နိုင်ငံရေးလုပ်ခြင်းဆိုသည်မှာ စနစ်တစ်ခုအား တည်ထောင်ခြင်း၊ ပုဂ္ဂိုလ်ရေးမပါ …
(နိဒါန်း)
ပြည်ထောင်စုဟူသော သဘော တရားကို ၁၉၄ရ ခုနှစ် လွတ်လပ်ရေး မရခင် တစ်နှစ်အတွင်း စတင်ရေးဆွဲ သော ဖွဲ့စည်းပုံအခြေခံတွင် စတင် တွေ့ရှိခဲ့ရ သည်။ ယင်းသို့သော ပြည်ထောင်စု စနစ် ပေါ်ပေါက်လာခြင်းသည် ယင်းနိုင်ငံ တော်၏ အခြေအနေနှင့် သက်ဆိုင်သည်။ မြန်မာပြည်သည် လူမျိုးများစွာပါ ဝင်ဖွဲ့စည်း ထားေ သာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ လွတ်လပ်ရေးရသောအခါ မည်သို့ သောစနစ်ဖြင့် တည်ထောင်ဖွဲ့စည်းမည့် နိုင်ငံရေးကို စဉ်းစားကြသောအခါ ‘ပြည်ထောင်စု’ စနစ် သည် အကောင်းဆုံး ဟုယူဆကာ လွတ်လပ်ရေးကြိုးပမ်းခဲ့ကြ သော ဖဆပလအဖွဲ့ကြီးက ပြည်ထောင် စု စနစ်ကို ရွေးချယ် လိုက်ခြင်း အားဖြင့်..မြန် မာနိုင်ငံေ တာ် သည် ပြည်ထောင် စုသမ္မတနိုင်ငံတော် ဖြစ်လာရသည်။
[ဒဂုန်တာရာ]
ဆရာဒဂုန်တာရာ ဆက်၍ တင် ပြပြောဆိုသည်ကို ကျွန်တော်ရေးသား ဖော်ပြရန် လိုမည်ထင်သည်။
ဆရာဒဂုန် တာရာက….လူသားတို့၏ ပန်းတိုင်မှာ ငြိမ်း ချမ်းရေးဖြစ်၏။
ငြိမ်းချမ်းရေး ရရှိမှသာ အခြေအနေများ တည်ငြိမ်မည်၊ ညီ ညွတ်ရေးအားကောင်းမည်၊
မိမိတို့၏ လူသားအရင်းအမြစ်များကို ဖော်ထုတ် ကာ မိမိတို့ ပိုင်ဆိုင်သော သယံ ဇာတ တန်ဖိုးများကို ပြည်သူတို့ ညီမျှစွာ ခွဲ ဝေသုံးစွဲနိုင်မည်ဟု နားလည်သည်။
ယင်းသို့သော နားလည်မှုဖြင့် ငြိမ်း ချမ်းသော၊ ညီညွတ်သော၊ လွတ်လပ် သော ပြည်ေ ထာင် စု သမ္မတမြန်မာနိုင်ငံ တော် အဖြစ်အားလုံး တည်ဆောက်ကြ မည်ဆိုလျှင်…
ကျွန်တော်တို့၏ မြန်မာနိုင်ငံတော်သည် ကမ္ဘာတွင်သယံဇာတ ကြွယ်ဝသော အခြေအနေနှင့်အညီ စည်ပင်တိုးတက်မည်ဟု စွဲမြဲစွာ ယုံကြည်သည်။
ယနေ့အချိန်အခါသည် လမ်းဆုံ လမ်းခွသို့ ရောက်နေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုသည်ကား တစ်နိုင်ငံ နှင့် တစ်နိုင်ငံ တူညီကြသည်မဟုတ်၊ တူ လည်းမတူနိုင်။
မိမိတို့၏ ဖြတ်သန်းရာ သမိုင်းအတွေ့အကြုံအရ ရေးဆွဲကြရ သည်မှာ သဘာဝ၊ ဝတ္တရား။
