Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုးကြိုးသွား

MAUNGNovember 7, 20131min87613

 မိုးကြိုးသွား ဆိုတာ ဘာမှန်းအားလုံး လဲသိပြီး ဖြစ်မှာပါ ။ ကျွန်တော် တစ်ဆင့်စကား တစ်ဆင့်နား နဲ့ကြားဘူး တဲ့ မိုးကြိုးသွား ဆိုတာ ကတော့ မိုးကြိုး ပြစ်ချ လိုက်တဲ့နေရာက ရတာ၊ သူ့မှာ အစွမ်းရှိ တယ်၊ သေနတ် နဲ့ပစ် ရင်ကျည် မထွက်ဘူး၊ လျှပ်စစ် မစီးနိုင်ဘူး၊ စသည် ဖြင့်ပေါ့ဗျာ။ အခု ပြောပြ မဲ့ အကြောင်းကလဲ ကျွန်တော့ ဖေဖေ ဆီကိုလာတဲ့ ဦးကြီး တစ်ယောက် ဆီက သိရ တဲ့ ဇာတ်လမ်း တစ်ပုဒ် ပါ။ လက်ခံ တာ မခံတာ၊ ယုံတာ မယုံတာ တော့ ကိုယ့်သဘော ပေါ့နော….။

 

ကျွန်တော့ ဖေဖေ ဟာ ထူးထူး ဆန်းဆန်း ပစ္စည်း လေးတွေကို ဝယ်ပြီး သိမ်းထား တာဝါသနာ ပါသူတစ်ယောက်ပါ။ တစ်နေ့တော့ ဖေဖေ့ ဆီကို သူ့မိတ်ဆွေ တစ်ယောက် အလည်လာ ပါတယ်။ ကျွန်တော် မှတ်မိ သလောက် အဲဒီ ဦးကြီး ဟာ တွံ့တေး တောကြီးတန်း ဘက်ကပါ ။ လာလည်တယ် ဆိုတာထက် ထူးဆန်း တဲ့ ပစ္စည်း လေးတစ်ခု (မိုးကြိုးသွား မဟုတ်ပါ )လာရောင်း တာလို့ ပြောရင် ပိုမှန်မယ် ။ ဖေဖေ နဲ့ အဲဒီ ဦးကြီး တို့ ပြောနေတဲ့ ပစ္စည်း လေးအကြောင်း ကို စိတ်ဝင်စား လို့ကျွန်တော် လဲမယောင် မလည်နဲ့ သူတို့ နားမှာ ရစ် နေတာပေါ့၊ ဘာတစ်ခွန်း မှတော့ဝင်မပြော ရဲဘူး ။ ဖေဖေ က သူ ဧည့်သည် နဲ့ စကားပြော နေရင် မေမေ ဝင်ပြော ရင်တောင် မကြိုက်တာ မို့ပါ ။ သူ တို့ ပြောနေတဲ့ ပစ္စည်း လေး ကလဲ အတော် ထူးဆန်း သလို လာရောင်း တဲ့ဦးကြီး တောင်းတဲ့ ဈေး ကလဲ တော်တော် များ ပါတယ်။ ဖေဖေ ကလဲ တော်တော်လိုချင် ပုံ ရပါတယ်၊ နောက်ဆုံးတော့ အကျိတ် အနယ် ပြောကြရင်း အရောင်း အဝယ် ဈေးတည့်  သွားရောဗျာ။ အဲဒီ တော့မှ ကျွန်တော် အရမ်းစိတ်ဝင် စား မှန်းသိလို့ ဖေဖေ ကခေါ်ပြီး အဲဒီထူးဆန်း တဲ့ ပစ္စည်း လေးကို ခေါ်ပြ ပါတယ်။ ကျွန်တော် ကိုင် ကြည့်ချင်တယ် လို့ ပြောတော့ ဖေဖေ က ” အဲဒါ မင်း ဆောင်ထားဖို့ ဝယ်ပေး တာ ” တဲ့ ။ ဒီက မောင်လဲ ဘာပြောကောင်း မလဲ၊ ပျော်လိုက်တာ နောက် ဂျွမ်း လေးပါတ် လောက် ထိုး ချင်စိတ် ပေါက်သွား တယ်။ ငွေ ချေဖို့ ဖေဖေ ထ သွားတော့ အဲဒီ ဦးကြီး နဲ့ စကား နည်းနည်း ပြောခွင့် ရတယ် ။

