ကျနော် ခြစ်သော…မျို ့တစ်မျို ့ . . . . .
ရန်ကုန်က ည ကိုးနာရီတိတိမှာ ထွက်လာတဲ့ ပွင့်သစ်စရတနာ ကားကြီးဟာ….
ဘားအံမြို့ကို ရောက်တော့…..
နောက်တစ်နေ့မနက် ၃ း ၃ဝ ပဲ ရှိသေးတယ် ။
ရန်ကုန်နဲ့ ဘားအံကို (လမ်းမှာ. . . စားသောက်ဆိုင်ဝင်နားချိန်အပါအဝင် ) . . ခြောက်နာရီခွဲလောက်ပဲ မောင်းခဲ့ရတယ်ပေါ့ ။
သံလွင်တံတားကြီးကို ကျော်ပြီးတာနဲ့…. လရောင်ဖြူဖြူအောက်မှာ…… ဒေါနတောင်တန်းကြီးတွေနဲ့ တိတ်ဆိတ်အေးချမ်းနေတဲ့ ……
ဘားအံမြို ့ရဲ့ အလှကို မြင်ရပါတယ် ။
ကျွန်တော်က ဒီခရီးကို . . . . . .
ဘားအံမြို့ထဲမှာ ဘယ်အသိမိတ်ဆွေမှ မရှိဘဲ ဟိုမေးဒီစမ်းနဲ့ လာခဲ့တာပါ ။
ဘားအံမြို ့ / နာရီစင် မှာ ဆင်းပြီး ….ထိုင်စရာ လက်ဖက်ရည်ဆိုင်များ ရှိမလားလို့ ့ဝေ့ဝဲရှာကြည့်တော့. . . . မရှိ ။
နာရီစင်နားတဝိုက်မှာ မနက် သုံးနာရီခွဲအချိန် ဖွင့်နေတဲ့ လက်ဖက်ရည်ဆိုင် မရှိဘူး ။
မနက်ခင်း ကုန်တင်ကုန်ချ လုပ်နေတဲ့ ဈေးသည်တချို့နဲ့ သုံးဘီးသမား / ဆိုင်ကယ် ကယ်ရီသမားတွေ ပဲ တွေ ့တယ် ။
ကောင်းပြီ ။
ယောကျာ်းတစ်ယောက်အတွက် ….မနက် ဝေလီဝေလင်းအချိန် အရှိသင့်ဆုံးနေရာက . . . ဘယ်နေရာဖြစ်မလဲ ။
တည်းခိုခန်းတစ်ခုခု ။
နိုးးးး ။
နောက် နှစ်နာရီကျော်လောက်ဆို မိုးလင်းမယ်။
မိုးလင်းတာနဲ့ သွားစရာတွေ တပုံကြီး ။
ပြီးတော့…. ကျွန်တော်….. ကားပေါ်မှာ …. အိပ်လာ လို့ ထပ်မအိပ်ချင်တော့ဘူး။
ဒီနေ ့ညအတွက် အိပ်စက်ခြင်းကိစ္စက လုံလောက်ပြီ ။
ပယ်လိုက်စမ်းး တည်းခိုခန်းကို ။
ဒါဖြင့်. . . ??????
ဟုတ်ပြီ ။
ရွှေယဉ်မျှော်ဘုရား ။
ဘုရားပေါ်မှာတော့ အေးအေးလူလူ နေလို့ရမှာပါ ။
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှ မရှိတဲ့နေရာတစ်ခုမှာ စေတီတော်တစ်ဆူရဲ့ ရင်ပြင်က အသင့်တော်ဆုံးအနားယူ နေစရာပဲ ။
ကျွန်တော် . . . . ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်ကို မေးလိုက်တယ် ။
” ရွှေယဉ်မျှော်ဘုရားကို သွားချင်လို ့ပါ ။ ဆိုင်ကယ် ကယ်ရီခ … ဘယ်လိုပေးရပါသလဲ”
ကယ်ရီသမားက တိုင်းရင်းသား. . . လေသံခပ်ဝဲဝဲနဲ့ . . . ဘုရားက အနီးလေးပဲ ။
လမ်းလျှောက်သွားရင်တောင် ရတယ် ဆိုပြီးး ဘုရားဆီသွားရမယ့် လမ်းကို သေချာညွှန်ပြပါတယ် ။
သူ . . . ကရင်လုံချည် ဝတ်ထားတယ် ။
ကျွန်တော် ပထမဆုံးစကားစပြောဖြစ်တဲ့ ဒေသခံတစ်ယောက် ပါ ။
ကူညီနိုင်တာဆို ကူညီပေးဖို့အသင့်ဖြစ်နေတဲ့ အမူအယာနဲ့ သူတပါးဆီက ဘာတစ်ခုမှ မတရားသဖြင့် မလိုချင်တဲ့ ဟန် ။
အင်းးးး ဒီဒေသခံတွေ ကြည့်ရတာ ရိုးသားဖြူစင်ပြီး …. ဆက်ဆံရကောင်းမယ့် သူတွေပဲ ထင်ပါရဲ့ ။
သေချာတာတော့ ……..
နေပြည်တော် / ပျဉ်းမနားက ဆိုင်ကယ် ကယ်ရီသမားတွေထက် ပို ဖြူစင်တယ်။
============================
ဘုရားဆီကို . . . လမ်း … ငါးမိနစ်လျှောက်ရုံနဲ့ ရောက်ပါတယ် ။
ဘုရားပေါ်မှာ စေတီတော်ဝန်ထမ်း အဘကြီးတစ်ယောက်နဲ ့ ဝတ်ရွတ်ပူဇော်ဖို့ရောက်ရောက်လာနေတဲ့ အမျိုးသမီးငယ်တချို့ပဲ ရှိတယ်။
သီတင်းကျွတ်လပြည့်နေ့ရဲ့ မနက်…. လေးနာရီ လောက်မှာ
ကျွန်တော်ဟာ . . .
ကြယ်ရောင် လရောင် ခပ်မှိန်မှိန်အောက်က ငြိမ့်ငြိမ့်လေးပတ်ခွေစီးဆင်းနေတဲ့
သံလွင်မြစ်ကို ထိုင်ကြည့်နေခဲ့ပါတယ်။
သိပ်လှတဲ့ သံလွင်မြစ်ကမ်းနံဘေးက……. ရွှေယဉ်မျှော်စေတီတော် ပေါ်မှာပေါ့ ။
မျက်စိနောက်မှာစိုးလို ့.. လူပါတဲ့ပုံတစ်ပုံပဲ..တင်တော့မယ်..။
***********************************
မနက် ရ နာရီတိတိမှာတော့ ဘုရားပေါ်ကဆင်းခဲ့ပါတယ်။
ဘုရားပေါ်ကမဆင်းခင် . . .
သံလွင် ဟိုဘက်ကမ်းက တောင်တန်းကြီးတွေကို အားရပါးရကြည့်ပြီး နှုတ်ဆက်လ်ုက်ပါတယ်။
” မင်္ဂလာ မနက်ခင်းပါ. . . . ”
တိမ်တွေ ဖုံးလွှမ်းနေတဲ့ ထမင်းဆုပ်တောင်ဆိုတာကြီးနဲ့အတူ ဒေါနတောင်တန်းကြီး က သာသာယာယာပါပဲ ။
***********************************
မနက်ခင်းရဲ ့နွေးထွေးကြည်လင်တဲ့နေရောင်ခြည်တန်းတွေနဲ့အတူ. . .
ဇွဲကပင်ခန်းမ ရှိရာ . . .ကန်သာယာကို…..ကျွန်တော် လမ်းလျှောက်ခဲ့တယ် ။
ရေပြင်ကျယ်ကြီးထက်က……
တံတားကြီးပေါ် ဖြတ်လျှောက်ရင်းးး ကျွန်တော့်ရဲ ့ဘယ်ဘက်အခြမ်း မြင်ကွင်းတစ်ခုလုံးထဲက
အလှပဆုံး အဆွဲဆောင်နိုင်ဆုံး ဖြစ်တဲ့ ဇွဲကပင်တောင်ကြီးကို ကြည့်မိတော့. . .
ကျွန်တော်. . . …..
ရင်သပ်ရှုမော. . …. .. . အသက်ရှုဖို့တောင် . . .မေ့လျော့သွားတယ်။
ကြည့်စမ်းပါဦး ။
ဟိုမှာ တိမ်ဖြူဖြူတွေ ။
အဲဒီ တိမ်ဖြူဖြူတွေ… ရစ်ပတ်ခွေ လိပ် ထားတာက . . . ညှို့မှိုင်းနေတဲ့ ဇွဲကပင်တောင်မြင့်မြင့်ကြီး။
တိမ်တွေ ကြားကနေ ခိုင်ခိုင်မတ်မတ် တိုးထွက်နေတဲ့ ဇွဲကပင်တောင်ကြီးကို ရေပြင်ပေါ်က တံတားလက်ရမ်းကို ကိုင်ပြီး….
တအံ့တဩငေးမော နေမ်ိတယ် ။
ဒီ မြင်ကွင်းနဲ့တင် . . ….
ဘားအံကို လာရတာ. . . တန်နေပြီ ။
အိုးးး ဒီမြင်ကွင်းမျိုးကို ……ဒီလိုနေရာ ဒီလိုအချိန်မှာ
ဒီလို ရပ်ကြည့်နိုင်တာကိုက …..ကျွန်တော် တော်တော် ကံကောင်းနေပြီ ။
ကြည့်. . . .ဘယ်လောက်များ သာယာလိုက်ပါသလဲ ။
အဲဒီတောင်ကြီးဆီ . . . .
….. …. ….
သွားမယ် ။
အခုပဲ . . . ပြေးသွားလိုက်မယ်ကွယ်. . . .။
************************************
ဇွဲကပင်ခန်းမ နားကနေ ဇွဲကပင်တောင်ကြီးဆီ ဆိုင်ကယ်စီးသွားရပါတယ် ။
တောင်ခြေအထိ အရောက်ကို တစ်ယောက်နှစ်ထောင့်ငါးရာ ဆိုလို ့ နှစ်ထောင်နဲ ့ဈေးဆစ်ပြီး တောင်ခြေကို ရောက်ခဲ့ပါတယ် ။
ဇွဲကပင်ခန်းမကနေ . . . . ၁ဝ မိနစ်ကျော်ကျော်လောက် ဆိုင်ကယ်စီးခဲ့ရပါတယ် ။
ဇွဲကပင်တောင်ကြီးရဲ့ဘေးက (သစ္စာလမ်းမကြီး ထင်ပါရဲ့ )
ပတ်ပြီး မောင်းလာတဲ့ ဆိုင်ကယ်ပေါ်ကနေ …. နီးနီးကပ်ကပ်ကလေးဖြစ်နေတဲ့ ဇွဲကပင်ကို ကြည့်တော့. . . .
ဘုရားဘုရားးး
နည်းတဲ့အမြင့်ကြီး မဟုတ်ပါလား။
ထီးထီးမားမား ကျောက်သားနံရံကြီးတွေနဲ့
တစ်လောကလုံးကိုများ အုပ်မိုးထားသလားထင်ရတယ်လေ ။
ဒီလောက်မြင့်တဲ့တောင်ကြီး ရဲ ့ထိပ်ဆုံးကို
ငါ တက်နိုင်ပါ့မလား ဆိုတဲ့ သိမ်ငယ်အားလျော့စိတ်တောင် ခဏဖြစ်မိပါတယ် ။
ဒါပေမယ့် ဒီမြို့ကို လာတာကိုက ဒီတောင်ကြီးပေါ်မှာ မတ်မတ်ရပ်ပြီး အောက်ခြေကို ငုံ ့မိုး ကြည့်ဖို ့။
ကဲ ကွာ. . . .
မရောက် ရောက်အောင် တက်မယ်။
ဘယ်သူတားတားးးပေါ့ ။
********************************
တောင်ခြေမှာ ရေတံခွန်လေး ။
ကလေးတချို ့နဲ ့လူကြီးတချို ့ ့ …. …. ရေစီးထဲမှာ တဝုန်းဝုန်း ။
ကျွန်တော် အရာရာကို အံ့ဩနေတယ်။
ဘုရားရုပ်ပွါးတော်ကြီးတွေက … မျက်စိတစ်ဆုံး . . . . မြင်ကွင်းအနှ့ ံ။
ကောင်းကင်တစ်ခြမ်းကို အုပ်မိုးထားတဲ့ ဇွဲကပင်တောင်ကြီးကလည်း စိမ်းမှောင်နက်ရှိုင်း လို ့။
တောင်ခြေက အစားအသောက်ဆိုင်ကလေးထဲမှာ …. ခဏ ဝင်ထိုင်ပြီး ကော်ဖီနဲ ့မုန့်တချို ့စားရင်း … ငေးနေမိတယ်။
ဇွဲကပင်ကြီးကိုပေါ့ ။
ကျွန်တော် တက်လာခဲ့ပါ့မယ် ဇွဲကပင်ကြီးရယ် ။
တိမ်တွေ ကြားမှာ ပျောက်ကွယ်နေတဲ့ တောင်ရဲ့ထိပ်ဆုံးနေရာကို . . . . . ကျွန်တော် တိုး တိုးပြီး တက်လာခဲ့ပါ့မယ် ။
တိမ်ဖြူတို ့. . .ကျွန်တော့်ကို ကြိုပါ ။
***********************************
ဇွဲကပင်တောင်ရဲ ့ ပထမဆုံးလှေကါးထစ်ကို စ တက်တော့ …. လပြည့်နေ ့…..
မနက် ကိုးနာရီခွဲ ။
ရေသန့်တစ်ဗူး. .
.ကျောပိုးအိတ်တစ်လုံးနဲ့လူငယ် . . .
ကျောက်သားလှေကါးထစ်တွေ ရဲ့ မာကျောမှုမျိုးနဲ ့ . . . . .
တောင်ထိပ်ဆီကို တက်ခဲ့တယ် ။
*********************************
တောင်ပေါ်တက်ရာ လမ်းဟာ ….
လမ်းလို ့မပြောသာတဲ့ လှေကါးထစ်မြင့်မြင့်မတ်မတ်တွေပါပဲ ။
လူနှစ်ယောက် ဘေးချင်းယှဉ်သွားလို့တောင်မလွယ်တဲ့ လှေကါးထစ်ကျဉ်းကျဉ်းလေးတွေ ပါ ။
တစ်ဖက်မှာက တောင်နံရံ နဲ့ သစ်ပင်တွေ ။
နောက်တစ်ဖက်မှာက . . . ခြေလှမ်းတစ်ချက် ချွတ်ချော်ရုံနဲ့ လိမ့်ကျသွားနိုင်တဲ့ ချောက်ကြီး ။
တဖြည့်ဖြည်း . . .တက်ခဲ့တဲ့ လှေကါးထစ်အရေအတွက်က များလာလေလေ အောက်ဘက်ကို မြင်ရတဲ့ မြင်ကွင်းက ပျပျဝပ်ဝပ်ဖြစ်လာလေလေပေါ့။
တောင်ခြေ ဘုန်းကြီးကျောင်းကြီးက သေးသေးလေးဖြစ်သွားတယ် ။
ဇွဲကပင်ဘေးတလျှောက်က ရာဘာစိုက်ခင်း / ရာဘာပင်ကြီးတွေက မြက်ခင်းလေးတွေ အပေါ်စီးက မြင်နေရသလိုဖြစ်လာတယ် ။
ပိုမြင့်လာတော့ . . .