မတည်ငြိမ်သော သမိုင်းခေတ်များ မှာ..မတည်ငြိမ်ခြင်းကြောင့် ဖြစ်ပေါ် လာသော၊ (အခြေအနေအရ)
ဖွဲ့ စည်းအုပ်ချုပ်ပုံဥပဒေများ ပြင်ဆင်ပြု ပြင်ပြောင်းလဲရေးဆွဲတတ်ကြသည်မှာ သဘာဝ၊ ဝတ္တရား။
တည်ငြိမ်သော သမိုင်းခေတ်များ တွင်ကား…ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ကို တည်ငြိမ်စွာဖြင့် ရေးဆွဲတတ်ကြ သည်မှာလည်း သဘာဝ၊ ဝတ္တရား။ ဘာပဲဖြစ်ဖြစ်၊
ယင်းသို့ အမျိုး မျိုး မတူညီသော၊ ဖွဲ့စည်းအုပ်ချုပ်ပုံ ဆိုင်ရာ ပြောင်းလဲခြင်းများအား၊ ကျွန်တော်တို့ အသိအမှတ်ပြုရမည်သာ ဖြစ်၏။
ယင်းကား ဆရာဒဂုန်တာရာ၏ လေးစားစွာ တိမ်းညွတ် အပ်သော ယနေ့ အချိန်ကာလအား သုံးသပ်ပြောဆိုချက်။
သည်နေရာမှာ ကမ္ဘာ့အတွေး အခေါ်ရှင် ရပ်စကင်၏ ပြောစကားတစ် ခွန်းအား ကျွန်တော်သတိရဖြစ်သည်။
ယင်းမှာ.. အနုပညာဆိုသည်မှာ ဝိညာဉ် တစ်ခုက အခြားဝိညာဉ်တစ်ခုကို စကား ပြောတာမျိုးပဲ။
စကားပြောတဲ့လူရဲ့ ဝိညာဉ်က ကြီးမြတ်တာနဲ့အမျှ၊ အဲဒီအနု ပညာဟာ အဖိုးတန်တယ်။
ထိုသို့ ဆိုလျှင် ဆရာဒဂုန်တာရာ ကား ကြီးမြတ်သော အနုပညာဝိညာဉ်။
ပြီး ကျွန်တော်ဆက်၍ စဉ်းစားဖြစ်သည်မှာ ဂန္ထဝင်နှင့်ခေတ်ပေါ် ပြဿနာ။ ဂန္ထဝင်နှင့် ခေတ်ပေါ်ြ ပဿနာ သည် အစဉ်အလာနှင့် အသစ်တွေ့ရှိ ချက် ပြဿနာ။
လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအား အမြုတေပြု ဗဟို ထား၊ ရေးဖွဲ့သော စာပေအစဉ်အလာ သည် သမိုင်းခေတ်များမှာ စီးဝင် လှုပ်ရှားနေသည်။
ထိုအစဉ်အလာရှိ သော စာပေသမားတစ်ဦးသည် သေ ဆုံးကွယ်လွန်သွားပြီဖြစ်သော်လည်း
ယင်း၏ အစဉ်အလာသည် သမိုင်းပြ တိုက်ထဲမှ ရုပ်တုများလို တိတ်ဆိတ်ငြိမ် သက်မနေပါ။
သမိုင်းအမှိုက်ခြင်းထဲမှာ အမှိုက် တစ်စလို ကျန်ရစ်မနေပါ။
ဆရာဒဂုန် တာရာသည် ထိုကဲ့သို့သော စာပေ သမား၊ စာရေးဆရာ ကဗျာဆရာ။
ဆရာ့ ကျန်းမာရေးအား၊ ကျ ဆင်းဆုတ် ယုတ်မှု အနေအထားဖြင့် ကျွန်တော် သတိပြုမိသည်မှာ
တစ်ခုသော နှစ် (၂ဝ၁၁ ဟု ထင်သည်)၏ အောင်ပန်းမှ ရန်ကုန်သို့ ဆောင်း လာခိုအပြီး၊
နေရင်း ဒေသ မပြန်မီ ဆုံတွေ့ဖြစ်ကြသော တွေ့ဆုံပွဲမှာ။ ထိုတွေ့ဆုံပွဲနေရာကား သန်လျင်၊ ထန်းပင်ကုန်းကိုအောင်ကြင့် ခြံဝင်းမှာ။