 

ဦးကြီး ။   ။ ကြည့်စမ်း သား၊ မင်း ကိုမင်း အဖေက တော်တော်ချစ် တာဘဲ ။ ဒီ ပစ္စည်း လေးကို မင်း တစ်သက်လုံး ရိုရို သေသေ သိမ်း ထား ကွ ။

 

ကျွန်တော် ။   ။ ဟုတ်ကဲ့ ပါ ဦးကြီး၊ ဟိုလေ ဒီဟာ လေးကို ဦးကြီး ဘယ်ကရတာ လဲ ဗျ ။

 

ဦးကြီး ။    ။ သူ့မှာ စိတ်ဝင် စားစရာ နောက်ကြောင်း လေးရှိတယ် ငါ့ တူရ။

 

ဆိုပြီး ဇာတ်လမ်း လေးတစ်ခု ပြောပြတယ် ။

 

xxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဦး ကြီးလဲ ပြော ပြပြီးတော့ မောသွား ဟန်နဲ့ ဧည့်ခံ ထားတဲ့ ကော်ဖီ တစ်ကျိုက် ကောက် မော့ရင်း ပြုံးပြပါတယ် ။

ကျွန်တော် ။    ။ ဪ ဒီလိုကိုး ၊ နောက် ဦးကြီး က နှံ့နှံ့ စပ်စပ် ရှိတော့ ဟိုလေ ကျွန်တော်တို့ ကြား ကြား နေတဲ့ မိုးကြိုးသွား ဆို တာ ကော ဦးကြီး ကြုံဘူး လား ။

 

ဦးကြီး ။   ။ အေး ဦး တော့ ကိုယ်တိုင် မကြုံဘူး ဘူး။ ဦးကြီး ငယ်ငယ် တုံး က တစ်ကယ် ကိုယ်တွေ့ ကြုံဘူး တဲ့ ဦးကြီး အဖေ ရဲ့ အတွေ့ အကြုံ ကို ပြောပြမယ်၊ ဗဟု သုတ ပေါ့ကွာ ။ ဒီလို ကွ…..

.

.

.

.

.

.

.

.

.

. ဆက်ရန် …………………………………………..

 

13 comments

  • MAUNG

    November 7, 2013 at 10:15 am

    ဟီးဟီး ခေတ်မှီအောင် ဆက်ရန် လုပ်ကြည့်တာ 😀

  • ဗုံဗုံ

    November 7, 2013 at 11:15 am

    အံစာတုန်း….နဲ့..ဘာတော်လဲဟင်င်င်င်….

    • MAUNG

      November 7, 2013 at 11:35 am

      ဗျာ ကိုအံစာ နဲ့လား ?

      ကျွန်တော် တို့က တစ်ရွာထဲ သားတွေ ပါဗျာ 😛

  • KZ

    November 7, 2013 at 12:13 pm

    နောက်ဇာတ်လမ်း အဆက်ကျရင် ကော်ဖီခွက် ကို ဝေးဝေးထားပါ။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx တွေ နေရာက တစ်ဇာတ်လမ်းကို ပြန်ပြောဖို့လည်း မမေ့နဲ့။
    .
    .
    .
    .
    .
    .
    .
    .
    . တွေ နေရာက တစ်ဇာတ်လမ်းကိုဆက်ဖို့လည်း မမေ့နဲ့။

    :mrgreen:

    • MAUNG

      November 7, 2013 at 1:01 pm

      မေ့ပါဘူး ဗျာ 🙂

  • alinsett

    November 7, 2013 at 12:23 pm

    ဆက် ဖတ်ရန် တို ့ထားရပြီ

    🙂

    • MAUNG

      November 7, 2013 at 1:03 pm

      တို့ ထား ကိုအလင်းရေ
      ဇာတ်သိမ်းပိုင်း မြန်မြန် ရေး ပြီးတင်လိုက်မယ်။ 🙂

  • TNA

    November 7, 2013 at 6:07 pm

    တို့ရဗျန်ဘီတတို့ အင်း ဒီတလော တို့တို့ တွေများနေဒလိုဘဲအေ

  • Mr. MarGa

    November 7, 2013 at 8:16 pm

    ဟွန့်
    တိုတိုလေးရယ်
    ဘာမှတောင် မဘာသေးဘူး
    နောက်တစ်ပိုင်းက
    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx လား
    ………………………………………… လား ဟင် :mrgreen:

