အမျိုးသားစာပေဆု… သိက္ခာရှိရှိ ရှေ့ဆက်နေဦးမယ်လို ့..မျှော်လင့်မိပါရဲ့…

alinsettNovember 24, 20135min212175

သတင်း

နေပြည်တော်၊ နိုဝင်ဘာလ (၁၆) ရက်။

————————-

ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည်

၂၀၁၂ ခုနှစ် အတွင်း ထုတ်ဝေခဲ့ သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး

အမျိုးသားစာပေဆု ချီးမြှင့်ရန် ရွေးချယ်ခြင်းခံရသော စာအုပ်များနှင့်

စာရေးဆရာများ၏ အမည်စာရင်းကို ယနေ့ ထုတ်ပြန်ကြေညာသည်။

ဝတ္တုရှည်စာပေဆုတွင်

ထက်နိုင် (တလုပ်မြို့) ရေးသားသည့် မပြောဖြစ်ခဲ့တဲ့စကား၊

ဝတ္တုတိုပေါင်းချုပ် စာပေဆု တွင်

ခင်မြဇင် ရေးသားသည့် ကောင်းကင်မိုးတိမ် ဝတ္တုတိုများ၊

ကဗျာပေါင်းချုပ်စာပေဆုတွင်

ကို (တက္ကသိုလ်) ရေးသားသည့် မြကန်သာ ကဗျာပေါင်းချုပ်၊

စာပဒေသာစာပေဆုတွင်

ဒေါက်တာခင်လက်ျာ ရေးသားသည့် ဖေဖေဗိုလ်လက်ျာ၊

မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာ ဆိုင်ရာစာပေဆုတွင်

စတီဗဲန်နီကိယို ရေးသားသည့် ချင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊

ကလေးစာပေဆုတွင်

ရွှေမြိုင်ပြုံးလဲ့မော် ရေးသားသည့် အရုဏ်ဦးမှာ ဖူးတဲ့ပန်း ကလေးကဗျာများ၊

ဘာသာပြန်(သုတ)စာပေဆုတွင်

မောင်မြင့်ကြွယ် ရေးသားသည့် မြန်မာပြည်မှနေ့ရက်များ၊

ဘာသာပြန် (ရသ) စာပေဆုတွင်

တင်မောင်မြင့် ရေးသားသည့် ပြစ်မှုနှင့် ပြစ်ဒဏ်၊

သုတပဒေသာ(ဝိဇ္ဇာ) စာပေဆု တွင်

မောင်ဟုန်ဝမ် (ကထိက) ရေးသားသည့် မင်းသုဝဏ်နှင့်ကဗျာ(ကဗျာလေ့လာချက်)၊

သုတပဒေသာ (ရိုးရိုးသိပ္ပံ) စာပေဆုတွင်

ကျော်ဦးရေးသားသည့် ရေကြည်တစ်ပေါက်၊

သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုတွင်

ဒေါက်တာခင်စန်းမော် ရေးသားသည့် တိရစ္ဆာန်များမှ လူကိုကူးစက်တတ်သည့် ရောဂါများ၊

နိုင်ငံရေး စာပေဆုတွင်

ကျော်ဝင်း ရေးသားသည့် မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈-၁၉၈၈)၊

အင်္ဂလိပ် ဘာသာ (သုတ) စာပေဆုတွင်

မြင့်အောင် ရေးသားသည့် Revealing Myanmar’s Past: An Anthology of Archaeological
Articles စာအုပ်တို့ကို ဆုရွေးချယ် ချီးမြှင့်ကြောင်း ကြေညာသည်။

——————

အမျိုးသားစာပေဆုဘာသာရပ်များကို ချီးမြှင့်ခဲ့ရာတွင်

၂၀၁ဝ ခုနှစ်မှ စတင်၍ အင်္ဂလိပ် ဘာသာစာအုပ်ဆုကို တိုးမြှင့်ခဲ့ပြီး

၂၀၁၁ ခုနှစ်တွင်မူ အဆိုပါ အင်္ဂလိပ်ဘာသာစာအုပ်ဆုကို သုတနှင့် ရသဟူ၍ ခွဲခြားချီးမြှင့်ခဲ့သည့် အတွက်
စုစုပေါင်းဘာသာရပ် (၁၆) မျိုးဖြစ်လာခဲ့ရာ ယင်းတို့အနက် ၂၀၁၂ ခုနှစ်အတွက်
အမျိုးသားစာပေဆု တွင် လူငယ်စာပေဆု၊ ပြဇာတ်စာပေဆုနှင့် အင်္ဂလိပ်ဘာသာ စာအုပ်
(ရသ) စာပေဆုတို့အတွက် ဆုများ ရွေးချယ်ချီးမြှင့် နိုင်ခြင်းမရှိကြောင်း သိရသည်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊
အတတ်ပညာရှင်၊ ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူ
စသည့်ပုဂ္ဂိုလ် (၉၅) ဦးပါဝင်သော အဖွဲ့ဖြင့် မူပိုင်ခွင့်နှင့်
မှတ်ပုံတင်ဌာနမှ ပေးပို့လာသော ၂၀၁၂ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့်
စာအုပ်ပေါင်း (၂၃၂၉) အုပ်မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ပဏာမအဆင့်၊
ဆန်ကာတင်အဆင့်၊  အတည်ပြုအဆင့် စသည့် အဆင့် (၃) ဆင့်ဖြင့်
ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊
စာပေဗိမာန်ရှိ စာပေဆုများချီးမြှင့်ရေး အတွက် အုပ်ချုပ်ထောက်ပံ့မှုကော်မတီ
တယ်လီဖုန်းအမှတ် ဝ၁-၃၇၆၅၆၉၊ စီမံရေးရာဌာန ဖုန်းအမှတ် ဝ၁-၃၈၁၄၄၉ သို့
အမြန်ဆုံး ဆက်သွယ်ကြရန်နှင့် ၅” x ၇” ရောင်စုံ ဓာတ်ပုံနှစ်ပုံနှင့်
ပတ်စပို့အရွယ်ဓာတ်ပုံ နှစ်ပုံစီကို ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်နှင့်တကွ
(တစ်ပတ် အတွင်း) ပေးပို့ရန်နှိုး ဆော်ထားကြောင်း သိရ သည်။

ဆုရစာအုပ်များကို ထုတ်ဝေသည့် စာပေတိုက်များကိုလည်း
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ရေး အတွက်
ဖိတ်ကြားသွားမည်ဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၃
ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက် (အင်္ဂါနေ့)၊ ၁၃၇၅ ခုနှစ်၊ နတ်တော်လဆန်း (၁) ရက်၊
နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ
အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

01

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

http://m.moi.gov.mm/zg/node/1125

—————————————

ဒီသတင်းလေးကြားတော့…

ဆုရသွားသူတွေကို. . .လေးစားအားကျရင်း..သူတို ့အတွက်..ဂုဏ်ယူ ဝမ်းသာမိပါတယ်..။

ဒါပေမယ့်….

နောက်ထပ်..ကြားရတဲ့  ( ဖတ်ရတဲ့ ) သတင်းတွေ..ကတော့… စဉ်းစားတွေးတောကြည့်စရာတွေ..ပါလာပါလေရော…

 

—————————————

လူငယ် စာပေသမား ( သမား ) လင်းသိုက်ညွန့် ရဲ ့ ဆောင်းပါးတစ်ပုဒ်ကို..ဖတ်လိုက်ရပါတယ်.. ။

အဲဒီ  …  ဆောင်းပါးထဲက.. ဆောင်းပါးရှင်ရဲ ့စကားလေးတွေက..

ကျွန်တော်တို ့.. စာပေချစ်သူတွေ အတွက်.. စဉ်းစား..တွေးတောစရာလေးတွေပါ…။

—————————————-

ပြန်ကြားရေး ဝန်ကြီး ဌာန၏ ဒီမို ကရေစီခေတ်တွင် ပြောင်းလဲလာမှုကို
အသိအမှတ်ပြုရမည်။

၂ဝ၁၂ခုနှစ် အတွက် အမျိုးသား စာပေဆု စိစစ်
ရွေးချယ်ရေးကော်မတီ ကို နယ်ပယ် အသီးသီးမှ ပညာရပ်ဆိုင်ရာ ကျွမ်း
ကျင်သူပေါင်း ၉၆ ဦးနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး…..

သမ္မတ အကြံပေး
ဒေါက်တာ နေဇင်လတ်၊ ဦးကိုကိုလှိုင် တို့ကဲ့သို့ ပုဂ္ဂိုလ် များလည်းပါဝင်သဖြင့်

ယင်း၉၆ဦး အနက် စာရေးသူမှာ အသက်အရွယ် အားဖြင့် အငယ်ဆုံးဖြစ်သည်။

မည်သို့ပင် ဖြစ် စေ အသက် ၂ရနှစ် အရွယ် လူငယ် စာရေး ဆရာ တစ်ယောက်ကို

အစိုးရအနေ ဖြင့် ယခုလို အသိအမှတ်ပြုလာသည့်အတွက်ဝမ်းမြောက်ကြိုဆိုရပါမည်။

 

————————————

 

စာရေးသူ တာဝန်ယူ ဖတ်ရှုရွေး ချယ်ပေးရမည့် စာပေ အမျိုးအစားမှာ လူငယ်စာပေဆု
အတွက်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ် အတွင်း ထုတ်ဝေခဲ့သည့် လူငယ် စာပေ ဆိုင်ရာ
စာအုပ် များကို အစည်းအဝေး အဆင့်ဆင့်ဖြင့် ရွေး ချယ် ဖတ်ရှုပေးရန်ဖြစ်သည်။

စာရေးသူ ကိုယ်တိုင်မှာလည်း လူငယ် စာရေး ဆရာ တစ်ယောက် ဖြစ်သဖြင့်သက်ဆိုင် ရာ အစည်းအဝေး အဆင့်ဆင့်တွင် လူငယ် စာပေအပေါ်

လူငယ်စာရေးဆရာတစ်ယောက်၏ အမြင်၊ အမျိုးသား စာပေဆုအပေါ် အမြင်တို့ ကို

ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဖြစ်ခဲ့သည်။

ယခုဆောင်းပါးကိုလည်း အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင် တစ်ယောက်၏ အကြံ ပြုလွှာ အဖြစ်

ပြန်ကြားရေးဝန်ကြီး ထံ တင်ပြသွားရန် စီစဉ်ထားပါသည်။

 

——————————–

 

 

ကောင်းပါတယ်..။

ဒီဆရာပြောတဲ့စကားတွေကို  ဖတ်ကြည့်ရတာတော့… အဲဒီလိုအကြံပြုလွှာတင်ပြဖို ့သင့်တော်တယ် ထင်ပါတယ် ။

ဘာလို ့လဲ..ဆိုတော့…

သူ ဆက်ပြောတာတွေကို..ဖတ်ကြည့်လိုက်တော့….

 

—————————————

 

၁။ အမျိုးသား စာပေ ဆုအပေါ် ပြည်သူလူထု၏ စိတ် ပါဝင်စားမှု

ခေတ် အဆက် ဆက် အမျိုးသား စာပေ ဆုရ စာအုပ်များ၊ အမျိုးသား စာပေ ဆုရ
စာအုပ်များ အပေါ် ပြည်သူလူထု၏ စိတ်ပါဝင်စားမှုနှုန်း မှာအလွန် နိမ့်ကျလျက်ရှိသည်ကို အားလုံး အသိ ဖြစ်ပါသည်။

အထူးသဖြင့် အကယ်ဒမီ ပေးပွဲကို ရုပ်ရှင်လောကသားများ တက်ရောက်ခွင့် ရှိသလို အမျိုးသား စာပေ
ဆုပေးပွဲကိုလည်း စာပေ လောကသားများ အားလုံး တက်ရောက်ခွင့် ရှိအောင်၊
ပြည်သူလူထု စိတ်ဝင်စား အောင် ကြီးကျယ် ခမ်းနားစွာ ကျင်းပ ခြင်းမျိုး၊
အမျိုးသား စာပေဆုကို ကြိုတင် မကြေညာဘဲ ပွဲအတွင်း ရောက်မှ ကြေညာခြင်းမျိုး၊ဆန်ခါတင် အဆင့် စာအုပ်များကို ကြေညာပေး ခြင်းမျိုးများကို
ဆောင်ရွက်ပေးခြင်း အားဖြင့် အမျိုးသား စာပေဆု အပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုကို ပြန် လည် မြင့်မား လာလာစေနိုင်ပါသည်။

 

———————————

 

ဒီအချက်ကလေးက…. ဖြစ်သင့်တယ်..ဆိုတဲ ့  အချက်ကလေးပါပဲ.. ။

သူ အကြံပေးသလို ဖြစ်လာရင်.. ပိုပျော်စရာကောင်းမှာ..သေချာပါတယ် ။

 

———————————–

 

၂။ အမျိုးသား စာပေဆုရ စာအုပ်များနှင့် စာအုပ်ဈေးကွက် အတွင်း အရောင်း
ရဆုံး (Best Seller) စာအုပ်များ မတူညီ ကွဲပြားနေမှု

နိုင်ငံတကာ စာပေလောကများ ကို သုံးသပ် လေ့လာကြည့်ပါက ဆုရ စာအုပ်များနှင့်
စာအုပ် ဈေးကွက် အတွင်း ပြည်သူလူထု ကြိုက်နှစ်သက်သည့် အရောင်းရဆုံး Best
Seller) စာအုပ်များမှာ များသောအား ဖြင့် တူညီလေ့ ရှိကြပြီး

စာရေးသူတို့ မြန်မာ စာပေလောက တွင်မူ အမျိုး သား စာပေဆုရ စာအုပ်များနှင့်

စာအုပ်ဈေးကွက် အတွင်း အရောင်းရ ဆုံး(Best Seller) စာအုပ်များ

မတူညီ ကွဲပြားနေမှု မှာလည်း ပြန်လည်သုံး သပ် စဉ်းစား ဆောင်ရွက်သင့်ပါသည်။

 

——————————–

ဒီအချက်ကတော့.. ကျွန်တော်တို ့.. အစဉ်းစားသင့်ဆုံးပါပဲ… ။

ရိပ်မိသူတွေလည်း..စဉ်းစားသင့်…ဝေဖန်သ့်ကြသလို…  …

မရိပ်မိချင်ယောင် ဆောင်နေသူတွေကလည်း..ရိပ်မိတဲ့အဆင့်ကနေ…

တူညီမျှခြင်းဆီကို..ရောက်အောင် … လုပ်ဆောင်သင့်နေတဲ ့အချက်ပါ.. ။

ပေးလိုက်တဲ ့..ဆုရ စာအုပ် က..

ဘာလို ့.. စာဖတ်သူတွေ.. သိတောင်မသိလိုက်တဲ ့ စာအုပ်တွေ ဖြစ်နေတာလဲ…။

စာဖတ်သူတွေ.. တခဲနက် အားပေးပြီး.ဖတ်ရှုခဲ့တဲ ့ စာအုပ်တွေက..

ဘာလို ့…  ဆုမရတာလဲ…။

တကယ်တမ်း ဆုပေးထိုက်လို ့..ပေးလိုက်တဲ ့ စာအုပ်တွေကို.. မဖတ်ကြ / မကြိုက်ကြတာဟာ..

စာဖတ်သူတွေ.. ညံ့လို့လား..။

ကဲ..ကဲ.. ဒီလောက်ပဲ.. ကျွန်တော်..တို ့ထိကြည့်ပါရစေ…

ဆက်တွေးကြပါဦး…။

———————————————

 

 

 

 

 

 

 

 

 

 

 

၃။စကားပြေ ရေးဟန်နှင့် စကား ပြောရေးဟန်

စာပေဆုများကို ရွေးချယ် စိစစ်ရာတွင် စကားပြေ ရေးဟန်နှင့် စကားပြောရေးဟန်ကို ခွဲခြားနေခြင်း မျိုးထက်

ပြည်သူ လူထုနှင့် ပိုမို ရင်းနှီး ကျွမ်းဝင်မှု၊ ရေးသား တင်ပြမှု ပုံစံ အံဝင်ခွင့် ကျမှု၊

ဖတ်ရှုရန် အဆင်ပြေ မှုတို့ကိုလည်း ထည့်သွင်းစဉ်းစား ရွေးချယ် သင့်ပါသည်။

ဥပမာ လူငယ် စာပေဆု အတွက် ရွေးချယ်သည့် စာအုပ်တစ်အုပ် အနေဖြင့်

လူကြီးများ သာကြိုက်နှစ်သက်ပြီး….

