စိတ္တဇ အကျဉ်း ခန်း နံပါတ် (၁၀)
စိတ္တဇ အကျဉ်း ခန်း နံပါတ် (၁၀)
ကဲ ပြော တုန်း က ပြော ပြီး ပြီ ဆို တော့.. အလှည့် ကျ မနွဲ့စတမ်း ပေါ့ ခင်ဗျာ.. ။
အခု အလှည့် ကျသူ ကတော့ ကဗျာ ပြခန်း (၁၀) ကိုဖန်တီး ပေးတဲ့ ကိုမာဃ ပါ..။ သကြားမင်း ပဲ ဆိုပါ တော့..
ကဗျာ တွေ ကို ဘယ် လို ခံစား ရသလဲ..။ ဘယ်လောက် ကျန် ခဲ့ လဲ ..တဲ့ ။ ဟုတ်ကဲ့ တစ် ချို့ ကဗျာ လေး တွေ က သိပ် ကို ကောင်း လွန်း ေ နပါတယ်… ။ ကျွန်တော် က တွေး ရ တာ .. အတွေး လေး တွေ ကျန် ခဲ့ တာ ဆို သိပ် သဘော ကျ တာ လေ..။ နောက် ကာရံ ပဲ ယူယူ ၊ အသံပဲ ယူယူ ၊ အဆံ ပဲ ယူယူ ၊ ဟန် ပဲ ယူယူ ကဗျာ ဆိုရင်..ကြိုက်တော့ တာ ပဲ လေ.. ။
ကဗျာ စပ် နည်း လား…ဟင့်အင်း သိဘူး ဗျ.. ။
ရင်ဘတ် ကြီး နဲ့ ခံစား ပြီး …ရတဲ့ ခံစား ချက် ကလေး ကို ချ ရေး ပစ် တာ ပဲ.. ။
ဒီ တစ် ခါ တော့ ကဗျာ တွေ ကို ခံစား ရတာ ..အဂတိ မှ ကင်း ပါရဲ့ လား လို့ သံသယ ဖြစ် စရာ လေ…..( ကိုယ့်ကိုယ် ကို ပြော ပါတယ် ) ။ နာမည် တွေ နဲ့ ဘယ်သူ က ဘယ် ကဗျာ ရေး တယ် ပေါ့… ။ သိ နေတော့ ..တစ် မျိုး ပဲ…။ အဲ… တစ်ခု ကောင်း သွား တာ က တော့..ကျွန်တော် က .. ကဗျာ ရှင် တွေ ကို မသိဘူး…။ နာမည် သာ ကြားဘူး တာ ဘယ်သူ က ဘာ မှန်း မသိဘူး.. အဲဒါ ကြောင့် ရဲရဲ ကြီး ရေး ချ ပစ် သဗျာ…။
ကဲ ..လက်ဘက်ရည် ကြမ်း လေး သောက် .. ရှမ်းမြေပဲ နဲ့ ထန်းညက် ( ဘယ် ကထွက် လဲ မသိ ဘူး ) စား ပြီး… ဖော လိုက် ကြရ အောင်..ပရိတ် သတ် ကြီး ရေ..
ဒီတစ်ခါ ကဗျာ တွေ ခံစား ရတာ ကိုမာဃ ကောင်းမှု ကြောင့်..ပေါ့.. ။ ဘယ် လို ကောင်း မှု လဲ ဆို .. ကျွန်တော် က ရွာ ကို မရောက်ဘူး သေး ဘူး…။
ဟော အခု ရွာ ထဲ လမ်း လျှောက် ဝင်လာ လိုက် တာ.. မြေမာ လမ်း လေး တစ်လျှောက် ခံစား လျှောက်လှမ်းရင်း ရာသီ ဥတု က လည်း သာယာ သ တဲ့ ။ လရောင် ဖွေးဖွေး ကလေး အောက် မှာ.. အုန်းပင် ၊ ထန်း ပင်၊ ပေ ပင် ၊ တမာပင် တို့ ပေါ် လ ရောင် ကျ နေတာ များ ခင်ဗျား တို့ မြင် စေချင် စမ်း လှ သဗျာ… ။ အခု ကိုမာဃ တဂျာမင်း က ကျွန်တော့ ကို သူကြီး အိမ် မြောက် ဘက် က ..ရွာသား အလှူ သူကြီးဦးကိုင် ကောင်းမှု နဲ့ ဆောက် ထားတဲ့ ဇရပ် မှာ ဧည့်ခံ ထား တာ ဗျ… ။
လေ ကလေး က လည်း ဝှေ့ဝဲ … တိုက် နေလေ တော့ တစ်ခါ တစ်ရံ ဆို …. ရွာလယ် ချောင်းကူူး တံတားဦး နားက ညမွှေး ပန်း ဆိတ်ဖလူးပန်း ရနံ့ ကလည်း ဒီ ဇရပ် ထိ သင်း လာ နေတာ ဗျ… ။
အင်း …. ဇရပ် ဆို တော့ လည်း ညစဉ် ညတိုင်း သက်ကြီး ဝိုင်း တွေ ရဲ့ စကား တွေ ကို ကြား နေရသေးကိုး.. ။ ကျွန်တော် တို့ မြို့ ပေါ် လို တော့ ..ဘီယာ လေး ကစ် ရင်း အငြင်း ပွား နေတယ် မထင် နဲ့ ဦး နော့..အခု က မြေကရား နှုတ်သီးပဲ့ နဲ့ အကြမ်းပန်ကန် နှုတ်ခမ်းလန် လန် တွေ က..သက်ကြီး တွေ နဲ့ အပြိုင် ရင့်ရော် ခြင်း၊ အတွေ့အကြုံ များ ခြင်း ဆိုတာ တွေ ကို မျှ ဝေ စား သုံး လို့ ဗျ….။ ဖက်ဆစ် တော်လှန် ရေး ဆို တာ ရွာ မှာ အုန်းအုန်းဆူ သွား တာ သာဓက ပဲ လေ ။
အလယ် မှာ လည်း (မုံရွာ ကျောက္ကာ ယွန်းထည် လား မသိဘူး ) ဆေး နီ တွေ ပျက် နေတဲ့ ယွန်းဗျတ် နီ ထဲ မှာ ရှမ်းပြည် မြေပဲ နဲ့ ထန်းညက် ( မြင်းခြံ ဖြစ်မှာ ပေါ့ ) ..မြည်းစား ကြရင်း လက်ဘက်ရေကြမ်း သောက်ရင်း ရွာ ရဲ့ ကောင်း ကျိုး ဆိုးကျိုး တွေ ကို သုံးသပ် ဝေဖန် …ဉာဏ် ပညာ တွေ ဖလှယ် ကြ… သူကြီး ကို တိုင်ပင်…တစ်ခါတစ်ခါ တဝါးဝါး နဲ့ ဖိုးသာကီး ( အဖိုးကြီး) တွေရဲ့ ရယ်သံ က ကျွန်တော် ထိုင် နေတဲ့ ဒီဘက်ဇရပ်ထောင့် မနီးမဝေး ကိုရောက်.. ရောက် လာ သဗျ.. ။ ကျွန်တော့ မှာ လည်း ..ကိုမာဃ တည်ခင်း တဲ့ မြန်မာ ဘီယာ ရေခဲစိမ် ကလေး မြုံ့ရင်း နဲ့ လပ်ကီးစထရိုက် ကလေး ဖွာ လို့…တဂျားမင်း လက်ထောက် စည်းစိမ် ကို ခံစား လျက်ရှိ ကြောင်း ပါ ခင်ဗျာ……။
ဒီ လို နဲ့ … ဘီယာ လေး ကစ် လိုက်..ဆေးလိပ်လေး ကလေး ဖွာ လိုက် ..(.တစ်ယောက် တည်း နော်..) တဂျားလက်ထောက် စည်းစိမ် ခံစားရင်း ကိုယ့် ကိုယ် ကို ပြန် ဆင်ခြင် ရ သဗျ.. ။ ငါ … ဘာ ကောင် လဲ ပေါ့ .. ငါ နောက်ကြောင်း ပြန် ခဲ့ ရင် ရွာ ထိပ် ကို ရောက် နိုင်ပေမယ့်..အဲဒါ ( လွန်ခဲ့တဲ့ ) ငါ .. မဟုတ်တော့ ဘူး တဲ့..။ နောက်တစ်ယောက် ပြော တာ လေ ။ ဟင် ဒါ ဆို ငါ က ဘာ လဲ…. ။ အင်း ဗျာ ကျွန်တော် ခေါင်း ချာချာ လည် လာ တယ်..ကျွန်တော် ဘီယာ မမူး တတ်ဘူး ဗျ..( မယုံသူ စမ်း နိုင်တယ် နော် ) .။
ကျွန်တော် တတ် တာ က လူ တိုင်း ကို မျက်နှာ ချိုသွေး ..ဆရာ လို့ ခေါ် ပြီး ..ခိုင်းရာ လုပ် ၊ ပေးတာ ယူ ၊ ကျွေးတာ စာ း ၊ ပြန် မပြောနဲ့ ဆိုတဲ့ အဌာရသ နဲ့..လုပ်စား လာ ခဲ့ တာ ဗျ..။ အဲ ဒါ ကို ပဲ ကျွန်တော် တို့ က ..လူ ရည် ပျက် တွေ ဖြစ် ကရော လား..။ အဲဒါ ကြောင့် လေ ..ကျွန်တော် ခေါင်း မထောင် နိုင် တာ ကြာ ပါ ပေါ့.. ။ ဗိုလ်ချုပ် ရေ.. ကျုပ် ဘဝ က အဆိုးဆုံး ဆိုတာ တွေ ကို ချည်း … ရင် ဆိုင်ပြီး မှ အကောင်း ဆုံး ဆိုတာ ကို အိပ် မက် နေရ သူ ပါ ..။
သား ဆက် တွေ ချွေး မြေ မကျ ဖို့ အခု ကျုပ်တို့ က စာရိတ္တ သွေး တွေ မြေ ကျ ပေး နေရ သလား ဗျာ..။ အဲဒီ လို ..ဆို နောက် အနှစ် ၂၀ ဆိုရင်… ကျွန်တော် ဘာ ကောင် ဖြစ် မလဲ …ဟင်.။ .ကဲ ကဗျာရှင် ရေ တစ်ချက် လောက် အဖြေ ညှိ ပေး ပါ…။
မဖြစ် ချေဘူး..။ မရေရာ မသေချာ လှပါလား.. ။
တုုံး ဆို တိုက် ကျားဆို ကိုက် ပြေး တွေ့ ရအောင် ကလည်း ငါ တတ် တာ က မျက်နှာ ချို သွေး တာ တစ်ခု ။ ဒီ လို နဲ့ ဘယ်လို အမှန် တရား ကို ဘယ် လို ခွန်အား နဲ့ ရင် ဆိုင် ရမလဲ..။
အခု တော့ အကြောက် တရား ဖိစီး စွာ နဲ့ ကျုပ် ခြေလှမ်း တွေ နောက်ပြန် ဆုတ် တာ…နှစ်ပေါင်း မနည်း ပြီ ပဲ…။ ဒါ ကြောင့် လည်း ..ကျုပ် တို့က ကျုပ် တို့ ပဲ ..ဖြစ် နေပြီး .. သူ ကြီး က တော့. သူ ကြိီး ဖြစ် နေ တာ ပေါ့…။