  • padonmar

    November 7, 2013 at 8:25 pm

    မောင်ဘလှိုင်လိုတော့ အပိုင်း ၈၄ ထိ မဆွဲနဲ့နော်။

  • အဘ ဘုတ်ကလုံ

    November 7, 2013 at 11:22 pm

    သားလေးမောင်ရေ.. မိုးကြိုးသွားဆိုလို့ အဘဘုတ်တို့ ရွာမှတုန်းက လယ်ထဲ
    မိုးကြိုးခပြီး စက်ကွင်းထလို့ မိုးကြိုးသွားလိုက်ရှာခဲ့ရတာအမောပေါ့။ ဒါလေးလဲ
    ပြောပြချင်သေးတယ် ခက်တာက အဘရဲ့ တုန်တုန်ချိချိလက်အခြေအနေက
    စာများများမရေးနိုင်တာပဲ။ အဘဘုတ်တို့ မြန်မာတွေက ပါးစပ်ရာဇဝင်သိပ်များတယ်။
    တိတိပပ မှတ်တမ်းမှတ်ရာ သက်သေသာဓကနဲ့ အချက်အလက်ကျတဲ့ သမိုင်း
    အဖြစ်အပျက်ကျတော့ ရှားတယ်။ ဒီလောက်ပြောရင် သားလေး မောင်လဲ
    နားလည်လောက်ပြီထင်ပါတယ်ကွယ်။ ။

  • kai

    November 8, 2013 at 2:09 am

    ခပ်ကြမ်းကြမ်ပြောရရရင်.. မိုးကြိုးဆိုတာက.. လျှပ်စစ်ဓါတ်ပေါ့..။
    တိမ်ပေါ်ကအဖိုက..မြေကြီးပေါ်က အမကို ချရင်း လျှပ်စစ်စီးကြောင်းဖြစ်တာတာကို.. မိုးကြိုးလို့ခေါ်တာဗျ..။ ဧရာမလျှပ်စစ်အားဗို့ကြီးပေါ့..။

    တချို့ဘီလီယန်ဗို့တောင်ရောက်သွားတတ်တယ်..။ အဲလောက်အားကြီးဖြတ်စီးမှတော့..မြေပေါ်က သတ္တုတမျိုးမျိုးလည်း.. ဒန်တန်ဒန့်ဖြစ်ပြီး.. ဘဝပြောင်းရောင်ပြောင်းပုံပြောင်းနိုင်သပေါ့လေ..။ ဒါကို ဘာစွမ်းတယ်.. ညာဖြစ်တယ်ဆိုပြီး.. မိုးကြိုးသွားဆိုညာရောင်းကြတာပဲ..
    မိုးကြိုးကြောင့်ကျန်ခဲ့နိုင်တဲ့.. ပစ္စည်းကိုမိုးကြီုးသွားမခေါ်ပဲ.. မိုးကြိုးပူးပူခေါ်ဖို့ကောင်းတယ်..
    ဆိုတော့.. သိပ္ပံနားမလည်တဲ့..တောသားများ.. နှပ်ချနိုင်စေလို.. :mrgreen:

    Positive lightning

    CG lightning can occur with both positive and negative polarity. The polarity refers to the polarity of the charge in the region that originated the lightning leaders. An average bolt of negative lightning carries an electric current of 30,000 amperes (30 kA), and transfers 15 coulombs of electric charge and 500 megajoules of energy. Large bolts of lightning can carry up to 120 kA and 350 coulombs

  • ကျော်စွာခေါင်

    November 8, 2013 at 4:26 am

    ကဲ….မြန်မြန်ဆက်ပါ…ဆရာမောင်…။

Leave a Reply