ခြံဝင်းထဲမှာ အိုးများဖြင့် အစီအရီ စနစ်တကျ စိုက်ပျိုး ထားသော နှင်းဆီ ပန်းလှလှလေးများ၊
မေဝတ္ထုမှာ၊ တက္က သိုလ်ကျောင်းသူလေးများအား ထို-ပန်း ကလေးများ အသွင်ဖြင့် ဆရာ့ရေးဖွဲ့ ထားမှုကို ကျွန်တော် သတိရဖြစ် သည်။
ပြီး အရေးအသားနှင့် စပ်လျဉ်း၍ စကားပြောဟန် အရေးအဖွဲ့ထက်၊
စကားပြေအရေးအဖွဲ့အား ပို၍ နှစ် သက်ကြောင်း ဆရာ့ပြောစကားအား လည်း ကျွန်တော် သတိရဖြစ်သည်။
ဆရာထောက်ပြသည်က စကား ပြေ အရေးသည်၊ ဖွဲ့နွဲ့မှုအားကို၊ အဓိက ဖော်ကျူးကာ၊ လိုသလိုကစား၍၊
လှပစွာ သီကုံးရေးသားဖွဲ့နွဲ့နိုင်သည်ဖြစ်သော ကြောင့်ဟု ဆို သည်။
ဪ၊ ပန်းသွင်သီ ကုံး ရေးနည်းထုံးကား၊ ဆိုသည့်အတိုင်း။
ကျွန်တော်ကား၊ သန်လျင်၊ ထန်းပင် ကုန်း၊ ပန်းတို့ဖြင့် လှအပ်သော ကို အောင်ကြင့် ခြံဝင်းသို့ ဆရာ ဒဂုန်တာ ရာ ရောက်ရှိမလာနိုင်ဟု ထင်နေသည်။
သို့သော် ဆရာရောက်ရှိလာခဲ့သည်။
ဆူပါရု(ဖ်)ဗင်ကား နောက်ခန်းမှ ဆရာ့ အား ပွေ့ထုတ်ချီမကာ ဒရင်းဘက်ပေါ် သာ သာညှင်းညှင်း ချပေးခဲ့ရသည်။
ဆရာကား မျက်လုံးဖွင့်ကာ ကြည့်နိုင် စွမ်းအားပင် နည်းနေပြီ။
ဆရာ့အား ခဏနားစေပြီး၊ နံနက် စာ ထမင်းကို ဆရာ့ တူမ ဆရာမ သင်းမြစနီ္ဒက ဇွန်းဖြင့် ခွံ့ကျွေးခဲ့ရသည်။
ထူးခြားသည်မှာ အောင်ပန်းမပြန် မီ ဆရာ့အား စာပေသမား တစ်စုမှ နှုတ်ဆက်ဂါရဝပြုပွဲလေး သန်လျင်မှာ စီစဉ်ထားကြောင်း၊
ဆရာသွားလိုသည့် ဆန္ဒရှိလားဟု တူမဖြစ်သူက မေးမြန်းရာ ‘သွားမည်’ ဟု အဖြေရခဲ့ကြောင်း၊
ကျွန်ေ တာ်တို့တစ်တွေ၊ အံ့အားတသင့် နှင့် လှိုက်ခနဲ ဝမ်းသာဝမ်းနည်း။
(နိဂုံး)
နိဂုံးအားဖြင့် ခု စာစုရေးဖြစ်ခြင်း ၏ အဓိကအကြောင်းကို ကျွန်တော် ဆက်ပြောရန် လိုမည်ထင်သည်။
ယင်း ကား ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ၊ ရန်သူကို မိတ် ဆွေဖြစ်အောင် လုပ်တာဆိုသော ဆရာ့ ဒဿနမှာ အဓိက အခြေခံသည်။
ထိုဒဿနကို ဆရာထုတ်ဖော် ပြောဆိုစဉ်မှာ လက်ခံသူရှိ၏။
လက်မခံ သူရှိ၏။ အငြင်းပွား၊ ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့ကုန်၏။
ထိုသည်နှင့် စပ်လျဉ်း၍ ကွယ်လွန် သူ၏သဘောထား အမှန်အား ချဉ်း ကပ်ရှုမြင်နိုင်စေခြင်းငှာ၊
