင်းရှိ၊ ရတနာမုနိစေတီတော်ရှေ့ ရဟန်းတစ်ပါး ကိုယ့်ကိုကိုယ် မီးရှို့၍အဆုံးစီရင် သတင်းလေးဖတ်လိုက်ရပါတယ်။
Ref & Credit: Mizzima News in Burmese

မမြင်ဝံ့စရာ ဓာတ်ပုံကိုလည်း တွေ့လိုက်ရပါတယ်။

အရွယ်ရောက်ပြီး လူကြီးတစ်ယောက်အတွက် စိတ်မချမ်းသာရုံမှအပ
ဘယ်လိုမှ မနေပေမယ့် အင်တာနက်ကြည့်သူ ကလေးလေးတွေ ၊
လူငယ်လေးတွေ ၊အသည်းငယ်သူတွေတွက် မြင်ရတာ စိတ်ချောက်ခြားစရာဖြစ်မှာပါပဲ။
ဒီလို ပုံကို တင်တဲ့အတွက် ဘယ်သူ့မှာ အကျိုးရှိမှာပါလဲ.
တကယ်ပဲ သတင်းမှန်ပါလို့ သက်သေပြတာဖြစ်ပေမယ့်လို့
အဲဒီသတင်းမှန်က ဘယ်သူ့ကို အကျိုးပြုနိုင်မှာပါလဲ…
တွေးကြည့်တာတော့ အဖြေမထွက်လာပါဘူး။

မကြာသေးမီကလည်း ကြံခင်းက ရဲတစ်ဦး ကြိုးဆွဲချ သတ်သေတဲ့အကြောင်းသတင်းမှာ အနီးကပ်ဓာတ်ပုံနဲ့ တင်ပြထားတာတွေ့ရပါတယ်။
သေသူရဲ့ ဂုဏ်သိက္ခာ၊ကျန်ရစ်သူမိသားစုရဲ့သိက္ခာကို စောင့်စည်းတဲ့အနေနဲ့ ဒီလို ဘယ်သူ့တွက်မှ အကျိုးမရှိတဲ့ပုံတွေ မတင်စေချင်ပါဘူး၊
ကြိုးဆွဲချချင်ရင် ဒီလို လုပ်ရတယ်လို့ စိတ်ဓာတ်ကျနေသူများကို နည်းပေးလမ်းပြသလိုတောင်ဖြစ်နေပါမယ်။

သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ကိုးကားစရာရှာကြည့်တော့ ထုံးစံအတိုင်း ဆရာထက် သတင်းသင်တန်းတက်တုံးက ဆရာရဲ့ ပို့ချချက်တွေ ရေးထားတာ (ခွင့်တောင်းထားပြီးသား) ကူးယူပြီး ကိုးကားလိုက်ပါတယ်။

သတင်းသမားတစ်ယောက်သည် သတင်းကို စေတနာရှေ့ထားပြီးရေးရသလို သတင်းဆိုင်ရာဥပဒေများလည်း သိထား ရန် လိုအပ်ပါသည်။သေသူဓါတ်ပုံ ကိုဖေါ်ပြသင့်မသင့်၊ကလေးသူငယ် ဓါတ်ပုံကိုဖေါ်ပြသင့်မသင့် သိရှိထားရန် လိုအပ်ပါသည်။ ဥပဒေက ခွင့်မပြုသောကိစ္စများကိုရှောင်ကျဉ်နိုင်ရမည်။

ဒီလိုပြောလို့ အနိဋ္ဌာရုံတွေမို့ မတင်စေချင်တာ မဟုတ်ပါ။
စစ်မြေပြင်အနိဋ္ဌာရုံများဟာ နောင်စစ်ကို ရွံမုန်းစေဖို့၊သမိုင်းမှတ်တမ်းကျန်စေဖို့ စတဲ့
အကျိုးတွေလည်းရှိနေတာ ဖြစ်တဲ့အတွက် သတင်းဓာတ်ပုံအဖြစ်တင်သင့်ပါတယ်။
ဒီနေရာမှာ ပူလစ်ဇာဆုရသွားတဲ့ ဗီယက်နမ်စစ်မြေပြင်က ကလေးမလေး အဝတ်တွေ မီးလောင်ခံရပြီး ဝတ်လစ်စလစ်ပြေးနေတဲ့ပုံတောင်မှ လူ့အခွင့်အရေးနဲ့ သမိုင်းမှတ်တမ်းအထောက်အထားကြားမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။

