ချစ် ချစ် ချစ် (ယာယီ ဇာတ်သိမ်း ပိုင်း)
“စာရေးဆရာ သတိထားပါ ”
” ဟုတ်ပါ့ ရှင် နာမည်တွေကို အပြင်ကလူတွေနဲ့တွဲမှတ်
ပေါ့ ”
“ဟုတ်ပါ့ ဗျာ အဖေ စာတွေက အပိုင်း (၁) မှာကတည်း
ကစမှားနေတာ”
O M G မှတ်ချက်များက ပြင်းထန်လှပေသည်။
သချာင်္မှားတုန်းက ဆရာမ၏ ကြိမ်စာကိုသတိရမိသည်။
နာလိုက်သည့်ဖြစ်ခြင်း။စပ်လိုက်သည့်ဖြစ်ခြင်း။
ဤ နာခြင်း စပ်ခြင်းသည် ကျနော့် အားအမြဲဂရုတစိုက်နှင့်
နောက်အမှားကင်း (နဲ)သောကျောင်းသားတစ်ဦးအဖြစ်သို့
တွန်းပို့ပေးသော အရာဖြစ်ခဲ့သည်။
အမှန်တော့ ဤ ” ချစ် ချစ် ချစ် ” ဇာတ်လမ်းသည် ကျနော်
၏စိတ်ကူးယဉ် ဇာတ်လမ်းတခုမျှသာဖြစ်သည်။ အားသည့်
အချိန် ဟိုဟာလုပ်ရနိုးနိုး ဒီဟာလုပ်ရနိုးနိုး သီးချင်းနားထောင်
လိုက် ဂိမ်းဆော့လိုက် နောက် ဖေ့ဘုတ်အကောင့် လက်ဆောင်
ရလာတော့ ဖွလိုက် ကြွလိုက် ဟီးလိုက် ဟားလိုက် နှင့် ဒီရွာ
ထဲမျက်စေ့လည် ပြီးဘုမသိဘမသိရောက်လာရပြန်သည်။
ဒီမှာလဲ ဘုဘောက် ထော်လော်ကန့်လန့် စာတွေရေးနေရင်း
မှ စာရေးနည်း ဆိုတာကြီး (ဘယ်မှာလဲ မမှတ်မိတော့)ဖတ်မိတော့
ရေးလိုက်အုံးမဟဲ့ဆိုပြီး ရေးချလိုက်ပါလေရော။
ကျုပ်ရေးနည်းကလည်း ခုတွေးခုရေးပေါ့ဗျာ။အဲဒီမှာစတော့
တာပဲ။ကျုပ်စာရေးတဲ့အချိန်က ရုံးမှာ အလုပ်ထဲမှာပေါ့ဗျာ။
စာရေးလို့ရပြီလစ်ပြီဆို စရေးတယ်ဗျာ။တွေးရင်းရေးရင်းနဲ့
နည်းနည်းခရီးပေါက်လာပြီဆိုရင်အဖျက်အမှောင့်ဝင်ဝင်လာရော။
လုပ်ငန်းနဲ့မဆိုင်တဲ့ ဟိုအရေးဒီအရေး တွေဝင်လာ။အတွေးပျက်
အရေးပျက်နဲ့ ကမောက်ကမတွေဖြစ်ရော။
ဒီဇာတ်လမ်းက စိတ်ကူးယဉ်သက်သက်ပါ။
နောက်ထပ်ဇာတ်ကောင်တွေ ကာရိုက်တာတွေ တသီကြီး
ထပ်ဖြည့်ရတော့မယ်။ဒီတော့ တွေးရိုက်ရေးလုပ်ရင် ပိုပြီးအမှား
များတော့မယ်။ ရှေ့နောက်မညီတာတွေဖြစ်သွားနိုင်တယ်။
ဒီတော့ဖတ်သူတွေ ရဲ့ စိတ် မျက်စေ့ အချိန် ငွေ အစရှိတာ
တွေ အလဟသမဖြစ်ရလေအောင် ကျနော်အပြီးထိ အချော
သတ်ရေးပါမယ်။ပြီးမှ ရွာထဲမှာတင်ပါမယ်။
စိတ်ဝင်တစား ရွာသူားအချင်းချင်း အားပေးသောသူများအားလုံး
ကိုကျေးဇူးတင်စွာနဲ့ တောင်းပန်အပ်ပါတယ်။
ခုတော့ယာယီဇာတ်သိမ်းပါရစေနော့်။
( ဂရုတစိုက်ရေးရန် တွန်းအားပေးသော အရီး ။ ဇနီး ။ သားကြီး
နှင့်တကွ ပို့စ် နှစ်ပိုင်းလုံး မန့်၍အားပေးသောသူများအား၎င်း ။
မမန့်ဖြစ်သော်လည်း ဖတ်ဖြစ်သူများအား၎င်း အထူးကျေးဇူးတင်ရှိပါ
ကြောင်း )
(တိုးတိုးတိတ်တိ်တ် သတင်းပေးရ ရင် သာရေအိတ်ထဲကဟာက
ရတနာတွေ ဘာတွေမဟုတ်ဘူးဗျ ဥ သုံးလုံးဗျ ):mrgreen:
7 comments
Myo Thant
August 17, 2013 at 3:05 pm
လူဆိုး
တန်းလန်းကြီး ထားခဲ့ရတယ်လို့
အလင်းဆက်
August 17, 2013 at 3:05 pm
တိန်
ဘာ ဥ တုန်းဗျ ။
:kwi:
Nang
August 17, 2013 at 3:23 pm
lake ou?
မဟာရာဇာ အံစာတုံး
August 17, 2013 at 3:50 pm
အော် .. ဟော့ ..
သို့ဂလိုဂျောင့် သေဂျာ ဂရုစိုက်ရဒါဂိုးဗျ …
ပုံမှန်အားဖြင့် နှစ်လုံးတည်း …
အခု သုံးလုံးဆိုဒေါ့ …
ကဘာကို ပြစားရင်တောင် ထောလောက်တယ် …
မင်းခန့်ကျော်
August 17, 2013 at 4:00 pm
ကျုပ် ကာတွန်းတကွက် ကြိုက်လို့
facebook မှာ တင်ထားတယ်။
“နှစ်လအတွင်း ပြီးအောင်ရေး၍တင်မည်”
ဦးကြောင်ကြီး
August 17, 2013 at 11:17 pm
ဥသုံးလုံး
လူ့ဘုန်းချုန်း
ထုကုန်းကုန်း
ဘုလုံးဆုံး…
အရီးခင်
August 20, 2013 at 5:10 am
ကိုမင်းခန့်ကျော်ရယ်
ရေးတာ ရပ် မသွားပါနဲ့။
ကျွန်မက တမင်နောက် လိုက်တာပါ။
ကျွန်မ ရေးတဲ့ စာတွေ ကိုပြန်ကြည့် လဲ စာအကျအပေါက်တွေ အများကြီးပါ။
ကျွန်မတို့ က ပရို အနေနဲ့ ဝင်ရေးတာထက် လူတွေ ကို စကားပြောချင်လို့ ဘဲ အမှားပါလဲ ခွင့်လွှတ်ကြပါတယ်။
နောက်မိတာ စိတ်မရှိပါနဲ့။
စိတ်မရှိဘူးလဲ ထင်ပါတယ်။
ဇာတ်လမ်းလေးက တကယ်စိတ်ဝင်စား ပါ။
ဆက်ရေးပါရှင့်။