ကျွန်တော် ဖတ်ရှုဖူးသော၊ ကျွန်တော့်နှယ် ဖတ်ဖူး လျှင်လည်း ဖတ်ဖူးကြမည်ဖြစ်သော စာ တစ်ပုဒ်အား
ကွယ်လွန်သူ ဆရာ့အား အမှတ်တရ ပြု၍ ကျွန်တော့်အား ဖော် ပြခွင့် ပြုစေလိုသည်။
ယင်းမှာ…ရန်သူမရှိဟူသောစကားကိုသုံးလိုက် သောအခါ ရန်သူ၏ အဓိပ္ပာယ်ကိုဖွင့်မှ ပို၍ နားလည်မည်ဟု ထင်မိသည်။
မှန်နန်း ရာဇဝင်တော်ကြီးမှာ ‘ရန်သူတော်’ ဟူ၍ သုံးသည်။
ရန်သူမရှိဟု ဆိုလိုက်သဖြင့် ရန် သူဟူသော..စကားကို မလွှဲမရှောင်သာ သုံးနှုန်းလိုက်ရခြင်း။
ရန်သူသည် စစ်ပွဲဝေါဟာရ ဖြစ်နိုင်သည်။
စစ်ပွဲဆိုသည်မှာ တစ်ဖက် နှင့် တစ်ဖက် အပြန်အလှန် သတ်ကြ၊ ဖြတ်ကြ၊ အနိုင်အရှုံးကို သေဆုံးခြင်းဖြင့် ဆုံးဖြတ်သောကိစ္စ။
ထို့ကြောင့် ရန်သူကို မသုံးလိုခြင်း။
ရန်သူမရှိ ဆိုသဖြင့် (အများနားလည် ထားသော)…ရန်သူမရှိဟူ၍ ဆိုလို ခြင်းမဟုတ်။
တစ်ဖက်နှင့်တစ်ဖက် နှစ်ဖက်ရှိ သောအခါ (ရန်သူဟူသော သဘော မထားဘဲ) ရန်သူမရှိဟု သုံးနှုန်းခြင်းဖြစ် သည်။
ဘက်များရှိရာမှာ တစ်ဖက်နှင့် တစ်ဖက် ရန်သူဟုသတ်မှတ်လေ့ရှိသည်။
ဘက်ရှိမည်ဆိုလျှင်၊ ကမ္ဘာ ပေါ်မှာ ငြိမ်းချမ်းရေးဝါဒ တည်ရှိမည် မဟုတ်။
ထို့ကြောင့် ငြိမ်းချမ်းရေးကို ပန်းတိုင်အဖြစ် ဆောင်ရွက်မည်ဆိုလျှင် ရန် မလိုတော့။
စစ်ပွဲမလိုတော့။ ယင်းအယူ အဆ သည်၊ ငြိမ်းချမ်းရေး အယူအဆ ဖြစ်သည်။
ကျွန်တော်သည် ကျွန်တော့်ဘဝ အတွေ့အကြုံ၊ သမိုင်းခေတ် အတွေ့ အကြုံများကို အခြေပြု၍ ငြိမ်းချမ်းရေး ကို ဖော်ပြေ နခြင်း။
ထို့ကြောင့် ရန်သူ မရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ၊ ချစ်သူ သာရှိဟု မိမိအတွေ့အကြုံအရ ရရှိ သော ဒဿနကို စကားလုံးအဖြစ် ဖော် ပြခြင်း။
ရန်သူဆိုလျှင် စစ်ပွဲဖြင့် ဖြေရှင်း ရမည်၊
အကြမ်းပတမ်းနည်းဖြင့် ဖြေရှင်း ရမည်ဟူသော သဘောထားသည် ဆက်စပ်နေသည်။
အကယ်၍ရန်သူဟူ ၍ သဘောမထားဘဲ မိတ်ဆွေဟု သဘောထားလျှင် စစ်ပွဲဆိုသည် ရှိလိမ့် မည်မဟုတ်။
ကျွန်တော်ကား ယင်းသို့ သော သက္ကဗေဒနည်းဖြင့် စဉ်းစားမိ ခြင်း။
မိတ်ဆွေဟု သတ်မှတ်လိုက်လျှင် ပဋိ ပက္ခသည် ကျဉ်း၍ကျဉ်း၍ လာမည်။
အယူအဆ မတူသဖြင့် ရန်သူဟု သဘောထားတတ်သည်။
တစ်ယောက် နှင့်တစ်ယောက်ကား နောက်ခံကားချင်း မ တူကြ။
နောက် ခံကား မတူခြင်းကို အခြေခံ၍ ရန်သူ၊ မိတ်ဆွေဟု ခွဲခြား သတ်မှတ်ခြင်းကို ဖြေရှင်းရာနည်းလမ်း သည် ငြိမ်းချမ်းရေးဘက်မှာ ဝေးသည် ထက် ဝေးလာနိုင် သည်။
ငြိမ်း ချမ်းရေး နည်းသည် ဖွံ့ဖြိုးရေးနည်း၊ တိုးတက် သောနည်း၊ ညီညွတ်သောနည်းဟု ဆိုနိုင်မည် ထင်သည်။
စင်စစ်အားဖြင့် ဖြတ်သန်းခဲ့သော သမိုင်းခေတ်များ၏ အတွေ့ အကြုံအရ
နိုင်ငံရေးလုပ်ခြင်းသည် စနစ်တစ်ခုအား တည်ထောင်ခြင်း၊ ပုဂ္ဂိုလ်ရေးမပါ။
စည်သူမြသန်း
ရည်ညွှန်း
ရန်သူမရှိ၊ မိတ်ဆွေသာရှိ ညီညွတ်ရေး ကထာ
ဒီက…မ လာတာ… ။ Share ခွင့်ပြုထားလို ့ပါ…။
ကျွန်တော်..ဟိုဟိုဒီဒီလျှောက်ဖတ်ရှုရင်း..
အဲဒီ ဆောင်းပါလေးတွေ ့ပြီး..ဖတ်မိတာ..
အရသာတစ်ခု ရှိနေတာမို ့…
မ လာခဲ့တယ်ဗျာ..။
မဖတ်မိသေးသူတွေ ဖတ်မိဖို ့ပါ….
🙂
6 comments
yiwai
November 24, 2013 at 8:02 am
😀 ဟုူတ် ဖတ်ခဲ့တယ်ခင်ဗျ
ခရီးသည်ကြီး
November 24, 2013 at 8:13 am
ရန်သူမရှိမိတ်ဆွေရှိ
ကောင်းတာတွေချည်းပဲလိုချင်နေပါလား
လောကမှာ အကောင်းအဆိုး ဒွန်တွဲနေပါတယ်
အဖက် ရှိရင် ဆိုက်အဖက်ရှိမှာပဲ
အလယ်တည့်တည့် အမြဲနေနိုင်ပြီဆို နိဗ္ဗာန် ရောက်တော့မယ်သာပြင်တော့….
kyeemite
November 25, 2013 at 2:23 pm
ဒီစာကိုဖတ်ပြီး “ငါ့မှာရန်သူရှိသလား”ဟု အထိတ်တလန့်စဉ်းစားမိသည်
ခုထိတော့ ရန်သူမရှိဟုထင်သည်…တော်ပါသေးရဲ့ 🙁
kai
November 25, 2013 at 4:21 pm
တကယ့်အမှန်တရားမတော့…
ဂေါတမဗုဒ္ဓလည်း.. ရန်လိုသောသူ… (ရန်သူ) ရှိပါတယ်….
ဒေဝဒတ်တဲ့… မာရ်နတ်တဲ့..
ဂျီးဇက်ခရိုက်စ်.. တမန်တော်မိုဟာမက်… ရန်လိုသောသူ… (ရန်သူ) ရှိပါတယ်….
ဆိုတော့…
ရန်သူကားရှိ၏..
သို့သော်.. သိ၍ချစ်ကြရေးသည်အဓိက… :kwi:
TNA
November 25, 2013 at 5:34 pm
နိုင်ငံရေးတော့ ပျင်းတယ်အေ ဆွေးနွေးချင်ဘူး
ဂျူးနဲ ့ဘာမှမတော်တဲ့ ဂျူးမြစ်
November 26, 2013 at 12:57 pm
ကျွန်တော့်မှာတော့
ရန်သး တွေလည်း ရှိသညည်။
ရံသူတွေလည်း ရှိလေသည်
:kwi: