မားကတ္တင်း အက်ဖက်တစ်ဗ်နက်စ် ဆိုသည်မှာ
Marketing effectiveness ကို ဒဲ့ ဘာသာပြန်ရင်တော့ မားကတ္တင်း လုပ်တာရဲ့ ထိရောက်မှု ပေါ့ဗျာ..။
အဲ့ဒါ တခါတခါ ပြောရခက်စ် သဗျ..။ ဘာကြောင့်တုန်းဆို မားကတ္တင်း ရဲ့ tricky အဖြစ်ဆုံး နေရာတွေထဲက တခုမို့ပါ…။
ကျနော် ပြောပြမယ်ဗျာ .. မြင်ယောင်ကြည့်။ ကြိုက်တဲ့ ဖလာရီ ကားကြော်ငြာ ဖွင့်လိုက် ..။
ဆက်စီ တောက်တောက်ယိုနေတဲ့ မော်ဒယ်ဘွိုင်းရယ်… အနီရဲရဲ အရောင်အသုံးရယ်.. အရှိန်ရယ်..လျှင်မြန်တာ ခေတ်မှီတာတွေရယ်
နှုတ်ခမ်းနီမလေးရယ်.. (ယလဲ့ ..ဒါ ၁၉၈ဝပြည့်လွန်နှစ်တွေက ခေတ်စားတဲ့အဖွဲ့)
အဲ့ … လက်တွေ့ အပြင်မှာ သွားကြည့် .. ဖလာရီ မောင်းနေတာ ထိပ်ပြောင်တွေ အများစု..။
ပြောချင်တာက ဂလို ..နုနယ်ပျိုမြစ်မှု သစ်လွင်မှု လှပမှု နဲ့ ကြော်ငြာပေမယ့်..လူငယ်ပုံပြထားပေမယ့်
လက်တွေ့ဘဝမှာတော့ ပိုမို ပညာတတ်မယ့် ပိုက်ဆံရှိမယ့် သုံးနိုင်မယ့် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းသာ သုံးနိုင်မယ့်
ထုတ်ကုန်မျိုးဆိုတာကိုပါ…။
ဟင် ..
ဒါဖြင့် ဘာလို့ လူငယ်ပုံနဲ့ ကြော်ငြာ သလဲ မေးမယ်။
ဟုတ်ပါတယ်.. still young, still fresh, still sharp ဆိုတဲ့ image ကို ပေးချင်လို့ပါ..။
ထိပ်ပြောင်တွေကို ဖလာရီ ဝယ်စီးဟဲ့ ..စော်ကြည်မယ် ငယ်မယ်ထင်ရမယ် ဂုဏ်ရှိတယ် ဆိုတဲ့
အိပ်မက်ကို ပေးထားတာပါ..
သည်တော့ အသက် ၃ဝကျော် အမျိုးသမီးတွေကို anti-aging တို့ ..skin care တို့
ရောင်းတာလည်း ဂလိုပါပဲ …ဟယ် ဆယ်ကျော်သက်လေးကျနေတာပဲ လို့ သူများပြောလာမယ့်
အိပ်မက်ကို ရောင်းတာပါ.. ပြောပါတယ် မာကတ္တာဆိုတာ အိပ်မက်ကုန်သည်ပါလို့..
(ယုတ်မာပုံများ)
ထားပါတော့ဗျာ ထိရောက်မှု အပိုင်း ပြောချင်တာ စကားတွေ ချော်ကုန်တော့မယ်..
မားကတ္တင်း ဟဲ့ လို့ အော်ပြီး ပန်းဖလက်ရိုက်ရိုက် တီဗီမှာ မော်ဒယ်ငှားပီး ဒွန့်ခိုင်း ဒွန့်ခိုင်း
ဘောလုံးအသင်း စပွန်ဆာ ပေးပေး ကြိုက်တာလုပ် ငွေ ဖြုန်းရပါတယ်…။
အဆိုပါ ဖြုန်းတဲ့ ငွေ က ဘယ်လောက်ထိရောက်တယ် ဆိုတာ တိုင်းရတာ သိပ်ခက်သတဲ့
(တိုင်းတာဖို့ရာမဖြစ်နိုင်ဘူးတဲ့)
ဒီနေရာမှာ ရှေ့နေတယောက်ဗျာ သူဆောင်ရွက်တာ အောင်မြင်လား မအောင်မြင်လားကြည့်ဖို့
လွယ်ပါတယ် သူ့အမှုသည် လွတ်သလား နံရံလေးဘက်ကြား ရောက်သလား ဆိုတဲ့ ပေတံနဲ့တိုင်းလို့ရတယ်
ခွဲစိတ်ကုတဲ့ ဆြာဝန်တယောက်ဗျာ .. သူ့ လူနာ မေ့ဆေးပြယ်ချိန်မှာ ကောင်းသွားသလား ဂစ်သွားသလားနဲ့
တိုင်းလို့ရမယ်… စောစောကပြောတဲ့ မာကတ္တာတယောက် ငွေဖြုန်းတာ ဘယ်လောက်ထိရောက်မှု ရှိတယ်ဆိုတာ
ကတော့ တိုင်းဖို့ ခက်လွန်းနေပါသေးတယ်..။
ဒီလိုပြောလို့ တခြား ပရိုတွေကို ထိခိုက်စေချင်တဲ့သဘောမဟုတ်ပါဘူး… ပြောချင်တာက အပေါ်က
ဖလာရီ ကြော်ငြာလိုမျိုး message အလွဲတွေ ပေးတာတောင်မှ ထိရောက်မှု ရှိအောင် ကြော်ငြာနိုင်သေးတယ်
ဆိုတာ ပြောချင်လို့ပါပဲ..။
ကျနော်တို့ ပြောနေကျ စကားတခုရှိတယ် အင်ဒိုနီးရှားမှာ ထုတ်တဲ့ နိုက်ကီ ဘောကန်ဖိနပ်တရံဟာ
ထုတ်လုပ်မှုစားရိတ် ဒေါ်လှ ၃ဝ အောက်ပဲရှိတယ်.. သို့သော် သူ့ကို ဒေါ်လှ ၁၀ဝအောက်နဲ့ ဘယ်လိုမှ
မရောင်းနိုင်ဘူးဆိုတာ ..
ဘယ်ရောင်းနိုင်မတုန်းဗျာ.. ဒီလို ကွာလတီ ဒီလိုပေါ့ပါး ခိုင်ခံ့ ကျစ်လစ် ပီး ကိုယ်နဲ့ တသားထဲကျမယ့်
နည်းပညာပိုင်း အဆင့်မြင့်တဲ့ ဖိနပ်တရံ ရလာဖို့ က စင်ဒရဲလား မာမား ဆီကတောင်းထားတာမဟုတ်သလို
ဓါတ်လုံးနဲ့ တို့ ထုတ်ထားတာလည်းမဟုတ်ပါဘူး..။ နှစ်တိုင်း ဒေါ်လှ သန်းပေါင်းများစွာ အကုန်ခံပြီး R&D လုပ်ထား
ရတာတွေရဲ့ အသီးအပွင့်တွေပါ..။
ပြီး .. အမှန်ခြစ်ကလေးခြစ်ပြတာနဲ့ ဘာဆိုတာ သိအောင် ကိုဘီဘရိုင်ယန် အစ မက်ဆီ အလည် အူစိန်ဘော့အဆုံး
သန်းနဲ့ချီပေးပီး ကြော်ငြာရတာလည်း ရှိသေးသကိုး ..။ (သေဖို့ကောင်းတဲ့ မာကတ္တာတွေ ဒင်းတို့လုပ်လို့
ပစ္စည်းတွေ ဈေးပိုပိုကြီးကုန်တာ)
စကားမစပ်ပါ Rex Briggs နဲ့ Greg Stuart ဆိုတဲ့ ဆြာသမား၂ယောက် အငြိမ်မနေတာများပြောပါတယ်..။
မာကတ္တာ တွေရဲ့ 37% သော ငွေသုံးမှု ဟာ ဖြုန်းတီးတာပါတဲ့ …။ (သေဟဲ့ နိန္ဒိယ)
ဟုတ်တယ် ဖြုန်းတယ်.. ။ ဘာလို့ ဖြုန်းရသလဲ လင်းပါမယ်။
ကျနော်တို့ exhibition တခုလုပ်တယ် ဗျာ..။ ပြပွဲကို မှန်းချေ လူ ၁၀၀ဝ လာမယ်..
ကိုယ့်ပြခန်းကို ၂/၃ လောက် လာမယ် မှန်းမယ်ဗျာ.. ပန်းဖလက် အစောင် ၇-၈၀ဝ လောက်တော့
ကြိုပြင်ထားရမယ် (အနည်းဆုံးပေါ့)
တကယ် ဝေတော့ ၅၀ဝပဲ ကုန်မယ်ဗျာ ၂-၃၀ဝ ပိုမယ်… ဘာဖြစ်လဲ ..နောက်ပွဲသုံးမပေါ့..
