Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၁၉၉၆ ရန်ကုန်စက်မှုတက္ကသိုလ် အရေးအခင်း

Swal Taw YwetDecember 5, 20131min82212

TNA နဲ့ MOCHO တို့တင်ထားကြတဲ့ ၁၉၉၆ ရန်ကုန်စက်မှုတက္ကသိုလ် အရေးအခင်း အကြောင်း အသေးစိတ်သိချင်နေတုံး ကံကောင်းစွာနဲ့ ၃၊၁၂၊၂၀၁၃ ညဦးပိုင်း လှည်းတန်းကားဂိတ် လမ်းဘေးစာအုပ်ဟောင်းဆိုင်လေးကနေ အချက်အလက်တွေရလိုက်တယ်၊ သူဂျီးအပါအဝင် သိချင်ကြသူများအတွက်ရော သမိုင်းမှတ်တမ်းတစ်ခုကို ရွာစာမျက်နှာပေါ်မှာရှိနေစေချင်လို့ကော တင်ပေးလိုက်ပါတယ်၊ ဝိုင်းဝန်းအားပေးကြပါကုန်။

ကျနော်ရခဲ့တာက စာအုပ်တစ်အုပ်ပါ၊ ကြည့်ပါလေ။

၂၅၀ဝ ကျပ်ပေးပြီးဝယ်လိုက်ခဲ့တဲ့စာအုပ်။ ထုပ်ဈေးက ၄၀၀ဝ ကျပ်တဲ့ စီဒီတစ်ချပ်ပါ ပါတယ်။
၂၅၀ဝ ကျပ်ပေးပြီးဝယ်လိုက်ခဲ့တဲ့စာအုပ်။ ထုပ်ဈေးက ၄၀၀ဝ ကျပ်တဲ့ စီဒီတစ်ချပ်ပါ ပါတယ်။

စာမျက်နှာ၂၃ဝ မှာဖေါ်ပြထားတာလေး ပြန်ရိုက်ပေးလိုက်ပါတယ်။

စာမျက်နှာ ၂၃ဝ မှာဖေါ်ပြထားတာလေး။
စာမျက်နှာ ၂၃ဝ မှာဖေါ်ပြထားတာလေး။

၁၉၉၆ တွင် တက္ကသိုလ်ကောလိပ်များပိတ်ခြင်း

၁၉၉၆ ခုနှစ် အရေးအခင်းသည် စက်မှုတက္ကသိုလ် ကပင် အစပြုခဲ့ဧ။်။ ၁၉၉၆ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့တွင် အင်းစိန်အဝေးပြေးစော်ဘွာကြီးကုန်းကားဂိတ်တွင် စက်မှုတက္ကသိုလ် ကျောင်းသား ၃ ဦးနှင့် စည်ပင်ရဲ၊နယ်ထိန်းရဲအချို့ပြသနာဖြစ်ခဲ့ဧ။် ။ ကျောင်းသား ၃ ဦးကိုရဲကဖမ်းချုပ်ပြီး အင်းစိန်ရဲစခန်းထဲ၌ စစ်ဆေးခဲ့ဧ။် ။ စက်မှုတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာများက ကျောင်းသား ၃ ဦးကို ရဲစခန်းမှပြန်ရွေ့ ခေါ်ထုတ်ခဲ့ရဧ။် ။

ထို့ကြောင့် အောက်တိုဘာလ ၂၁ရက်နေ့တွင် ကြို့ကုန်းနှင့်လှိုင်နယ်မြေ ကျောင်းဆောင်များမှ ကျောင်းသားများက လှည်းတန်းလမ်းဆုံတွင်ထိုင်ရွေ့ ဆန္ဒပြခဲ့ဧ။် ။ထိုညတွင် ပညာရေးဝန်ကြီး ဦးပန်းအောင် နှင့်ဆရာများကဖျောင်းဖျသောကြောင့် ကျောင်းသားများလူစုခွဲရွေ့ အဆောင်သို့ ပြန်ကြဧ။် ။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် အစိုးရဧ။် သတင်းထုတ်ပြန်ချက်အား ကျောင်းသားများ မကျေနပ်သောကြောင့် တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြကြပြန်ဧ။် ။

အောက်တိုဘာလ ၂ ရက်နေ့တွင် အစိုးရက အောက်တိုဘာလကျောင်းပိတ်ရက်ဟုဆိုကာ ကျောင်းများကိုရုတ်တရက်ပိတ်ခဲ့ဧ။် ။ ကျောင်းသားခေါင်းဆောင်အချို့ကိုလည်းဖမ်းခဲ့ဧ။် ။

နိုဝင်ဘာလတွင် ကျောင်းပြန်ဖွင့်ခဲ့ပြီး ဖမ်းထားသောကျောင်းသားများကို ပြန်လွှတ်ပေးခဲ့ဧ။် ။ ဒီဇင်ဘာလ ၂ရက်နေ့တွင် ကျောင်းသားလှုပ်ရှားမှုဆန့်ကျင်ရေးပစ်စာ တစ်စောင်ကြောင့် တက္ကသိုလ်ပေါင်းစုံမှကျောင်းသားများ နှင့် ဆရာဆရာမအချို့သည် ဂျပ်ဆင်ခန်းမရှေ့၌ ဆန္ဒပြခဲ့ကြဧ။် ။        တစ်ဖန် ဒီဇင်ဘာလ ၆ ရက်ညဦးပိုင်းတွင် ကျောင်းသားများနှင့်ပြည်သူအချို့ပါဝင်ရွေ့ လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြခဲ့ပြန်ရာ လုံထိန်းရဲများနှင့် ပြသနာဖြစ်ခဲ့ပြန်ဧ။် ။

ထို့နောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အစိုးရက တက္ကသိုလ်နှင့်ကောလိပ်များကို ရက်ရှည်ပိတ်ခဲ့ပြန်ဧ။် ။  ။

( တတိယ စာပိုဒ် အစ ကျောင်းပိတ်လိုက်တဲ့ရက် အောက်တိုဘာလ ၂ ရက် ဆိုတာမှားရိုက်ထားတယ်ထင်ပါတယ် ၂၃ သို့မဟုတ်၂၄ လောက်ဖြစ်ရမှာပါ၊ ဖေါ်ပြထားတဲ့အတိုင်းဖြစ်အောင်သေသေချာချာရိုက်ပေးထားတာပါ။ အက္ခရာ “ ရွေ့ ” ကတော့မရိုက်တတ်လို့ ရိုက်လို့ရတဲ့အတိုင်းရွှေ့ ပေးလိုက်တာပါခင်ဗျ။

“ ဧ။် ” ကိုလဲ အက္ခရာ ဧ ကို “ ။ ” နဲ့ “   ် ” ပေါင်းပြီးရိုက်ပေးလိုက်တယ်နော်။)

ကဲ ကျနော်ရခဲ့တဲ့ အချက်အလက်တွေတော့တင်ပေးလိုက်ပါပြီ။ ၁၉၉၆ မှာ ကျနော် မုံရွာ GTI မှာဆရာဖြစ်နေပါပြီ။ GTI တော့ အဲလောက်ကြီး ရက်ရှည်မပိတ်ခဲ့ဘူးထင်တာဘဲ။ ၁ရ နှစ်လောက်ကြာ သွားပြီဆိုတော့ သိပ်မမှတ်မိတော့ဘူးလေ။

အထက်ဓါတ်ပုံပါ စာအုပ်ကိုဖတ်နေရင်း သတိပြုလိုက်မိတာက ၁၉၉ရ ဇန္နဝါရီလ ၁ ရက်နေ့ မှာ ရန်ကုန်စက်မှုတက္ကသိုလ်ကို အသစ်ဖွဲ့စည်းဖွင့်လှစ်လိုက်တဲ့ Ministry of Science and Technology လက်အောက်ကိုပြောင်းပေးလိုက်တော့တာပါ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေးစနစ်ကြီးတစ်ခုလုံး DSA အပတ်စဉ် ၁ က Best Cadet ရ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ဟောင်း ဦးသောင်း  ( ကျောက်ဆည် သား ) ရဲ့ စနစ်တကျ………………………………………ခြင်းကိုစတင်ရင်ဆိုင်လိုက်ကြရပါပြီ။

ဝိုင်းဝန်းဆွေးနွေးပေးကြပါဗျို့၊ သမိုင်းပုံရိပ်တစ်ခု ပိုပြီး ရုပ်လုံးပေါ်လာ၊ အမှန်တရားတစ်ခု ပိုပြီး ထင်ထင်ရှားရှားဖြစ်လာရအောင်ပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

With respect,

Swal Taw Ywet.

12 comments

  • Swal Taw Ywet

    December 5, 2013 at 5:16 pm

    TNA တင်ပေးထားခဲ့တာ ဇွန်လ ၂၈၊ ၂၀၁၂ ကတည်းကပါခင်ဗျ။
    Link ပေးဘို့ ပြန်မရှာတတ်တော့လို့ ကူနိုင်သူတွေ ကူပေးပါဦး။
    သို့မဟုတ် TNA နဲ့ MOCHO တို့ရေ Link လေးတွေ ပြန်ဖြည့်ပေးစေချင်ပါတယ်ခင်ဗျ။
    With respect,
    Swal Taw Ywet.

  • kai

    December 5, 2013 at 5:46 pm

    ၉၆ဆိုတော့.. ဂျာပွန်ရောက်နေပြီဗျ..
    ဘယ်လိုမှမသိတော့…

    သေချာတာကတော့.. စက်မှုတက္ကသိုလ်ကို.. အညိုးကြီးကြီးနဲ့..ဖျက်ဆီးသူတွေထဲ.. ဘိုခင်ညွှန့်နဲ့..ဦးသောင်းထိပ်ဆုံးကပါတာပါပဲ… လို့..။
    မြန်မာပြည်မယ်.. မဆလခေတ်က.. ဆရာဝန်အသင်းရှေးကထဲကရှိပေမယ့်.. အင်ဂျင်နီယာအသင်း..မဖြစ်ခဲ့ဖူး…။
    အင်ဂျင်နီယာတွေစုမိမှာ.. သိပ်ကြောက်ရှာတယ်ထင်ပါ့..

    ဆိုတော့..
    ခုနလေးတင်.. ဖေ့စ်ဘုတ်ထဲ.. ဘာတဲ့.. အင်ဂျင်နီယာကောင်စီဆိုလား.. ဥပဒေပြုတာကြီးဖတ်လိုက်ရသေး…။

    ဟေး..ဟေး…. :kwi:

  • ဦးကျောက်ခဲ

    December 6, 2013 at 8:32 am

    ၉၆ ကျောက်စ်လည်း စင်ကာပူရောက်နေပြီ…
    ဘိုခင်ညွန့်နဲ့ ဦးသောင်းက စက်မှုတက္ကသိုလ်ကိုတင်ဖျက်တာမဟုတ်…
    မြန်မာနိုင်ငံ ပညာရေးလောကတစ်ခုလုံးကို စံနစ်တကျ ဖျက်သွားတာ…
    အခုမှလာပြီး “ဘဘစိတ်ပူတယ်” လို့ လေသံကောင်း လွှင့်နေတယ်…
    ဒီလူတွေကို ဘယ်လိုမှ စိတ်ထဲမှာ ခွင့်လွှတ်ပေးလို့မရဘူး…
    🙁

  • kyeemite

    December 6, 2013 at 9:43 am

    အက္ခရာ “ ရွေ့ ” ကတော့မရိုက်တတ်လို့ ရိုက်လို့ရတဲ့အတိုင်းရွှေ့ ပေးလိုက်တာပါခင်ဗျ။
    “ ဧ။် ” ကိုလဲ အက္ခရာ ဧ ကို “ ။ ” နဲ့ “ ် ” ပေါင်းပြီးရိုက်ပေးလိုက်တယ်နော်။)

    ဝင်ပြီး အတည်ပေါက်နဲ့ ဆရာလုပ်လိုက်အုံးမယ်…ကိုစွယ်တော်ရေ
    Esc ခလုတ်အောက်က ~ နဲ့ Y နဲ့တွဲရိုက်ရင်…၌
    ~ နဲ့ T နဲ့ တွဲရိုက်ရင်…ဤ
    ~ နဲ့ I နဲ့တွဲရိုက်ရင်…၍
    ~ နဲ့ O နဲ့တွဲရိုက်ရင်…ဿ
    ၏ ကတော့ F11 အောက်ကခလုတ် 😀

  • KZ

    December 6, 2013 at 10:14 am

    အဲဒီ ဦးတောင်း ပေါ့။
    အနော်တို့ ကျောင်းသား လိုက်(ဖ) ကို ဖျက်စီးခဲ့တဲ့ လူဂျီးးးး
    နည်းပညာကို အဆင့်မမှီလုပ်ပစ်ခဲ့တဲ့ လူဂျီးးး

    😥

  • TNA

    December 6, 2013 at 12:02 pm

    http://myanmargazette.net/134156
    လင့်လေးကဒီမှာပါ။ အဲတုန်းက သေလုအောင်ပြေးခဲ့ရတာ တသက်မမေ့ဘူး။ ရင်တုန်စရာတွေ ထိပ်လန့်တုန်လှုပ်မှု့တွေနဲ့ အိမ်ကိုမနဲရောက်အောင်ပြန်ခဲ့ရတာ။ ကျောင်းသားလဲဖြစ်ပြန် အသက်ကလဲ ငယ်သေး သူငယ်ချင်းကလဲမရှိ နေတာကလဲကိုယ်တယောက်ထဲဆိုတော့ အားငယ်လိုက်တဲ့ဖြစ်ခြင်း။ 😥

  • TNA

    December 6, 2013 at 1:05 pm

    အဲတုန်းကဖြစ်တာက သေချာရှင်းလိုက်ရင်အဲလောက်ဆိုးမှာမဟုတ်ဘူး။ သူတို့ကတဖက်စောင်းနင်းရှင်းလိုက် တာ။ စည်ပင်ဝန်ထမ်းတွေကိုအပစ်မရှိဘူးဆိုပီး ကျောင်းသားတွေက အပစ်ပုံချလိုက်တာ။ ကျောင်းသားတွေ ဖက်ကတောင်းဆိုတာက စည်ပင်ဝန်ထမ်းတွေကိုလဲအရေးယူပေးပါဆိုတာကို သူတို့က မသိချင်ယောင် ဆောင်နေတာကိုမခံနိုင်ဖြစ်သွားပြီးကြေငြာချက်ကိုလဲ ကျောင်းသားတွေအမှားပါဆိုပြီးထုပ်တာ။ အဲပွဲမှာ မြန်မာပြည်ပညာရေးစနစ်လဲဂျွမ်းထိုးမှောက်ခုံဖြစ်သလို အဝေးပြေးဝင်းထဲကစားသောက် ဆိုင်တွေလဲ မင်းဓမလမ်းပေါ်က ကွက်လပ်ထဲနှင်ထုပ်ခံရပြီး စီးပွားပျက်လုနီးပါးဖြစ်ခဲ့ကြရရှာတယ်။ စားသောက်ဆိုင်တွေကြောင့်ပြသနာဖြစ်တယ်တဲ့။ ဘာမှလဲမဆိုင်ဘူး။ တကယ်တော့ ဥပဒေအထက်မှာ ဒင်းတို့ရှိနေလို့ဖြစ်ရတာ။ တသက်မကျေဘူး။ တကယ်။

  • weiwei

    December 6, 2013 at 2:14 pm

    အဲဒီတုန်းက နောက်ဆုံးနှစ် ဂျီဟောသူ ..
    အခန်းအောင်းပြီး စာကြိုးစားနေတဲ့အချိန်ဆိုတော့ ဘာဖြစ်မှန်းတောင် မသိလိုက်ဘူး ..
    ကျောင်းပိတ်လိုက်တယ်ဆိုတော့ စိတ်ဓါတ်ကျလိုက်တာ အရမ်းပဲ ..
    ပညာရေးမှာ ကံဆိုးသူမောင်ရှင်တွေလေ … ၁ဝ တန်းတုန်းကလဲ ၈၈ နဲ့ ကြုံလိုက်ရသေးတယ် ..

  • 1996မှာ ရှစ်တန်းကျောင်းသူပဲရှိပါသေးတယ်။
    ဆရာဟောင်းကြီးတွေကိုပြန်ပြချင်လို့ print save သွားပါတယ်

  • ဦးကြောင်ကြီး

    December 9, 2013 at 9:59 am

    ဗန္ဓုလပန်းခြံနားက ယူအက်စ်သံရုံး(အဟောင်း)ကို ညသန်းဂေါင်ကျော်ဂျီး ချီတက်လာတဲ့ ပွဲမှတ်တယ်။ သူတို့ ချီတက်လာတော့ ဘာလို့ သံရုံးအရောက် အခွင့်ပေးလိုက်သလဲ စဉ်းစားလို့မရဘူး။ နောက်ပိုင်း လှည်းတန်းပွိုင့်မှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်တယ်။ နောက်တော့ ထုံးစံအတိုင်း အနှိပ်ကွပ် ခံလိုက်ရတာပဲ။ အဲဒီအချိန်က ဒီမိုတွေ အလဲလဲ အကွဲကွဲ ဖြစ်နေချိန်ဆိုတော့ ထင်သလောက် လူထုမပါနိုင်ခဲ့ဘူး။ ဦးဆောင်သူ ကျောင်းသားများ အနှစ်၂ဝဆီ ထောင်ချခံရတယ်။ ဘိုခင်ညွန့်ရေ.. ဒါမျိုးတွေ ရှင်းဖို့ ကျန်သေးတယ်နော်..

    • TNA

      December 9, 2013 at 3:59 pm

      အဲတုန်းကလူထုသိပ်အများကြီးမပါဘူး။ ဒါပေမဲ့ဂိုးရှိုးဆိုင်ပိုင်ရှင်သားက တောက်လျှောက်ကားနဲ့ လိုက်ပြီးရေသန့်လိုက်ဝေအားပေးတဲ့အကျိုးဆက်ကတော့ အတော်ခံလိုက်ရသပေါ့။

  • johnnydeer

    December 17, 2013 at 8:31 am

    စစ်အစိုးရ သက်တမ်းတလျှောက် ပထမဆုံးလူသိရှင်ကြား ပေါ်ပေါ်တင်တင် တော်လှန်ခံခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ…သူတို့တအားကြောက်သွားတယ်…ကျောင်းတွေ အကြာကြီး ပိတ်လိုက်တယ်…ကျောင်းဖွင့်တော့ ပါဝင်ခဲ့တဲ့သူတွေကို ကျောင်းတက်ခွင့် ပိတ်လိုက်တယ်…ဖြစ်ဖြစ်ချင်းဦးစီးဦးဆောင်ထင်တဲ့သူတွေကို ဖမ်းတယ်…ပြီးတော့ ကျောင်းတွေကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင်လုပ်ပစ်လိုက်တယ်…ကျွန်တော် ဒုတိယနှစ်မှာပေါ့…အခန်းဖော် ကျောင်းထုတ်ခံလိုက်ရတယ်…ကမ္ဘာကျေသော် ဥဒါန်းမကြေပါပဲ…ဒင်းတို့နဲ့ စက်မှုကျောင်းသားတွေကတော့…

Leave a Reply