ကျွန်တော် ရင်တလှပ်လှပ်ခုန်လာတယ် ။
မြင့်မြင့်မားမားနေရာပေါ်မှာ လက်ကိုင်စရာ တန်း နည်းပါးတဲ့ လှေကါးထစ်ကျဉ်းကျဉ်းတွေကို
တစ်ထစ်ပြီးတစ်ထစ်……………
သတိနဲ့နင်းတက်ရင်းး………….
ကျွန်တော် . . . . ………………..
မောလည်းမော ပျော်လည်းပျော်လာတယ်။
**********************************
ကျောက်စက်ရေတွေကျနေတဲ့နေရာ …..
လှေကါးထစ်မပီသလို ့ လေးဘက်ထောက် ကုပ်ကပ်တက်ရတဲ့နေရာ . . …..
မြွေစိမ်းစိမ်းရှည်ရှည်တွေ ကို လှေကါးထစ်ကျဉ်းကျဉ်းမှာ သတိထားရှောင်ရတဲ့နေရာတွေကို ……လွန်မြောက်လာခဲ့တယ် ။
တစ်ခု ချစ်စရာကောင်းတာက……
လှေကါးထစ်တွေကို နင်းတက်ရင်း တစ်ဆင့်ပိုမြင့်သွားတဲ့
အကွေ့တစ်ကွေ ့ကနေ အောက်ဘက်ကို ပြန်ကြည့်လိုက်ရင်……
သိပ်လှတဲ့ တောတောင်ရေမြေ ရှုမျှော်ခင်းကို အမောပြေ မြင်ရတယ် ။
တစ်ဆင့်မြင့်သွားတော့ အလှတမျိုးးး…..
နောက်တစ်ဆင့်ထပ်မြင့်တော့ ပိုလှတဲ့နောက်မြင်ကွင်းတမျိုးးးး……
**********************************
သီတင်းကျွတ်လပြည့်နေ့မို ့…..
တိုင်းရင်းသားတွေလည်း တောင်ပေါ်တက်ကြတယ် ။
ကရင်သံတွေ တဝဲဝဲနဲ့ ပျော်ပျော်ရွှင်ရွှင် မြင်ရတယ် ။
ကရင်မလေးတွေလည်းး အားကြိုးမာန်တက် တက်နေကြတယ်။
မူးရူးရမ်းကားတဲ့ အပျော်လွန်သူတွေ မတွေ ့ရဘူး ။
ငြိမ်းချမ်းဖြူစင်နေတဲ့ နယ်မြေတစ်ခုပဲလို ့….စိတ်ထဲက အလိုလို အသိအမှတ်ပြုမိတယ်။
ဟော. . .ဟိုမှာ တောင်ပေါ်က ပြန်ဆင်းလာတဲ့ ရဟန်းတစ်စု ။
မောင်ရင်လိမ့်ကျ ဆိုတဲ့နေရာကို ရောက်တော့ ကျွန်တော်အပါအဝင် လူတိုင်းလိုလို လေးဘက်ထောက် တက်ရတယ် ။
အဲဒီနေရာ မှာ တက်နေရင်းနဲ့…… အောက်ကို ပြန်လှည့်မကြည့်ပါနဲ့ ။
ကြက်သီးထလောက်စရာ……. အချိုးအကွေ့နဲ့ မြင့်မားတဲ့ ချောက်နက်ကြီးကို မြင်ရင် လန့်သွားလိမ့်မယ် ။
ဘုရားတရင်းးး………………
လက်နဲ့ ခြေထောက်တွေက်ို သတိကြီးကြီးထားရင်းးးး………………….
ပိုမြင့်တဲ့လှေကါးထစ်တွေဆီ. . . . ……………………………………………………………
***********************************
ရေသန့်ဗူးသုံးဗူး …. ကုန်အောက်သောက်အပြီးမှာတော့ ကျွန်တော် . . . .
တောင်ထိပ်ဆုံးက စေတီတော်နဲ့ နီးနီးလေးကို ရောက်ခဲ့ပြီ ။
ကျွန်တော့်တကိုယ်လုံးလည်း ရေချိုးထားသလို ချွေးတွေ ရွှဲနေပြီ ။
ဒါပေမယ့် မမောတော့ဘူး ။
ဘယ်မောမလဲ ။
အေးမြတဲ့ လေထုနဲ့အတူ. . . . .
ညင်သာစွာ လာထိတဲ့တိမ်တွေက………..
အမောပြေစေတယ်လေ ။
***********************************
တိမ်တွေကို ချစ်တဲ့ ယောကျာ်း . . .။
အခု . . တိမ်တွေ ကြားထဲမှာ . . . ရောက်နေပြီ ။
မြင့်မားပါတယ် ဆိုတဲ့ တောင်တန်းကြီးကို နင်းတက်ပြီး . . . . .
ဟိုးးးးအဝေးဆုံးဆီက. . . . ရှုမျှော်ခင်းတွေဆီ ကို …..အပေါ်စီးက ငုံ့ကြည့်နေပြီ ။
မျက်စိတစ်ဆုံး မြင်ရသမျှက ကျယ်ပြောလိုက်တဲ့ မြင်ကွင်းကြီး ။
ကောင်းကင်ပြာပြာ ထဲမှာ တိမ်ဖြူတိမ်ညိုတွေ ရွေ့လျားနေတယ် ။
အောက်က မော့ကြည့် ငေးမောပြီး မြင့်မားလိုက်တာ လို ့တအံ့တဩ ရေရွတ်ပြီး ကြည့်ခဲ့ရတဲ့ တောင်တန်းကြီးတွေက
အခု . . . ….. …..
ကျွန်တော့် အောက်မှာ ။
သစ်ပင်ကြီးတွေရဲ့ ထိပ်ဖျားလေးတွေကို တိမ်ဖြူအငွေ ့တွေ. . . .
တစ်သုတ်ပြီးတစ်သုတ် ဖုံးလွမ်း. . .
တောတောင် ရေမြေတွေက မျက်စိအောက်မှာ ပျောက်ပျောက်သွား. . .
တိမ်တွေ တိမ်တွေ. .
လေပြေနဲ့အတူ လွင့်ပါးသွားတဲ့အခိုက်. . .
အဲဒီအချိန်ခဏလေးမှာ . . . .
ဟိုးးးးအောက်ဘက်ကို လှမ်းကြည့်လိုက်တော့. . . .
ဘားအံမြို့ရဲ့ ဇွဲကပင်တောင်ဘေးက လမ်းမကျယ်ကြီးဟာ . . .မျဉ်းကြောင်းသွယ်သွယ်လေးးးး
လယ်ကွင်းစိမ်းစိမ်းတွေဟာ ညီညာလှပနေတဲ့ လေးထောင့်ကျကျအကွက် သေးသေးကလေးတွေ စီရီ လို ့. . . .
ဟိုးးးးးမှာ သံလွင်မြစ်. . . .
ဟော . . .
ဟိုးးမှာတော့ ဒေါနတောင်တန်းကြီး. . . . .