(နောက်ပွဲ နောက်နှစ် ဖြစ် လည်း လွင့်ပစ်ရတာပ..) ဆိုတော့ ..
အနှီ ၅၀ဝ လည်းပဲ တကယ် စိတ်ဝင်စားတဲ့လူ ဟုတ်ရဲ့လား စဉ်းစားစရာပါ..
ကျနော်တို့ ကိုယ်တိုင်လည်း ဟိုပွဲတက် ဒီပွဲ သွား ပေးရာ စာရွက်ယူလာ..
ဘာပါလဲတောင် သေချာမဖတ် အချိန်တန် လွှင့်ပစ် ဖျောက်ပစ် နဲ့ မို့ပါ..
လေတာတော့ လေလွင့်တာပေါ့ ..သို့သော်
ဒါတွေ ခြွေတာမရစကောင်းဘူး ဆိုတာ ပြောချင်တာပါ…။
အဲ့သည့် အလေအလွင့်တွေ အပြုံးအတီးတွေ ရဲ့ စားရိတ်ကို တကယ်တမ်းမှာ နောက်ဆုံး ဘယ်သူခံရလဲသိလား..
(ကျော်လည်း မသိဘူး ဟိ..)
ထားပါတော့လေ… ဒါကို တိုင်းတာသမှု ပြုတဲ့ ကိစ္စရပ်ကို Return on Marketing Investment (ROMI) လို့ ခေါ်ပါသတဲ့ ..
Robert Shaw ဆိုတဲ့ လူကြီး မနေနိုင်မထိုင်နိုင် သွားကလိထားတဲ့ ပညာတခု ပေါ့ဗျာ..
တတ်နိုင်သူများ ဝယ်ဖတ်ကြပါကုန် ကျော် ကတော့ အဲ့တုန်းက ပက်ဆံ မစိလို့ ငှားဖတ်ခဲ့တာပါ… (ခု ပိုမွဲလာတယ်)
၁၉၉၈ ခုနှစ်ရဲ့ Business Management Book of the Year ဆုရတဲ့ Improving Marketing Effectiveness ဆိုတဲ့ စာအုပ်ပါ..
What Sticksဆိုတာကတော့ ၂၀၀၆ မှာ ထွက်တဲ့ အပေါ်က ဆြာသမား ၂ယောက်ရဲ့ 37% ဖြုန်းတယ် ပြောတဲ့ စာအုပ်ပါ..။
(အမြည်းပဲ ဖတ်ဖူးသေးတာပါ..အဲ့လို ဖွင့်-ဖွင့်ချသူတွေကို သားသိပ်မုန်းတယ် အားမိုး ရယ်..)
ဒီဆြာတွေရဲ့ စာကလည်း ပင်ဆယ်လ်ဗေးနျား မှာ ရှိတဲ့ ဝှာတွန်း တက္ကသီလာ နဲ့ ဟားဗတ်မှာ နံပါတ်-၁ စွဲပါသတဲ့ ..။
(ကျော်ကတော့ ဟားဗတ် ထက် ချီးဗတ် ပဲ အရသာသိသူမို့ ..မဖတ်ဖြစ်ပါ။)
ဟုတ်ကဲ့ပါ အတည်ရေးပါ့မယ်… သူရို့အပြောအရ မားကတ္တင်း နဲ့ ပါတ်သတ်လို့ တိုင်းတာကြ ဆုံးဖြတ်ကြတဲ့နေရာမှာ အချက် ကြီး ၂ချက်ရှိပါသတဲ့ …။
အဲ့ဒါတွေကတော့ ..
1). Corporate Culture –
Each company operates within different bounds.
အဖွဲ့အစည်းတိုင်းဟာ သီးသန့်ဖြစ်တည်မှု အဝန်းအဝိုင်းတွေနဲ့ ရပ်တည်ကြပါတယ်။
(ယလဲ့ ..ငလက်က ဒါမိုးလည်း ရေးလို့ထွက်သဟ..)
အဖွဲ့အစည်းရဲ့ အရွယ်အစား .. ဘဏ္ဍာရေး အခြေအနေနဲ့ သူတို့ တည်ရှိနေတဲ့ စီးပွားနယ်ပယ်ကိုလိုက်လို့ ကွာခြားမှု ရှိမှာပါ..။
ဒါတွေကို အခြေခံလို့ . brand နဲ့ ပါတ်သတ်တဲ့ စဉ်းစားတွေးခေါ်ပုံတွေ တန်ဖိုးနဲ့ ငွေကြေးသတ်မှတ်ချက်တွေ ကွာကုန်မှာ ဖြစ်ပါတယ်..။
(ဖတ်မကောင်းဝူးဟုတ်.. ဘယ်ကောင်းမတုန်း စာကို စာလိုရေးတာပါ.. ကန္နားစီး လေနဲ့ တမျိုးပြောင်းရေးပါ့မယ်)
ဆိုလိုချင်တာ ဂလိုပါဗျာ.. ဂျော်ဒန်းနိုးနဲ့ ဂူချီ မတူသလိုပေါ့..
ဂျော်ဒန်းနိုး က ဈေးချိုမယ် သက်တောင့်သက်သာ ရှိမယ် ထသွားထလာ ဝတ်နိုင်မယ် ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်မယ်
ဒါမျိုး အဝတ်အထည်ထုတ်တယ်..
ဂူချီ ကျတော့ ဈေးကြီးမယ် စမတ်ကျမယ် တော်ဝင်ဆန်မယ် ဖက်ရှင်အရ တန်းမြင့်မယ်..
ဒီလို အကျင်္ ီ ထုတ်ပါတယ်..
ဆိုလိုသည်မှာ အဝတ်အထည် ဆိုတဲ့ လိုင်းတလိုင်းတည်းမှာနေကြပေမယ့်
ကန်ပနီ အရွယ်အစား ရပ်တည်မှု ရှုမြင်ပုံ စတာတွေ ကွာတော့
သူရို့ရဲ့ မားကတ္တင်း လုပ်ဆောင်ပုံတွေဟာ ခြားနား နေမယ် ဆိုတာပါ..။
ထပ်ပီး မြင်သာအောင်ပြောပါဆိုရင် သဂျီး သုံးတဲ့ ကမာ္ဘ့ နံပါတ်တစ် ကော်ကျွတ်ဖုန်း ထုတ်တဲ့ ဆမ်ဆောင်းနဲ့
အိုင်ဖုံးထုတ်တဲ့ ပန်းသီး ကွာသလို ကွာတာ ပြောပါတယ်… (အရသာရှိထှာ)
ယနေ့ခေတ်ဟာ သတင်းအချက်အလက် ဟာ အသက်လို အရေးကြီးတဲ့ အချိန်ကာလ ဖြစ်ပါတယ်.
အချက်အလက်ကိုင်ထားသူဟာ စားရတာပါပဲ..
SNS လှိုင်းရဲ့နောက်မှာ လူတွေက ပိုလို့တောင် smart ဖြစ်လာပါသေးတယ်..။
ဘာ ..မွှေးဆပ်ပြာ မကြိုက်ဘူး ဟုတ်စ …
ဒါဆို ဆင်ချေးတုံး ပဲ သုံးပေါ့ ဆိုတာ ပါပါယီး အူးနေဝင်းခေတ်က ဈေးရောင်းနည်းပါ..။
ဟထားတဲ့ တံခါးလေးကို ဒီထက် နည်းနည်းလေးသာ ဆက်ဆွဲဖြဲလိုက်
မျက်နှာမာတဲ့ မနော့ပလီ ဆြာတွေ မျက်ရည် ဖြိုင်ဖြိုင်ကျရဦးမှာပါ..
(လိုက်သတ်မှာ စိုးလို့ တော်သေးဘီ..)
သတင်းအချက်အလက်ဆိုတာ ဝယ်သူတွေ သုံးစွဲသူတွေ ဆီက နေစုဆောင်းရရှိပါတယ်..။
ဆိုပါစို့ ဘောပင်ထုတ်တဲ့ ဖန်းမ် တခု..။
သူ့ ပရိတ်သတ်အများစုက မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေ..
သူထုတ်တဲ့ ဘောပင် အရွယ်အစား product design
အရက ကလေးတွေအတွက် လေးတယ် ရှည်တယ်…
နည်းနည်း သေးပြီး တိုအောင် ထုတ်ရင် ပိုအောင်မြင်နိုင်တယ် ဆိုတဲ့ အင်ဖော်မေးရှင်းကို
အထက်ကပြောတဲ့ သူ့ ပရိတ်သတ်အများစု က ဘယ်သူဘယ်ဝါတွေ ဆိုတဲ့
သတင်းအချက်အလက်ကနေရရှိပါတယ်..
အဲ့သည့်အချက်ကို မသိလို့ကတော့ စမ်းတဝါးဝါး ထုတ်နေဦးမှာပါပဲ…။
Ultimate User Experience ဆိုတာ ရှိသဗျ..အဲ့ဒါနဲ့ပါတ်သတ်လို့ ဥပမာပေးရရင် ပန်းသီးဟာ..
(ရွာထဲက ကော်ကျွတ်ဖုန်းသုံးသူတွေ မေတ္တာပို့ မစိုးလို့တော်သေးဘီ.. ဟိ)
စိတ်ဝင်ဒဇားပါက McKinsey ကထုတ်တဲ့ စာတွေ ရှာဖတ်ပါ
2) Exogenous Factors –
ဒါကို ပြင်ပသက်ရောက်မှုများ လို့ ဘာသာပြန်နိုင်မယ် ထင်တယ်..
ရာသီ ဥတု၊ အတိုးနှုန်း ၊ အစိုးရ ပေါ်လစီ နဲ့ စီးပွားအတက်အကျ ဈေးကွက်အနေအထား
စတာတွေပေါ့ဗျာ.. ကိုယ် က ကောင်းအောင်လုပ်ထားယုံနဲ့ မပြီးဘူး ဆိုတာ
ဒီနေရာမှာ သွားတွေ့ရတယ်.. အပြင်ကိုလည်း လိုက်လျောညီထွေ ပြုမူတတ်ဖို့ လိုသေးတဲ့သဘောဗျ..
၉/၁၁ ဖြစ်ကာစ က နယူးယောက်မယ်
ဓါတ်မီး ဒတ်ခဲ အင်မာဂျင်ဆီလမ့်ပ် တို့လို
အရေးပေါ်သုံးပစ္စည်းတွေ ပစ္စည်းပြတ်ကုန်တဲ့အထိ
လူတွေ ဝယ်ဆောင်ကြတယ် မှတ်ဖူးတယ်..
ခါတိုင်းဗျာ.. မီးပျက်တယ်ဆိုတာ တသက်မကြားဖူးတဲ့ ဈေးကွက်နော..။
ဈေးကွက် ဝယ်လိုအား ရုတ်ချည်းဆောင့် တက်သွားတာများပြောပါတယ်..
PESTL လို့တော့ ဆြာသမားတွေ ဆိုကြလေ့ရှိသဗျ..
political, economic, social, technological နဲ့ legal တွေ ဆိုပါတော့
ဒါတွေနဲ့ ချိန်ညှိရမယ် လို့ ပြောကြပါတယ်..
စာမှာတော့ ဒါတွေ ကျွမ်းကျင်ရင် စားရမယ်လို့ ရေးသဗျ..
ဆိုလိုသည်မှာ PESTL ကို မပိုင်ရင်တော့ ရမ်းထုတ် ကံကောင်းရင်ပေါက်မပေါ့..
သေချာတာကတော့ Risk ကို နိုင်နင်းစွာ မကိုင်တွယ်နိုင်တာနဲ့
ပြိုင်ဆိုင်မှု အားသာချက် မရတာတို့ပဲ ဖြစ်ပါတယ်
(ခုချိန်ထိ မနော့်ပလီ ဆော့နေသေးသူများမပါပါ)
Marketing Strategy –
marketing effectiveness ကောင်း ချင်ရင်တော့ marketing strategy အပျံစား တခုလိုအပ်ပါတယ်။
Positioning ကစလွဲလို့ကတော့ သာမန်ထက်ထူးကဲကောင်းမွန်တဲ့ ရလာဒ် တွေ ရဖို့ မလွယ်ပါဘူး။
(အတည် ရေးပါ့မယ်လေ….အော်.. ကျော့် အတည်ကိုက စံလွဲနေတာ..)