လူငယ်များ အမှန်တကယ် မဖတ်ရှုသည့် စာအုပ် ဖြစ်နေခြင်းမျိုး၊

အချို့ စာအုပ်များမှာ လူငယ်များ ကြားပင် မကြား ဖူး လှ အောင် ဝေးကွာနေခြင်းမျိုးကို ပြန် လည် သုံးသပ် စဉ်းစားသင့်ပါသည်။

 

———————————————–

 

ဒါလည်း.. စဉ်းစားတွေးတောရမယ့်အချက်ပါ… ။

လူငယ်စာပေဆုကို.. လူကြီးတွေ.အကြိုက်နဲ ့..ရွေးမှာလား….။

အကြိုက်နဲ ့..ရွေးရင်.. အကြိုက်ဆုံးစာပေဆုပဲ.ဖြစ်လာမယ်. ထင်တယ်..။

အကောင်းဆုံး ဆိုတာဖြစ်လာဖို ့…  ဓမ္မဓိဌာန်ကျကျ ရွေးကြဖို ့လိုမယ်ထင်ပါတယ်.. ။

လူကြီးများ သာကြိုက်နှစ်သက်ပြီး…. လူငယ်များ အမှန်တကယ် မဖတ်ရှုသည့် စာအုပ် ဖြစ်နေခြင်းမျိုး၊

အချို့ စာအုပ်များမှာ လူငယ်များ ကြားပင် မကြား ဖူး လှ အောင် ဝေးကွာနေခြင်းမျိုး

အဲဒီ ကွာဟချက်မျိုးနဲ ့…    အက်ရာထင် မနေတဲ ့..ရွေးချယ်မှု…ကို မြင်ချင်မိပါရဲ ့…။

လင်းသိုက်ညွန့်ပြောတာနော်..။ ကျွန်တော်က.. ပြန်တို ့ထိပြရုံပဲ… ။

🙂

 

🙂

 

—————————

၄။ မျိုးဆက်သစ် စာရေးဆရာများ အတွက် မျိုးဆက်သစ်စာပေဆု
မြန်မာ့ စာပေလောကတွင် သုတ၊ ရသ လူငယ် စာရေးဆရာမျိုး ဆက်သစ်များ ပေါ်ပေါက်လာရေး အတွက်

လူငယ် စာရေးဆရာများ၊ ကလောင်သစ် များအတွက် သီးသန့် ချီးမြှင့်သည့် မျိုးဆက်သစ် စာပေဆု အမျိုးအစား မျိုးကို

အမျိုးသား စာပေ ဆုတွင် ထည့်သွင်း ချီးမြှင့်သင့်ပါသည် ။

 

—————————-

မျိုးဆက်သစ် စာပေဆု …ဒါလည်း.. ငြင်းစရာ မရှိသလောက်ဖြစ်နေတဲ ့.. ..တင်ပြချက်ကလေးပါပဲ… ။

အသစ်တွေကိုလည်း..နေရာပေးဦးမှပေါ့..။ အဟောင်းနဲ ့ချည်း   စခန်းသွားတာလည်း..သွားပေါ့..။

အသစ်တွေလည်း..ရှေ ့ကို.. ထွက်လာ…ပေါ်လာမှဖြစ်မှာပေါ့…။

 

—————————–

 

၅။ အမျိုးသားစာပေဆုနှင့် ဆုကြေး

 

အမျိုးသား စာပေဆုအတွက် ချီးမြှင့်သည့် ဆုကြေးငွေကိုလည်း

ခေတ်ကာလနှင့် လျော်ညီအောင်၊ စာပေပညာရှင် များ၏ အားထုတ်မှု နှင့် ထိုက်တန်အောင်

ထိုက်တန်စွာ ချီးမြှင့်သင့်ပါသည်။

လင်းသိုက်ညွန့်(မြန်မာ့မြေ)

 

 

www.popularmyanmar.com/mpaper/2013/07

———————————

 

ဒီ…နောက်ဆုံးအချက်ကလည်း.. ငြင်းစရာ လုံးဝ မလိုတဲ ့ အချက်ပဲလေ.. ။

 

———————————–

 

 

အမျိုးသားစာပေဆု သတင်းလေး ဖတ်ပြီး..နောက်မှာ..

ထပ် ဖတ်မ်ိတဲ့.. လင်းသိုက်ညွန် ့ရဲ ့စကားလေးတွေကို…

တို့ ကြည့်  ထိကြည့်မိတာလေးပါ.. ။

 

————————————-

 

နောက်ဆုံး. …  ကျွန်တော် သိရသလောက်တော့…

ဒီရွာသူ စာရေးဆရာမတစ်ယောက် ရဲ ့ စာအုပ်တွေဟာဆိုရင်…

လေးကြိမ်တိတိ… ဆန်ခါတင်အဆင့်ကို.. ပါသွားခဲ့ပြီးမှ…

လေးကြိမ်လေးခါလုံး.. ဆုနဲ ့ လွဲချော်ခဲ့ရကြောင်း..သိရပါသေးတယ် ။

အခု..2012 အတွက်.. ရွေးလိုက်တဲ ့ ဆန်ခါတင်အဆင့်မှာဆိုရင်…

သူမရဲ ့ စာအုပ်ဟာ..နှစ်အုပ်ထဲ ကမှ… ပြတ်ကျန်ခဲ့တဲ ့…

ဆုနဲ ့ လွဲချော်ခဲ့ရတဲ့စာအုပ်ဖြစ်ခဲ့ပါတယ် ။

————————————-

ကျွန်တော်တို ့.. ရွာသူကွ…ဆိုပြီး..

ဆန်ခါတင်နှစ်အုပ်ထဲကနေ…

တို ့ရွာသူရဲ ့ စာအုပ်ပဲ.. ရပါစေ..လို ့ ဝိုင်း ဆုတောင်းပေးကြရင်လည်း…

ဟိုတစ်ယောက်ရဲ ့ စာအုပ်ကြီး …  မရပါစေနဲ ့လို ့..ဆုတောင်းသလို..ဖြစ်နေမယ်.. ။

ဒီတော့…

ဆုတောင်းတာတွေ.. ဆန္ဒုပြုတာတွေဟာ..လက်တွေ့လည်း..မကျ…အသုံးလည်း.မဝင်တာကြောင့်….

တကယ်တမ်း ရသင့်ရထိုက်တဲ ့.. စာအုပ်တွေ…( စာရေးသူတွေ )

ရကြဖို ့….

ရှေ့ဆက် မျှော်လင့်နေရမှာသာ..ကျွန်တော်တို ့အလုပ်ဖြစ်ပါကြောင်းးးးး

 

 

 

လေးစားစွာဖြင့်…

 

အလင်းဆက်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

75 comments

  • ခရီးသည်ကြီး

    November 24, 2013 at 11:14 pm

    နာမည်​ကိုက အမျိုးသားစာ​ပေဆု ​လေဗျာ
    အမျိုးသား​ရေး ဘာ​ရေးညာ​ရေး ​တွေ​ဖော​လော​ချော​လော
    ထည်​့​ရေ​း​မှ ​ပေးမှာ​ပေါ့ဗျ
    အနုပညာစာ​ပေဆုမှမဟုတ်​တာ
    အတတ်​ပညာနဲ့​ရေးတဲ့ စာ​တွေဖြစ်​လို့
    သူတို့သတ်​မှတ်​ချက်​​ဘောင်​​ဆွေစည်​း​တွေဝင်​တာ​ပေါ့ဗျ ။
    ခင်​ဗျား ရင်​ဘတ်​နဲ့ စာ​ရေးပြီး ဖတ်​ခိုင်​းကြည်​့ပါလ
    ဆုမ​ပေးတဲ့အပြင်​ မြန်​မာစာဖျက်​ဆီးမုှနဲ့​ထောင်​ထဲထည်​့လိမ်​့မယ်​

    ကျုပ်​​ပြောချင်​တာက
    အမျိူးသားစာ​ပေဆုကို စိတ်​မဝင်​စားတာဟာ
    ပရိတ်​သပ်​အကြိုက်​နဲတာ​တွေဆုရ​နေလို့
    ကန်​့သတ်​ချက်​များလွန်​းရင်​ လုပ်​ရတာခက်​တယ်​ဗျ

    • ဒါရှို
      အညိုးတားချာပေချု ကို
      စာပေအနုပညာသမားတွေ မရနိုင်ဘူးပေါ့နော်
      ဝမ်းနည်းဖွယ်ကောင်းလေစွ
      အညိုးတားချာပေချု လို ့မပြောပဲ
      အညိုးတားအတတ်ပညာချု လို ့ခေါ်သင့်ဒယ်

      အတတ်ပညာရှင်တွေက စာနဲ့ချရေးတာကိုပေးတာဆိုရင်
      ရင်ဘက်နဲ့ ခံစားပြီးရေးတဲ့ အနုပညာသမားတွေအတွက်
      စိတ်မကောင်းထာ

      🙂

  • အဘရဟူဒီ

    November 25, 2013 at 5:50 am

    ညီလေးက သိုက်ဆြာ ကို ကိုးကွယ်သဒဲ့လား …

    အာ..ဟိ…

    😀

  • Ma Ma

    November 25, 2013 at 9:23 am

    ဟိုးတုန်းက စာပေဗိမ္မာန်ကထုတ်တဲ့ စာအုပ်တွေကို လပေးနဲ့ ယူရင် အိမ်တိုင်ရာရောက် စာတိုက်ကနေ ပို့ပေးတယ်။ ခုနောက်ပိုင်းတော့ မသိတော့ဘူး။ အဲဒီတုန်းက ဖတ်ခဲ့ဖူးတဲ့ တဒင်္ဂလေးများစွာ (မှတ်မိသလိုရေးလိုက်တာ) ဆိုတဲ့ စာအုပ်ကို ကျော်သူ စိုးသူတို့နဲ့ ရုပ်ရှင်ပြန်ရိုက်တာ မှတ်မိသေးတယ်။ အဲဒီက ထုတ်တဲ့ စာအုပ်တွေက ကလေးတွေ ဖတ်သင့်တဲ့စာအုပ်တွေချည်းပဲမို့လို့ မိဘတွေက လပေးနဲ့ယူပြီး ဖတ်ခိုင်းကြတယ်။ 🙂

  • လုံမလေးမွန်မွန်

    November 25, 2013 at 10:29 am

    ဘာမှကို မသိဘူးဗျာ… စာ​ပေနဲ့ အလှမ်​း​ဝေးလွန်​းလို့ စာ​ရေးဆရာနာမည်​​တွေ​တောင်​ မကြားဖူးဘူး…

    တကယ်​​တော့ ပညာ​ရေးစနစ်​ကိုသာ ​ပြောင်​းပစ်​လိုက်​.. အကုန်​အို​ကေ သွားလိမ်​့မယ်​…

    စာ​ပေကို စိတ်​ဝင်​စားဖို့က စာဖတ်​ချင်​စိတ်​ရှိဖို့ရယ်​… စာဖတ်​ချိန်​ရှိဖို့ရယ်​ပဲလိုတယ်​… 🙂

    • စအုပ်စာပေ လူ ့မိတ်ဆွေ
      အဲဒါကိုတောင် မသိတဲ့ ကလေးတွေရှိတယ် အမွန်ရေ။

      စာဖတ်ခြင်းကို ဝါသနာ ပါခြင်း မပါခြင်းနဲ့ တိုင်းတာပြီး ဝါသနာမပါဘူးဆိုသူက မဖတ်

      အမှန်က ဝါသနာပါပါ မပါပါ ဖတ်ကို ဖတ်သင့်တယ်ဆိုတာ
      ကလေးပညာရေးအဆင့်မှာကိုက မီးမောင်းထိုးပြထားရမှာ နော်

    • Mr. MarGa

      November 25, 2013 at 2:38 pm

      နေစမ်းပါဦး
      စာဖတ်ချင်စိတ်လဲ ရှိတယ် စာဖတ်ချိန်လဲရှိတယ်
      ဖတ်စရာစာအုပ်မရှိရင် ဘယ်လိုလုပ် စာဖတ်မလဲ ဟင်
      နောက်ပြီး
      ရှိတဲ့စာအုပ်က ဘာ အနှစ်သာရမှ မပါတဲ့စာအုပ်၊ ဘာမှ အကျိုးမပြုတဲ့စာအုပ် ဖြစ်နေရင်ကော……
      ကလေးအရွယ်တွေမှာ
      စာပေကို (နည်းနည်းလေးပဲဖြစ်ဖြစ်) ရွေးပေးဖို့လိုတယ်။
      အရွယ်နဲ့ စာနဲ့ မကိုက်ရင်
      လိုင်း ကြောင်သွားနိုင်တယ်။
      အတုယူ မှားသွားနိုင်သေးတယ်ထင့်…
      🙂

      • ကျွန်တော်တော့ စာစဖတ်တုန်းက ကာတွန်း
        တဖြည်းဖြည်းနဲ့ ဝတ္ထု
        မဂ္ဂဇင်း
        သုတ ရသ
        ဒဿန
        စသည်ဖြင့် ကိုယ့် အတွေးနဲ့ကို ရွေးဖတ်လာမိတယ်။
        ကျွန်တော့်ကို ဘယ်သူမှ ဒီအရွယ်မှာ ဒီစာအုပ်ပဲဖတ်ရမယ်လို့လည်း
        လာမပြော
        ဘာဖတ်သင့်တယ်ဆိုတာလည်း ဘယ်သူ့မှ အကြံမပေးခဲ့ပါဘူး

        ကျွန်တော်တွေးမိတာကတော့
        စာဖတ်တဲ့သူဟာ
        ဖတ်ရင်းနဲ့ပဲ
        ဘယ်အရွယ်မှာ ဘာဖတ်သင့်တယ်ဆိုတာ ရွေးချယ်သွားနိုင်မယ်ထင်တယ်။

        အဲ တစ်သက်လုံး အပျော်ဖတ်ဝတ္ထုအဆင့်ကနေ တက်မလာတဲ့ စာဖတ်သူတွေလည်း ရှိတယ်ပေါ့။
        ဖတ်စရာ စာအုပ် ရှားတာ
        တကယ်ဖတ်သင့်တဲ့ စာအုပ်စာပေ နည်းပါတာ
        ရှိတာကိုလည်း လက်လှမ်းမမှီတာ
        လက်လှမ်းမှီတော့လည်း မဖတ်မိတာတွေတော့
        နည်းနည်း စိတ်ရှုပ်စရာကောင်းနေတာပေါ့

      • လုံမလေးမွန်မွန်

        November 26, 2013 at 10:28 am

        သဂျားပြောတာ ဟုတ်ပါတယ်.. စာအုပ်တွေဘယ်လောက်ကောင်းကောင်း စာဖတ်ချင်စိတ် မရှိဘူး.. စာဖတ်ချိန်မရှိဘူးဆိုရင် အလကားပဲလေ.. အခု မြန်မာနိုင်ငံမှာ စာအုပ်ကောင်းမရှိဘူးလို့ ပြောရလောက်တဲ့အခြေအနေအထိ မဆိုးသေးပါဘူး.. စာအုပ်ကောင်းတွေအများကြီးရှိပါတယ်… ဒါပေမယ့် အရေအတွက်နည်းနေတယ်.. စာဖတ်သူနည်းလို့ စာအုပ်နည်းနည်းပဲ ထုတ်ရတယ်… ဒါကြောင့် စာဖတ်ချင်စိတ်နဲ့ စာဖတ်ချိန်က ပိုအဓိကကျလို့ အဲဒီနှစ်ချက်ကို ထောက်ပြတာပါ…

        ပြောပြန်ရင်လည်း ပညာရေးဘက်ကို လှည့်ဦးမယ်.. ဘာလို့စာမဖတ်ကြသလဲဆိုတော့ စာကို ကြောက်နေလို့.. စာဆိုတာ ကြောက်စရာကောင်းတယ်.. နားမလည်ဘူး..ကျောင်းမှာသင်တဲ့ကျောင်းစာကို ကြောက်နေမှတော့ ဘယ်ကလေးက အပြင်စာဖတ်မတုန်း… သူတို့အဖို့ ကျောင်းစာတွေနဲ့တင် ဖိအားတွေအတော်များနေပြီ.. အပြင်စာအတွက်လည်း အချိန်မပေးနိုင်သလို ဖတ်ချင်စိတ်လည်းမရှိဘူး..

        နောက် ပတ်ဝန်းကျင်ပေါ့.. ဘယ်အရာမဆို ယူတတ်ရင် သင်ခန်းစာပါပဲ… လုံမ ငယ်ငယ်ကဆို စာအုပ်ပေါင်းစုံဖတ်တယ်..ဖတ်တာမှ ငါးတန်းခြောက်တန်းလောက်ကတည်းက အချစ်ဝတ္ထုတွေဖတ်တာ… အစက အမေက တားတယ်..နောက်ကျ မတားဘူး.. သူပါ လိုက်ဖတ်ပေးတယ်.. ပြီးရင် စာအုပ်ထဲက ဘယ်သူက ဘယ်လိုစရိုက်ရှိတယ်..အတုယူသင့်တယ်… ဘယ်သူက ဘယ်လိုဆိုတော့ နောက်ဆုံးမှာ ဘာဖြစ်သွားတယ်.. သင်ခန်းစာယူသင့်တယ်..မကောင်းဘူး..ရှောင်ရမယ်… အကုန်ဆွေးနွေးပေးတယ်… မိဘတွေကလည်း သားသမီးကို အချိန်ပေးနိုင်ဖို့ လိုပါတယ်.. ပြောရင်လည်း နောက်ဆုံး ဒီဘူတာပဲ ဆိုက်မှာဆိုတော့ .. ဒီလောက်ပါပဲကွယ်.. 🙂

  • ဦးကြောင်ကြီး

    November 25, 2013 at 10:50 am

    အမျိုးသား ပြာပေဆု ရှိလို့ကတော့ ဝင်ပြိုင်တယ်ဗျာ.. ဓာတ်ပုံနဲ့ပါ စာဖတ်သူတွေ တသသဖြစ်အောင် ရေးတင်မှာ…။

    • ပြာပေလောက ဆိုပြီး တစ်ခု တည်ထောင်ပေါ့ အုကျောင်ရယ်
      ပြာအုပ်ပြာပေ လုမိတ်ဆွေတို ့
      ပြာပေမြင့်က လူညိုးတင်အိတို ့
      ဆောင်ပုဒ်တွေနဲ ့ ပြာပေ ပြိုင်ပွဲတွေဝင်ပေါ့နော်

      🙂

  • TNA

    November 25, 2013 at 12:33 pm

    အမှန်အတိုင်းပြောရရင်တော့ အဲဒီ အမျိုးသားစာပေဆု ရတဲ့စာအုပ်တွေက ထွက်တုန်းကတခါမှမကြားဖူးခဲ့ ဘူး။ နှစ်တိုင်းလိုလိုပဲ။ ဆုရပြီးမှလိုက်ရှာဝယ်ခဲ့ရတာနှစ်တိုင်းနီးပါးပဲ။ အဲဒါလေးလဲသူသုံးသပ်ပြထားသလို စဉ်းစားစရာပါပဲ။ ဘယ်လိုလုပ်ကြမတုန်း