မမှန်တဲ့ ဓာတ်ပုံတွေနဲ့ သတင်းတင်တော့လည်း ကိုယ့်သိက္ခာကိုယ်ချသလိုပါပဲ။
မုံရွာက ကာရာအိုကေမှာ မိတဲ့ ဝတ်လစ်စလစ်မိန်းကလေးတွေပုံကြည့်ပြီး အိုး…ဒို့ တိုင်းပြည် အဲဒီလောက်တောင် ဆိုးနေပြီလားလို့ ပတ်ဝန်းကျင်ကိုတောင်ပြောမိပါတယ်။
နောက်တော့မှ အိမ်နီးချင်းနိုင်ငံက ပုံပါဆိုတော့ အဲဒီ သတင်းသမား မရှက်တတ်ဘူးထင်ပါရဲ့ လို့သာပြောမိပါတော့တယ်။

သတင်းသမားသည် ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟူသော အစွန်းရောက်သည့် နိမ့်ပါးသည့်စိတ် မထားရပေ။သတင်းသမားသည် စိတ်ဖြူရမည်။ တည်ငြိမ်ရမည်၊ သတိရှိရှိနေရမည်

ဟုဆိုချင်ပါသည်။မိမိရေးသားဖေါ်ပြချက်သည် အများအတွက် အကျိုးရှိပြီး တရားမျှတမူ ၊သာတူညီမျှ ရှိမူ၊စိတ်နှလုံးကောင်းမူဖြင့်သာ သတင်းများရေးသားရမည်။

သတင်းသမားဆိုတာ ဘက်လိုက်တဲ့အရေးအသားကို ရှောင်ရပါမယ်။
အောက်က သတင်းမှာကြည့်ပါ။

Myawady News’s album.
Monday
ဆူးလေဘုရားလမ်း ရထားဂုံးကျော်တံတား ပေါ်မှ ကားတစ်စီးပြုတ်ကျ (4 photos)
အသက် ၂ဝ ကျော်အရွယ် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဇိမ်ခံကားတစ်စီး (ပါဂျဲရိုး) သည် ဩဂုတ်လ ၄ရက် နံနက် ၁၁ နာရီ ၂ဝ မိနစ်ခန့်က ဆူးလေဘုရားလမ်းမပေါ်ရှိ ယောက်လမ်းမှတ်တိုင် အနီး ရထားဂုံးကျော် တံတားပေါ်မှ အရှိန်လွန်ပြီး ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းအမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မျက်မြင် သက်သေများက ပြောကြားသည်။

ဒီသတင်းလေးမှာတော့ ပါဂျဲရိုးလို့ ပြောရင် သတင်းအရ လုံလောက်နေတာကို ဇိမ်ခံကား လို့ သုံးတာကတော့ မဆလ လောင်းရိပ်အောက်က မထွက်သေးတဲ့ အရင်းရှင်မုန်းတီးရေးဝါဒနဲ့ သုံးလိုက်သလိုပါပဲ။
တစ်ခါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် ယာဉ်မောင်းအမျိုးသမီးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလို့ ရေးထားတော့ ဖွဘုတ်ဆရာတွေက မဖွယ်မရာတွေ ရေးကြပါတော့တယ်။နှစ်ယောက် စကားများတာ၊မိန်းမတွေ မတတ်ဘဲမောင်းတာ စုံနေတာပါပဲ။
နောက်တစ်နေ့ သတင်းစာမှာ အပြည့်အစုံပါတော့မှ မောင်းသူကလည်း ဘွဲ့လွန်ကျောင်းသူ၊ဘေးက အဖေလို့ သိရတော့ ကိုယ်တောင် မသိတဲ့သူတွေအပေါ် မျက်နှာပူမိပါတယ်။
ဒီသတင်းကိုပဲ မြန်မာပြည်မှာ ဂျိမ်းစ်ဘွန်းရုပ်ရှင်ထဲကလို ကားမောင်းတဲ့သူတွေ ရှိနေပြီလို့ ခေါင်းစဉ်တပ်တာမျိုးကတော့ သတင်းခေါင်းစဉ်ကို စိတ်ဝင်စားစရာ ဖြစ်စေတာမို့ အားပေးပါတယ်။
လော်ဘီလုပ်တယ်ထင်မှာစိုးလို့ သတင်းစာနာမည် မရေးလိုပါ။

အသရေကို နစ်နာစေသော စကားရပ်များ ၊သရော်ချက်များ ကို လည်း ရေးသားမူတွင် သတိရှိ ရမည်။ ပုဒ်မ၅၀ဝ ကိုနားလည်ထားရမည် ။ ကင်းလွတ်ခွင့် (၁၀)ချက်ကိုလည်း သိထားရပေမည်။