ဒါ ကြောင့် လည်း ကျုပ် က .. ပန်း တိုင် ဆိုရင် အရှေ့ မှာ မထား ချင်ဘူး ..။ လွယ် မယ့် အနောက် ဘက် လာရာလမ်း မှာ ထား လိုက် ချင် တာ ..ဗျာ.. ။ ခြေလှမ်း တွေ နောက် ခဏ ခဏ ဆုတ် တတ် လွန်း သူမို့ ပါ..။ ယုံကြည်ချက်မဲ့နေတဲ့ ကဗျာရှင် ရေ..တစ်ဆိတ် လောက် ကျုပ် ပန်းတိုင် လေး ကျုပ် လာရာ လမ်း ဘက် ကို ရွှေ့ ပေး ပါ .. လား ။ ကျုပ် ပင်ပန်း လှပါပြိီ .. ဗျာ..။
ဒီ လို လူ စား ကျွန်တော် က .. ချစ်သူ လေး တစ်ယောက် တွေ့ ပါတယ် ဗျာ…ရွာရဲ့ အချစ်တော် ကွမ်းတော် ကိုင် လေး ပေါ့….။
ဒါပေမယ့် နောက်ကျ သွား ရတယ်… ။
အခု တော့ ချစ်သူ ပန်းကလေး ကို .. ပန်ဖို့ လည်း အခွင့် မရှိ ..။ ရှိ တော့ လည်း မပန် ရက်…။
လေ တွေ တိုး တိုး သွား လိုက် တာ..သဝန် တို တာ တွေ ပဲ…သွေးပေါင် တွေ တက် ..အရူး ဒီဂရီ သာ တက်တက် လာတယ် ဗျာ..။ ခြေလှမ်း တွေ ခဏ ခဏ ဆုတ် လိုက် တာ နောက်ကျ ခဲ့ ရပေမယ့် ..
ရင်ခုန် တာ က တော့ ပထမ ဆို တာ ယုံထား လိုက် ဗျာ…။ ကိုယ်က မထိ ရက် မတို့ ရက် ..သဝန် တွေ တို လို့..အခု တော့ ..ချစ်သူ က သီတင်းကျွတ် တော့ မှာ မို့ အထူး အား ထည့် နေလေ ရဲ့ ဗျာ.. ကျွန်တော်………… အသည်း မကွဲသင့် ဘူး လား ..ဒုတိယလူ တစ်ယောက် အနေနဲ့လေ..
ကဲ .. ကွဲတာ ခြင်း အတူတူ ဒညင်းဝက် ရေ လာ ဟေ့.. ဘီယာ ကစ် ရင်း အပြိုင် ကွဲ ကြမယ်.. (..အသည်း.) ။
သတိရ တယ် ..ချစ်သူ.. အဝေး တစ်နေရာ ရောက် နေတဲ့.. မင်း ချစ်ခြင် း တွေ လွပ်လပ် ပါ စေ လား…။
လွမ်း တယ် ချစ်သူ… မင်း အလွမ်း တွေ အနှောင်အဖွဲ့ ကင်း ပါစေ လား..။
သိပ်ချစ်တယ် ချစ်သူ.. မင်း အချစ် တွေ ကတိ တည် ပါစေ လား ..။
ငါ တစ်ယောက် တည်း ပါ ..ချစ်သူ.. မင်း ဘေး မှာ..တော့ တစ်စုံ တစ်ဦး ရှိနေဦး မလား …။
သတိ တရ စိတ် တွေ နဲ့ ငါ ဘီယာ သောက် နေ တယ် ချစ်သူ.. မင်း ကတော့ သီလ လုံပါ စေ လား..။
အခု တော့.. မင်း ပုံရိပ် တဝဲဝဲ …မုန့် တွေ စားစား ပြနေ တာ.. ငါ အခု ထိ မြင်ယောင် ဆဲ ..။
ချစ်သူ … သတိ ရလိုက် တာ ….။ နှလုံးသား ဖန်သားပြင် မှာ.. သံယောဇဉ် လက်တွေ က..ခလုတ် တွေ နှိပ် …အလွမ်း ပုံရိပ်စာသား တွေ ကို… ငါ ..မင်း ရှိ ရာ ကျွန်း ဆီ ..မေးလ် ပို့ လိုက်ပြီ… ။ ပို့စ်မင်း ရဲ့ ကြန့်ကြာ မှု ကို ငါ … သီး မခံ နိုင်လို့..ခောတ်သစ် စာ ပို့ ရတာ ခွင့်လွှတ်ပါ ချစ်သူ…။ ဒါ မှ မဟုတ် .. ငါ့ ချစ်သူ ကို … ပို့စ်မင်း က ဖြတ် ခုတ် သွား မှာ ကြောက် လို့..လား ဆိုတာ.. ငါ မသိတော့ ဘူး .. ချစ်သူ… ။
လွမ်း တယ် ..ချစ်သူ… မင်းနာမည် ကို ခေါ်တတ်တဲ့ အဲဒီ တစ်ယောက် အသံ ကြား တိုင်း…။
လွမ်း တယ် ..ချစ်သူ… အဲဒီ တစ်ယောက် ဆီ က ..မင်း သတင်း လေး တွေ ကြား ရတိုင်း ..။
လွမ်း တယ် ချစ်သူ.. အဲဒီ တစ်ယောက် ဆီ ကို မင်း ကို ဖုန်း ပြော လိုက် တိုင်း ..။
လွမ်းတယ် ချစ်သူ.. အဲဒီ တစ်ယောက် ကို မင်း လာ လာ ခေါ် လိုက် တိုင်း..။
လွမ်း တယ် ချစ်သူ.. အဲဒီ တစ်ယောက် က မင်း ဆီ ဖုန်း ဆက် နေ တိုင်း ..။
ဒီလို နဲ့..
နောက်ဆုံးမတော့ ..ချစ်သူ ရေ.. ငါ့ ကို မေ့ လိုက် ပါ….ငါ့ ကို ခွင့် မလွှတ်ပါနဲ့ ..။ အဲဒီ တစ်စုံ တစ်ယောက် ဖြစ်တဲ့
လွမ်းသူလေး ကို ငါ ..အမြဲ မြင်နေ ..ကြား နေရ သမို့..
အခု တော့..
အဲဒီ တစ်ယောက် ကို သံယောဇဉ်တွေ ငြိတွယ် သီတင်း ကျွတ် ဖို့..အုပ်ထိန်းသူ ဆီ ..ငါ သွား နေရ ပြီ .. ချစ်သူ..။
ငါ့ .. ကို ခွင့်.. မ…..လွှတ် လိုက် ….. ပါ နဲ့…ချစ်သူ ။ ရက်ရက်စက်စက် နာကျင်ကျေကွဲ …ငါ့ ကို အမုန်း စာရင်း သွင်း လိုက် ပါ ချစ်သူ..။ ငါ .. လေ အဲဒီ တစ်ယောက် ရဲ့ အောက် မှာ. ကျဆုံး ခဲ့ ရပြိီ..။
ဝတ်ရုံနက် ရှိတာ နဲ့ မှော်ဆရာ မဖြစ်နိုင်ဘူး..။
မှော်ဆရာ ဖြစ်ရုံ နဲ့ ..မင်း .. ငါ့ ကို ညှို့ မယူ နိုင်ဘူး..။
ငါ့ ကို ညှို့ ယူ ဖို့ ဆိုတာ..စပါးကြီး မြွေ လို..ညှို့ တတ် တဲ့ ပညာ တော့ လို လိမ့် မယ်..ပေါ့ ။
မိုး မစို စေချင် ရင် ငါ ကိုယ် တိုင် ထီး အောက် ကို လျှောက် လှမ်း ဝင်လာ မယ်..။ ငါ့ ကို တော့ ထီး မိုး ပေး ဖို့ ..မင်း .. မကြိုးစား နဲ့..။
အခု ငါ က ရိုးပြတ် တော မန်းဂဇက် မှာ ကဗျာ တွေ ဖွမယ် ..။
မျက်စိ မှိတ် ပြီး ရဲ့ အိမ် ကို ရှာ မယ်..။ အဲဒီ အတွက် မင်း ဆီ က ဘယ် လို လိပ်စာ မှ ငါ မလိုချင်ဘူး..။ ဘယ် လို အကြင်နာ ဂရုဏာ မှ ငါ့ ကို မပြ လိုက် ပါနဲ့ .။
ဖြောင်းဖြ နှစ်သိမ့် မလို့ ဟုတ် လား… အမှောင်စကို ဆွဲခြုံနေတဲ့သူ . ရေ.။
ငါ .. လောကဓံ လှိုင်းလုံး တွေ ပုတ်ခတ် ခံ နေရတဲ့.. အပေ အတေ ကမ်းနား ကျောက် ဆောင် မဟုတ် ဘူး ..။
ထပ် ပြော ချင် လိုက်ချင် တယ် ..။
ရေ နစ် နေ တဲ့ တစ်ယောက် ကို မင်း ကယ် ချင် ကယ် လိုက် ပါ.။
ဒါ ပေမယ့် … အဲဒီ တစ်ယောက်.. ( အမှန် တကယ် ရေမကူး တတ် ပါ ဘဲ ….ကို… ) ရေ ငုပ် နေတာ ပါ လို့.. မင်း ကို ပြန ် ပြော လိမ့် မယ်…။
ငါ အဲဒီ တစ်ယောက် မဟုတ် ပေမယ့် .. မင်း ငါ့ ဘဝ ကို ကယ် ချင် ကယ် လိုက်..။ ဗြောက်အိုး ဖေါက်သံ တွေ မကြားသရွေ့ .. ငါ ကတော့…သီတင်း မကျွတ် သေး ဘူး.. လို့ .. မင်း ကို ပြန် ပြော ပစ် လိုက် မယ်.. ။ ဒါ ..ငါ့ မာ န ..ပဲ .။ မင်း.. ဗြောက်အိုး တစ်လုံး လောက် ဖေါက်ဖို့ အရင် ကြိုးစား လိုက်ပါ .။
အခု ကျွန်တော်..ဇရပ် ပေါ် မှာ ဒညင်းဝက် ကို အဖေါ်ခေါ်..နှစ်ဦး အတူတူ အသည်း တွေ ကွဲ မြန်မာဘီယာ တွေ အကစ် ကောင်း လိုက် တာ..ညဉ့် တောင် နက် လာ ပါ ပေါ့ လား..။
ဒါပေမယ့် ကျွန်တော် ခံစား ချက် တွေ က အခု လို လရောင်ဆမ်း နေချိန် မှာ အိပ်ပစ် ပြီး အဆုံး သတ် ရမှာ ကို မလိုလား ဘူး ဗျာ.. ။
ဟိုး အတိတ် တုန်း ကပေါ့….။
လောကဓံ ရိုက်ချက် တွေ ဘယ်လောက် ပြင်း ပြင်း ကျွန်တော် ကတော့ ခေါင်းငုံ့ အံကြိတ် လို့ ကျော်ဖြတ် ခဲ့ ရတာ ပါဘဲ လေ..။ ဒါ တွေ ဟာ အခု ဆို ရင်… အနာဂါတ ် ကျွန်တော့်ရှေ့ရေး အတွက် ..လှေခါးထစ် တွေ ပေါ့..။
တစ်ထပ်စီ တစ်ထပ်စီ… ဆောက်ထား လိုက် တာ..လခြမ်း ကလေး ကို တော့ ခဏခဏ ချွေ ချ နိုင်သေး ပေါ့..။
ပင်ရွက် ဖျား မှာ သီး .. ကောင်းကင်မှာ မနေ မြေမှာ မခ တဲ့ နှင်းစက် ကလေး က..ငှက်ငယ် တစ်ကောင်အတွက် ရေ တစ်ခွက် ဆိုရင်…ကျွန်တော့ အတွက် ကကော ဗျာ..။
ကောင်းကင် မှာ လည်း မရှိ ..မြေမှာ လည်း ရှာ မရ တဲ့ .အခွင့်အရေး တစ်ခု ကို ကျွန်တော် ဘယ် လ ို လူသား ဆီ မှာ..တောင်း ဆို နိုင် မလဲ..။
တေလေ တစ်ယောက် လို လေဖိအား နည်း လို့ ရင်ထဲ မှာ မုန်တိုင်း ထန် သလောက် ကိုယ် အခွင့် အရေး ကိုယ် ဖန်တီး ယူ ခဲ့ ပေ မယ့် ရှက်သွေးဖြာ နေတဲ့ ပါးပြင် ကလေး..လေတိုက်တိုင်း ေ ဝ့ နေတဲ့ ဆံနွယ် တွေ ကို နမ်းရှုပ်ရမယ် ဆို..
ကျွန်တော် ..အဲသလောက် တော့ ရဲ ရင့် ရဲ ပါတယ် ..။
ကံကြမ္မာ ဆိုကာ က .. ချို တစ်လှည့် … ခါး တစ်လှည့်.. ..အခု လည်း ဒီလိုပဲ.. တဲ့ ။
ကေအေ တီ မုံရွာသား ..ကပြောပြီး သူလည်း နှုတ်မဆက် ပဲ ထွက်သွား တာ ပါဘဲ..။
ကျွန်တော် ကတော့ ကံကြမ္မာ တွေ ခါး ပဲ ခါး နိုင်လွန်း .. မရဏ ဖွား ဆိုတဲ့ ကျိန်စာ နဲ့ ဘယ်သိုးကျောင်းသား က သီချင်းဆို ဂစ်တာ တီး ပြ မှာ လဲ..။
ရွာ တောစပ် မှာ သိုးကျောင်း နေတဲ့ အလွမ်းရှင် လား။ …စိတ္တဇ တွေကြိမ်မီး မအုံး နဲ့..အလွမ်းရှင် ရေ.. ညနေစောင်း ပြီ ဆို မျော်လင့်ခွင့် တွေ ဘေး ချိတ် .. အနစ်နာခံလိုတာ အသာထား…ကိုယ် ကျောင်း တဲ့ သိုး တွေ ကိုသာ….ရွာ ထဲ ရောက်အောင် မောင်း ခဲ့ ပါလား..။
ကျွန်တော် ကတော့ ဘဝ မုန်တိုင်း တွေ လျော့ ဖို့ သာမိုမီတာ လေး နဲ့ တိုင်းတိုင်း ပြီး ကုသိုလ် တရား တွေ နဲ့ လိမ္မာ ဖို့ ဆိုတာ..ချစ်သူ ကို ..အမြင်ဆုံး မှာ ထား လိုစိတ် နဲ့ ချစ်သူ ကို ဖြားယောင်း သွား မှာ ပါ..ဒါ ပေမယ့်
ကျွန်တော်..အခု ..ဒညင်းဝက် နဲ့ ဝိုင်း မပြီး သေး ဘူး..ဗျ။
ပြောပြီး ပါ ပကော လား ဗျာ…။
သစ်ကိုင်း ပေါ်တက် အရိပ် ခိုရအောင် က လည်း ကျုပ် က ငှက် မဖြစ် ။
မိုး ပေါ်ပျံတက် လွပ်လပ်ကခုန် ရအောင်ကလည်း ကျုပ်မှာ တောင်ပံ ဆိုတာ နဲ့ တူတာ တောင် မပါဘူး..။
အချစ် အတွက် သတ် သေရအောင် ကလည်း.. ကျုပ် မှာ ဂျူးလိယက် လို မိန်းကလေး မရှိဘူး..။
ဆန္ဒ တွေ ပြည့် စုံရအောင် ကလည်း ..အလာဒင် မီးခွက် က က ကျုပ် မှာ ဘယ်တုန်း ကမှ မရှိ ခဲ့ ဘူး ..။
ဘာ လဲ မအိပ် မနေ အသက်ရှည် ဆို တာ.. လား..။ အလုပ် တစ်ခု .. အစား တစ်ခု .. ဘဝ တစ်ခုု .. အတွက ်တောင် အိပ် ရေး တွေ ပျက် ပင်ပန်းကြီး စွာ လုပ် နေရ တာ..။ အဲဒါ ကျုပ် အတွက် တော့ အသက်ရှည် ဆေး ပေါ့..။
ဘဝ မှာ အိပ်မက် တွေ အများ ကြီး ပေါ့..။ သူတို့ ကို လိုက်ဖမ်း ရင်း နဲ့…အားအင် တွေ ကုန် ..စိတ် တွေ …ပျက် ရတာ အခါခါ ပါ.။ ဘယ်လောက် လုပ်လုပ် ဘယ်သွားသွား အချိန် တန် အိမ် ပြန် ရအောင် က လည်း..ကျုပ် က နွား မဖြစ်သေး ..။ ဒါကြောင့် ဘဝကြီး ရေ ကျုပ် ကို ကြိုးရှည်ရှည် လှန် ဖို့ စိတ် မကူ း ပါနဲ့ ..။ ကျုပ်ကတော့ လေ.. မဟာ ဘာ မှ မသိ ဆိုသ လို… ကျုပ် ကို ကျုပ် သိအောင် ပဲ..အရင် လုပ်ပါ ရစေဦး… အခု တော့ မဟာ လည်း ကိုမာဃ ရဲ့ မြန်မာဘီယာ နဲ့ ကိုယ့် ကိုယ်ကို ရှာပုံတော် ဖွင့်ဥိး မယ် .. ဘဝကြီး ရာ…။
အစွယ်လိုသူ မိဖုရား .. စေခိုင်းသူ က ဘုရင်.. လေးပစ်သူ ကြား က တောက ကိုရင်…
ဘယ်လို ဖြစ် လို့… ဆင်မင်း လည်း သေ…မိဖုရား လည်း..ရင်ကွဲ နာ ကျ..
ကြား က ထော သွား တာ..တောက ကိုရင် မဟုတ် လား..။
မုဆိုး ပဲ..အသည်းနှလုံး မရှိသူ မို့..ပစ်ခါ ရက်ပလေ တယ်… ဟို မှာ သေ ကုန် ပြီ လေ..။
အသင် မောင်မင်း တောက ကိုရင် အသင် နေနိုင် ရက် ပလေ…။
အခု တော့ ကျုပ် …ကျုပ် ဖြစ် အင်…။
ကဗျာ ပြန်ခန်း အသက် ဝင် ဖို့ ..တောင်းဆို သူ က ရွာသား ကဗျာ ရှင်တွေ….
ပို့စ် ထပ် ရေး ခိုင်း သူ က ပြန်ခန်း တာဝန် ခံ တွေ…
အခု တကယ် ရေး ရတော့ ကျုပ် မဟာမြန်မာ လေ…
ကဗျာ ပြန်ခန်း လည်း လှုပ်စ်ိ လှုပ်စိ နဲ့ အသက် ရှူ နေသလို.
.တောင်းဆိုသူ တွေ လည်း ရင်ကွဲ နာ မကျ ကြပါလား…
ကျုပ် မှာ ပဲ မြား တွေ ကုန် ..လက်တွေ ညောင်း ..နဲ့ကံကွက်ကြား ငမိုက် သား မဟာမြန်မာ မှာလေ..
ဇရပ် တစ်ဆောင် မှာ ဘီယာ လေး တိုက် ရေး ခိုင်း လေ တဲ့ တဂျား မင်း… ရဲ့ ဝရဇိန် လက်နက် အောက် မှာ.. မနေသာကြောင်း ပါ …။
သီတင်း ကျွတ် ပြီ တဲ့ ..
ကိုခင် ခ က ရွာပြင် မှ တဲအိမ် ကုပ် ကလေး နဲ့ ဆီမီး ခွက်ကလေး ထွန်း ပြီး နေရာ တာ မို့ ..ပျော် နေရှာ ပါလိမ့် မယ်..။
မီး ရောင် တစုံစုံ နဲ့ လောက ကြီး လင်း တော့ မယ် လေ..။ ဒါ ပေသိ သူ ့ ထက် ပျော်သူ ..ရှိပါ သေး ဗျာ..။
မြန်မာ တို့ ရဲ့ လျှပ်စစ် ဝန် ကြီး က သဘော တွေ ခွေ့..အပျော်ကြီး ပျော် နေပါတယ် …။
သံဃာ တော် တွေလည်း ဝါကျွတ် သမို့.. တစ်ဝါ တိုး လို့..ကုသိုလ် တွေ ပွား ကြမှာ ပါ..။ နှစ်ပါးကြည် အပျို လူပျို တွေအတွက် တော့ ရင်ခုန်စရာ အခါ သမယ ပြုံးလို့ ပျော်မဝ ဖြစ်နေ ကြမှာ ပါ။
အာဝါ မဟ ဝိဝါ မဟ နိုင် သူ တွေ ….