  • ခင် ခ

    November 25, 2013 at 1:35 pm

    ( တကယ်တမ်း ဆုပေးထိုက်လို ့..ပေးလိုက်တဲ ့ စာအုပ်တွေကို.. မဖတ်ကြ / မကြိုက်ကြတာဟာ..
    စာဖတ်သူတွေ.. ညံ့လို့လား..။) ဆိုလို့ နည်းနည်းလောက်အတွေးလေးပေါက် တာကို ပြန်မေးချင် စိတ်ပေါက်သွားတယ်။ မောင်ရင်အဲလိုပြောကြစတမ်းဆို ပြီးခဲ့တဲ့ ဒီရွာကဆုရစာပေတွေ စုစည်းပြီး ထုတ်ထားခဲ့တဲ့ စာအုပ်တွေ အခုထိအားပေးတဲ့သူတွေ နည်းနေသေးကြောင်း စာအုပ်အရောင်းပြုပေး သူတွေဆီမှာ ပေးပို့စဉ်ပမာဏထက် အနည်းငယ်သာ ရောင်းရပြီးလျော့သွားတာမျိုးဘဲ ဖြစ်နေကြောင်း ကြားသိရပါတယ်။ ဒါဆို စာဖတ်သူရွာက မန်ဘာတွေကဘဲ ညံ့နေသလိုလို………..။ မောင်ရင်တော့ကွာ။

    • လေးခရေ
      အခုလို လာရောက်ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်ဗျ ။
      ———–

      ဂဇက်စာပေဆုကို ရွေးချယ်တဲ့အပိုင်းနဲ့ရော
      စာအုပ်အဖြစ် ထုတ်ဝေရောင်းချတဲ့အပိုင်းပါ
      ဟိုအမျိုးသားစာပေဆုကိစ္စနဲ့ ့သဘောသဘာဝ မတူညီတာ
      လေးခ လည်းသိမှာပါ။

      ကျနော်တို ့ဂဇက် ဖတ်ရွေးအဖွဲ ့ဟာ မန်ဘာတွေထဲက ကူနိုင်သူတွေကပဲ..
      ရှေ့ ့ထွက်ပြီး ကိုယ်ကျိုးမပါ ရွေးချယ်ပေးနေတာပါ။

      ပြီးတော့ မန်ဘာ (ဖတ်ရွေးအဖွဲ့ဝင် )အချင်းချင်းတောင်
      တစ်ယောက်ဘယ်ပို့စ်ကိုကြိုက်လို့ ့ဘယ်နှစ်မှတ်ပေးထားသလဲဆိုတာ အမှတ်ပေါင်းမှ သိရတာပါ ။
      အကြိုက်ဆုံးကို ဒီမန်ဘာတွေကပဲ ရွေးချယ်ဆုပေးတာပါ။
      မျှတမှုလည်း ရှိပါတယ် ။
      အကြိုက်ဆုံးပဲ ဖြစ်ပြီး ….
      ဒီမန်ဘာတွေထဲကပဲ(ထပ်ပြောရရင် မန်ဘာတွေကပဲ)ဖတ်ရွေးအဖြစ်နဲ ့ရွေးပေးလိုက်တာပါ။
      ဒါကြောင့် ဒီအပိုင်းကလည်း အမျိုးသားစာပေဆု နဲ ့သဘောသဘာဝ မတူပါဘူး ။

      ———–

      စာအုပ်ထုတ်ဝေတဲ့ ကိစ္စကျတော့လည်း
      အမျိုးသားစာပေဆုပေးတဲ့ စာအုပ်တွေနဲ့ နယ်ပယ်အရ သဘာဝမတူပြန်ပါဘူး။

      ကျနော်တို ့ ဂဇက်စာအုပ်လေး ပုံနှိပ်ထုတ်ဝေရတာ
      စာပေနယ်တစ်ခုလုံးကို ဖြန့်တာမဟုတ်ဘူး။

      တွေ ့ဆုံပွဲမှာ ရောင်းတာတောင် လာတဲ့သူဦးရေ ဘယ်လောက်ရှိလို့လဲ ။
      လာသမျှမန်ဘာတွေ ဝယ်တယ်ဆိုရင်တောင် ရာဂဏန်းပြည့်ပါ့မလား။
      တစ်ယောက်တစ်အုပ်နှုန်းမက ဝယ်မှ ရာဂဏန်းပြည့်ချင်ပြည့်မှာ။

      အမှတ်တရစာအုပ်မို့ ့ဖတ်ခဲ့ဖူးပြီးသားကြိုက်နှစ်သက်ခဲ့တာတွေကိုပဲ ပြန်ဝယ် / သိမ်းဆည်းကြတာပါ။
      စာပေနယ်တစ်ခုလုံးသိအောင် / စာဖတ်သူအားလုံးသိအောင် ဖြန့်တာမဟုတ်လို ့
      သိသူလည်းနည်းပါတယ် ။

      သိသူဘယ်လောက်နည်းလဲဆိုရင် …
      အခုလက်ရှိ မန်ဘာဝင် အဟောင်း / အသစ်ကုန်အောင်လည်း မသိလိုက်ပါဘူး။
      (( လက်ရှိ မှန်မှန်ဝင်နေတဲ့မန်ဘာတွေကိုလည်း နာမည်တွေ စီချပြီးရေကြည့်ပါဦး ။
      အယောက်နှစ်ဆယ်ပြည့်လားလို ့။ ))

      လက်ရှိ ဂဇက်ထဲ မှန်မှန်ဝင်နေတဲ့မန်ဘာတွေလောက်ပဲ …သိလိုက်လို ့…
      ရောင်းအားနဲ ့ဝယ်အား ထင်သလောက် မများပါဘူး။

      ရိုက်နှိပ်လိုက်သမျှ အုပ်ရေ
      စာအုပ်ထွက်ရှိကြောင်းသိသူအရေအတွက် အချိုးချကြည့်ရင် ဒီလောက်ရောင်းရတာတောင် တော်သေးတယ် လို ့ပြောရမယ်လေ ။

      ဒီတော့ ဂဇက်စာမူဆုရစာအုပ်တွေ မဖတ်မိကြတာဟာ . . .
      မဖတ်မိတဲ့မန်ဘာတွေ ညံ့လို့မှ မဟုတ်တာ။

      ဂဇက်အမှတ်တရစာအုပ် ထုတ်ဝေ ဝယ်ယူ ဖတ်ရှု သိမ်းဆည်းခြင်းဟာ ညံ့ခြင်း မညံ့ခြင်းနဲ့ တိုင်းတာစရာကို မလိုတဲ့ကိစ္စလို ့မြင်မိပါတယ်။

      မညံ့တဲ့ မန်ဘာတွေရဲ့ စာမူကို
      မညံ့တဲ့မန်ဘာတွေက ဆုရွေးချယ်ပြီး
      အမှတ်တရထုတ်ဝေတဲ့စာအုပ်လေးတွေ
      ထင်သလောက် ခရီးမရောက်ခဲ့တာ
      မန်ဘာတွေ ညံ့လို ့မှ မဟုတ်တာ။

      နယ်ပယ်မတူ အခြေအနေမတူတဲ့ကိစ္စမို ့
      ဒီ ဂဇက်စာအုပ်နဲ ့.. အမျိုးသားစာပေဆုကိစ္စ… ချိတ်ဆက်တွေးစရာမလိုပါဘူး ( လို ့…ကျွန်တော် ထင်မြင်ပါတယ်.. ။ )

      လေးစားစွာဖြင့်. . . .

    • ဦးကြောင်ကြီး

      November 26, 2013 at 10:16 am

      ပိသာချိန်နဲ့ ရောင်းဖို့ ပလန်ဘီမှ လုပ်မထားဗဲဂိုဗျ.. …။ ကျော့်စာ မပါလို့ စဗျစ်သီး ချဉ်တာ ဟုတ်ဖူးနော်.. မဆလခေတ်တုံးဂလဲ လူတော်တွေ ချောင်ထိုးခံရလို့ တိုင်းဗျီပျက်တယ်.. ဒါလည်း သင်ဂန်းစာ အယူဓာတ်ဗူး..

      • ကျွန်တော်တော့
        ဂဇက်အမှတ်တရစာအုပ်ဟာ လူတော်တွေ ရေးတဲ့ စာတော်တွေလို ့မြင်တယ် ။

        တော်နေကောင်းနေလျက်နဲ့ ချောင်ထဲရောက်တာတော့
        . . .
        🙂
        ရှိရှိသမျှမန်ဘာတွေသာ တစ်ယောက်တစ်အုပ်ဝယ်ရင်
        အကြိမ်ကြိမ်တောင် ပြန် ထုတ်ဝေရမယ်

        ( ကျွန်တော့်ကဗျာ ပါလို ့
        လူတော်တွေရဲ့ စာတော် လို ့ပြောတာမဟုတ် ။ အဲဒီ စပျစ်သီးတစ်ခိုင်လုံး အတော်ချိုပါတယ် အုကြောင်ရယ်)

        🙂

        • ခင် ခ

          November 26, 2013 at 2:23 pm

          ဤဂဇက်မှာ ရေးကြသော မန်ဘာများ၊
          ထိုရေးတင်သည့် စာပေများကို ဖတ်ကြသော မန်ဘာနဲ့ စာဖတ်ပရိတ်သတ်တွေဟာ
          လူညံ့တွေမဟုတ်ဘူး လူတော်တွေဆိုတာကို မောင်ရင်သိရင်ပြီးတာပါဘဲဗျ။
          ကျွန်တော်ဝင်ပြောတာလဲ အဲဒီဆိုလိုရင်းဘဲလေ။
          သေချာပြန်ရေးသားကွန်ရေးပေးလို့ ကျေးဇူးလည်းတင်ပါတယ် အလင်းဆက်ရေ။

  • မဟာရာဇာ အံစာတုံး

    November 25, 2013 at 2:08 pm

    လာမယ့် အခေါက်မှာ
    နင့်ကို ဆုပေးဖို့ လုပ်ထားတယ်လို့
    တိုးတိုးတိတ်တိတ် သတင်းထွက်နေဒယ် …

    • ဟာာာာ

      ဒဂယ်လားးး

      မယုံဘူး

      နာက တူရိုု ့နဲ ့အညိုးလည်းမတော်ပဲနဲ ့
      ပြီးတော့
      ဟိုးးအပေါ်က ခီးသည်ကြီးပြောပုံအရဆိုရင်
      နာရေးတာတွေ စာပေဆုရဖို ့ မျှော်လင့်ချက်မရှိ ။

  • ဝင့်ပြုံးမြင့်

    November 25, 2013 at 2:53 pm

    တကယ်ခံရတဲ့လူဘက်က တွေးရင် တစ်မျိ ုး၊ ဘေးကြည့်ပရိသတ်အနေနဲ့က တစ်မျိုးပေါ့လေ။
    အမျိုးသားစာပေဆု ကို လူစိတ်ဝင်စားမှုနည်းတဲ့အကြောင်းရင်းကတော့ အထက်က ဆရာလင်းသိုက်ညွန့် ပြောသွားသလို
    ဆရာလင်းသိုက်ညွန့် say:
    (အထူးသဖြင့် အကယ်ဒမီ ပေးပွဲကို ရုပ်ရှင်လောကသားများ တက်ရောက်ခွင့် ရှိသလို အမျိုးသား စာပေ
    ဆုပေးပွဲကိုလည်း စာပေ လောကသားများ အားလုံး တက်ရောက်ခွင့် ရှိအောင်၊
    ပြည်သူလူထု စိတ်ဝင်စား အောင် ကြီးကျယ် ခမ်းနားစွာ ကျင်းပ ခြင်းမျိုး၊
    အမျိုးသား စာပေဆုကို ကြိုတင် မကြေညာဘဲ ပွဲအတွင်း ရောက်မှ ကြေညာခြင်းမျိုး၊ဆန်ခါတင် အဆင့် စာအုပ်များကို ကြေညာပေး ခြင်းမျိုးများကို
    ဆောင်ရွက်ပေးခြင်း အားဖြင့် အမျိုးသား စာပေဆု အပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှုကို ပြန် လည် မြင့်မား လာလာစေနိုင်ပါသည်။)

    တကယ်က အဲဒါတွေ တစ်ခုမှ မလိုဘူးရယ်။ လိုအပ်တာက တစ်ချက်တည်း။ မှန်မှန်ကန်ကန် သမာသမတ်ရှိစွာ ရွေးရမှာ။ အဲဒီတစ်ချက်တည်း လိုအပ်ပါတယ်။ နောက်တစ်ခုက ဆန်ကာတင် စာအုပ်စာရင်းကို တစ်လလောက်ကြိုပြီး လူသိရှင်ကြား ကြော်ငြာတာ။ ဆန်ကာတင်စာရင်းကို သတင်းစာထဲမှာ လူသိရှင်ကြား ကြေငြာထားပြီဆိုရင် အတည်ပြု စာရင်းကို ဒီလောက် ပုဂိ္ဂုလ်စွဲ လုပ်ပြီး ပေးရဲမယ် မထင်ဘူး။ ပြီးခဲ့တဲ့နှစ်က ဘာစာအုပ်ထွက်သလဲလို့ စာဖတ်ပရိတ်သတ်က မှတ်မိနေမှာ မဟုတ်ဘူး။ ဆန်ကာတင်လုပ်လိုက်ပြီဆိုမှ ပရိသတ်က အဲဒါကို မှတ်မိနေမယ်။ အဲဒါဆို ဆုရွေးချယ်ရေးအဖွဲ့က အခုလို ကိုယ့်အချင်းချင်း လှည့်ပတ်ပေးရဲလောက်အောင် ဖြစ်လာမှာ မဟုတ်တော့ဘူး။
    —-
    ဈေးကွက်တွင်းရောင်းကောင်းတာတွေ မကောင်းတာတွေ ဇီဇာချဲ့ပြီး ပြောစရာ မလိုပါဘူး။ ဘယ်စာအုပ်မှ ရောင်းမကောင်းတာ။ အရင်ခေတ်က စာပေဗိမာန်ထုတ် စာအုပ်တွေလို အဆင့်မရှိတော့ဘူး။ ဆုရစာအုပ်ဖြစ်ဖြစ်၊ ဆုမရ စာအုပ်ဖြစ်ဖြစ် ဘာစာအုပ်မှ ဒီလောက်ကြီးရောင်းမကောင်းဘူး။ ဂျာနယ်ရောင်းကောင်းအောင်တောင် မနည်းလုပ်နေရတာ။ အခုက စာပေလောက ကျရှုံးနေတာ။ အဲဒီလို စာပေလောကကြီးကျရှုံးတာ နိုင်ငံတော်အဆင့် အမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ဆုကိုက သမာသမတ်မရှိလို့။
    —-
    အရင်က ပြန်ကြားရေး ဝင်ခလောက်လို့ မှန်မှန်ကန်ကန် မဖြစ်ခဲ့ဘူး။ ဒါဆို အခုတော့ မှန်မှန်ကန်ကန်ဖြစ်သင့်ပြီပေါ့။ မျှစ်ကြော်ကတော့ မထင်ဘူး။ မူသာပြောင်းတာ လူမပြောင်းဘူး။ ဂျာနယ်တွေမှာ ဒီကိစ္စဗျူးလိုက်ရင် သူတို့ဘက်က တကယ့်ကို ဝေဝေဆာဆာနဲ့ ပြစ်ချက်ထောက်ကွက်မရှိအောင် ပြောသွားတယ်။ ဒါဟာ ကြိုတင်ပြီး ကာကွယ်ထားတာ။ မဟုတ်တာလုပ်ဖို့လွယ်အောင် ကြိုတင်ကာကွယ်ထားတာ။ ဟိုစကား တစ်ခွန်းရှိတယ်။ လူပြောမသန် လူသန်မပြောတဲ့။ သူတို့ မှန်မှန်ကန်ကန်လုပ်မယ်လို့ ပြောလေ၊ အဲဒီပြောတဲ့လူ မယုံရလေပဲ။ သူတို့ဘက်က တံတိုင်းအကြီးကြီးနဲ့ ကာထားတယ်။ တက္ကသိုလ်ပညာတတ် အပါအဝင် ဆုရွေးချယ်ရေးအဖွဲ့ ၉၅ ဦးရှိတယ်တဲ့။ သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ်တို့တောင် ပါသတဲ့။ ဒီစကားနဲ့တင် သူများက ဘာပြောစရာရှိတော့မလဲ။ တစ်ခုပဲ ပြောချင်တယ်။ သမာသမတ်ရှိမှ စာပေလောက နာလံထူမှာ။ ဟိုအရင် စာပေဗိမာန်ဆုရ စာအုပ်တွေလို သမာသမတ်ရှိမှ လူစိတ်ဝင်စားမှုကိုရမှာ။ ဒါမှ စာပေလောက သိက္ခာရှိမှာ။
    —–
    ငွေကိစ္စလည်း ပြောချင်တယ်။ အဖွဲ့အစည်းတစ်ခုရဲ့ အင်အားက ဘာလဲလို့မေးလိုက်ရင် လူအတော်များများက ငွေကိုထည့်စဉ်းစားဖို့ ပြောကြလိမ့်မယ်။ ဒါကြောင့် ဆုငွေကို များများပေးသင့်ကြောင်း ပြောကြလိမ့်မယ်။ တစိတ်တပိုင်းတော့လည်း မှန်တယ်။ ဒါပေမယ့် တစ်သက်တာ စာပေဆုသမားကိုသာ ငွေများများစားစား ပေးသင့်တယ်။ အသက်အရွယ်ထောက်လာပြီဆိုတော့ သူတို့ငွေသိပ်လိုအပ်မှာ။ ဒါပေမယ့် ကျန်တဲ့ဆုကျတော့ ငွေများလေ၊ အဂတိ ပါလာဖို့များတယ်။ ဒါကြောင့် ငွေအတန်အသင့်ပဲဖြစ်သင့်တယ်။ အဖွဲ့အစည်းတစ်ခုရဲ့ အင်အားဟာ တကယ်တော့ သမာသမတ်ရှိမှုလို့ပဲ လုံးဝယုံတယ်။ အခု ရွာထဲက မန်းဂဇက် ဆုပေးအဖွဲ့ကို လေးစားတယ်။ ဘာလို့ဆို တကယ့်ကို သမာသမတ်ရှိလို့။
    —-
    တစ်ခါတလေ စဉ်းစားမိတယ်။ အမျိုးသားစာပေဆုပေးပွဲ ဆိုတာ ကလောင်သတ်ပွဲ များလားလို့။ သေချာ ကြိုးစားထားတဲ့လူတစ်ယောက်ကို လုံးဝတက်လာခွင့်မပေးဘဲ မတော်မတရား အဝတင်ဆီးပြီး ရိုက်သတ် လိုက်ကြသလိုပဲ။ စာအုပ်အရည်အသွေးကို မပေးကြဘဲ စာရေးဆရာရဲ့ ဝါကို ကြည့်ပြီး ပေးနေကြတယ်။ ဒါနဲ့များ မျိုးဆက်သစ်စာပေဆု ဆိုပြီး အာဘောင်အာရင်း သန်လိုက်သေးတယ်။