နောက်သတင်းစာ တစ်စောင်မှာတော့ မိုးသီးဇွန် မြန်မာပြည်ကို ပြန်လာတဲ့ သတင်းမှာ
မြန်မာပြည်တွင် အချမ်းသာဆုံး သဌေးကြီးဦးတေဇ ၏ အဲပုဂံလေကြောင်းလိုင်းဖြင့်ပြန်လာသည် လို့ မဆီမဆိုင်ထည့်ရေးတာတွေ့ရပါတယ်။
အဲပုဂံလေကြောင်းဖြင့်လို့ သုံးရင် လုံလောက်နေပါရက်နဲ့ ဘာလို့ မဆိုင်းတဲ့ ကိစ္စတွေ ဆွဲထည့်ရပါသလဲ။
တေဇအကြောင်းမှာ ဘယ်လိုခရိုနီဖြစ်တယ်။ဘယ်လို မတရားတဲ့နည်းနဲ့ ချမ်းသာတယ် ဆိုတာတွေ သိရင် သီးသန့် သတင်းရေး တင်ပြသင့်ပါတယ်။
ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေနဲ့ ရေးတဲ့သတင်းဟာ မမုန်းချင်တော့တဲ့ တစ်ချိန်ကျရင် ရီစရာအကောင်းဆုံး ဟာသတွေ ဖြစ်သွားပါလိမ့်မယ်။
မှတ်မိကြအုံးမှာပါ။
အစိုးရသတင်းစာတွေမှာ တစ်ချိန်က ဘိန်းဘုရင်ဒမြ ခွန်ဆာချင်း ထပ်အောင် သုံးပြီးမှ ဦးခွန်ဆာလို့ ပြောင်းသုံးသွားခဲ့တာတွေ၊
သူပုန်ဗိုလ်ဘိုမြ၊ငမြ တွေ သုံးပြီးမှ ဦးဘိုမြလို့ ပြောင်းသုံးခဲ့ရတာတွေ မရယ်ရတဲ့အပြင် ရယ်တောင်ရယ်ရသေးလို့ ပြောချင်ပါတယ်။(ခရက်ဒစ်တူ ကိုဘလက်ခင်ခင်ချော)

-GTC က ကျောင်းသားကျောင်းသူလေးတွေ ကိစ္စအကြောင်းမှာလည်း မလိုအပ်ပဲ ဗီဒီယိုဖိုင်ပါ တင်ပေးထားတာကတော့ သားသမီးချင်း ကိုယ်ချင်းမစာ လွန်တယ်လို့ ပြောချင်ပါတယ်။

“ စာနယ်ဇင်းများသည် တမင်ကြံရွယ်တွက်ဆလျှက် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမူများကို လှုံဆော်ခြင်းမပြုရ ၊ ဇာတိကိုသော်လည်းကောင်း ၊ကိုးကွယ်ရာ ဘာသာကိုလည်းကောင်း ၊လူမျိုးကိုသော်လည်းကောင်း အကြောင်းပြု၍ မတရားဝေဖန်ရေးသားခြင်းမပြုရ ” ဟူ၍စာနယ်ဇင်း ကျင့်ဝတ်ရှိသည်။

ဒီ အချက်လေးတွေလည်း ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေမှာ မရေမတွက်နိုင်အောင် တွေ့ခဲ့ကြပါပြီ၊တွေ့တိုင်းလည်း ပြဇာတ်ဟောင်းကြီးကို ထပ်ထပ်ကနေကြတာ ဖြစ်လို့ အသံကြားရုံနဲ့ ဘယ်ဇာတ်ကောင်ထွက်မယ်ဆိုတာ အလွတ်ရနေပြီလို့ တောင် ပြောလို့ တတ်နေကြပါပြီ။

သတင်းသည် သတင်းသာဖြစ်ရမည် တိုင်စာဖြစ်မနေရ ထိချုက်စော်ကားမူများဖြင့် တိုက်ခိုက်ရေးစာ ဖြစ်မနေရဟု ဆိုပါရစေ။သရော်ခြင်း ၊ဖိနိပ်ခြင်း ၊အသရေကို ထိခိုက်
စေသည့် စွတ်စွဲချက် ဖြစ်ခြင်း ၊တရားရုံးမူခင်းများတွင် တရားရုံးက မဆုံးဖြတ်ခင် ရေးသားခြင်း များ ကို ရှောင်ရှား၍ အပြစ်ကင်းသော ။
အကျိုးရှိသော သတင်းများဖြင့် လောကကိုအလှဆင်နိုင် အကျိုးပြုနိုင်ကြပါစေဟု စေတနာဖြင့် ရေးသားလိုက်ရပါသည်။

