နဂါးတစ်ကောင် ရဲ့ ကိုယ်ရေးရာဇဝင်
နဂါးတစ်ကောင်ရဲ ့ ကိုယ်ရေးရာဇဝင်
______________________________
ယုတ္တိရှိခြင်းတွေကို အန်ထုတ်. . . .
သဘာဝမကျခြင်းတွေကို. . . . . . . ဝါးစားခဲ့ရပြီးမှတော့. . . . . . . . . . .
အတ္တကိုလည်း အလံထူမပြချင်တော့ဘူး။
—————–
Yes နဲ ့ No ကို အခါတစ်သိန်းစီချရေး. . .
သေသေချာချာသော့ခတ်ပိတ်ဆို့ထားတဲ့
”အရေးပေါ်ထွက်ပေါက်တွေ ” ရှေ ့မှာ. . . .
”သားကောင်ဒူးထောက် ” ထိုင်ချရုံကလွဲလို့
. . . . . . . . . . . . . . . . . .
သီချင်းတွေတောင်. . . . .
အသံမပါအောင် သီဆိုခဲ့ရပြီလေ. . . ။
——————
အမြင်မကြည်ဘဲနဲ ့. . .
အကြည်မြင်ချင်တဲ့ မျက်လုံးတွေကိုမုန်းလို ့
စကားလုံးတွေ မီးဝင်းဝင်းတောက်လိုက်ချင်တယ်. . .။
——————
နဂါးမှန်းသိအောင်
အမောက်ကြီး ထောင်ထောင် မပြစမ်းပါနဲ့
မျက်စိနောက်လို ့. . . . . . . . . . . . . . . . .။
တကယ့်နဂါးဆိုရင်. .. . . . . . . . . . . . . .
အကြည့်တစ်ချက်နဲ့တင် လုံလောက်တယ် ။
အဟက် ။
——————
မရေမရာသေချာတဲ့စကားတစ်ခွန်းတော့
ငါ. . . .ပြောပြဦးမယ်. . . . . . . . . . . . . . ..
ငါဟာ. . . . . . . . . . . . . . . . . . . . . . . . . ..
မျက်စောင်းမထိုးတတ်တော့တဲ့. . . . . . ..
ခပ်ညံ့ညံ့နဂါးတစ်ကောင်.ပဲ . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . .။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အလင်းဆက်
1 / 12 / 2013
23 comments
ဦးကြောင်ကြီး
December 9, 2013 at 9:15 am
ရာဇဝင်
ဘာထင်
ခါချဉ်
စာတင်
ငါပင်
နှာရွှင်
ဖာမြင်
နွှာဂျင်..
alinsett
December 9, 2013 at 9:40 am
နွှာချင်ပါဘူး
အုကျောင်ပဲနွှာ
:kwi:
မဟာရာဇာ အံစာတုံး
December 9, 2013 at 9:30 am
သူညားဒွေ
အမောက်ထောင်ပြတာ မပြတာတော့ မသိဘူး
နင့် စာလုံးကြီးတွေကတော့ဖြင့်
ပြူးပြူးပြဲပြဲကြီးနဲ့ အမောက်တွေ ထောင်ပြနေဒါတော့ ကိုယ်တွေ့ဘဲ ..
alinsett
December 9, 2013 at 9:44 am
ဒါက လက်ရေးကြီးကြိီးရေးလေ့ရှိတဲ့နဂါးလေ
🙂
KZ
December 9, 2013 at 11:27 am
စကားမစပ်။
နဂါး ဆိုတာ ဂယ် ရှိတလားးးး
ခု ပုံ ထဲက ဟာက တရုတ် နဂါးးးး ၊
ဗမာ နဂါးက ခြေထောက်မပါဘူးးးး
အင်္ဂလိပ် နဂါးက တောင်ပံပါတယ်။
ဘယ်ဟာ အမှန်တုန်းမသိ။ 🙄
😀
ဦးကြောင်ကြီး
December 9, 2013 at 11:39 am
မြေနဂါး ရေနဂါး နဂါးပေါင်းသောင်းခြောက်ထောင် ရှိသကွဲ့။ ဘာဓဲ့ ဂဠုန်ဖမ်းနိုင်တဲ့နဂါးက ရေထဲက နဂါးတဲ့.. မြေနဂါးက ဂဠုန် မကြောင်ဆိုဗဲ..။ သဂျီးရေ ခင်ဗျားအိမ်အောက်မှာ နဂါးတွင်း ရှိသဗျ.. ပေါက်ကရ သိပ်မလုပ် သိပ်မပြောနဲ့.. နဂါးမျက်စောင်း အရွယ်သုံးပါး အရွေးဗူး.. တော်ကြာ သာမီးတော်လေး အဆစ်ပါသွားဦးမယ်…
kai
December 9, 2013 at 3:48 pm
တောက်စ်..
ဒီခေတ်မှာ.. နဂါးတကောင်..ဓါတ်ပုံရယုံနဲ့.. ဖြစ်တယ်.. ဖြစ်တယ်..
မီလျံနာ.. နာ…။
နဂါးရေ.. ကိုယ်ထင်ပြပါဟေ့ဟေ့..
ငရဲရေ… ခေါ်ပါဟေ့ဟေ့..။ :kwi:
alinsett
December 9, 2013 at 6:31 pm
ကျွန်တော် ပြလိုက်တဲ့ နဂါးပုံကတော့
google ထဲက အလွယ် ရှာထည့်လိုက်တာ ။
:kwi:
—————
alinsett
December 9, 2013 at 6:35 pm
နဂါးဆိုတာ တကယ်ရှိတယ်ဆိုလည်း
အခုလို အမောက်ကြီးတွေ တထောင်ထောင်နဲ့ လှတပတ ဟုတ်မယ်မထင်. . .
မြွေမျိုးမြွေနွယ်မို ့ပြောင်ချော်ချော်. . .
အခုလို ခန့်ခန့်ကြီးလည်း မဟုတ်လောက်
🙂
ကဗျာကို ဝေဖန်ကြပဲနဲ့ နဂါးဘက် လှည့်နေကြပြီ။
လူဇိုးဒွေ
:kwi:
kyeemite
December 9, 2013 at 2:21 pm
နဂါးဆိုတာ ဘယ်နှစ်မျိုးရှိရှိ မြွေမျိုးပဲကွ
ဆိုတော့ တွင်းအောင်းသတ္တဝါပဲ…“တွင်း” ကြိုက်တယ် 😀
alinsett
December 9, 2013 at 6:28 pm
ဒီ နဂါးက
ကဗျာရေးတဲ့နဂါးး
တွင်းတော့ ကြိုက်ပါတယ်
အဟိ
ကြွက်တွင်း ပြောတာပါ
ရေလောင်းလောင်းချပြီး ဆော့ခဲ့ဖူးတယ်
ငယ်ငယ်က
🙂
•*¨နန်းတော်ရာသူ •*¨
December 9, 2013 at 8:24 pm
ခံစားချက်တွေပြည့်နေတာကို ရင်ဘတ်ဖောက်ချထားမှန်းသိသာတဲ့ စကားလုံးကြီးတွေပါလားးးးးးး
သက်သာတာပေါ့ကွယ်
ကိုယ်ကြိုက်ရာကိုယ်လုပ်ကြမယ်ဟေ့….
😀
alinsett
December 9, 2013 at 8:28 pm
ကဗျာလေးကို..ခံစားဖတ်ရှုပေးသွားတဲ့အတွက်..
မမနန်း….ရေ..
ကျေးဇူးပါ… ။
Mr. MarGa
December 10, 2013 at 3:12 pm
နဂါးမှန်းသိအောင်ထင့်
စာလုံးတွေက ပြူးပြဲလို့
မျက်စိထဲဝင်မလာဘူး
လျှံထွက်ကုန်တယ်
ဘယ်က လိုက်ဖမ်းရပ
alinsett
December 10, 2013 at 3:56 pm
အင်
သဂျားမျက်စိကလည်း
နတ်မျက်စိသာဆိုတယ်
ပြူးသလောက် ကျဉ်းတယ်
ဟီဟိ
black chaw
December 14, 2013 at 12:31 pm
အရသာ ရှိတဲ့ ကဗျာတစ်ပုဒ် ဖြစ်ကြောင်း…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
alinsett
December 14, 2013 at 4:21 pm
လာရောက်
ဖတ်ရှု
ခံစား ပေးသွားသော
လေးလေး ဘလက်
ကျေးဇူးပါ
ဦးကျောက်ခဲ
December 14, 2013 at 12:38 pm
ကဗျာတော့ ဖတ်ပြီးပြီ… နဂါးတော့မသိဝူး…
ကျောက်စ် မြင်တာတော့ ကြောင်မဲပျင်း ဒညင်းဝက်က နားကား တယ်ကွယ့်..
😀
alinsett
December 14, 2013 at 4:24 pm
:kwi:
ဒါရှို. . . .
နားကားဒဂေါင် ရဲ့ ကိုယ်ရေးရာဇွင် ပေါ့နော် လေးကျောက်စ်
ကျော် ကျားဖူးတာတော့
နား ကားတဲ့ လူတွေက အတွေးအခေါ်ဗဟုသုတ နည်းတယ်ဆိုလားးးး
surmi
December 14, 2013 at 12:48 pm
နဂါးနဲ့မှ သွားနှိုင်းမိသကိုးးး…
ဖတ်ရင်းနဲ့ လန့်လိုက်တာကွာ
alinsett
December 14, 2013 at 4:27 pm
သိပ် လန့်တွားပါတလား ဦးဆာ
🙂
ဒါတောင်
အနော်က အမောက် မထောင်ပြတတ်တေးဝူး
:kwi:
ကျော်စွာခေါင်
December 16, 2013 at 1:41 am
ခင်မင်ရပါသော
နဂါး…
ဒေါသထွက်ရင်လည်း အနေအထိုင် ဆင်ခြင်ပါ
ပုဒ်မ ၁၈နဲ ့ ငြိမယ်..
နဂါးနိုင်မလေးတွေ လွှတ်လိုက်ရမလားးးးးး
…
စကားမစပ်
ဟာသလေးတခု ကြားဘူးတယ်.. နားကားသူတွေက ပညာရှိဖြစ်တတ်တယ်ဆိုဘဲ..
နားကားတဲ့ ကလေးတစ်ယောက်အဖေက သူ့သားအကြောင်း မိတ်ဆွေကိုပြောတယ်…
အဖေ။ ။ကျုပ်…ဒီကောင်ကို မွေးတုန်းက နားကားကားလေးဗျ..တော်တော် မျှော်လင့်ချက်ထားခဲ့တာ
မိတ်ဆွေ။ ။ …အခုကြီးလာတော့ ပညာတတ်ဖြစ်လား
အဖေ။ ။ စွပ်ကျယ်အကျီတွေ လည်ပင်းပေါက် ကျယ်တာဘဲ အဖတ်တင်တယ်….
တဲ့။
ဦးခေါင်တို ့ရဲ ့ အလင်းဆက် နဂါးကရော….
ဘာလို အကျိမျိုးဝတ်လဲ…။
alinsett
December 16, 2013 at 7:35 am
အဟိ
ကျနော်က . . .
ကိုယ် ဝတ်တဲ့အကျီ င်္
ဘာအမျိုးအစားမှန်း မသိသေးတဲ့ နကားးးး
🙂