ဟိုမှာ တောင်ခြေ. . .
ထောင်ချီတဲ ့… ရုပ်ပွါးတော်လေးတွေဟာ အစက်အပြောက်တွေအဖြစ် ပြန့်ကြဲ လို ့
တောင်တန်းစိမ်းစိမ်းမို့မို ့ကြီးတွေရယ်………..
လယ်ကွက် စိမ်းစိမ်းလေးတွေရယ်……………
မျဉ်းကြောင်းကွေ့ကောက်ကလေးတွေရယ်….
ကြည့်စမ်းပါဦးးး
ကျွန်တော့် အရှေ့မှာ. . ………..
ကြဲပက် ချပြထားသလိုပါပဲ ။
ဟော. . . . . .
ပြောရင်းဆိုရင်းနဲ့. . .
တိမ်ဖြူဖြူ တစ်အုပ်……….
ကျွန်တော့်ဆီကို ရောက်လာပြီ ။
************************************
မြင်ရသမျှ အရာရာက . . .
ဖြူလွလွအငွေ ့တွေအောက်မှာ မှုန်ရီဝိုးဝါးး
ပိန်းပိတ်အောင်မှောင်ခြင်းမဟုတ်တဲ့ အဖြူပိတ်ပိတ်………………….
အေးစက်စက် အထိအတွေ ့တွေ ကျွန်တော့်အသားကို လာ ထိတယ် ။
တိမ်တွေလားးးး
ကျွန်တော် တိမ်တွေကိုချစ်တယ် ။
တိမ်တွေကြားမှာ. . . .
ကျွန်တော် စမ်းတဝါးဝါး လမ်းလျှောက်နေမိတယ် ။
အရှေ့မှာ ချောက်ကမ်းပါးကြီးလားးး
ဟင်းအင်းး မမြင်ရဘူး။
ဖြူဖြူဖွေးဖွေး တိမ်တွေပဲ ရှိပါတယ် ။
အဲဒီ တိမ်ဖြူဖြူတွေနဲ့အတူ
လေနှင်ရာ လိုက်ပါသွားချင်တယ် ။
လေထုထဲမှာ……….. ငှက်ကလေးတစ်ကောင်လို ဝဲခနဲ……………ပျံသန်းလိုက်ချင်တယ် ။
တိမ်တွေ ရှိနေတုန်း ကျွန်တော် လိုက်သွားချင်တယ်ကွယ် ။
ရှေ့တစ်လှမ်းတိုးလိုက်မယ် ။
ပြုတ်ကျသွားမှာလားးး
ဟင့်အင်းး အကာအရံ မရှိပေမယ့် ………
ကျ. . . မသွားနိုင်ဘူးလားလို ့။
မဟုတ်သေးပါဘူးးး ဆယ်ခါပြန်တောင် လိမ့်ကျသွားနိုင်တာပေါ့
ဒါပေမယ့် ကျွန်တော် တိမ်တွေထဲမှာ ကူးခတ်လိုက်ချင်တယ် ။
တစ်လှမ်းထပ်တိုးဦးမယ် ။
. . . . . . ……………………
အဲဒီအချိန်မှာပဲ…………………………………………………….
တိမ်တွေ ရွေ့လျားသွားပြီ ။
ကျွန်တော့်အနားမှာ တိမ်တွေ မရှိတော့ဘူး။
ဘုရားရေ ။
ကျွန်တော် . . . .
နောက်ထပ် ခြေတစ်လှမ်းထပ်တိုးးးရင် . . ………….
………………………………………………………..
ဘုရားဘုရား
ကျွန်တော့်ကို တိမ်တွေက
ညှို့ ့ယူခေါ်ဆောင်သွားမလို့ပေါ့လေ ။
တိမ်တွေကို ကျွန်တော်က ညှို ့ချင်တာ ။
ဒါပေမယ့်. . .
တိမ်တွေက ပိုပြီးတော့ မျက်လှည့်ပြတတ်တယ်နော် ။
ဘာပဲဖြစ်ဖြစ်လေ. . .
တိမ်တွေကို ကျွန်တော် ချစ်တုန်းပဲ ။
**********************************
ဇွဲကပင်တောင်ပေါ်က ပြန်အဆင်းမှာတော့
တိမ်တွေပေးတဲ့ အားအင်နဲ့ ကျွန်တော် လန်းဆန်းနေခဲ့တယ် ။
အဆင်းဟာ …..
အတက်လောက် မပင်ပန်း မမောဟိုက်ဘူးဆိုပေမယ့်လည်း တကယ်တော့ တမျိုးတဖုံ ရင်တုန်စရာပါပဲ။
ကျိုက်ထီးရိုးတောင်တက်လမ်းလို ကျယ်ကျယ်ဝန်းဝန်းမရှိ တဲ့လှေကါးထစ်သက်သက် တွေများလို ့……
လှေကါးတစ်ထစ်ချင်းစီကို သတိထားရတယ် ။
ညောင်းညာနေတဲ့ ခြေထောက်တွေ ….တစ်ချက်လောက် ယိမ်းယိုင် တိမ်းစောင်းသွားရုံနဲ့ ချောက်ထဲ လိမ့်ကျသွားလိမ့်မယ် ။
(( နေစမ်းပါဦး. . .လှေကါးထစ်တွေကနေ လိမ့်ကျသွားရင် အဲဒီချောက်ထဲကနေ ဘယ်လိုများ ပြန် ဆွဲတင်ပါ့မလဲ ။
မလွယ်လိုက်တာ ။ …. အင်းလေ…………. ပြုတ်ကျတယ်ဆိုတာလည်း ဖြစ်နိုင်ခဲပါတယ်လေ ။ ))
အတက်ဟာ နှစ်နာရီခွဲလောက် တက်ရပြီး အဆင်းဟာလည်း နှစ်နာရီလောက်တော့ အချိန်ပေးရတာပါပဲ ။
************************************
တောင်ခြေကို ပြန်ရောက်တော့……………
ကျွန်တော် ပြောမပြတတ်တဲ့ ခံစားမှုတစ်ခု ဖြစ်သွားတယ် ။
အဲဒီ ခံစားမှုကို…….
ဇွဲကပင်တောင်ကြီးပေါ်ကိုတက်ပြီး ထိပ်ဆုံးမှာ ထိုင် /
တောင်အောက်မြင်ကွင်းတွေကို စိတ်ကြိုက်ထိုင်ကြည့် /
ပြန်ဆင်းခဲ့ပြီး . . . အောက်ကနေ တက်ခဲ့တဲ့တောင်ကြီးရဲ့ ထိပ်ဆုံးကို ပြန်ကြည့်လိုက်တဲ့ သူတိုင်းးးးး………….
ရနိုင်မှာပါ ။
အဲဒီ ခံစားချက် . . . .
အဲဒီ ခံစားချက်ကို ……………….
အဓိပ္ပါယ် ဖွင့်ကြည့်စေချင်ပါတယ် ။
**********************************
ဇွဲကပင် တောင်ကြီး ရှိနေတဲ့
ဘားအံမြို ့ဟာ . . .
ကျွန်တော် ချစ်သော မြို့တစ်မြို့ပါပဲ ။
*********************************
လေးစားစွာဖြင့်. . .
