Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှေ့ရေး

မြသဲ ( 17082011 )January 1, 20141min55628

ကျွန်မတို့ နိုင်ငံမှာ ဘိုးစဉ်ဘောင်ဆက် မပြောမဖြစ်လက်ဆင့်ကမ်းသယ်လာတဲ့ စကားရပ်တွေ ဓလေ့တွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ မပါမဖြစ် မလိုက်နာရင် မဖြစ်တဲ့စကားလေးကတော့ “ အိုစာမင်းစာ၊ တုံးလုံးစာ၊ ရှေ့ရေး ” ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘယ်လောက်အလုပ်ရှိရှိ ဘယ်လိုအလုပ်ရှိရှိ နိုင်ငံသားတစ်ယောက်ရဲ့ဘဝကို ဘာအာမခံချက်မှမပေး နိုင်တဲ့ဒီလိုနိုင်ငံမှာ လူဖြစ်လာတဲ့သူတွေအဖို့ ကိုယ့်အထုပ်ကိုထုပ်ကြရပါတယ်။ ပိုလျှံသမျှ မသုံးမစွဲရက်ပဲ နောင်ရေးဆိုပြီးစုကြဆောင်းကြရ တာ ခေတ်အဆက်ဆက်ပါပဲ။ သူများနိုင်ငံတွေကတော့ တလစာတလအကုန်သုံးလဲဘာမှ မဖြစ်၊ နှစ်ကုန်ဘောနပ်ရရင် ကမ႓ာတောင်ပါတ်လိုက်ကြသေး။ ကျွန်မတို့မှာတော့ တိုင်းထွာ ချွေတာ စုဆောင်းရင်း ဘယ်မှရောက်ဖြစ်ကြပါဘူး။ ဒါတောင် ဒီဖက်ခေတ်လမ်းပန်းဆက်သွယ်ရေးကောင်း၊ ကားတွေများ၊ အခက်အခဲတွေနဲ သွားလို့ ပြည်တွင်း ခရီးတိုလေးတွေထွက်နိုင်လာပါတယ်။ နိုင်ငံတော်ကစောင့်ရှောက် လို့မဟုတ်ပါဘူး။ အခုပြောမယ့်ဖြစ်ရပ်ကလေးက ဒီအခြေအနေကို ဘယ်လောက် တောင်ထင်ထင် ရှားရှားသက်သေပြနေသလဲဆိုတော့ ဒီနိုင်ငံမှာ နေတဲ့လူတွေ အတော်ကို သနားစရာကောင်းတာပဲလို့မြင်မိပါတယ်။

နယ်တခုမှာပေါ့။ အမေကသူ့သားကျောင်းထမင်းချိုင့်ကို ငါးပေါက်စလေးတွေ အိုးကပ်ချက်ပြီးထည့်ပေးတယ်။ ညနေကျောင်းပြန်ရောက်တော့ ထမင်းချိုင့်ဖွင့်ကြည့်တော့ ဟင်းတွေကျန်နေတာတွေ့ရတယ်။ အဲတော့ အမေက သူ့သားကိုမေးတာပေါ့။

“ ဟဲ့သား ဘာလို့ဟင်းတွေကုန်အောင်မစားတာလဲဆိုတော့ အမေကလဲဗျာ ရှေ့ရေးကရှိသေးတယ်။ နေ့ဖို့ညစာချန်ရတာပေါ့” တဲ့။

တကယ်တော့ ဒီကလေးကလူကြီးတွေပြောတာကို လိုက်နာတာပါ။ သူ့အတွေးနဲ့သူ လုပ်လိုက်တာမှန်ပေမဲ့ ကျွန်မကတော့ ဒီနိုင်ငံရဲ့လက်ရှိပြယုတ်ကို မီးမောင်းထိုးပြနေ တယ်လို့ခံစားမိပါတယ်။ နိုင်ငံတကာကလူတွေ၊ တခြားနိုင်ငံသားတွေ နှစ်ကုန် မှာ ကမ႓ာပါတ်နေတဲ့အချိန်မှာ ကျွန်မတို့ကတော့ “ အိုစာမင်းစာ၊ တုံးလုံးစာ၊ ရှေ့ရေး ” တွေ အတွက်လုံးပမ်းနေရတာ ရင်နာစရာလို့ နှစ်စစခြင်းမှာခံစားနေရလို့ ဒီစာလေးရေးလိုက်မိပါတယ်။

28 comments

  • Ma Ma

    January 1, 2014 at 5:53 pm

    မှန်လိုက်တာ သဲရေ။
    အိုစာထက် မင်းစာက ခက်။
    နေရေးထက် သေရေးက ခက်လို့ ….
    ဆေးကုဖို့ မတတ်နိုင်တဲ့ နာမကျန်းသူတွေမြင်တိုင်းးးးး ကိုယ့်အလှည့်ကျရင်ကောလို့ တွေးမိတယ်။ 🙁

    • TNA

      January 1, 2014 at 10:42 pm

      တကယ်ပါမမရေ တွေးရင်းတွေးရင်းဒေါသထွက်ထွက်လာလို့ပါ။ တကယ့်ကို အောက်ကျနောက်ကျနိုင်လွန်း လှတယ်လို့ခံစားမိပါတယ်။ နိုင်ငံသားဖြစ်ပြီး ဘာအခွင့်အရေးမှမရ၊ အထက်တမျိုး အောက်တမျိုး ခွဲခြားခံရ၊ သူများတိုင်းပြည်မှာလဲ မျက်နှာငယ်ခံရနဲ့ ဆင်းရဲ ဒုက္ခတွေခါးစည်းခံနေရတာ ခံပြင်းလွန်းလို့ပါ

  • အော် တီသဲတို့လိုလူတွေကတောင် ဒီလိုတွက်ဆတတ်နေပြီဆိုမှဖြင့်
    သာမီးတို့လိုဝန်ထမ်းမိသားစုဘွ တွေးသာကျိတော့
    😥

    • TNA

      January 1, 2014 at 10:47 pm

      ဘယ်လိုအဆင့်မျိုးပဲဖြစ်ဖြစ်သာမာန်လူတန်းစားတွေရဲ့ခံစားချက်ကတော့ အတူတူပဲလို့ထင်ပါတယ် နန်းတော်ရာသူရေ။ ကိုယ်တွေလဲ သာမာန်လူတန်းစားတွေမို့ သူများနည်းတူပါ ပဲ။ ခြစ်ကုတ်ချွေ တာ ရှေ့ရေး နောင်ရေး အိုစုံလို့ပါပဲ။ ဘဝအာမခံချက်မှမရှိတော့ ကိုယ့်ကလေးအတွက်အာမခံချက် ကလေးတခုခုဖြစ်ဖြစ်လုပ်ပေးနိုင်ခဲ့အောင်ကြိုးစားနေရဆဲပါ။

    • Foreign Resident

      January 2, 2014 at 2:30 pm

      •*¨နန်းတော်ရာသူ •*¨ says:
      ” သာမီးတို့လို ဝန်ထမ်းမိသားစု ဘွ တွေးသာကျိတော့ ”

      အဟိ ၊ အဘ မိဘ ၂ ယောက်စလုံးကလည်း
      ဝန်ထမ်း ပင်စင်စားတွေဘဲ ၊ အဟိ ။
      😥

      • TNA

        January 2, 2014 at 3:55 pm

        အော်အဘရယ် အဘတို့ကလဲ လစာကုန်အောင်သုံးဘာမှမဖြစ်တဲ့သူတွေထဲမှာပါဒလေ အဘရယ်။ အခုဟာက မြန်မာပြည်ထဲက သာမာန်လူတန်းစားတွေရဲ့ ဘဝအာမခံချက်ကိုပြောနေတာပါ အဘရယ်။

  • alinsett

    January 1, 2014 at 8:42 pm

    တီသဲတို ့ရေးလိုက်ရင်..
    တိုတိုနဲ ့ထိထိမိမိ….

    ကွက်တိပဲ.. ။

    ————-

    • TNA

      January 2, 2014 at 1:59 pm

      အဟဲ ငါ့ရဲ့ စာရေးစွမ်းရည်က ဒလောက်ပဲရှိတာလေဟာ။ ပြောချင်တာ ဒဲ့ပဲပြောတတ်တဲ့ အကျင့်ကြောင့် စာကလဲ အဲလိုပဲ ဂွတိဂွကျ ဒုတ်ထိုးအိုးပေါက်တွေဖြစ်နေဒပေါ့အေရယ်။ :mrgreen:

  • weiwei

    January 2, 2014 at 10:07 am

    ဒီနေ့မနက်ပဲ ရှေ့ရေးအကြောင်းပြောကြရင်း ရင်လေးသွားကြရသေးတယ် … အတူလုပ်နေတဲ့ အရာရှိဝန်ထမ်းတစ်ယောက်က သူ့ရှေ့ရေးအတွက် အစိုးရအလုပ်ကနေ ထွက်မှဖြစ်တော့မယ်ဆိုပြီး လာတိုင်ပင်နေလို့လေ …

    • TNA

      January 2, 2014 at 2:32 pm

      အစိုးရဝန်ထမ်းမှမဟုတ်ပါဘူး မဝေရေ ကုမ္ပဏီဝန်ထမ်းတွေလဲ အာမခံချက်မရှိပါဘူး။ ပင်စင်ယူပြီးရင် ကိုယ့် အထုပ်ကိုယ်ဖြေကြရတဲ့သူတွေချည်းပဲမဝေရေ။ တကယ်ဆို နိုင်ငံသားတစ်ယောက်ဘဝ အာမခံချက်ရှိသင့် တာပေါ့နော် 😥

  • မဟာရာဇာ အံစာတုံး

    January 2, 2014 at 11:46 am

    နှစ်ကုန်တော့ ဘောနပ်ရဘာဒယ်
    တစ်သောင်း .. ဒဲ့ …
    ဒါတောင် ကုန်အောင် မသုံးနဲ့အုံးဆိုဘဲ …

    ရတဲ့ လုပ်အားခ နဲ့ နေစရိတ် စားစရိတ် မမျှတခြင်းဟာ
    အဓိက အချက်ဖြစ်မယ်လို့ပဲ ထင်ပါတယ် တိုရီးသဲရေ …

    • sorrow

      January 2, 2014 at 11:53 am

      တစ်သောင်းတောင်ရသလားကွယ်…ကိုယ်တွေများ Happy new year အစချီထားတဲ့ ဆဲစာတစ်စောင်ပဲရတယ်… သူဌေးဆီက ..အဟင့်ဟင့်

      • မဟာရာဇာ အံစာတုံး

        January 2, 2014 at 12:06 pm

        အွန် …
        ဟက်ပီး နယူးယီးယားမှာ ဆဲ ရဒလားးး
        တိုရီး ကလည်း နယူး ကို ဖြုတ်ပီး ယီးယား လို့ ပြန်ဆဲပလိုက်ပါ့လားလို့ .. ဟွန်းးး

        • TNA

          January 2, 2014 at 3:59 pm

          အိုက်ဒါဆို ဆြာဆောဒို့ လိမ်ဗျံစီးပီး ဟိုနားရောက်တွားမယ်ထင်ဘာ့ ပြန်ပြောရင် တထေးကပို့မယ် ဆိုလား ဘောနပ်တောင်းရင်ပို့မယ်ဆိုလား ငိငိငိ

      • Foreign Resident

        January 2, 2014 at 2:27 pm

        sorrow says:
        ” ကိုယ်တွေများ Happy new year အစချီထားတဲ့
        ဆဲစာတစ်စောင်ပဲရတယ်… သူဌေးဆီက ”

        ကိုရင် sorrow ကော နောက်နေ ကျတာလား ?????

      • TNA

        January 2, 2014 at 3:52 pm

        ဆြာဆောတို့ ဇာတ်နာအောင် ကနေဗျန်ဘီအေရယ်။ ညီးတို့ကို ဟိုဒင်းပို့မယ်ပြောထားသားပဲ သွာလိုက်ပေါ့အေရယ် :mrgreen:

    • Foreign Resident

      January 2, 2014 at 2:26 pm

      မဟာရာဇာ အံစာတုံး says:
      ” နှစ်ကုန်တော့ ဘောနပ်ရဘာဒယ် တစ်သောင်း .. ဒဲ့ …”

      အံစာ နင် နောက်နေတာ မဟုတ်လား ?????

    • Foreign Resident

      January 2, 2014 at 2:36 pm

      အင်း ၊ သူများသာ သွား ပြောနေတယ် ၊ တကယ်က ၊
      အဘ အလုပ်ကလည်း ၊ ဘာ ဘိုးနပ်စ် မှ မပေးပါဘူးကွယ် ။
      အဲ အဘ က တော့ ၊ ရတဲ့ လစာ နှင့်ဘဲ ကျေနပ်နေတော့ ၊
      ပြဿနာ မရှိဘူးပေါ့လေ ။

    • TNA

      January 2, 2014 at 3:25 pm

      ဒေါ်လှလားဟေ သောင်းက :mrgreen:

      ရတဲ့ လုပ်အားခ နဲ့ နေစရိတ် စားစရိတ် မမျှတခြင်းဟာ အဓိက အချက်ဖြစ်မယ် ဆိုပေမဲ့လဲအေ ရယ် ပြောရရင်တော့ အရှည်ကြီးပါပဲ။ အခွန်ကောက်တာကနေ စပြောရရင်အကုန်ပါကုန်တော့မယ်။ အဓိကကတော့ အခွန်သေချာကောက် ( မခိုးဖို့လဲလိုသေးသပေါ့ 😀 ) နောက်နိုင်ငံသားတွေ အတွက်သေချာကျန်းမာရေပညာရေး နောင်ပင်စင်အထိသေချာစနစ်တကျသုံး၊ ကုန်ဈေးနှုန်းလျှော့ ချလိုက်ရင် ဘာပူစရာရှိတော့မှာလဲအေရယ်။

    • TNA

      January 2, 2014 at 3:26 pm

      ဒေါ်လှလားဟေ တစ်သောင်းက :mrgreen:

      ရတဲ့ လုပ်အားခ နဲ့ နေစရိတ် စားစရိတ် မမျှတခြင်းဟာ အဓိက အချက်ဖြစ်မယ် ဆိုပေမဲ့လဲအေ ရယ် ပြောရရင်တော့ အရှည်ကြီးပါပဲ။ အခွန်ကောက်တာကနေ စပြောရရင်အကုန်ပါကုန်တော့မယ်။ အဓိကကတော့ အခွန်သေချာကောက် ( မခိုးဖို့လဲလိုသေးသပေါ့ 😀 ) နောက်နိုင်ငံသားတွေ အတွက်သေချာကျန်းမာရေပညာရေး နောင်ပင်စင်အထိသေချာစနစ်တကျသုံး၊ ကုန်ဈေးနှုန်းလျှော့ ချလိုက်ရင် ဘာပူစရာရှိတော့မှာလဲအေရယ်။

  • Wow

    January 2, 2014 at 12:39 pm

    နဲတဲ့အကုသိုလ်မဟုတ်ဘူး ဒီနိုင်ငံမာ လူဖစ်တာ.. 😥 :byee:

    • TNA

      January 2, 2014 at 4:01 pm

      ဒညင်းဝက်အဆိုအရ အသက်ရှင်နေဒါတောင်ကံကောင်းဆိုဘဲ ဒီတိုင်းပြည်မယ်လူဖြစ်ရဒါ 😥 :byee:

  • အာတီသဲရယ်..ဒမှာ သူများနိုင်ငံက အစိုးရဝန်ထမ်းနဲ့ ကိုယ့်နိုင်ငံက အစိုးရဝန်ထမ်းအကြောင်း တွေးမိနေတာ.. အလုပ်လုပ်တာ (၄) နှစ်ကျော်..တစ်ကျပ်တောင် မစုမိသေးဘူး… ဘယ်လောက်လခတိုးတိုး လောက်တယ်ရယ်လည်း မရှိ…. ကိုယ်က လူငယ်ဆိုတော့ တော်သေးပေမယ့်..အမေသာ ကျန်းမာရေးတစ်ခုခုဖြစ်ရင်လို့ တွေးမိရင် မောနေတာပဲ… 🙁

    • TNA

      January 2, 2014 at 4:08 pm

      အဲဒါပြောနေတာပေါ့မွန်မွန်ရယ်။ ဘာအာမခံချက်မှမရှိတော့ မတ်တပ်စာတောင်အနိုင်နိုင်ဖြစ်နေတဲ့ ကာလ ဖြစ်နေလေတော့ တုံးလုံးစာတို့ အိုစာမင်းစာတို့အတွက်ကပူစရာပေါ့လေ။ 😥 :byee:

  • KZ

    January 3, 2014 at 11:22 am

    အနော့ရှေ့ရေးကို မျှော်တွေးရမယ်ဆိုရင်ဖြင့် …….
    ထမင်းငတ်မှာပဲ ကြောက်တယ် ယောက်ခမွရယ်။
    :hint:

    ဒါပေမဲ့လည်း နေ့ဖို့ညစာမချန်တတ်တဲ့ အကျင့်ကလည်း ရှိသေးးး :mrgreenn:

    • TNA

      January 3, 2014 at 7:33 pm

      အောင်မယ်လေး တူ့အပူကတနားဇယာဘာလားအေရယ်။ ထမင်းတော့ ဟောဒီ ယောက်ခမွကျွေးထားနိုင် ပါဒယ်အေ။ တားလေးဂိုတာ မတောင့်မတ မကြောင့်မကျထားပေးဘာ :mrgreen:

  • Crystalline

    January 3, 2014 at 3:11 pm

    ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ရှာဖွေထားတာမကုန်ခင် သေရပါလိုအိ :mrgreenn:

    • TNA

      January 3, 2014 at 7:36 pm

      ကောင်းလိုက်တဲ့ဆုပါအေရယ်

Leave a Reply