Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မာနဋီကာ

mr.dark bloodAugust 6, 20101min4669
မာနဋီကာ

မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။
မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။

မာနအမျိုးအစား(သုံးမျိုး)
မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။သေယျမာန်
မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။
၂။သဒိသမာန်
မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။

၃။ဟိနမာန်
မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။

မာနဒီဂရီများ
မာနကို ဒီဂရီအားဖြင့် သုံးမျိုးခွဲခြားထားပါသေးတယ်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။Ordinary Pride
ယင်းရိုးရိုးသာမန်မာန်တက်ခြင်းကို မာန ဟု ခေါ်သည်။
၂။Super Pride
ယင်းကဲ့သို့ အလွန်မာန်တက်ခြင်းအား မာနာတိမာန ဟု ခေါ်သည်။
၃။Extraordinary
ယင်းကဲ့သို့ အလွန်အကျူးမာန်တက်ခြင်းအား အတိမာနဟု ခေါ်သည်။

မာနသည် အောက်ပါနေရာတို့အလိုက်လည်း ဖြစ်ပေါ်လေ့ရှိသည်။ယင်းတို့မှာ
၁။ဇာတိမာန်
တစ်ခါတုန်းက အာရိယာန်လူမျိုးများသည် ဇာတိမာန်တက်ခဲ့ဖူးကြသည်။ဒုတိယကမ္ဘာစစ်တွင်းက ဂျာမနီများ ဇာတိမာန်တက်သကဲ့သို့ ဖြစ်သည်။နီပွန်ဆိုသည်မှာ နေကဆင်းသည့်သည့်လူမျိုးများဟု အမည်ရသည့် ဂျပန်လူမျိုးများ ဇာတိမာန်တက်သကဲ့သို့ ဖြစ်သည်။ယခုအချိန်တွင် ကိုရီးယားသူတို့ အာရှတွင် အလှဆုံးဟု မာန်တက်သကဲ့သို့ ဖြစ်သည်။ယင်းသို့ မိမိအမျိုးကို အစွဲပြုပြီး မာန်တက်ခြင်းကို ဇာတိမာန်ဟု ခေါ်သည်။
၂။ဂေါတ္တမာန်
အနွယ်အားအစွဲပြုပြီး မာန်တက်ခြင်းကို ဂေါတ္တမာန်ဟု ခေါ်သည်။အမျိုးနှင့်အနွယ်မှာ မတူပေ။ခြားနားသည်။
၃။အာရောဂျံမာန်
တချို့သူများသည် အနာရောဂါကင်းခြင်းအပေါ် မာန်တက်ကြသည်။ကျန်းမာရေးကောင်းခြင်းအပေါ် မာန်တက်ကြသည်။ယင်းအား အာရောဂျံမာန်တက်ခြင်းဟု ခေါ်သည်။
၄။ယောဗနုမာန်
အရွယ်နုပျိုခြင်းအပေါ်ဂုဏ်ပြုရ် မာန်တက်ခြင်းအား ယောဗနုမာန်တက်ခြင်းဟု ခေါ်သည်။
၅။ဇီဝိတမာန်
အသက်ရှည်သည်ကို အစွဲပြုပြီး မာန်တက်ခြင်းအား ဇီဝိတိမာန်တက်သည်ဟုခေါ်သည်။အသက်ရှည်သည့်လူမျိုးများထဲတွင် ဂျပန်လူမျိုးများသည် အတော်လေး အသက်ရှည်ကြကြောင်းတွေ့ရှိရသည်။ယင်းဂျပန်လူမျိုးများ ဇီဝိတိမာန်တက်ကြောင်းကိုမူ မုချမကြုံ့ဖူးသေးချေ။
၆။လာဘမာန်