    • Foreign Resident

      November 26, 2013 at 6:43 am

      ဝင့်ပြုံးမြင့် says:
      ” အဖွဲ့အစည်းတစ်ခုရဲ့ အင်အားဟာ တကယ်တော့ သမာသမတ်ရှိမှုလို့ပဲ လုံးဝယုံတယ်။
      အခု ရွာထဲက မန်းဂဇက် ဆုပေးအဖွဲ့ကို လေးစားတယ်။ ဘာလို့ဆို တကယ့်ကို သမာသမတ်ရှိလို့။ ”

      ဆရာမ ဝင့်ပြုံးမြင့် လို Pro တစ်ယောက်ရဲ့ ချီးမြှောက်မှု အတွက် ၊
      ( ဖတ်ရွေးအဖွဲ့ ကိုယ်စား ) အထူး ဂုဏ်ယူ ၊ ကျေးဇူးတင်မိကြောင်း ပြောကြားလိုပါတယ် ။

      • ဦးကြောင်ကြီး

        November 26, 2013 at 10:25 am

        ဟုတ်တယ် ကျော်လည်း မြန်တျန့်ဖက်ရွက် (ဖတ်ရွဲ့လို့လည်း မလိုသူတွေ အတင်းတုပ်ကြဒယ်) အဖွဲ့ဂျီးကို လေးစားဒယ်၊ ဖက်ရွက်တရွက်လို ပေါ့ပေါ့နေပေါ့ပေါ့စား တန်ဖိုးမဲ့.. အဲဒါရဲ့ ဗျောင်ဗြံ ပေါ့ပေါ့ပါးပါး ရှိဒဲ့ ရွှေထက်ပို အဖိုးတန်ဒဲ့ အလူမီနီယံသတ္တု အတိုင်းဗဲ..။ လာပေး ဘယ်သူမှ အဝယ်ဗူး.. မဝယ်ဆို မြန်တျန့်ငတုံးတွေ တန်ဖိုးမှ မသိဂျဒါ.. ရွှေလောက်ပဲ အဟုတ်ထင် ဂျဒါဂလား..။ ဟေ့.. အလူမီနီယံဂို ဂက်စ်မီးဖိုအောက်ခံပြားအကွင်း လုပ်လို့ရဒယ်၊ အသားကင်တွေ ထုပ်တဲ့အခါ အပူကြာရှည်ခံဒယ်ကွ.. သိလည်းသိဂျဗူး.. အလဂါး သဂျီးအမျိုး ကွန်ဆာဗေးတစ် လူအတွေ.. အဲဒါ ဘုန်းကြီးတွေ ဖျက်လို့။ 😛

  • ပြီးမှ ဆက်ငြင်းတော့မယ် အစ်မရေ

    အခု ကွန်မန့်ကို အချိန်လုဖတ် အချိန်လုပြီး ရီပလိုင်းလုပ်နေရလို ့

    လောလောဆယ်
    ဝင်ဆွေးနွေးတာ ကျေးဇူးတင်ကြောင်းပဲ အရင် ပြောထားပါရစေ

    :kwi:

  • ဗုံဗုံ

    November 25, 2013 at 7:58 pm

    ဖတ်သွားတယ်နော်
    ခြေထောက်နာနေလို့
    ဘာမှဝင်ပြောတော့ဘူး… :mrgreen:

  • ဝင့်ပြုံးမြင့်

    November 25, 2013 at 9:05 pm

    ပို့စ်ကို မင်ဘာအုန်းသီး လုပ်လိုက်တာ ကောင်းတယ်။ အစ်မလည်း ဒီတစ်ကြိမ် နည်းနည်းပေါက်ကွဲသွားလို့ ကိုသူရရေ။ ဒါတောင် တုန်းလျှော့ထားတယ်။ ကြိုးစားချင်စိတ်လည်း မရှိတော့ဘူး။ အိပ်ရေးပျက်ခံခဲ့ရတဲ့ ညပေါင်းတွေ၊ ပင်ပန်းခဲ့တာတွေ ဒါတွေဟာ တကယ်တော့ အလကားပဲလို့ တွေးမိနေပြီ။

    • ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ခဲ့တယ်..ဆိုတဲ့အချက်နဲ ့…
      ကိုယ့်ကြိုးစားအားထုတ်မှု ကို..ကိုယ် အသိအမှတ်ပြုနိုင်တာက…
      ကောင်းတဲ့အခြေအနေပါအစ်မရေ.. ။

      ကျွန်တော်..မကြာခဏပြောခဲ့သလိုပါပဲ..
      ဒီမှာက..
      မဖြစ်သင့်တာ..တော်တော်များများဖြစ်နေတယ်..
      ြုဖစ်သင့်တာတော်တော်များများလည်း… မဖြစ်ဘူး..။

      ဒီတော့..ကိုယ့်ဘက်က အကောင်းဆုံး လုပ်နေရမှာ.ကိုယ့်အလုပ်..
      ဖြစ်သင့်တာ..ဖြစ်လာမယ့်အချိန်ကို.. လုပ်သင့်တာလုပ်ရင်း..
      ရပ်တည်နေရမှာကကိ်ုယ့်အလုပ်…

      ဒီလိုပဲ….

    • ရွှေတိုက်စိုး

      November 28, 2013 at 11:37 am

      အလကားမဖြစ်ပါဘူး အစ်မရေ… အစ်မက ဆုရချင်လို.ရေးနေတဲ့လူမှမဟုတ်တာ…
      ကိုယ့်အသွေးအသားထဲက ပေါက်ဖွားလာတဲ့ ရင်တွင်းဖြစ်စာပေ တွေကို ဆုမပေးလဲ ကျွန်တော်တို.လို လူလတ်၊ နောက်လူငယ်လူရွယ်တွေ ဖတ်မှတ်ဖို.အတွက် ပဲလေ….
      အလကားဆိုတဲ့ စကားမသုံးပါနဲ.လား အစ်မရယ်…. ကိုယ့်ကိုကိုယ့် အရမ်း နှိမ့်တွေးလွန်းနေတယ်…
      တစ်ခါတလေ အောင်မြင်မှုဆိုတာ ဆုရတာမရတာနဲ.မဆိုင်ဘူးလို.ထင်တယ်….

      • အောင်မြင်မှုဆိုတာ ဆုရတာ မရတာနဲ ့မဆိုင်ဘူး လို ့ယူဆမယ်ဆိုလလည်း
        မငြင်းသာပါဘူး။

        ဆုဆိုတာက အသိအမှတ်ပြုမှုုလေးတစ်ခုပါပဲ။
        ရသင့်တယ် လိုု ့ သေချာနေပါလျက်နဲ့ မရတဲ့အခါမှာတော့
        မရသင့်လို ့မရသေးတဲ့ အခြေအနေလိုမျိုး မဟုတ်

        အရေးကြီးတာကတော့
        ကိုယ့်ဘက်က အကောင်းဆုံး အရည်အချင်းတွေကို ထုတ်ဖော်နေနိုင်ဖို ့ပါပဲ

        ———-

  • San Hla Gyi

    November 25, 2013 at 9:16 pm

    နည်းနည်းတော့ ပြောစရာ ရှိပါတယ် ဆောင်းပါးရှင်ရေ။ အမှန်က နည်းနည်း မဟုတ်ပါဘူး။ များများကို ပြောစရာ ရှိပါတယ်။ ကျနော့် အမြင်လေးပေါ့လေ။ ဟိုတုန်းက ဖတ်ရွေးအဖွဲ့က ရွေးတာ ကောင်းတာ မဲစနစ်နဲ့ ရွေးတာ ကောင်းလာဆိုပြီး ပို့စ်တွေ ဘာတွေတောင် လုပ်နေတုန်းက ပြောဖို့ စဉ်းစားခဲ့သေးတယ်။
    ပြောတဲ့ နေရာမှာ စာပေဆုရဲ့ ဆုကြေးတိုးဖို့နဲ့ မျိုးဆက်သစ် စာပေဆုဆိုပြီး တိုးဖို့ ကိစ္စကိုတော့ မပြောတော့ပါဘူး။ လုပ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပြီး ဒီနှစ်ချက်က တကယ့် အသက်မဟုတ်ပါဘူး။ လုပ်ရင် ကောင်းလိမ့်မယ်ဆိုတဲ့ ကိစ္စတွေပါ။
    ပထမအချက် အမျိုးသား စာပေဆုအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု နိမ့်ကျတယ် ဆိုတာနဲ့ ပက်သက်ပြီး စပြောပါမယ်။ ကိုယ်တိုင် စိတ်မဝင်စားလို့ ပါဝင်ဆင်နွှဲမှု မရှိတဲ့ လူတွေ များလာရင် ဒီစံနှုန်းက အလိုလိုကို ကျလာမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဥပမာ ကျနော်ဆို အခု နောက်ပိုင်း အကယ်ဒမီပေးပွဲတွေကို တခါမှကို စိတ်မဝင်စားဖူးပါဘူး။ ဘာလို့လည်းဆိုတော့ ကျနော် တကားမှကို ကြည့်မထားပဲ။ အချိန်မရတာလည်း ပါတယ် တခါလောက် ကြည့်မိပြန်တော့လည်း ဝတ္ထုတုန်းက သိပ်ကောင်းတဲ့ဟာတောင် ဘယ်လို ရိုက်မှန်းမသိ ချာတူးကို လန်သွားတာပဲ။
    စာပေလည်း ဒီသဘောပါပဲ။ စာမဖတ်ထားတဲ့ ပရိသတ်ဟာ စာရေးဆရာ ဘယ်သူက စာပေဆု ရမယ်ဆိုတာ လုံးဝ လုံးဝကို စိတ်မဝင်စားပါဘူး။ ရုပ်ရှင်ကမှ ဆုပေးပွဲ အခမ်းအနား ကြည့်ရင် မင်းသမီး မင်းသား ချောချောလေးတွေ တွေ့ရမှာမို့ စိတ်ဝင်စားဦးမယ်။ စာပေဆုပေးပွဲ ဆိုတာတော့ ဘယ်စာရေးဆရာမှ မင်းသား မင်းသမီး မဟုတ်လို့ လှမှာ မဟုတ်ပါဘူး။
    ဟုတ်ပါတယ်။ မြန်မာပြည်မှာ စာဖတ်သူဦးရေ အလွန်နည်းပါတယ်လို့ ကျနော် ယူဆပါတယ်။ အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ အခုလည်း ဒီအတိုင်းပါပဲ။ မြန်မာပြည်လို လူဦးရေ သန်းပေါင်း ၆ဝလောက် ကျော်နေတဲ့ နိုင်ငံမှာ ရောင်းအကောင်းဆုံးဆိုတဲ့ စာအုပ်ဟာ ထောင်ဂဏန်းလောက်ပဲ ရှိတယ်ဆိုတော့ ဘယ်လောက် စာဖတ်အား နည်းသလည်း ဆိုတာ တချက်တည်း သိနိုင်ပါတယ်။
    အင်တာနက်ကနေ စာအုပ်တွေ ဒေါင်းလုပ်ဆွဲပြီး ဖတ်ရှုနေပါတယ်ဆိုတဲ့ အချက်ကို ဆင်ခြေမကန်ပါနဲ့။ ကျနော် ဒါကို စဉ်းစားဖူးပါတယ်။ မြန်မာပြည်မှာ တကယ်တော့ အင်တာနက် ဆိုတာကို အရင်ကထက် ပိုပြီး သုံးခွင့် ရလာတယ် ဆိုတာ အချိန်ကာလ မကြာသေးပါဘူး။ ဒါတောင် သူများလိုတော့ မလွယ်သေးပါဘူး။ တိတိလင်းလင်း ပြောရရင် မိုဘိုင်းဖုန်းတွေ ပေါ်လာတဲ့ ဒီနှစ်ပိုင်းလောက်ကျမှ လွယ်လွယ်ကူကူ သုံးခွင့်ရတာ ဖြစ်ပြီး အရင်ဆယ်စုနှစ်တွေတုန်းက တဝေးတလံ သွားသုံးရတာပါ။ စာဖတ်တယ် ဆိုတာက အခု စာအုပ်ရ အခု ကောက်ဖတ် အခု စာပေကို စိတ်ဝင်စားတဲ့ စာချစ်သူတယောက် ချက်ချင်းဖြစ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဒီ ဝါသနာဟာ ရေရှည် ပျိုးထောင်ရတဲ့ ဟာမျိုးဖြစ်ပြီး အရင်တုန်းက ဖတ်ခွင့်မရတုန်းက ဘယ်စာအုပ်တွေ ဖတ်နေကြသလည်း ဆိုတာ ဖြစ်လာပါတယ်။ ဘာမှ မဖတ်ကြမှာ သေချာပါတယ်။ အခု အဲဒီ ဘာမှ မဖတ်ခဲ့ကြရတဲ့ မျိုးဆက်တွေက အရွယ်ရောက်နေကြပါပြီ။ သူတို့ကို အခု အရွယ်ကြီးကျမှ(စာဖတ် ဝါသနာ မပါတဲ့လူတွေ အများစု ဖြစ်နေတာကို) ဘယ်လိုလုပ် ပြင်ကြမှာလည်း။
    ဒါတောင် အင်တာနက်ကနေ စာအုပ်တွေ ဒေါင်းလုပ်ဆွဲလို့ ရတယ်ဆိုတာ မြို့တော်ရန်ကုန်နဲ့ မြို့ကြီးတွေလောက်ပဲ ဖြစ်ပြီး တောရွာ ကျေးလက်ဆိုတာက အလှမ်းဝေးနေဆဲပါ။ မြန်မာ ပြည်သူတွေ စာဖတ်သူ အများစု ဖြစ်အောင် လုပ်ရမယ်ဆိုတာ ရန်ကုန်မြို့ပေါ်က လူငယ်တရာလောက် စာအုပ်တွေ ဒေါင်းလုပ်လုပ်ပြီး ဖတ်နေတာမျိုးကို ပြောခြင်းမဟုတ်။ အနည်းလေး မြန်မာပြည် လူဦးရေရဲ့ သုံးပုံ တပုံလောက် စာဖတ်ဝါသနာ ရှိသူတွေ ဖြစ်စေလိုတာပါ။ အဲဒီလို ဖြစ်တဲ့နေ့မှာ စာပေဆုပေးပွဲကို ပြည်သူတွေ စိတ်မဝင်စားအောင် တိုးတိုးတိတ်တိတ် လုပ်မယ်ဆိုရင်တောင် ပြည်သူက စိတ်ဝင်စားတော့မှာပါ။ ဒါကတော့ ပရိသတ်ရဲ့ အားနည်းချက်ပါ။
    ဒီလို ဖြစ်စေတဲ့ သက်ဆိုင်ရာရဲ့ အားနည်းချက်က ဘာလည်း ဆိုရင် စာကြည့်တိုက်တွေ ပေါပေါများများ လုပ်မပေးနိုင်တာပါ။ ဟုတ်ပါတယ် မြန်မာပြည်မှာ စာကြည့်တိုက်တွေ ပေါပေါများများ မရှိပါဘူး။ ကျနော် လေ့လာဖူးသလောက် တိုးတတ်တဲ့ နိုင်ငံတွေမှာ စာကြည့်တိုက်တွေကို ပြည်သူတွေ လက်လှမ်းမီအောင် ရပ်ကွက်လို quarter တိုင်းအတွက် တခုစီ ရှိပါတယ်။ ဒါမှ ဌားလို့ လွယ်ပြီး လူတွေ စာဖတ်နိုင်ပါလိမ့်မယ်။ ဆိုပါတော့ ကြည့်မြင်တိုင်လို နေရာမျိုးက စာဖတ်သူတယောက်ဟာ မြောက်ဥက္ကလာက ပါရဂူရှန်ကိနိကေတန်ဆိုတဲ့ စာကြည့်တိုက်ကို ဘယ်လိုလာပြီး စာအုပ်ဌားမလည်း။ မြန်မာပြည်ရဲ့ သယ်ယူ ပို့ဆောင်ရေးနဲ့ဆို သီးသန့် စစ်ဆင်ရေးတခုလို အချိန်ပေးပြီး အလုပ်ပျက်ခံကာ တပင်တပန်း လာမှ ရပါလိမ့်မယ်။ စာကြည့်တိုက်ကရော ဒီလောက် အဝေးကြီးက လူကို စာအုပ်ဌားပေးဖို့ အဆင်ပြေပါ့မလား။ မလွယ်တာ သေချာပါတယ်။ ထိုင်ဖတ်ဆိုတော့လည်း စာအုပ် ဆိုတာကိုက အချိန်ယူပြီး စိမ်ပြေနပြေ ဖတ်ရတာ ဖြစ်ပါတယ်။ ဒီလောက် အဝေးကြီးကလူက တနာရီလောက် နှစ်နာရီလောက် ထိုင်ဖတ်ဖို့အရေး အသွားအပြန် သုံးနာရီလောက် သွားရမယ်ဆိုရင် မလာတော့မှာ ကျိန်းသေပါတယ်။
    ဘာလို့ စာကြည့်တိုက် လိုတာလည်း ဆိုတော့ စာဖတ်သူ အနေနဲ့က ထွက်သမျှ စာအုပ်တိုင်းကို မဝယ်နိုင်ပါဘူး။ ပိုက်ဆံ အခက်အခဲရော ပိုက်ဆံ ရှိတာတောင် သိမ်းဆည်းဖို့ အကန့်အသတ် ရှိလို့ပါ။ စာကြည့်တိုက် ဆိုတာကတော့ ဒီလုပ်ငန်း လုပ်ဖို့ သက်သက် ထူထောင်ထားတာ ဆိုတော့ ဝယ်ယူ စုဆောင်းတာရော ထိန်းသိမ်းတာရော စာဖတ်သူအများအတွက် လုပ်ပေးနိုင်လို့ပါ။
    အခု ပြောတဲ့ အားနည်းချက်တွေကို ပြင်မယ်ဆိုရင် ကျနော့်ခန့်မှန်း အချိန် ၁ဝ နှစ်ကနေ ၁၅နှစ်လောက် အနည်းလေး လိုပါတယ်။
    ပထမအချက်ကတော့ ကျနော် သိပ်သဘော မတူပါဘူး။ ဒီနည်းလမ်းတွေက ဆေးမြီးတိုတွေပါ။ အဖြေမှန် မဟုတ်ပါဘူး။ စာမဖတ်တဲ့ လူတွေ အများစု ဖြစ်နေတာတဲ့ နေရာမှာ စာပေဆုပေးပွဲ တခုကို လူတွေ စိတ်ဝင်စားအောင်ဆိုပြီး ဘယ်လောက် ခမ်းနားကြီးကျယ်အောင် ကျင်းပ ကျင်းပ တတ်နိုင်ရင် ပန်းဖွားအကတွေ ဘင်ခရာတီးဝိုင်းတွေ စတိတ်ရှိုးတွေနဲ့ အားကစားပွဲတော် ဖွင့်ပွဲလို လုပ်လည်း အဲဒီ ထည့်ထားတဲ့ အပိုဆာဒါးတွေပဲ ကြည့်သွားကြပြီး စာရေးသူနဲ့ ဆုရစာအုပ်တွေကိုတော့ စိတ်မဝင်စားမှာ သေချာပါတယ်။ ဆန်ခါတင်စာအုပ် စာရင်း ပေးထားတော့လည်း မဖတ်တဲ့လူ အများစု ဖြစ်နေရင် ဘယ်လိုလုပ် လူစိတ်ဝင်စားမှာလဲ။
    နောက်အချက်တွေတော့ နောက်နေ့တွေမှပဲ ထပ်ပြောပါ့မယ်။

      • San Hla Gyi

        November 26, 2013 at 9:21 pm

        မပြီးသေးပါဘူး ကိုအလင်းဆက်ရေ။ ပြောလက်စနဲ့ ဆက်ပြောရရင် နံပါတ် ၂ တပ်ထားတဲ့ အချက် ဖြစ်တဲ့ စာဖတ်သူကြိုက်တဲ့ စာအုပ်တွေနဲ့ ဆုရစာအုပ်တွေ ဘာလို့ မတူတာလည်း ဆိုတာလည်း ပြောပါရစေ။ ပြောချင်တာက စာဖတ်သူရွေးတာနဲ့ အာဏာပိုင်အဖွဲ့ ရွေးတာ ဘာလို့ မတူသလည်း ဆိုတာပဲပေါ့။ ဒါကတော့ သူ့ဘက် ကိုယ့်ဘက်မှာ နှစ်ဘက်စလုံး ကိုယ့်အကြောင်းနဲ့ ကိုယ်ရှိပြီးသားပါ။ ဒါမျိုး ပြဿနာကတော့ စာပေ ဆုပေးပွဲ ရှိနေသမျှ ရှိနေဦးမှာပါ။
        စာပေဆုပေးပွဲ ဆိုတာမျိုးက ဥပမာပေးရရင် အားကစားပြိုင်ပွဲက အပြေးပြိုင်ပွဲတို့ ရေကူးပြိုင်ပွဲတို့လို ပွဲမျိုး မဟုတ်ပါဘူး။ အပြေးပြိုင်ပွဲတို့ ရေကူးပြိုင်ပွဲတို့ ဆိုတာက စံချိန်နဲ့ ပြိုင်ရတာ ဖြစ်ပြီး ရှေ့ဆုံးက ဘယ်သူ ပန်းဝင်တာလည်း ဆိုတာ ပြတ်ပြတ်သားသား မြင်ရလေ့ ရှိပါတယ်။ ရှားရှားပါးပါး ရင်ဘောင်တန်း နှစ်ယောက်လောက် ဝင်တာတောင် ဆုမပေးခင် ရုပ်မြင်ကင်မရာ ပြန်ကြည့်လိုက်တာနဲ့ ဘယ်သူက စောသလည်းဆိုတာ သေသေချာချာ မြင်ရပါတယ်။ ဆိုလိုတာက ဒိုင်လူကြီးက ဘာမှ ဝင်စွက်ဖက်လို့ မရပါဘူး။
        စာပေဆုပေးပွဲ ဆိုတာက ဒိုင်လူကြီး စွက်ဖက်လို့ရတဲ့ ဘောလုံးပွဲလိုဟာမျိုးပါ။ ဒါကြောင့်လည်း ဘောလုံးပွဲလို ဟာမျိုးတွေဆို ဒိုင်လူကြီးတွေ ညစ်တယ်ဆိုတဲ့ အသံတွေ အမြဲတမ်း ထွက်ပါတယ်။ ပြောစရာ အကြောင်းရှိလို့လည်း ဒီလို အသံထွက်တာပါ။ တခါတလေ ဒိုင်လူကြီး မှားတတ်သလို ပရိသတ် စွပ်စွဲသလို ပင်းတာတွေ ညစ်တာတွေ အများကြီး ရှိပါတယ်။
        အမှန်မှာ ကျနော့် အထင် ပြောရရင် စာပေဆုမှာ အမြဲတမ်း သမာသမတ်ကျတဲ့ ဆုဆိုတာတော့ ဘယ်အဖွဲ့မှ မလွယ်ဘူး ထင်ပါတယ်ဗျာ။
        အမျိုးသားစာပေဆုက နိမ့်ပါသေးတယ်ဗျာ။ တကမ္ဘာလုံးနဲ့ ဆိုင်သွားအောင် စာပေနိုဘယ်ဆု အကြောင်း ပြောရအောင်။ အခု အောက်ဖော်ပြပါ အချက်အလက်များမှာ ဆရာဖေမြင့်ရဲ့ စာအုပ်ကမ္ဘာစာအုပ်မှ ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
        အဲဒီ နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းပေးဖို့ကို ဆကာတင်စာရင်း တောင်းဖို့ နိုင်ငံအသီးသီးက စာပေပါမောက္ခနဲ့ ဘာသာစကားဆိုင်ရာ ပါမောက္ခတွေ နိုဘယ်ဆု ရခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေ စာပေ အဖွဲ့အစည်းများမှ ဥက္ကဌများနဲ့ ရွေးချယ်ရေး အကယ်ဒမီအဖွဲ့ဝင်တွေဆီကို နာမည်စာရင်းတွေ လှမ်းတောင်းတယ်တဲ့။ စုစုပေါင်း ၃၀၀ဝလောက် ရှိပြီး ကိုယ့်ကိုကိုယ် အမည်စာရင်း တင်သွင်းခွင့် မရှိတဲ့။ ကဲ ဘယ်လောက် စေ့စေ့စပ်စပ် လုပ်သလည်း ဆိုတာပေါ့။ ဘာတွေ ဖြစ်လာသလည်းဆိုတော့ ?
        “စာပေနိုဘယ်ဆု ချီးမြှင့်ခဲ့သည့် သမိုင်းတလျှောက် ပြဿနာတွေ အငြင်းပွားမှုတွေ အများအပြား ပေါ်ပေါက်ခဲ့သည်။ စာပေနှင့် မပက်သက်သည့် အခြားကိစ္စများကို အကြောင်းပြုကာ ဆုရွေးချယ်ရာတွင် ချန်လှပ်ခြင်းများ ရှိခဲ့သည်ဟု ဆိုသည်။ ဥပမာ ပထမကမ္ဘာစစ်နှင့် စစ်ပြီးစ ကာလအတွင်း ဘက်မလိုက်ဝါဒကို ကိုင်စွဲခဲ့သည့် နိုဘယ်ကော်မတီသည် စစ်တိုက်ရာတွင် မပါဝင်သည့် နိုင်ငံများမှ စာရေးဆရာများကို ဦးစားပေး ရွေးချယ်ခဲ့သည်။ ချက်လူမျိုး ဝတ္ထု ပြဇတ်နှင့် အက်ဆေးဆရာ ကာရဲလ်ချာပတ်(Karel Capek) ကို စာပေအရ ပေးချင်သော်လည်း သူရေးသားသည့် War with the Newts ဝတ္ထုမှာ ဂျာမန်အစိုးရကို ထိုးနှက်လွန်းသည်ဟု ရှုမြင်သဖြင့် ချန်လှပ်ခဲ့ရသည်ဟု ဆိုသည်။” ကဲ အဲဒါသာ ကြည့်ပေတာ့ မိတ်ဆွေတို့။
        “နိုဘယ်ဆုနှင့် နိုင်ငံရေး ဆက်စပ် ပက်သက်မှုတွေလည်း ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အိန္ဒိယဖွား ဗြိတ်သျှစာရေးဆရာ ရပ်ရှဒီး(Salman Rushdie) အား ရွေးချယ်ရန် စဉ်းစားခဲ့သော်လည်း အီရန် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီက သေဒဏ်အမိန့် ထုတ်ပြန်ထားသည်ကို ဆန့်ကျင် ကန့်ကွက်ကာ ရပ်ရှဒီးဘက်မှ ရပ်တည်သောသဘော သက်ရောက်သွားမှာ စိုးသဖြင့် ချန်လှပ်ခဲ့ရာ ယင်းဆုံးဖြတ်ချက်ကို သဘောမတူသည့် အကယ်ဒမီအဖွဲ့ဝင် နှစ်ဦး နုတ်ထွက်ခဲ့ကြသည်။” ကဲ အမျှတဆုံး လုပ်ပါတယ်ဆိုတဲ့ လူတွေတောင် လူပီပီ အမှားနဲ့ အကြောက်တရား မကင်းဘူး မိတ်ဆွေတို့။ ဆွီဒင်က အဖွဲ့က အီရန်က မူဆလင် အာဏာရှင်ကို ကြောက်တယ်တဲ့။ ဟုတ်တယ်လေ ဒီစာရေးဆရာက မွတ်ဆလင် အစွန်းရောက်ခေါင်းဆောင် ခိုင်မေနီနဲ့ မတည့်ပါဘူးဆိုမှ ကိုယ်က ရွေးလိုက်တယ်ဆိုရင် မတော် ခိုမေနီက ခိုဒါအရှင်ကို ဆန့်ကျင်တဲ့လူတွေကို ဂျီဟတ်လုပ်ရမယ် ပြောလိုက်လို့ လာပြီး ကိုယ့်အိမ်မှာ အသေခံ ဗုံးခွဲမယ့်လူတွေ ရောက်လာရင် ဘယ်လိုလုပ်မလည်း။
        “ဆုအတွက် ရွေးချယ်ရာတွင် ဒေသစွဲ ဘက်လိုက်မှုရှိသည် ဟူသော စွပ်စွဲချက်များလည်း ကြိမ်ဖန်များစွာ ပေါ်ထွက်ခဲ့သည်။ သိသိသာသာ ပြောစရာ ဖြစ်ခဲ့သည်က ၁၉၇၄ ခုနှစ်က ဖြစ်သည်။ ထိုနှစ်တွင် ကမ္ဘာသိ ထင်ရှားသော ဂရေဟမ်ဂရင်း(အင်္ဂလိပ်) နာဘိုကော့ဖ်(ရုရှဖွား အမေရိကန်) နှင့် ဆောလ်ဘဲလိုး(အမေရိကန်)တို့ လက်ရွေးစင်ထဲတွင် ပါဝင်ခဲ့သော်လည်း အပြီးသတ်တွင်မူ ဆွီဒင်စာရေးဆရာများ ဖြစ်သည့် အီဗင်ဂျွန်ဆင်နှင့် ဟယ်ရီမာတင်ဆန်တို့ကို ပူးတွဲ ချီးမြှင့်ခဲ့သည်။ ပိုပြီး ဆိုးသည်က သူတို့ နှစ်ဦးစလုံး ဆုရွေးချယ်ရေး ကော်မတီဝင်များ ဖြစ်နေကြခြင်းပင်” ကဲ သူတို့တောင် သမာသမတ်ကျတယ်လို့ မဆိုနိုင်ဘူးတဲ့။
        “နိုဘယ်ဆုကို ပြစ်တင် ဝေဖန်ရာတွင် အမေရိကန် စာရေးဆရာကြီး အားနက်ဟဲမင်းဝေးလည်း ပါဝင်သည်။ ဟဲမင်းဝေးက နိုဘယ်ဆုကို Ignoble Prize ဟု ကင်ပွန်းတပ်သည်။ ဆုရှင် Nobel နှင့် နီးစပ်ဆင်တူသော အင်္ဂလိပ်စကားလုံး noble မှာ ဂုဏ်သရေကြီးသော မြင့်မြတ်သော စသည့် အဓိပ္ပါယ်များ ရသည်။ ignoble မှာ ယင်းနှင့် ဆန့်ကျင်သော အဓိပ္ပါယ်ထွက်ရာ ဟဲမင်းဝေးက ယင်းသဘောကို ယူပြီး Ignoble ဟုသုံးစွဲလိုက်ခြင်း ဖြစ်သည်။ ဟဲမင်းဝေးမှာ ကမ္ဘာ့ထိပ်သီး စာရေးဆရာကြီး ဖြစ်သဖြင့် အကြိမ်ပေါင်းများစွာပင် နိုဘယ်ဆုအတွက် တစ်ပေးခြင်း ခံခဲ့ရသည်။ သို့သော် ဆန်ကာတင်မှာ ပါသည်။ သီသီလေး ကပ်လွဲသွားသည် ဆိုတာမျိုးနှင့်ပင် နှစ်တွေ ကြာခဲ့သည်။ နောက်ဆုံး ၁၉၅၄ ခုနှစ်ကျမှ သူ့အလှည့်ရောက်သည်။ သို့သော် ဟဲမင်းဝေး ကောင်းလွန်းလို့ မဟုတ်ပဲ ဆုရွေးချယ်ရေး အဖွဲ့မှ ဝါရင့် ပုဂ္ဂိုလ်ကြီး ဟောလ်စထရွမ်းကို လေးစားသောအားဖြင့် ပေးခြင်းဖြစ်ကြောင်း ကော်မတီထဲမှ သတင်းထွက်လာသည်။ ဟောလ်စထရွမ်းက ဟဲမင်းဝေး၏ စာများကို အလွန်ကြိုက်သည်။ အထူးသဖြင့် The Old Man And The Sea ဝတ္ထုကို ပိုပြီး ကြိုက်သည်။ ထို့ကြောင့် သူက ဟဲမင်းဝေးကို အကြိမ်ကြိမ် ထောက်ခံ တင်ပြခဲ့သည်။ အများစု သဘောမတူသဖြင့် မရခဲ့။ သည်နှစ်တော့ ဟောလ်စထရွမ်း အသက် ၉ဝ ပြည့်ကာနီး၍ ကော်မတီမှ အနားယူတော့မည် ဖြစ်သဖြင့် သူ့အကြိုက်ကို လိုက်လျောပြီး ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ဖြစ်စေ ဟဲမင်းဝေးကတော့ ဆုကို ဣန္ဒြေရစွာပင် လက်ခံ ရယူခဲ့သည်။ သို့သော် သည်ဆုကြောင့် သူ ဝမ်းသာအားရ လုံးဝမဖြစ်ကြောင်း နောင်တွင် ပြောကြားခဲ့သည်။”
        အဲဒီ ကိစ္စနဲ့ ပက်သက်ပြီး ကျနော်ထင်တာတော့ အဲဒီ နိုဘယ်လ်ဖတ်ရွေး အဖွဲ့လား ကိုကြောင်ကြီး ပြောတဲ့ ဖက်ရွက်အဖွဲ့လား အဲဒီအဖွဲ့ထဲက အဖွဲ့ဝင် တချို့နှင့် ဟဲမင်းဝေးက ရန်ငြိုးရန်စ ရှိတယ် ထင်တာပဲ။ ဒီလို လူကြီးကို ချန်ထားတယ်ဆိုလည်း သိသာလွန်းမှာ စိုးလို့ ထည့်ထားတယ်။ နောက်ဆုံးကျမှ တေ့ဖြုတ်လိုက်တယ်ပေါ့။ ဟဲမင်းဝေးကို သူတို့ထဲက တချို့က ငယ်ငယ်တုန်းက မိန်းမပြိုင်ပိုးတုန်း ရှုံးဖူးသလားမှ မသိတာ။
        အဲဒါကတော့ သိသာတာတွေပဲ ရေးပြတာပါ။ ဒီပြင်ဟာတွေလည်း ရှိပါသေးတယ်။ ရှာဖတ်ပေတော့။
        ကဲ ချုပ်ရရင် စာဖတ်သူအကြိုက်နဲ့ ရွေးချယ်အဖွဲ့ကတော့ တထပ်တည်း မတူတဲ့ ပြဿနာ ရှိနေဦးမှာပါ။ နိုဘယ်ဆုတောင် ဒီလို လုပ်ရက်နဲ့ ဖြစ်သေးတယ်ဆိုတော့ ကျန်တာတော့ ပြောမနေပါနဲ့။ တကယ်လို့ ကိုယ်က ရွေးချယ်အဖွဲ့ထဲမှာ ပါပြီး အဝေဖန်မခံနိုင်ဘူး ဆိုရင်တော့ အများဆိုင်ဆု သဘောမျိုး မလုပ်ပဲ ပုဂ္ဂလိကနာမည် တပ်ပြီး ပေးလိုက်ပါ။ အဲဒါဆို ဘယ်သူမှ လာပြောလို့ မရတော့ဘူး။ ဥပမာ မန်းဂေဇက် စာပေဆု မဟုတ်ပဲ သဂျိုင်ခီးဆု ကကြောင်ကြီးဆု စသည်ဖြင့်ပေါ့။ ဥပမာ ကြွကြွ နဲ့ ရွရွဆိုတဲ့ ကောင်မလေးနှစ်ယောက် ပေါင်းပေးတာဆို မန်းဂေဇက်ရဲ့ ကြွကြွရွရွလေးဆုပေါ့။
        သဂျိုင်ခီးဆုကို ဘယ်သူ ရသွားတယ်ဆိုလည်း မရတဲ့ လူရော သူ့ပရိသတ်ရော ဘာမှ ပြောတော့မှာ မဟုတ်ဘူး။ အော် သဂျိုင်ခီးဆုပဲ သူကြိုက်တဲ့လူ သူပေးမှာပေါ့ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဆုတန်ဖိုးလည်း နိမ့်ကျသွားပါလိမ့်မယ်။
        အများစုဆိုင်တဲ့ နာမည်ကို သုံးမလား။ ဥပမာ မန်းဂေဇက်ဆု အမျိုးသားစာပေဆု ဝေဖန်မှုတွေကတော့ ရှိမှာပါပဲ။ ဝေဖန်ခံရရင်လည်း စိတ်မဆိုးပါနဲ့။ ဆက်လုပ်ပါ။ ဝေဖန်တာတော့ ခံရဦးမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
        တကယ်တော့ ဒီအကြောင်းကို ဟိုတလောက ဖက်ရွက်အဖွဲ့ပဲ ကောင်းတယ် မကောင်းဘူး ပြောနေတုန်းက ပြောမလို့ပါပဲ။ အခုမှ တိုက်ဆိုင်သွားလို့ပါ။

        • alinsett

          November 26, 2013 at 9:33 pm

          ဟဲမင်းဝေး ကောင်းလွန်းလို့ မဟုတ်ပဲ
          ဆုရွေးချယ်ရေး အဖွဲ့မှ ဝါရင့် ပုဂ္ဂိုလ်ကြီး ဟောလ်စထရွမ်းကို လေးစားသောအားဖြင့်
          ပေးခြင်းဖြစ်ကြောင်း ကော်မတီထဲမှ သတင်းထွက်လာသည်။

          ဆိုတော့….
          ကျွန်တော်တို့နိုင်ငံစာပေဆု..ကိစ္စမှာ….
          ပုဂိ္ဂုလ်ရေး..လေးစားမှုတွေ.. အားနာမှုတွေ နဲ ့… အဲဒလို ရွေးချယ်လိုက်တာတွေ..
          အင်း…မရှိဘူးလို ့မျှော်လင့်မိပါရဲ ့… ။
          :kwi:

          ဒါပေမယ့်….
          ပြောနေကျစကားပဲ..ပြန်ပြောရရင်
          ဒီမှာက.. မဖြစ်သင့်တာတော်တော်များများဖြစ်နေတယ်..
          ဖြစ်သင့်တာတော်တော်များများကျတော့လည်း.ဖြစ်မလာဘူး…

          :kwi:

          ——————

          ဦးစံရေ….
          လေးလေးနက်နက်..ကျယ်ကျယ်ပြန့်ပြန် ့ ဝင်ဆွေးနွေးပေးနေတာကို…
          ကျေးဇူးအများကြီးတင်ပါတယ်..နော်.. ။

          ဆက်ဆွေးနွေးပေးကြပါဦး.. ။

          လူကြီးတွေ.. များများဆွေးနွေးလေ..
          ကျွန်တော်တို ့ကလေးတွေ.. ဗဟုသုတ ရလေပဲ..မို ့ပါ…

          လေးစားစွာဖြင့်….

    • ဦးကြောင်ကြီး

      November 26, 2013 at 10:30 am

      ပို့စ်ရှင်ကိုယ်စား ကိုစံလှဂျီးကို ကျေးဇူးတင်ဂျောင်း ပေါဗရဇေ..။ ထပ်မံပေါလိုဒါဂတော့ ကစံလှဂျီး အခုလို ရှည်ရှည်ဝေးဝေး လေပစ်နေဂဒဲဃ မြန်တျန့်သားဒွေလိုဗဲ စာမဖတ်ဖူးဆိုဒါ အလွယ်သိနိုင်ဒယ်..။ ဒီဒေါ့ဗျာ.. ဆိတ်မဆိုးဗာနဲ့.. ခြစ်လို့ပေါဒါ.. စာဖတ်ပါ။

  • kai

    November 26, 2013 at 2:33 am

    မင်းသမီးနဝရတ်ကတော့.. အကယ်ဒမီဆုဟာ.. လုပ်ပြီးဝယ်လို့ရတဲ့သဘောရှိကြောင်း.. အယ်လ်အေရုပ်ရှင်ပွဲတော်မှာပြောသွားတယ်… စတိတ်ပေါ်မှာကိုထွက်ပြောတာပါ…။
    ဘေးမှာ..အခန်းအနားမှုးဖြစ်တဲ့… အကယ်ဒမီဒေါ်ဆွေဇင်ထိုက်ရှိနေပါတယ်..။

    ဆိုတော့…
    အမျိုးသားစာပေဆုကရော… :kwi:

    ကိုရင်စံလှကြီးစကားထောက်ခံပြောရရင်…
    မြန်မာတွေ..စာဖတ်အလွန်(အလွန် အကြိမ်၁သိန်း) နည်းကြောင်း…. :mrgreen:

    • စာဖတ်နည်းမှာပေါ့
      ဝါသနာပါမှ ဖတ်တယ်ဆိုတဲ့ လူတွေများနေတာကိုး

      စာအုပ်စာပေကောင်းရှားပါးတာကို လက်ခံပါတယ်

      ဒါပေမယ့် ရှိတဲ့ စာအုပ်ကလေးတွေကိုတောင်
      စာအုပ်ဖတ်ဝါသနာမပါလို ့မဖတ်ဘူးဆိုတဲ့လူတွေရှိလို ့ခက်နေတာပေါ့။

      စာအုပ်ဖတ်ခြင်းဟာ
      ဝါသနာပါမှ လုပ်ရမယ့်ကိစ္စ မဟုတ်
      စာဖတ်ခြင်းဟာ လူတစ်ယောက်အတွက် ဘဝအတွက်
      လိုအပ်တဲ့ကိစ္စ

      မဖတ်မဖြစ် ဖတ်ကို ဖတ်သင့်တယ်ဆိုတဲ့အသိ
      ဝါသနာမပါဘူးဆိုသူတွေ သိစေချင်တယ်။

      ——–

      • မိုက်ကယ်ဂျော်နီအောင်ပု

        November 26, 2013 at 5:03 pm

        . ကျော်က စာရေးစယာဖြစ်သွားတော့
        . သူများစာတွေမဖတ်တော့ဘူး
        . မြို့ပိုင်မင်း
        . ဒါ့ကြောင့် အခြားမန်ဘာတွေကိုပြောပါခင်ဗျ

        • alinsett

          November 26, 2013 at 5:20 pm

          တိန်

  • ဝင့်ပြုံးမြင့်

    November 26, 2013 at 6:38 am

    အထက်က ကိုစံလှကြီး ပြောပြသွားတာ သွေးထွက်အောင်မှန်တာပါ။ မျှစ်ကြော် ဒေါနင်းကီးနေလို့။ ဒီရက်ပိုင်းအတွင်း တစ်လနီးပါးလောက် စိတ်ထောင်းကိုယ်ကြေဖြစ်နေတာ။ ဒါနဲ့ ရွာထဲတောင်မဝင်နိုင်တာ။ ဒီတစ်ခါ ခံရတာက ငါးကြင်းခေါင်းကြီး ၁၉၈၄ ပါ သူကြီးရေ။ အကြောင်းပြချက်က တစ်ခုတည်း။ အသက်ငယ်သေးလို့တဲ့။ ပထမတစ်ကြိမ်ခံရတာက ကမာ္ဘ့အကောင်းဆုံး အုပ် ၁၀ဝ စာရင်းဝင် ဘူဒင်ဘရွတ်ခ် ပါ။ အဲဒါပြန်တုန်းက အသက် ၃၄။ အဲဒါကို ဒီလောက်ငယ်ငယ်လေးက ဒီစာအုပ်ကို ပြန်တာ မယုံဘူး ဆိုပြီး သံသယနဲ့ ဆန်ကာတင် ၂အုပ်ထဲက ဖြုတ်ချခဲ့တယ်။ အဲဒီနှစ်အတွက် သူတို့ပေးလိုက်တာက ရှဲဒိုး ဖြစ်နေတယ်ဆိုတာ နောက်မှပြန်သိရတယ်။ အဖွဲ့ကြီးတစ်ခုလုံး ဒါကိုလုပ်မိတော့ ရှက်စရာမကောင်းဘူးလား။ နောက်ထပ် ၂အုပ် ကလည်း ဆန်ကာတင် ၂အုပ်ထဲကနေကို ဖြုတ်ချခံရတာ။ အကြောင်းပြချက်က အမေရိကန် ကောင်းကြောင်း ရေးထားတဲ့စာသားပါလို့ပါတဲ့။ ဒီတစ်ခါက ၄ကြိမ်မြောက်။ ဒါကြောင့် မျှစ်ကြော် စိတ်က တော်တော်ဖြစ်နေတာ။ ခုတော့လည်း အေးအေးဆေးဆေး ပြန်ဖြစ်သွားပါပြီ။ မျှစ်ကြော် စာအုပ်ရောင်းကောင်းသွားလို့။
    သူကြီးနဲ့ မြန်းဂဇက်ရွာသူရွာသားတွေကိုလည်း တောင်းပန်စရာရှိသေးတယ်။ အဲဒါက ဂဇက်မှာ အခန်းဆက်တင်နေတဲ့ အဌမနေ့ လေ။ အဲဒါကို ထုတ်ဝေတိုက်တစ်တိုက်က ကြိုတင်ဝယ်သွားလို့ ဂဇက်ထဲမှာ မတင်ပေးနိုင်တော့ဘူး သူကြီးရေ။ အဲဒါလေး စိတ်မဆိုးကြဖို့ပါ။

    • ဦးကြောင်ကြီး

      November 26, 2013 at 10:38 am

      ဘာမှ ဆိတ်မပျက်နဲ့ အမ်တီမျှစ်ကြော်.. သူ့အလှည့် ကိုယ့်အလှည့် ရှိဒယ်.. ကိုယ်လူဂျီး ဖြစ်တဲ့အခါ အသက်သုံးဆယ်ကျော်ရင် ဒိတ်လွန်စာတွေဆိုပီး ပယ်ပစ်။ ပေဖြစ်တုံး ထုထားဂျအုံးပေါ့ကွာ…

  • KZ

    November 26, 2013 at 9:18 am

    ဟိ!!
    ကိုယ်တစ်ယောက်တည်းမှတ်လို့။
    အရင်ကတည်းက အဲလိုပဲ။
    စာအုပ်ထွက်တုန်းက မသိ။
    သိလို့ ဖတ်ဖြစ်ရင်တောင် မကြိုက်။
    နောက်မှ အမျိုးသား စာပေဆု ရ ဘာညာ သာရကာဖြစ်လာမှ လိုက်ရှာဖတ်ရသလို ပဲ။
    အမှန်ဆို စစ် အစိုးရ အုပ်ချုပ်ရေးကာလ အတွင်း ဘယ် ရုပ်ရှင် စာအုပ်မဆို ဆု အတွက် စဉ်းစားရင် ထည့်ရမဲ့ ပေါ်လစီတွေ နဲ့ အသားကျနေပြီ။
    အရေးအသား အဓိကထက် ဆု ရွေးချယ်ရေးအကြိုက် (ရှင်းရှင်းပြောရရင် အစိုးရကြိုက်) စကားလုံးတွေ လှိုင်လှိုင်သုံးရတဲ့ ရုပ်ရှင်/စာအုပ်တွေ က လူမကြိုက်ပဲ ဆု ရတာ များနေပါပြီ။

    အဲလို စာအုပ်မျိုးထဲ နော် ရင် မွှေး လား မသိ။ အဲ့ စာအုပ်တော့ ကြိုက်တယ်ရယ်။

    🙂

    • တကယ် စာဖတ်တဲ့ စာဖတ်သူလူထုကြီးရှိနေပါတယ်။
      စာအုပ်ရှားပါးလှတဲ့ စာပေတောမှာ ဖတ်ရမယ့် ဖတ်သင့်တဲ့စာအုပ်တွေကို
      မွှေနှောက်ရှာဖွေရင်း အာသာငမ်းငမ်း ဖတ်နေရတဲ့ စာဖတ်သူတွေရှနေပါသေးတယ်။

      အဲဒီ စာဖတ်သူတွေရဲ့ အကြိုက် အဲဒီစာဖတ်သူတွေရဲ့ရင်ထဲရောက်ခဲ့တဲ့စာအုပ်တွေက
      ဆုဆိုတာနဲ့ ဝေးပြီးရင်းဝေးနေပြီး တခြားစာအုပ်တွေက ဆုတွေရနေတော့လည်း
      အထင်အမြင်စောင်းမိကြတာပေါ့။

      စာဖတ်သူတွေအကြိုက်မဟုတ်ပဲ
      တစ်စုတစ်ဖွဲ့ရဲ့ အကြိုက် စကားလုံးတွေကိုုပဲ
      ဆုပေးနေလေလေ
      အဲဒီဆုကို တကယ့်စာဖတ်သူတွေ စိတ်ဝင်စားမှုနည်းလာလေလေပဲနော်
      မမဂျီး

      🙂

      ———–

  • ဘိုးလေးနီ

    November 26, 2013 at 10:37 am

    ်ခင်ဗျားတို့ဗျာ အထွေအထူးပြောနေကြသေးတယ်
    ဆုရထားတဲ့ စာရေးဆရာအတော်များများရဲ့ တကယ့်အလုပ်က ဘာလဲ၊ သူတို့က ဘယ်သူတွေလဲ ခင်ဗျားတို့အသိသားပဲ၊ ပြည်သူရဲ့ အမိအဖတွေထဲက လူတွေဗျ။ အမျိုးသားစာပေဆုကို အမျိုးသားရေးကိုကာကွယ်နေတယ်ဆိုတဲ့ လူတွေရတာ ဘာဆန်းလို့လဲ။ သူတို့မရှက်တတ်လို့ သူတို့ယူတာ၊ ဘယ်သူမှ မသိတဲ့စာကို ရေးထားပြီး ဆုတက်ယူတာ၊ မက်မနေကြပါနဲ့ဗျာ။

    အဓိကက ကိုယ့်ကိုကိုယ် လိပ်ပြာလုံဖို့ပဲ။ ကိုယ့်စာတွေကို စောင့်ဖတ်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ကိုယ့်စာက ဘယ်လိုကောင်းကျိုးပြုပေးလဲ။ စာရေးဆရာတစ်ယောက်ရဲ့ တာဝန်ကျေပြီလား။ စာရေးဆရာကောင်းဖြစ်ဖို့က အရေးကြီးဆုံးလို့ ထင်မိတာပဲ။

    • ဒါပေါ့ ဒါပေါ့

      စာရေးဆရာရဲ့အလုပ်က စာရေးနေဖို့ပဲ

      ဒါပေမယ့် ကိုယ့်ကြိုးစားရေးသားမှုရဲ့အသီးအပွင့်လေးတွေ
      နန်းထိုက်တဲ့ပန်းမဖြစ်တာလေး
      တွေးတွေးပြီး စိတ်မကောင်းတော့ဖြစ်မှာပေါ့

      လူဆိုတာကလည်း
      အသိအမှတ်ပြုမှုလေးတော့ ရချင်တတ်တာ သဘာဝဂိုးး

      :kwi:

  • kyeemite

    November 26, 2013 at 10:44 am

    အင်း…ပြောသွားတာတွေလည်းစုံနေပြီမို့ ထပ်ပြီးမရှည်ချင်တော့ဘူးကွာ
    လိုရင်းပြောရရင် စာဖတ်သူနည်းနေတာပါပဲ…အင်တာနက် ကလည်းအကြောင်းတစ်ခုပဲ…
    လူငယ်တွေ တော်တော်များများ အဲဒီအင်တာနက် ဆိုတာနဲ့ပဲအချိန်ကုန်နေကြတာများလာတယ်…
    နောက်တစ်ခုက စီးပွားရေး မကောင်းကြတော့ စာအုပ်စာပေမဝယ်နိုင်တာလည်းပါတယ်…
    ကိုစံလှကြီးပြောသလို စာကြည့်တိုက်ကလည်းမပေါများ…ဆိုတော့… 🙄

    • ဟုတ်တယ် ဦးကြီးရေ
      ဝယ်ဖတ်ရအောင်လည်း မတတ်နိုင်
      ငှားဖတ်ရအောင်လည်း အငှားဆိုင်ယဉ်ကျေးမှု လည်း ကျဆုံးနေချိန်
      စာကြည့်တိုက်ကလည်း ဆိုင်းဘုတ်တွေပဲများနေချိန်မို ့
      ဖတ်ချင်သူရှိတယ်ဆိုရင်တောင် ဖတ်နိုင်မယ့်အခွင့်အရေးနည်းပါးနေတယ်

      ဝါသနာ ပါပါ မပါပါ ဖတ်တော့မယ်ဆိုရင်တောင်
      စာပေဖတ်ရှုလေ့လာနိုင်မယ့် အခွင့်အလမ်းတွေ ဖောဖောသီသီ ရှိလာဖို့
      မျှော်လင့်ရဦးမယ်

      :kwi:

  • surmi

    November 26, 2013 at 10:59 am

    တစ်​ခု​လောက်​​တောင်​းဆိုချင်​တယ်​
    ဒီလို တစ်​နိုင်​ငံလုံးရဲ့ စာ​ပေ​ရေးရာနဲ့ပတ်​သက်​ပြီး ဆိုး၏၊​ကောင်​း၏ ..
    ဘာဖြစ်​သင်​့၏
    ညာဖြစ်​သင်​့၏
    အဲဒီလိုအကျယ်​တဝံ့​ဆွေး​နွေးကြတဲ့ပို့စ်​ကို
    စာ​ပေအကျိုးကိုလိုလားတဲ့ အက်​ဒမင်​များက ရွာထိတ်​မှာ ​ပေးမချိတ်​သင်​့​ပေဘူးလား…..
    စာ​ရေးသူ အလင်​းဆက်​အ​နေနဲ့လည်​း မန်​ဘာသီးသန်​့လုပ်​မထားသင်​့ဘူး..
    လူအများဝင်​ဖတ်​ပြီး ရှယ်​ကြရင်​ ပိုမ​ကောင်​းဘူးလား….
    ဆို​တော့ ….
    စဉ်​းစားကြပါဆရာတို့….