လူပျိုကြီး အပျိုကြီး ( ကိုယ့်ကိုယ် ကို သိကြပါတယ် ) တို့ အတွက် ကတော့ သီတင်းကျွတ်ဆိုတာ…တစ်နှစ် တစ်ခါ ဆွဲဆွဲ နှုတ်နေရ တဲ့..နှလုံးသား ထဲ က ညောင့် တစ်ခု ပေါ့ ။
ဒီလို သီတင်းကျွတ် အခါ မှာ တော့ ရွာ အနီး က ရေကန် လေး မှာ ကြာဖြူ ၊ ကြာနီ ၊ ကြာညို ၊ နဲ့
ကြာပြာ ကြာဝါ တွေ ဆက် မပွင့် လိုက် ပါ နဲ့ လား.။
ပဒုမ္မကြာ ၊ ကုမုဒြာ ကြာ တို့ ကြာ ငါးမည် အစုံ ပွင့် ပါ မှ …သီတင်း ကျွတ် တဲ့ လေး .။
ဗုဒ္ဓဘာသာ သာသနာ ထွန်းကား တဲ့ တိုင်းပြည်… ကြီးသူ ကို ရိုသေ ၊ ငယ်သူ ကို သနား ၊ ရွယ်တူ ကို လေးစား ပါလို့… ဂါရဝေါစ တရား အပြည့် ဆရာမိဘ ကန်တော့ ကြ နှစ်စဉ် .. ကုသိုလ် တွေ မစဲ တဲ့ .. ဒီ သီတင်း ကျွတ် တဲ့ …။ ကိုခင်ခ ရဲ့ ရာသီ စာ ကလေး နဲ့ …ပိတ် သိမ်း မယ် ကြံ လိုက် ကာ မှ…ရွာထဲ က ကလေး တစ်သိုက် က ..
သီတင်းကျွတ်ပြီ..
မီးပုံပျံလွှတ်ရအောင်
မီးစာကို ….သဂျီး ထိုးပါ …… ဆို လား…
ဝေးလေး ဝါးလား အော် ဟစ်သွား လိုက်ကြတာ..ဪ .သီတင်း တစ် ခါ ကျွတ် ပြန် ပါ ပေါ့ လား..
ကွယ် ဟရို့….။ ။
မဟာမြန်မာ
( ဓါတ်ပုံ များ ကို ကိုမင်းသိုက် ၏ ပုံ များ နှင့် အတူ အင်တာနက် မှ စုစည်း ထား ပါသည် )
16 comments
amatmin
October 1, 2013 at 10:49 am
ဘီယာလေးတိုက်.ဆေးလိပ်လေးဖွာရင်းပြောတယ်ဆိုလို့ လာနားထောင်သွားပါဒယ်ဗျာ..။
ကိုယ့်အကြိုက်တွေကိုး.. 😛
ရေးထားတာလေး အတော်သဘောကျသဗျ..။
ပန်းတိုင်ကို လာရာလမ်းပြန်ပို့ထားချင်တယ်ဆိုတာလေး မိုက်ဒယ်..။
ကိုယ်တိုင်လည်း အဲ့လိုလူစားထဲပါချင်ချင် မို့ပါ.။
အကောင်းဖတ်လာပီး ဝါကျွတ်ချိန် ..
နှလုံးသားထဲက အညှောင့်ကိစ္စပါလာတာတော့
ကျုပ်လည်း စိတ်နာတယ် ကိုမဟာ.ရယ် .။
:kwi:
Mahar Myanmar
October 1, 2013 at 3:23 pm
နှစ်တိုင်း ဒီ အချိန် ဆို လူပျိုကြီး အပျိုကြီး တွေ ..
ရင်ဘတ် မှာ ညောင့် စူး ခံ နေ ကျ ဗျ..
လာရာ လမ်း ပန်း တိုင် ထား လိုက် ရင်..
လူ တေါ လောဘ ဒေါသ မောဟ တွေ များ
လျော့ ပါး လေ မလား…ဒါမှ မဟုတ် အပျင်းကြီးသူ တွေ များ
ဖြစ် မ လား မသိနိုင်ဘူး
မနှင်းဖြူ မှန်မှန်ပြော
October 1, 2013 at 12:42 pm
ဟိုက် ……… ငါလည်း မနေရပါ့လား ……..
ကြိုးရှည်ရှည်မလှန်ဘူး.. ကြိုးတိုတို လည်ပင်းစွပ်ပေးမှာ..
ပြီးရင် ထုတ်တန်းပေါ်တင် .. ခွေးခြေထောက်ထိုင်ခံပေါ်တင်ထားတဲ့ ခြေထောက်တွေ
ကန်ချရုံလေးပါ…… အဲဂလို ..ချစ်ထှာ..
Mahar Myanmar
October 1, 2013 at 3:26 pm
ကြောက်ထှာ ..မနှင်း ဖြူ ရာ..