ငွေကြေးရွှင်ပေါများသည်ကို အစွဲပြုပြီး မာန်တက်ခြင်းအား လာဘမာန်ဟု ခေါ်သည်။ယင်းကဲ့သို့ လာဘမာန် တက်သည့်သူများအား လက်ညိုးထိုးမလွဲ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်သည်။
၇။သက္ကာရမာန်
အရိုအသေပူဇော်သက္ကာရခံရခြင်းအပေါ် အစွဲပြုပြီး မာန်တက်ခြင်းအား သက္ကာရမာန်တက်ခြင်းဟု ခေါ်သည်။
ထိုင်ခုံတွင် ဖင်မြဲချင်သည့် ပုဂိုလ်များတက်လေ့ရှိသည့် မာန်မာနတစ်မျိုးပင်ဖြစ်သည်။
၈။ဂရုဝါရမာန်
သူတစ်ပါးတို့ အလေးအမြတ်ပြုရခံရသည်ကို အစွဲပြုပြီးမာန်တက်ခြင်းအား ဂရုဝါရမာန်ဟု ခေါ်သည်။တရုပ်ပညာရှိ ကွန်ဖြူးရှပ်သည် လူအများ၏ အထက်တွင်နေလိုသော သူသည် မြေကြီးကဲ့သို့ကျင့်ရမည်ဟု ပုံပမာပြုပြောဆိုခဲ့ဖူးသည်ကို ထောက်ချင့်ခြင်းအားဖြင့် ဂရုဝါရမာန်ကင်းကြောင်း တွေ့ရှိနိုင်သည်။ပညာရှိတို့နှင့်မာန်မာနသည် ရေခဲမုန့်နှင့်ငရုတ်သီးကဲ့သို့ တွဲဖက် မစားကောင်းသော အရာများဖြစ်ကြသည်။
၉။ပုရက္ခောရမာန်
ခေါင်းဆောင်လုပ်ရသည်ကို တက်သောမာန်ဖြစ်သည်။ယင်းမာန်မာနအား အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ခေါင်းဆောင်နေရာရထားသော ချာတိတ်များတွင် တွေ့မြင်ရလေ့ရှိသည်။အများအတွက် အကျိုးဆောင်ရ သည့် ပရဟိတလုပ်ငန်းတွင် ဖြစ်သော်လည်း ခေါင်းဆောင်လုပ်ရသည်ကို ဂုဏ်ယူဂုဏ်မောက်နေကြသည့် ပုတ်သင်ညိုများ များစွာ ရှိနေကြသည်။
၁၀။ပရိဝါရမာန်
ယင်းမာန်မာနသည် အခြံအရံ၊အပေါင်းအသင်းတပည့်ပရိသတ်ပေါများသည်ကို အစွဲပြုပြီးတက်သည့် မာန်မာနဟု ခေါ်သည်။မိတ်ဆွေတစ်ထောင်ရှိပြီး ရန်သူတစ်ယောက်ရှိလျှင်ပင် နောက်ကျောမလုံရသည့် ရှေးစကားဟောင်းကို ထောက်ဆခြင်းဖြင့် ပရိဝါရမာန်မတက်သင့်ကြောင်း သိရှိနိုင်သည်။
၁၁။ဘောဂမာန်
ယင်းမာန်သည် ငွေကြေးနှင့်ပတ်သတ်ပြီးမာန်တက်ခြင်းနှင့်ဆင်တူယိုးမှားရှိသော်လည်း မဆိုင်ချေ။ဘောဂမာန်ဆိုသည်မှာ စည်းစိမ်ဥစ္စာ၊Luxury assest ကိုဆိုလိုခြင်း ဖြစ်ကြောင်း သတိမူသင့်သည်။
၁၂။ဝဏမာန်
ယင်းမာန်သည် Queen များ၊Belle များ၊Model များ၊Actors များတွင် တွေ့ရှိရလေ့ရှိသည့် အဆင်းရူပါပေါ် အစွဲပြုပြီးတက်သည့်မာန်မာနဖြစ်သည်။ယင်းမာန်မာနတက်သည့် မိန်းကလေးများစွာ ရှိကြသည်။ယင်းတို့အား ချစ်သူလုပ်ရသည့်ဒုက္ခမှာလည်း မသေးလှချေ။
၁၃။သုတမာန်
အကြားအမြင်၊ဗဟုသုတများခြင်းအပေါ်အစွဲပြုပြီး တက်သည့်မာန်ကို သုတမာန်ဟု ခေါ်သည်။
တခြားမာန်မာနများလည်း ရှိကြပေသေးသည်။ပညာရှိခြင်းအပေါ် အစွဲပြုပြီး တက်သည့်မာန်၊သီလရှိခြင်းအပေါ်အစွဲပြုပြီးတက်သည့်မာန်ဆိုပြီး အစားစားရှိကြသေးသည်။

မာန်မာနမထားထိုက်သောသူများ
ချစ်သူအခြင်ခြင်း မာန်မာနမထားထိုက်ပေ။ထားလျှင် ကွဲတတ်သည်။အလားတူ လူတိုင်း မာန်မာန မထားသင့်ကြပေ။

မာနဆိုသည်မှာ ကျဆုံးခြင်းလမ်းကြောင်းပင်ဖြစ်ပြီး မာနနှင့်မကင်းသည့် လူသားတိုင်း မိမိတို့ မာနများအား

တတ်နိုင်သမျှ လျှော့သင့်သည်ဟု ထင်မြင်ပေသည်။ပညာရှင်တစ်ယောက်အနေဖြင့် မာနထားခြင်းသည်

ပညာမပြည့်ဝသည့်သဘောကို သက်ဆောင်ပြီး လူအများ၏ ကဲ့ရဲ့အထင်သေးခြင်းကိုလည်း ခံရတတ်သည်။

ယင်းကား ပညာရှင်မှ မဟုတ် မာန်မာနထားသော သူတိုင်း လူအထင်သေးခြင်း၊ကဲ့ရဲ့မလွတ်ခြင်းတို့ ခံစားရမည်ဖြစ်သည်။

မာနနှင့်ပတ်သတ်သော နိုင်ငံတကာစကားပုံများ

၁။စပိန်

ယောက်ကျားတစ်ယောက်သည် မာန်မာနထားရှိခြင်းဖြင့် လူမုန်းများခြင်း၊ကဲ့ရဲ့ခံရခြင်းတို့ကလွဲရ် မည်သည့်အရာမှ

ရရှိမည် မဟုတ်ပေ။

၂။အီတလီ

ဇာတိပုညဂုဏ်မာနထားရှိသော ယောက်ကျားသည် အာလူးပင်နှင့်

အလားသဏ္ဍာန်တူသည်။အကောင်းဆုံးအစိတ်အပိုင်းသည် မြေပေါ်တွင် တည်ရှိနေသောကြောင့်ဖြစ်သည်။

၃။ဂျပန်

အကယ်ရ် ယောက်ကျားတစ်ယောက်သည် မြင့်မြတ်ကြီးကျယ်နေပါက သူ့၏ အစေခံခွေးသည်ပင် မာနအရိပ်အရောင်

လွှမ်းနေတတ်သည်။

၄။အင်္ဂလိပ်

ကျက်သရေရှိခြင်းသီရိနှင့်မာန်မာနတို့သည် တစ်ဂူထဲ နှစ်ကောင် မအောင်းပေ။

၅။တရုတ်

မာန်မာနထားခြင်းသည် လျှော့ပါးကျဆင်းစေပြီး ဗြဟ္မစိုရ်တရားထားခြင်းသည်သာ တိုးပွားစေတတ်သည်။

ဆိုခဲ့သည့်အတိုင်း ထပ်ဆင့်ဆိုရလျှင် လူတိုင်း မာန်မာနမထားသင့်ကြောင်း ဆိုငြား စာရေးသူကိုယ်တိုင်

ရံဖန်ရံခါ မာနတက်မိကြောင်းကို ရိုးသားစွာ ဝန်ခံလိုသည်။သို့သော် တတ်အားသမျှ နှိပ်ချ နှိပ်ကွပ်နေကြောင်း

ပြောကြားရင်း စာရှု့သူအပေါင်း တတ်အားသမျှ မာန်မာနကင်းစေလိုသော စေတနာဖြင့်…….။

လေးစားစွာဖြင့်

သွေးနက်

9 comments

  • winne

    August 6, 2010 at 8:20 am

    ကောင်းမွန်သော စာသားများ ဖြစ်ပါသည်။ မာန်မာနကတော့ သတ္တဝါတိုင်းမှာ ရှိနေကြတာဘဲ စာဘယ်လောက်ဖတ်ဖတ် လုံးဝ မာန်ကျသွားမဲ့ သူတော့ မရှိဘူးလို့ ယုံကြည့်တယ်။ ဆင်ခြင်စိတ်နဲ့ သူများ အကျိုး မယုတ်အောင် ကြိုးစားနေမဲ့သူများတော့ ရှိကောင်း ရှိကြပါလိမ့်မည် ဟု ထင်ပါသည်။

  • True Faith

    August 6, 2010 at 8:22 am

    ဗဟုသုတရပါတယ်။ ကျနော့်မှာလည်း ဘာမှ မဟုတ်တဲ့ မာနတွေ ရှိနေတယ်။ ကင်းအောင် လုပ်ရဦးမယ်ဗျ။

  • Moe Sat

    August 6, 2010 at 8:56 am

    ကိုသွေးနက်

    ပို့စ်လေးအတွက်ကျေးဇူးပါ။ဗဟုသုတတွေလဲ ရပါတယ်၊ မာန်မာနဆိုတာတော့ လူတိုင်းရှိတတ်ကြပါတယ်။ပညာရှိကြီးများတောင ်မာန်မာနဆိုတာ ရှိတတ်ကြပါတယ်။ မိုးစက်တို့လူသားတွေမှာ မထားသင့်တဲ့ မာနတွေထားတတ်ကြပါတယ်။ မာနတွေကို ကြိုးစားချိုးနှိမ်ပြီး ရိုးရှင်းတဲ့ ဘဝမှာ နေနိုင်အောင် ကြိုးစားကြပါစို့လားနော်။ ကိုသွေးနက် လဲမာနတွေ ကင်းလွတ်၊ အောင်မြင်မှုတွေသရဖူဆောင်းနိုင်ပါစေ။ချစ်သူအပေါ်မှာလဲ မာနကင်းစွာနဲ့ ချစ်နိုင်ပါစေနော်။ 😛

    အစဉ်လေးစားအားပေးလျက်
    မိုးစက်

  • mr.dark blood

    August 6, 2010 at 9:00 am

    း)

    အော်…သောတာပန်တောင် မာနနဲ့မကင်းနိုင်သေးတာ..

    အခုလို ကျွန်တော်မျိုး အညမည ပုထုဇဉ်တစ်ယောက်ဆိုရင် ဘယ်ပြောကောင်းမလဲ..မမမိုးရာ..

    း) ဒါပေမယ့် မာနကို အသိနဲ့သတိ လက်နက်နှစ်ခုနဲ့ချိန်ပြီး တိုက်နေပါကြောင်း……။

  • kopauk mandalay

    August 6, 2010 at 12:14 pm

    ကျနော်ကတော့ မာနကို မကောင်းသောအရာလို့ မမြင်ပါဘူး။
    လုံးဝစွန့်ပယ်ရမယ့် အရာလို့လဲမမြင်ပါဘူး။
    မီးလိုဘဲ ကောင်းမွန်စွာ ကိုင်တွယ်အသုံးချတတ်ရင်
    အကျိုးရှိစေနိုင်သောအရာလို့မြင်ပါတယ်။
    မာနဆိုတဲ့သတ်မှတ်ချက် ကသူ့သတိ္တလေးနဲ့သူနေတာပါ။
    လူတွေက အရောင်ဆိုးပြီးတံဆိပ်တွေကပ်ကြတာပါ။
    ဒါကျနော်ခံယူချက်ဆိုတော့ အားလုံးအတွက်တော့ မှန်ချင်မှ မှန်ပါမယ်။

  • mr.dark blood

    August 7, 2010 at 3:22 am

    း)

    ကျွန်တော်မေးတာကို…စိတ်မရှိနဲ့နော်….ကိုပေါက်…

    တစ်မျိုးလည်း မထင်နဲ့…။

    ဘာလို့ မာနကို မကောင်းတဲ့အရာလို့ မမြင်တာလဲ။

    လုံးဝစွန့်ပယ်ရမယ့်အရာလို့ မမြင်တာလဲ…။

    handle လုပ်တတ်ရုံနဲ့ အကျိုးရှိစေနိုင်တယ်ဆိုတော့ Push တစ်ခုလို့ သဘောထားတာကို ဆိုလိုတာလား။

    ကျွန်တော်က ဆန့်ကျင့်ဘက်အမြင်တွေကို နားထောင်ရတာ ဝါသနာပါလို့ပါ။

  • Smile

    August 12, 2010 at 6:57 am

    ကိုသွေးနက်ပဲ ပြောခဲ့တယ်လေ သောတပန်တောင် မာနနဲ့ မကင်းနိုင်သေးတာဆို ဘာလို့ ကိုပေါက်ကို လုံးဝစွန့်ပယ်ရမယ့်အရာလို့ မမြင်တာလဲ လို့ ပြန်မေးရတာလဲ ?
    မာနဆိုတာ မရှိလို့လဲ မရဘူးလေ အရမ်းကြီး ရှိပြနေစရာလည်းမလိုဘူးလေ
    ဒါပေမယ့် ရှိသင့်တဲ့ အနေအထားတစ်ခုကတော့ လက်ခံနိုင်ပါတယ်—-ကိုပေါက်ပြောတာကို လက်ခံတယ် မာနဆိုတာ လုံးဝစွန့်ပယ်ထားရမယ့် အရာလို့ လည်း မမြင်မိဘူး တစ်ခုတော့ရှိတာပေါ့ အကျယ်ပြောရမယ်ဆိုရင် မာနထားသင့်တဲ့ လူ မထားသင့်တဲ့လူ မာနထားသင့်တဲ့ နေရာ မထားသင့်တဲ့နေရာ အစစအရာရာတော့ ကွာသွားတာပေါ့—-မကောင်းတဲ့ အရာလို့ မြင်ရအောင်လည်း ထားတဲ့သူအပေါ်နဲ့ သူထားတဲ့ အကြောင်းအရာပေါ်မှာတော့ကွာသွားတာပေါ့။ handle လုပ်ရုံနဲ့ အကျိုးရှိစေနိုင်တယ် ဆိုတာကတော့ ကိုယ့်မာနကို ကိုယ် handle လုပ်လို့ မရပါဘူး လုပ်လို့ရတာ ကိုယ့်စိတ်ပါ။ အဲဒီ့မှာကျတော့ ကိုပေါက်က စိတ်နဲ့ မာနကို ရောထွေးသွားစေတယ်လို့ မြင်မိပါတယ် ။ ကိုပေါက်ပြောတယ်လေ မာနဆိုတဲ့ သတ်မှတ်ချက် ကသူ့သတိ္တလေးနဲ့ သူ နေတာဆို။ အဲဒါဆို ကိုပေါက် handle လုပ်ရုံနဲ့ အကျိုးရှိနိုင်စေတဲ့ အရာက မာနမဟုတ်ပါဘူး ။ ကိုပေါက်ရဲ့ စိတ်ပါပဲ။ ဘာလို့လဲ ဆိုတော့ စိတ်မှာက အင်အားရှိတယ်လေ ။ ကိုယ်ကောင်းမွန်စွာ အသုံးချတတ်ရင် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းစေတာက စိတ်ပါ မာနမဟုတ်ပါဘူး။ စမိုင်းလေး မြင်မိတဲ့ အမြင်ကို ပြောပြတာပါ ။

  • mr.dark blood

    August 13, 2010 at 12:55 am

    း)
    စမိုင်းကို တစ်ခုမေးပြီ….

    ဒါဆို…ပညာရှိတွေက ပညာပြည့်တဲ့သူဟာ ဘာလို့ မာန်မာနမရှိတဲ့သူဖြစ်ရမယ်လို့ ဆိုခဲ့တာလဲ။

    ကွန်ဖြူးရှပ်က လူတွေရဲ့ အထက်မှာ နေချင်တဲ့သူဟာ လူတွေရဲ့ ခြေဖဝါးအောက်က နေရသလို နေရမယ်တဲ့…..။

    နောက်တစ်ခုက …..ဟိဟိ…

    မာနဆိုတာ စိတ်စေတသိက်အပါးတွေထဲက တစ်ခုအပါအဝင်ပဲလေ..

    ဒီတော့ စိတ်မဟုတ်ဘူးလို့ ပြောတာ မှားနေရာ မကျဘူးလား….။

    း)

  • Gong Zhu

    September 14, 2010 at 10:45 pm

    လူတွေကလည်းခက်တယ်နော် . . . မာန မရှိရင်လည်း မာနမရှိဘူး ဘယ်လိုလူမှန်းလည်းမသိဘူးတဲ့ ကဲ့ရဲ့ကြတယ် . . . မာနထားပြန်တော့လည်း မာနကလည်းကြီးလိုက်တာ သူ့ကိုယ်သူဘာမှတ်နေလဲမသိဘူးတဲ့ ရှုံ့ချချင်ကြတယ် . . . ဘယ်လိုလုပ်မှ ချီးမွမ်းစကားထွက်လာမှာလဲနော် . . .

Leave a Reply