အလင်းဆက်
သီတင်းကျွတ်လပြည့်နေ့ / 19 . 10 .13 . /
( ဇွဲကပင်ရောက် အမှတ်တရ )
53 comments
အရိပ်စစ်
October 27, 2013 at 6:27 am
တိမ်တွေကတော့
တော်တော်လည်း လှနိုင်ရက်ပါ့ပေ့
တိမီးက အမြင့်ကြောက်တတ်တော့
ခုလည်း ကိုယ်တိုင်ပဲ ဝင်တက်ခဲ့သလို့
တစ်ထိတ်ထိတ်နဲ့ ဖတ်သွားပါတယ်နော့
alinsett
October 27, 2013 at 7:31 am
အရိပ်စစ်ရေ
ကျေးကျေးပါ
🙂
ဦးဦးပါလေရာ
October 27, 2013 at 8:49 am
ကျိုက်ထီးရိုးကို ကားနဲ့တက်လို့ရသွားတော့ ခြေလျှင်တက်ရတဲ့ အရသာ ပျောက်သွားတယ်
ဇွဲ ကပင်ကိုလည်း သိပ်မကြာခင် ကေဘယ်ကားနဲ့ တက်လို့ရတော့မှာ….
အဲသည်နောက်မှာတော့ အလင်းဆက်ရဲ့အတွေ့အကြုံလို အရသာမျိုး ခံစားခွင့်ရှိမှာမဟုတ်ျတာ့ဘူး…
alinsett
October 27, 2013 at 10:25 am
ဟုတ်ပါ့ ဦးပါရေ
တောင်ပေါ်ကို ကိုယ်ခြေကိုယ့်လက်နဲ့
ပင်ပင်ပန်းပန် းအားအင်သုံး တက်တာက
တောင်ကြီးဖဝါးအောက် ဆိုတဲ့ စကားရဲ့ အရသာကို ပိုခံစားလို့ရသလိုပဲ။
ခက်ခက်ခဲခဲ တက်ပြီး ထိပ်ဆုံးရောက်တဲ့အခါ
ငါ တတ်နိုင်တယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို
အားရကျေနပ် ဂုဏ်ယူမိတဲ့ အရသာ ကို လေးလေးနက်နက် ရတယ်နော်
🙂
no non negative
October 27, 2013 at 10:20 am
alin sex ရေ ကျနော် လဲ သွား ချင် ဒယ်
ဒီ တ ခေါက် မြန်မာ ပြည် ပြန် ရောက် ရင် သွား အုံး မယ်
alinsett
October 27, 2013 at 10:27 am
တိန်
alin sex တဲ့
🙂
ဗုံဗုံ
October 27, 2013 at 10:21 am
ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နီ့ပုံမပါဘဲ.တင်လို့မရဘူးလား…ဝက်ရဲ့..
ရှုခင်းတွေလှလိုက်တာ….
နောက်နှစ်သီတင်းကျွတ်ကျရင်..
အဝီစိက ရှုခင်းတွေ တင်ပေးနော်…
alinsett
October 27, 2013 at 10:30 am
ဒေါ်ဂျီးဗုံ
ကျနော့်ပုံလေးတွေကို အဲသလောက် မစွဲလမ်းပါနဲ့ဗျာ
🙂
ဒေါ်ဂျီးဗုံတို့များ
အတွေးအခေါ်က အောက်ပိုင်းက မတက်သေးဘူး
အဝီဇိက ရှုခင်းတွေ မြင်ချင်ရပြန်ပြီ ။
ကျနော်က
နတ်ပြည်က ရှုခင်းတွေပဲ ရိုက်ချင်တာ
:kwi:
ဗုံဗုံ
October 27, 2013 at 11:14 am
ဟဲ့..နီသွားမယ့်နေရာဥစ္စာ
နတ်ပြည်ကတော့…နာဘဲ နီ့ကို ရိုက်ပို့လိုက်တော့မယ်.. :kwi:
alinsett
October 27, 2013 at 12:23 pm
ကျွန်တော် ဘယ်သွားသွား
ဒေါ်ဂျီးဗုံကို အပါ ခေါ်ချင်ပ့တယ် ဒေါ်ဂျီးဗုံ
လိုက်မလားဟင်
ဒေါ်ဂျီးဗုံ သာ ကျွန်တော်နဲ့အတူ လိုက်မယ်ဆိုရင်
ဒေါ်ဖွားမေကို ထားခဲ့ပါ့မယ်ခည
🙂
KZ
October 27, 2013 at 10:55 am
သေချာကို ကြည့်ရှုခံစားသွားတယ်။
ရှုခင်းပုံတွေကို ပြောတာ။ :mrgreenn:
ရောက်ဖြစ်အောင် သွားနိုင်သော်လည်း အဲလို တောင်တက်ခရီးကတော့ ဒီတစ်သက် တက်ဖြစ်မှာမဟုတ်လို့ တောင်ပေါ်က မြင်ရတဲ့ရှုခင်းတွေကတော့ ဓာတ်ပုံကိုပဲ ခံစားနိုင်တော့ပါမယ်ကွယ်။
သူငယ်ချင်းတစုတဝေးနဲ့များသွားရရင် ဘယ်လောက် ကောင်းမတုန်းးးး
alinsett
October 27, 2013 at 11:03 am
မမဂျီးနော်
ကျနော့်ပုံ ချောချောလှလှလေး
တစ်ပုံလေးပဲ ပြထားတာကိုတောင် ကျော်ကြည့်လိုက်တဲ့ သဘောလား
🙂
ကျိုက်ထီးရိုးတောင်ထိပ်ကို
သူငယ်ချင်းတွေ တစ်စုကြီးနဲ့တက်ဖူးတယ်
ပျော်စရာဂျီး
kai
October 27, 2013 at 1:23 pm
ဘာစိတ်ကူးပေါက်ပြီး… ဇွဲကပင်တောင်တက်သွားတယ်ဆိုတာ.. သိချင်သား..
alinsett
October 27, 2013 at 2:32 pm
သဂျီးရေ
ကျွန်တော် ခရီးတစ်ခု ထွက်တဲ့အခါတိုင်း မေးကြတာက
ဘာသွားလုပ်မှာလဲ
ဘာလို့သွားတာလဲ စသည်ဖြင့် မေးကြတယ်
ကျွန်တော့်အဖြေကတော့
မရောက်ဖူးသေးလို ့သွား ကြည့်တာ ”
ဒီ ဇွဲကပင်တောင်ကိုလည်း
မရောက်ဖူးသေးလို ့ တက် ကြည့်တာပါ။
————
နောက်တစ်ချက်ကတော့
အဲဒီ သီတင်းကျွတ်လပြည့်နေ့မှာ
အိမ်မှာ မနေချင်လို ့
နေလို့မဖြစ်လို့
တစ်နေရာရာသွားလိုက်တာပါ။
ဇွဲကပင် သွားဖြစ်ဖို့အကြောင်းဖန်လာတာက အဲဒီ နှစ်ချက်ပါပဲ။
ထွေထွေထူးထူး ရည်ရွယ်ချက်မရှိပါဘူး။
တိုင်းပြည်နဲ့လူမျိုးအတွက်လည်း မဟုတ်ပါဘူး
🙂
kai
October 28, 2013 at 2:09 pm
တောင်တွေတက်နေတော့.. မသိပါဘူးလေ..
ဒီတောင်ကိုများ.. မောင်ဖြိုချင်နေသလား….. လို့..
