းး ဆ — ဆရာမ — းး ( ပရဟိတ )
ဆရာမ –ဆရာမ –နဲ ့
ပုဝါ နှစ်စ အသာချလို ့
ကိုယ်—-
ကြွ ကြွလေး နေ နေရတယ် မှတ်လား—-
မနက်လေးနာရီ တုံး ခေါက်တော့
ပေ နှစ်ရာလောက်ဝေးတဲ့ ကလေးဆောင်သွား
မမုန်းလောက်စရာ စကားနဲ ့
ကလိုင်ကလေးခေါက်နိုှးရတယ်–
တစ်ယောက်တစ်လေ မထရင် ငေါက်နေရသေးတာ
စောစောစီးစီး——-။
ဓမ္မာရုံပေါ်ရောက်တော့လည်း
ပေးနေတဲ့ ဩဝါဒမှတ်သားရင်း
ငိုက်နေကြတဲ့ ကလေးတွေကို
သနားရက် ရဲ့ နိုှးရခက်တယ်——။
ငါးနာရီ ထိုးတော့
အများစာချက် ထမင်းပွဲမှာ
အတွေးမများရဲဘူး
ကလေးများနဲ ့တပြေးညီ စားရတာ—-.။
မနက်ခုနှစ်နာရီခွဲ–
ကျောင်းထဲရောက်တော့
ကျောင်းဝင်းအနှံ လမ်းလျောက်
ကလေးများနဲ ့ အမှိုက်ကောက်ရတယ်—-။
ကျောင်းတက်ကထည်းက—စ–
နေ ့တစ်ဝက် စာသင်
လျှာတောင် ထွက်ချင်နေပြီ——။
ဒါပေမယ့် — မနက်ခင်း နေ သစ်နဲ ့
ကိုယ်–သူတို ့ကို ချစ် တတ်ပါတယ်—-။
ညနေ လေးနာရီကနေ
တန်းစုံ အုပ်ချုပ်ရေး—-စ-
ည ဆယ့်တစ်နာရီမှ
လရောင်အောက်မှာ လမ်းလျှောက်–ပြန်–
ဒါပေမယ့်—
မနက်ဖြန် အတွက် ကိုယ့်–အားတွေ ကျန်သေးတယ်—။
ပရဟိတ ဆရာမ–တဲ့
အသပြာ မကြည့် အားပါဘူး
သနားစရာ မျက်နှာလေးတွေ– ကြည့်
ရင်မှာ မချိ လို ့ပါ—-။
ဆရာ—ဆိုတာ
တပည့် မရှား — တစ်ပြား မရှိ
ပီတိ ကိုစား — အားကမရှိ
နုံး –ချိ –ချိ ——။
အပြုံးတော့ မပျောက်ကွယ်သေးပါဘူး
နုံး ချိ ချိ —ဖြစ်ရုံလောက်ပါ–ဟာ—–။
ကုမာရီ
(ဘက ပညာရေးကျောင်းမှ ဆရာမတစ်ဦးခံစားချက်)
17 comments
KZ
September 26, 2013 at 11:10 am
စိတ်ရယ်။
ခံယူချက်ရယ်။
လုပ်ဆောင်ချက်ရယ် ကို လေးစားပါတယ်။
ဒီတစ်သက်တော့ ပရဟိတကို အချိန်ပေးလုပ်နိုင်သူဖြစ်မယ်မထင်တော့။
😥
မဟာရာဇာ အံစာတုံး
September 26, 2013 at 11:28 am
ငယ်ငယ်က စာသင်ခန်းထဲမှာဆိုရင်
ဆရာတွေက ဒီထဲကလိုပဲ
“ပီတိကိုစား အားချိ” ဆိုပြီး နောက်ပြောင်ဖူးတယ် ….
စေတနာတွေ မခမ်းသေးတာ တွေ့ရလို့ ဝမ်းသာမိပေမယ့် …
အသပြာ ကိုပဲ ငမ်းနေကြသူတွေ များလေတော့ ….
အင်းးးးးးး (ငမ်းသူတွေ)
ဒီ တောက်ချိုးတွေ ပြင်သင့်ပါပြီလေပေါ့ ….
kyeemite
September 26, 2013 at 11:34 am
မဟာမြန်မာရေ…အဖွဲ့အနွဲ့လေးနဲ့ သရုပ်ပေါ်အောင်ဖွဲ့သွားတာ
မျက်စေ့ထဲတောင်မြင်ယောင်မိပါ၏။ လေးစားပါတယ်ဆရာမရယ်
Mahar Myanmar
September 26, 2013 at 1:07 pm
ဘက စာသင်ကျောင်း တစ်ခု မှာ..
ရာသက်ပန် ရောဂီ ဝတ်ထားတဲ့
ပရဟိတ ဆရာမ တစ်ယောက်
ရဲ့ …
ကျောင်း နေ ကျောင်းစား…
စာ .. ဘာသာ တရား သင်ကြား ပို့ချ ပေးနေတာ ပါ.
အထူးခြားဆုံး တစ်ချက် ရှိ ပါတယ်..
ပြော လို့ ရ / မရ ကာယကံ ရှင် ကို
မေးမြန်း ပြီး ပြော ပေး ပါမည်
…… မျှော်
lele kyi
September 26, 2013 at 5:18 pm
တောင်တန်းမြေမှ မီးအိမ်ရှင်မလေး. ဂရုဏာရှင်မလေး…မဖြစ်တော့ပြီကွယ်။
မူလတန်းမှ အလယ်တန်းထိ အဲ့လိုဆရာ.ဆရာမတွေနဲ့တွေ့ခဲ့တာ။ ဆရာမ အိမ်မက် မက်ခဲ့ ဘူးပေမဲ့ စေတနာ မရင့်သန်တော့ လွင့်ပါးပျောက်ရှ။ ဒါပေမဲ့ စိတ်ကူးယဉ်တုန်းပါပဲ.အဟဲ..
Mahar Myanmar
September 27, 2013 at 9:05 am
စာသင်တဲ့ ဆရာမ မဖြစ်တောင် ဆေးကု တဲ့ ဆရာမ ဖြစ်နိုင်သေးတာ
ပဲ လေ.. အား မချော့ ပါ နဲ့….
အလင်းဆက်
September 26, 2013 at 8:03 pm
နုံးချိချိဖြစ်ပေမယ့်..
ပြုံးရှ်ိရှိ ဖြစ်သေးတယ်…ပေါ့လေ…
🙂
Mahar Myanmar
September 27, 2013 at 9:11 am
စေတနာ အား ကောင်း ေ တာ့..ကျောင်း (ဘုန်းကြီးကျောင်း) က
ကျွေးတဲ့ ထမင်းစား ၊ ကျောင်းက ပေး တဲ့ ဇရပ် မှာ နေ..
တရားလုပ် ၊ စာ သင် ၊ သန့်ရှင်းရေး ၊အုပ်ချုပ်မှု ကိစ္စ တွေ
ကို နာရီ ဇယား နဲ့.. လုပ်ဆောင ် ရင်း ..
ဘာ တွေ များ ပြန် ရ နေ လို့ ….လုပ်နေတယ်
ထင်ပါ သလဲ…
တကယ့် ပီတိ ပီတိ အစစ် တွေ လေ….
ကျော်စွာခေါင်
September 27, 2013 at 12:59 am
ဘက စာသင်ကျောင်းက ဆရာမလေးနဲ ့တစ်ကွ ထိုသို ့သော ဆရာ ဆရာမလေးများ အားလုံးကို သာဓုလည်းခေါ်ပါတယ်..
လေးစားစိတ်လည်းဖြစ်မိပါတယ်..။
ပင်ပန်းရှာမှာပေါ့…။
အဆပေါင်းများစွာသော စိတ်ချမ်းမြေ့မှုကို ပြန်လည် ရောင်ပြန်ဟပ်ပါစေလို ့ ဆုတောင်းပေးပါတယ်..။
Mahar Myanmar
September 27, 2013 at 9:15 am
ကိုကျော်စွာခေါင် ရဲ့
ဆန္ဒ လေး ကို ကာယကံရှင် ဆီ
ပို့ပေး ပြီး ပါကြောင်း..
ယခု မန့် များ ကို လည်း
ကာယကံ ရှင် ထံ သို့ အားလုံး
ပို့ ပေး ပါကြောင်း…
အရင် က အဲဒီ ယောဂီ ဟာ..
ဘာသာ မဲ့ တစ်ဦး လို့ ယူဆ ရပါတယ်…
အဲဒီ ကနေ ဗုဒ္ဓ ရဲ့ နည်းလမ်း တွေ ကို ..
ယောဂီ ဝတ် နဲ့ ကျင့်ကြံ နေ..ကူညီ ပေး နေတာ ပါ..
ဦးကြောင်ကြီး
September 27, 2013 at 9:54 am
သဂျီး မာမွတ်ခိုမ်ဂ အဲဒီ ကဗျာ ဝယ်ဂျင်လို့ဒဲ့… ဂေဇက်ပုံနှိပ် သဒင်းစာမှာ အယ်ဒီတာ့အကြိုက် ထည့်မည်ဆိုလား…. ဒေါ်လာ တရာအောက်ထစ်တော့ ပေးဝယ်ပါသဂျီးရယ်.. ဘကကျောင်း အလှူလည်း မြောက်သွားဒါပေါ့..
Mahar Myanmar
September 27, 2013 at 3:39 pm
ဝယ် ရင် တော့ ကောင်း ပေါ့ ဦးကြောင် ရာ…
ဘက ကျောင်း အတွက် ကလေး တွေ ထမင်း တစ်နပ်
ရ ရ ပေ့ါ…
သူဂျဲ က တုတ် တုတ် မလှုပ် တာ ခက်တယ် ..
အဲဒါ ထက်…
အခုတစ်လော ..ပေါ်နေတဲ့
တွဲရေး ခွဲရေး တွေ က ပို ခက် နေ သလား လို့ ဗျာ…
Ma Ma
September 27, 2013 at 12:42 pm
လူဆိုတာ ကိုယ့်နေရာ ကိုယ်ဖန်တီးတယ်။
မြင့်မြတ်တဲ့စိတ်ထားရှိတဲ့ ဆရာမလေးကို လေးစားပါတယ်။
ပါမောက္ခချုပ်ဆရာတော် ဟောကြားသလို ..
အလှူဒါနလုပ်ရင် ချမ်းသာတယ်ဆိုတာ နောက်ဘဝအသာထားပြီး ခုလက်တွေ့မှာတင် ကိုယ့်ကို ပေးတဲ့သူနဲ့ မပေးတဲ့သူ ဘယ်သူ့ကို ချစ်ခင်တဲ့ စိတ်ဖြစ်သလဲ။
ကိုယ့်ကို ပေးတဲ့သူကို မြင်ရင် ဝမ်းသာတယ်၊ ကြိုဆိုတယ်။ အဲဒါတွေဟာ အလှူပေးခြင်းရဲ့ လက်တွေ့အကျိုးတွေပဲ တဲ့လေ။
စေတနာနှင့်တူသော အကျိုးပေးပါစေ။ 🙂
Mahar Myanmar
September 27, 2013 at 3:36 pm
အဲဒီ တစ်ယောက် ရဲ့ မိခင် က ဌာန တစ်ခု က အရာရှိ လတ် တစ်ဦး ..မောင် က ဆရာဝန်…
သူ ကတော့….သူ့ယုံကြည် ရာ တရား ကျင့် ရင်း ဒီ ဘဝ ကို ခံယူ ထား သူ ပါ…
ဆိုးဆိုး ကောင်း ကောင်း ကလေး တွေ မိတ်ဆွေ တွေ ကို တရား နဲ့ ဆွဲခေါ် နေတယ်..
ဆိုး တာ က သူမ အတွက် အချိန် က နည်း နေတယ် လေ…
ဝင့်ပြုံးမြင့်
September 28, 2013 at 12:39 am
ရင်ထဲကသံစဉ်မို့လို့ထင်တယ်။ ကဗျာလေးက လှနေတာလေ။ ရင်နဲ့ရေးတဲ့ ကဗျာလို့ မြင်ပါတယ်။
ဦးဦးပါလေရာ
September 28, 2013 at 5:20 am
တကယ်တော့ ဘက ကျောင်းတွေကို ပညာရေးအတွက် မကြိုက်ပါဘူး…
ဒါပေမယ့် ဒီနိုင်ငံမှာက အဲဒါလေးတွေရှိလို့ နဲနဲခံသာနေတာလို့ မြင်မိတယ်။
အစိုးရအဆက်ဆက်-
တိုင်းသူပြည်သားတွေကို
တိုင်းသူပြည်သားတွေရဲ့အကျိုးကို
တိုင်းသူပြည်သားတွေရဲ့အနာဂတ်ကို
ပစ်စလက်ခတ်ထားပုံမျိုးနဲ့ ဘက ကျောင်းတွေသာမရှိခဲ့ရင် ပညာမဲ့စရိုက်ကြမ်းတဲ့ ကလေးများစွာ (အလွန့်အလွန်များစွာ) နှစ်စဉ်ထွက်ပေါ်နေမှာ……
တိုင်းပြည်ကို တကယ်ချစ်ရင်တော့ အစိုးရက ဘက ကျောင်းတွေရဲ့တာဝန်ကို အမြန်ဆုံး ပုခုံးပြောင်းယူသင့်ပါပြီ
TNA
September 29, 2013 at 7:03 pm
ပရဟိတလုပ်နေသူတွေကို လေးစားအားကျမိပါတယ်။ တကယ်ကိုမွန်မြတ်လှတဲ့စိတ်ထားလေးတွေပါ။