ဆိုပါစို့ .. ဒဂုံ-၁ လိုကျောင်းမျိုးသွားပီး ကလေးတွေကို အိုဗာတင်း မိုင်လို သောက်လား သွားမေးမယ်.. ၉၀% က သောက်တယ်ပေါ့…။
သည်တော့ ကောက်ချက်ချ .. မြန်မာပြည်ကလေး ၉၀% က နို့ချော့ကလက်ဖျော်ရည်သောက်ကြသည် ဆိုပြီး
ရှိတဲ့ လူဦးရေနဲ့ ချိန်ကိုက်ပီးသာ တင်သွင်းယူလို့ကတော့ နားကားပြီ … ။ အဲ့လို တကယ် နားကားသွားဖူးတာရှိပါရဲ့ …။
Marketing Creative –
တခါတလေကျပြန်တော့ Strategy ကတော့ အဟုတ်ဗျ…။ လုပ်နည်းကသာ လိုနေတာ.. တိုက်ခန်း ပရိုမိုးရှင်း လုပ်ပါတယ် ..ဝါတွင်းကြီး ဆို…
သိပ်နေရာမကျ သလိုပေါ့ … အဲ့ .. တခုတော့ ရှိတယ် … ဝါထွက်ကာနီးလောက် လုပ်တယ် ဆို မဆိုး… သိတယ်မလား တချို့က
ဝါထွက်တာနဲ့ မိန်းမယူမယ် ဘာညာ လုပ်နေတယ် သတင်းသဲ့သဲ့ကြားမပေါ့…။
ရာသီစာ ဆိုတာလေးကလည်း ရှိသေးသဗျ..။ ဝါကျွတ်အမှီတို့ .. နယူးရီးယား တို့ သင်္ကြန် နဲ့ ဝါအဝင်တို့ …
(ပြောပါတယ် အထိမ်းအမှတ်ရက်တွေ ဆိုတာ မာကတ္တာတွေ ဈေးရောင်းကောင်းအောင် လုပ်ထားတဲ့ နေ့တွေပါဆိုတာ)
နေ့ထူးနေ့မြတ်တွေ ရက်ရာဇာ ပြဿဒါး လျောက်သာပြောနေတာ အချိန်တန်တော့လည်း နေက အရှေ့ကထွက်လို့ အနောက်က ဝင်ကြတာချည်း။
သို့သော် ဒင်းတို့က အရောင်ဆိုးတော်ကြလေတော့ ဝယ်လိုက်ဦးဟဲ့ ကိတ်မုန့်လေး ပန်းခြင်းလေး ချော့ကလက်လေး…
စာထဲမတော့ အမေရိကက insurance company AFLAC ကို ဥပမာပြသဗျ… ။ ကျနော်တို့နဲ့ အနေဝေးတာတကြောင်း သိပ် relevence မဖြစ်ဘူးထင်လို့
ချန်မယ်နော..။
Marketing Execution –
ဟုတ်ပါပြီတဲ့ သီအိုရီ ကတော့ ဒီလို မဟာဗျူဟာကတော့ ဒီနည်း နေရာယူတာ တီထွင်ဖန်တီးတာ ပေါင်းစပ်မှု ကတော့ ဒီနှယ် …
ကိုင်းဘာ လုပ်ကြမှာတုန်း လို့ဆိုရင်တော့ ..ဟိုး ရှေးရှေးက မာကတ္တာကြီးတွေကတော့ 4-Ps ကို ဆွဲထုတ်ပြပါလိမ့်မယ်..
Product
Price
Place and
Promotion
နောက်ပိုင်းမှာတော့ 7Ps ဖြစ်လာပါတယ်..
People
Process
Physical Evidence
(ဆြာသမားတွေ အရှိန်မသေလို့ ဆက်ဆွဲတာ 10Ps ထိရောက်တယ်..ထားပါတော့ 7Ps နဲ့ပဲသွားတာပေါ့..)
အပေါ်က P 4 လုံးက ထုတ်ကုန်ပစ္စည်းအတွက် ရည်စူးထားတာဖြစ်ပေမယ့်
အောက်က နောက်တိုး 3 Ps ကတော့ service အတွက် ရည်စူးတာဖြစ်ပါတယ်…
သည်ဘက်ခေတ်က စီးပွားပုံစံတွေက Solution ပုံစံဘက် ရောက်လာတာတွေများပါတယ်…။
Solution မှာ ပစ္စည်း သက်သက် မရောင်းတော့ဘူး Service သက်သက်လည်း မပေးတော့ဘူး
Solution = Product + Service ပုံစံမျိုး လုပ်ပေးလာကြတယ်..
(အဲ့သည်မှာ လူတွေလည်း မျက်စိလည်ပြီး ဘာဝယ်ရကောင်းမလဲ ဖြစ်ကုန်ကြရော..)
အဲ့သည်မှာ ပွဲကပြီးပြီ မထင်နဲ့ ပွဲက အဲ့သည့်ကမှ စတာ …ခေါင်းစဉ်တင်ထားတဲ့ Marketing Effectiveness ဆိုတာ ပြောပါတယ်..
ဘာကြောင့်တုန်းဆိုတော့ ဒီဘဲတွေက လူတွေကို မျက်လှည့်ပြရတာ နဲ့တင် အားမရတဲ့အပြင်
ပြတဲ့မျက်လှည့်ပွဲမှာ ဘယ်ပြကွက်ကတော့ လူစိတ်ဝင်စားတယ် ဘယ်ပြကွက်ကိုတော့ ဘယ်အချိန်မှာ ထုတ်သုံးသင့်တယ်
ဆိုတဲ့ စလယ်ဆုံး ပွဲဘယ်လိုထိန်းရမယ်ဆိုတာကိုပါ လေ့လာပြီး အကောင်အထည်ဖော်လာကြပါတော့တယ်..။
သူတို့ဘက်ကတော့ အကုန်အကျ နည်းနည်းနဲ့ ထိရောက်မှုကျ များနိုင်သလောက်များများ ရနိုင်သလောက်ရအောင်
လုပ်ကြတဲ့ခေတ်ကိုရောက်လာပါတော့တယ်.. ရောက်လာ ဆိုကနေ့ခေတ်က C 2 C Channel ပါ ပွင့်လာလို့ ..
C(Consumer) ကနေပြီး B(Business) ကို ကောင်းကောင်း ပြန်ဆဲခွင့် အချင်းချင်း ရှဲခွင့် ရလာတာကြောင့်ကိုး
မယုံရင် ဟို ဟောင်ဖွာဟောင်ဖွာ လူကြီး စာမျက်နှာ သွားကြည့် ဝိုင်းဘေခံထိထားတာမနည်းဘူး (ဟိ .. မားသံလိုမှ လူချစ်အောင် မနေတတ်တာ နည်းသေးတယ်..)
ဒါပေမယ့် သူလည်း အလွန်တော်တဲ့ မာကတ္တာ တယောက်ပါပဲလေ.. (လော်ဘီ လုပ်လိုက်တိုင်း ဗေထိ ဆို ဂွမ်းကနဲချည်း ဟီးဟီး ထားပါတော့ သူ့အကြောင်း)
အဲ့ဒါတွေပြန်တိုင်းတဲ့နည်းတွေကတော့ နောက်များမှပဲ (စိတ်ပါမှ) ရေးပါတော့မယ်ဗျာ..
ဒီ Intro post ရဲ့ ဆိုလိုရင်းပြောပါဆို မာကတ္တာတွေကြားမတော့ သူတို့ လုပ်လေ့ရှိတဲ့ မထော်မနန်းတွေကို
ဘယ်လောက်ထိရောက်သလဲဆိုတာကို ပြန်လှန် စပိုင်လုပ်တဲ့ ဓလေ့သစ်တခု ခေတ်စားနေတယ် ဖြစ်ပါကြောင်းရယ်။
Nothing but a MkIS Era..
(Long live the Marketing Information Systems)
Philips Kotler သာသနံ စိတ္တိ ံတိတ္ထု..။
http://en.wikipedia.org/wiki/Marketing_effectiveness
http://adage.com/article/news/book-reports-37-advertising-wasted/110937/
http://blog.modelsheetsoft.com/2011/its-not-marketing-if-its-not-measured/
9 comments
အလင်းဆက်
August 21, 2013 at 5:56 pm
အစ က နေ အဆုုံးထိ ဖတ်လိုက်တယ်
ကိုယ် မကျွမ်းကျင်တဲ့ နယ်ပယ်သဘောသဘာဝတွေ ဆိုတော့
ခေါင်းနည်းနည်း မူးသွားတယ် ။
ပြီးမှ အေးအေးလူလူ ပြန် ဖတ်မယ် ။
လောလောဆယ်
သံပရာ ရေတစ်ခွက် သောက်ရင်း တွေးစရာ စကားတစ်ခွန်းက
စာရေးသူ တစ်ယောက် ရဲ ့အောင်မြင် မှ ု က
ဘယ်လို အခြေအနေကို ပြောတာလဲ ??????
ချစ်သုဝေ ဖျော်ပေးမယ့် သံပရာရေလေး သောက်ချင်တဲ့
ပင်လယ်နှင့်တူသော ယောကျာ်း
nicolus agral
August 21, 2013 at 7:16 pm
အစ အဆုံး အတည်လေးရေးပေးပါလား
ဒါမှ မဟုတ် marketing post တွေကြီးပဲ Link ပေးထားတဲ့ post တခုလောက်
(ဥပမာ အံဇာရဲ့ ယနေ့ပို့စ် လိုမျိုး)
သိချင်တယ်
တတ်ချင်တယ်
လက်လှမ်းမမီဘူး
အဲ့လိုမျိုးဖြစ်နေတာ
Please ဂီပေးမှ ရမဲ့ဘဝမို့ပါ
🙂
lele kyi
August 21, 2013 at 8:06 pm
အဲ့လိုမှန်းစောစောသိရင် မားကတ္တင်း ကိုလေ့လာခဲ့ပါတယ်။ အခုလိုပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုတော့ဘူး။ ရုံးသွားပြီး ဘယ်လောက်ဖြုန်းရမလဲ။ ဘယ်သူ့ညာရပါ့မလဲပဲ စဉ်းစားနေရတာ ပျော်စရာကြီး။ 🙂
uncle gyi
August 21, 2013 at 11:19 pm
အတည်အပီကဆရာ့ဆရာကြီးတွေရေးထားတာဖတ်ရင်းနဲ့ခေါင်းမူးလို့မဖတ်နိုင်
အခုလိုလေးရေးလိုက်တော့လည်းပေါ့ပေါ့ပါးပါးနဲ့
တမျိုးဖတ်လို့အမြင်ရှင်းရပါကြောင်း
kyeemite
August 22, 2013 at 9:51 am
Facebook မှာရှယ်လိုက်တယ်ဗျို့..ကျုပ်ဆီက မားကက်တာတွေဖတ်ရအောင်.. 🙂
ဦးကျောက်ခဲ
August 22, 2013 at 10:02 am
ကျောက်စ်ရဲ့ မားကတ္တင်း အက်ဖက်တစ်ဗ်နက်စ်ကတော့…အခု မျက်မြင်ပဲလေ…
ကုန်ကျစရိတ်ကတော့ အိပ်ချိန်ရယ်၊ လေရယ်…
အတည်ပြောရရင်တော့ အလုပ်လုပ်တာလည်း ကိုယ့်ကိုယ်ကို မားကတ္တင်းဆင်းတာလေ…
😀
GARFIELD
August 22, 2013 at 10:29 am
သီအိုရီကတော့ အလန်းပါပဲကွယ့်…
ဖတ်ကြည့်လိုက်တော့ မောင်ဂီပြောချင်တာထက်…
ပြောမသွားတာတွေကို ပိုသိချင်တယ်…
ပေးသောဥပမာများကို ပိုစိတ်ဝင်စားတယ်…
သီအိုရီနဲ့ ပရက်တီကယ်နဲ့ လွဲနေတယ်ဆိုတာ ဒါမျိုးထင့်
ခင်မင်လျက်-
ဂါဂါးကြီး
အရီးခင်
August 23, 2013 at 8:42 pm
မြန်မာပြည် က အစား တွေ အကြောင်း အင်တာနက် ထဲ မှာ ကြော်ငြာလို တွေ့တယ်။
ကြော်ငြာ ပုံတွေ ကလဲ ဆွဲဆောင်မှု ကင်း တယ်၊
အဲဒီ အစား တွေ မှာ အများ အတွက် ကျန်းမာရေးနဲ့ ကိုက်ညီ တဲ့ ဟာ တနည်း ဆီ နဲနဲ နဲ့ အစာ အတော်ရှားတယ်။
မုန့်ဟင်းခါး နဲ့ ရှမ်းထမင်းလောက်ဘဲ ဆီ ကင်းမယ် ထင်ရဲ့။
ဆီမပါ ကျန်းမာ ရေးနဲ့ ညီ မဲ့ မြန်မာအစား ရှားလားမသိ။
အဲဒီ အကြောင်း အကြံပြု ဆွေးနွေး ပေးစေလိုပါကြောင်း။ 😛
Zaw Thant
August 24, 2013 at 11:51 am
.. မားကတ်တင်း အကြောင်း တစွန်းတစလေး အသင်ခံရဘူးပါတယ်.. အဲ့တော့ ကိုယ်တိုင်တော့ မားကတ်တင်း မလုပ်တတ်ဘူး ဒါပေမယ့် သူများရဲ့ ကြောင်ငြာတွေ၊ ပရိုမိုးရှင်းတွေ ဆို ကောင်းကောင်းမမြင်ချင်တော့ဘူး.. ဒါ ငါတို့ကို မားကတ်တင်းနဲ့ ဆွဲဆောင်နေတာဆိုပြီး အင်တင်တင် ဖြစ်နေတတ်ပါတယ်.. ပြီးရင် ပစ္စည်း တစ်ခုတစ်ခုဝယ်မယ်ဆိုလည်း ပစ္စည်းတန်ဖိုးက ဘယ်လောက်မှမရှိပဲ သူတို့မားကတ်တင်းဖိုးတွေကို ကိုယ်ကကျခံပြီးဝယ်နေရတယ်လို့ အောင့်သက်သက်နဲ့.. 🙂