မိုးကြယ်မို့လား..
alinsett
October 28, 2013 at 2:30 pm
ဒီထက်မြင့်တဲ့တောင်ကိုမှ
ဖြိုချင်တာ
🙂
TNA
October 27, 2013 at 2:36 pm
လှလိုက်တာ ဒညင်းဝက်ရယ်။ ရက်ရက်စက်စက်လှတာပဲအေ။ အရေးအသားနဲ့တင် ဘားအံကိုသွားချင်လိုက်တာအေ။ ဇွဲကပင်တောင်ကိုတက်ဖို့စိတ်ကူးကတော့ ဖျက်လိုက်ပါပီအေ။ အချိန်ရရင်တော့ တောင်ခြေရောက်အောင်သွားပါအုံးမယ်။
alinsett
October 27, 2013 at 2:48 pm
အန်တီသဲရေ
ဒီစာက
ဇွဲကပင်တောင်ပေါ်မှာ တစ်ဝက်ထိုင်ရေးတယ်
နောက်တစ်ဝက်ကို ရန်ကုန်ပြန်တဲ့ကားပေါ်မှာ ရေးတယ်။
စာတွေချည်း တင်ရင် ဖတ်တဲ့သူ ပျင်းနေမှာစိုးလို ့
ပုံလေးတွေပါ တွဲတင်ပေးလိုက်တယ်နော်။
ဇွဲကပင်ခရီး ပုံရိပ်တွေ ဝအောင်သာ ကြည့်ထားနော်
ဒါ နောက်ဆုံးပိုစ့်ပါ
—–
အရောက်သွားလိုက်ပါဦး အန်တီသဲရေ
ရောက်စေချင်လို့ပါ
သိပ်လှတာ
TNA
October 28, 2013 at 4:58 pm
ဇွဲကပင်တောင်တော့ဖြင့်ဒီပုံအတိုင်းဆိုမတက်ရဲဘူးအေ့ ၂၀၁၅ ကေဘယ်ကားပီးရင်တော့ တမျိုးပေါ့အေ။ ဒီအတိုင်းဖြင့်တော့ ဘားအံလောက်ပဲသွားရဲမယ်တော့။
Crystalline
October 27, 2013 at 2:47 pm
ဘယ်သူနဲ့သွားပြီး တောင်ပေါ်မယ်ဘာတွေလုပ်ခဲ့လဲသိချင်သား :mrgreenn:
ဓာ့ပုံထဲကအတိုင်းဆိုရင်တော့.. အခုအချိန်ကတော့ သိပ်သွားလို့မကောင်းဘူးထင်တယ်နော်..
လေးဖက်ကုန်းတက်ရမယ့် နေရာတွေလည်းပါတယ်ဆိုတော့လေ.. မတော်…ရေညှိတွေဘာတွေနဲ့ခြေချော်ပြီးပြုကြမှဖြင့် ..
alinsett
October 27, 2013 at 2:57 pm
ရေညှိတွေနဲ့ ချော်နေတဲ့ လှေကါးထစ်တွေ အများကြီးပါပဲဗျို့ ။
နေကျွတ်ကျွတ်လွတ်လွတ် သာမှသွားတာ ပိုကောင်းမှာပါ။
ပွဲတော်ရက်လို နေ့ကြီးရက်ကြီးတွေမှာ သွားတာ ပိုကောင်းမှာပါ။
ကြားကာလတွေဆို တက်တဲ့သူနည်းတော့ လမ်းမှာ လူပြတ်မယ်။ ပျင်းစရာ ကြီးပေါ့ ။
——–
တောင်ပေါ်မှာ
ဘယ်သူနဲ့
ဘာတွေ
ဆိုတာကတော့
မပြောဘူး
🙂
ကိုရင်စည်သူ
October 27, 2013 at 3:49 pm
စိတ်သွားတိုင်း ကိုယ်ပါနေတဲ့ သူငယ်လေးတွေဆိုတော့ သွားနိုင်တာပေါ့ကွယ်..
ဗျတ်ဝိလို ဥစ္စာစောင့်မလေးဒွေနဲ့ တွေ့ရင် သဂျီးက အမေရိကန်ခေါ်ပီး
ရုံသွင်းစားမလားမသိ…။ ဘစည်တို့လည်း ဥစ္စာစောင့်ရှာရင်းနဲ့ သိုက်တူးမဲ့သာမီလေးတွေနဲ့
တွေ့နေရဒေါ့..။ ပင်လယ်ထဲနေတာပဲ အပူအပင်ခဏကင်းပါတယ်ကွယ်.. 😥
alinsett
October 27, 2013 at 3:56 pm
ဦးစည်
ပင်လယ်ကြီးကိုလည်း
ကျွန်တော်က ချစ်နေတယ်ဗျ
ပင်လယ်ထဲ လည်း ရောက်ပြီးပြီ။
အမယ် တံငါသည်လေးတောင် လုပ်ဖူးပြီ။
တခါတခါ ပင်လယ်က ချစ်စရာ
တခါတခါတော့လည်း ကြောက်မက်ဖွယ်ရာ
ပင်လယ်က နည်းနည်းမာယာများတယ်နော်
အဲဒီ မာယာများတဲ့ပင်လယ်ထဲမှာ နေရတာက
ပို ရင် ခုန် ရ ပိုစွန့်စားရတာ
🙂
ကိုရင်စည်သူ
October 27, 2013 at 4:15 pm
လူကလေး အလက်ဆင်းရယ်.. ပင်လယ်မာယာများတယ်ဆိုတာ မိန်းမတွေ အိပ်နေသလောက်ပဲရှိပါတယ်..
ဘစည် ကိုယ်တွေ့ပါကွယ်.. ကိုယ်တွေ့တွေပါ.. 😥
ဂယ်ဒေါ့ ပင်လယ်ကြီးက သစ်စာရှိပါတယ်.. မိန်းမဒွေနဲ့ လူကလေး ကစားမယ်ဆို
သံချောင်းလို့ မာနေမှဖြစ်မယ်နော်..။ စိတ်ပြောတာ..
alinsett
October 27, 2013 at 5:15 pm
ဒါရှို. .
တချို့မိန်းမဒွေ ဂ
ပင်လယ်ဂျီးလောက် သစ်တာ မရှိဘူးပေါ့နော်။
🙂
ဦးဦးပြောမှ ပဲ
ကျွန်တော်လည်း
အတွင်းအားကောင်းအောင် လေ့ကျင့်ထားမှ လို့
တွေးမိပြီ ။
အတွင်းအားဆိုတာ စ်ိတ်စွမ်းအား ကို ဆိုလိုတာပါ။
သံချောင်းထက် မာဇေရမယ်ကွ
🙂
Ko chogyi
October 27, 2013 at 8:43 pm
ညီလေးပြောတဲ့ ထမင်းဆုပ်တောင်ကို
ကိုယ်သိထားတဲ့နာမည်က ဖားကပ်တောင်ပါ
alinsett
October 27, 2013 at 9:22 pm
ကိုချိုဂျီးရေ..
ကျွန်တော်လည်း…သေသေချာချာတော့..မသိဘူး ။
မေးတာကို ဖြေတဲ ့လူက.. ထမင်းဆုပ်တောင်..ဆိုလို ့…ကျွန်တော်လည်း..ထမင်းဆုပ်တောင်ပဲ..ထင်နေတာ…။
🙂
ဒေသ ပထဝီအနေအထားနဲ ့.. အခေါ်အဝေါ်တွေမှာ..
လွဲနေတာလေးတွေပါနိုင်ပါတယ်..။
ကျွန်တော်က…အဲဒီ နယ်မြေ မကျွမ်းသူမို ့..နားလည်ပေးကြပါလို ့…။
လေးစားစွာဖြင့်….
ကျော်စွာခေါင်
October 27, 2013 at 8:59 pm
ညီလေး အလင်းဆက်
စာရေးထားတာက သွက်သွက်လေးဆိုတော့ ခရီးသွားဆောင်းပါးဆန်ပေမယ့် ဖတ်ရတာ မငြီးငွေ ့ဘူး..