အခု လို အဖြေ တိတိ ကျကျ ပေး လိုက် တော့
ကျွန်တော် ဒညင်းဝက် နဲ့ အသည်း ဆက် ကွဲဦး မယ် ဗျာ
အဖေါ် ရှိတုန်း လေး..
အလင်းဆက်
October 1, 2013 at 1:10 pm
အသည်း ဝ်ိုင်းကွဲ ပေးတဲ့ လလူဂျီးရေ
တကယ် ပဲ အတူ မူးချင်သေးတယ်
အခုလောလောဆယ်တော့
ကျွန်တော်တို ့နဲ့အတူ
ကဗျာတွေ မူးနေပြီနော့
:kwi:
Mahar Myanmar
October 1, 2013 at 3:33 pm
ဘီယာ မမူး ရပါဘူး ကွာ..
တဂျား လုပ် လို့
ကဗျာ နဲ့ မူး နေတာ..
မနက် စော စော ..
ကဗျာ နာ ကျ နေ လို့
မောနင်း ..ကဗျာ လေး ပက် လိုက် တာ..
ဟီးဟီး ..သီတင်း ကျွတ် တစ်ပုဒ် ရ လိုက်တယ်
ပို့ပေး မယ်…
KZ
October 1, 2013 at 1:42 pm
မွဟာလေးးးးးးး
ရွှေကြည် ဆိုတာ မိန်းကလေးပါကွယ်။
🙂
ဟိုတစ်ယောက်က သာမီးကို ပြောတာလားဟမ်??
အဟွတ်!!!
😀
Mahar Myanmar
October 1, 2013 at 3:38 pm
ရွှေကြည် ဆိုတာ မိန်းခလေး ဆိုတာ ..တဂျားမင်း အက်ဆေး
ဖတ်ပြီး မှ မှား မှန်း သိ လိုက် ရတာ လေ…
ပြောပြီး ပါ ကော.. ကဗျာ ရှင် တွေ ကို မသိ ပါဘူး လို့ ဆို…
ဟို တစ် ယောက် ဆို တာ… သာမီး ကို ပြော တာ ပါ ကွယ်..
ခိခိ..
lele kyi
October 1, 2013 at 7:55 pm
ဟုတ်တယ်ခိုင်ဇာကိုပြောတာနေမှာ ဟန်ဘာဂါကြီးလက်ထဲကို်င်ထားသေး။ 🙂
Mahar Myanmar
October 2, 2013 at 8:56 am
လီလီ ကတော့ အချွန် နဲ့ ဝင် မ နေပြန် ပါပြီ…
ဟုတ်က ဟုတ်က တွေ.. ပြော နေတယ်..
Wow
October 1, 2013 at 4:15 pm
လယ်တယ်လယ်တယ်နဲ့ဝင်လာပီး… မူးတူးမူးတူးနဲ့ ပြန်ထွက်သွားပါဒယ်… ဟီးးးး ကောင်းချက်က ၉ လောက်ရှိ…
Mahar Myanmar
October 2, 2013 at 9:31 am
ကျွန်တော် ကိုယ် တိုင် တောင် အခု ထိ အမူး မပြေသေး ပါ..
တဂျားမင်း ကောင်း မှု နဲ့.. မူး ပြီး ..
ကဗျာ တွေ အမြည်း လွန် သွား တယ် ဗျာ…ဟိဟိ
Mr. MarGa
October 1, 2013 at 6:18 pm
ပြခန်းတစ်ဆယ်ရဲ့ ကဗျာများ ခံစားချက်ပေါ့
ပြောပါတယ်…အေးအေးဆေးဆေး လုပ်ပါ ဆိုတာကို
အလောတကြီး ပေးတယ်
အခုတော့ ကဗျာနာ ကျသွားတယ် မဟုတ်လားးးး
Mahar Myanmar
October 2, 2013 at 9:35 am
တဂျား ရေ.
ကဗျာ နာ ကျ ချက် တော့ ပြော မနေ နဲ့…
ဒါပေမယ့် ခပ် ကောင်းကောင်း ဗျ..
သီတင်းကျွတ် ကဗျာ ရပြီ လေ..
မောနင်း ကဗျာ နာ ဖြေ လိုက် တာ..
တဂျား ရေ အလောတကြိီး မထင် နဲ့ ဗျ..
ကိုယ့် ကိုယ် ကို ..အဲသည ် လောက် ကြိမ် တို့ မှ ရ.ယ်..
နို့မို့ ဆို ကဗျာ ပြခန်း သာ ပိတ် မယ်..
ဒီ ပို့စ် တက် လာ မှာ မဟုတ် ဘူး..
ပျင်း ထှာ လေ.. သူ မတူ အောင် ပျင်း တတ် တာ..
kyeemite
October 2, 2013 at 2:54 pm
ခီများစာဖတ်ပီး ကျုပ်လည်းစိတ္တဇ ဆေးရုံသွားတော့မဗျို့
အခန်းလွတ်တောင်ရှိသေးရဲ့လားမသိ
😀
Mahar Myanmar
October 3, 2013 at 8:17 am
(၁၀) ကို တော့ ကျုပ် ဦး ထား ပြီ ဗျာ..
အခြား အခန်း တွေ က ရွာသား တွေ နဲ့ ပြည့် ေ နပြီ ဗျ..
ဦးကြီးမိုက်အတွက် ..နာ့စ် နားခန်း မှာ အခန်း ပြင် ပေး မယ်..
အဆင် ပြေမယ် ထင်ပါ တယ်..