    (ရွာထိတ်​မှာတင်​ပြီး ကျယ်​ကျယ်​​အော်​ကြပါစို့…. ဗျို့..းးး းးးး သဂျီးမင်​းးး မအိပ်​​သေးရင်​ ရွာထိတ်​မှာချိတ်​​ပေးထားပါလား )

    • အမှန်တော့
      ကျွန်တော်က ဖတ်ရတဲ့သတင်းကို
      တို ့ထိကြည့်ရုံလေးပါပဲ။

      ဖတ်ရှုဆွေးနွေးပေးကြတဲ့ ရွာသူားတွေရဲ့
      comment တွေ က ဒီပိုစ့်ရဲ့ အသက်ပါ ။

      အားလုံးမြင်ရ ဖတ်ရအောင်
      မန်ဘာအုန်းသီး ဖြုတ်လိုက်ပါပြီ ဦးဆာရေ

      • ခင် ခ

        November 26, 2013 at 2:44 pm

        မနေက နေ့လည်ခင်း ဒီပိုစ့်ဝင်ရေးတော့ လွတ်လပ်စွာဝင်ရတယ်။
        ညဖက်ပြန်ဝင်ဖတ်မယ်လုပ်တော့ မန်ဘာတွေအုန်းသီးကျွေးတာနဲ့တိုးလို့ ဂိတ်တံခါးကပြန်လှည့် တန်းစီဝင်ရတယ်။
        ဒီနေ့အခု တစ်ခါပြန်ဝင်ဖတ်တော့ အုန်သီးကျွေးတာရပ်လိုက်ပြန်တယ်။
        နောက်တစ်ယောက်က ဟေ့ အုန်သီးကျွေးသင့်တယ်ဆို ပြန်ကျွေးအုံးမလားဘဲ။
        မလုပ်ပါနဲ့ မောင်အလင်းဆက်ရေ အများဖတ်လို့ အကျိုးရှိနိုင်တယ်လို့ ယူဆချက်နဲ့ ကိုယ်ရေးတင်ခဲ့တာဘဲလေ စာဖတ်ပရိတ်သပ်များလေ ကောင်းလေပါဗျ။
        မောင်ရင်ရေးတဲ့ ဒီပိုစ့်အတွက် LIKE ပါ။(လက်မထောင်တဲ့ပုံက မထဲ့တတ်လို့ပါ)

        • alinsett

          November 26, 2013 at 2:59 pm

          ဟုတ်ကဲ့
          မနေ့ညနေက ကျွန်တော် နည်းနည်း လန့်လာလို့ပါ ။

          ဒီနေ့ေတော့ ပြောကြဆိုကြတာတွေက ကောင်းစေချင်လို ့ထောက်ပြဝေဖန်ကြတာတွေချည်းပဲမို ့ လန့်တာတွေ ကြောက်တာတွေ မရှိသင့်ဘူး လို ့ပြန်တွေးမိလို ့ only ကို ဖျက်လိုက်ပါပြီ ။

          ——–

          ကျေးဇူးပါ လေးခ ရေ

  • Paing Lay

    November 26, 2013 at 3:43 pm

    ဒီက နောင်တော်တွေ ဦးဦးဒေါ်ဒေါ်တွေ ဆွေးနွေးတာကိုမြင်မှ ဆရာ မင်းလူရေးတဲ့ ရယ်စရာ မဂ္ဂဇင်းထဲက စာပေလောက အကြောင်းကို သရော်ထားတာလေး ပြေးမြင်ယောင်မိတယ်ဗျ။ အရယ်ချင်ဆုံးနေရာကတော့ ဆရာ ဦးဝင်းငြိမ်း လက်ဝှေ့ ထိုးတဲ့နေရာ နဲ့ သရဲအိမ် ဗျို့ ။ 🙂

    • alinsett

      November 26, 2013 at 3:57 pm

      ဒီပို့စ်ထဲမှာရော

      ရယ်စရာကောင်းတာလေးတွေများး တွေ့ လိုက်သေးလားခည
      :kwi:

  • padonmar

    November 27, 2013 at 3:05 pm

    အင်မတန်ကောင်းတဲ့ ဆွေးနွေးချက်တွေပဲ။
    ဖတ်ပြီး မမန့်အားလို့ နောက်တခေါက်ပြန်ဖတ်တာ ပိုအကျိုးရှိသွားပါတယ်။(ကိုစံလှကြီး ကွန်မန့်တွေသဘောကျတယ်)
    ……………..
    အမျိုးသားစာပေဆုထဲ စိတ်အဝင်စားဆုံးက ဝတ္ထုရှည်ဆုပါ။
    ဝင်းဝင်းလတ်ရဲ့ အချစ်၏နောက်ဆက်တွဲ စာမျက်နှာ ကတော့ ဆုမရခင်လည်း ကြိုက် ၊ဆုရတော့လည်း ထိုက်တန်လိုက်တာလို့ ရွတ်မိပါတယ်။
    တခါတလေလည်း ဆုရတော့မှ ရှာဝယ်မိတာလည်းရှိ၊မေ့မေ့ပျောက်ပျောက်ဖြစ်သွားတာလည်းရှိတာပေါ့။
    (အမှတ်မမှားရင် ခရက်ဒစ်တူ သဂျီး -မောင်ဆုရှင်ရဲ့ ပင်လယ်ပြာနဲ့ တံငါအို ဘာသာပြန်က စာပေဗိမာန်ဆုရော အမျိုးသားစာပေဆုရော ရခဲ့တယ်လို့ ထင်ပါတယ်။)
    ဆုရတဲ့ စာအုပ်တိုင်းကတော့ မညံ့တဲ့စာတွေပါ။
    အကြိုက်ချင်း ညီမညီကတော့ လူအမျိုးမျိုးစိတ်အထွေထွေလေ။
    ……………………………
    ဖတ်စရာ စာအုပ်တွေက မရှားပါးပါဘူး။
    အခုဆို ဖတ်လို့တောင်မနိုင်အောင် ထွက်နေပါတယ်။
    ဈေးတွေက ကြီးကြီးလာတာ တခုပဲ။
    လူငယ်တွေတွက် အခမဲ့ ဖတ်လို့ရမယ့် စာကြည့်တိုက်တွေလည်း လုပ်ပေးသင့်ပါတယ်။
    ကျမတို့ငယ်ငယ်ကဆို ပြန်ကြားရေး စာကြည့်တိုက်ရှိတယ်။ကျောင်းစာကြည့်တိုက်လည်းရှိတယ်။
    ကျမအမတွေ တက္ကသိုလ်တက် အဆောင်နေတော့ တက္ကသိုလ်စာကြည့်တိုက်က ဝတ္ထုတွေ ငှားဖတ်လို့ရတယ်။
    ….
    ဒို့ရဲ့ မျှစ်ကြော်ပြုံးကိုလည်း ဆုရစေချင်ပါတယ်။
    လူကိုခင်တာထက် စာပေလက်ရာကို သဘောကျတာပါ။
    ဆုရဖို့ ထိုက်တန်တဲ့ ဘာသာပြန်နိုင်နင်းမှု ရှိတဲ့သူပါ။(တချို့ ဘာသာပြန်စာအုပ်တွေဖတ်မိရင် ဒါလေး ဝင့်ပြုံးမြင့်များပြန်မိရင် ပိုကောင်းမှာလို့ စိတ်ထဲဖြစ်မိတယ်)

    • alinsett

      November 27, 2013 at 3:29 pm

      Comment ပေး ဆွေးနွေးးသွားတဲ့အတွက် ကျေးဇူးပါ အန်တီ

      ———–

      စာကြည့်တိုက်တွေ လိုအပ်နေတာတော့ အမှန်ပါ။
      ကျွန်တော် အသင်းဝင်ထားတဲ့စာကြည့်တိုက် သုံးခု ရှိပါတယ်
      တစ်ခုက စာအုပ်အားလုံးပေါင်းမှ ငါးရာလောက်
      နောက်တစ်ခု သုံးလေးထောင်လောက်
      အဲဒီထဲမှာ တကယ် ဖတ်သင့်တဲ့စာအုပ်ကောင်းက ရွေးထုတ်ရင် တစ်ရာလောက်ပဲ ရှိမယ်။
      နောက်စာကြည့်တိုကက်ကတော့ အားရစရာကောင်းပေမယ့် ဆက်ဆံရေးနဲ့ ဝန်ဆောင်မှုသိပ်မကောင်းတဲ့နေရာ
      ပန်းဆိုးတန်းလမ်းပေါ်က စာကြည့်တိုက်ကြီးပါ
      စာအုပ်ပေါင်းတစ်သောင်းကျော် ရှိတယ်
      တစ်နှစ်စာမှ နှစ်ထောင်လောက်ပဲ ပေးရတယ်။
      ဒါပေမယ့် စာအုပ်ကို တစ်အုပ်ပဲငှားခွင့်ပြုတယ်
      တစ်အုပ်ကို ငါးရက်ထက်ပို မငှားဘူး
      ဆက်ဆံရေးကလည်း လန်ထွက်နေတာပဲ။
      ဆိုတော့ အခုနောက်ပိုင်း ကျွန်တော် အဲဒီ စာကြည့်တိုက်လည်း မရောက်ဖြစ်
      တခြားစာကြည့်တိုက်ကျတော့လည်း စာအုပ်က အင်မန်နည်းပါး
      ရပ်ကွက်ထဲမှာကလည်း ဆိုင်းဘုတ်ပဲရှိတယ်။
      ဝယ်ဖတ်ဖို ့ကျတော့လည်း စာအုပ်ဈေးတွေက မိုးပေါ်တက်နေတယ်

      စာပေဗိမ္မာန် စာကြည့်တိုက်တို ့ ဗြိတိသျှကောင်စီစာကြည့်တိုက်တို့ကျတော့လည်း
      မန်ဘာကြေးက တစ်နှစ်စာကို တော်တော် များများပေးရတယ်
      ကောင်စီစာကြည့်တိုက်ဆို တစ်နှစ်စာအတွက် နှစ်သောင်းခွဲလောက်ပေးရမယ်တဲ့

      အကြောင်း ကြောင်းတွေကြောင့်
      စာအုပ်တွေ ဖတ်ချင်ပေမယ့် စာအုပ်တွေနားမကပ်နိုင်တဲ့သူတွေလည်း ရှိတာမို ့
      အဲဒီ စာကြည့်တိုက်နဲ့ စာအုပ်ပြဿနာကို ပြေလည်စေချင်သေးတယ်

      ကျွန်တော့်မှာ ရှိတဲ့ စာအုပ် လေးငါးရာနဲ ့
      စာကြည့်တိုက်ကလေးတစ်ခု
      ရပ်ကွက်ထဲမှာ ဖွင့်ဖို ့
      ကျွန်တော် ကြိုးစားဖူးတယ်

      နောက်မှ အဲဒီအကြောင်း ပြောပြရဦးမယ်

      🙂

      လောလောဆယ်တော့
      ကျွန်တော် စာအုပ်တွေကို ဆာနေတယ်

  • အရီးခင်

    November 27, 2013 at 5:10 pm

    ပြောချင်တာတွေ များလွန်းလို့ ခေါင်းစဉ်တပ် ပြောတာ ပိုပြီး မြန်မလားဘဲ။

    (၁) အကြိုက်ဆုံး အမျိုးသားစာပေဆု
    အမျိုးသားစာပေဆု ဆိုတော့ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ အမျိုးသားစာပေဆုရ စာအုပ် တစ်အုပ် ကို အမြဲ သတိရမိတယ်။
    စိတ်မကောင်းမိနေတာက စာရေးဆရာနာမည် မမှတ်မိတာဘဲ။
    နာမည်ကြီး မဟုတ်ပါဘူး။
    ကြည့်ရတာလဲ စာပေဆုဝင်ပြိုင်ဖို့ရည်ရွယ်ပြီး အသေအချာလေ့လာ ရေးခဲ့တာလဲ ဖြစ်မယ်။
    အင်းလေး က ကလေးတွေရဲ့ ဘဝ ကို ဇာတ်လမ်းတိုလေးတွေ နဲ့ ရေးထားတာ။
    အဲဒီက စကားအသုံးအနှုန်း နဲ့ တစ်ခြားက စကား တွေ ကွဲပြီး အိမ်ရှင်နဲ့ လာလည်တဲ့ ဧည့်ကလေးအချင်းချင်း ပြသနာဖြစ်ရတာတွေ၊ အဲဒီက စားစရာတွေ၊ ကျောင်းသွားကြပုံတွေ၊ ပွဲတော်တွေ အကြောင်း စုံ လို့ပါဘဲ။
    စာပေဆုရပြီးမှ ဖတ်ရတာမို့ ဆုနဲ့ တကယ်ဘဲ ထိုက်တန်တာအမှန်ပါ။
    ဖတ်ခဲ့တဲ့ စာအုပ်တွေထဲ ဒီနေ့ အထိ အဲဒီ ဇာတ်လမ်းလေးတွေ မှတ်မိနေတာ။

    (၂) မပြုံးသို့
    အမျိုးသားစာပေဆု အကြောင်းကို အရင်က နားလည်ခဲ့တာကတော့ ပြိုင်ပွဲဝင်ဖို့ အတွက် အမှတ်ပေးစည်းကမ်းတွေ ရှိတာပါဘဲ။
    အဓိကကတော့ ဘယ်လောက် လူတွေကို အကျိုးပြုတယ်ပေါ့။
    အစိုးရ ကို ကောင်းကြောင်း ရေးရင်အမှတ်ပိုရတယ် အစိုးရ ကို ဝေဖန်ရင် ဘယ်လောက်ကောင်းကောင်း ပြုတ်မယ်။
    သိပြီးသားဘဲ။ နော။
    အကောင်းမရေးရင် နေ။ သူတို့ ကို ထိတာ မပါစေမှ ကိုယ့်စာအုပ် က “စံ” မှီမယ် ဆိုမှတော့ ဘောင်ကြီးခတ်ထားတာပါ ညီမရေ။
    အဲဒီအပေါ်မှာ ခံစားမနေပါနဲ့။
    ကိုယ်စာရေးနေတာက ကိုယ့် ရင်ထဲက ခံစားချက်အမှန် ကို ဖွင့်ထုတ်ဖို့ ဆိုမှတော့ ဘောင်ထဲက ထွက်သာနေလိုက်ပါ။
    ဒီအတွက်လဲ စိတ်မကောင်းမရှိပါနဲ့။
    ကျယ်ပြန့်တဲ့ ကောင်းကင်ထဲ ပျံနေရတာက လှောင်ချိုင့်ထဲ မှာနေရတာထက် ပိုပြီး ပျော်ဖို့ကောင်းပါတယ်။
    အဲဒီနေရာကျဉ်းကျဉ်းလေးမှာ ဝင်မှ ကိုယ့်ကို ပိုသိတာဆိုတာကလဲ အဲဒီ ကျဉ်းကျဉ်းလေးကိုဘဲ ကြည့်နေနိုင်တဲ့ သူတွေပါ။
    အကျယ်မြင်တတ်တဲ့သူတွေ က ကောင်းကင်ကျယ် က အရာတွေ ကိုလဲ မြင်မှာပါ။
    ဒီတော့ ကိုယ့်စိတ်ကြိုက် စာတွေကိုသာ ဆက်ရေးပါလေ။
    သူများ ဘောင်ခတ် ထားတာ ကို ဝင်မနေပါနဲ့။
    မဟုတ်လား။

    (၃) ဘောင်အတွင်းက စာပေဆု
    ဒါကိုလဲ အပြစ်တင်လို့ မရပါ။
    ဘာလို့လဲ ဆိုတော့ ဒီလောက် စာတွေ အများကြီး ရွေးရတာ၊
    ဒီတော့ အလွယ်ဆုံးက ဘောင်ခတ် လိုက်ဖို့ဘဲ။
    ဘောင်အတွင်း မဝင်ရင် ဖယ်ပြီး စကာတင် ဆိုတာ ထွက်လာမှ အဆင်ပြေမပေါ့။
    ရုပ်ရှင်တွေ တောင်မှ တစ်ချို့ အော်စကာမှန်းပြီး ရိုက်တာ။
    ပရိတ်သတ်ကြိုက်ဖို့ ဝင်ငွေကောင်းဖို့ထက် အော်စကာ ရမဲ့ ဘောင် ကို အတင်းဝင်အောင် ရိုက်ကြတာထင်ရဲ့။
    ဥပမာ – The iron Lady, The King’s speech
    အစ လူမကြည့်ကြပါ။ နောက် အော်စကာရမှ ကြည့်ကြတာ။
    ကြည့်ပြီးလဲ ပျင်းဖို့ကောင်းတယ် ဝေဖန်ကြတာ အများသား။

    (၄) ဘောင် တွေ ကို သတ်မှတ်သူများ
    ဒီမှာ ပြသနာစပြီး လာပါပြီ။
    ပြောရရင် စနစ်ကောင်း အတွက် လူကောင်းတွေ က သမာသမတ် စေတနာရှိရှိ နဲ့ ဘောင်ခတ်ပေးမှ စစ်မှန်တဲ့ စာအုပ်တွေ ကို ပြည်သူတွေ ဖတ်ရမှာပါ။
    မဟုတ်ရင်တော့ ကိုယ့်ကိုယ်ကို သမိုင်းမှာ နာမည်ပျက် စာရင်း သွင်းခဲ့ဖို့ကောင်းတာ။

    (၅) အမျိုးသားစာပေပွဲ စည်ကားရေး
    ဒါကတော့ ရုပ်ရှင်ဆုပေးပွဲ နဲ့ မတူပါ။
    သဘောသဘာဝ ကွဲပါတယ်။ နိုင်ငံတကာမှာလဲ ဒီလိုပါဘဲ။
    မတူတာကို လိုက်ပြီး ညှိ ကာ ကြောင်ရေချိုး နေမဲ့ အစား တစ်ခြားအကျိုး ရှိတာလေးတွေ ကို အာရုံထားသင့်သလားဘဲ။
    ဆုကြေးကတော့ များများပေးနိုင်ရင် အကောင်းဆုံးမို့ စပွန်ဆာကောင်းကောင်း ပေးနိုင်သူ ရှာဖို့ပါဘဲ။
    သထိန်းတွေ ကလဲ မော်ဒယ်လေးတွေပွဲ ကိုသာ စပွန်စာကောင်းကောင်းပေးဖို့ စိတ်ဝင်စားရုံမက စာပေဖက် ကိုလဲ အားပေးကြပါဦး။

    (၆) စာဖတ်ကြပါ (တဲ့)
    ငယ်တုန်းက သူငယ်ချင်း တစ်ယောက် စာဖတ်တာ ညတိုင်း သန်းခေါင်ကျော်ဘဲ။
    မိဘ များကတော့ သမီးလေး စာ နဲ့ မျက်နှာ မခွါတာ ဂုဏ်ယူလို့ မဆုံးဘူး။
    တစ်ည အချစ်ဝတ္တု ၂အုပ်တဲ့။ ကျောင်းစာအုပ် အောက်မှာ ခိုးဖတ်နေတာ။
    ဒီတော့ ကလေး တွေကို စာဖတ်ပါချည်း အော်နေလို့မရ။
    ဘာစာဖတ်မလဲ ရှိသေးတယ်။
    သိပ္ပံအကြောင်းချည်း စိတ်ဝင်စားလို့ သိပ္ပံအကြောင်း တွေချည်းဖတ်နေသူကို ဝိဇ္ဇာဘာသာရပ် တွေ အကြောင်းမသိလို့ ဒီကောင် စာမဖတ်ဘူးလို့ ပြောမရ။
    အကျိုးရှိတဲ့ စာ၊ ကိုယ့်ကို လက်တွေ့ လောကထဲမှာ တင့်တယ်အောင် ထားနိုင်တဲ့ စာဖြစ်ဖို့သာ လိုသလားဘဲ။

    (၇) မတူသောအမြင်
    အလင်းဆက် ညွန်းခဲ့တဲ့ ဆောင်းပါးထဲက
    { ၂။ အမျိုးသား စာပေဆုရ စာအုပ်များနှင့် စာအုပ်ဈေးကွက် အတွင်း အရောင်းရဆုံး (Best Seller) စာအုပ်များ မတူညီ ကွဲပြားနေမှု}
    ကို မတူတဲ့ အမြင် နဲ့ ပြန်ပြောရရင်တော့
    စာကြည့်တိုက်တွေ၊ စာအုပ်အငှားဆိုင်တွေ မှာ research စာရင်းလုပ်ကြည့်။
    ဘယ်လို category မျိုးက ပိုပြီး ငှားထွက်သလဲ ဆိုတာ။
    တကဲ့ စာကောင်း တွေ ဟာ အငှားရနည်း တာ ရှိနေနိုင်ပါတယ်။
    ဒါကို မဖော်ထုတ်သင့်ပေဘူးလား။
    ဒီအတွက် စာပေ ကို စိတ်စေတနာထား ပြီး ကိုယ်ကျိုးမကြည့် သူများ သာ စာပေ ရွေးချယ်ရေးအဖွဲ့ ထဲ ပါသင့်ပါတယ်။
    အမှားရှိလဲ စေတနာအမှား မို့ ပြင်လို့ လွယ်မှာပေါ့။

    (၈) ဂဇက်ကမ္ဘာရွာ ဆုပေးမှု
    တစ်ဦးထဲ ကိုယ့် စိတ်ကို ဖော်ထုတ်ရရင်ဖြင့်
    ကျွန်မ အရီး သည် ……..
    ဘက်မလိုက်ပါလို့ မငြင်းပါ။
    ဘောင်မခတ်ဘူး လို့မငြင်းပါ။
    စာတွေထဲ က ကိုယ့်သတ်မှတ် ဘောင်မဝင်တာ တွေ ကို ဖယ်ပါတယ်။
    ကောင်းတဲ့ စာ ၂ပုဒ် အမှတ်တူ နေရင် ဘက်လိုက်ပါတယ်။
    ဘယ်လို ဘက်လိုက်လဲ ဆိုရင် မှတ်ချက်ပေးသူ တွေ ကို တလေးတစားပြန်ပြီး အရေးလုပ် စကားပြောသူ Post ပိုင်ရှင် များကို ဦးစားပေးပါတယ်။
    အဲလို လူ၂ဦး တူနေရင်လား။
    ရွာထဲ မှာ ပိုပြီး active ဖြစ်သူရဲ့ Post ကို ဘက်လိုက်ပါတယ်။ 😉

    (၉) နိဂုံး
    ပြီးပါပြီ။
    ချစ်သော ကမ္ဘာ့ရွာ တင့်တယ်စွာ သက်တော်ရာကျော် ရှည်ပါစေသတည်း။ 😛

    ပုံ
    ကမ္ဘာ့ရွာ ကဘာဆြာမကြီး
    မြစာကလေး

    • alinsett

      November 27, 2013 at 5:41 pm

      အရီးရေ
      လေးလေးနက်နက်
      ကျကျနန
      တစ်ချက်ချင်း ထောက်ပြ ဆွေးနွေးပေးသွားတဲ့အတွက် ကျေးဇူးပါနော် ။

    • San Hla Gyi

      November 27, 2013 at 7:37 pm

      အဲဒါကြောင့် အရီးခင်ကို လေးစားတာ။ ဘယ်သူက ကိုယ့်ကို ဘက်မလိုက်ဘူးပြောပြော ကိုယ်ဘက်လိုက်ခဲ့ရင် လိုက်ခဲ့တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ပြောရဲ ဝန်ခံရဲတယ်။ ဒီလို သတ္တိမျိုးဟာ အာဇာနည် သူရဲကောင်းတွေမှာမှ ရှိတတ်တာမျိုးပါ။ ချီးကျူးပါတယ်။

      • ဟုတ်ပါ့ဗျာ.. ။

        ——————-

        ဒါနဲ ့… ဒီပိုစ့်ထဲမှာ..
        အောက်နားက.
        comment တွေလည်း.တစ်ခုပေါ်တစ်ခု ထပ်ကုန်ပါပေါ့လား..။

        ကွန်နက်ချင်နဲ ့…ဆိုင်သလားတော့မသိ…။

      • အရီးခင်

        December 4, 2013 at 5:31 pm

        အဟိ 😛
        ကစံလှကြီး ကို “အချော်တစ်” စာရင်းမှာ တစ်ပေးလိုက်ပြီ ဟေ့။
        (သူကြီး နဲ့ လုများ နေရမလားဘဲ) 😉

  • ခင် ခ

    November 27, 2013 at 11:23 pm

    ကျုပ်ကတော့ ခင်ရာမင်ရာသူတွေကို အသာပေး ဘက်လိုက်မိမှာစိုးလို့ကို ဖတ်ကူတောင် မကူဖြစ်ခဲ့တာလေ

    • ဂဇက်စာပေဆုကတော့ အကြိုက်ကို အခြေခံပြီး ရွေးကြတာပါ။
      ကိုယ့် အကြိုက်နဲ ့သူ ့အကြိုက် မတူတဲ့ကြားက အအားလုံးရဲ ့အကြိုက်အများဆုံးကို ရွေးတာပါ။

      ကျွန်တော်ကတော့
      ပုဂိ္ဂုလ်ထက် စာကို ခံစားပါတယ်။
      စာက ကိုယ့်အကြိုက် (အရီးပြောသလိုကိုယ့်ဘောင် )ထဲ ဝင်ရင် အကြိုက်ဆုံးစာရင်းထဲ ထည့်လိုက်တာပဲ ။

  • ဝင့်ပြုံးမြင့်

    November 28, 2013 at 4:16 am

    ကိုစံလှကြီး says:
    ၁) ဆန်ခါတင်စာအုပ် စာရင်း ပေးထားတော့လည်း မဖတ်တဲ့လူ အများစု ဖြစ်နေရင် ဘယ်လိုလုပ် လူစိတ်ဝင်စားမှာလဲ။
    ၂) ချုပ်ရရင် စာဖတ်သူအကြိုက်နဲ့ ရွေးချယ်အဖွဲ့ကတော့ တထပ်တည်း မတူတဲ့ ပြဿနာ ရှိနေဦးမှာပါ။ နိုဘယ်ဆုတောင် ဒီလို လုပ်ရက်နဲ့ ဖြစ်သေးတယ်ဆိုတော့ ကျန်တာတော့ ပြောမနေပါနဲ့။
    —-
    ၁) ဆန်ခါတင်စာအုပ်စာရင်းကို လူသိရှင်ကြား သတင်းစာထဲမှာ ကြေငြာသင့်တာကတော့ အဲဒီစာအုပ်တွေ ဖတ်ဖူးတဲ့လူ ဘယ်လောက်ပဲနည်းနည်း ဆုရွေးချယ်ရေးအဖွဲ့ ထင်သလိုလုပ်လို့မရအောင် တားတဲ့နည်းတစ်မျိ ုး ဖြစ်ပါတယ်။ ဆုရတဲ့စာအုပ်နဲ့ ဆုမရတဲ့စာအုပ် သိပ်ကွာသွားတာကို အဲဒီလူနည်းနည်းလေးကပဲ သိသွားရင် မလွယ်ဘူး။ စာအုပ်၂အုပ်ကို ယှဉ်ချကြည့်လို့ သူတို့မတော်မတရား လုပ်လိုက်တာကို သိသွားရင် အဲဒါက ကြုံ ဖူးမှပဲ သိတာ။
    ၂) နိုဘယ်ဆုပေးတာမှာတောင် လုံးဝတရားမျှတရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါမှန်ပါတယ်။ ဒါပေမယ့် အဖွဲ့အစည်းတစ်ခု အနေနဲ့ ယေဘုယျအားဖြင့် သမာသမတ်ရှိရမယ်။ ချွင်းချက်နည်းနည်း ရှိနိုင်ပေမယ့် ယေဘုယျအားဖြင့် သမာသမတ် ရှိရမယ်။
    —–
    အန်တီမာနဲ့ အရီးလတ်ရေ
    တကယ်က အဲဒီအကြောင်းတွေ မရေးတော့ဘူး မပြောတော့ဘူးဆိုပြီး ဒီလိုပဲ နေလိုက်မလို့ပါပဲ။ အလင်းဆက်က မျှစ်ကြော် ရွာထဲမဝင်တာကြာတာ ဘာဖြစ်လို့လဲ ဘာညာနဲ့ သူက မေးလ်ပို့တော့ ကိုယ်ကလည်း အဲဒါနည်းနည်းပြောပြဖြစ်တယ်။ သူက ပို့စ်တင်လိုက်တာ မြန်တယ်။ အဲဒါနဲ့ သူ့ပို့စ်ထဲ လိုက်ပြောနေဖြစ်တာ။ တကယ့်အမှန်တရားက — သူတို့ သိပ်တော့ ရိုးသားမှု မကြံ့ခိုင်လှဘူး။ သူတို့ ဒေါင်ဒေါင်မမြည်ဘူး။ ဒါတောင် ဒီလောကရဲ့ အပေါ်ယံကြောလေးပဲ ရှိသေးတယ်။

    အရီးရေ အော်စကာဆုရ The iron Lady, The King’s speech ကတော့ လက်ဖျားခါလောက်အောင် ကောင်းတဲ့ကားတွေပါ။ သူများတွေတော့ ဘယ်လိုမြင်တယ်မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဘောင်ကိစ္စ အရီးပြောတာ ထောက်ခံပါတယ်။ သူများဘောင်ခတ်ထားတာ မဝင်ဘဲ ကိုယ့်စိတ်ကြိုက်စာပဲ ရေးဖို့ အရီးပြောတာ သိပ်မှန်ပါတယ်။ မျှစ်ကြော်လည်း တတ်နိုင်သလောက် ဆက်ပြီး ကြိုးစားသွားမှာပါ။ ဒီလိုပဲ အခြေအနေတစ်ခုကို ကျော်လွှားသွားရင်း ဒီလိုနဲ့ပဲ တဖြည်းဖြည်း ရင့်ကျက်သွားမှာ။
    ဘက်လိုက်တာတော့ ကြိုက်ဖူးနော်။ ရွာထဲမှာ အက်တစ် ဖြစ်ဖို့ဆိုတာ တစ်ဦးချင်းဆိုင်ရာ အခြေအနေနဲ့ ဆိုင်သေးတယ်။ ဒီတစ်လ ဖတ်ရွေးအဖွဲ့က ပေးလိုက်တဲ့ဆု ၂ဆု (နန်းတော်ရာသူနဲ့ ဆရာဘလှိုင်) ကတော့ တကယ့်ကို လေးစားလောက်စရာ သမာသမတ်ရှိလွန်းတဲ့ ရွေးချယ်မှုပါပဲ။ အားလုံးလည်း ဘဝင်ကျကြတယ်။

  • အရွယ်စုံ ဆိုဒ်စုံ ချစ်သဲတုန်

    November 28, 2013 at 11:23 am

    ဒီပို့စ်လေး မန်ဘာ အုန်းသီးဖြစ်နေလို့ ရှဲ မရတာကလည်း နှမျောစရာကောင်းပါတယ် ။
    လွဲလွဲလေးနဲ့ ရွေးခဲ့တဲ့အကြောင်း ၊ ပြန်သိစေချင်တာ ။

    အမျိုးသား စာပေဆုရွေးတဲ့အကြောင်း သတင်း သတင်းသဲ့သဲ့ ကြားခဲ့ပါတယ် ။
    ခက်တာက နေရာတိုင်းမှာ ဒီ အရိုးစွဲနေတဲ့ အကျင့်ကြီး ပြင်မရသေးတာပါပဲ ဆုရွေးသွားတာလည်း ဒီလိုပါပဲ … ဒါကြောင့်လည်း အရည်ချင်းသာလွန်ပါလျှက် အရွေးမခံရတဲ့ စာအုပ်မျိုးအတွက် အများကြီး နစ်နာလှပါတယ် ။ အရည်ချင်းကို စိစစ် ပိုင်းဖြတ်တဲ့အခါမှ အသက်ကြီးဝါကြီးလုပ်သက်ရင့်လို့ဆိုတာမျိုးနဲ ့ယှဉ်တိုက်ပြီး နောက်လူ တက်မလာနိုင်အောင် ထိပ်ပိတ်ထိုင်နေလို့ကတော့ ..အရည်ချင်းရှိတဲ့ နောက်ပေါက် စာရေးသူတွေ ထပ်ရေးဖို့နဲ့ စာပေကိုတောင် ချဉ်သွားမလားပဲ … ။

  • ဇေယျာစံ

    December 3, 2013 at 3:07 am

    တသက်လုံး အမျိုးသားစာပေဆု မရခဲ့ရှာပဲ သေသွားတဲ့ ဆရာတွေအတွက် ဝမ်းနည်းမိပါရဲ့။

    • alinsett

      December 3, 2013 at 4:14 am

      ဟုတ်တယ်ဗျာ
      တကယ်တော်တဲ့ စာပေပညာရှင်တွေ စာပေဆုမရလိုက်ပဲ
      သေသာသွားရော

      နှမြောစရာကောင်းတဲ့စာပေသမားထဲမှာ
      ဆရာတာရာမင်းဝေလည်း ပါတယ်

  • alinsett

    December 3, 2013 at 4:19 am

    ပြီးတော့ ပြောပြချင်တာတစ်ခုက
    ဒီပိုစ့်တင်ရာမှာ
    တကယ် ပြောသင့်ပြောထိုက်တာတွေကို
    ချက်ကျလက်ကျ သေချာဝင်ဆွေးနွေးပေးကြသူတွေရဲ ့comment တွေက
    အသက်ပါ။

    commentတွေထဲက BC ပေးဖို ့ရွေးလိုက်တဲ့အခါ
    COMMENTတိုင်းက BC ပေးထိုက်တဲ့ COMMENTတွေ ဖြစ်နေတာပါ

    ဒါကြောင့်
    ဒီပိုစ့်ထဲက COMMENT တိုင်းကို BC ပေးထားတယ်လို့ပဲ
    သဘောထားပေးပါနော်

  • အရိပ်စစ်

    December 3, 2013 at 4:26 pm

    ပိုစ့်ရော ကွန်မန်းတွေ ရော အလွန် ဖတ်လို့ ကောင်းပါတီ….

    • alinsett

      December 4, 2013 at 5:59 pm

      လာရောက် ဖတ်ရှု ပေးတာ
      ကျေးဇူးတင်ပါသည်

      🙂

Leave a Reply