ပုံတွေကလည်း လှလိုက်တာ…
အလင်းဆက်ပါတဲ့ ပုံလည်း ဦးခေါင် သိမ်းထားတယ်နော်… အနုပညာမျက်စေ့နဲ ့ကြည့်မယ်ဆိုရင်
နောက်ဘက်က နဂါးက တော်တော့်ကို အချိုးကျလို ့… ခွိ
alinsett
October 27, 2013 at 9:29 pm
တိန်….
ကျွန်တော်ပါတဲ ့ပုံ သိမ်းထားတာက….
နဂါးဂျီးကြောင့်ကိုး…..
:kwi:
ဘာကြောင့်ပဲ.. သိမ်း သိမ်းပါလေ…
နဂါးဂျီးကိုထုတ်ကြည့်တိုင်း… ကျွန်တော့် အချောအလှကို..မြင်မှာပါပဲ..။
အဟိ
🙂
ကျော်စွာခေါင်
October 28, 2013 at 1:44 am
စ“ တာပါ…မောင်အလင်းရယ်..ပုံတွေကတော့ တကယ်သိမ်းတာပါ..
တစ်ကယ်လို ့တောင်ပေါ်ကပြန်ဆင်းလာတဲ့ ရဟန်းတော်တွေရဲ ့ပုံလေးကို ခွင့်ပြုမယ်ဆိုရင်တော့ ဆီဆေးနဲ ့ဆွဲချင်သား…။
ဒါနဲ ့စကားမစပ်..
ကော့ကသောင် ဂူ မဝင်ခဲ့ဘူးလား…အရမ်းလှတာ..စိတ်ဝင်စားဘို ့ကောင်းတယ်..။
alinsett
October 28, 2013 at 7:53 am
ဦးခေါင်ရည်
ရဟန်းတွေပုံလေးကို
ပန်းချီးအဖြစ် တွေ့ချင်မိပါရဲ့
🙂
padonmar
October 27, 2013 at 11:49 pm
လှလိုက်တာ ဆက်ဆက်ရေ။
ဇွဲကပင်ကိုပြောတာ။
alinsett
October 28, 2013 at 7:50 am
လူကို ပြောတယ်ပဲ မှတ်ပါတယ်
:kwi:
inz@ghi
October 28, 2013 at 12:29 am
လိုက်ပို့ပေးပါ ဦးလေး
ကျော် အဲ့ဒေသ ကို ဒါတ်ကျနေလို့
(ဒဇင်ဘာ လောက်)
ဒချိ ဒချိ
alinsett
October 28, 2013 at 7:47 am
ဒီဇင်ဘာမှာ
ကျွန်တော်က
အေရာဝဒီ တိုင်းဘက် လှည့်မလို့
အဟိ
🙂
surmi
October 28, 2013 at 8:42 am
အကြံပေးချင်တာကတော့…
နောက်ထပ်ခရီးတွေများများသွားပြီး
ဒီလိုပို့စ်တွေရေးပါဦး..လို့ 🙂
မဖွားမေးတော့မထားခဲ့လောက်ပါဘူးနော့
alinsett
October 28, 2013 at 11:40 am
ဥဆာ ရေ
ဒေါ်ဖွားမေဂျီး အူးမာဂနောက် ပါသွားပြီ
ဟီဟိ
ကျနော့်မှာ ချစ်သုဝေလေးပဲ ကျန်တော့ဒယ်
🙂
yanaung
October 28, 2013 at 9:36 am
ကျေးဇူးပါဗျာ မလာဖြစ်တာကြာပီဖြစ်တဲ့ မန်းဂေဇတ်ကို ပြန်လာတော့ အကိုပိုစ့်လေးကြောင့် ကြည်နူးရပါတယ် နောက်ထပ်ကျေးဇူးတင်တာက မရောက်ဖူးတဲ့ဒေသတစ်ခုကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြောနိုင် ပြနိုင်တဲ့ အစ်ကိုရဲ့ စေတနာလုပ်ရပ်ကိုပါ ကျွန်တော် အဆင်ပြေတဲ့တနေ့ ရောက်အောင်သွားမယ်ဗျာ
alinsett
October 28, 2013 at 11:43 am
ဟုတ်ကဲ့
တိမ်တွေကြားမှာရေးထားတဲ့
ကျွန်တော့်စာနဲ့ ပုံရိပ်တွေကို
ခံစားအားပေးလို့
ကျေးဇူးပါနော်
ရွှေမိုးတိမ်
October 28, 2013 at 9:57 am
အလင်းဆက်ရေ……
သွားချင်လိုက်တာ … ပုံလေးတွေ ရှုခင်းတွေ မိုးတိမ်တွေ အရမ်းကိုလှတာပဲ ။
ဘားအံကို တစ်ခေါက်ရောက်ခဲ့ပေမယ့် ဇွဲကပင်တောင်ကြီးတော့ မတက်ခဲ့ရဘူး ။ အဝေးပဲ လှမ်းကြည့်ခဲ့ရတာ ။ အလင်းဆက် ကျေးဇူးနဲ့ ဇွဲကပင်ရဲ့ အလှတွေ တဝကြီး ကြည့်လိုက်ရလို့ ကျေးဇူးပါဗျာာာ
alinsett
October 28, 2013 at 12:16 pm
ရွှေမိုးရေ
တောင်ထိပ်ကို
တစ်ခေါက်တော့ အရောက်သွားကြည့်ပါဦးနော်
သိပ်လှတာ
kyeemite
October 28, 2013 at 11:01 am
ခရီးမထွက်ဖြစ်တာ ကြာပါပေါ့..
ဇွဲကပင်လည်းမရောက်ဖူးသေးလို့
အလင်းဆက်တင်တဲ့ ပုံလေးတွေ အားရပါးရကြည့်သွားပါတယ်ကွာ..
နောက်လည်းခရီးတွေများများထွက်နိုင်ပါစေ.. 🙂
alinsett
October 28, 2013 at 2:33 pm
အရောက်သွားလိုက်ဦးနော်
ဦးကြီး
တကယ်သွားလို့ကောင်းတဲ့နေရာလေးပါ
Ma Ei
October 28, 2013 at 11:16 am
အလင်းဆက်ရေ……
စာလေးဖတ် ဇွဲကပင် ပုံလေးတွေကြည့်ရင်း သွားချင်လိုက်တာ စိတ်ကူးလေး
…မယုံမရှိနဲ့..။ ဟောဒီလို..တွယ်ကပ် တက်ရတဲ့နေရာတွေ ရှိတယ်..။
လဲရောက်ရော…ဘုရားတမိတော့တယ်…
ကေဘယ်ကား ဆင်ပြီးမှဘဲ သွားပါတော့မယ်…
😥
alinsett
October 28, 2013 at 2:40 pm
အန်တီအိ
အဲဒါက
၂၀၁၅လောက်မှ ပြီးမှာတဲ့
သက်သက်သာသာနဲ့ တောင်ထိပ်ရောက်တော့လည်း
တမျိုးကောင်းပါတယ်
ရောက်အောင်သာ သွားနော်
ကျွန်တော်လည်း သွားဦးမှာ
😉
Mr. MarGa
October 28, 2013 at 12:05 pm
လှိုင်းကြီး လှေအောက်
တောင်ကြီး ဖဝါးအောက် တဲ့
တောင် တစ်တောင်ကို တက်ပြီးတိုင်း ရတတ်တဲ့
အားရ ကျေနပ်မှု၊ စိတ်ခွန်အားတွေနဲ့အတူ
ရှေ့ဆက် ရင်ဆိုင်ဖို့ ခွန်အားတွေ ရလာတတ်တယ်။
စိတ်တွေ အရမ်း ရှုပ်နေချိန်၊
ဖိအားတွေ အရမ်း များနေချိန်မှာ
ဒီလို ခရီးထွက်တာမျိုးက အတော် ကောင်းပါတယ်။
ဆိုတော့
ဒီခရီးကနေ
ခွန်အားအပြည့်နဲ့ ပြန်လာတယ်လို့ ယုံကြည်ပါတယ်။
စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျဖွယ်ရာတွေ မတွေ့၊ မကြုံခဲ့ဘူး လို့လည်း
ယုံကြည်လျက်…….