ဒီအချက်မှာ ကျမတောင်ငြိနေပါတယ်။
Ambulance က လမ်းမှာ လူတိုက်မိလို့ သေသွားရတဲ့ အကြောင်း ဝေဖန်ရေး ရေးမိတာ အဲဒီအကြောင်းကို သတင်းအဖြစ် အဲဒီတော့မှ သိတဲ့သူအတွက် ဆိုရင်တော့ တရားရုံးက မဆုံးဖြတ်ခင် စကားဦးသန်း နိမိတ်ပြရေးမိတာဖြစ်နေပါတယ်။
ကိုယ့်ပေါင်ကိုယ် အရင် ထောင်းပါတယ်။

ကွယ်လွန်သူ သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းဟာ လက်ဝဲယိမ်းသူလို့ သိကြပါတယ်။ ဒါပေမယ့် သူ့စာတွေမှာ ဘယ်တော့မှ အစွန်းမရောက် အရောင်မဆိုးစေတဲ့ သတင်းသမားစစ်စစ်ကြီးလို့ လေးစားဖွယ် မှတ်သားရပါတယ်။

အခုအခါမှာ သတင်းစာတွေကလည်း အပြိုင်အဆိုင်ထွက်နေ၊အနှစ် ၅ဝကျော်ကြာမှ လွတ်လပ်စပြုလာရတော့ ရှေးရှေး သတင်းစာဆရာကြီးများရဲ့ ကျင့်ဝတ်ကို သင်ကြားပေးခြင်း မခံရသေးပဲ ဝါသနာအရ ဖြစ်လာတဲ့ သတင်းသမားတွေဟာ သတင်းရဖို့ တစ်ခုသာ ရှေ့တန်းတင်လာကြတာတွေ့ရပါတယ်။
ဒီ သတင်းသမားတွေ ကျေးဇူးကြောင့်လည်း ဖြစ်သမျှ သတင်းတွေ အချိန်တိုလေးနဲ့ ကျမတို့ မဖုံးမကွယ် သိခွင့်ရနေတာဖြစ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
ဟုတ်မှန် အကျိုးရှိ အများစိတ်ဝင်စားမယ့် သတင်းလေးတွေကို ပြည်သူတွေ ဖတ်ကြရစေဖို့
သတင်းမီဒီယာတွေ အနေနဲ့ မိမိတို့ တိုက်ပိုင် သတင်းသမားတွေကို သတင်းကျင့်ဝတ်ဆိုင်ရာ သင်တန်းများ မဖြစ်မနေတက်ခိုင်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။

23 comments

  • KZ

    August 8, 2013 at 9:44 pm

    သတင်းသမားမှ မဟုတ် ပါ အာတီဒုံရေ။
    နေရာတိုင်းး၊ ဌာနတိုင်း၊ ရာထူးတိုင်း မှာ
    ဆိုင်ရာကျင့်ဝတ်ကို အရင် စောင့်ထိန်း၊
    ချမှတ်စည်းကမ်းကို အရင်လိုက်နာ၊
    ပြဌာန်းဥပဒေကို အရင် မဖောက်ဖျက်မှသာ ပြီးပြည့်စုံတဲ့ လုပ်ငန်း/တာဝန်တစ်ခု ရယ်လို့ ပြောနိုင်တာပါ။

    စောင့်ထိန်း စရာက ဘာတွေလဲ။
    လိုက်နာစရာ က ဘယ်မှာလဲ
    မဖောက်ဖျက်ရမှာ ဘယ်လိုလဲ ဆို တဲ့ အသိ လေးပဲ ကပ် ရမှာ။

    ကိုယ့် အသက်မွေးဝမ်းကြောင်း ပညာ (သို့) အလုပ်ရဲ့ ဆိုင်ရာ ကိစ္စကို တတ်နိုင်သလောက် အသိရှိစေချင်တာပါပဲ။

    • padonmar

      August 8, 2013 at 10:36 pm

      ဟုတ်တယ် ကေဇီရေ
      ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုရဲ့ Basic needs အခြေခံလိုအပ်ချက် ကျင့်ဝတ်လေးတွေ မသိဘဲ
      တတ်လို့ မဟုတ် ၊ငတ်လို့ လုပ်နေကြတာ နေရာတိုင်းမှာပါပဲ။
      ဒါကြောင့် OJT လုပ်ရင်းသင်၊သင်ရင်းလုပ်၊
      အဲဒီထဲကမှ လိုအပ်တာတွေကို သီးသန့် ထပ်သင်၊
      သင်ယူနေကြဖို့၊သင်ပေးနေကြဖို့ အရေးကြီးပါကြောင်း။

  • uncle gyi

    August 8, 2013 at 9:55 pm

    စိတ်ဝင်စားအောင်ရေးရင်းကနေဖြစ်ကုန်တယ်လို့ပဲမြင်ပါတယ်
    မုဆိုးစိုင်သင်ဆိုသလိုတဖြည်းဖြည်းနဲ့တော့လမ်းမှန်ရောက်လာမယ်ထင်ပါတယ်
    ဒီအတောအတွင်းတော့သီးခံတကာမကြီး

  • padonmar

    August 8, 2013 at 10:39 pm

    သည်းခံပါတယ် ဦးပဉ္ဇင်းအန်ကယ်
    မှားတာလေးတွေကို ထောက်ပြရင် စိတ်မဆိုးတန်း ပြင်သွားဖို့တော့ လိုတာပေါ့နော်။

  • Ma Ma

    August 9, 2013 at 9:54 am

    ဒို့ရွာထဲက သတင်းသမား ငြိမ်းကျော်ကို သတိရမိတယ်။
    သူရေးတဲ့ စာတွေကြည့်ပြီး သစ္စာစောင့်သိတဲ့ သတင်းသမားကောင်းတစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်မိတယ်။
    သတင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ သူ့ရဲ့စီနီယာ/ဆ/ရာသတင်းသမားက အရေးကြီးပါတယ်။

    ချစ်ခင်လေးစားရတဲ့ သိက္ခာရှိတဲ့ ရှေ့နေကြီးတစ်ယောက် ပြောဖူးတာလေးတစ်ခုရှိတယ်။
    သူချိန်ဘာဆင်းခဲ့တဲ့ သူ့ဆရာရှေ့နေကြီးက အမြဲတမ်း ကိုယ်ကျင့်တရားကို အလေးထားဖို့ ဆုံးမသွန်သင်လေ့ရှိတယ်တဲ့။
    တပည့်တွေကို တွေ့တိုင်း ပုဒ်မတစ်ခုခုကို ကောက်မေးလေ့ရှိတယ်။
    တပည့်ဖြစ်သူပြောတာကို နားထောင်ပြီး လိုအပ်တာကို ဖြည့်ပေးလေ့ရှိတယ်။
    အလုပ်လုပ်တဲ့အချိန်ထိ ဆရာ့ဆီကို ဂါရဝပြုဖို့သွားတိုင်း ရိုးဖြောင့်ဖို့၊
    ကိုယ့်ဆီလာအပ်တဲ့အမှုကို ချင့်ချိန်လက်ခံဖို့၊ အမှုကို အမှန်အတိုင်း ဥပဒေအတိုင်းဖြစ်အောင် ကြိုးစားပေးဖို့ အမြဲဆုံးမလေ့ရှိတယ်တဲ့။

    • padonmar

      August 9, 2013 at 8:26 pm

      အမွှာညီအမရေ
      အဲဒီ သတင်းသမားနာမည်က မြတ်ကျော်ငြိမ်းထင်တယ်။
      သူ့ပုံက စီးကရက်လေးနဲ့၊
      မတွေ့တာကြာပေါ့နော်။(ရွာကို သတိရရင် ပြန်လာပါဗျိုး)
      ရှေ့နေကြီးရဲ့ဆုံမစကားလေး မှတ်သားလိုက်ပါတယ်။

  • မင်းမင်း

    August 9, 2013 at 10:44 am

    ဒီလိုဖြစ်နေတာကလည်း ဒီမိုကရေစီရဲ့

    ဘေးထွက်ဆိုးကျိုး တခုလိုမြင်ပါတယ်။

    ကာကွယ်ခြင်း = ဘယ်မှာလဲ?

    ကုသခြင်း = ဘယ်လိုလဲ?

    • padonmar

      August 9, 2013 at 8:28 pm

      မင်းမင်းရေ
      ဒီမိုကရေစီရဲ့ ဘေးထွက်ဆိုးကျိုးလို့ တော့ မပြောချင်ဘူး။
      စစ်မှန်တဲ့ ဒီမိုကရေစီဆိုရင်
      ကိုခင်ခ ပြောသလိုပဲ လွတ်လပ်ခွင့်ပေးလေ ကိုယ့်ကိုကိုယ်ထိန်းရလေပါ။
      (Self Control ပေါ့)

  • ခင် ခ

    August 9, 2013 at 11:24 am

    သတင်းလွတ်လပ်ခွင့်ရှိတယ်ကနေ လွတ်သွားတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ လွတ်လပ်ခွင့်ပြုခြင်းခံရလေလေ စည်းဘောင်မလွတ်ဖို့ ကိုယ့်ကိုကိုယ်ထိန်းရလေလေ ဆိုတာကို သတိမမူမိကြတာဖြစ်မယ်။ တကယ်တော့ သူ့သည်းကိုယ့်စည်း ဆိုတာက လူကျင့်ဝတ်ကို အခြေခံတာပါဘဲ။ ဒါတွေကလည်း တစ်ချိန်ချိန်တော့ သူ့နေရာနဲ့သူ အံဝင်ကာဖြစ်သွားမယ်ထင်ပါတယ်။

    • padonmar

      August 9, 2013 at 8:32 pm

      မွေးနေ့ရှင်ကြီး ကိုခင်ခရေ
      (လွတ်လပ်ခွင့်ပြုခြင်းခံရလေလေ စည်းဘောင်မလွတ်ဖို့ ကိုယ့်ကိုကိုယ်ထိန်းရလေလေ)
      ဒီစကားလေး အားဖြည့်ပေးတာ ကျေးကျေးပါ။
      တစ်ချိန်ချိန်မှာ နေသားတကျဖြစ်မယ်လို့တော့ မှန်းပါတယ်။
      အဲဒီ တစ်ချိန်ချိန်ဟာ မဝေးသော တစ်ချိန်ချိန် ဖြစ်စေဖို့
      (ဗိုလ်ချုပ်မိန့်ခွန်းထဲက စကားအတိုင်း ပြဲနေအောင် အလုပ်လုပ်ကြရပါမယ်)
      မတတ်တာတွေကို တတ်ပြီးသားသူတွေဆီက သင်ယူနေကြရပါမယ်။သင်ချင်နေရပါမယ်။သင်ခွင့်တွေ ပေးနေရပါမယ်။

  • အရီးခင်

    August 9, 2013 at 2:22 pm

    အများဆွေးနွေးခဲ့သလို မြန်မာပြည် က သတင်းသမားတွေ အများစု မှာ သတင်းသမားတွေ ရှိရမဲ့ ကျင့်ဝတ် တွေကို မသိကြတာ တစ်ချို့လဲ သိရက်နဲ့ မလိုက်နာကြတာ ဖြစ်နေမယ်ထင်တယ်။

    ဒီမိုကရေစီ ဘိုးအေနိုင်ငံ တွေ မှာ က လွတ်လပ်ခွင့် နဲ့ အတူ ဥပဒေ တွေ ပြစ်ဒါဏ်တွေ တွဲပြီး ပါနေတာမို့ အထိန်းရှိပါတယ်။
    ဘောင်လွတ်လို့ ကတော့ လျှော်ကြေးပေး ပေတော့ဘဲ။
    နောက်တစ်ချက်က ဒီမှာ သတင်းလွတ်လပ် ခွင့် ရှိပေမဲ့ မှုခင်း က အများ မမြင်သင့်တဲ့ ပုံတွေ ဖော်ပြတာ မရှိပါဘူး။
    ရှိလဲ အဲဒီ သတင်းစာ ကွဲပြီဘဲ။

    ဒီမှာက ရုပ်ရှင်၊ ဇာတ်လမ်း တွေထဲ ပါရင်တောင် မပြခင် ကြိုပြီး ကြေငြာပေးရပါတယ်။

    မြန်မာပြည်မှာ က လွတ်ပြီ ဆိုတာ နဲ့ မကောင်းတာတွေ က အရင် ဝင်ပြီး နေရာ ရနေတော့တာပါ။
    မကောင်းတာတွေ ကို ဖယ်ရမယ် ဆိုတာ က လုပ်ဖို့ / လိုက်နာကြဖို့ ခက်တာကိုး။

    ဒီ ဘူတာ ဘဲ ပြန်ဆိုက် ပါရစေ။
    အာဏာရှိတဲ့ တိုင်းပြည် အုပ်ချုပ်သူတွေ ရဲ့ တာဝန်ယူလိုစိတ် ဟာ အဓိက နေရာ က ပါပါတယ်။
    သူတို့ က မလုပ်တတ်လို့ ဖြစ်စေ၊ လုပ်ဖို့ မသိလို့ ဖြစ်စေ၊ တာဝန် မယူ ရဲ လို့ ဖြစ်စေ ဒီအတိုင်း မျှော နေရင်တော့
    ဒီမိုကရေစီ ရဲ့ အရသာအဆိုးတွေ အားလုံး ကိုဘဲ နိုင်ငံသားတွေ ခံစား ရမှာ မလွဲပါဘဲ။

    • padonmar

      August 9, 2013 at 8:36 pm

      မလတ်
      မအားတဲ့ကြားက အားလာဖြည့်ပေးတာကျေးကျေး၊
      (အာဏာရှိတဲ့ တိုင်းပြည် အုပ်ချုပ်သူတွေ ရဲ့ တာဝန်ယူလိုစိတ် ဟာ အဓိက နေရာ က ပါပါတယ်။)
      ခုတလော ဒီအကြောင်းတွေ ဆွေးနွေးဖြစ်သေးတယ်။
      အဘတို့လည်း ကောင်းအောင်ပြင်ချင်ဖို့လိုတယ်။
      အလယ်ကလည်း လိုက်ပါဖို့လိုတယ်။
      အောက်ကလည်း လိုက်နာဖို့လိုတယ်။
      တစ်နေရာမှာ တစ်နေရင် ဘယ်တော့မှ တိုးတက်မလာနိုင်ဘူး။

  • kai

    August 9, 2013 at 2:48 pm

    အဲဒီဆိုင်ရာကာယကံရှင်တွေက.. ပုဂ္ဂိုလ်ရေးထိခိုက်အောင်လုပ်တဲ့ သတင်းဌာနကိုတရားစွဲသင့်တယ်..
    ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင်တော့.. ဆွဲမယ်ဆိုရင် ..နိုင်မယ်သေချာပါတယ်..။
    ဒါမျိုးကလူမှုရေးအရကို သိသာနေမင့်ဟာနော…။

    ဆိုတော့…
    လျှော်ကြေးမြက်မြက်ရမှာပေါ့…။
    ဒီလိုနဲ့… ထိမ်းညှိသွားကြရမှာဖြစ်ပါကြောင်း…။

    မှတ်ချက်။ ။ တရားဥပဒေအထက်တွင်.. ဆရာ/တကာ မရှိစေရ..

    • padonmar

      August 9, 2013 at 8:57 pm

      သူကြီး
      မီဒီယာသမားတွေ ကျမလာရိုက်နေပါ့မယ်။
      တစ်ချို့က ကျင့်ဝတ်တွေ နားမလည်လို့
      သတင်းကို ပိုစွဲဆောင်မှုရှိစေမယ်ထင်ပြီး
      ဒီလို မသင့်တာတွေ ရေးသားဖော်ပြနေကြတာထင်ပါတယ်။
      ဘေးကနေ မသင့်ကြောင်းထောက်ပြကြရင် နောင်ကို ဒီလို အမှားတွေ နည်းနည်းလာမယ်လို့ မျှော်လင့်ပါတယ်။
      သူကြီး မြန်မာပြည်ပြန်ပြီး သတင်းစာ ထုတ်ဖြစ်ရင် သတင်းသမားကောင်းတွေ ရအောင်ပေ့ါ။
      (သူကြီးကို ဖားထားတာ)

  • ဦးဦးပါလေရာ

    August 9, 2013 at 3:32 pm

    သတင်းသမားတွေ လွတ်ချင်တိုင်းလွတ်နေတာကို အပြန်အလှန် ထိန်းတဲ့အနေနဲ့
    ပြည်သူ့ အကျိုးစီးပွား ကာကွယ်ရေးအဖွဲ့တွေ ရှိလာစေချင်တယ်။
    စည်းမစောင့်တဲ့ သတင်းသမားနဲ့ သတင်းဌာနတွေကို အားရှိရှိနဲ့ ဝိုင်းပြီး ပြန်ဝေဖန် ထောက်ပြ ဖဲ့ရွဲ့ အမှုန့်ကြိတ် မြောင်းထဲထည့် ဖို့ပေါ့…။

    ပြောသာပြောရတယ် – ဒီခေတ်မှာ သတင်းဆိုတာကလဲ မီဒီယာပေါင်းစုံနဲ့ အထိမ်းအအချုပ်မရှိ ပျံ့နှံ့နေတော့တာကိုး…

    လူတွေကို အဓိကထားရင်းနဲ့ လူတစ်ဦးစီရဲ့ တန်ဖိုး ယုတ်လျှော့သွားတာကို ခေတ်ရေစီးကြောင်းလို့ ခေါ်ချင်တယ်…။

    • padonmar

      August 9, 2013 at 9:01 pm

      ငှက်ကထကြီးဦးပါ
      ပြည်သူ့အကျိုးစီးပွားကာကွယ်တဲ့အဖွဲ့ဆိုလို့
      စားသုံးသူအကျိုးကာကွယ်တဲ့ အဖွဲ့တောင် သိပ်မကြားတော့ဘူးနော်။
      အများအကျိုးလုပ်ရတာ ကိုယ့်အကျိုးတစ်ခုထဲတွက် လုပ်ရတာထက် အပုံတစ်ရာလောက်ခက်သမို့
      ရေရှည်တည်တံ့အောင် ကူညီကြစေချင်ပါတယ်။

    • kai

      August 10, 2013 at 4:51 pm

      ယူနီယံတွေက… သတင်းသမားတွေကို.. အင်အားချိန်ဆညှိပေးနိုင်မယ်ထင်မိတယ်…
      သမဂ္ဂပေါ့လေ..။

  • Shwe Ei

    August 9, 2013 at 4:37 pm

    ကာယကံရှင်ခွင့်ပြုချက်မပါဘဲ လွတ်လပ်စွာဖေါ်ပြခွင့်ရှိတာ
    ဘယ်လိုသတင်းမျိုးအစားလဲ သိချင်ပါသေးတယ် အန်တီဒုံ။
    မျက်မြင်သက်သေရဲ့ ထွက်ဆိုချက်ကို ဒါ့ပုံနှင့်တကွဖေါ်ပြတဲ့နေရာမှာ သတင်းသမားက တတိယလူဖြစ်နေတော့ အိုက်ဒါကို သတင်းလို့ခေါ်လို့ရပါအုံးမလား ???

    • padonmar

      August 9, 2013 at 9:07 pm

      အဲဒီ ကာယကံရှင်ဟာ Public figure ဆိုရင်တော့ ခွင့်ပြုချက်ဟာ အကန့်အသတ်နဲ့ပဲ လိုလိမ့်မယ်ထင်ပါတယ်။
      သတင်းက သူ့ကို အကျိုးမယုတ်စေရင်ပေါ့။
      ဒါပေမယ့် အသရေပျက်စေတဲ့ ကိစ္စဆိုရင်တော့ တရားရင်ဆိုင်ဖို့သာပြင်ပေတော့။
      သာမာန်လူတွေ အတွက်ကတော့ ခွင့်ပြုချက် ယူကိုယူရပါမယ်။
      ဘယ်လိုပင် သတင်းကောင်းဆိုသော်ငြား သူ့ဖက်က နာမည်မထွက်ချင်တဲ့ ကိစ္စတွေ ရှိနေနိုင်ပါတယ်။
      အဲဒီအခါ သတင်း မဟုတ်ပဲ အတင်းဘဝ ရောက်ပြီး
      သတင်းသမားလည်း အတင်းသမား ဖြစ်သွားမှာပေါ့။

  • nozomi

    August 10, 2013 at 9:39 am

    မှန်ပါတယ် အန်တီလေး ခင်ဗျာ

    မတော် မတရား လုပ်ခံရတဲ့ မိန်းကလေး
    အမည် လိပ်စာ နဲ့ အတိအကျ ဖော်ပြခံရတော့
    တစ်ရှက်က နှစ်ရှက် ဖြစ်ရတာပေါ့

    ရွှေမှုံရတီလေး မန်းလေး ဂေးဇက် က ချောကိုကို ကို ဝှိုက်ကာယ ပြုလုပ်ခြင်း ဆိုပြီး အတိအကျ သတင်းတွေ ထွက်လာတော့ ဆရာချော ခင်ဗျာ ရန်ကုန်မှာတောင် မနေရဲ လို့ နယ် သွား ရှောင်နေရတယ်

  • padonmar

    August 10, 2013 at 9:21 pm

    မှိုဆရာပြောမှပဲ
    ဘလက်ခင်ခင်ချော ပျောက်ရခြင်း အကြောင်းရင်းကို သိရတော့တယ်။

  • Mr. MarGa

    August 11, 2013 at 12:52 pm

    သတင်းသမား…ဟာ
    သူရေးတဲ့ သတင်းကို တာဝန်ယူရပါမယ်
    သတင်းသမား ဟာ
    ဘက်လိုက်မှု မရှိအောင် ဂရုစိုက်ရပါမယ်
    နာမည်ကြီးဖို့ ဂျာနယ်/သတင်းစာ စောင်ရေတက်ဖို့သာ ကြည့်နေရင်တော့
    သတင်းသမား ကျင့်ဝတ် မညီဘူးလို့ မမီတဲ့ဉာဏ်နဲ့ ပြောပါရစေ
    ဒေါ်လေးရေ ကျွန်တော် တွေးတာ မှားရင်လဲ ခေါင်းခေါက်ပြီး ထောက်ပြပါနော်

Leave a Reply