alinsett
October 28, 2013 at 2:31 pm
ခရီးက ပြန်ရောက်ချိန်က စပြီးအခုထိ
ခရီးအရသာတွေနဲ့
ရီဝေနေတုန်းပါ
ပြန်သွားချင်နေတယ်
🙂
•*¨နန်းတော်ရာသူ •*¨
October 28, 2013 at 7:26 pm
၅နှစ်လောက်နေခဲ့တဲ့အရပ်ကိုပြန်လွမ်းသွားပြီကွယ်
ဇွဲကပင်သွားတဲ့လမ်းမပေါ်မှာတို့တွေနေခဲ့တဲ့ ကျောင်းကြီးကိုတွေ့ခဲ့ရဲ့လား
အလက်ဆင်းတက်တဲ့လမ်းက လမ်းဟောင်းကွယ့် လမ်းသစ်က အရမ်းမတ်မစောက်ဘူး
တချို့ဆို ပီပါခွံတွေထမ်းပြီးတက်တယ်၊ဘိလပ်မြေအိတ်အစရှိတဲ့အလေးအပင်တွေထမ်းတက်ရတာ
ဆွမ်းခံကြွတဲ့ကိုယ်တော်တွေကတော့ နေ့တိုင်းပေါ့။
ရင်ပြင်တော်ကကျဉ်းတယ်။ဆက်သွယ်ရေးတာဝါတိုင်လည်းတောင်ပေါ်မှာရှိတယ်လေ။
တို့ကတော့ ဘားအံကိုချစ်တယ်
“ကျွန်တော် . . . . ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်ကို မေးလိုက်တယ် ။
” ရွှေယဉ်မျှော်ဘုရားကို သွားချင်လို ့ပါ ။ ဆိုင်ကယ် ကယ်ရီခ … ဘယ်လိုပေးရပါသလဲ”
ကယ်ရီသမားက တိုင်းရင်းသား. . . လေသံခပ်ဝဲဝဲနဲ့ . . . ဘုရားက အနီးလေးပဲ ။
လမ်းလျှောက်သွားရင်တောင် ရတယ် ဆိုပြီးး ဘုရားဆီသွားရမယ့် လမ်းကို သေချာညွှန်ပြပါတယ် ။
သူ . . . ကရင်လုံချည် ဝတ်ထားတယ် ။
ကျွန်တော် ပထမဆုံးစကားစပြောဖြစ်တဲ့ ဒေသခံတစ်ယောက် ပါ ။
ကူညီနိုင်တာဆို ကူညီပေးဖို့အသင့်ဖြစ်နေတဲ့ အမူအယာနဲ့ သူတပါးဆီက ဘာတစ်ခုမှ မတရားသဖြင့် မလိုချင်တဲ့ ဟန် ။
အင်းးးး ဒီဒေသခံတွေ ကြည့်ရတာ ရိုးသားဖြူစင်ပြီး …. ဆက်ဆံရကောင်းမယ့် သူတွေပဲ ထင်ပါရဲ့ ။”
ဒေသခံတွေကစီးပွားရေးအဆင်ပြေကြသလို ရိုးသားပြတ်သားတယ်။
ပဲခူးမှာဆို တကယ်နီးနီးလေးကို ကွေ့ပတ်နင်းပြီး ပိုက်ဆံတွေအများကြီးတောင်းတဲ့ဆိုက္ကားသမားနဲ့ကြုံဖူးတယ်။
ဘားအံမှာအဲ့လိုမရှိဘူး။
အိမ်တော်တော်များများမှာရှိတဲ့ လူငယ်တိုင်းလိုလိုတောင်ပေါ်(ထိုင်း)ကိုရောက်နေတာမို့
မြို့ကနည်းနည်းခြောက်ကပ်ကပ်နိုင်ပေမယ့် နိုဝင်ဘာ(၇)ရက်နေ့ (ကရင်ပြည်နယ်နေ့)နဲ့
တပေါင်းလပြည့်နေ့မှာကျတဲ့(ဇွဲကပင်ဘုရားပွဲ)တွေမှာတော့ လူငယ်တွေအားလုံး
ပြန်ဆင်းလာပြီး ပျော်ပါးကြလို့တအားစည်တယ်။
ဘာပဲဖြစ်ဖြစ် ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံလေးတွေနဲ့လွမ်းစရာမြေကိုပြန်မြင်ရတာ
အရမ်းကိုဝမ်းသာကျေးဇူးတင်ပါတယ်
ပုံလေးတွေလည်းသိမ်းသွားပါတယ်ကွယ်။
alinsett
October 28, 2013 at 9:24 pm
မသွားခင်…
မမနန်းကို.. မေးခဲ့မြန်းခဲ့တာတွေလည်း..ရှိ။
မမနန်းရဲ ့.. ပြောပြချက်တွေအရလည်း..ဘားအံနဲ ့..ကြိုရင်းနှီးနေခဲ့ပါတယ်..။
အဲဒီ အတွက်..
မမနန်းကိုလည်း..ကျေးဇူးတင်ပါတယ်နော်..။
ကျွန်တော်တော့..
ဘားအံမြို ့နဲ ့..ဇွဲကပင်တောင်ကို.. ချစ်တယ်ဗျ။
🙂
weiwei
October 29, 2013 at 12:39 pm
ကုတ်ကပ်တက်ရတဲ့နေရာရောက်တော့ တောင်တက်မယ့်အစီအစဉ်ကို လက်လျော့လိုက်ပါတယ် ..
တောင်ခြေကိုပဲ သွားကြည့်တော့မယ် ..
alinsett
October 29, 2013 at 12:56 pm
2015 တဲ ့..အန်တီဝေ..ရေ..။
တောင်ထိပ်ကို တော့.. ရောက်အောင် တက်ကြည့်ပါဦး… နော်.။
တောင်ခြေကနေ..တောင်ကြီးကို မော့ငေးရတဲ ့ အရသာကတမျိုး…
တောင်ထိပ်မှာ… တိမ်တွေကြားကနေ..အောင်ခြေကို ငုံ ့ကြည့်ရတဲ ့အရသာကတမျိုး..လေ…။
မပင်မပန်းပဲ.ရောက်နိုင်တော့မှာပါ…။
🙂
wine chit
October 30, 2013 at 10:46 am
ဇွဲကပင်တောင်နားကဖြတ်သွားဖူးပေမယ့် ခုမှမယ့် ဇွဲကပင်ရဲ့အလှတရားကို သေချာခံစားမိတော့တယ်..
ကိုယ်တိုင်တောင်ပေါ်တက်ရသလို ခံစားမှုမျိုးကိုပေးတဲ့ alinsett ူကိုကျေးဇူးတင်ပါတယ် 🙂
alinsett
October 30, 2013 at 2:21 pm
ဝိုင်းချစ် ရေ
အားပေးလို ့ကျေးဇူးနော့
:kwi: